နောက်ဆုံးသတင်း/ဆောင်းပါးများ

ရခိုင်ပြည်နယ်တွင်း မူဆလင် ဒုက္ခသည်စခန်းအတွင်း အကူအညီပစ္စည်းတွေ ပေးဝေနေစဉ်။ (နိုဝင်ဘာလ ၁၀၊ ၂၀၁၂)
ဒေါ်ခင်စိုးဝင်း 
ဗွီအိုအေမြန်မာပိုင်း

7.2.2013 



ရခိုင်ပြည်နယ် ထဲမှာရှိတဲ့ ဒုက္ခသည်တွေရဲ့ ကျန်းမာရေးစောင့် ရှောက်မှုကို အကူအညီပေးနေတဲ့ MSF လို့ခေါ်တဲ့ နယ်စည်းမထား ဆရာဝန်များအဖွဲ့က လုပ်ငန်းဆောင် ရွက်တဲ့နေရာမှာ အခက်အခဲတွေနဲ့ ကြုံနေ ရတာကြောင့် အစိုးရကရော ပြည်သူလူထုကပါ ၀ိုင်းဝန်းကူညီကြပါရန် တိုက်တွန်းလိုက်ပါတယ်။ ရခိုင်ဒေ သခံလူတချို့က MSF ၀န်ထမ်းတွေကို ခြိမ်းချောက်တာ၊ ရန်လိုတာ၊ ဘက်လိုက်တယ်လို့ စွပ်စွဲတာ စသဖြင့် နှောက်ယှက်ခံနေရတာကြောင့် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေ အဆင် မပြေဖြစ်နေရတယ်လို့ MSF ရဲ့ မြန်မာပြည်ရုံးအကြီးအကဲ Peter Paul de Groote က ဒီကနေ့ပြော ဆိုလိုက်ပါတယ်။ ဒေါ်ခင်စိုးဝင်းကပြောပြပေးမှာပါ။

MSF ခေါ်နယ် စည်းမထား ဆရာဝန်များအဖွဲ့ဟာ ရခိုင်ပြည်နယ်အတွင်း Mobile Clinic လို့ခေါ်တဲ့ နယ်လှည့်ဆေးခန်း ၂၀ကျော်နဲ့ ဒုက္ခသည်တွေရဲ့ ကျမ်းမာရေးကို ပံ့ပိုးပေးနေတာဖြစ်ပါတယ်။ အဲ့ဒီ့နယ် လှည့်ဆေး ခန်းတွေနဲ့ မူစလင်ဒုက္ခသည်စခန်း ၁၅ခုနဲ့ ရခိုင်ဒုက္ခသည်စခန်း ၅ခုကို အကူအညီပေးနေ တာပါ။ ဒီနယ်လှည့်ဆေးခန်းတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျမ်းမာရေး ဝန်ထမ်းတွေရဲ့ လတ်တလောရင်ဆိုင်နေရတဲ့ အခြေအနေနဲ့ပတ်သက်လို့ MSF ရဲ့ မြန်မာနိုင်ငံရုံး အကြီးအကဲ Peter Paul de Groote က VOA ကို အခုလိုပြောပြပါတယ်။

“ကံမကောင်း အကြောင်း မလှဘူးလို့ဘဲ ပြောရမှာပါ။ လူနည်းနည်း ဘဲပါပေမယ့်လည်း အသိုင်းအ၀ိုင်းမှာ သြဇာရှိတဲ့ လူတစ်ချို့ရဲ့ ခြိမ်းခြောက်အကျပ်ကိုင်တာတွေကို ကျနော်တို့ရဲ့ ၀န်ထမ်းတွေ ရင်ဆိုင်နေကြ ရပါတယ်။ ကျန်းမာရေးအကူအညီ လိုအပ်နေတဲ့ လူတွေဆီကို ကျွန်တော်တို့ ၀န်ထမ်းတွေ အရောက် သွားနိုင်ဖို့ အခက်အခဲတွေ အများကြီးနဲ့ ကြုံနေရပါတယ်။”

ဒီလိုအခက် အခဲတွေနဲ့ရင် ဆိုင်နေရ တာတွေကို သက်ဆိုင်ရာ တာဝန်ရှိ သူတွေကို အကြောင်းကြားပေမဲ့ ထိထိရောက်ရောက် အကူအညီတွေ မပေးနိုင်တာတွေ ကိုလည်း Mr Groote က အခု လိုရှင်းပြပါတယ်။

“ကျွန်တော်တို့ ဒီလိုအခက် အခဲတွေ့တိုင်းမှာ ဒေသခံ အာဏာပိုင်တွေကို အကူအညီတောင်း ပါ တယ်။ ပြည်နယ်အဆင့်၊ နေပြည်တော် အဆင့်ထိတောင် ကျွန်တော်တို့ ပန်ကြားနေပါတယ်။ သူတို့အား လုံးကလည်း ပူးပေါင်းပံ့ပိုး ပေးနေတာပါပဲ။ ဒါပေမဲ့ ကျွန်တော် မေတ္တာရပ်ခံ ချင်တာကတော့ ကျွန်တော် တို့ရဲ့ လုပ်ငန်းတွေ ထိရောက်အောင် လူသိရှင်ကြား အကူအညီပေးဖို့ပါ။ MSF တစ်ဖွဲ့ တည်း အတွက် မဟုတ် ပါဘူး။ တခြားလူမှုရေးအကူအညီပေးနေတဲ့ အဖွဲ့ တွေအတွက်လည်း အကျိုး ရှိမှာပါ။ အ ခုတွေ့နေရ တာက တကယ့်လက်တွေ့မှာ လိုအပ်ချက်နဲ့ ကျွန်တော်တို့ ပံ့ပိုးပေးနိုင်တဲ့ အကူအညီက သိပ်ကိုကွာ ဟနေတာပါပဲ။ ဒါကို ပြေလည်အောင် အစိုးရက အကူအညီပေးဖို့ လိုပါတယ်။”

ရခိုင်ပြည်နယ်မှာ လူမျိုးရေးအကြမ်းဖက်မှုတွေဖြစ်ပွားပြီးနောက်ပိုင်း လက်ကမ်းစာစောင်တွေနဲ့တမျိုး၊ လူမှု ကွန်ရက်တွေကတဆင့် ဘက်လိုက်တယ်လို့ စွတ်စွဲပြောဆိုနေ တာတွေကြောင့် နိုင်ငံတော် အစိုးရ ကရော၊ ပြည်သူ လူထုကပါ ဝိုင်းဝန်းကူညီပံ့ပိုးပေးဖို့လိုပါတယ်လို့ Mr Groote က ပြောပါတယ်။

“ကျနော်တို့ MSF ဆိုတာဟာ သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ဘယ်လိုပဋိပက္ခမျိုးမှာ မဆို ဘယ်ဖက်ကမှ မလိုက်ဘဲ မျှမျှတတ ကြားနေ ရပ်တည်တဲ့အဖွဲ့ ဖြစ်ပါတယ်။ ဒါကြောင့် လူထုရဲ့ အကူ အညီလည်း လိုအပ်ပါတယ်။ ရှင်းရှင်းပြောရ ရင်တော့ အကူအညီ အပူတပြင်း လိုအပ်နေတဲ့လူတွေ ရှိနေ တဲ့အတွက် သူတို့ဆီ အရောက်သွားပြီး အကူအညီပေးနိုင်ဖို့ အစိုးရကိုမေတ္တာ ရပ်ခံနေ တာဖြစ် ပါတယ်။”

ရခိုင်ပြည်နယ်မှာ ၂၀၁၂ခုနှစ် ဇွန်လကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကြောင့် လူပေါင်း ခုနှစ်သောင်းခွဲ အိုး အိမ်စွန့် ခွာထွက်ပြေးတိမ်းရှောင်နေရသလို၊ အောက်တိုဘာလမှ ထပ်မံဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကြောင့် လူလေးသောင်း ခန့်ဟာလည်း ယာယီစခန်းတွေမှာ ခိုလှုံနေကြရတယ်လို့ MSFရဲ့ ကြေညာချက် မှာ ဖော်ပြ ထားပါတယ်။
ဌေးလွင်ဦး
RB News
7.2.2013

ဗြိတသျှ ခေတ်တစ်လျှောက်လုံး မြန်မာကို ဘားမား လို့ရေးခဲ့ ပြောခဲ့တယ်၊ မြန်မာများကို ဘားမီးဆ် လို့ ရေးခဲ့ ပြောခဲ့တယ်။ ဦးနေ၀င်း ခေတ်တစ်လျှောက်မှာလည်း ဒီအတိုင်းပဲ ရေးခဲ့ပြောခဲ့တယ်။ န၀တ၊ နအဖ ခေတ်များနဲ့ အခု ဒီမိုကရေစီကို ကူးပြောင်းတဲ့ ခေတ်မှာတော့- ရှေးခေတ်ထုံးစံများကို မလိုက်ဘဲ-၊ ဗြိတိသျှ မတိုင်မှီ ရှေးမင်း များ သုံးခဲ့တဲ့ အတိုင်း “မြန်မာ”လို့ ပြန်ပြင်လိုက်ပါတယ်။ အင်္ဂလိပ် နားဖေါက်ခဲ့လို့-၊ တစ်ကမ္ဘာလုံးက “မြန်မာ”ကို “ဘားမား”ရယ်လို့ နှတ်ကျိုးနေပါတယ်။- ဟိုတစ်လောက အမေရိကန် သံရုံးက သူတို့ နှတ်ကျိုးနေတဲ့ စကား အတိုင်း “ဘားမား”လို့ ပြောဆို သုံးစွဲမိလိုက်တာ-၊ မြန်မာအစိုးပိုင်းက ဆွေ့ဆွေ့ခုန် ဒေါသတွေ ထွက်ပြခဲ့ပါတော့ တယ်။ 

ဗြိတိသျှခေတ်နဲ့- ဦးနေ၀င်း ခေတ်တစ်လျှောက်လုံးမှာ “ရခိုင်နယ်”ကို အာရ်ကန် လို့ ရေးခဲ့၊ ပြောခဲ့တယ်။ ရခိုင်နယ် မြေပုံနဲ့ မြန်မာနိုင်ငံမြေပုံများမှာလည်း ရခိုင်နယ်ကို “အာရ်ကန်”လို့ပဲ အင်္ဂလိပ် ဘာသာနဲ့ ရေးသားခဲ့ တယ်။ ဒီနေ့ထိလည်း ရခိုင်ပါတီများ ဖြစ်တဲ့ ALD နဲ့ ALP တို့က ရခိုင်နယ်ကို “အာရ်ကန်”လို့ပဲ ပြောဆိုနေဆဲပါ။ န၀တ၊ နအဖ ခေတ်နဲ့ ဒီမိုကရေစီ အသွင်းကူးပြောင်းတဲ့ အစိုးရခေတ်မှာ- အာရ်ကန် ဆိုတဲ့ နယ်ကို “ရခိုင်” ဆို ပြီး ပြောင်းလဲလိုက်ပါတော့တယ်။ တစ်ကယ်တော့- “ရခိုင်” ဆိုတဲ့ အမည်နာမဟာ ရှေးဗမာမင်းများ လက်ထက် က ခေါ်ဆိုခဲ့တဲ့-၊ မဟာဝိဟိကတိုင်းက ဗမာလူမျိုးများကို ခေါ်တဲ့ အမည်နာမ သာ ဖြစ်ပါတယ်။ အခု အစိုးရ ပြောင်းလဲထားတဲ့ “ရခိုင်” ဆိုတဲ့ အမည်နာမကို မခေါ်ဆိုဘဲ ဗြိတိသျှခေတ်နဲ့ ဦးနေ၀င်းခေတ်တစ်လျှောက် နှတ် ကျိုးနေတဲ့ အတိုင်း ခေါ်ဆိုရင် အဲ့ဒီလူကို မြန်မာအစိုးရပိုင်းက စိတ်ဆိုးမာန်ဆိုး အော်ဟောက်ဦးမှာ သေချာနေ ပါတယ်။ 

ဒါဆို- ဗြိတိသျှ အစိုးရက သန်းခေါင်စာရင်းမှာ မှတ်တမ်းမတင်ခဲ့လို့၊ ဦးနေ၀င်းခေတ်က သန်းခေါင်းစာရင်းမှာ မှတ်တမ်းမတင်ခဲ့လို့ ဆိုပြီး “ရိုဟင်ဂျာ” ဆိုတဲ့ အမည်နာမကို ကျွန်တော်တို့ အသိအမှတ် မပြုနိုင်ဘူးလို့- ဒီမို ကရေစီကို ကူးပြောင်းပေးမယ့် ခေါင်းဆောင်များက ဘာကြောင့် ငြင်းဆန်နေပါသလဲ။ ကိုယ်ကိုယ်တိုင်က ဗြိတိ သျှ မှတ်တမ်းတင်ခဲ့တာ၊ ဦးနေ၀င်း မှတ်တမ်းတင်ခဲ့တာကို လက်မခံလိုဘဲ-၊ သူတစ်ပါးကိုတော့ ဘာကြောင့် အတင်း လက်ခံစေပါသလဲ။ ဗြိတိသျှ မတိုင်မှီက “ရိုဟင်ဂျာ” ဆိုတဲ့ အမည်နာမ မရှိခဲ့လို့ ဆိုပြီး ခံငြင်းဦးမှာလား။ 

ဗြိတိသျှ မတိုင်မှီကတည်းက “ရိုဟင်ဂျာ” ဆိုတဲ့ အမည်နာမက ရှိပြီးသားပါ။ ဗြိတိသျှတို့ ရခိုင်နယ်ကို မ၀င်မှီ ၁၇၉၉ ခုနှစ် အင်္ဂလိပ် သုတေသီ ဖရန်စစ် ဘူချာနန် ရဲ့ မှတ်တမ်း- သူ့မတိုင်မှီ နှစ် ၅၀ ကျော်အရင်က ဂျာမန် ပညာရှင်ရဲ့ မှတ်တမ်းများမှာ ဖေါ်ပြပြီး ဖြစ်သလို-၊ ရှေးဗမာမင်းကိုယ်တိုင်က မဟာဝိဟိကတိုင်း (မဟာရိုဟင်ဂ တိုင်း ကို အသံကွဲရေးမှတ်တဲ့ မှတ်တမ်းက) ရှိပြီး ဖြစ်နေပါတယ်။ 

ရခိုင်နယ်က ကျောက်စာများကို မှတ်တမ်းတင်တဲ့ ဘာသာစကား၊ ရခိုင်နယ်က ဒင်္ဂါးများကို သုံးစွဲခဲ့တဲ့ ငွေကြေး ဒင်္ဂါးပြားပေါ်က စာပေတွေကိုယ်တိုင်က ဒီနေ့ ရိုဟင်ဂျာများ သုံးစွဲ ပြောဆိုနေတဲ့ ဘာသာစကားများ ဖြစ်နေပါ တယ်။ သမိုင်းကြောင်းကို ဘယ်လိုလိုက်လိုက်- “ရိုဟင်ဂျာ”ဆိုတဲ့ လူသားမျိုးနွယ်ဟာ မဟာဝိဟိကတိုင်းရဲ့ ရှေး အကျဆုံး မူလဘူတ လူမျိုးဖြစ်နေပြီး- မြန်မာမင်းများက ရခိုင်လို့ ခေါ်တွင်စေတဲ့ ဗမာများက နောက် ရခိုင်နယ် မှာ နောက်ကျမှ ၀င်ခဲ့တဲ့ လူမျိုးနွယ်သာ ဖြစ်နေပါတယ်။ 

မြန်မာနိုင်ငံရဲ့ တည်ဆဲ ဥပဒေအရ- တိုင်းရင်းသား အဖြစ် သတ်မှတ်ခံရမယ့် လူမျိုးနွယ်ဟာ ကိုယ်ပိုင်ဘာသာ စကား ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှု ရှိရမယ်လို့ ပြဌာန်းထားပါတယ်။ ဒါဆို- ဒီနေ့ ရခိုင်နယ်က မိမိကိုယ် မိမိ ရခိုင်လို့ ခံယူထားတဲ့ လူသားများမှာ ကိုယ်ပိုင်စာ၊ ကိုယ်ပိုင်စကား၊ ကိုယ်ပိုင်ယဉ်ကျေးမှု ရှိပါသလား။- လုံးဝ မရှိပါ။ ဗမာများသာ ဖြစ်ပြီး အသံကွဲယုံမျှသာ ဖြစ်နေပါတယ်။ 

ရိုဟင်ဂျာတွေမှာ ကိုယ်ပိုင် ဘာသာစကား ရှိပါတယ်။ အဲ့ဒီ ဘာသာစကားဟာ ဘင်္ဂလီနဲ့ မတူညီ ကွဲပြား ကြောင်း- အင်္ဂလိပ် သုတေသီ ဖရန်စစ် ဘူချာနန်က ၁၈၀၁ ခုနှစ်ထုတ် Asiatick Researches စာအုပ် Vol 5th စာမျက်နှာ ၂၃၈- ရခိုင်ဒေသ ဘာသာစကားနှိုင်းယှဉ်ပြ ဇယားမှာ ဖေါ်ပြထားပြီး ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေမှာ ကိုယ်ပိုင်စာပေလည်း ရှိနေပါတယ်။ သူတို့ရဲ့ စာပေက ရှေးဟောင်း နာဂရီ (ရှေးဟောင်း ဘင်္ဂလီ) အက္ခရာနဲ့ ရေးသားတဲ့ စာပေပါ။ ဒါကို ရခိုင်ဘုရင်မင်းများ လက်ထက် တစ်လျှောက်လုံး သုံးခဲ့ပါတယ်။ ဗမာအင်ပါယာကြီး ကျယ်လွှမ်းမိုးလာတဲ့အခါ- ဗမာများက စာပေ၊ ယဉ်ကျေးမှုလွှမ်းမိုးသွားပြီး သူတို့ရဲ့ စာပေများကိုလည်း ဖျက် သိမ်း ခဲ့ပါတယ်။ ဗမာများက မွန်တွေကိုသိမ်းပိုက်ပြီး နောက်ပိုင်းမှာ မွန်စာသင်ကျောင်းများကို ပိတ်ပင်ခဲ့သလို၊ ရိုဟင်ဂျာ (ရိုင်ဝင်က၊ ၀ိဟိက) တို့ရဲ့ စာသင်ကျောင်းများကိုလည်း ပိတ်ပင်မှေးမှိန်စေခဲ့ပါတယ်။ ဒါပေမယ့် စာတတ်သူ မိသားစုများက သားစဉ်မြေးဆက် သင်ပေးလာခဲ့တဲ့ ပူတီး လင်္ကာ စာများက တတ်မြောက်နေသူ များ ဒီနေ့ထိ ရှိနေခဲ့ပါတယ်။ ရိုဟင်ဂျာ (၀ိဟိက)များရဲ့ မူရင်းစာပေ မှေးမှိန်ခဲ့ရတဲ့ နောက်ထပ် အကြောင်းရင်း တစ်ခုက- သူတို့ဟာ အစ္စလာမ်သာသနာကို ကူးပြောင်းခဲ့ပြီး- အာရ်ဗီ၊ ဖာရ်စီ စာများကိုပဲ ဆည်းပူးခွင့်ရခဲ့ကြောင့် လည်း ဖြစ်ခဲ့ရတယ်။ ဒါပေမယ့်- အစဉ်အလာ ပူတီးဖတ်တတ်တဲ့ လူများကတော့ ရှိနေဆဲပါ။ 

ဒီနေ့အခါမှာ- ရခိုင်စာ ပေပညာရှင်များကလည်း မိမိတို့ရဲ့ ရှေးသမိုင်းတွေကို ပြန်လည်လေ့လာစေဘို့ ရခိုင် ကျောက်စာ သင်ပေးနေတဲ့ သင်တန်းများလည်း ရှိလာနေပါပြီ။ အဲ့ဒီကျောက်စာကို ဖတ်ဘို့ သင်ပေးတဲ့ ဆရာ များ၊ သင်ယူတဲ့ တပည့်များ အနေနဲ့- စာတစ်ခုကို မူရင်းအသံထွက် အတိုင်း သင်ကြားလေ့လာစေလိုပါတယ်။ ဆိုလိုတာက “ဆ” အသံကို “သ” အသံနဲ့ မြန်မာမှုပြုသင်ခြင်းမျိုးကို ရှောင်စေလိုပါတယ်။ အင်္ဂလိပ်စာကို လေ့လာရင် အင်္ဂလိပ်အသံကို အတတ်နိုင်ဆုံး နီးကပ်အောင် လေ့လာရသလို၊ ရခိုင်ကျောက်စာကို လေ့လာရင် လည်း သူ့ရဲ့ စာပေ မူရင်းအသံကို အတတ်နိုင်ဆုံး နီးကပ်အောင် လေ့လာဘို့ လိုပါမယ်။ ပြီးရင် အဲ့ဒီ ဘာသာ စကားပြောတဲ့သူများက ရခိုင်နယ်မှာ ဘယ်သူတွေများ ဖြစ်ပါသလဲ ဆိုတာကို စူးစမ်းဘို့ လိုပါမယ်။ တိုင်းပြည် တစ်ခုမှာ ဘာသာစကား တစ်ခုကို ပြောသူ မရှိဘဲ-၊ ဘုရင်များ မင်းများက အဲ့ဒီ စကား၊ အဲ့ဒီစာကို သုံးခဲ့မှာ မဟုတ်ဘူး ဆိုတဲ့ ဆင်ခြင်မှုမျိုးတော့ ထားစေလိုပါတယ်။ “ရိုဟင်ဂျာ”များကို မဆီမဆိုင် မုန်းတီးတဲ့ အစွဲနဲ့ သူတို့ ဆီက မေးမြန်းခြင်း မရှိရင်တော့- မြန်မာများ ဦးနေ၀င်းခေတ်က အင်္ဂလိပ်စာကို လေ့လာသလိုသာ ဖြစ်နေပါ လိမ့်မယ်။ သင်တော့သင်၏ မတတ်၊ တတ်တော့တတ်၏ လူတောမတိုးနိုင် ဆိုသလို-ပါ။ 

ရိုဟင်ဂျာများမှာ ကိုယ်ပိုင်ယဉ်ကျေးမှုလည်း ရှိနေပါတယ်။ သူတို့ရဲ့ ယဉ်ကျေးမှုက ဘင်္ဂလားပြည်က ဘင်္ဂလီများ ထက်၊ ရှေးဟောင်းမြန်မာလူမျိုးတို့ရဲ့ ယဉ်ကျေးမှုနဲ့ ပိုမိုနီးစပ်ပါတယ်။ ဒါတွေကို စနစ်တကျ သေသေချာချာ လေ့ လာသင့်ပါတယ်။ 

ရိုဟင်ဂျာများဟာ မွတ်ဆလင်တွေ ဖြစ်လို့- ဗြိတိသျှက အာရ်ကန်နယ်ကို စတင်အုပ်ချုပ်တဲ့ ကာလကစ၊ သူတို့ ကို မဟာမေဒင်များလို့ မှတ်တမ်းတင်ခဲ့ပါတယ်။ ဗြိတိသျှရဲ့ ပထမဦးဆုံး အာရ်ကန်မှတ်တမ်းအရ- အာရ်ကန်နယ် မှာ မဟာမေဒင် လူဦးရေဟာ နယ်တစ်ခုလုံးရဲ့ သုံးပုံတစ်ပုံ ရှိနေပါတယ်။ မွတ်ဆလင်များက မွေးနှုန်းကောင်း တယ်လို့ ကမ္ဘာကရော၊ မြန်မာကပါ သဘောတူ ထောက်ခံထားတော့-၊ ဒီနေ့မှာ အနည်းဆုံး ရခိုင်နယ်ရဲ့ ထက် ၀က်သော လူဦးရေဟာ မဟာမေဒင် ရိုဟင်ဂျာများပဲ ဖြစ်ရပါမယ်။ ၂၀၁၂ ခု လ၀က ၀န်ကြီး ဦးခင်ရီရဲ့ စကား အရ ရခိုင်နယ်က အခြားသော မဟာမေဒင် (ကမန်)လူမျိုးများ ၇၀၀၀ ကျော်လေးပဲ ရှိနေပါတယ်။ ရခိုင်မှာ လူဦး ရေ ၃ သန်းရှိရင်- မွေးနှုန်းကောင်းတဲ့ ရိုဟင်ဂျာက ၁.၅ သန်းရှိရပါမယ်။ ရခိုင်မှာ လူဦးရေး ၅ သန်းရှိရင် ရိုဟင် ဂျာက ၂.၅ သန်း ရှိရပါမယ်။ ဒါတွေဟာ အမှန်တစ်ကယ် ဖြစ်သင့်တဲ့ လူဦးရေ စာရင်းကို လျှော့ပြီး တွက်ပြထား တာပါ။ တစ်ကယ်လို့ “ရိုဟင်ဂျာ”ဟာ ရခိုင်နယ်က မူလ လူမျိုး မဟုတ်ခဲ့ရင်-၊ ဗြိတိသျှ ၀င်လာစဉ်က မှတ်တမ်း တင်ခဲ့တဲ့ မဟာမေဒင်တွေ အခု ဘယ်ကို ရောက်ကုန်ပြီလဲ။ မြန်မာအစိုးရက ဗုဒ္ဓဘာသာ အယူသည်းစိတ်နဲ့ မဟာမေဒင်များကို လူမျိုးတုံးသတ်ဖြတ်ခဲ့ပြီလား-ဆိုတဲ့ အဖြေကို ကမ္ဘာ့အလယ်မှာ ရှင်းရပါလိမ့်မယ်။ မိမိစကား နဲ့ မိမိ၊ မိမိလုပ်ရပ်နဲ့ မိမိ-၊ လူမျိုးတုံးသတ်ဖြတ်ခဲ့တဲ့ တရားခံတော့ မဖြစ်စေလိုပါ။ 

မျက်ကန်းမျိုးချစ်များ စွပ်စွဲသလို- ဒီနေ့ ရိုဟင်ဂျာတွေဟာ ဗြိတိသျှ ခေတ်က ခေါ်လာတဲ့ ဘင်္ဂလီတွေ ဖြစ်နေ တယ် ဆိုရင်လည်း- ရခိုင်နယ်မှာ အခုရှိနေတဲ့ ၀င်လာသူ ဘင်္ဂလီပေါင်း ၂ သန်း + မူလရှိနေတဲ့ ရခိုင်နယ်က သုံးပုံတစ်ပုံသော ရိုဟင်ဂျာ မဟာမေဒင်ရဲ့ လူဦးရေဟာ ရခိုင်နယ် တစ်ခုလုံးကို မြိုပြီး ဖြစ်နေမှာပါ။ အခု လက်ရှိ ရခိုင်နယ်မှာ မွတ်ဆလင် လူဦးရေ ရာနှုန်း ဘယ်လောက် ရှိသလဲ ပြန်တွက်ပါ၊ အများဆုံး ရခိုင်နယ်ရဲ့ ထက်ဝက် သို့မဟုတ် သုံးပုံတစ်ပုံလောက်သာ ရှိနေပါတယ်။ ဒါဆို ၀င်လာတယ် ဆိုတဲ့သူ၊ မွေးနှုန်းကောင်းလို့ မောင်းပြန် ဆတိုး ပွားနေတဲ့သူ တွေ ဘယ်ကို ရောက်ကုန်ပြန်သလဲ။- သေချာတဲ့ အဖြေက “မျိုးတုံး သတ်ခံလိုက်ရပြီ”လို့ သာ ဖြစ်နေပါဦးမယ်။ 

လက်ရှိ အစိုးရ ပြောနေတဲ့ စကားတွေက သူတို့ကိုယ်သူတို့ တရားခံ ဖြစ်စေမယ့် စကားများသာ ဖြစ်နေပါတယ်။ ဒီလို ကမောက်ကမ ဖြစ်နေရတာက- ဘယ်အရာကိုမှ မျှမျှတတ မတွေးဘဲ- ထင်ရာလျှောက်ပြောနေတယ် ဆိုတဲ့ အဓိပ္ပါယ်ကိုသာ ဖေါ်ပြနေပါတယ်။ 

တစ်ကယ်တော့-- ငါတို့ဟာ အင်္ဂလိပ်ပေးခဲ့တဲ့ နာမည်ကို မယူဘူး၊ ဦးနေ၀င်းခေတ်ကလည်း ကမ္ဘာ့ဆက်ဆံရေး အတွက် မတတ်သာလို့ မပြောင်းခဲ့ရတာ၊ အခု ငါတို့ရဲ့ ဘိုးဘွားများ ပေးခဲ့တဲ့ အမည်အတိုင်း “မြန်မာ”လို့ ခံယူ လိုက်ပြီ။ ဒီအတွက် ငါတို့မှာ ကိုယ့်နာမည် ကိုယ်ခံယူခွင့် အခွင့်အရေး အပြည့်အ၀ ရှိတယ်လို့ သတ်မှတ်သလို မျိုး၊- ရိုဟင်ဂျာ များဟာလည်း ဗြိတိသျှ ခေတ်နဲ့ ဦးနေ၀င်းခေတ်က ပေးခဲ့တဲ့ အမည်နာမများကို လက်မခံဘူး- သူတို့လည်း သူတို့ဘိုးဘွားများ ကင်ပွန်းတပ်ခဲ့သလို အမည်နာမကို ခံယူခွင့် ရှိနေတာပဲ - ဆိုတဲ့ မျှမျှတတ တွေး တော စိတ်လေး ထားလိုက်ရင် ပြသနာက တစ်စချင်း ကြီးလာစရာ မရှိပါ။ သူတို့ရဲ့ ဘိုးဘ ပေးခဲ့တဲ့ အမည်နာမ “ရိုဟင်ဂျာ” ဆိုတဲ့ ဝေါဟာရက- တစ်ဘက်နိုင်ငံက ဘင်္ဂလီတွေ သူတို့နဲ့ မရောသွားနိုင်စေဘို့- သီးခြား ဖြစ်နေ စေတယ် ဆိုတဲ့ နိုင်ငံရေး အမြင်လောက်ကို ထားမိရင်တောင်- မဆိုးလှသေးပါ။ 

အဲ့လို မဟုတ်ဘဲ-၊ မျိုးပြုတ်သုတ်သင်မယ်၊ ဘယ်လိုနည်းနဲ့ရရ အပြတ်ရှင်းပစ်မယ်--၊ ဆိုတဲ့ လူမိုက်စိတ်ကို ဆက်ထားနေမယ် ဆိုရင်-----၊ ဘူလုံးတစ်လုံးဟာ လေထိုးထည့်တာကို အတိုင်းအတာ တစ်ရပ်ထိပဲ ခံနိုင်ရည် ရှိပါတယ်-၊ ခံနိုင်ရည်ထက် ဆက်ကာဆက်ကာ- လေထိုးထည့်မယ် ဆိုရင်-၊ အဲ့ဒီ ဘူလုံးက ပေါက်ကွဲသွားမှာ သေချာနေပါတယ်။ 


ဌေးလွင်ဦး 
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ 
မြန်မာမွတ်ဆလင် တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
ရိုဟင်ဂျာများစီးနင်းလာသောစက်လှေနှစ်စီး ထိုင်းနိုင်ငံဖူးကတ်မြို့သို့ရောက်ရှိလာစဉ် (ဓါတ်ပုံ - YATEEM TV)
မောင်မောင် 
RB News 
7.2.2013 

ရိုဟင်ဂျာ တွေကို ဒေသခံ တိုင်းရင်းသား အဖြစ် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးနောက်ပိုင်းမှာ အုပ်ချုပ်ခဲ့ တဲ့ ပါလီမန်ဒီမိုကရေစီ အစိုးရလက်ထက်မှာ အသိအမှတ်ပြုခဲ့တယ်။ အခြားသော တိုင်းရင်းသားများ နဲ့ တန်းတူ အခွင့်အရေးပေးခဲ့လို့ ရိုဟင်ဂျာများဟာ အစိုးရနယ်ပယ် အသီးသီးမှာ တာဝန်ထမ်းဆောင်ရင်း နဲ့ တိုင်းပြည်ရဲ့ အကျိုးကို အများနည်းတူ သယ်ပိုးနိုင်ခဲ့တယ်။ 

ကမ္ဘာမှာ စစ်အာဏာရှင်အဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ဗိုလ်ချုပ်ကြီးနေ၀င်း ၁၉၆၂ ခုနှစ်မှာအာဏာ သိမ်းပြီးတဲ့ နောက်ပိုင်းမှာ ပထမဆုံးအဖြစ် မြန်မာ့အသံက ရိုဟင်ဂျာ တိုင်းရင်းသား အသံကို ၁၉၆၅ ခုနှစ် မှာ စတင်ပိတ်ပင် ခဲ့တယ်။ အဲဒီနောက် ၁၉၇၈ ခုနှစ် နဂါးမင်း စီမံချက်ကို ချမှတ်ပြီး ဒေသခံ ရိုဟင်ဂျာတွေ ကို မိမိတို့ရဲ့ မူရင်းဌာနေက နေမောင်းထုတ်ဖို့ကြိုးစား ခဲ့တယ်။ မတရားကြံစည်ပြီး ကြိုးစားခဲ့တာမို့ အာဏာ ရှင်ကြီးရဲ့ စီမံကိန်းက မျှော်လင့်သလြို ဖစ်မလာခဲ့ဘူး။ အဲဒီနောက် ၁၉၈၂ ခုနှစ်နိုင်ငံသားဥပဒေကိုပြဌာန်း ပြီး ရိုဟင်ဂျာတွေ ကိုနိုင်ငံမဲ့ ဘ၀ရောက်အောင် တွန်းပို့ခဲ့တယ်။ 

ဗိုလ်ချုပ်အောင်ဆန်းလက်ထက် ၁၉၄၇ ခုနှစ် တိုင်းပြုပြည်ပြုလွှတ်တော်မှာ တောင် ရိုဟင်ဂျာ အမတ် တွေရွေးချယ်ခံခဲ့ ရတယ်။ ၁၉၈၂ ခုနှစ်နောက်ပိုင်း မှာ တော့မဲပေးပိုင် ခွင့်၊ ရွေးချယ်ခံ ပိုင်ခွင့်တွေပါ ဆုံးရှူံးခဲ့ရတယ်။ ၁၉၈၈ ခုနှစ် န၀တ အစိုးရတက်လာပြီး တဲ့နောက်မဲပေးပိုင်ခွင့်နဲ့ရွေးချယ်ခံ ပိုင် ခွင့်တွေပြန် ရခဲ့ တယ်။ ဗိုလ်ချုပ်ကြီးနေ၀င်းချမှတ်ခဲ့တဲ့မူကို ၁၉၉၀ နောက်ပိုင်းမှာ ဗိုလ်ချုပ်ကြီး ခင်ညွန့်က ဆက်လက် အကောင်အ ထည်ဖော်ခဲ့ပြန်တယ်။ ရခိုင်ပြည်နယ်ေ မြောက်ပိုင်းမှာ နစက တပ်ဖွဲ့ကို ဖွဲ့စည်းပြီး ရိုဟင်ဂျာ တွေကို စနစ်တကျ ညှင်းပန်းနှိပ်စက်တဲ့ စီမံကိန်းကြီး ကို နှစ်ရှည်စီမံကိန်းနဲ့ အကောင် အထည်ဖော်လာခဲ့ တယ်။ 

အခုမြန်မာနိုင်ငံမှာပြည်သူလူထုကိုကိုယ်စားပြုပါတယ်ဆိုတဲ့ ဒီမိုကရေစီအစိုးရအုပ်ချုပ်နေပါပြီ။ ဒါပေ မယ့် အစိုးရရဲ့အကျပ် အတည်းတွေဖြေရှင်းဖို့ ရိုဟင်ဂျာ လူမျိုးတွေကဓါးစာခံဖြစ်လာခဲ့တယ်။ နှစ်ပေါင်း များစွာ အတူယှဉ်တွဲနေထိုင်လာတဲ့ ရိုဟင်ဂျာနဲ့ ရခိုင်လူမျိုးတွေက ရန်သူတွေ သဖွယ်ဖြစ်နေရပြီ။ ဒါတွေ ဘာ  ကြောင့်ဖြစ် ရ သလဲဆိုရင် ရခိုင်အစွန်းရောက် တချို့နဲ့အစိုးရတို့ရဲ့ ပူးပေါင်းကြံစည်မှု  ကြောင့်ပါ။ 

အစိုးရနဲ့ ရခိုင် အစွန်းရောက်တွေ ပူးပေါင်းပြီး လက်ဝါးရိုက်ထားတဲ့ စီမံကိန်းကို မျက်ဝါး ထင်ထင်မြင်နေရပါ ပြီ။ရာစုနှစ်များစွာနေထိုင်လာတဲ့ရိုဟင်ဂျာတွေကိုနည်းလမ်းပေါင်းစုံနဲညှင်းပန်းနှိပ်စက်ပြီး နိုင်ငံတွင်းက မောင်း ထုတ်ပြီးတော့၊ ရိုဟင်ဂျာတွေရဲ့နေရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဗုဒ္ဓဘာသာ ၀င်တွေအစားထိုး ဖို့အခု လိုလုပ်နေတာဆိုတာကို လွန်ခဲ့တဲ့ရက်ပိုင်းမှာ အစိုးရက ဘင်္ဂါလီဗုဒ္ဓဘာသာဝင်တွေကိုခိုလှုံ ခွင့်ပေးလိုက်ပြီး၊ လာပြီး ခိုလှုံခွင့်တောင်းမယ့် သူတိုင်းကိုလယ် ၂ ဧကနဲ့နေ အိမ်စီစဉ်ပေးမယ်လို့ပေါ်ပေါ် တင်တင်ပြောတာ ကိုကြည့်မယ်ဆိုရင် ကွက်ကွက်ကွင်းကွင်းမြင်နိုင်မှာပါ။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံက အစ္စလာမ်နိုင်ငံဖြစ်ပေမယ့်လည်း ဗုဒ္ဓဘာသာဝင်တွေကို နေရာတိုင်းမှာတန်းတူ ရည်တူအခွင့် အရေးပေး ထားတာမို့ မြန်မာနိုင်ငံလို ဘာသာခြားတွေကို စနစ်တကျ ညှင်းပန်းနှိပ်စက်ခြင်း မရှိဘူးဆိုတာ ကမ္ဘာကသိပါတယ်။ တစ်စုံတစ်ရာ ညှင်းပန်းနှိပ်စက် ခံရမှုမရှိဘဲ တခြားနိုင်ငံမှာ ခိုလှုံ ခွင့် တောင်းမယ်ဆိုရင် ဘယ်နိုင်ငံကမှလက်မခံပါဘူး။ မြန်မာနိုင်ငံက ဘာလို့ အသာတကြည် လက်ခံလိုက် တာလား? အဲဒါအပြင် နောက်ထပ်လာမယ် ဆိုရင်လာနိုင်တဲ့ အကြောင်းကို ဘာလို့ ထုတ်ဖော်ပြောရတာ လဲ? သေချာ စဉ်းစားကြည့် ရင်အဖြေကရှင်းနေပါပြီ။ 

အခုဆိုရင် ရိုဟင်ဂျာတွေဟာ ပင်လယ် ခရီးကြမ်းကိုနှင်ပြီး ထိုင်းနိုင်ငံ (သို့မဟုတ်) မလေးရှား ကိုရောက် အောင် သွားနေရပြီ။ နိုင်ငံတွင်းမှာ နေလို့ မရအောင် နည်းပေါင်းစုံနဲ့ လုပ်နေတော့ တရွာ မပြောင်း သူ ကောင်းမဖြစ် ဆိုသလို ကမ်းမမြင်လှမ်းမမြင်ရတဲ့ ပင်လယ်ပြင်မှာ တနေ့တော့ ကမ်းမြင် ရမှာပါ ဆိုတဲ့မျှော် လင့်ချက်နဲ့ အသက်ကြီးအို၊ ကလေးပါမ ကျန် နေရာကောင်းလေး ရလေ မလား ဆိုပြီး မွေးဌာနေကို စွန့် ခွာပြီး သွားနေရပြီ။ အဲဒီလို သွားဖို့ဘယ်သူတွေက စီစဉ်ပေး သလဲ? ရိုဟင်ဂျာတွေဟာ မိမိတို့ရွာ ကနေ ရွာ ပြင်ထွက်ဖို့တောင် မလွယ်တဲ့ အခြေအနေမှာ  နေနေရတယ်။ အဲဒီတော့ သွားဖို့လိုတဲ့ စက်လှေတွေ ကို အာဏာပိုင်တွေဖြစ်တဲ့ နစကတွေက စီစဉ်ပေးတယ်။ တနည်းအားဖြင့် ထိုင်းနိုင်ငံ ရဲ့လူ ကုန်ကူး မှုတွေမှာ ထိုင်းစစ်တပ် ကအရာရှိ တချို့ ပါဝင်နေ သလို၊ မြန်မာနိုင်ငံဘက် ကလည်း နစကတွေ၊ ရပ်ရွာအုပ်ချုပ်ရေး တွေ ကအဓိက အခန်းကဏ္ဍ ကနေ ပါဝင်နေပါတယ်။ 

RB News ကဒေသခံ ရိုဟင်ဂျာတွေကို ဆက်သွယ်ေ မးမြန်းခဲ့ ပါတယ်။ မြောက်ဦးမြို့နယ်မှာ ရှိတဲ့ ရိုဟင် ဂျာရွာသားတွေကို မင်းဘူးရခိုင်ရွာက ရခိုင် အစွန်းရောက်တွေက “မင်းတို့အတွက် ဒီမှာနေရာ မရှိဘူး၊ မင်းတို့ အားလုံးကို တတိယနိုင်ငံ ပို့ပစ်မယ်” လို့အမြဲအော် ဟစ်ပြောတယ် လို့ဆိုပါတယ်။ 

မြောက်ဦးမြို့နယ်မှာ ရှိတဲ့မြောင်ဘွယ် တိုက်နယ် ဆေးရုံကို ရခိုင်မျိုးချစ်ကွန်ယက် က ဒေါ်ခင်မာ ချိုခေါင်း ဆောင် တဲ့ အဖွဲ့လာပြီး မွတ်စလင်တွေကို ဆေးမကုပေး ဖို့ပြောသွားတယ်လို့ ဒေသခံ တစ်ယောက် က RB News ကိုပြောပါတယ်။ အဲဒါအပြင် မြောက်ဦးမြို့နယ်က ပေါင်းတုတ်ရိုဟင်ဂျာရွာကို အဲဒီရခိုင်မျိုး ချစ် ကွန်ယက်က အခုလာ မယ့် ဖေဖော်ဝါရီ လ(၈)ရက်နေ့မှာ မီးရှို့ပစ်မယ်လို့ခြိမ်းခြောက် သွားတယ်လို့ အဲဒီဒေသခံကဆိုပါတယ်။ 

မင်းပြားမြို့နယ် သရက်အုပ် ရိုဟင်ဂျာရွာက ဒေသခံ တစ်ယောက်ကတော့ “ကျွန်တော်တို့ ရွာနားမှာ ပန်းမြှောင် ဆိုတဲ့ ရခိုင်ရွာရှိတယ်။ အဲဒီရွာမှာနေ့ တိုင်း ညတိုင်း တူမီးသေနတ်တွေ ပစ်ဖောက်နေ တယ်။ ကျွန် တော်တို့ ကို တိုက်မယ်ဆိုတာ သိအောင် အချက်ပေးတဲ့ သဘောပါ” လို့ RB News ကိုပြောပါတယ်။ 

ဒီလိုလုပ်နေတာကို အစိုးရ အာဏာပိုင်တွေက မသိတာလား? အားလုံးသိပါတယ်။ အစိုးရ ကိုယ်တိုင်က အဲဒီလို လုပ်နေတာကို ဥပက္ခာပြုထားတာက အဲဒီအစွန်းရောက်တွေနဲ့ အစိုးရနဲ့ လက်ဝါးချင်းရိုက် ထားလို့ ပါ။ 

စစ်တွေမြို့၊ အုန်းတောလေး ကျေးရွာက ရိုဟင်ဂျာ တစ်ယောက် မနေ့ကဒီလိုပြောပါတယ်။ “ဒီနေ့တရက် ထဲစက်လှေ ၄ စီးထွက်တယ်။ စက်လှေ အားလုံးကို နစကက စီစဉ်တာပါ။ လူစုတာလည်း နစကက သူ့ဆိုင်ရာ လူတွေနဲ့စုတာပါ။ ဒီနေ့ထွက်တဲ့ ၄ စီးမှာလူ ၅၀၀ လောက်ပါတယ်။ မလေးရှားကို ဦးတည် သွားမယ် လို့သိရတယ်။ နစက ကိုယ်တိုင်က လူစု၊ စက်လှေရှာ၊ ပိုက်ဆံယူပြီးပို့ပေးနေတာပါ။ သူတို့ဝင် ငွေလည်း ရတယ်။ ကျွန်တော်တို့ကို လည်း မောင်းထုတ်ပြီး သားဖြစ်သွား တယ်။ တစ်ချက် ခုတ်နှစ် ချက် ပြတ်ပေါ့ဗျာ”

RB News 
6.2.2013 

နေပြည်တော် ။ ။ ရခိုင်ပြည်နယ် အရေးနှင့်ပတ်သက်၍ အမျိုးသား အဆင့်အလုပ်ရုံဆွေးနွေးပွဲကို ဒုတိ ယအကြိမ် အဖြစ် ဖေဖော်ဝါရီလ (၂၅) ရက်နှင့် (၂၆) ရက်နေ့များတွင် ကျင်းပမည်   ဖြစ်ကြောင်း ယနေ့ ထုတ် အစိုးရ သတင်းစာများတွင်  ရေးသားဖော်ပြထားသည်။ 

အလုပ်ရုံ  ဆွေးနွေးပွဲ ကျင်းပရေးနှင့် ပတ်သက်၍ နယ်စပ်ဒေသ  ရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများ ဆိုင်ရာ ညှိနှိုင်းရေးမှူး - ကုလသမဂ္ဂ ဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ် ဌာနေ ကိုယ်စားလှယ် Mr Ashok Nigam ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တို့ နယ်စပ်ဒေသ ရေးရာ  ၀န်ကြီးရုံး၌ တွေ့ဆုံ၍ အကျယ်တ၀န့်  ဆွေးနွေးခဲ့ကြသည်။ 

ယခု ကျင်းပမည့် အမျိုးသား အဆင့်အလုပ်ရုံ  ဆွေးနွေးပွဲတွင် ပြည်ထောင်စု အစိုးရ၀န်ကြီးဌာနများ၊ ရခိုင် ပြည်နယ် အစိုးရ၊ ပြည်တွင်းပြည်ပမှ ပညာရှင်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်း များ၊ နိုင်ငံတကာ အစိုးရအဖွဲ့ အစည်းများ၊ နိုင်ငံတကာမှ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ လူမှုရေးနှင့် ဘာသာရေး အဖွဲ့အစည်း များဖြင့် ကျယ်ကျယ်ပြန့်ပြန့်  ဆွေးနွေးနိုင်ရန် စီစဉ်ထားသည်ဟု အဆိုပါ သတင်း တွင်ရေး သားဖော်ပြထား သည်။ 

အလုပ်ရုံ ဆွေးနွေးပွဲတွင် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေး ကဏ္ဍတွင်နိုင်ငံ သား ဖြစ်မှုနှင့် စစ်တမ်း ကောက်ယူခြင်း၊ လုံခြုံရေးနှင့် တရားဥပဒေဆိုင်ရာများ၊ ကယ်ဆယ်ရေးနှင့်ပြန် လည် နေ ရာချထားရေး၊  ပြန်လည်ထူထောင်ရေး ကဏ္ဍတွင် နေအိမ်၊ကျန်းမာရေးနှင့် သန့်ရှင်းရေး၊ အစား အစာနှင့် သန့် ရှင်းသော သောက်သုံးရေ လုံလောက်ရေး၊ လူနေမှု ဘ၀ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး ဆိုင် ရာ များ၊ ပြန် လည် စေ့စပ်ညှိနှိုင်းရေး တို့ကို ထည့်သွင်းဆွေးနွေး မည်ဟု ရေးသားဖော်ပြ ထား သည်။

ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများပြီး သည့်နောက်တွင် နိုင်ငံတကာအဖွဲ့အစည်းများ၊ ကုလသမဂ္ဂအ ဖွဲ့အစည်းများ ကိုယ်တိုင်ဒုက္ခသည်စခန်းများကို သွားရောက်ကြည့်ရှူ စစ်ဆေး ခဲ့သော်လည်း၊ ယနေ့အချိန် ထိပြောင်းလဲခြင်း တစ်စုံတစ်ရာမရှိဘဲ၊ စားဝတ်နေရေး၊ ကျန်းမာရေးချို့တဲ့မှုတို့နှင့် ရင်ဆိုင်နေ ရသည်။ လူမျိုးနှစ် မျိုးရာစုနှစ်ပေါင်းများစွာ အတူယှဉ်တွဲလာခဲ့ပြီး၊ ယခုမှ အတူယှဉ်တွဲ မနေနိုင်ဟြု ဖစ်ပေါ်လာရခြင်း မှာလည်း မသမာသူ အချို့နှင့် အစိုးရတို့ ပူးပေါင်း၍ ကြိုတင်ကြံ စည်ခြင်း သာဖြစ်သည်။ လူမျိုးရေး ၊ဘာသာ ရေးကို  ပေါ်ပေါ်တင်တင်စော်ကားနေ သည်ကို အစိုးရ ကိုယ်တိုင် သိနေသော်လည်း အရေး ယူခြင်း တစ်စုံ တစ်ရာ မပြုလုပ်ခြင်းကို  ထောက်ရှုခြင်း အားဖြင့် အဆိုပါမသမာသူ များကိုအစိုးရ ကိုယ်တိုင် ဥပဒေ အထက် တွင်ထားနေခြင်းကြောင့်ဖြစ်ပါသည်။

RB News 
6.2.2013 

ဂျနီဗာ ။ ။ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ  လေ့လာရန် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဖြစ် သည့်မစ္စတာသောမတ်စ် အိုဟေးကွင်းတားနားသည် ၎င်း၏ သတ္တမအကြိမ်မြောက် ခရီးစဉ် အဖြစ် မြန်မာ နိုင်ငံ သို့ ဖေဖော်ဝါရီလ (၁၁) ရက်နေ့မှ (၁၆)ရက်နေ့ထိ တရားဝင် လာရောက် မည်ဖြစ် ကြောင်း ယမန် နေ့က ဆွဇ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် အခြေစိုက်သော ကုလသမဂ္ဂ လူ့အခွင့် အရေးကောင် စီမှ သတင်း ထုတ်ပြန် သည်။ ၎င်း၏ ခရီးစဉ်အတွင်း ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ် များသို့ သွားရောက် မည်ဖြစ်ပြီး၊ ယခုခရီးစဉ် ကိုမြန်မာနိုင်ငံ အစိုးရမှ ဖိတ်ကြားခြင်းဖြစ်သည်။ 

မြန်မာနိုင်ငံတွင်  ပြုပြင်ပြောင်းလဲရေးများကို ကျယ်ကျယ်ပြန့်ပြန့်  လုပ်ဆောင်နေသည့် အချိန်တွင် လူ့အခွင့် အရေးအခြေအနေကို  လေ့လာခွင့်ရရန်မှာ အင်မတန် အရေးကြီးကြောင်း မစ္စတာကွင်းတားနားကပြော ကြားသည်။ ၎င်း၏ ကချင်ပြည်နယ် ခရီးစဉ်အတွင်း ကချင်ပြည်နယ်တွင် အမှန်တကယ်ြ ဖစ်ပေါ်နေသည့် အခြေအနေနှင့် ကချင်ပြည်သူများ အပေါ် မည်ကဲ့သို့ ထိရောက်နေသည်ကို ရှင်းလင်းစွာဖော်ပြနိုင် မည်ဟု မျှော်လင့်ကြောင်း၊ အပစ်အခတ် ရပ်စဲရေးနှင့် လူနည်းစုများ  အတွက်ပြောဆို သွားမည်ဟု ကွင်းတား နား ကပြောပါသည်။

ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ ကွင်းတားနား အနေနှင့် ဒုက္ခသည် စခန်းများ၏ အခြေအနေ များ ကို  လေ့လာ ရန် လိုမည်ြ ဖစ်ကြောင်း၊ ၂၀၁၂ သြဂုတ်လတွင် သွားရောက်  ကြည့်ရှူ ခဲ့ပြီးနောက် ဒုက္ခသည် စခန်း များကို လေ့လာရန် လိုအပ်သည်ဟု ယူဆကြောင်း၊ ရိုဟင်ဂျာမွတ်စလင်များ အပေါ်စနစ်တကျ ခွဲခြားနေခြင်းနှင့် ပတ်သက်၍ တိုးတက်မှု အခြေအနေများ ကိုလေ့လာရန်လိုကြောင်း ၎င်းကပြောသည်။ 

ဖေဖော်ဝါရီလ (၁၆) ရက်နေ့တွင် ကွင်းတားနား၏ ခရီးစဉ်အဆုံး သတ်မည်ဖြစ်ပြီး၊ ရန်ကုန်လေဆိပ်တွင် ညနေ ၆ နာရီ ၁၅ မိနစ်တွင် သတင်းစာ ရှင်းလင်းပွဲပြု လုပ်မည်ဖြစ်ပြီး၊ ခရီးစဉ်၏အသေးစိတ်အစီရင်ခံစာ ကို မတ်လ (၁၁) ရက်နေ့တွင်ကျင်းပမည့် ၂၂ ကြိမ်မြောက် လူ့အခွင့် အရေးကောင်စီအစည်းအဝေး တွင် အစီရင်ခံ မည်ဖြစ်သည်။
ရဲတပ်ရင်း (၁၂) မှတပ်ရင်းမှူးနှင့်တပ်ဖွဲ့ဝင်များ လူငယ်နှစ်ဦးကိုလိုက်လံရှာဖွေနေစဉ်
အောင်ကိုနိုင် 
RB News 
5.2.2013 

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်ရှိ အစ္စလာမ် ဘာသာဝင်များ  နေထိုင်သော ရပ်ကွက်များကို ၂၀၁၂ ခုနှစ် ဇွန်လအတွင်း ရခိုင် အစွန်းရောက်များမှ မီးရှို့ ဖျက်ဆီးခဲ့ရာ မြို့ပေါ်တွင် အောင်မင်္ဂလာ ရပ်ကွက်တစ်ခု တည်းသာ ကျန်ရစ်ခဲ့ပြီး၊ ထိုရပ်ကွက်တွင်  နေထိုင်ကြသော ရိုဟင်ဂျာနှင့်ကမန် မွတ်စ လင် များ၏ သွားရေးလာရေး၊ ကူးသန်း ရောင်းဝယ်ရေးကို ကန့်သတ်ထားခြင်း တို့ ကြောင့် ရပ်မိရပ်ဖများမှာ အခက် အခဲမျိုးစုံဖြင့်ရင်ဆိုင်နေရသည်။ 

အောင်မင်္ဂလာ ရပ်ကွက်တွင်  နေထိုင်သူများမှာ ရပ်ကွက်အတွင်းသာ သွားလာခွင့်ရှိပြီး ရပ်ကွက်ပြင်ပသို့ သွားလာ များကို အကြောင်းပြချက် တစ်စုံတစ်ရာ မပြဘဲ ဖမ်းဆီး လျက်ရှိသည်။ အရွယ် မရောက်သေး သည့် ကလေးငယ်များကိုပင် ဖမ်းဆီးခေါ်ဆောင်သွား၍ မိသားစုများနှင့်တွေ့ဆုံခွင့်ပင် ကန့်သတ်ခြင်း များပြု လုပ် လျက်ရှိသည်။ 

ယနေ့ နံနက်ပိုင်းတွင် အောင်မင်္ဂလာ ရပ်ကွက်အတွင်းနေ ထိုင်သော လူငယ်နှစ်ဦး သည် ဘုမေရပ်ကွက်သို့ လည်ပတ်ရန် သွားရောက် ခဲ့သည်။ ဘုမေရပ်ကွက်သို့ လည်ပတ်ပြီးနောက် ညနေ ၅း၃၀ ခန့်တွင် မိမိတို့ နေရာအောင်မင်္ဂ လာရပ်ကွက် သို့ပြန် လည်ရောက်ရှိ ခဲ့သည်။ ထို့နောက် ၎င်း လူငယ်နှစ်ဦးအား ရဲတပ်ရင်း (၁၂) မှ တပ်ရင်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ အောင်မင်္ဂလာ ရပ်ကွက်သို့ လာရောက် ရှာဖွေပြီး ဖမ်းဆီး သွား သည်။ 

ရဲတပ်ရင်း (၁၂) မှတပ်ရင်းမှူးနှင့်တပ်ဖွဲ့ဝင်များ လူငယ်နှစ်ဦးကိုလိုက်လံရှာဖွေနေစဉ်
ထို လူငယ်နှစ်ဦးကို ဖမ်းဆီးရခြင်းမှာ ပြစ်မှုကျူးလွန် ထားခြင်း တစ်စုံတစ်ရာ  ကြောင့်မဟုတ်ဘဲ၊ ဘုမေ ရပ် ကွက် သို့ သွားရောက်ခဲ့ခြင်းကြောင့်သာဖြစ်သည်။ လူငယ်နှစ်ဦးကို အောင်မင်္ဂလာရပ်ကွက်၊ သာဘန်း လမ်းနှင့်မင်းဘာကြီးလမ်း ထိပ်တွင် ရဲတပ်ဖွဲ့ဝင်များမှ  တွေ့ရှိသွားပြီး ထိုနေရာမှ ဖမ်း ဆီး ခေါ်ဆောင် သွားကြောင်း သိရှိရပါသည်။ 

အပြစ်မဲ့ဖမ်းဆီးခံရသူနှစ်ဦးမှာ - 

(၁) မောင်အေးနိုင် (ဘ) ဦးအီဆုပ် (အိမ်အမှတ် ၁၁၄၊ ချင်းပျံလမ်း၊ အောင်မင်္ဂလာရပ်ကွက်) 
(၂) ဖူသီးယား (မိ) ဒေါ်အမ်ဘီယာ (သာဘန်းလမ်း၊ အောင်မင်္ဂလာရပ်ကွက်) - တို့ဖြစ်ပါသည်။

Qutub Shah 
RB News 
5.2.2013 

မောင်တော ။ ။ ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် မောင်တောမြို့နယ်တောင်ပိုင်း၊ သာဝင်းချောင်း (ဘာ ဆာရာ) မှ ရိုဟင်ဂျာများ၏ စက်လှေ တစ်စင်း ငါးဖမ်းရန် ပင်လယ်ပြင်သို့ ထွက်ခွာခဲ့ရာ၊ တောင်ကုတ်မြို့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဦးတည်၍ သွားနေသော ရခိုင်သင်္ဘောတစ်စင်းမှ တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိပါ သည်။ ငါးဖမ်း စက်လှေပေါ်တွင် ပါလာသော ရိုဟင်ဂျာခြောက်ဦးကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ငါးဖမ်း စက်လှေအား ၀မ်းဗိုက်ဖောက်၍ နစ်မြှပ် လိုက်ပြီး၊ ငါးဖမ်းသမားခြောက်ဦး အနက် သုံးဦးကို ထိုနေရာပင် သတ်လိုက်သည်။ကျန်ရှိ သည့်သုံးဦးမှာ  ရေထဲသို့ ခုန်ချ၍ လွတ်မြောက် ခဲ့သော်လည်း သေ လုမျှော ပါး အ ခြေအနေတွင်ရှိသည်။ 

ရခိုင်ပင်လယ်ဓါးပြများ၏လူမဆန်စွာသတ်ဖြတ်ခြင်းကိုခံရသူ (၃) ဦးမှာ - 

(၁) ကိုရှာဘ်မျာ (ဘ) ဦးအလီအဟမတ် (အသက် ၂၆ နှစ်) 
(၂) ကိုနူရ်အစ္စလာမ် (ဘ) ဦးဖဇလ်အဟမတ် (အသက် ၂၈ နှစ်) 
(၃) ကိုစီရာဇူလ်ဟောက် (ဘ) ဦးကာစင် (အသက် ၂၃ နှစ်) - တို့ဖြစ်သည်။ 

တိုက်ခိုက်ခံရပြီး ရေထဲသို့ခုန်ချ၍လွတ်မြောက်လာသူ (၃) ဦးမှာ - 

(၁) ဦးနူရ်ဟူစီန် (ဘ) ဦးဖေဒန်အလီ (အသက် ၅၀ နှစ်) 
(၂) ဦးဇာဟီဒ်ဟူစီန် (ဘ) ဦးအလီအဟမတ် (အသက် ၃၀ နှစ်) 
(၃) ကိုဟာရှင်အုလ္လာ (ဘ) ဦးဟာဘီ (အသက် ၂၇ နှစ်) - တို့ဖြစ်သည်။ 

အသတ်ခံရသူ (၃) ဦးနှင့် တိုက်ခိုက်ခံ ရပြီးနောက် လွတ်မြောက်လာသူ (၃) ဦးတို့မှာ သာဝင်းချောင်း (ဘာဆာရာ) ရွာမှဖြစ် ကြသည်။ ထွက်ပြေး လွတ်မြောက်လာသူ (၃) ဦးမှ အခင်းဖြစ်စဉ်ကို နယ်မြေခံ နစက သို့အကြောင်းကြားသော်လည်း နစကမှ “ကုလားသတ်ခံ ရတာဘာမှ မဖြစ်ဘူး၊ ကြားရတာဝမ်း သာစရာဘဲ” ဟုပြန်လည်ပြောဆိုပြီး၊ တိုက်ခိုက်ခံရသူများကိုသာ ငွေညှစ်ခဲ့ကြောင်းသိရှိရပါသည်။ 

ကျောက်တော် ။ ။ ကျောက်တော်မြို့နယ်တွင်နေထိုင်ကြသော ရိုဟင်ဂျာများနှင့်ကမန်မွတ်စလင်များ အား ရခိုင်အစွန်းရောက် များက ထပ်မံတိုက်ခိုက်ရန် အမြဲတစေကြိုးပမ်း လျက်ရှိသည်။ ဖေဖော်ဝါရီလ (၃) ရက်နေ့ ည ၁၁ နာရီခန့်တွင် ပိုက်သေရွာနှင့်  တောင်ပေါ်ရွာများမှ ရခိုင်အစွန်းရောက်များ သည် ဇိုက် လာ ဖာရာ အနီးရှိ ရထားလမ်း တလျှောက်တွင် စုဝေးပြီး ရိုဟင်ဂျာ မွတ်စလင်များကို တိုက်ခိုက်ရန်ကြိုး စားခဲ့ သည်။ ထိုသို့ကြိုးစား ခဲ့သော်လည်း ရိုဟင်ဂျာရပ်မိရပ်ဖများမှ ကြိုတင် သတင်း ရရှိ ခဲ့ခြင်းကြောင့် ရခိုင် အစွန်းရောက် များ၏ကြိုတင်စီမံမှုများ မအောင်မြင်ခဲ့ပေ။ ကျောက်တော်မြို့နယ်ရှိမွတ်စလင်များ၏ လုံခြုံရေး အားနည်းမှု၊ ရခိုင်အစွန်းရောက်များမှ တိုက်ခိုက်ရန် အမြဲတစေကြိုးပမ်းနေမှု များကြောင့် ယမန် နေ့က ရိုဟင်ဂျာ မွတ်စလင် ၂၅၀ ဦးခန့်  ကျောက်တော်မြို့မှ ထွက်ခွာသွားကြောင်း သိရပါသည်။ သို့သော် လည်း မည်သည့်နေရာ  ပြောင်းရွှေ့ သွားခြင်းကို မသိရဘဲ ခရီးဦးတည်ရာ မရှိဘဲ ဘင်္ဂလားပင် လယ်အော်မှ ဗုဒ္ဓဘာသာဝင်များ၏ ဖိနှိပ်မှု မရှိသည့်နေရာကို ရောက်ရှိရန်နှင့် ကံကြမ္မာ  ကြောင်းနိုင်မည့်ကို ဦးတည်၍ သွားကြခြင်းဖြစ်သည်ဟုသိရပါသည်။
မောင်မောင် 
RB News 
5.2.2013 

မြေပုံ ။ ။ ၂၀၁၂ ခုနှစ်၊ အောက်တို ဘာလတွင်  ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု များကြောင့် မြေပုံမြို့နယ်ရှိ မွတ်စလင်များသည် အိုးမဲ့အိမ်မဲ့ ဘ၀သို့ရောက်ရှိ သွားပြီး၊ အစစအရာရာ အခက်အခဲ မျိုးစုံကြုံတွေ့နေရ သည့်အပြင် ပညာသင်ကြားလျက် ရှိသောကျောင်းသား များမှာလည်း ဆက်လက်ပညာ သင်ကြားရန် အခက် အခဲကြုံတွေ့ လျက်ရှိသည်။ 

အကြမ်းဖက်မှုများ မတိုင်မှီက အစိုးရမှ ဖွင့်လှစ်ထားသော  ကျောင်းများတွင် ပညာသင်ကြားခွင့် ရှိခဲ့သော် လည်း ယခုအခါ ရခိုင်လူမျိုးများသာ ပညာသင်ကြား ခွင့်ရှိပြီး၊ မွတ်စလင်ကျောင်းသားများမှာ ပညာသင် ကြားခွင့် ဆုံးရှူံးလျက် ရှိသည်။ မြေပုံမြို့နယ်တွင် အခြေခံ ပညာသင်ကြားနေသော ကျောင်းသား/သူ ၅၂၀ ဦးရှိပြီး၊ ယခင်က အစိုးရကျောင်းနှစ်ကျောင်းတွင် ပညာသင်ယူခဲ့သည်။ 

ယခုအခါ ဒုက္ခသည်စခန်းတွင် ယာယီကျောင်း တစ်ကျောင်းကို ဖွင့်လှစ်၍ အဆိုပါကျောင်းသား/သူ ၅၂၀ ဦးကို စေတနာ့ ၀န်ထမ်း ဆရာ/ဆရာမ (၈) ဦးမှ တတ်နိုင်သရွေ့ သင်ကြားပေးလျက် ရှိကြောင်း သိရပါ သည်။ ယာယီကျောင်း ဆိုသည်မှာ ကျောင်းကဲ့သို့ မဟုတ်ဘဲ ဓါတ်ပုံပါ အတိုင်း အမိုးသာရှိသောနေရာတစ် ခု တွင် စာရေး ရန်စားပွဲ၊ ထိုင်ရန် ခုံမရှိဘဲ မြေပေါ်တွင် ထိုင်၍ ကျောင်းသား/သူများ ပညာသင် ယူနေရသည့် အခြေအနြေ ဖစ် သည်။ 

ရခိုင်ပြည်နယ်၏ လက်ရှိ အခြေအနေမှာ တည်ငြိမ်အေးချမ်း  နေသယောင်ရှိပြီး၊ မွတ်စလင်များအား ထပ်မံ ၍ တိုက်ခိုက်ရန် အစွန်းရောက်များက လျှို့ဝှက်ကြံစည်လျက် ရှိနေသည်ကို မျက်မြင်ဒေသခံများက အစိုး ရအဖွဲ့ အစည်းများအား အသိပေး တိုင်ကြားသော်လည်း အရေးယူခြင်း တစ်စုံတစ်ရာ မရှိသည် ကိုတွေ့ရ သည်။ 

ပြည်ထောင်စု အစိုးရနှင့်ပြည်နယ် အစိုးရမှလည်း မွတ်စလင်ကျောင်းသား/သူများ ဆက်လက် ပညာသင် ကြားရေး အတွက် တစ်စုံတစ်ရာ စီစဉ်ပေးခြင်း မရှိဟုဒေသခံများ ၏ပြောပြချက်များအရ သိရပါ သည်။ နိုင်ငံ တော်သမ္မတ ဦးသိန်းစိန်မှ ရခိုင်ပြည်နယ် အတွင်းရှိ ရိုဟင်ဂျာ များ၏ ပညာရေးကိုမြှင့် တင်ပေး မည်ဟုပြော ကြားခဲ့သော်လည်း၊ လက်တွေ့ အကောင်အထည်ဖော်ခြင်း မရှိသည်ကို လက်တွေ့ တွင်ဖြစ် ပျက်နေ သည် များကို လေ့လာခြင်း အားဖြင့်  နိုင်ငံတကာ၏ ဖိအားပေးမှုများလျော့ ပါးသွားရန်အတွက် သာပြောဆိုခြင်း ဖြစ်သည်ဟု ယုံကြည်ရပါသည်။




ဌေးလွင်ဦး
RB News
4.2.2013

လက်ရှိ မြန်မာအစိုးရဟာ- ၂၁ ရာစု ဒီမိုကရေစီ ပြည်ထောင်စု ဆိုတာကို ထူထောင်ဘို့ အသံကောင်း ဟစ်နေ ပေမယ့်-၊ ရခိုင်နယ်ထဲမှာ ဘင်္ဂလီ ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့ မော့ဂ် (ရခိုင်)နဲ့ ချာ့က်မာ (မာရ်မာကီး) လူမျိုး တွေကို တရားဝင် ကမ္ဘာသိ ကြေငြာ သွပ်သင်းနေပြီး- ရခိုင်နယ်ထဲက မူလဘူတ လူမျိုး ရိုဟင်ဂျာများကိုတော့ ကျူးကျော်သူ ဘင်္ဂလီများ ဖြစ်တယ်လို့ စွပ်စွဲကာ နည်းမျိုးစုံနဲ့ မောင်းထုတ်နေဆဲပါ။ 

ကမ္ဘာ့မျက်လုံးအောက်၊ မီဒီယာများအောက်ကို ရောက်နေပြီ ဖြစ်တဲ့ အခုခေတ်၊ ၂၀၁၃ ခုနှစ်ရဲ့ ဇန်န၀ါရီ လထဲ မှာတောင်-၊ ဗုဒ္ဓဘာသာကို ကိုးကွယ်ရင် ဘင်္ဂလီဖြစ်စေ၊ သီရိလင်္ကာဖြစ်၊ တရုတ်ဖြစ်စေ၊ အိန္ဒိယ ဖြစ်စေ မြန်မာ နိုင်ငံရဲ့ အမွေခံစားထိုက်သူ အဖြစ် စိတ်နှလုံးမှာ ကပ်ငြိနေပြီး-၊ မြန်မာနိုင်ငံဆိုတဲ့ ဧရိယာထဲမှာ နှစ်ပေါင်း ထောင် ချီ နေထိုင်ခဲ့တဲ့ မူလဘူတ လူမျိုးများကိုတော့ ဗုဒ္ဓဘာသာ မဟုတ်တဲ့ အခြားဘာသာ တစ်ခုခုကို ကိုးကွယ်ယုံ ကြည်လိုက်တာနဲ့- အဲ့ဒီလူ၊ လူမျိုးနွယ်ဟာ သူ့မြေသူ့ရေ ဖြစ်တဲ့ ဇာတိမြန်မာနိုင်ငံထဲမှာ အမွေလက်လွတ် ဆုံးရှုံး ရတဲ့အပြင် တိုင်းပြည်ကပါ မောင်းထုတ်ခံရတဲ့ အဆင့်၊ တိုင်းပြည်တွင်းမှာ နေထိုင်လျှက် အစာဖြတ်၊ ရေဖြတ် ငရဲစခန်းထဲမှာ ထည့်သွင်းခံထားရတဲ့ အဆင့် မျိုး ဖြစ်နေပါတော့တယ်။ 

ကျွန်တော်ဟာ ရခိုင်မြေက ဇာတိပါ။ ရခိုင်ပြည်မွေး- ရခိုင်လူမျိုးလို့ ခေါ်ဆိုနေတဲ့ ဗမာမျိုးနွယ် တစ်ဦးပါ။ ရခိုင်က မူလအခြေချနေခဲ့တဲ့ ဒေသခံ ရခိုင် (ဗမာ)လူမျိုးတွေဟာ အနောက်သား (ဘင်္ဂလားပြည်က ဗုဒ္ဓဘာသာများ)ကို သမိုင်းတစ်လျှောက် ကြည်ဖြူခဲ့ခြင်း မရှိဘူး ဆိုတာကို အသိဆုံးပါ။ အနောက် သားတွေဟာ- ကျွန်တော်တို့ ရခိုင် လို့ခေါ်ခံနေရတဲ့ ဗမာ လူမျိုးများနဲ့ လူမျိုးနွယ် နီးစပ်ကောင်း နီးစပ် ပါမယ်-၊ ဒါပေမယ့် သူတို့ဟာ ဘင်္ဂလီစိတ်ဓါတ် အပြည့်အ၀ ရှိနေပြီး- ရခိုင်ဗုဒ္ဓဘာသာများ အပေါ် လိမ်ညာကောက်ကျစ်မှု၊ အာဏာပိုင်များနဲ့ ပေါင်းပြီး အနိုင် ယူ ဗိုလ်ကျမှုများကို ဦးနေ၀င်းလက်အောက် အုပ်ချုပ်မှု တစ်လျှောက်လုံးနဲ့ စစ်အစိုးရလက်ထက် တစ်လျှောက် လုံးမှာ ကျင့်သုံးခဲ့ပါတယ်။ ရခိုင်နယ်က ရိုဟင်ဂျာ လူမျိုးများသာ သူတို့ရဲ့ အနိုင်ကျင့် ဗိုလ်ကျခြင်းကို ခံခဲ့ရခြင်း မဟုတ်ဘဲ- ကျွန်တော်တို့ ရခိုင်ချင်းလည်း သူတို့ရဲ့ ဒဏ်ကို အလူးအလဲ ခံခဲ့ရပါတယ်၊ ခံနေရပါတယ်။ (ဒါတွေ ဟာ လူမျိုးရေး အမုန်းပေါ် မူတည်ပြီး ပြောဆိုခြင်း မဟုတ်ပါ၊ သမိုင်းဆိုတာ လိမ်ညာလို့ပါ၊ ဘယ်ခေတ်မှာ ဘယ် အာဏာ ပိုင်တွေက ဘယ်လို မူကို ကျင့်သုံးခဲ့တယ်၊ ဘယ်လို လူမျိုးတွေက ခံစားခဲ့ရတယ် ဆိုတာ တစ်ချိန်မှာ အမှန် အတိုင်း ပေါ်လာ ပါလိမ့်မယ်။) 

ဒီခေတ်ဒီကာလမှာတောင် ဘင်္ဂလီမော့ဂ် တွေကို အစုလိုက်အပြုံလိုက် သွင်းပြီး ရခိုင်နယ်ထဲမှာ နေရာချနေ တယ်၊ ရခိုင်နယ်ထဲက အစ္စလာမ်ဘာသာကိုးကွယ်သူတွေကို ပြည်ပကို မောင်းထုတ်နေတယ်ဆိုရင်- အခု လို ကမ္ဘာက စောင့်မကြည့်နိုင်မှီ၊ မီဒီယာများ မပွင့်လင်းမှီကာလက ဒီလိုစီမံချက်မျိုး ဘယ်လောက်ထိ လုပ်ခဲ့ပြီလဲ- ပညာတတ်သူတိုင်း သိနေနိုင်ပါတယ်။ ရခိုင်နယ်မှာ မိဘလုက်ငုတ်နေထိုင်တဲ့ ရခိုင်ဗုဒ္ဓ ဘာသာများဟာ ကိုယ့် အိုးနဲ့ ကိုယ့်အိမ်နဲ့၊ ကိုယ့်ယာနဲ့ ကိုယ့်ချောင်းနဲ့- ဆင်းရဲသည် ဖြစ်စေ၊ ချမ်းသာ သည်ဖြစ်စေ အနေတကျ လုပ်ကိုင် စားသောက်နေသူများ ဖြစ်ပါတယ်။ ဘာသာမတူတဲ့ အကြောင်းပြ ချက်နဲ့ အတူနေထိုင်ခဲ့တဲ့ လူများရဲ့ အိမ်များ ယာများကို လုယက်ယူစရာ မလိုပါ၊ အဲ့သလို အလုပ်ကိုလည်း မလုပ်ခဲ့ပါ။ တစ်ယောက်တစ်ယောက် မျက်နှာသိ တွေ ဖြစ်ပြီး မျက်နှာပျက်ရမယ့် အလုပ်ကိုလည်း မလုပ်ဆောင်ပါ။ အိုးမဲ့ အိမ်မဲ့ လယ်မဲ့ယာမဲ့များ ကို အစိုးရ ကိုယ်တိုင်က အောက်လမ်း အထက်လမ်း လမ်းပေါင်းစုံနဲ့ သွင်းခဲ့တော့-၊ စက်ရုံအလုပ်ရုံတွေ မရှိတဲ့ ဒေသမှာ အဲ့ ဒီ အိုးမဲ့ အိမ်မဲ့များက သူတစ်ပါးရဲ့ အိုးအိမ်တွေကို အတင်းဝင်လု၊ လယ်ယာတွေကို အတင်းဝင်လုခဲ့ကြပါတော့ တယ်။ နောက်ဆုံးတော့ ကမ္ဘာ အလယ်မှာ တစ်ကယ် မျက်နှာပျက်ရတာက- “ရခိုင်လူမျိုး ဗုဒ္ဓဘာသာ” ဆိုတဲ့ ခေါင်းစီး နဲ့ ဖြစ်ရ ပါတယ်။ ဒါတွေကို ဒေသခံ ရခိုင် လူမျိုးတွေက မတတ်သာလို့ ငုံ့ခံနေရပေမယ့်-၊ ဒီလို အနိုင်ကျင့် ပြုမူခဲ့တဲ့ ရာဇ၀တ်ကောင် များကို ဒေသခံ ရခိုင် လူမျိုးများရဲ့ ရင်ထဲမှာ မှတ်တမ်း ရှိနေတယ် ဆိုတာကိုတော့ သတိ ပြု မိ စေလိုပါတယ်။ 

အမှန်တစ်ကယ် သမိုင်းအရ စစ်တကောင်း ဆိုတာဟာ ရခိုင်ပိုင်နယ် ဖြစ်ပါတယ်။ စစ်တကောင်းဒေ သခံ အား လုံးက ရခိုင်နယ်က လူသားတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့မှာ အတိတ်က သမိုင်းဖြစ်ခဲ့ပါပြီ။ ဒါကို သမိုင်း စာမျက်နှာသစ် ပြန်ရေးလိုရင်- မြန်မာနိုင်ငံ ရခိုင်နယ် ထဲကို စစ်တကောင်းနယ်က ဘယ်သူ ၀င်လာ လာ လက်ခံ ပေးရမှာ ဖြစ်ပါတယ်။ သို့မဟုတ် စစ်တကောင်း နယ်ကို မြန်မာပြည် ထဲ ပြန် လည် ရအောင် ယူဘို့ ဖြစ်ပါတယ်။ လွတ်လပ်ရေး ယူစဉ်က ကိုယ့်နယ်ကိုယ် ရအောင် ယူလိုက်ရင် ရနိုင်ပါလျှက်-၊ အစ္စလာမ် မုန်းတဲ့ စိတ်နဲ့ အရှေ့ပါကစ္စတန် ထဲ အသာတကြည် ထည့်ပေးခဲ့တယ်-၊ အခုမှ ဗုဒ္ဓဘာသာကို ကိုးကွယ်သူတွေ ပြန်လာခဲ့ပါ၊ ဒီက မွတ် ဆလင်တွေကိုလည်း မောင်းထုတ်ပစ်မယ် ဆိုတဲ့ စီမံချက်ကို ချနေကြတာ-၊ အတော့ကို ပညာမဲ့လွန်းနေပါ တယ်။ 

ဒီစကားတွေဟာ- ဘင်္ဂလားက ခိုလှုံလာတဲ့ လူသားတွေအပေါ်- လူသားချင်း မစာနာ လို့ ပြောခြင်း မဟုတ်ပါ။ နိုင်ငံ တစ်နိုင်ငံရဲ့ အချုပ်အခြာ တည်မြဲမှုနဲ့ ဂုဏ်သိက္ခာ အတွက် ပြော ဆိုခြင်း သာ ဖြစ်ပါ တယ်။ ဘေးဒုက္ခရောက် နေသူတွေ၊ ခိုလှုံစရာမဲ့နေသူတွေကို လူသားချင်းစာနာပြီး ခိုလှုံခွင့်ပေး ရမှာ လူသားနှလုံးသား ရှိသူတိုင်းရဲ့ လူ့ တာဝန် တစ်ရပ် ဖြစ်ပါတယ်။ မိမိမြေမှာ ရှိနေတဲ့ မိမိနိုင်ငံက လူမျိုး ကို မောင်းထုတ်ပြီး သူတစ်ပါးတိုင်းပြည်က နိုင်ငံခြားသားကို အဲ့ဒီမြေမှာ အစားထိုးနေရာချပေးခြင်းက လူသား နှလုံးသား ရှိသူတို့ရဲ့ လုပ်ရပ်ရယ်လို့ သတ် မှတ်လို့ မဖြစ်ပါ။ ခိုလှုံလာသူတွေကို ကိုယ်တိုင်က သူတို့ဟာ “သူတို့ရဲ့ နိုင်ငံထဲမှာ သူတို့ရဲ့ ဘင်္ဂလီ အစိုးရက မောင်းထုတ်ခဲ့လို့ လာခဲ့ရခြင်း မဟုတ်၊ လူမျိုးမတူသူများရဲ့ ရွာကိုသွားရင် ဖိနှိပ်မှု၊ အနိုင်ကျင့်မှုတွေကြောင့်သာ ဖြစ်တယ်”လို့ တရားဝင် ထုတ်ပြော ခဲ့ပါတယ်။ အဲ့လို လူနည်းစုကြောင့် ဖိနှိပ်ချုပ်ချယ် ခံရတာ ဆိုရင်- သူတို့ဟာ သက်ဆိုင်ရာ အစိုးရဆီမှာ တိုင်တန်းရမယ်၊ သူတို့ လူနည်းစု အခွင့်အရေးတွေ အကာအကွယ်တွေ အတွက် သူတို့ လှုပ်ရှားရ မယ်၊ ကမ္ဘာက သိအောင် ပြောဆိုရမယ်-။ အခုတော့ အဲ့လို မဟုတ်ဘဲ- လူများက ဖိနှိပ်တယ် ဆိုတာ ဘယ်သူ ကမှ သက်သေမပြနိုင်တဲ့ အကြောင်းပြချက် တစ်ခုမျှသာ ဖြစ်ပါတယ်။ ဖိနှိပ်တဲ့ အကျင့်ရှိသူ ရွာများကို မသွားဘဲ မိမိအရပ်ဒေသမှာ မိမိ လုပ်ကိုင်စားသောက်နေရင်လည်း ရတာပါပဲ။ 

အကြောင်းပြချက်က မယ်မယ်ရရ မရှိတဲ့ လူတစ်စုကို ဘယ်လိုသဘောနဲ့ လက်ခံပါသလဲ။ အကယ်၍ သူတို့ဟာ ခွဲထွက်ရေး သောင်းကျန်းသူတွေ ဖြစ်နေခဲ့ရင်၊ အကယ်၍ သူတို့ဟာ သက်ဆိုင်ရာနိုင်ငံရဲ့ ရာဇ ၀တ်ကောင်တွေ ဖြစ်နေခဲ့ရင်၊- ဆိုတာတွေကိုကော လက်ခံတဲ့ အာဏာပိုင်များက ထည့်စဉ်းစား ခဲ့ပါသလား။ 

ဘယ်လို ဖြစ်ဖြစ် သူတို့ကို လက်ခံမယ် ဆိုရင် ယာယီ ဒုက္ခသည်စခန်းတွေ ဖွင့်ပေးရပါမယ်။ ကမ္ဘာ့ဥပဒေနဲ့ အညီ ပြန်လည်နေရာချထားရေး အစီအစဉ်တွေကို ဆောင်ရွက်ပေးရပါမယ်။ ကိုယ့်နိုင်ငံ ဇာတိ မွတ်ဆ လင်များရဲ့ လယ်ယာမြေများကို မတရားသိမ်းပိုက်ပြီး သူတို့ကို လုပ်စားကိုင်စား ပေးတယ် ဆိုတာကော- နိုင်ငံ တစ်နိုင်ငံမှာ ရှိတဲ့ အစိုးရတစ်ရပ်ရဲ့ ကျင့်ဝတ်သိက္ခာများ ဖြစ်ပါသလား- ဆို တဲ့ မေး ခွန်းတွေက အများကြီး ဖြစ်နေပါတယ်။ တစ်ကယ်တော့ ဒါတွေအားလုံးက ၁၉၇၂ ခုနှစ်မှာ ဦးနေ၀င်း စိတ်ကူး ယဉ်ခဲ့တဲ့ အလုပ်တွေပါ။ ဦးနေ၀င်ဟာ ၁၉၇၂-၇၃ လောက်မှာ အိန္ဒိယ၊ နီပေါလ်၊ ဘင်္ဂလား ဘက်က မြန်မာ မျိုးနွယ်တွေကို မြန်မာနိုင်ငံထဲကို ပြန်ခေါ်ပြီး စကိုင်းတိုင်းမြောက်ပိုင်း မှာ နေရချပေးဘို့ စီစဉ်ခဲ့ပါ တယ်။ သူ့ရဲ့ မဆလ ပါတီတွင်းက တစ်ချို့သော ဗဟိုကော် မတီများကိုယ်တိုင် သဘောမတူလို့ ပျက်သွားခဲ့ရတဲ့ အစီအစဉ်ပါ။ အာဏာရှင် ဦးနေ၀င်းဟာ သူလုပ်ချင်တိုင်း လုပ်တဲ့ စိတ်ရှိပေမယ့်-၊ နိုင်ငံနဲ့ အချုပ်အခြာကို ထိခိုက်မယ့် လုပ်ရပ်ကို လက်မခံတဲ့ သတ္တိရှင် တစ်ချို့နဲ့ ခေတ် ကာလရဲ့ မဖြစ်နိုင်မှုများက သူ့အစီအစဉ်ကို ရပ်တန့်စေခဲ့ နိုင်ပါတယ်။ 

ခေတ်ကာလကိုလည်း မသိ၊ ကမ္ဘာ့ ဥပဒေ စည်းကမ်းများကိုလည်း မသိ၊ ကမ္ဘာ့လူ့ကျင့်ဝတ်များကိုလည်း မသိ၊ ပြည်ထောင်စု ဆိုတာ ဘယ်လို ဖွဲ့စည်းရမလဲ မသိ၊ ဘာဆိုဘာမှ မသိဘဲ-၊ ဗုဒ္ဓဘာသာ အယူသည်း စိတ်တစ်ခု နဲ့ ၂၁ ရာစုမှာ ဒီမိုကရေစီ ထအော်နေတဲ့ နိုင်ငံ ဦးဆောင်များကြောင့် နိုင်ငံတော်ဟာ ပျက်စီးခြင်းဆီသို့ ဦးတည် နေပြီ ဆိုတာတော့ တိုင်းချစ်ပြည်ချစ် ပုဂ္ဂိုလ်များ နားလည်သင့်ပါပြီ။ ပျက်စီးမယ့် လမ်းကြောင်းကို စတက်နေချိန် မှာ မကာကွယ်ရင် ပျက်စီးခြင်းဟာ အရှိန်အဟုန်ကောင်းလာနိုင်ပါတယ်။ အဲ့တော့မှ အကွဲကွဲ အပြဲပြဲဖြစ် တား မနိုင်ဆီးမရ - နောက်တ နောက်ကျတဲ့ အဖြစ်မျိုး ဘ၀ကို မြန်မာနိုင် ငံသားတိုင်း ကာကွယ်သင့်ပါတော့တယ်။ 


ဌေးလွင်ဦး 
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ 
မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့

Qutub Shah 
RB News 
4.2.2013 

မောင်တော ။ ။ ဖေဖော်ဝါရီလ (၁) ရက်နေ့ ည ၉ နာရီခန့်တွင် မောင်တောမြို့နယ် ကြိမ်ချောင်းရွာတွင် အခြေစိုက်သော နစကနယ်မြေ (၄) လက်အောက်ခံ စခန်းအမှတ် (၂၄)မှ ဗိုလ်ကြီးဝေဖြိုးသက်သည် စစ်ဦးစီး ဦးအောင်သန်းကျော်နှင့် နစကတပ်ဖွဲ့ဝင် အချို့တို့နှင့် အတူကြိမ်ချောင်းရွာမှ ဦးအဘူ တယုပ် (ဘ)ဦးယူနွစ်(အ သက်၃၄ နှစ်) ၏  နေအိမ်ကို ၀င်ရောက် စီးနင်းရှာဖွေ ခဲ့သည်။ ပြစ်မှု ဆိုင်ရာနှင့် ပတ်သက်သည် ကို ရှာဖွေရန် အကြောင်းပြ ၍  ငွေညှစ်ရန် သာဖြစ် သည်။ နေအိမ်တွင်းရှာဖွေ၍ ဦးအဘူတယုပ် အားဖမ်း ဆီးရန် စီစဉ် ခဲ့သော်လည်း ဦးအဘူတယုပ် မရှိသဖြင့် ဖမ်းဆီးနိုင် ခဲ့ခြင်း မရှိဘဲ ပြန်လည်ထွက်ခွာ သွားခဲ့ ရသည်။ ဦးအဘူတယုပ်မှ ၎င်းအား အကြောင်း မျိုးစုံပြ၍ ဖမ်း ဆီးမည်ကို သိသဖြင့် နောက်တစ်ရက် တွင် ၎င်းအား ဖမ်းဆီး ချုပ်နှောင်ခြင်း မပြုရန် နစကမှ လိုချင် သည့် ငွေ ပမာဏအား  မေးမြန်း၍  နောက်ဆုံး တွင် ငွေ ၆ သိန်း ၅ သောင်းပေး၍ ၎င်းအား ထပ်မံ မနှောက် ယှက် ရန် ညှိနှိုင်း ခဲ့ကြောင်းသိရသည်။ 

မင်းပြား ။ ။ ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် မင်းပြားမြို့နယ်၊ စမ်းကြီးဘောင်  ကျေးရွာအုပ်စုမှ ရိုဟင်ဂျာ လူငယ် မိုဟာမတ်ကရီးမ် (ဘ) ဦးမိုဟာမတ်တာဟဲရ် သည် ရွာအနီးရှိ  တောင်ပေါ်သို့ အမဲလိုက်ရန် သွား ရာ၊ ရခိုင် အစွန်း ရောက်များနှင့်တွေ့၍၊ ရက်ရက်စက်စက် ရိုက်နှက်ခံခဲ့ရပြီး ဦးခေါင်းတွင်ြ ပင်းထန်စွာဒဏ် ရာ ရ ရှိ ခဲ့ကြောင်းသိရပါသည်။ 

မြောက်ဦး ။ ။ အစားအစာချို့တဲ့မှု၊ ဆေးဝါးမလုံလောက်မှု၊ ကျန်းမာရေးနှင့် ညီညွတ်သည့်  နေရာတွင် မနေ ရခြင်း တို့ကြောင့် မြောက်ဦးမြို့နယ်၊ ရီဒါဖာရာမှ ရိုဟင်ဂျာဒုက္ခသည်နှစ်ဦးဖြစ်သည့် အဗ်ဒူဂဖာရ် (ဘ) ဦးအဗ်ဒူဂျဘာရ် (အသက် ၂၇ နှစ်) နှင့် မိုဟာမတ်ခန်း (ဘ) ဦးကာလာအလီ (အသက် ၂၀ နှစ်) တို့ ကွယ် လွန်သွားကြောင်းသတင်းရရှိပါသည်။ 

ကျောက်တော် ။ ။ ကျောက်တော်မြို့နယ်၊ နိုင်းရောင်ကျေးရွာ အုပ်စုတွင်  တောင်တန်းရှိပြီး၊ မျက်မြင် သက်သေ တစ်ဦး၏ပြောဆိုချက်အရ ရခိုင်အစွန်းရောက် အချို့သည် ထိုတောင်ပေါ်တွင် တပ်ပုန်းလျက်ရှိ သည်ဟု သိရသည်။ ထိုသို့ လျှို့ဝှက်စွာ ပုန်းနေရခြင်းမှာ ရိုဟင်ဂျာများကို အကြမ်းဖက် ရန်သာဖြစ်ပြီး၊ အာ ဏာပိုင်များမှ သတင်းအရ သိနေသော်လည်း အရေးယူခြင်း တစ်စုံတစ်ရာ မရှိကြောင်း သိရပါသည်။ ထိုသို့ အရေးယူခြင်း ကိုကြည့်ခြင်းအားဖြင့် အစိုးရ အနေနှင့် ရိုဟင်ဂျာများအား အကြမ်းဖက်နိုင်ရန် အခွင့်အလမ်း များဖွင့် ဟပေးထားသည် ကိုတွေ့ရပါသည်။ ထိုရွာအနီး ပတ်ဝန်းကျင်ရှိ ရိုဟင်ဂျာ မွတ်စလင်များသည် မိမိ တို့၏ ရွာကို စွန့်ခွာ၍ ထွက်သွားရန် ကြိုးစားနေကြောင်း သိရှိရ ပါသည်။
မောင်မောင် 
RB News 
4.2.2013 

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဒုက္ခသည် စခန်းများ ရှိရာသို့ နိုင်ငံတကာမှ လာရောက်ကြည့်ရှူ တိုင်းပြည်ထောင်စုအစိုးရ ၀န်ကြီးများနှင့် ပြည်နယ်အစိုးရမှ အခြေအနေ အသင့်အတင့်ကောင်းသည့် ဒုက္ခ သည်စခန်းများ ရှိရာကိုသာပြ သပြီး၊ ဧည့်သည်တော်များနှင့်  တွေ့ဆုံဆွေးနွေးပွဲတွင် ဒုက္ခသည်များ ကိုနိုင်ငံ တကာ အဆင့်အတန်းနှင့် အညီထောက်ပံ့လျက် ရှိကြောင်း၊ တဲများ စီစဉ်ပေးထားကြောင်းကို မြန်မာ အစိုးရ အစဉ်အဆက် သုံးစွဲနေသည့် မုသားဝါဒများဖြင့်ေ ပြောလေ့ရှိသည်။ 

စစ်တွေမြို့ရှိ ဒုက္ခသည် စခန်းများမှ စခန်း တစ်ခုဖြစ်သည့် သံတော်လီ စခန်း၏ အခြေအနေမှာလွန်စွာဆိုး ရွား လျက်ရှိသည်။ နိုင်ငံတကာအဖွဲ့ အစည်းများမှ ရိက္ခာများထောက်ပံ့ပေးလျက် ရှိသော်လည်း လုံ လောက်စွာ မရရှိခြင်း၊ မိမိတို့၏ အစီအစဉ်ဖြင့် တဲထိုး၍  နေရခြင်း၊ ကျန်းမာရေးနှင့်ညီညွတ် သည့်ရေ လောင်း အိမ်သာများ မရှိခြင်းတို့ အပြင် အဖက်ဖက်ချို့တဲ့နေခြင်း တို့ကြောင့် ကလေးငယ်များ၏ ကျန်းမာ ရေးသာမက လူကြီးများ၏ ကျန်းမာရေး အခြေအနေပါ စိုးရိမ်ရမည့် အခြေအနြေ ဖစ်နေသည်။ 

သံတော်လီ ဒုက္ခသည်စခန်း၏ ဖေဖော်ဝါရီလ (၂) ရက်နေ့မြင်ကွင်း ဓါတ်ပုံများကို အောက်ပါအတိုင်း ကြည့် ရှူနိုင်ပါသည်။







AS 
RB News 
4.2.2013 

စစ်တွေ ။ ။ စစ်တွေမြို့၊ သက္ကေပြင်ကျေးရွာ တွင်နေထိုင်သော ဦးဟူဆောင်းအာမတ် (ဘ) ဦးဘိုရှီးရ် အာမတ်ပိုင် ဆိုင်သောငါးဖမ်း စက်လှေသည် ဖေဖော်ဝါရီလ (၂) ရက်နေ့ညနေ ၄ နာရီခန့်အချိန်တွင် စစ်တွေမြို့နှင့် မနီးမဝေးတွင် တည်ရှိသော Oyster မီးပြတိုက်ကျွန်းအနီးပိုက်ချငါးဖမ်းနေစဉ် ရခိုင် စက် လှေတစ်စီး ကပ်လာခဲ့သည်။ ထိုသို့ ကပ်လာသဖြင့် ရန်ပြုမည်ကို စိုးရိမ်၍ ထွက်သွားရန်ပြင်နေစဉ် ရခိုင် စက်လှေပေါ် မှသေနတ်ပစ် သံကြားရသဖြင့် စက်လှေအား ရပ်တန့်ခဲ့သည်။ ထို့နောက် ရခိုင် စက်လှေကပ် လာပြီး စက်လှေပေါ်တွင်လိုက်ပါလာသော ရခိုင်များနှင့်အမြောက်တပ်မှစစ်သား (၁၀) ဦးခန့်တို့သည် ဦးဟူဆောင်းအာမတ်၏ စက်လှေပေါ်သို့ တက်လာခဲ့ပြီး ရခိုင်စက်လှေ အားပြန်သွား ရန် အမိန့်ပေးခဲ့သည်။ 

ဦးဟူဆောင်းအာမတ်၏ စက်လှေနှင့် မနီးမဝေးတွင် ပိုက်ချ ငါးဖမ်းနေသော အခြားမွတ်စလင် ပိုင်စက်လှေ တစ် စီးသို့ စစ်သားများက သိမ်းပိုက်လိုက်သော ဦးဟူဆောင်းအာမတ်၏ စက်လှေဖြင့် သွားရောက်၍ ထို စက်လှေပေါ်ရှိ ငါးများနှင့် စက်လှေ မှတ်ပုံတင်စာအုပ်ကို သိမ်းယူကာချထားသော ပိုက်ကိုဆွဲတင်ရန် အမိန့် ပေးခဲ့သည်။ စက်လှေသမားများက ပိုက်ဆွဲတင်ရန် အဆင်ပြေမည် မဟုတ်သေးကြောင်းပြောသော အခါ စစ်သားများကနောက်တစ်နေ့နံနက်အချိန်တွင် အဆိုပါပိုက်ကိုတင်ပြီး သူတို့၏ Oyster စခန်းကိုလိုက် လာခဲ့ကြရန်မှာကြားပြီး ဦးဟူဆောင်းအာမတ်၏ စက်လှေနှင့် စက်လှေပေါ်ရှိလူများအားလုံးကို Oyster စခန်း သို့ခေါ်ဆောင်သွားကြောင်းသိရပါသည်။ 

စခန်းသို့ခေါ်ဆောင်သွားသော စက်လှေနှင့် စက်လှေပေါ်တွင် ရှိနေခဲ့သော သူများနှင့် ပတ်သက်၍ ယခုအ ချိန် ထိ သတင်း တစ်စုံတစ်ရာ စုံစမ်း၍ မရရှိသေးပါ။ ၎င်းတို့၏ မိသားစုများနှင့်ဆွေမျိုးသားချင်း များက အ လွန် တရာစိုးရိမ်၍ ပူပင်သော ကရောက်နေကြ ရသည်။ 

ဦးဟူဆောင်းအာမတ်၏ စက်လှေကို လွန်ခဲ့သောဇန်န၀ါရီလ (၁၅) ရက်နေ့တွင်လည်း အာဏာပိုင်များမှ ခြိမ်းခြောက်၍ စက်လှေပေါ်ရှိပစ္စည်းများအားလုံးကိုလုယက်ခဲ့ပြီးယခုအခါဒုတိယအကြိမ်ဖမ်းဆီးခေါ် ဆောင် သွားခြင်းဖြစ်သည်။

Qutub Shah 
RB News 
February 3, 2013 

မောင်တော ။ ။ ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် အင်းဒင်ရွာအခြေစိုက် စရဖ အရာရှိတစ်ဦးမှ ၁၂ နှစ် အရွယ် ရိုဟင်ဂျာ ကလေးငယ် တစ်ဦးဖြစ်သူ အဗ်ဒူရာဇတ် (ဘ) ဦးလာလ်မိုဟာမတ်အား ဖမ်းဆီးပြီး ရိုက်နှက်၍ ငွေ ၁ သိန်း ၈ သောင်းရယူခဲ့သည်။ ဖခင်ဖြစ်သူအား မလေးရှားနိုင်ငံသို့ လူပို့နေသည်ဟု  မမှန် စွပ်စွဲ၍ သားဖြစ်သူကို ဖမ်းဆီးရိုက်နှက်၍ ငွေညှစ်ခဲ့ခြင်းဖြစ်သည်။ အမှန်တကယ် လူကုန် ကူးမှုတွင် ပါဝင်ပတ် သက်နေသူများကို ဖမ်းဆီးခြင်း မပြုဘဲ ထိန်ချန်ထား သည်ဟု သိရသည်။ 

ဖေဖော်ဝါရီလ (၁) ရက်နေ့ ည ၉ နာရီတွင် ငခူရကျေးရွာ အခြေစိုက် နစက နယ်မြေ (၅) မှနယ်မြေမှူး ဗိုလ်မှူးဝင်းလှိုင် ဦးဆောင်ပြီး နစကတပ်ဖွဲ့ဝင် ၁၀ ဦးတို့သည် အောက်ပြူးမ (ဟာစာဘီလ်) ကျေးရွာရှိ ရိုဟင်ဂျာ အိမ်နှစ်အိမ်ကို ၀င်ရောက် စီးနင်းခဲ့သည်။ ဦးဇကရီယား (ဘ) ဦးနူရ်အဟမတ် (၅၂ နှစ်) နှင့် ၎င်း၏ တူတော်စပ်သူ မိုဟာမတ်အုစ်မန် (ဘ) ဦးဆယာဒုလ်အာမီးန် (၂၁) နှစ်တို့ကို အကြောင်းပြချက် တစ်စုံတစ်ရာမရှိဘဲဖမ်းဆီးခဲ့သည်။ ထို့နောက် ဦးဇကရီယား၏သားမက်တော်စပ်သူ မိုဟာမတ်ရဖိခ် (ဘ) ဦးအဗ်ဒုလ်အား ဆက်လက်ရှာဖွေရာ၊ မတွေ့သဖြင့်နေအိမ်ရှိ ပစ္စည်းများကို ဖျက်ဆီးခြင်း၊ နေအိမ် အနှံ့ရှာဖွေ၍ ဖမ်းဆီးနိုင်ရန်အကြောင်း တစ်စုံတစ်ရာရှာဖွေ ခဲ့သည်။ ထို မှသာငွေညှစ် ရန်လွယ် ကူမည် ဖြစ်သောကြောင့်ဖြစ်သည်။ ထိုသို့ ရှာဖွေခဲ့သော်လည်း ဥပဒေနှင့်ငြိစွန်းသည့် တစ်စုံ တစ်ရာ ရှာဖွေမတွေ့ ရှိခဲ့ကြောင်းသိရပါသည်။ နောက်ဆုံးတွင် ဖမ်းဆီးထားသူနှစ်ဦးမှ ဦးဇကီရီယားအား သား မက်ဖြစ် သူကို နေအိမ်တွင်နေ ခွင့်ပြုသည့်အတွက်ကြောင့် အကြောင်းပြ၍ ဖမ်းဆီးပြီး၊ တူတော်စပ်သူ မိုဟာမတ်အုစ်မန် ၏ အိတ်ကပ်မှနိုင်ငံခြား ဖုန်းနံပါတ်ရှာဖွေတွေ့သည့်ကို အကြောင်းပြ၍ ဖမ်းဆီးသွား သည်။ နှစ်ဦးစလုံးကို ယခုအချိန်ထိ နစကစခန်းတွင် ချုပ်နှောင်ထားပြီး နစကတို့၏ အစဉ်အလာ အတိုင်းငွေပေး လျှင် ပြန်လည် လွတ်မြောက်ဖြစ်သည် ဟုမျှော်လင့်လျက် ရှိကြောင်း သိရပါသည်။ 

ဇန်န၀ါရီလ (၂၉) ရက်နေ့တွင် ကျောက်ပန်ဒိုးကျေးရွာအခြေစိုက်စခန်းဖြစ်သည့် နစကနယ်မြေ (၈) မှ ဦးကမာလ်ဟူစိန်း (ဘ) ဦးလာလ်မျာအား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့တရားမ၀င်သွားသည်ဟုစွပ်စွဲ၍ ငွေ ကျပ် ၂ သိန်းခွဲရယူခဲ့သည်။ ထိုနေ့တွင်ပင် ဦးအဗ်ဒုလ်အာမီးန် (ဘ) ဦးနူရ်အစ္စလာမ်အား မလေးရှားသို့ လူ ကုန်ကူးနေ သည်ဟုစွပ်စွဲ၍ ငွေကျပ် ၂ သိန်းခွဲရယူခဲ့သည်။ ထို့အတူ ဦးဟာမီဒုလ္လာ (ဘ) ဦးမိုဟာ မတ်ဆ လာမ်အား ၎င်း၏ ဦးလေးအိမ်တွင် တစ်ညအိပ်ခဲ့သည်ကို အကြောင်းပြ၍ ငွေကျပ် ၈ သောင်းနှင့် ဦးအဗ်ဒုလ် ဟာကီးမ် (ဘ) ဦးယူစွပ်ထံမှ အကြောင်းပြချက် တစ်စုံတစ်ရာ မပြဘဲ ငွေကျပ် ၁ သိန်းရ ယူခဲ့ ကြောင်း သိရပါသည်။ ထိုသို့ငွေညှစ်ခံရသူများ အားလုံးမှာ ကျောက်ပန်ဒိုး ရွာသား များဖြစ်ကြသည်။ 

ဘူးသီးတောင် ။ ။ ဇန်န၀ါရီလ (၃၀) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် ရွာညိုတောင် (ရိုဟင်ဂျာ တောင်) မှ ဦးဟာဘီအုလ္လာ (ဘ) ဦးဆယာဒုလ်ရာမန်အား မလေးရှားနိုင်ငံသို့ လူကုန်ကူးနေ သည်ဟု ဘူး သီးတောင်မြို့နယ် ရဲစခန်းမှ ရဲများက မဟုတ်မမှန်စွပ်စွဲ၍ ငွေကျပ် ၃ သိန်းယူ သွားကြောင်းသိရသည်။ 

မင်းပြား ။ ။ ဇန်န၀ါရီလ (၃၁) ရက်နေ့တွင် မင်းပြားမြို့နယ် လမကျေးရွာ (လိုင်ဘော်စာ)မှ ရိုဟင်ဂျာ နှစ်ဦးသည် ၎င်းတို့ရွာနှင့် ကပ်လျက်ရှိသော ရခိုင်ရွာမှ အစားအသောက်များ ၀ယ်ရန်သွားခဲ့သည်။ အကြင်နာတရားခေါင်ပါးသော ရခိုင်များမှ ၎င်းတို့အားရိုက်နှက်၍ ၀ယ်ယူလာသောအစားအသောက်များနှင့် ပါ လာသောငွေများ အားလုံးကို လုယူ လိုက်ကြောင်း သိရသည်။ နောက်နေ့တွင်လည်း ရိုဟင်ဂျာလေးဦးမှ ရိက္ခာဝယ် ယူရန်အတွက် ထိုရခိုင်ဈေးသို့သွားရာ ထိုနည်းတူစွာ ရိုက်နှက်ခံရပြီး လုယက် ခံခဲ့ရကြောင်း သတင်း ရရှိပါသည်။
ဒေါက်တာထွန်းအောင်
RB News 
3.2.2013 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ဇွန်လတွင်ဖြစ်ပွား ခဲ့သော အကြမ်းဖက်မှုနှင့် ပတ် သက် ၍ ဒေါက်တာထွန်းအောင်အား ဖမ်းဆီးပြီး ထောင်ဒဏ်ချမှတ်ခဲ့သည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အာရှ လူ့အခွင့်အရေးကော်မရှင်မှ ဦးမင်းလွင်အား RFA မြန်မာပိုင်း အစီအစဉ် မှမေးမြန်းထားသည်ကို အောက်ပါ အသံဖိုင်တွင် နားဆင်နိုင်ပါပြီ။


Qutub Shah 
RB News 
3.2.2013 

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရဲ စခန်းတွင် စခန်းမှူးတာဝန်ဖြင့် တာဝန် ထမ်းဆောင် ခဲ့သော ရဲအုပ်သန်းတင်အား လွန်ခဲ့သည့်(၃) လတွင်  ကျောက်နီမော် ရဲစခန်းသို့ပြောင်းရွှေ့ ခဲ့ သည်။ မောင်တောမြို့ နယ်တွင် တာဝန်ထမ်းဆောင်စဉ်အတွင်း လုပ်ပိုင်ခွင့်အာဏာကို အလွှဲသုံး စားပြုလုပ်၍၊ ဒေသခံ ရိုဟင်ဂျာမွတ်စလင်များအား ညှင်းပန်းနှိပ်စက်၍ ငွေညှစ်ခဲ့သူဖြစ်သည်။ 

ယခုအခါကျောက်နီမော် ရဲစခန်းတွင် ယခင်ကဲ့သို့ငွေညှစ်၍ မရသောကြောင့် ပြည်နယ် ရဲမှူးကြီးအား ငွေ ကျပ်သိန်း (၅၀) လာဘ်ငွေပေး၍ မောင်တောမြို့နယ်ရဲစခန်း သို့ပြောင်းရွှေ့ခွင့် ရရန်ကြိုးစားနေကြောင်း သတင်း ရရှိပါသည်။ ထိုသို့ လာဘ်ငွေကျပ်သိန်း (၅၀) ပေးနိုင်ရန်အ တွက်မောင်တောမြို့နယ် သို့ လာ ရောက် ၍ ဒေသခံရိုဟင်ဂျာမွတ်စလင် (၆) ဦးထံမှ ငွေကျပ်သိန်း (၅၀) အတင်း အဓမ္မတောင်း ယူသွား ကြောင်းသိရပါသည်။ ဒေသခံများသည် ၎င်း၏ တာဝန်မှာ မောင်တောမြို့နယ်တွင် မဟုတ်သော် လည်း တောင်းခံသောငွေကြေးကို မပေးလျှင် အခြားသော နည်းဖြင့် ဖမ်းဆီး၍ မတရား သဖြင့်ထောင် ချစေခြင်း များပြုလုပ်မည်ကိုစိုးရိမ်ပြီး ၎င်းမှတောင်းခံသောငွေကြေးကိုပေးခဲ့ရသည်။ 

ထိုသို့ပြောင်းရွှေ့လာနိုင် ရန်ကြိုးစားနေသည်ကို ဒေသခံများမှ သိရ၍ လွန်စွာ စိတ်မချမ်းမြေ့ဖြစ်နေကြ သည်။ 

“အခုပြောင်း မလာခင်တောင်လာပြီး သိန်း ၅၀ ရအောင်ယူသွားတယ်ဆိုတော့ တကယ်ပြောင်း လာ ရင် တောင် ကျွန်တော်တို့ အရင်တုန်းခံရတာ ထက်ပိုခံရမယ်” ဟုဒေသခံတစ်ဦးမှ RB News သို့ပြော သည်။ 

“ပြည်နယ်ရဲမှူးကြီးကို ရဲအုပ်သန်းတင်က စခန်းမှူး တာဝန်ရဖို့အတွက် သိန်း(၅၀) ပေးတယ်လို့ ကျွန် တော် တို့ သိရပါတယ်။ ပြည်နယ်ရဲမှူးကြီး ရတာကိုတော့ မပြောလိုပါဘူး။ ရဲအုပ်သန်းတင်ကပြည်သူတွေ ကို အာဏာ အခွင့်ကောင်းယူပြီး နှိပ်စက်တာတွေကို သိစေချင်တယ် ။ဖြစ်နိုင်မယ်ဆို ရင်  မောင်း တော ကို  ပြောင်းရွှေ့ခွင့် မပေးပါနဲ့လို့ မေတ္တာရပ်ခံပါရစေ လို့ မောင်တောမြို့ကြ ပည်သူတွေ ကိုယ် စားပြော ချင်ပါ တယ်” ဟုဒေသခံ များ၏  မေတ္တာရပ်ခံချက်ကို မောင်တောမြို့သားတစ်ဦးက RB News သို့ပြော ပါသည်။
ဌေးလွင်ဦး
RB News
3.2.2013

ဓမြ (ဓားပြ)တွေမှာ အရည်အချင်း တစ်ရပ် ရှိတယ်။ အဲ့ဒါက- သူမမြင်ဘူး၊ မတွေ့ဘူး၊ ဘယ်စဉ်ကမှ မသိဘူး၊ သူနဲ့ ရန်စလည်း မရှိဘူးတဲ့ လူတစ်ဦးကို ဓါးပြတိုက်တာနဲ့ သူဟာ အဲ့ဒီလူအပေါ်မှာ အကြီးအကျယ် စိတ်ဆိုး မာန်ဆိုးနဲ့ သတ်မယ် ဖြတ်မယ် တစ်ကဲကဲ လုပ်နိုင်တဲ့ အရည်အချင်းပါပဲ။ ဟန်ဆောင် တာ ဖြစ်ကောင်းဖြစ်မယ်- ဒါပေမယ့်- သူ့လုပ်စာလည်း မဟုတ်တဲ့ အရာတစ်ခုကို သူများဆီက ယူတဲ့ အခါမှာ ဓားပြတိုက်ခံရသူက မပေး ရင်တော့ အမှန်တစ်ကယ်ကို စိတ်ဆိုးတော့တာပဲ။ အမှန် တစ်ကယ်ကို ကိုယ်ထိ လက်ရောက် ရိုက်ထောင်း၊ သတ်ပစ်တော့တာပဲ။ ဓားပြတိုက်ခံရသူဟာ အသက် အရွယ်ကြီးတဲ့ သနားစရာ အဖွားအို ဖြစ်နေရင်ပြီး- ဒါလေး ကို ချမ်းသာပေးပါလို့ ငိုယိုတောင်း ပန် ရင်တောင်- အဲ့ဒီဓားပြ ဆိုတဲ့ လူတွေက မဆီမဆိုင်ထွက်လာတဲ့ ဒေါသ များက ငယ်ထိပ် ထိ ရောက် သွားတော့ တာပါပဲ။ 

ဒါတွေဟာ သာမန်ရိုးရိုးလူတစ်ယောက် လုပ်ယူလို့ မရတဲ့ စိတ်နေစိတ်ထား တစ်မျိုးပါ။ ဒါဟာ စိတ်ရောဂါ တစ်မျိုးလို့ မဆိုနိုင်ပါ။ သူတို့ကို သူတို့ထက် ကြီးတဲ့သူ (သူတို့အထက်က ဗိုလ်) တစ်ဦးက- အမိန့်ပေး လိုက်တဲ့ အတိုင်း ချက်ချင်း ပုံပြောင်းသွားပါတော့တယ်။ သေနတ်နဲ့ ပစ်အံ့ဆဲဆဲမှာတောင်- သူ့ရဲ့ အထက် လူက “မပြစ်နဲ့” လို့ အမိန့်ပေးလိုက်ရင် သေနတ်ပစ်မယ့် လက်က ရပ်သွားပါတော့တယ်။ အထက်လူ စကားကို ဖီဆန်မိသူ ဆို လို့ ရာနှုန်း အလွန်နည်းပါတယ်။ 

အခု- မြန်မာပြည်မှာ ဖြစ်ပျက်နေတာတွေကို ကြည့်ရင်-၊ မြန်မာပြည်က စစ်သားတွေဟာ အဲ့ဒီလို ဓားပြ စိတ်တွေ လွှမ်းမိုးနေတာကို တွေ့နေရတယ်။ ကချင်ဒေသမှာ အရပ်သူ အရပ်သားဆီက လုယက်မှု၊ အဓမ္မသိမ်းပိုက်မှု၊ ရခိုင်ဒေသမှာရိုဟင်ဂျာတွေဆီက ငွေညှစ်မှု၊အဓမ္မသိမ်းပိုက်မှု၊မတန်တဆခြိမ်းခြောက်နှိပ် စက်မှု၊ ကိုယ်ထိ လက်ရောက် ကျူးလွန်မှုတွေ အားလုံးက သူတို့တွေမှာ စစ်သားတစ်ဦးရဲ့ ဂုဏ်အင်္ဂါ ရပ်များ နဲ့ ကင်းဝေးနေတာကို မြင်တွေ့နေရ ပါတော့တယ်။ 

တစ်ကယ်တော့- စစ်သင်တန်းမှာ အဲ့လိုမျိုး ပြုကျင့်ဘို့ သင်ခဲ့ရခြင်း မရှိသလို၊ စစ်စည်းကမ်းမှာ လည်း ပြဌာန်း ထားခြင်းမရှိပါ။ အထက်အမိန့်ကို နာခံတတ်ဘို့တစ်ခုတည်းကို ပုံဝင်အောင်သင် တန်းမောင်း ပြီး မှ လက်နက် ကိုင်နည်း၊ ပစ်နည်း၊ တိုက်နည်းတွေကို သင်ခဲ့ရတာချည်းပါပဲ။ တစ်ကယ်သင်တန်း တက်ခဲ့တာ တစ်ခု၊ ဖြစ်နေ တာက တစ်ခု- ဒီတော့ မြန်မာစစ်သားတွေ၊ မြန်မာလက်နက်ကိုင် ရဲတွေမှာ ဒီစိတ်ဓါတ်တွေ ဘယ်က လာခဲ့ပါ သလဲ။ ပြောနိုင်တာ တစ်ခုက ဒါတွေအားလုံးဟာ အထက်က အမိန့် ပေးထား တဲ့ ပေါ်လစီ တွေဆီက လာတယ် ဆိုတာပါပဲ။ အပြစ်မဲ့ ပြည်သူတွေက မိမိကို အားကိုးပြီး ငိုယိုတောင်း ပန်နေ တာကိုတောင် သနားစိတ်၊ စာနာ စိတ် မရှိ-၊ မိမိနဲ့ ရန်သူ မဟုတ်သူကိုလည်း မဟာရန်သူကြီး ဖြစ်သလို ခံစားပြီး- ရိုက်၊ မောင်း၊ ထု၊ ထောင်း ပစ် သတ်နေတဲ့ အဆင့်ထိ ဖြစ်နေပါပြီ။ 

နိုင်ငံရေးအရ အမြင်မတူလို့ လက်နက်ကိုင် စစ်ပြိုင်နေတဲ့ အုပ်စုတစ်ခုကို လက်နက်ချင်း ယှဉ်တိုက်ပြီး နယ်မြေ ထိန်းချုပ်မှု ကြိုးစားရတာ၊ စစ်တိုက် ရတာ၊ အသက်ပေးရတာ တွေဟာ အပြစ်မဟုတ်သလို၊ အဲ့ဒီ လက်နက်ကိုင် တွေဆီက ပစ္စည်း ဥစ္စာများကို စစ်သုံ့အဖြစ် သိမ်းဆည်းရတာလည်း အပြစ်တစ်ရပ် မဟုတ်ပါ။ ဒါပေမယ့် အပြစ် မယ့် ကချင်ပြည်သူ များနဲ့ အထူးသဖြင့် လက်နက် ကိုင်တော်လှန်နေခြင်း မရှိဘဲ တစ်ဘက်သတ် လက်နက်မဲ့ အနိုင်ကျင့် ခံနေရတဲ့ ရိုဟင်ဂျာများဆီက ကျွဲ၊ နွား၊ ဆိတ်၊ ကြက် ပါမကျန်ရှိ သမျှဥစ္စာ ပစ္စည်းများကို သိမ်းပိုက် ခြင်း၊ ဆက်ကြေးတောင်းခြင်း၊  ပေါ်တာဆွဲခြင်း များ ပြုလုပ် နေခြင်း ဟာ စစ်ဥပဒေ အရ ကိုယ်က အပြစ်ရှိနေပါ တယ်။ ဥပဒေ ဖေါက်ဖျက်ခြင်းကို ဥပဒေ ဖေါက်ဖျက်ခြင်းလို့ မမြင်ဘဲ-ဥပဒေ ဖေါက် ဖျက်သူများကိုအရေးမ ယူဘဲရမ်းချင်သလို ရမ်းနိုင် အောင် လွှတ်ပေး ထားခြင်း သည်လည်း ရာဇ၀တ်မှုထဲမှာ ပါဝင်နေပါတယ်။ 

ကချင်ပြည်သူများသည် ရန်သူများ ဟုတ်မဟုတ်၊ ရိုဟင်ဂျာများသည် တိုင်းရင်းသား ဟုတ်မ ဟုတ်- အောက်ခြေ စစ်သားများ မသိပါ။ သိရန်လည်း မလိုအပ်ပါ။ အောက်ခြေစစ်သားများဟာ သမိုင်း သုတေသီ ပညာရှင်များ လည်း မဟုတ်ပါ။ သူတို့ဟာ သူတို့အပေါ်က အမိန့်ပေးတဲ့ အတိုင်းပဲ လုပ်နေကြ ရတဲ့ သူများ ဖြစ်နေပါတယ်။ သူတို့ကို အမိန့်ပေးတဲ့ အထက်အရာရှိက စစ်ဥပဒေ အတိုင်း စစ်စည်းကမ်းနဲ့ အညီ အမိန့်ပေးရင်လည်း သူတို့ နာခံရမယ်၊ သူတို့ဆီက ဓားပြတိုက်သလို ဥစ္စပစ္စည်းများကို သိမ်းပိုက်၊ ဆက်ကြေးတောင်းခိုင်းရင်လည်း သူတို့ နာခံရမှာသာ ဖြစ်ပါတယ်။ 

နိုင်ငံတော် နာမည်ခံထားတဲ့ စစ်တပ်တစ်ရပ် ဖြစ်နေပြီး- စစ်ဥပဒေများကို ချိုးဖေါက် လုယက်နေရတဲ့ အဖြစ်ကို ပုံသွင်းနေတဲ့ သူများမှာသာ တာဝန်ရှိပါတယ်။ ဒါတွေဟာ အပေါ်ပိုင်းက ဓားပြစိတ် ၀င်နေလို့ သာ ဖြစ်ရတယ် လို့ ဆိုနိုင်ပါတယ်။ ကချင် ပြည်သူများသည် သူပုန်နဲ့ ပတ်သက်သလား၊ မပတ် သက်သ လား နောက်မှ ရှင်း၊ အခု လောလောဆယ် သူတို့ ဥစ္စာပစ္စည်းများကို အရင်သိမ်း၊ ရသလောက် ယူလိုက် ဆိုတဲ့ စိတ်ဓါတ်မျိုး၊ ရိုဟင်ဂျာ များသည် တိုင်းရင်းသား ဟုတ် မဟုတ် နောက် မှရှင်း လောလော ဆယ် သူတို့ဆီက ဥစ္စာပစ္စည်းများကို ရသ လောက်ယူ လိုက်-၊ နောက် ဆုံး ပြသနာတွေ ရှင်းပြီးသွားတဲ့ အခါ-၊ စစ်ကာလ မှားခဲ့တာတွေ အတွက် ဆော်ရီးပဲ ဆိုတဲ့ စကားတစ် လုံးနဲ့ ချေပ လိုက်မယ်-၊ ဆိုတဲ့ အပြုအမူကိုလည်း ထင်ထင်ရှားရှား တွေ့နေရပါတယ်။ 

ခေါင်းကြီးပိုင်း ကိုယ်တိုင် ဒီလို ဓားပြ စိတ် တွေ ရှိနေရင်- ပြည်ထောင်စု တစ်ခုကို ဘယ်လို ထူထောင်မလဲ၊ အနာဂါတ် မြန်မာပြည်ရဲ့ ကံကြမ္မာကို ဘယ်လို သမိုင်းရေးနိုင်မလဲ-၊ ဆိုတဲ့ အချက်က မတွေးဝံ့စရာပါ။ ကမ္ဘာ ပေါ်မှာ ဂုဏ်သိက္ခာ ရှိတဲ့ ပြည်ထောင်စု တစ်ခု ဖြစ်လာဘို့ကို ထားတော့- ကိုယ့်သိက္ခာကိုတောင် ကိုယ်ဘယ်လို အဖတ်ဆယ်ရမလဲ- မသိလောက်အောင် တုံးအ အမိုက်မှောင် စီးနေတဲ့ လူတစ်စုက တိုင်းပြည်ကို ဦးဆောင် နေပါကလားလို့ စိတ်မ သက်မသာ ဖြစ်ရပါတော့တယ်။ ရှောင်ထွက်မရနိုင်တဲ့ အမှုတွေ ကတော့ တန်း စီနေပါပြီ။ 


ဌေးလွင်ဦး 
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ 
မြန်မာမွတ်ဆလင် တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှု အဖွဲ့ 
အမေရိကန် ပြည်ထောင်စု
မြင့်ဦးမောင် 
24/7 News Journal 
3.2.2013 

ထိုင်းနိုင်ငံ တောင်ပိုင်းသို့ လှေအပြည့် တင်ဆောင်ရောက်ရှိ လာသော ရိုဟင်ဂျာ များကြောင့် ထိုင်းအစိုးရ သည် အကျပ်ရိုက် ခဲ့ရသည်။ 

မြန်မာနိုင်ငံ မှရောက်လာသော မွတ်စလင်များအား နိုင်ငံမဲ့ သူများအဖြစ် ထိုင်းအစိုးရက မမြင်ချင်သလို ၎င်းတို့ကိုလည်း ထိုင်းနိုင်ငံတွင်  ရေရှည်မနေ ထိုင်စေလိုပေ။ 

မှောင်ခို ကူးခံရ ဖွယ်ရှိသော ရိုဟင်ဂျာ ဒုက္ခသည်များအား ရှာဖွေ စီးနင်းဖော် ထုတ်ခဲ့ပြီး ယခုအခါ ရိုဟင်ဂျာ ၁၀၀၀ ကျော်ကို ထိုင်းအစိုးရက နေရာထိုင်ခင်းပေးပြီး ကျွေးမွေးပေး ထားရသည်။ 

လွန်ခဲ့သည့် သုံးလအတွင်း ရောက်လာသူ ၄၀၀၀ ကျော်ရှိမည်ဟု စစ်တပ် အရာရှိများက ခန့်မှန်းပြော ဆို ကြောင်း ဗန်ကောက်ပို့စ်က ကိုးကားဖော်ပြခဲ့ပြီး ယခုကဲ့သို့ အရေ အတွက်များများ စားစား ရောက် ရှိလာ ခြင်းကြောင့် လူမှောင်ခို ကူးမှုနှင့် စပ်လျဉ်းသည့် မေးခွန်းများ ထွက်ပေါ်လာခဲ့သည်။ 

မကြာသေးမီ၌ လူမှောင်ခို ကူးမှုတွင် ပါဝင်ပတ်သက် ခဲ့သော ထိုင်း စစ်တပ်မှ အဆင့်မြင့် အရာ ရှိနှစ်ဦး အား စုံစမ်း စစ်ဆေးနေကြောင်း သတင်းများ ကဖော်ပြခဲ့သည်။ ၂၀၀၉ ခုနှစ်အတွင်း ရိုဟင်ဂျာများ ကို သယ် ဆောင်လာ သည့် လှေများအား ပင်လယ်ပြင်ထဲ သို့ပြန်မောင်း ထုတ်ခဲ့သည့် အတွက် အကြီးအကျယ် ထိုင်း အာဏာပိုင်များ အပြစ်တင်ဝေ ဖန်ခံခဲ့ရပြီး ယခု ခိုလှုံစရာများ အစားအစာ များနှင့်ဆေးဝါး များပေး မည်ဟု ကတိပြု ထားသည်။ 

သို့သော်လည်း ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနပြောရေး ဆိုခွင့်ရှိသူက ထိုင်း ဥပဒေ အရ ရိုဟင်ဂျာများအား ဒုက္ခသည် အဖြစ် မစဉ်းစားဘဲ တရားမ၀င်ရွှေ့ပြောင်း ၀င်ရောက်သူများ အဖြစ်သာ စဉ်းစားသည်ဟုပြော ဆိုသည်။ ထိုင်းနိုင်ငံက ရိုဟင်ဂျာ များအား ဒုက္ခသည် စခန်းများ ထူထောင်ပေးရန် မရည်ရွယ်ဟု ဆိုသည်။ 

ထိုင်းနိုင်ငံသည် ရိုဟင်ဂျာများ အတွက်နောက်ဆုံးနေရာ မဟုတ်ကြောင်း ၎င်းတို့သည် ပိုမိုကောင်းမွန်မည့် တ တိယနိုင်ငံသို့ သွားရန် ကြိုးစား နေကြောင်း သိရသည်။ 

မွတ်စလင် ရိုဟင်ဂျာ များသည် မြန်မာနိုင်ငံ အနောက်ပိုင်းမှ လူနည်းစု များဖြစ်ကြပြီး မြန်မာ အစိုးရက ၎င်း တို့အား ဘင်္ဂလားဒေ့ရှ်မှ တရားမ၀င်ရွှေ့ပြောင်း ၀င်ရောက်လာ သူများဖြစ်သည်ဟု သတ်မှတ်ထားသည်။ 

ရိုဟင်ဂျာ ဒုက္ခ သည်ထောင်ပေါင်း များစွာအား လက်ခံထား သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း ၎င်းတို့ အား ဘင်္ဂါလီများ အဖြစ်မစဉ်းစား ဟုဆိုသည်။ နှစ်များစွာကြာမျှ နိုင်ငံသတ်သတ် မှတ်မှတ်မရှိဘဲမှေးမှိန် ခဲ့ရသော ရိုဟင်ဂျာ များသည် တတိယနိုင်ငံ မလေးရှား (သို့မဟုတ်) ထိုင်းသို့ အန်မဒန်ပင်လယ် ကိုဖြတ် ပြီးပင်လယ် ခရီးထွက်ခဲ့ကြသည်။ 

ယခု သီတင်းပတ် အစောပိုင်း၌ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (ယူအင်န်အိတ်ခ်ျစီ အာရ်) ကဆွန်ခလာ၌ ထိန်းသိမ်း ထားသော ရိုဟင်ဂျာ ၈၅၀ အားလက်ခံခဲ့သည်။ 

အလုံးအရင်းဖြင့်  ရောက်လာသောရိုဟင်ဂျာပြဿနာသည်ထိုင်းနိုင်ငံတစ်ခုတည်းအတွက်ဝန်မပိသင့်ဘဲ နိုင်ငံ တကာက ၀ိုင်းဝန်းဖြေရှင်း သင့်သည်။ ထိုင်းနိုင်ငံက အလေးအနက်ပြောဆိုခဲ့သည်။ 

ယူအင်န်အိတ်ခ်ျစီအာရ်ပြောခွင့်ရှိသူမစ်(စ်)တန်ကလည်းရိုဟင်ဂျာပြဿနာ၏အရင်းအမြစ်ကိုအလေးအနက် ထားပြီး မြန်မာနိုင်ငံ ကဖြေရှင်း ရန် လိုအပ် သည်ဟုပြောဆိုသည်။ 

၂၀၁၃ ခုနှစ်ဖေဖော်ဝါရီလ (၃) ရက်နေ့ထုတ် 24/7 News Journal မှကူးယူဖော်ပြသည်။



တာရိုင် 
RB News 
2.1.2013 

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေတက္ကသိုလ်၌ ၂၀၁၂-၂၀၁၃ ခု၊ ပညာသင်နှစ်တွင် ပညာသင်ကြား လျက်ရှိသော မွတ်စလင်  ကျောင်းသား များအား ဒုတိယနှစ် ၀က်စာမေးပွဲကို စာသင်ကြားခြင်း မရှိဘဲ စစ် ဆေးခဲ့ သဖြင့် ကျောင်းသား အများ ပညာသင်နှစ် တစ်နှစ် နစ်နာ သွားသည်။ 

၂၀၁၂-၂၀၁၃ ခုပညာ သင်နှစ်တွင် ရခိုင်ပြည်နယ် စစ်တွေ တက္ကသိုလ်၌ ပညာသင်ကြား လျက်ရှိသော မွတ်စလင်ကျောင်းသား အရေအတွက်မှာ ၇၀၀ ကျော်ရှိသည်။ ၎င်းတို့သည် ၂၀၁၂ ခုမတ်လတွင် ပထမ နှစ်ဝက် စာမေးပွဲကို ဖြေဆိုပြီး မိမိတို့၏ စာအုပ်စာတမ်းများ၊ မှတ်စုများကို မိမိတို့ တည်းခိုရာ အဆောင်များ တွင်ထားရစ်ခဲ့ပြီး ကျောင်းပိတ်ရက်များတွင် မိမိတို့နေရပ်များ သို့ပြန်ခဲ့ကြသည်။ ထိုသို့ အိမ်ပြန်ပြီး များမ ကြာမီတွင် မွတ်စလင်များ အပေါ်ရခိုင် လူမျိုးများ၏ အကြမ်းဖက်မှု ကြီးပေါ်ပေါက် လာခဲ့ သည်။ ထို အကြမ်း ဖက်မှုကြီးတွင် ရခိုင် အကြမ်းဖက်သမားများက မွတ်စလင်များကို အစု လိုက်အပြုံလိုက် သတ်ဖြတ် ခဲ့ရုံမျှမက မွတ်စလင်များ၏ ရွာများကိုပင် မီးရှို့ ပစ်ခဲ့သဖြင့် မွတ်စ လင်များ ကျောင်းသား/ သူများ၏ စာအုပ်စာ တမ်းများ၊ မှတ်စုများသည် မီးလောင် ပျက်စီး သွားခဲ့ရသည်။ အရေး အခင်းဖြစ်ပြီး များမကြာမီတွင် ရခိုင် လူမျိုးကျောင်းသူကျောင်းသား များကိုခေါ်ယူ၍ စစ်တွေတက္ကသိုလ်၌ ပညာ သင်ကြားပေး ခဲ့သော်လည်း မွတ်စလင်များ ကျောင်းသား /သူများအား ကျောင်းတက်ခွင့်မပေး သည့် အပြင် အခြား တနည်းနည်းဖြင့် သင်ကြားပေး ခဲ့ခြင်းလည်း မရှိခဲ့ကြောင်းသိရပါသည်။ 

၂၀၁၂ ခု ဒီဇင်ဘာလ ဆန်းတွင် သက်ဆိုင်ရာမြို့နယ်များ၌ မွတ်စလင်ကျောင်းသား/သူများအား စာမေး ပွဲစစ်မည်ဟု တစ်ရက်နှစ်ရက် သာကြိုတင် အသိပေးပြီး စာမေးပွဲကိုေ ဖြေဆိုစေခဲ့သည်။ ကျောင်းသားများ သည်ကျောင်းတက် ရခြင်း လည်းမရှိ၊ စာသင်ကြားရခြင်း လည်းမရှိ၊ စာအုပ်စာတမ်းများ၊ မှတ်စုများလည်း လက်ဝယ် မရှိ၊ မည်သည့် စာမေးမည်ကို လည်းကျောင်းမှ အကြောင်းမကြား၊ ကြိုတင်ပြင်ဆင်ချိန်လည်း မပေးသဖြင့် စာမေးပွဲကို ဘုမသိဘ မသိဖြေခဲ့ရသည်။ အောင်စာရင်း ထုတ်သောအခါ မွတ်စလင်ကျောင်း သား ၇၀% ကျော်ကို စာမေးပွဲ ချပစ်ခဲ့ကြောင်း သိရှိရသည်။ 

တက္ကသိုလ် အာဏာပိုင်များက ဤသို့မမှန်မကန်ပြုလုပ်ပြီး မွတ်စလင်ကျောင်းသား/သူများ စာမေးပွဲ မကျကျအောင် တမင်ကြံစည်ခြင်းဖြစ်ကြောင်း၊ ကျောင်းသားများက ယုံကြည်ကြပြီး စာသင်နှစ်တစ်နှစ် နစ်နာသွား မည့်အခြေ အနေတွင်ရှိ သဖြင့်စိတ်မချမ်း မသာဖြစ်နေကြသည်။ ယနေ့ထိအဆိုပါကျောင်း သားဟောင်းများနှင့် ၂၀၁၂ ခုနှစ်တွင်တက္ကသိုလ်ဝင် စာမေးပွဲကို  အောင်မြင်ထားသော မွတ်စလင် ကျောင်း သား များ တက္ကသိုလ်တက်ခွင့်မရသေးဘဲရှိနေကြသည်။ 

ရခိုင်ပြည်နယ်မှ မွတ်စလင်  ကျောင်းသား/သူများသည် တက္ကသိုလ်ဝင်စာမေးပွဲ ကိုအောင်မြင်ပြီး၊ အ သက် မွေး ၀မ်း  ကျောင်း တက္ကသိုလ်များသို့ လုံး၀၀င်ခွင့် မရဘဲ စစ်တွေတက္ကသိုလ်တွင်သာမာန်ဝိဇ္ဇာ၊ သိပ္ပံဘာ သာရပ်များကို သင်ကြားရသည်။ ယခုအခါဇွန်လမှစတင်၍ အတောမသတ်နိုင်ဘဲရှိသော ရခိုင် အကြမ်း ဖက်များ၏ အကြမ်းဖက်မှုများ၊ ဗုဒ္ဓဘာသာဝင် ရခိုင် လူမျိုးချည်းဖြစ်နေသော ရခိုင်ပြည် နယ်အစိုးရနှင့် စစ်တွေ တက္ကသိုလ် အာဏာပိုင်များ၏ လူမျိုးဘာသာခွဲခြားမှု များတို့ကြောင့်၊ မွတ်စ လင်ကျောင်း သား/သူ များ၏တက္ကသိုလ် ပညာရေးမှာ လွန်စွာ ထိခိုက်နစ်နာလျက်ရှိသည်။
(ဓါတ်ပုံ - Reuters)
လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့
1.2.2013 

အစိုးရ၏အပြောင်းအလဲလုပ်ဆောင်ချက်များ ကတိတွေအတိုင်းဖြစ်မလာ 

ဘန်ကောက် ။ ။ လူ့အခွင့်အရေးကို  လေးစားတန်ဖိုး ထားသည့် ပြုပြင်ပြောင်းလဲမှု များဖြစ်စေရန် အစိုးရ က မှတ်သားလောက်စရာ ဆောင်ရွက်ချက် တချို့လုပ်ဆောင် ခဲ့သော်လည်း ၂၀၁၂ ခုနှစ်တွင်မြန်မာနိုင်ငံ ၏ လူ့အခွင့် အရေးအခြေအနေမှာ ဆိုးရွားနေဆဲဖြစ် သည်ဟု လူ့အခွင့်အရေး  စောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) ကယနေ့ပြောကြားလိုက်သည်။ 

စာမျက်နှာ ၆၆၅ ရှိတဲ့ ၎င်း၏ ၂၀၁၃ ခုနှစ် ကမ္ဘာ့အစီရင်ခံစာတွင် အာရပ်နွေဦးနောက် ဆက်တွဲအခြေ အ နေအပါ အ၀င် နိုင်ငံပေါင်း ၉၀ ကျော်၏ ယမန်နှစ်က လူ့အခွင့်အရေး ဆိုင်ရာတိုးတက်မှုများကို စီစစ်သုံး သပ် တင်ပြ ထားသည်။ 

အပြည့်အစုံကို Scribd မှ PDF ဒေါင်း၍ဆက်ဖတ်ပါ။
(ဓါတ်ပုံ - YATEEM TV)
ဗွီအိုအေမြန်မာပိုင်း
31.01.2013 

မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေက ထွက်ပြေးလာသူတွေလို့ဆိုတဲ့ မူဆလင် ရိုဟင်ဂျာတွေ ထိုင်းနိုင်ငံကို လှေတွေနဲ့ တသုတ်ပြီးတသုတ် ရောက်လာနေတဲ့အတွက် သက်ဆိုင်ရာ တိုင်းပြည်တွေက ၀ိုင်းဝန်းဖြေရှင်းကြဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က တိုက်တွန်းလိုက်ပါတယ်။ ရာဂဏန်းနဲ့ချီ ရှိနေပြီဖြစ်တဲ့ ရိုဟင်ဂျာတွေအတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့လည်း UNHCR က ပြောဆိုခဲ့တာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦး ကပြောပြပေးမှာ ဖြစ်ပါတယ်။

မဟာမင်းခန့်
RB News

ရိုဟင်ဂျာ လူမျိုးတို့သည် မြန်မာနိုင်ငံ လွတ်လပ်ရပြီး  နောက်ပိုင်း ဒီမိုကရေစီ အစိုးခေတ်တွင် အမျိုးသား အခွင့် အရေးများကို အထိုက်အလျောက် ရရှိခံစား ခဲ့ရသည်။ 

(၁) ရိုဟင်ဂျာ အမျိုးသားများအား ၁၉၅၁ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံ တိုင်းရင်းသား (မြန်မာနိုင်ငံသား) အဖြစ် အမျိုးသားမှတ်ပုံ တင်ကဒ်ပြားများထုတ်ပေးခဲ့သည်။ 

(၂) ၁၉၅၄ ခုနှစ်၊ စက်တင်ဘာလ၊ (၂၅) ရက်နေ့ ည (၈း၀၀)နာရီအချိန် နိုင်ငံတော်ဝန်ကြီး ချုပ်ဦးနု၏ အသံလွှင့် မိန့်ခွန်းတွင် `မောင်းတောနှင့် ဘူးသီးတောင်မြို့နယ် များတွင် လူများစု အဖြစ်နေ ထိုင်လျှက် ရှိသော ပြည်ထောင်စုသားများသည် များသော အားဖြင့် ရိုဟင်ဂျာ အမျိုးသား များဖြစ်ကြသည်´ ဟု ရိုဟင်ဂျာဟူုသောနာမည်အားတရားဝင် မြန်မာသိ၊ကမ္ဘာသိအသိအမှတ်ပြုကာထုတ်ဖော်ပြောကြားခဲ့သည်။ 

(၃) နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ၀န်ကြီးဖြစ်ခဲ့သူ ဦးဘဆွေ၏ ၁၉၅၉ ခုနှစ်၊ နိုဝင်္ဘာလ (၃၊ ၄)ရက်နေ့များတွင် ဘူးသီးတောင်နှင့် မောင်းတော လူထု အစည်းအဝေးများ၌ ဟောပြောခဲ့သော မိန့်ခွန်း မှာ ``ရိုဟင်ဂျာများသည် ကချင်၊ ကရင်၊ ကယား၊ ရှမ်း၊ မွန်၊ ချင်း၊ ရခိုင်များကဲ့သို့ တိုင်းရင်းသား လူမျိုးစု တစ်စု ဖြစ်သည်´´ ဟူ၍ ဖြစ်သည်။ 

(၄) နိုင်ငံတော် ၀န်ကြီးချုပ် လက်အောက် နယ်ခြားဒေသ အုပ်ချုပ်ရေးရုံး ကြေငြာချက် ရက်စွဲ (၂၀-၁၁-၆၁) ရက်နေ့တွင် မေယုဒေသ အတွင်းနေထိုင်ကြသူ များသည် တိုင်းရင်းသား ရိုဟင်ဂျာ လူမျိုးများဖြစ်ကြောင်း ပါရှိသည်။


(၅) ၁၉၆၁ ခုနှစ် မေလ (၁၅) ရက်နေ့မှစ၍ ၁၉၆၅ ခုနှစ် မတ်လအထိ မြန်မာ့အသံ တိုင်းရင်းသား လူမျိုး များ ဘာသာ စကား အစီအစဉ်တွင် (၁၀)မိနစ်ကျစီ တစ်ပတ်လျှင် (၃)ကြိမ်၊ ညနေ ၅း၃၀နာရီတွင်ရိုဟင်ဂျာ ဘာသာ စကားဖြင့် အသံလွှင့်ခွင့်ပေးခဲ့သည်။ 

(၆)စာပေဗိမာန်ထုတ်၊ မြန်မာ့ စွယ်စုံကျမ်း၊အတွဲ(၉)၊ စာမျက်နှာ(၈၉၉၀)တွင် ရခိုင်တိုင်း မြောက် ပိုင်း မေယု ခရိုင် တွင် လူဦးရေ (၅၀၀၀၀၀)ငါးသိန်းခန့် ရှိပြီး၊ (၇၅%)သည် ရိုဟင်ဂျာ လူမျိုး များဖြစ်ကြ သည်ဟူ၍ အကျယ်တစ် ၀န်း  ရေးသား  ဖေါ်ပြထားသည်။ 

(၇) ကာကွယ်ရေးဋ္ဌါနမှ ထုတ်ဝေသော တပ်မတော်ခေတ်ရေး စာစောင် အတွဲ(၁၂)၊ အမှတ်(၆)၊ (၁၈-၇-၆၁) နှင့် (၈-၈-၆၁) နေ့ထုတ် အတွဲ (၁၂)၊ အမှတ် (၉)တို့တွင် `မေယုခရိုင်၊ မောင်းတော၊ ဘူးသီးတောင်၊ ရသေ့တောင် အနောက်မြောက်မြို့နယ်များတွင် အများစုအားဖြင့် ရိုဟင်ဂျာများနေ ထိုင်ကြပြီး၊ လူနည်း စုအားဖြင့် ရခိုင်၊ ဒိုင်းနက်၊ မြူခမီ စသော လူနည်းစုများစွာ ပါဝင်နေထိုင်ကြသည့် ခရိုင်ဒေသ တစ်ခု ဖြစ်ပါသည်´ ဟူ၍ ဖေါ်ပြပါရှိသည်။


(၈) ယခင်ဒု-ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဗိုလ်မှူးချုပ်အောင်ကြီး၏ (၈-၇-၆၁) ခုနှစ် မူဂျာဟစ်များ အလင်း ၀င်သော အခမ်းအနားတွင် ပြောကြားသော မိန့်ခွန်း၌ ``ကျွန်ုပ်တို့ ဒီခရိုင်မှာ နေထိုင် တဲ့လူတွေကို ရိုဟင်ဂျာလို့ခေါ်ပါတယ်။ မေယုခရိုင်၏ အနောက်ဘက်တွင် ပါကစ္စတန် (ယခုဘင်္ဂ လားဒေရှ့်) ရှိပြီး မွတ်ဆလင် များနေကြပါတယ်။ အနောက်ဘက် မှာနေသူများကို ပါကစ္စတန် ဟုခေါ်ပြီး၊ အရှေ့ဘက်မြန် မာပြည် မှာ ရှိသူများကို ရိုဟင်ဂျာလို့ခေါ်တယ်။ မြန်မာ၊ ပါကစ္စတန် နယ်စပ် တစ်ခု တည်းမှာသာ လူမျိုး တစ်မျိုး တိုင်းပြည်ခြား၍ နေကြသည်မဟုတ်၊ တရုတ်နှင့် ဆက်စပ်နေသော နယ်စပ် တွင်လည်း ဤသို့ လူမျိုး ချင်း ဆက်စပ်နေကြ သည်။ ဥပမာ- ကချင်မှာ လီဆူး၊ အီကော၊ လ၀ စသည့် လူမျိုးများရိုသလို တရုတ်ပြည် တွင်လည်း ၄င်းလူမျိုးများရှိသည်။ ထိုနည်းတူ မြန်မာပြည်တွင်းရှိ ရှမ်းလူမျိုး များရှိသလို တရုတ်ပြည် တွင်လည်း `တိုင်´ဆိုသော ရှမ်းလူမျိုးများရှိကြပါသည်။ မြန်မာပြည်တွင် မွန်၊ ကရင်၊ မလေးရှိ သလို ယိုးဒယားဘက်တွင်လည်း ထိုလူမျိုးများရှိကြပါသည်။ အိန္ဒိယ-မြန်မာ နယ်စပ် တွင် လည်း ချင်း၊ လီရှော၊ နာဂလူမျိုးများ မြန်မာနိုင်ငံထဲမှာ ရှိသကဲ့သို့ အိန္ဒိယနိုင်ငံမှလည်း ရှိကြသည်။ အဲဒီတော့ ဒီနေ့ အချိန်က စပြီးတော့ ကျွန်တော်ပွင့်ပွင့်လင်းလင်း ပြောချင် တယ်။ မေယု ခရိုင် ကို  ပြည်ထောင် စုထဲမှာ ရှိတဲ့ လူနည်းစု တစ်စုလိုပဲ သဘောထားမယ်။ အဲဒီတော့ အရင်တုန်းက ကျွန်တော် တို့မှားခဲ့တာ တွေ တွေ့ရင် ခင်ဗျားတို့ အားလုံးမေ့ ကြ၊ ဒီအချိန်ကစပြီး ခင်ဗျား တို့ မေယု ခရိုင်က လူတွေဟာ တို့ဗမာပြည်ထောင် စုသား၊ တို့ ဗမာပြည် ထောင်စုထဲက လူမျိုးစု တစ်စုလို့ သဘော ထားကြပါ။….´´ စသည်ဖြင့် အကျယ် တ၀င့် ရှင်းလင်းပြောကြားခဲ့သည်။
(၉) ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော် ပညာရေးဝန်ကြီးဋ္ဌါနမှ (၁၉၇၈) ခုနှစ် ထုတ် မြန် မာနိုင်ငံအထက်တန်း ပထ၀ီဝင်ဖတ်စာအုပ် စာမျက်နှာ (၈၆)တွင် တိုင်းရင်း သား လူမျိုး များ ပြန့်နှံ့နေ ထိုင်ကြပုံကို ပြရာတွင် ရခိုင်ပြည်မြောက်ပိုင်းဒေသကို `ရိုဟင်ဂျာ´များနေထိုင် ရာဒေသ အဖြစ် ပြသထား သည်။ 

(၁၀) ရန်ကုန်တက္ကသိုလ်တွင် တိုင်းရင်းသား လူမျိုးစုများလူမျိုးအလိုက် အသင်းအဖွဲ့များ မှတ်ပုံတင်ခွင့် ရှိခဲ့ရာ ၁၉၅၉-၆၀ စာသင်နှစ်အတွက် စာအမှတ် ၁၁၃/၅၉၊ နေ့စွဲ- ဒီဇင်္ဘာလ (၃) ရက်၊ ၁၉၅၉ ခုနှစ်ဖြင့်လည်းကောင်း၊ ၁၉၆၀-၆၁ ခုနှစ်အတွက် စာအမှတ် RG-7/60, နေ့စွဲ- ၁၉၆၀ခုနှစ်၊ စက်တင်္ဘာ (၁၇) ရက်နေ့စွဲဖြင့် လည်းကောင်း မှတ်ပုံတင်၍ ရိုဟင်ဂျာကျောင်းသားသမဂ္ဂအသင်းကို ဖွဲ့စည်းခွင့် ရရှိခဲ့သည်။ 

(၁၁) ၁၉၆၀ ပြည့်နှစ်တွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ရိုဟင်ဂျာရိုးရာယဉ်ကျေးမှုပြပွဲကို သိမ်ဖြူ အား ကစားပြိုင်ဝင်း အတွင်း ကျင်းပပေးခဲ့ရာ ရိုဟင်ဂျာယဉ်ကျေးမှုပြပွဲတစ်ခုဖြစ်သော `ကျင်´ပွဲ ကို ပြ သခွင့် ရရှိခဲ့သည်။ 

ဦးနေ၀င်း အစိုးရ လက်ထက်မှ စ၍ ရခိုင်အစွန်းရောက်များနှင့် အစိုးရမှအာဏာရှိသူများက ရိုဟင်ဂျာ များအား ရည်ရွယ်ချက်ရှိရှိဖြင့် နည်းမျိုးစုံသုံးကာ ခိုးဝင်လာသူများဖြစ်အောင်စီမံကိန်းချမှတ် အကောင် အထည်ဖော် လာခဲ့ရာ `န၀တ´ နှင့် `နအဖ´ စစ်အစိုးရ၏ လက် ထက်တွင် နှစ်ပေါင်း၂၀ ကျော် သံလက် သီးအောက် တွင် နည်းပေါင်းစုံဖြင့် အရှိန်အဟုန်ပြင်းစွာ နှိပ်စက်ကလူပြု လူ့အခွင့်အရေး မြောက်မြားစွာ ချိုးဖောက်နှိပ် စက်ကြသဖြင့် ရိုဟင်ဂျာ လူမျိုးများသည် အလွန်ဒုက္ခ ရောက်နေကြသည်ကို ကမ္ဘာက ပါ တွေ့နေရသည်။ သို့သော် ရိုဟင်ဂျာ များသည် မနေ့ တစ်နေ့ကမှ ဘင်္ဂလားဒေရှ့်နိုင်ငံမှ ခိုးဝင်လာသော ဘင်္ဂလီများ မဟုတ် ကြောင်းကို သမိုင်းက သက် သေထူနေပေသည်။ 

ရိုဟင်ဂျာ ဘာသာစကားသည် `အာရေဗျစကား၊ ပါရှန်းစကား၊ အု(ရ်)ဒူစကား၊ ဘင်္ဂလီစကားနှင့် ရခိုင် ဘာသာစကား´တို့ အားပေါင်းစပ်ဖြစ်ပေါ် လာသော စကားရပ် တစ်ခုပင်ဖြစ်သည်။ ဤသို့ ရောနှောပေါင်း စပ်ပေါ် ထွန်းလာသော စကားဖြစ်ရခြင်းမှာ ရိုဟင်ဂျာ တို့သည် နယ်စပ်ဒေသမှ တိုင်းရင်းသား များ ဖြစ်သော ကြောင့် ပင်ဖြစ် သည်။ နယ်စပ်ဒေသနေ ရိုဟင်ဂျာကဲ့သို့ အခြား နယ်စပ်ဒေသများမှ တိုင်း ရင်း သား များစွာတို့သည်လည်း ထိုနည်း အတိုင်းပင် တစ်ဘက်နိုင်ငံမှ ကူးလူးပေါ်ထွန်း လာသော အရော အနှောဘာသာ စကားများကို ယနေ့မြန်မာ တိုင်းရင်းသား များနေထိုင်ရာ(နယ်စပ်)တို့တွင် အထင် အ ရှားတွေ့မြင်နိုင်သည်။ ရိုဟင်ဂျာ ဘာသာစကားသည် အခြားမြန်မာ တိုင်းရင်းသား ဘာသာစကားများနှင့် လုံးဝခြားနားနေသည်မှာ အကြောင်းရှိသည်။ ရိုဟင်ဂျာတို့သည် ၄င်းတို့၏ဘိုးဘွားဘီဘင်များသည် အစ္စလာမ် ဘာသာဝင် များဖြစ်သည့် အားလျော်စွာ နေ့စဉ်ဘ၀ဖြစ်စဉ်များတွင် ဘာသာတရား၏ အဆုံး အမအောက်တွင် တည်ရှိနေသည်က တစ်ကြောင်း၊ လူပုဂ္ဂိုလ်တစ်ဦးချင်းအလိုက် လူမှု ဘ၀ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များတွင် အစ္စလာ့မ် ထုံးထမ်းစဉ်လာအရ ကျင့်သုံးနေရသည်က တစ်ကြောင်းတို့ကြောင့် ရိုဟင်ဂျာတို့၏ စာပေ ယဉ်ကျေးမှုနှင့် အနုပညာ အရပ်ရပ်တွင် `အရဗီ´စာပေ၏ အခန်းကဏ္ဍသည် အလွန် သက်ဝင် လျှက်ရှိသည်။ လွန်လေပြီးသော ရာစုနှစ် များစွာကတည်းကပင် ရိုဟင်ဂျာ ကဗျာဆရာ များနှင့် စာရေး ဆရာတို့သည် အလွန်ထင် ရှားကျော်စောစွာ တည်ရှိခဲ့သော ရိုဟင်ဂျာစာပေ ယဉ်ကျေးမှုများ ကို ပြောင်မြောက်အောင် ရေးသား ထွန်းကားနိုင်ခဲ့သည်။ `အရဗီ´ အက္ခရာဖြင့် ရေး သားသော ရိုဟင်ဂျာ တို့၏ စာပေ အရေး အသားသည် ``အရဗီ၊ ပါရှန်း၊ အူရ်ဒူ´´ ဘာသာ စာပေတို့နှင့် စကား လုံးအသုံး အနှုန်းရွေး ချယ်မှုအရာတွင် အထိုက် အလျောက် သက်ရောက်မှုရှိသဖြင့် ``အရဗီ၊ ပါရှန်း၊ အူရ်ဒူ´´ စာပေတစ်ခု ခုကို ဖတ်တတ်သူ မည်သူမဆို `ရိုဟင်ဂျာ´စာပေကို လွယ်လင့်တကူ ဖတ်ရှုနိုင်သည်။

Rohingya Exodus