21.1.2014
လူ့အခွင့် အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့ HRW က ၂၀၁၃ ခုနှစ် အတွင်း ဖြစ်ပျက် ခဲ့တဲ့ လူ့အခွင့် အရေး ဆိုင်ရာ နှစ်ပတ်လည် အစီရင် ခံစာ ထုတ်ပြန်တဲ့ အခမ်း အနား ဒီနေ့ ထိုင်းနိုင်ငံ နိုင်ငံခြား သတင်းစာ ဆရာများ အသင်းမှာ ကျင်းပပြီး မြန်မာ နိုင်ငံ အတွင်း ရိုဟင်ဂျာ တွေနဲ့ မူဆလင် လူနည်းစု အပေါ် ခွဲခြား ဖိနှိပ်မှု တွေကို ထည့်သွင်း ပြောဆို သွားခဲ့ ပါတယ်။
လူ့အခွင့် အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့ HRW က ၂၀၁၃ ခုနှစ် အတွင်း ဖြစ်ပျက် ခဲ့တဲ့ လူ့အခွင့် အရေး ဆိုင်ရာ နှစ်ပတ်လည် အစီရင် ခံစာ ထုတ်ပြန်တဲ့ အခမ်း အနား ဒီနေ့ ထိုင်းနိုင်ငံ နိုင်ငံခြား သတင်းစာ ဆရာများ အသင်းမှာ ကျင်းပပြီး မြန်မာ နိုင်ငံ အတွင်း ရိုဟင်ဂျာ တွေနဲ့ မူဆလင် လူနည်းစု အပေါ် ခွဲခြား ဖိနှိပ်မှု တွေကို ထည့်သွင်း ပြောဆို သွားခဲ့ ပါတယ်။
HRW အဖွဲ့ရဲ့ ထိုင်းနိုင်ငံ ဆိုင်ရာ သုတေသနမှူး Sunai Phasuk က ထိုင်းနိုင်ငံကို လှေနဲ့ ရောက်လာ တဲ့ လှေစီးပြေး ရိုဟင်ဂျာ တွေကို ထိုင်းနိုင်ငံ ဘက်က ပင်လယ်ပြင် ထဲကို အတင်း ပြန်မောင်းထုတ် ခဲ့တဲ့ အကြောင်းနဲ့ တရားမ၀င် ၀င်ရောက် လာသူတွေ အဖြစ် ဖမ်းဆီး ခဲ့တဲ့ အကြောင်း အခမ်း အနားမှာ အဓိက ပြောဆို ပါတယ်။
HRW အဖွဲ့ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ သုတေသနမှူး Dave Mathieson ကတော့ ၂၀၁၃ ခုနှစ် အတွင်း မြန် မာ နိုင်ငံမှာ မျိုးချစ် ၀ါဒီ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တချို့က အစ္စလာမ် ဘာသာကို ဆန့်ကျင်ရေး စိတ် ဓာတ်တွေ ၀င်လာအောင် လှုံ့ဆော် ခဲ့တဲ့ အကြောင်း အရာဟာ အဓိက အကြောင်း အရာ တခု ဖြစ်ခဲ့ တယ်လို့ ဆိုပါတယ်။
ဒီအဖြစ်အပျက်ကြောင့်တိုင်းပြည်တ၀ှမ်းမိတ္ထီလာ၊လာရှိုးနဲ့တခြားနေရာအနှံ့မှာအကြမ်းဖက်မှုတွေ ပေါ်ပေါက် ခဲ့ တယ် ဆိုတာကို အဓိက ပြောဆို သွားပါတယ်။
မြန်မာ နိုင်ငံ အခြေ အနေနဲ့ အတူ ထိုင်း၊ ကမ္ဘောဒီးယား၊ မလေးရှား စတဲ့ နိုင်ငံ တွေက လူ့အခွင့် အရေး အခြေ အနေ တွေကိုလည်း အစီရင် ခံစာမှာ ဖော်ပြထား ပါတယ်။
RB News
21.1.2014
မောင်တော ။ ။ ရခိုင် ပြည်နယ်၊ ပြည်နယ် လ၀ကမှူး (ညွန်ကြား ရေးမှူး) မှ ခရိုင်၊ မြို့နယ် အဆင့် ဌာန ဆိုင်ရာများ၊ ပညာရေး ၀န်ထမ်းများ၊ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ၊ လူမှု အဖွဲ့ အစည်း များမှ ကိုယ်စားလှယ်များ၊ မောင်တော မြို့နယ် တောင်ပိုင်း၊ မြောက်ပိုင်းရှိ ရပ်ကွက်၊ ကျေးရွာ အုပ်စု များမှ အုပ်ချုပ် ရေးမှူး များကို မြို့နယ် အုပ်ချုပ် ရေးမှူးရုံး ခန်းမသို့ ဖိတ်ခေါ်၍ သန်းခေါင် စာရင်းနှင့် ပတ်သက်ပြီး ရှင်းလင်းပွဲ တစ်ရပ် ကျင်းပ ခဲ့ကြောင်း သတင်း ရရှိ ပါသည်။
ရှင်းလင်းပွဲကို မွန်းလွှဲ ၂း၁၅ နာရီမှ ၂း၄၅ နာရီ အထိ ကျင်းပ ခဲ့ပြီး ပြည်နယ် လ၀ကမှူး တစ်ဦးတည်း က သာ သန်းခေါင် စာရင်း ကောက်ခံရေးနဲ့ ပတ်သက်သည့် အကြောင်း အရာ များကို ရှင်းလင်း ပြောကြား ခဲ့သည်။
ရှင်းလင်းပွဲ ပြီးနောက် မြို့နယ် လ၀ကမှူးက ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ် ရေးရုံးမှ စာရေး များကို ခေါ်ယူ၍ ရပ်ကွက်၊ ကျေးရွာ အုပ်စု အတွင်းရှိ သန်းခေါင် စာရင်း ကောက်ယူမည့် ကောက်ကွက် အလိုက် ကောက် ကွက် တစ်ခုလျှင် ရပ်မိရပ်ဖ ၂ ဦး၊ အထောက် အကူပြု ၂ ဦး၊ ဘာသာပြန် တစ်ဦး၊ စုစုပေါင်း ၅ ဦးဖြင့် ဖွဲ့ရန်၊ ၎င်း ၅ ဦးကို အထောက် အကူပြု အဖွဲ့ဟု ဖွဲ့စည်းပြီး၊ မြို့နယ် လ၀ကရုံးသို့ တင်ပြရန် လမ်းညွန် မှာကြား ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ရပ်ကွက်၊ ကျေးရွာ အုပ်စု အတွင်းရှိ အိမ်ခြေနှင့် အထစ များကို အခြေခံ၍ ကောက်ကွက် များကို သတ်မှတ်ခြင်း ဖြစ်ပြီး၊ အိမ်ခြေ (သို့) အထစ (၁) မှ (၁၂၀) အတွင်းကို ကောက်ကွက် (၁) ကွက်ဟု သတ် မှတ်ကြောင်း၊ ကျေးရွာ အုပ်စု တစ်ခု အတွင်း အိမ်ခြေ ၄၀၀ ရှိရင် ကောက်ကွက် (၄) ခု သတ်မှတ်ပြီး၊ အဆိုပါ ကောက်ကွက် (၄) ခုတွင် အထောက် အကူပြု အဖွဲ့ (၄) ဖွဲ့ ဖွဲ့စည်း ရမည် ဖြစ်ကြောင်း ဒေသခံ များက ပြောပါသည်။
ရပ်ကွက်၊ ကျေးရွာ အုပ်စု များတွင် သန်းခေါင် စာရင်း ကောက်ခံရေး ကော်မတီကို ယခုလ (၁) ရက်နေ့က ဖွဲ့စည်း ပြီးစီး ခဲ့ကြောင်း သိရှိ ရပါသည်။ ရပ်ကွက်၊ ကျေးရွာ အုပ်စု သန်းခေါင် စာရင်း ကောက် ခံရေး ကော် မ တီတွင် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ် ရေးမှူးကို ဥက္ကဌ အဖြစ် လည်းကောင်း၊ ကျေးရွာ အထောက် အ ကူပြု ကော်မတီမှ တစ်ဦး၊ ကျန်းမာရေး ၀န်ထမ်း တစ်ဦး၊ ပညာရေး ၀န်ထမ်း တစ်ဦးနှင့် ရပ်မိရပ်ဖ တစ်ဦး တို့ကို အဖွဲ့ဝင်များ အဖြစ် လည်းကောင်း၊ လ၀က ၀န်ထမ်း တစ်ဦးကို အတွင်းရေးမှူးနှင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ် ရေးရုံးမှ စာရေး တစ်ဦးကို တွဲဖက် အတွင်းရေးမှူး အဖြစ် လည်းကောင်း၊ စုစုပေါင်း ၇ ဦးဖြင့် ဖွဲ့စည်း၍ တာဝန် ပေးခဲ့ကြောင်း သိရှိ ရပါသည်။
ရပ်ကွက်၊ ကျေးရွာ အုပ်စု များရှိ ကောက်ကွက် များမှ အထောက် အကူပြု အဖွဲ့ များသည် ရပ် ကွက်၊ ကျေး ရွာ အုပ်စု သန်းခေါင် စာရင်း ကောက်ခံရေး ကော်မတီ၏ ကြီးကြပ် ကွပ်ကဲမှုဖြင့် လုပ်ငန်း များ ကို ဆောင် ရွက် ရမည် ဖြစ်ကြောင်း သတင်း ရရှိ ပါသည်။
RB News
20.1.2014
မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ် ကျီးကန်းပြင် ကျေးရွာ အုပ်စု အခြေစိုက် အမှတ် (၄) ရဲတပ်ရင်းများ ကွပ်ကဲမှု အဖွဲ့ရုံးမှ ရကဖမှူး ရဲမှူးချုပ် တင်ကိုကိုသည် မောင်တော မြို့ပေါ်နှင့် တောင်ပိုင်းရှိ ရပ်ကွက်၊ ကျေးရွာ အုပ်စု ၂၆ ခုမှ အုပ်ချုပ် ရေးမှူးများ၊ ရပ်ကွက် ကျေးရွာ အုပ်စု တစ်ခုမှ ရပ်မိရပ်ဖ ၅ ဦးစီကို မြို့နယ် အုပ်ချုပ် ရေးမှူးရုံး အစည်း အဝေး ခန်းမသို့ ခေါ်ယူ၍ ယနေ့ နံနက် ၁၀ နာရီမှ နေ့လည် ၁ နာရီထိ အစည်း အဝေး ပြုလုပ် ခဲ့ကြောင်း သတင်း ရရှိ ပါသည်။ အစည်း အဝေးသို့ ရဲမှူးချုပ် တင်ကိုကိုနှင့် အတူ ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေမျိုး၊ ခရိုင် အုပ်ချုပ် ရေးမှူး ဦးအောင်မြင့်စိုး၊ မြို့နယ် အုပ် ချုပ် ရေး မှူး ဦးကြည်စန်းနှင့် ခရိုင်၊ မြို့နယ် ရဲတပ်ဖွဲ့မှူးများ တက်ရောက် ခဲ့ကြသည်။
ရဲမှူးချုပ် တင်ကိုကိုက ပျောက်ဆုံး နေသည့် ရဲတပ်ကြပ်ကြီးနှင့် ၎င်းကိုင်ဆောင်သော လက်နက်ကို ယခုထိ ရှာဖွေ မတွေ့ရှိ သေးကြောင်း၊ မည်သည့် နည်းလမ်းဖြင့် ရှာဖွေ တွေ့ရှိ နိုင်မည်ကို အုပ်ချုပ် ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ဘာသာရေး ဆရာများ၊ ရွာသူ ရွာသားများ ညှိနှိုင်း ဆွေးနွေး တိုင်ပင်ပြီး သုံးသပ်ချက် တစ်ခုကို ပြန်လည် တင်ပြရန် လိုအပ်ကြောင်း၊ သုံးသပ်ချက်ကို မတင်ပြ နိုင်ပါက လုံခြုံရေး တပ်ဖွဲ့ဝင် များမှ ရွာတိုင်းသို့ ၀င်ရောက်၍ ရှာဖွေ ရမည် ဖြစ်ကြောင်း၊ လှည့်ကင်း လှည့်ရာတွင် ရွာသားများမှ အော်ဟစ်သံ မပေးရန်၊ အော်ဟစ်သံ ပေးသူများကို ဖော်ထုတ် အရေးယူမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြား ခဲ့သည်။
ပြည်နယ် ရဲမှူးကြီး နေမျိုးက ဒုချီရာတန်းနှင့် ဂေါ်ဒူသာရ ကျေးရွာ များ၏ အနီး တ၀ိုက်တွင် ရဲတပ်ကြပ် ကြီး အောင်ကျော်သိန်း၏ အလောင်းကို မြှပ်နှံ ထားသည်ဟု ယူဆကြောင်း၊ ၎င်းအလောင်းနှင့် လက်နက် ကို အားလုံး ပူးပေါင်း ပါဝင်ပြီး ဖော်ထုတ် ပေးရန် လိုအပ်ကြောင်း၊ အကယ်၍ ထုတ်ဖော် မပေး နိုင်ပါက လုံခြုံရေး တပ်ဖွဲ့ဝင်များ ဆုတ်ခွာ မည်မဟုတ်ဘဲ၊ ပိုမို၍ တိုးချဲ့မည်သာ ဖြစ်ပြီး ပိုမို၍ ဒုက္ခရောက် မည်ဟု ခြိမ်းခြောက် ပြောကြား ခဲ့သည်။
ခရိုင် အုပ်ချုပ် ရေးမှူး ဦးအောင်မြင့်စိုးက ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ် ရေးမှူး များနှင့် ကျေးရွာ တာဝန်ခံ များသည် တနည်းအားဖြင့် နိုင်ငံတော် ၀န်ထမ်းများ ဖြစ်သဖြင့် ရဲတပ်ကြပ်ကြီး နှင့်ပတ်သက်သည့် ကိစ္စ ကို ဖော်ထုတ်ရန် ပူးပေါင်း ပါဝင်ရန် လိုအပ်ကြောင်း ပြောကြား ပြီးနောက်၊ မြန်မာ နိုင်ငံတွင် ရိုဟင်ဂျာ လူ မျိုး မရှိကြောင်း၊ ရိုဟင်ဂျာဟု သုံးနှုန်း၍ မရကြောင်း၊ ဘင်္ဂလီ ဆိုသည်မှာ ဘင်္ဂလားမှ ခိုးဝင် လာသည့် ဘင်္ဂလီ လူမျိုးကို ဆိုလိုကြောင်း၊ ခင်ဗျား တို့သည် ဘင်္ဂလီ လူမျိုး များသာ ဖြစ်ကြောင်း၊ အစည်း အဝေးနှင့် မဆိုင်သည် များကို ထည့်သွင်း ပြောကြား ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ရခိုင် ရပ်မိရပ်ဖ တစ်ဦး ဖြစ်သူ ရှေ့နေ ဦးအောင်ကျော်ညွန့်က မြန်မာ နိုင်ငံတွင် ရိုဟင်ဂျာ လူမျိုး မရှိကြောင်း၊ ရိုဟင်ဂျာဟု သုံးနှုန်း၍ ရမည် မဟုတ်ကြောင်း၊ ရိုဟင်ဂျာဟု သုံးနှုန်းပါက ဆီးရီးယား နိုင်ငံတွင် တိုက်ပွဲ ဖြစ်နေ သကဲ့သို့ တိုက်ပွဲ ဖြစ်မည် ဖြစ်ကြောင်း၊ ဆီးရီးယားတွင် ခံစားနေ ရသကဲ့သို့ ခံစားရလိမ့် မည်ဖြစ်ကြောင်း ခြိမ်းခြောက်၍ ပြောဆို ခဲ့သည်။ ထို့အပြင် ၎င်းက ရခိုင်များမှာ ၁၀% သာရှိသော်လည်း ၉၀% ဘင်္ဂလီ များကို သတ်ပစ်ရန် မိနစ် ၂၀ သာလိုကြောင်း၊ တဖက် နိုင်ငံမှ ခိုးဝင် လာသူများ အနေနှင့် ကျေးဇူးတင်ရန် လိုကြောင်း အစရှိသည်ဖြင့် ကြမ်းတမ်း ရိုင်းစိုင်းစွာ ခြိမ်းခြောက် ခဲ့သည်။
အစည်း အဝေးကို ဒုချီရာတန်းနှင့် ပတ်သက်၍ ကျင်းပခြင်းဖြစ်သော်လည်း ခရိုင် အုပ်ချုပ် ရေးမှူး ဦးအောင်မြင့်စိုးနှင့် ရှေ့နေ ဦးအောင်ကျော်ညွန့် တို့က ဒုချီရာတန်းနှင့် မဆိုင်သည့် လူမျိုးရေး၊ ဘာသာရေး ကိုအခြေခံပြီး ပဋိပက္ခ ဖြစ်ရန် လှုံ့ဆော်မှု များကို ထည့်သွင်း ပြောကြား ခဲ့သည်။
အစည်း အဝေးတွင် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းနှင့် ၎င်း၏ လက်နက်ကိုသာ ဖော်ထုတ်ရန် ရည်ညွန်း၍ ပြောကြား ခဲ့ပြီး၊ ဒုချီရာတန်းမှ ပစ်ခတ် သတ်ဖြတ် ခံရသော ဒေသခံ ရိုဟင်ဂျာ ပေါင်းများစွာနှင့် ပတ်သက်ပြီး ထည့်သွင်း ပြောဆိုမှု မရှိကြောင်း ဒေသခံ များက ဆိုသည်။ ဒေသခံ များက ဒုချီရာတန်း ရွာမှ ရွာသား များကို ညတွင်းချင်း ထွက်ပြေး တိမ်းရှောင်အောင် အာဏာပိုင် များက ပြုလုပ် ခဲ့ခြင်းမှာ အာဏာ ပိုင်များ ပစ်သတ် သတ်ဖြတ် ခဲ့ခြင်းများ မပေါ်အောင် ဖန်တီး ဆောင်ရွက်ခြင်း ဖြစ် သည် ဟု ပြော ပါသည်။
ဒေသခံ များက ၎င်းတို့ အနေဖြင့် ရဲမှူးချုပ် တင်ကိုကို၊ ရဲမှူးကြီး နေမျိုး တို့နှင့် ပူးပေါင်း၍ ရဲတပ်ကြပ် ကြီး အောင်ကျော်သိန်းကို ရှာဖွေ ပေးရန် ဆန္ဒရှိကြောင်း၊ သို့သော် ဒုချီရာတန်း ကျေးရွာ အုပ်ချုပ် ရေးမှူး ဦးအောင်ဇံဖြူမှ သတ်ခဲ့သည့် အပြစ်မဲ့ ရိုဟင်ဂျာ ၈ ဦးနှင့် ဒုချီရာတန်းတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ရခိုင် အစွန်းရောက် များနှင့် ၉၆၉ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့တို့မှ ၀င်ရောက်၍ သတ်ဖြတ် ခဲ့သည့် ရိုဟင်ဂျာ အမျိုးသမီးများ၊ အမျိုးသားများနှင့် ကလေး များစွာ တို့အတွက်လည်း တရား မျှတမှုကို လိုလားကြောင်း၊ ရခိုင် အုပ်ချုပ် ရေးမှူး များက လက်နက်ကိုင် အဖွဲ့ များနှင့် ပူးပေါင်း၍ ဓါးပြတိုက်ခြင်း၊ ငွေ ညှစ်ခြင်း၊ ညှဉ်းပန်း နှိပ်စက်ခြင်း များပြုလုပ် နေခြင်း များကို ရပ်တန့် ပေးရန် လိုအပ်သည်ဟု RB News သို့ ပြောပါသည်။
RB News
19.1.2014
မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း သ၀င်ချောင်း ကျေးရွာ အုပ်စု၊ ခွဆုံရွာမှ ငါးဖမ်းရန် သွားသည့် သားအဖ သုံးဦးကို ရသေ့တောင် မြို့နယ်၊ ဒုံးပိုက် ရွာတွင် ရခိုင် အစွန်းရောက် များက လူမဆန်စွာ သတ်ဖြတ် ခဲ့ကြောင်း သတင်း ရရှိ ပါသည်။
မောင်တော မြို့နယ် တောင်ပိုင်း သ၀င်ချောင်း ကျေးရွာ အုပ်စု၊ ခွဆုံရွာ အထစ (၁၄၁) တွင် နေထိုင်သူ ဦးနူရ်အာမီးန် (ဘ) ဦးအမီရ်ဟမ်ဇား (အသက် ၄၉ နှစ်) နှင့် သားနှစ်ဦး ဖြစ်သူ ဟာရွန် ရရှီဒ် (အသက် ၂၁ နှစ်)၊ အဒူရရှီဒ် (အသက် ၁၆ နှစ်) တို့သည် ဇန်န၀ါရီလ (၇) ရက်နေ့တွင် ၎င်းတို့၏ နေရပ်မှ စက်လှေ ငယ် တစ်စီးနှင့် ကျားပိုက် များဖြင့် ပင်လယ်ပြင်သို့ ငါးဖမ်းရန် ထွက်ခွာ ခဲ့သည်။
ဇန်န၀ါရီလ ၁၀ ရက်နေ့တွင် ရသေ့တောင် မြို့နယ် ချိန်ခါလီ ကျေးရွာနှင့် ဒုံးပိုက် ကျေးရွာ အနီးတွင် ငါးဖမ်း နေစဉ် ရိက္ခာ ကုန်သွား သောကြောင့် ၎င်းတို့နှင့် ခင်မင် ရင်းနှီးသည့် ဒုံးပိုက် ကျေးရွာမှ ရခိုင် အမျိုးသား ဦးကျော်မြတ်သူ အတွက် ငါးများ ယူ၍ ဦးကျော်မြတ်သူထံ ရိက္ခာ အကူအညီ တောင်းရန် သွားရောက် ခဲ့သည်။ ဦးကျော်မြတ်သူက သားအဖ ၃ ဦး စလုံးကို ရွာကို ဖြတ်ကျော်၍ လာသည့် အတွက် အလွန် အန္တရာယ် များကြောင်း၊ ရခိုင် အစွန်းရောက် များနှင့် တွေ့ပါက လွယ်မည် မဟုတ်ကြောင်း ပြော၍ စားစရာ ရိက္ခာများ ပေးပြီး ကမ်းစပ်သို့ လိုက်ပို့ရာ၊ လမ်းတွင် ရခိုင် အစွန်းရောက် အုပ်စု တစ်စုနှင့် တွေ့ပြီး၊ အကြမ်းဖက် ခံခဲ့ ရသည်။ ဦးကျော်မြတ်သူက အကြမ်းဖက် သမားများကို တောင်းပန် ခဲ့သော်လည်း သား အဖ ၃ ဦးစလုံးကို နှုတ်ခမ်း များဖြတ်၊ နှာခေါင်း များဖြတ်၍ နည်းမျိုးစုံဖြင့် ရက်စက်၍ ညှဉ်း ပန်း နှိပ် စက် ပြီးနောက် သတ်လိုက်ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။
ထို့နောက် အကြမ်းဖက် သမား များက အလောင်း များကို မီးရှို့ရန် ပြင်ဆင်နေ သဖြင့် ဦးကျော်မြတ်သူက အလောင်း များကို မီးမရှို့ရန် အသနား ခံသောကြောင့် အလောင်း များကို ပင်လယ်ပြင်တွင် ပစ် လိုက်ကြောင်း သိရှိ ရပါသည်။
ဇန်န၀ါရီလ ၁၁ ရက်နေ့တွင် ချိန်ခါလီ ကျေးရွာ ပင်လယ် ကမ်းခြေတွင် ဒေသခံ ရွာသား များက အလောင်း များကို တွေ့ရှိ၍ ဦးနူရ် အာမီးန်၏ ဆွေမျိုး များကို အကြောင်းကြား ခဲ့ပြီး၊ အလောင်း များကို သယ်ယူ ရန် ပြင်ဆင် နေစဉ် လုံခြုံရေး တပ်ဖွဲ့ဝင် များက တွေ့ရှိပြီး၊ သယ်ဆောင်ခွင့် မပေးဘဲ၊ အာဏာပိုင် များနှင့် လုံခြုံရေး တပ်ဖွဲ့ဝင် များ၏ အမိန့်အရ ထိုနေ့တွင်ပင် ချိန်ခါလီ ကျေးရွာ ကမ်းခြေတွင် မြှပ်နှံ သဂြိုဟ် ခဲ့ရကြောင်း သတင်း ရရှိ ပါသည်။
ဥပဒေ အပေါ်တွင် ဘယ်သူ့မှ မရှိပါဘူး။ Nobody is Above the Law
ချစ်ခင် လေးစားအပ် ပါသော မောင်တော ခရိုင်ရှိ မိဘပြည်သူ အပေါင်း တို့ ခင်ဗျား-
၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့မှ စ၍ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ ဒုချီရာတန်း ကျေးရွာ အုပ်စုနှင့် အနီး တဝိုက် ကျေးရွာ များတွင် ဖြစ်ပေါ်လျက် ရှိနေသော အခြေ အနေများ အတွက် ကျွန်တော်တို့ မောင်တော ခရိုင် ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ် များမှ အထူး ဝမ်းနည်းပြီး ဖြစ်စဉ် အားလုံး ကိုလဲ အနီးကပ် စောင့် ကြည့် လေ့ လာ နေပါတယ်။ ပျေက်ဆုံး နေသော ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းနှင့် အပြစ်မဲ့ ရွာသူ ရွာသားများ အ တွက် လဲ အထူး စိုးရိမ်လျက် ရှိနေပါတယ်။
ဒုချီရာတန်း (ခ) ကီလားတောင် ကျေးရွာ အုပ်စုမှာ ဒေသခံ လူတစ်ဦး တစ်ယောက်မျှ မရှိသောကြောင့် တစ်ရွာလုံး တိတ်ဆိတ် တည်ငြိမ် နေသော်လည်း ပတ်ဝန်းကျင် ရွာများတွင် တည်ငြိမ်မှု မရှိသေးကြောင်း ဒီကနေ့ မနက် ၁၁ နာရီ အချိန်တွင် ပြည်သူ များ၏ တင်ပြချက် အရ သိရှိရ ပါတယ်။ အနီး ပတ်ဝန်း ကျင် ရှိ ဂေါ်ဒူဆော်ရား၊ နူရုလ်လာ ကျေးရွာ များတွင် လုံခြုံရေး တပ်ဖွဲ့ဝင် များမှ ဝင်ရောက် ရှာဖွေ ဖမ်ဆီးမှု များ ပြု လုပ် နေသောကြောင့် ပြည်သူများ အထိန့် တလန့်ဖြစ်ကာ စိုးရိမ်လျက် ရှိနေ ကြကြောင်း လေ့လာ သိရှိရ ပါတယ်။ မောင်တော ဒေသတွင် လုံခြုံရေး တာဝန်ယူ ဆောင်ရွက် နေသော ရဲမှုးချုပ် တင်ကိုကို အားအထူးကျေးဇူးတင်ရှိပါတယ်။ရဲမှုးချုပ်မှဥပဒေနှင့် အညီဆောင် ရွက်ရန်ညွန်ကြားရင် လည်း အောက်ခြေ လုံခြုံရေး တပ်ဖွဲ့ဝင် များ က အတိ အကျ လိုက်နာ မယ်လို့ ပြောလို့ မရပါဘူး။ ဒါကြောင့် မ လို့ ပြည် သူ တွေ ရဲ့ပြောကြားချက် တွေကိုလဲ နားထောင်ဖို့ လိုပါတယ်။ ကျွန်တော် တို့ကို လည်း ပြည် သူ တွေက အ များကြီး တင်ပြ ထားတာ ရှိပါတယ်။ ပြည်သူ့ တွေရဲ့ ခံစားချက်၊ တင်ပြ ချက် တွေကို အလေး အနက် ထားဖို့ လိုပါတယ်။ ပြည်သူတွေ ပြစ်မှု ကျူးလွန်နိုင် သလို လုံခြုံရေး တပ်ဖွဲ့ ဝင် တွေ လဲ ပြစ်မှု ကျူး လွန်နိုင် ပါ တယ်။ ပြည်သူတွေ ပြောတာ အားလုံး ကောလ ဟာလ၊ ရဲတပ်ဖွဲ့ ဝင်တွေ ပြော တာ အားလုံး အမှန်လို့ ယူ ဆပြီး လုပ်ဆောင် နေသမျှ တရား ဥပဒေ စိုးမိုးမှု ဘယ်တော့မှ ရှိမှာ မဟုတ် ပါဘူး။ တရား ဥပဒေ စိုးမိုးရေး ဆို တာ ရဲနှင့် ပြည်သူ ပူးပေါင်း ဆောင်ရွက်နိုင်မှ ဖြစ်နိုင်မှာပါ။
လူသတ်မှုတွေ၊ မုဒိန်းမှုတွေမြန်မာနိုင်ငံတဝှမ်းလုံးမှာ နေ့စဉ်နှင့်အမျှဖြစ်နေ ပါတယ်။ ပြစ်မှု ကျူး လွန် သူ တွေ ကို ပြည်သူ့ရဲက ဘယ်လို ပုံစံနှင့် ဖေါ်ထုတ်ကြ ပါသလဲ၊ Police Procedures လို့ခေါ်တဲ့ ရဲလုပ်ထုံး လုပ်နည်းတွေ ရှိပါတယ်။ ပြစ်မှု ကျူးလွန်သူ တစ်ယောက် နှစ်ယောက် အတွက် တရွာလုံးက လူတွေ၊ အ မျိုး သမီးတွေ၊ ကလေး တွေကို ခြိမ်းခြောက် ဖမ်းဆီးလို့ မရပါဘူး။ အဲသလို ဥပဒေလဲ မရှိပါ ဘူး။ မြန် မာနိုင်ငံ ရဲတပ်ဖွဲ့ အနေနဲ့ ရာဇဝတ်မှု များကို စစ်ဆေး ဖေါ်ထုတ်တဲ့ အခါ ဥပဒေ၊ နည်းဥပဒေများ အတိုင်း စံတစ်မျိုးတည်း ကိုသာ သုံးဖို့ လိုအပ် ပါတယ်။
၂၀၁၂ ခုနှစ် ဇွန်လ ၃ ရက်နေ့က တောင်ကုတ် မြို့မှာ ခရီးသွားသူ ၁၀ ဦးကို အင်အား ၃ဝဝ ခန့်ရှိ လူအုပ်မှ သတ်ဖြတ် ခဲ့သည့် ရာဇဝတ်မှု များကို ဘယ်လို ကိုင်တွယ် ဖေါ်ထုတ်ခဲ့ ပါသလဲ။ တစ်နှစ်ကြာ အ ထိ တောင်ကုတ်နှင့် ရခိုင် ပြည်နယ် ရဲတပ်ဖွဲ့ဝင် များက မဖေါ်ထုတ် နိုင်ခဲ့လို့ နေပြည်တော်မှ အထူး ရဲ တပ်ဖွဲ့ဝင် များသွားပြီး ဖေါ်ထုတ် ဖမ်းဆီးခဲ့ ရတယ်။ အဖမ်းခံ ရသူ ၆ ဦး သာ ရှိပြီး တရား ဥပဒေ အရ အရေးယူ ဆောင်ရွက် နေကြောင်း လေ့လာ သိရှိ ရပါတယ်။ ကျွန်တော် တင်ပြ လိုတာ ကတော့ ဒီတရားခံ ၆ ဦးကို ဖမ်းဆီးဖို့ လုံခြုံရေး တပ်ဖွဲ့ဝင် ဘယ်နှစ်ဦး အသုံးပြု ခဲ့ပါသလဲ၊ ရွာဘယ်နှစ် ရွာကို ဝင်စီး ခဲ့ပါသလဲ၊ အချိန် ဘယ်လောက် ယူခဲ့ပါ သလဲ၊ ရပ်မိ ရပ်ဖ၊ အမျိုးသမီးနှင့် ကလေး ဘယ်နှစ်ဦးကို ဖမ်းဆီး ခဲ့ပါ သလဲ၊ သေနတ် ဘယ်နှစ်ချက် ပစ်ခတ် ခဲ့ရ ပါသလဲ၊ အခု မောင်တောမှာ ဘယ်လို ပုံစံနဲ့ လုပ်နေကြ ပါသလဲ။ ဒါတွေကို ကျွန်တော်တို့ သိဖို့လို ပါတယ်။ စံတစ်မျိုးတည်း ဖြစ်ဖို့ လိုပါတယ်။ မဟုတ် ရင်တော့ ခွဲခြား ဆက်ဆံ ဆောင်ရွက် မှုလို့ဘဲ ပြောရ ပါလိမ့်မယ်။
နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေက မည်သည့် ခွဲခြား ဆက်ဆံမှု ကိုမှ လက်မခံ ပါဘူး။ ဥပဒေ ချိုးဖောက်သူ မည်သူမဆို ပြစ်ဒဏ် ပေးခြင်းခံ ရပါမည်။ Nobody is Above the Law ဟု ဆိုတဲ့ အတိုင်း ဥပဒေ အပေါ်တွင် ဘယ်သူ့မှ မရှိပါဘူး။
ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း အပါအဝင် ဒုချီရာတန်း မူဆလင်ရွာမှ ပျောက်ဆုံး နေသော အမျိုး သမီး များ၊ ကလေးများ၊ အမျိုးသားများ အားလုံးကို ရှာဖွေတဲ့ နေရာမှာ ပြည်သူ များ၏ တာဝန် သိမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု အလွန် အရေးကြီး ပါတယ်။ ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ် များကလည်း နယ်မြေ တည်ငြိမ် အေးချမ်းရေးနှင့် တရား ဥပဒေ စိုးမိုးရေး အတွက် တာဝန် ရှိသူများ ဖြစ်ကြတဲ့ အတွက် နိုင်ငံတော်နှင့် လူမျိုးစုံ၊ ဘာသာစုံ ပြည်သူ များ၏ အကျိုးကို ရှေ့ရှု၍ လွှတ်တော်များ၊ ဒေသ ဆိုင်ရာ အာဏာ ပိုင်များ၊ ဗဟို အာဏာပိုင် များနှင့် ဆက်သွယ်၊ ညှိနှိုင်း၊ ပူးပေါင်း ဆောင်ရွက် နေကြ ပါတယ်။
ဥပဒေ ချိုးဖောက်သူ မည်သူ့ကိုမဆို ဥပဒေနှင့် အညီအရေးယူနိုင်မှ နယ်မြေ တည်ငြိမ်အေး ချမ်းမှု ကို ဖေါ်ဆောင် နိုင်မှာ ဖြစ် ပါတယ်။ သို့ဖြစ်ပါ၍ နစ်နာသူ များ၏ တိုင်ကြား စာများ၊ လူအသေ အပျောက် စာရင်းများ၊ သတင်း အချက် အလက်များး၊ ဓါတ်ပုံ၊ အသံဖိုင်၊ ဗွီဒီယိုဖိုင် အထောက် အထား များ ကို အောက်ပါ Electronic လိပ်စာ များသို့ အမြန်ဆုံး ပို့ပေး ကြပါရန် တိုက်တွန်းအပ် ပါတယ်။ အား လုံး ကို ကျေးဇူးတင် ပါတယ်။
မှတ်ချက်။ သတင်း အချက် အလက် ပေးပို့သူ များ၏ ကိုယ်ရေး အချက် အလက် များကို အထူး လျှို့ဝှက် ထားရှိ ပါမည်။
1. Viber ID: 09-500-2570
2. WeChat ID: ShweMaung_MP
3. Skype ID: ShweMaung.MP
4. Facebook ID: ShweMaung.BTG
5. Gmail ID: ShweMaung.MP@gmail.com
[ Video file များကို YouTube တွင် Upload လုပ်ပြီး Link ကို အထက် ဖေါ်ပြပါ အဆင် ပြေရာ ID တစ်ခု ခုသို့ Share လုပ်ပေးရင် လုံလောက် ပါတယ်။ YouTube ပေါ်တွင် Upload မလုပ်တတ် သူများ ဆက်သွယ် လာပါက ကူညီ ရှင်းပြ ပေးပါ့မယ်။ ]
လေးစားစွာဖြင့်
ဦးရွှေမောင်
(မောင်တော ခရိုင် ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်များ ကိုယ်စား)
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်
မိုဘိုင်းဖုန်း - ဝ၉-၅ဝဝ-၂၅၇ဝ
၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်
ရန်ကုန်မြို့
ဒေါ်ခင်စိုးဝင်း
18.1.2014
ရခိုင် ပြည်နယ် မောင်တော မြို့နယ်မှာ ဒီသီတင်း ပတ်တွင်း ကင်းလှည့် ရဲတပ်ဖွဲ့ တွေနဲ့ ရိုဟင်ဂျာ အသိုင်း အ၀ိုင်း အကြား ထိပ်တိုက် ရင်ဆိုင် မှုတွေ ဖြစ်ခဲ့ပြီး ရိုဟင်ဂျာတွေ အသေ အပျောက် ရှိတယ်၊ တချို့ ထွက်ပြေး တိမ်းရှောင်ခဲ့ ရတယ် ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး မြန်မာ အာဏာပိုင် တွေက သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊နယ်ခံတွေနဲ့မေးမြန်းပြီး မဟုတ်မှန်တဲ့ အကြောင်း သောကြာနေ့ ကပြောဆို လိုက်ပါ တယ်။ ဒါပေမဲ့လည်း လုံခြုံရေး တပ်ဖွဲ့တွေက အင်အားသုံး ခဲ့တာ ဖြစ်ကောင်း ဖြစ်နိုင်တဲ့ အတွက် အမေရိ ကန် ပြည်ထောင်စုက စိုးရိမ် မကင်း ဖြစ်ရတယ်လို့ ဆိုပါတယ်။ ဒေါ်ခင်စိုးဝင်းက အပြည့် အစုံ တင်ပြ ပေး ပါမယ်။
ရခိုင်ပြည်နယ် မောင်တော မြို့နယ်မှာ ဒီသီတင်း ပတ်တွင်း လုံခြုံရေး တပ်ဖွဲ့ဝင် တွေရဲ့ တိုက်ခိုက် မှုကြောင့် ရိုဟင်ဂျာ မူဆလင်တွေ ထွက်ပြေး တိမ်းရှောင် ကြရတယ် ဆိုတဲ့ သတင်း ကြားသိရတဲ့ အတွက် အမေ ရိကန် ပြည်ထောင်စုက စိုးရိမ် မကင်း ဖြစ်ရတဲ့ အကြောင်း မနေ့က ကျင်းပတဲ့ နိုင်ငံခြားရေး ဝန်ကြီး ဌာန နေ့စဉ် ပုံမှန် သတင်းစာ ရှင်းလင်း ပွဲမှာ ပြောခွင့် ရသူ Jen Psaki က အခုလို ပြောဆိုသွား ပါတယ်။
"ဒီသတင်းနဲ့ ပါတ်သက်ပြီး အထူး သဖြင့် စိတ်အနှောင့် အယှက် ဖြစ်ရတာ ကတော့ လုံခြုံရေး တပ်ဖွဲ့ တွေ က အင်အား အလွန် အကျွံ အသုံးပြုတာ ဖြစ်ကောင်း ဖြစ်နိုင် ပါတယ်တဲ့။ ဘာပဲ ဖြစ်ဖြစ် အကြမ်း ဖက်ခဲ့ တယ် ဆိုရင်တော့ အမေရိကန် ပြည်ထောင်စုက ပြင်းပြင်း ထန်ထန် ရှုံ့ချနေ ပါတယ်တဲ့။ ဒီလို အကြမ်းဖက် ခဲ့ရင် အဲဒီမှာ နေထိုင်တဲ့ ဘယ်သူ့ကို မဆို ဆိုးကျိုး သက်ရောက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။"
ဒါကြောင့် လုံခြုံရေး တာဝန်ယူ ထားသူတွေ အနေနဲ့ အထူး ထိန်းထိန်း သိမ်းသိမ်း လုပ်စေ လိုပါတယ်လို့ ဆိုပါတယ်။ ဒီလိုမျိုးတွေ မဖြစ်ရအောင် အစိုးရ အနေနဲ့လည်း ရေရှည် ခံမည့် အဖြေကို ရှာစေ လိုတယ် လို့ ပြောဆို သွားတာပါ။ အကြမ်းဖက် ခဲ့တာကြောင့် အခြေ အနေမဲ့ ဖြစ်ရသူ တွေလည်း သူတို့ ရဲ့ နေ အိမ် တွေကို အေးအေး ဆေးဆေး ပြန်ပြီး နေစေ လိုတယ်လို့ ပြောဆို သွားပါတယ်။
တချိန် တည်းမှာပဲ မြန်မာနိုင်ငံ ဆိုင်ရာ ကုလ သမဂ္ဂ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် ကင်တားနား ကလည်း ဒီမောင်တော မြို့နယ်မှာ သတင်းတွေမှာ ဖော်ပြထားတဲ့ အတိုင်း အခင်း ဖြစ်ပွားပြီး သေဆုံး ဒဏ်ရာ ရတာတွေ ရှိခဲ့မယ် ဆိုရင် မြန်မာ အစိုးရ အနေနဲ့ နိုင်ငံ တကာ ဥပဒေတွေနဲ့ အညီ လူ့အခွင့် အရေး ချိုးဖောက် မှုတွေ ရှိမရှိ ထိထိ ရောက်ရောက် စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ် ပေးပါရန် ဇန်နဝါရီလ ၁၇ ရက်နေ့က ကြေညာချက် ထုတ်ပြန်ထား ပါတယ်။
ဒီလို အခင်း ဖြစ်ပွား ခဲ့ရင် အဖမ်း အဆီးတွေ ရှိတတ် တာကြောင့် မြန်မာ အာဏာပိုင်တွေ အနေနဲ့ အဖမ်းခံ ရသူတွေရဲ့ အခွင့် အရေးကို လေးစားဖို့နဲ့ ဥပဒေ အကျိုးဆောင် တွေနဲ့ ဆက်သွယ် ခွင့်ပြုဖို့ ကိုလည်း မစ္စတာ ကင်တာနားက အလေး အနက် တိုက်တွန်းထား ပါတယ်။
သူအရင်တုန်းက ကြုံခဲ့ဖူးတဲ့ စိုးရိမ်မကင်းဖြစ်ရ တာတွေကြောင့်မောင်တောမြို့နယ်မှာအဖမ်းခံ ရ သူတွေရှိခဲ့ ပါက သီးခြား လွတ်လပ်တဲ့ စောင့်ကြည့်တဲ့ အဖွဲ့တွေကို အဲ့ဒီ့ အထိန်းသိမ်းခံ တွေဆီ သွားရောက် ခွင့်ပြု ပါရန်လည်း အာဏာပိုင် တွေကို တိုက်တွန်း ထားပါတယ်။
တဆက် တည်းမှာပဲ ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးနဲ့ ဗြိတိန် သံရုံးတို့ ကလည်း မောင်တော မြို့နယ်က အကြမ်းဖက်မှု ဖြစ်တယ် ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး အထူး စိုးရိမ် မကင်း ဖြစ်ရ ပါကြောင်း၊ ပြည်ထောင်စု အစိုးရ အနေနဲ့ရော ပြည်နယ် ဒေသခံ အာဏာပိုင်တွေ အနေနဲ့ပါ ရခိုင် ပြည်နယ် ငြိမ်းချမ်းရေးနဲ့ ဖွံ့ ဖြိုးရေး ရေရှည် တည်တံ့ဖို့ အတွက် အခြေ အနေ ဖန်တီး ပေးပါရန် တိုက်တွန်းလိုက် ပါတယ်။
ဒီလို အခြေ အနေမျိုး ဖန်တီးပေး နိုင်ဖို့ အတွက် ပြည်နယ် အတွင်း တင်းမာမှုတွေ လျော့ပါးပြီး ပြန်လည် သင့်မြတ်ရေး အတွက် လုံခြုံရေး၊ တရား ဥပဒေ စိုးမိုးရေး၊ တရား မျှတရေး၊ လူမှုရေး အကူ အညီတွေ၊ လက်လှမ်း မှီအောင် ပေးပို့နိုင်ခွင့် စတာတွေ ချက်ခြင်း အရေး တယူ ဆောင်ရွက် ပေးဖို့ လိုအပ်တဲ့ အကြောင်း ရန်ကုန်ရှိ ဗြိတိန်နဲ့ အမေရိကန် သံရုံး တို့က ဇန်နဝါရီလ ၁၇ ရက်နေ့က ပူးတွဲ ကြေညာချက် ထုတ်ပြန် ထားပါတယ်။
နိုင်ငံ တဝှမ်းလုံးရှိ ဘာသာရေး ခေါင်းဆောင်တွေ၊ လူထု အခြေပြု ခေါင်းဆောင် တွေနဲ့ ပြည်သူ လူထု တရပ်လုံးက ဗုဒ္ဓဘာသာနဲ့ မူဆလင် အသိုင်း အဝိုင်း ကြား အကြမ်းဖက် မှုတွေကို ဆန့်ကျင်ပြီး မတူ ကွဲပြားတဲ့ လူမျိုးစု တွေကြား နားလည်မှု၊ အပြန် အလှန် လေးစားမှု၊ တရား မျှတမှုနဲ့ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ရေး ကို ရှေးရှု ကြပါရန် လည်းအဲ့ဒီ့ ကြေညာ ချက်မှာ ဖော်ပြ ထားပါတယ်။
မြန်မာ အစိုးရရဲ့ ပြောခွင့် ရသူ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ် ကတော့ ပြည်ထဲရေး ဌာနနဲ့ ဒေသခံ ရဲတပ်ဖွဲ့ အကြီးအကဲတို့နဲ့ဆက်သွယ်ပြီးဒီသတင်းနဲ့ပတ်သက်ပြီးမေးမြန်းရာမှာမဟုတ်မှန်တဲ့အကြောင်း သောကြာနေ့ က သတင်းစာ ရှင်းလင်း ပွဲမှာ တုန့်ပြန် ထားပါတယ်။
RB News
18.1.2014
မောင်တော ။ ။ ဇန်န၀ါရီလ (၁၇) ရက်နေ့ နံနက် ၄ နာရီ အချိန်တွင် မောင်တော မြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရ ကျေးရွာ အုပ်စု အနောက်ရွာကို လုံခြုံရေး တပ်ဖွဲ့ဝင် များက ၀ိုင်းပြီး၊ (၁) မော်လ၀ီ နူရ်ဟူဒါ (ဘ) မော်လ၀ီ လာလ်မာမတ် (အသက် ၃၅ နှစ်)၊ (၂) မော်လ၀ီ ဟာန်နောမ် (ဘ) ဦးဆုလ်တာန် (အသက် ၃၈ နှစ်)၊ (၃) ဦးဖော်ဇော်လ် အာမတ် (အသက် ၅၀ နှစ်) နှင့် (၄) ဦးဂျမာလ် (ဘ) ဦးမိုဟာမတ် ဆူဖိဒ် (အသက် ၃၈ နှစ်) တို့ကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ အဆိုပါ ၄ ဦးကို မည်သည့် နေရာသို့ ခေါ်ဆောင် သွားသည်ကို ယခု အချိန်ထိ မသိရှိ ရသေးကြောင်း ဒေသခံ များမှ RB News သို့ပြောပါသည်။
ထိုသူများကို မဖမ်းဆီးမှီ ဂေါ်ဒူသာရ အုပ်ချုပ် ရေးမှူးဟောင်း ဦးအာနိစ်ကို ဖမ်းဆီးရန် ကြိုးစား ခဲ့သော်လည်း ၎င်း၏ နေအိမ်တွင် ရှာမတွေ့ သဖြင့် ဖမ်းဆီး နိုင်ခြင်း မရှိခဲ့ကြောင်း သိရှိ ရပါသည်။ ထို့အပြင် မောင်တော မြို့နယ်၊ မြို့မ အနောက် ရပ်ကွက် (အမှတ် ၁ ရပ်ကွက်) နေ ဦးအာနိစ်၏ ယောက္ခမ ဖြစ်သူ ဦးရှော်ဘိရ်၏ နေအိမ်ကို ၀ိုင်း၍ ဦးရှော်ဘိရ်နှင့် သမီးဖြစ်သူ တို့ကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။
ဂေါ်ဒူသာရ အုပ်ချုပ် ရေးမှူး ဦးသာလှနှင့် အုပ်ချုပ် ရေးမှူးဟောင်း ဦးအာနိစ်တို့မှာ ပုဂ္ဂိုလ်ရေး အရ တစ်ဦးနှင့် တစ်ဦး အဆင် မပြေ သဖြင့် ဒုချီရာတန်း ဖြစ်စဉ်ကို ခေါင်းစဉ် တပ်၍ ဦးသာလှက ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း၏ အလောင်းကို ဦးအာနိစ်က ငွေကျပ် ၅ သိန်းယူ၍ ပင်လယ်ထဲသို့ ပစ်ပေး ခဲ့သည်ဟု ခရိုင် ရဲတပ်ဖွဲ့သို့ မဟုတ်မမှန် သတင်းပေး ပို့ခဲ့ခြင်းကြောင့် ဦးအာနိစ်၏ ဆွေမျိုး များကို ဖမ်းဆီးခြင်း ဖြစ်သည်ဟု သိရှိ ရပါသည်။ ဦးရှော်ဘိရ်နှင့် သမီးဖြစ်သူကို အာဏာပိုင် များက ညနေပိုင်းတွင် ပြန်လည် လွှတ်ပေး ခဲ့သည်။
ဇန်န၀ါရီလ ၁၇ ရက်နေ့ နေ့လည် ၁၂ နာရီ အချိန်တွင် ဒုချီရာတန်း ကျေးရွာတွင် ကျန်ရစ် ခဲ့သော အမျိုးသမီး နှစ်ဦးသည် စားဝတ်နေရေး ခက်ခဲမှုကြောင့် ရွာမှ ထွက်ပြီး အခြားရွာသို့ သွားရာ၊ လမ်းတွင် လုံခြုံရေး တပ်ဖွဲ့ဝင် များ၏ ပစ်ခတ်မှုကြောင့် ပွဲချင်းပြီး သေဆုံး ခဲ့ရကြောင်း သတင်း ရရှိပါသည်။
ဇန်န၀ါရီလ ၁၆ ရက်နေ့တွင် အသက် ၁၅ နှစ် အရွယ် ရဟီမုလ္လာ (ဘ) ဦးအလီ ဟူစိန်း၊ အသက် ၁၂ နှစ် အရွယ် ဇဟီရ် အဟမတ် (ဘ) ဦးအလီ ဟူစိန်း တို့၏ အလောင်း နှစ်လောင်းကို ရှာဖွေ တွေ့ရှိ ခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။
ဒေသခံ များ၏ ပြောပြချက် အရ ဇန်န၀ါရီလ ၁၄ ရက်နေ့မှ ၁၇ ရက်နေ့ အတွင်း အသတ်ခံရသူ ၅၀ နီးပါး ရှိပြီး၊ အများစုမှာ အမျိုးသမီး များဖြစ်ပြီး၊ ကလေးငယ် များလည်း ပါဝင်သည်ဟု ဆိုသည်။ အသက် ၁၀ နှစ်အောက် မိန်းကလေး ၆၀ ဦးခန့်နှင့် လူကြီး၊ လူငယ် ၁၂၀ ဦးခန့် ပျောက်ဆုံး နေကြောင်း ၎င်းတို့က ပြောပါသည်။
ဒုချီရာတန်း အရှေ့ရွာတွင် အိမ်ခြေ ၃၃၀ ရှိပြီး၊ အိမ်များ အားလုံးမှ အိမ်တံခါး၊ ခြံစည်းရိုး၊ ကျွဲ၊ နွား၊ ဆိတ်၊ ကြက်၊ ဆန်နှင့် အခြားသော အဖိုးတန် ပစ္စည်းများ အားလုံးကို ရခိုင် (နတလ) ရွာမှ လာရောက်၍ သယ်ဆောင် သွားခဲ့သည်။
ဇန်န၀ါရီလ ၁၅ ရက်နေ့တွင် ရကဖမှူးနှင့် တပ်ဖွဲ့ဝင် များက ရိုဟင်ဂျာ လူမျိုး ကျေးရွာ အုပ်ချုပ် ရေးမှူး များကို ဂေါ်ဒူသာရ တံတား ရဲကင်း စခန်းသို့ ခေါ်ယူပြီး နံနက် ၆ နာရီမှ နေ့လည် ၁၂ နာရီ အထိ နေပူလှန်း၍ အပြစ် ပေးခဲ့သည်။ ယင်းနေ့ နံနက် ၈ နာရီ အချိန်တွင် ဒုချီရာတန်း ရွာထဲရှိ နေအိမ်များ ထဲတွင် ပုန်းအောင်း နေသည့် ရိုဟင်ဂျာ များကို နတလ ရွာများနှင့် ရခိုင်ရွာများမှ အကြမ်းဖက် သမားများ ၀င်ရောက် လာပြီး လုပ်သေနတ်၊ တုတ်၊ ဓါးများဖြင့် သတ်၍ အလောင်း များကို ညပိုင်းတွင် ကားများဖြင့် သယ်ယူ၍ မြှပ်နှံ ခဲ့ကြောင်း၊ မည်သည့် နေရာတွင် မြှပ်နှံထားသည်ကို မသိရှိကြောင်း ဒေသခံ များမှ ပြောပါသည်။
ထို့အပြင် မောင်တော မြို့နယ် အထက်တန်း ကျောင်းတွင် ပညာသင်ကြား လျက်ရှိသော မောင်တော တောင်ပိုင်းမှ ကျောင်းသား/သူ များကို ဇန်န၀ါရီလ ၁၅ ရက်နေ့တွင် ကျောင်းမှ အပြန် ညောင်ချောင်း - ကညင်တန်း တံတား (မြို့အ၀င် တံတား) အဖြတ်တွင် ရဲကင်းမှ ရဲတပ်ဖွဲ့ဝင် များက ခေါ်ယူ၍ ရေခပ် ခိုင်းသည့် အပြင် စက်ဘီး များကိုလည်း စီးမသွား ခိုင်းဘဲ၊ ပခုံးပေါ် ထမ်း၍ ယူသွား ခိုင်းကြောင်း ကျောင်းသား တစ်ဦးက RB News သို့ပြောပါသည်။
ဇန်န၀ါရီလ ၁၇ ရက်နေ့ ည ၁၀ နာရီ ခန့်တွင် ဂေါ်ဒူသာရ အနောက်ရွာသို့ ကင်းချောင်း (ရခိုင်ရွာ) မှ ရခိုင် အစွန်းရောက် ၅၀၀ ကျော်တို့က ၎င်းတို့ ရွာတွင် သာမာန် ရောဂါဖြင့် သေဆုံးသူ တစ်ဦး၏ အလောင်း တစ်လောင်းကို ကိုင်ဆောင်၍ ဂေါ်ဒူသာရ ရွာသား များကို အကြမ်းဖက်ရန် ကြိုးစား ခဲ့သည်။ အဆိုပါ အလောင်းကို ဂေါ်ဒူသာရ အနောက်ရွာတွင် ထားခဲ့ပြီး၊ တုတ်၊ ဓါးများ ကိုင်ဆောင်၍ အော်ဟစ်ပြီး အကြမ်းဖက်ရန် ကြိုးပမ်း ခဲ့ကြောင်း ဒေသခံ များက RB News သို့ ပြောပါသည်။ နူရူလာ ရွာကိုလည်း စစ်သား ၅၀၀ ကျော်မှ ဇန်န၀ါရီလ ၁၇ ရက်နေ့ ညပိုင်းတွင် ၀ိုင်းထားကြောင်း သိရှိ ရသည်။
ဇန်န၀ါရီလ ၁၄ ရက်နေ့တွင် ဖမ်းဆီး ခံရသူ အချို့ -
(၁) ဦးရှောင်ရှု (ဘ) ဦးဘော်ဒီအာလမ် (အသက် ၄၀ နှစ်)
(၂) ဦးရော်ဟီအလီ (ဘ) ဦးကာလူ (အသက် ၄၅ နှစ်)
(၃) ဦးမျာဟူစိန်း (အသက် ၂၉ နှစ်)
(၄) ဦးဒေါဘီအုလ္လာ (ဘ) ဦနေဇာမ်အူဒင် (အသက် ၈၅ နှစ်)
(၅) ဦးကာမာလ် အူဒင် (ဘ) ဦးဂျမာလ်အူဒင် (အသက် ၇၀ နှစ်)
(၆) ဦးနူရ်မုစ်တာဖာ (ဘ) ဦးအဒူမော်ဇိတ် (အသက် ၄၆ နှစ်)
(၇) ဦးဘာကူလု (ဘ) ဦးမော်တောအုလ္လာ (အသက် ၂၇ နှစ်)
Sindi Khan မှ အချက်အလက် အချို့ ကူညီ ပံ့ပိုးပေးသည်။
RB News
17.1.2014
မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း ဒုချီရာတန်း ကျေးရွာ အုပ်စုတွင် ဖြစ်ပွား ခဲ့သော ဖြစ်စဉ်နှင့် စပ်လျဉ်း၍ ဇန်န၀ါရီလ ၁၆ ရက်နေ့ နံနက် ၈ နာရီ အချိန်တွင် ဒုချီရာတန်း၏ ပတ်ဝန်းကျင် ကျေးရွာ အုပ်စုများ ဖြစ်ကြသော -- (၁) ပန်းတောပြင် (နောလ်ဘောန္နာ)၊ (၂) ပဒင်း (ဘောန္နောလ်)၊ (၃) ဒုညောင်ပင်ကြီး၊ (၄) ပညောင်ပင်ကြီး၊ (၅) တပ်ဦးချောင်း၊ (၆) ဂေါ်ဒူသာရနှင့် (၇) ဒုချီရာတန်း ကျေးရွာ အုပ်ချုပ် ရေးမှူး များမှ ဗုဒ္ဓဘာသာ ၀င်အုပ်ချုပ် ရေးမှူး ၃ ဦးကို ဖယ်၍ ကျန်သည့် ရိုဟင်ဂျာ လူမျိုး အုပ်ချုပ် ရေးမှူး ၄ ဦးနှင့် ရာအိမ်မှူးများ၊ ဆယ်အိမ်မှူး များကို ဒုချီရာတန်းရှိ စာသင်ကျောင်းသို့ ရကဖမှူး၊ ခရိုင် ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ် စခန်းမှူး တို့က ခေါ်ယူပြီး ဒုချီရာတန်းမှ တရားခံ များကို ဖမ်းမပေးပါက တရားစွဲဆို၍ ထောင်ချမည်ဟု ခြိမ်းခြောက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။
ထို့နောက် အုပ်ချုပ် ရေးမှူး ၄ ဦးနှင့် ရာအိမ်မှူးများ၊ ဆယ်အိမ်မှူး များကို ဒုချီရာတန်းရှိ အိမ်တစ်အိမ်၏ အခန်းတစ်ခန်းတွင် ရဲအုပ် သောင်းထွန်းကို အစောင့် ထား၍ နံနက် ၁၀ နာရီမှ နေ့လည် ၁ နာရီထိ ချုပ်နှောင် ထားခဲ့သည်။ နေ့လည် ၁ နာရီတွင် မောင်တော မြို့နယ် အုပ်ချုပ် ရေးမှူး ဦးကြည်စန်း ရောက်ရှိ လာပြီး၊ ရကဖမှူး၊ ခရိုင် ရဲတပ်ဖွဲ့မှူး၊ မြို့နယ် စခန်းမှူး တို့ကို ဦးကြည်စန်းက ၎င်းအနေဖြင့် ယုံကြည် စိတ်ချ ရသူများကို အုပ်ချုပ် ရေးမှူးများ ခန့်ထား ရခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဖမ်းဆီး ချုပ်နှောင် ထားမည် ဆိုလျှင် အဆင်ပြေမည် မဟုတ်ကြောင်း၊ အုပ်ချုပ် ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူး များကို ချက်ချင်း လွှတ်ပေးရန် လိုကြောင်း ပြောဆိုပြီးနောက် ဖမ်းဆီး ချုပ်နှောင်ခံ ထားရသည့် အုပ်ချုပ် ရေးမှူးများ၊ ရာအိမ်မှူးများနှင့် ဆယ်အိမ်မှူး များကို လွှတ်ပေး ခဲ့ကြောင်း သိရှိ ရပါသည်။
ယခု အခါ ကျေးရွာ အုပ်စု တိုင်းတွင် အုပ်ချုပ် ရေးမှူး၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများ၊ ရဲတပ်ဖွဲ့ဝင် (၅) ဦးနှင့် မြို့နယ် အုပ်ချုပ် ရေးမှူးရုံးမှ စာရေး တစ်ဦးစီနှင့် အဖွဲ့ဖွဲ့၍ ဒုချီရာတန်းမှ ထွက်ပြေး တိမ်းရှောင် လာသူများကို စာရင်း ပြုစုရန် တာဝန် ပေးထားကြောင်း သိရှိ ရပါသည်။
ဇန်န၀ါရီလ ၁၃ ရက်နေ့ ညမှစ၍ ဒုချီရာတန်း ရွာမှ ဒေသခံ ရိုဟင်ဂျာ ၄၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင် နေရကြောင်း ဒေသခံ များမှ ပြောပါသည်။
ဇန်န၀ါရီလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် ဒုညောင်ပင်ကြီး (ရှိုက်ရီရွာ) မှ ဒေသခံ ရိုဟင်ဂျာ ၅ ဦး၊ ဒုချီရာတန်း အနောက်ရွာမှ ၁၅ ဦးနှင့် ဇန်န၀ါရီလ ၁၄ ရက်နေ့ ည ၈ နာရီ အချိန်တွင် ဂေါ်ဒူသာရ ကျေးရွာမှ ၁၄ ဦးတို့ကို ဖမ်းဆီး ခဲ့ပြီး၊ အခြား ဖမ်းဆီးခံ ရသူများ အပါအ၀င် ၂၀၀ ကျော်ခန့် ရှိမည်ဟု ခန့်မှန်းကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။
သတင်း အချက်အလက် အချို့ကို Sindi Khan မှကူညီပံ့ပိုး ပေးသည်။
အပုချေ (မာန်အောင်ကျွန်း)
RB News
16.1.2014
ပေါက်တော ။ ။ ရခိုင် ပြည်နယ်၊ ပေါက်တော မြို့နယ်ရှိ ဆင်တက်မှော် ဒုက္ခသည် စခန်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ အဆောင် ၃၀ ကျော်မှ အခန်း ၂၄၀ ကျော် မီးလောင် သွားကြောင်း သတင်း ရရှိ ပါသည်။
ယနေ့ နံနက် လင်းအားကြီး ၁၂ နာရီကျော် ခန့်တွင် ပေါက်တော မြို့နယ်၊ ဆင်တက်မှော် ဒုက္ခသည် စခန်း၌ မီးလောင်မှု ဖြစ်ပွားခဲ့ရာ အဆောင် ၃၁ ဆောင်မှ အခန်း ၂၄၈ ခန်း မီးလောင် သွားကြောင်း သိရှိ ရပါသည်။ မီးလောင်မှုမှာ မီးဖွား ထားသည့် ဒေါ်ဟူဆောင်န် ဘာနူး (အသက် ၃၂ နှစ်) ကြောင့်ဖြစ်ပွား ခဲ့သည်ဟု သိရှိ ရပါသည်။ ဒေါ်ဟူဆောင်န် ဘာနူးနှင့် ခင်ပွန်း ဖြစ်သူ ဦးဟာနီဘား (အသက် ၃၂ နှစ်) တို့ကို ဖမ်းဆီး သွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။
မီးလောင်သွားသည့် အဆောင် များတွင် မြေပုံမြို့နယ်မှ ဒုက္ခသည်များ နေထိုင်ခဲ့ခြင်း ဖြစ်ပြီး၊ ယခု အခါ မီးလောင်မှုကြောင့် နေရာမဲ့ ဖြစ်ကာ ကွင်းပြင် များတွင် နေထိုင် နေကြ ရသည်။
RB News
15.1.2014
မောင်တော ။ ။ ဇန်န၀ါရီလ (၁၂) ရက်နေ့တွင် ဘူးသီးတောင် မြို့နယ်မှ မောင်တော မြို့နယ်တွင် အလုပ်လုပ်ရန် မေယု တောင်တန်းကို ဖြတ်၍ လာသော ရိုဟင်ဂျာ ၈ ဦးကို ဒုချီရာတန်း ကျေးရွာ အုပ်စု အုပ်ချုပ် ရေးမှူး ဦးအောင်ဇံဖြူက ဖမ်းဆီးပြီး ကြိုးများဖြင့် ချည်နှောင်၍ ၎င်း၏ အိမ်တွင် ချုပ်နှောင် ထားခဲ့သည်။ ထို့နောက် ဖမ်းဆီး ခံရသူ အပြစ်မဲ့ ရိုဟင်ဂျာ ၈ ဦးကို ဦးအောင်ဇံဖြူနှင့် အဖွဲ့က သတ်ဖြတ်၍ မြောင်းတစ်ခု ထဲတွင် နစ်မြှပ်ထား ခဲ့သည်။ ထိုကဲ့သို့ သတ်ဖြတ်၍ မြောင်းထဲတွင် နစ်မြှပ် ထားသည်ကို ဦးအောင်ဇံဖြူ၏ အိမ်တွင် ရေခပ်သည့် အလုပ်လုပ်သော အလုပ် သမားမှ မြင်တွေ့ ခဲ့ကြောင်း သိရှိ ရပါသည်။
အဆိုပါ အလုပ် သမားသည် ဒုချီရာတန်း ရွာရှိ ၎င်း၏ အိမ်သို့ ပြန်သွား ပြီးနောက် ရွာသား များကို လူ ၈ ဦးကို သတ်ဖြတ် ခြင်းနှင့် ပတ်သက်၍ အသိပေး ခဲ့သည်။ ဇန်န၀ါရီလ ၁၃ ရက်နေ့ ညနေ ၆ နာရီတွင် ရွာသား များသည် ရိုဟင်ဂျာ ၈ ဦးကို မြှပ်နှံ ထားသည့် မြောင်းကို တူးဖော်၍ ရှာဖွေရာ အလောင်း ၈ လောင်းကို ရှာဖွေ တွေ့ရှိ ခဲ့သည်။ ရှာဖွေ တွေ့ရှိသည့် အလောင်း များမှာ အပိုင်းပိုင်း ဖြစ်နေသည်ဟု သိရှိ ရပါသည်။ ရွာသား များက အလောင်း များကို ဗီဒီယိုဖြင့် မှတ်တမ်း တင်ပြီးနောက် အလောင်း တစ်လောင်းကို ရွာထဲသို့ သယ်ဆောင် သွားရာ လမ်းတွင် ခရေမြိုင် နတလ ရွာမှ ရခိုင် များက တွေ့ရှိ သွားပြီး၊ ဦးအောင်ဇံဖြူ ထံသွားရောက်၍ အကြောင်းကြား ခဲ့သည်။ ထို့နောက် ဦးအောင်ဇံဖြူနှင့် အဖွဲ့သည် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း ရှိရာ ရဲကင်း စခန်းသို့ သွားရောက်၍ ဆွေးနွေး တိုင်ပင် ခဲ့ကြသည်။ အပြစ်မဲ့ ရိုဟင်ဂျာ ၈ ဦးကို သတ်ဖြတ် ခဲ့သည့် ကိစ္စကို ဖုံးကွယ်ရန် လိုအပ်နေသည့် ဦးအောင်ဇံဖြူ၊ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းနှင့် အဖွဲ့ တို့သည် ဒုချီရာတန်း မွတ်စလင် ရွာသို့ သွားရောက်၍ ဦးအောင်ဇံဖြူ၏ အလုပ်သမားနှင့် အလောင်း ရှာဖွေရန် သွားသူ များကို ဖမ်းဆီးရန် ကြိုးစား ခဲ့ကြသည်။ ဖမ်းဆီးရန် ရှာဖွေ နေစဉ် အတွင်း အလောင်း ရှာရန် သွားသူ တစ်ဦး၏ ညီမကို မုဒိန်း ၀ိုင်းကျင့်ရာ မုဒိန်း ကျင့်ခံရသူ အမျိုးသမီးက ရွာသား များကို အော်ဟစ် အကူအညီ တောင်းခံမှုကြောင့် ရွာသား အများအပြား ရောက်ရှိ လာပြီး ရဲများ၊ ရခိုင်များ၊ ဦးအောင်ဇံဖြူ တို့နှင့် စကားများ ခဲ့ကြသည်။ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းမှ စကားများ နေစဉ် အချိန် အတွင်း သေနတ်ဖြင့် ပစ်ခတ်ရာ ရိုဟင်ဂျာ နှစ်ဦး ပွဲချင်းပြီး သေဆုံး ခဲ့ရသည်။ ထို့နောက် ရွာသား များက မတရား အနိုင်ကျင့်သည့် ရဲများကို ခုခံ တိုက်ခိုက်ရာ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း သေဆုံး သွားပြီး၊ ဦးအောင်ဇံဖြူနှင့် အဖွဲ့ ထွက်ပြေး သွားခဲ့ကြောင်း သိရှိ ရပါသည်။
ဇန်န၀ါရီလ ၁၄ ရက်နေ့ နံနက် ၁ နာရီ အချိန်တွင် မောင်တော ခရိုင် ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့ ရောက်ရှိ လာပြီး၊ အစပိုင်းတွင် မိုးပေါ်ထောင်၍ သေနတ် ပစ်ခဲ့ပြီး၊ နောက်ပိုင်းတွင် လူအုပ် ထဲသို့ တိုက်ရိုက် ပစ်ခတ်ရာ ၁၁ ဦး ပွဲချင်းပြီး သေဆုံး ခဲ့ရသည်။ သေဆုံးသူ များ၏ အလောင်း များကို ရဲတပ်ဖွဲ့ဝင် များက သယ်ဆောင် သွားပြီး ယခု အချိန်ထိ အလောင်းပြန် အပ်နှံခြင်း မရှိကြောင်း သိရှိ ရပါသည်။
နံနက်ပိုင်းတွင် စစ်တပ်မှ အကြီး အကဲများ၊ စစ်သားများ၊ ခရိုင် ရဲတပ်ဖွဲ့မှူး၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် များ၊ ခရိုင်နှင့် မြို့နယ် အုပ်ချုပ် ရေးမှူးများ ဒုချီရာတန်းသို့ ရောက်ရှိ လာပြီး ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းကို ရှာဖွေ ခဲ့သော်လည်း အသတ်ခံ ရသည့် အပြစ်မဲ့ ရိုဟင်ဂျာ များနှင့် ပတ်သက်၍ ပြောကြားခြင်း မရှိဟု ဒေသခံ များက RB News သို့ ပြောပါသည်။ ထို့အပြင် ဒုချီရာတန်း အရှေ့၊ အနောက်၊ တောင်နှင့် အလယ်ရွာ တို့မှ ရိုဟင်ဂျာ အမျိုးသမီးများ၊ အမျိုးသားများနှင့် သက်ကြီး ရွယ်အို များကို ဖမ်းဆီး၍ မောင်တောမြို့ ရဲစခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ ထိုသို့ အပြစ်မဲ့ များကို ဖမ်းဆီး နေမှုကြောင့် ဒုချီရာတန်း ရွာမှ ရိုဟင်ဂျာ အမျိုးသားများ ထွက်ပြေး တိမ်းရှောင် ကြပြီး၊ ရွာတွင် အမျိုးသမီး များနှင့် ကလေးများသာ ကျန်ခဲ့သည်။
စစ်တပ်နှင့် ရဲများက ဒုချီရာတန်းနှင့် ဂေါ်ဒူဆာရာ ရွာများရှိ အိမ်များကို တစ်အိမ် တက်ဆင်း ရှာဖွေ ခဲ့သည်။ ဒေသခံ များ၏ ပြောကြားချက် အရ ဒုချီရာတန်းတွင် အမျိုးသမီး အလောင်း ၁၂ လောင်းနှင့် အမျိုးသား အလောင်း ၃ လောင်း ထပ်မံ တွေ့ရှိကြောင်း သိရှိ ရသည်။ ရဲများနှင့် ရခိုင်များက အမျိုးသမီး အများ အပြားကို မုဒိန်းကျင့်ပြီး၊ ရင်သား များကို ဓါးဖြင့် ဖြတ်၍ အပိုင်းပိုင်း ခုတ်ခဲ့ကြောင်း၊ ၁၀၃ နှစ် အရွယ်ရှိ အဖွားအိုနှင့် မြေးနှစ်ယောက်ကို ရခိုင် များက ရဲများ ရှေ့တွင် ဓါးဖြင့် ထိုးသတ် သော်လည်း ဟန့်တားခြင်း မရှိ ခဲ့ကြောင်း ဒေသခံ များမှ ပြောပါသည်။
ကင်းချောင်း၊ ဗောဓိကုန်းနှင့် ခရေမြိုင် တို့မှ ရခိုင်များ ဒုချီရာတန်းနှင့် ဂေါ်ဒူဆာရာသို့ ၀င်ရောက် လာပြီး ရိုဟင်ဂျာ လူမျိုးများ ပိုင်ဆိုင်သည့် ပစ္စည်းများ၊ ကျွဲနွား များကို ယူဆောင် သွားခဲ့သည်။ လုံခြုံရေး တပ်ဖွဲ့ဝင် များက ဟန့်တားခြင်း မရှိသည့် အပြင် ကူညီ ဖေးမ၍ သယ်ဆောင် ပေးခဲ့ကြောင်း သိရှိ ရပါသည်။
ဇန်န၀ါရီ ၁၃ ရက်နေ့ ညမှ စ၍ အသတ် ခံရသူများ စာရင်း (အသတ်ခံ ရသည့် အပြစ်မဲ့ ရိုဟင်ဂျာ ၈ ဦး ဤစာရင်းတွင် မပါဝင်ပါ)
(၁) ဒေါ်မာရီယမ်ခါတူ (ဘ) ဦးဇော်မီရာ အူဒင် (အသက် ၁၀၃ နှစ်)
(၂) ဒေါ်ဇာဟီဒါ ဘေဂမ် (ဘ) ဦးအဟမတ်ဟူစိန်း (အသက် ၄၅ နှစ်)
(၃) မာမတ်ဆိုဟဲလ် (ဘ) ဦးဆော်လီမုလ္လာ (အသက် ၁၀ နှစ်)
(၄) ဒေါ်ဟူမီရာ (ဘ) ဦးအဒူရာဇတ် (အသက် ၃၅ နှစ်)
(၅) ဒေါ်မူဆနာ (ဘ) ဦးဆယဒ်အဟမတ် (အသက် ၄၀ နှစ်)
(၆) ဒေါ်နူရ်ဘေဂမ် (ဘ) ဦးဟိုရ်မူစ် (အသက် ၅၀ နှစ်)
(၇) ဒေါ်ဘေဂမ် (ဘ) ဦးမိုဟာမတ် (အသက် ၄၅ နှစ်)
(၈) အီစီဘေဂမ် (ဘ) ဦးဆယဒ်အဟမတ် (အသက် ၁၅ နှစ်) -- သုံးပိုင်းခုတ်ခံရ
(၉) အဘူဘကဲရ် ဆီဒိတ် (ဘ) ဦးအူမာရ် ဟမီးဒ် (အသက် ၂၀ နှစ်)
(၁၀) ဦးအဒူဆလာမ် (ဘ) ဦးအဒူရှကူရ် (အသက် ၆၀ နှစ်) - အဖမ်းခံ ရပြီးနောက် မောင်တောတွင် ကြိုးကွင်း စွပ်၍ သတ်ခံရ
(၁၁) ဒေါ်ဆေတာရာ (ဘ) ဦးအူမာရ်မျာ (အသက် ၃၄ နှစ်) -- တို့ဖြစ်သည်။
အထက်ပါ စာရင်း အပြင် ကလေးငယ် (၇) ဦး အသတ် ခံရပြီး၊ ၂ ဦးမှာ ဒေါ်မာရီယမ် ခါတူ၏ မြေးများ ဖြစ်ပြီး၊ ၂ ဦးမှာ ဒေါ်ဘေဂမ်၏ မြေးနှစ်ဦး ဖြစ်သည်။ ကျန်သည့် ကလေး ၃ ဦးမှာ ဦးနူရ် အစ္စလာမ်၏ သားသမီး ၃ ဦး ဖြစ်ကြောင်း သိရှိ ရပါသည်။
ပြင်းထန်စွာ ဒဏ်ရာ ရရှိသူ နှစ်ဦးမှာ --
(၁) ဦးကဘီရ် အဟမတ် (ဘ) ဦးဆယဒ် အာလမ် (အသက် ၂၅ နှစ်) - သေနတ်ဖြင့် ပစ်ခတ် ခံရ
(၂) ဒေါ်အမီနာ (ဘ) ဦးဟာဘီ အုလ္လာ (အသက် ၄၅ နှစ်) - ရိုက်နှက်၍ ခြေလက် ချိုးခံရ
ဒုချီရာတန်း ကျေးရွာတွင် ရိုဟင်ဂျာ တစ်ဦး တစ်ယောက်မှ မရှိတော့ဘဲ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင် နေရသည်။ အစပိုင်းတွင် အမျိုးသား များသာ တိမ်းရှောင် ခဲ့သောကြောင့် အမျိုးသမီး အများစုမှာ မုဒိန်းကျင့် ခံရခြင်း၊ ရိုက်နှက် ခံရခြင်းနှင့် အသတ်ခံ ရခြင်း များစွာ ရှိကြောင်း သိရှိ ရသည်။ အသတ်ခံ ရသူ အရေ အတွက် များပြား သော်လည်း ရွာထဲသို့ လူဝင် မခံသဖြင့် အသတ်ခံ ရသူများ၏ အမည် များကို စုံစမ်းရန် ခက်ခဲ လျက်ရှိသည်။
ဖမ်းဆီး ခံရသူများ ထဲမှ အမျိုးသား နှစ်ဦး၊ အမျိုးသမီး ၃ ဦးနှင့် ၁၀ နှစ်အရွယ်ရှိ ကလေး ၃ ဦး ပျောက်ဆုံး လျက်ရှိသည်။ နံနက်ပိုင်းတွင် ဖမ်းဆီး သွားသော အမျိုးသမီး များကို အာဏာပိုင် များက ဂေါ်ဒူဆာရာ ကျေးရွာ အုပ်ချုပ် ရေးမှူးသို့ လွှဲပြောင်း ပေးခဲ့ပြီး ဒုချီရာတန်းသို့ ပြန်မလွှတ်ရန် မှာကြား ခဲ့ကြောင်း သိရှိ ရသည်။
ဒုချီရာတန်း၏ ပတ်ဝန်းကျင်ရှိ ရွာများတွင် အာဏာပိုင် များက ဒုချီရာတန်းမှ တိမ်းရှောင် လာသူ များကို စာရင်း ပြုစု၍ အာဏာပိုင် များထံ အစီရင်ခံရန် ညွန်ကြားထား သည်ဟု သတင်း ရရှိပါသည်။
MYARF နှင့် Sindi Khan တို့မှ ဤသတင်း အတွက် အချက် အလက်များ စုဆောင်း ပေးသည်။
RB News
15.1.2014
မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း ဘဂုံးနား (ယခု - တပ်ဦးချောင်း) ကျေးရွာ အုပ်စု အတွင်းရှိ ဒေသခံ ရိုဟင်ဂျာ လူမျိုးများ ပိုင်ဆိုင်သည့် ဟင်းသီး ဟင်းရွက် စိုက်ခင်း များကို ခရမြိုင် နတလ ရွာမှ ရခိုင် အစွန်းရောက်များ ၀င်ရောက်၍ ဖျက်ဆီး ခဲ့ကြောင်း သတင်း ရရှိ ပါသည်။
ယနေ့ နံနက်ပိုင်းတွင် ခရေမြိုင် နတလ ကျေးရွာသား များဖြစ်ကြသည့် ရခိုင် အစွန်းရောက် ၅၀ ခန့်သည် ဘဂုံးနား ကျေးရွာ အုပ်စု အရှေ့ပိုင်းသို့ တုတ်များ၊ ဓါးများ ကိုင်ဆောင်ပြီး ၀င်ရောက် လာကာ ဒေသခံ ရိုဟင်ဂျာများ စိုက်ပျိုး ထားသည့် ဟင်းသီးဟင်းရွက် ခင်းများကို ဖျက်ဆီး ခဲ့သည်။ ထို့အပြင် ၎င်းတို့ မျက်စိ ရှေ့တွင် တွေ့သည့် ရိုဟင်ဂျာ များကို ရိုက်နှက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ဘဂုံးနား ကျေးရွာ အုပ်စုမှ ရိုဟင်ဂျာ များသည် ရခိုင် လူမျိုး များနှင့် ပြဿနာ ဖြစ်ရမည်ကို မလိုလား၍ ဟင်းသီး ဟင်းရွက် ခင်းများ ဖျက်ဆီးခြင်း၊ အနိုင်ကျင့် ရိုက်နှက်ခြင်း များကို ဘဂုံးနား လမ်းမပေါ်ရှိ ရဲကင်း စခန်းသို့ သွားရောက် အကြောင်းကြား ခဲ့သည်။ သို့သော်လည်း တာဝန်ကျ ရဲများမှ အရေးယူ ဆောင်ရွက်ခြင်း မရှိသည့် အပြင်၊ စုံစမ်း စစ်ဆေးမှုပင် မပြုလုပ် ခဲ့ကြောင်း သိရှိ ရပါသည်။
ခရမြိုင် နတလ ကျေးရွာမှ ရခိုင် အစွန်းရောက် များသည် ဘဂုံးနား ရွာသို့ ၀င်ရောက်ပြီး ရိုဟင်ဂျာ လူမျိုး များ၏ စိုက်ခင်းများ ဖျက်ဆီးခြင်းကို မကြာခဏ ပြုလုပ်လေ့ ရှိပြီး၊ ယခု အခါ မောင်တော မြို့တွင် တည်ငြိမ် အေးချမ်းမှု ယိုယွင်း လာသောကြောင့် မလိုအပ်သည့် ပြဿနာ များတက်လာ မည်ကို ဒေသခံ များက စိုးရိမ်လျက် ရှိကြောင်း ဒေသခံ များမှ ပြောပါသည်။
ရေးသားသူ - ယျာတင် (MYARF)
RB ကဗျာ
15.1.2014
အမေသို့ တမ်းချင်း
စုံလင်သော မိသားစုဝင်တွေ
အိမ်နန်းရဲ့ တစ်နေရာမှာ
တစ်ဝိုင်းတည်း ထိုင်ပြီး
မြိန်ရှက်စွာ စားပျော်ခဲ့တဲ့ အခိုက်လေးကို
သတိရတဲ့အခါ ... ။
မိုးမလင်းခင်တည်းက
အမေတစ်ယောက် အလုပ်ရှုပ်
သားတို့အိပ်ရာထဲမှာ မလှုပ်
ကျောင်းတက်ချိန် နီးလာတော့
သားတို့ကို လာလှုပ်နိုးပြီး
ပင်ပင်ပန်းပန်း အမေတစ်ယောက်တည်း
ပြင်ဆင်ခဲ့တဲ့ စားစရာပူပူလေးတွေ
သားတို့အား ကျွေးမွေးရင်း
အမေပီတိဖြစ် ပြုံးပျော်ခဲ့တာတွေ
သတိရတဲ့အခါ ... ။
အဖေက ဆိုင်သွား
အစ်ကိုအစ်မတွေ ကျောင်းသွား
ညီမက အမေနှင့်နီးရာ
အချိန်တန်တော့
ကိုယ့်အလုပ် ကိုယ်လုပ်ပြီး
ပင်ပန်းစွာနဲ့ အိမ်ပြန်လာချိန်
အမေ့ မျက်နှာမှာ အပြုံးပန်းတွေ ပန်ရင်း
နွေးထွေးစွာ ကြိုဆိုခဲ့တာတွေ
သတိရတဲ့အခါ ... ။
နွေရာသီ၏ ပူအိုက်မှုဒဏ်
မိုးရာသီ၏ စိုစွတ်မှုဒဏ်
ဆောင်းရာသီ၏ အေးမြမှုဒဏ်
ဘယ်ဒဏ်ကိုမှ မမှုရ
အမေ့ရဲ့ hot & cool ရင်ခွင်ထဲ တိုးဝင်ရင်း
တစ်မှိတ်လောက် မှေးစက်ခွင့် ရခဲ့ရင်ဘဲ
အရာရာ မေ့ပျောက်သွားတတ်
အိပ်ရာဝင်တိုင်း ပြောခဲ့တဲ့
ပုံပြင်လေး တစ်စွန်း တစ်စကို
သတိရတဲ့အခါ ... ။
အကြမ်းဖက်သမား တွေရဲ့ ရက်စက်မှု
လူမဆန်တဲ့ ပြုကျင့်မှုတွေ နာကျင်စွာ အံတုရင်း
သားတို့ အသက်ရှင်ရေး
အမေ့အသက်ကို အကြမ်းဖက်သူလက်ထဲ
ပေးဆပ် စတေးလိုက်ရတဲ့
အခိုက်လေးကို
မြင်ယောင်မိတဲ့အခါ ... ။
အမေရေ ... အခုတော့
အမေ့ အပြုံးတွေ မြင်နိုင်ခဲ့တဲ့ဘဝ
အမေ့ hot & cool ရင်ခွင်ထဲ
မှေးစက်ခွင့် ဆုံးရှုံးသွားတဲ့ဘဝ
ဥကွဲသိုက်ပျက်နေတဲ့ ဘ၀မျိုးမှာ
စိတ်အနာ ကိုယ်အနာ များစွာနဲ့
အောက်စီဂျင်တွေ မ၀တ၀ရှုရှိုက်ရင်း
အပီပြင်ဆုံး ဒုက္ခသည်အဖြစ်
အလူးအလိမ့် ခံနေရရင်း
အထီးကျန်စွာ ဖြတ်သန်းနေတဲ့
နေ့ရက်တွေကို ကျောခိုင်းပြီး
တမလွန် အမေ့ဆီ
သားအမြန် ရောက်ချင်လွန်းနေပါပြီ ... ။
*** အမေ့များနေ့ အတွက် အမှတ်တရ ခံစား ရေးဖွဲ့သည်။
Sindi Khan
RB News
15.1.2014
မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ် အတွင်းရှိ ကျောင်းအချို့တွင် ဆရာ/မ များက ကျောင်းသား/သူ များကို ၎င်းတို့ထံ ကျူရှင် တက်ရန် ဖိအားပေး လျက်ရှိပြီး၊ မတက်သည့် ကျောင်းသား/သူ များကို စာမေးပွဲ ကျအောင် လုပ်မည်ဟု ခြိမ်းခြောက် လျက်ရှိကြောင်း သတင်း ရရှိပါသည်။
မောင်တော မြို့နယ်၊ မြို့မတောင် ရပ်ကွက်ရှိ အထက်တန်း ကျောင်းခွဲတွင် အထက်တန်း ပြဆရာမ ဒေါ်မေမေခိုင်သည် န၀မတန်း၌ ပညာ သင်ကြား နေသော ကျောင်းသား/သူ များကို ၎င်းထံ ကျူရှင် မတက်ပါက စာမေးပွဲ ကျရှုံးအောင် ပြုလုပ်မည်ဟု ခြိမ်းခြောက်၍၊ ၄ ဘာသာ ကျူရှင် အတွက် ငွေကျပ် ၁၈၀၀၀ ပေးရမည်ဟု ပြောဆို ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ အလားတူ အဆိုပါ ကျောင်းမှ ဆဌမတန်း အတန်းပိုင် ဆရာ ဖြစ်သူ ဦးမောင်ဖြူက ရိုဟင်ဂျာ ကျောင်းသား/သူ များကို ၎င်းထံ ကျူရှင် တက်ရန် အတင်း အကျပ် ပြောဆိုပြီး၊ ကျူရှင် မတက်သူ များကို အပြစ်မရှိ အပြစ်ရှာ၍ ကိုယ်ထိ လက်ရောက် ရိုက်နှက် နှိပ်စက်မှုများ ပြုလုပ် လျက်ရှိကြောင်း သိရှိ ရပါသည်။ ထိုကဲ့သို့ ကိုယ်ထိ လက်ရောက် ရိုက်နှက်မှု များကြောင့် ကျောင်းသား/သူ များ၏ မိဘများ မကျေမနပ် ဖြစ်လျက် ရှိသော်လည်း နိုင်ငံတော် ဥပဒေက ရိုဟင်ဂျာ လူမျိုး များကို ကာကွယ် မပေးသည့် အတွက် သည်းခံ နေရသည်ဟု ကျောင်းသား မိဘ တစ်ဦးက ပြောပါသည်။
အထက်တန်းပြ ဆရာမ ဒေါ်မေမေခိုင်သည် ကျောင်းသား/သူ များကို ဆက်ဆံရာ တွင်လည်း လူမျိုးရေး အရ ခွဲခြား ဆက်ဆံခြင်း များပြုလုပ်သည့် အပြင်၊ ကျောင်းသား/သူ များကို ၎င်းထံ ကျူရှင် တက်ရန် အမြဲတစေ ဖိအား ပေးလျက် ခြိမ်းခြောက် နေသည်ကို ကျောင်း ယာယီ တာဝန်ခံ ဒေါ်မကြည်သိန်းက သိသော်လည်း မသိချင် ဟန်ဆောင် နေသည်ဟု ဆိုသည်။
မောင်တော မြို့နယ်၊ ကညင်တန်း ကျေးရွာရှိ အထက်တန်း ကျောင်းမှ န၀မတန်း ကျောင်းသား/သူ များကိုလည်း ကျောင်းအုပ်ကြီး ဦးကျော်ဇော်ထွန်း ဦးစီး၍ ဆရာမ ဒေါ်ခင်ထွေးနှင့် ဒေါ်မိမိလှိုင် တို့က ၎င်းတို့ထံ ကျူရှင် တက်ရန် အတင်း အကျပ် ပြုလုပ် လျက်ရှိပြီး၊ ကျောင်းတွင် စာသင်ကြား ပေးရာတွင် အရည် အချင်း မပြည့်ဝသည့် ပမာ ညံ့ဖျင်းမှု များရှိနေခြင်း ကြောင့် ကျောင်းသား/သူ များ၏ မိဘများက အလွန် စိတ်ပျက် လျက်ရှိကြောင်း သိရှိ ရပါသည်။
RB News
14.1.2014
မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ ဒုချီရာတန်း အရှေ့ရွာမှ ရိုဟင်ဂျာ အမျိုးသမီး တစ် ဦးကို ရဲများနှင့် ရခိုင် လူမျိုး ၁၀ ဦးခန့်က ၀ိုင်း၍ မုဒိန်းကျင့်၊ ရိုဟင်ဂျာ လူမျိုးများ ပိုင်ဆိုင်သည့် ပစ္စည်း များ လုယက်ရာမှ ရုန်းရင်း ဆန်ခတ် ဖြစ်ပွား ခဲ့ပြီးနောက် ရဲတစ်ဦး၊ ရိုဟင်ဂျာ နှစ်ဦး သေဆုံး ခဲ့ရပြီး၊ အပြစ်မဲ့ ရိုဟင်ဂျာ လူမျိုး ၂၀၀ ကျော် ဖမ်းဆီး ခံရကြောင်း သတင်း ရရှိ ရပါသည်။
ဇန်န၀ါရီလ ၁၃ ရက်နေ့ ည ၁၁ နာရီခန့်တွင် မောင်တော မြို့နယ်၊ ဒုချီရာတန်း အရှေ့ရွာသို့ ရဲတပ်ကြပ် ကြီး အောင်ကျော်သိန်းနှင့် ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ ရွာအုပ်ချုပ် ရေးမှူး ဦးအောင်ဇံဖြူနှင့် ရခိုင် လူမျိုး ၅ ဦးတို့ ၀င်ရောက်၍ ရိုဟင်ဂျာ လူမျိုးများ ပိုင်ဆိုင်သည့် ပစ္စည်းများ လုယက်ပြီး၊ ရိုဟင်ဂျာ အမျိုးသမီး တစ်ဦးကို လူ မဆန်စွာ ၀ိုင်းဝန်း၍ မုဒိန်းကျင့် ကြရာ၊ မုဒိန်းကျင့် ခံရသည့် အမျိုးသမီးနှင့် လုယက် ခံရသူများ ၏ အော် ဟစ် အကူအညီ တောင်းခံမှုကြောင့် ဒေသခံ ရွာသားများ ရောက်ရှိ လာပြီး၊ လုယက် မုဒိန်းကျင့်သည့် အဖွဲ့ နှင့် ရုန်းရင်း ဆန်ခတ် ဖြစ်ပွားခဲ့သည်။ ရုန်းရင်း ဆန်ခတ် ဖြစ်ပွားရာတွင် မုဒိန်းကျင့် ခံရသည့် ရိုဟင်ဂျာ အမျိုးသမီး၊ ရိုဟင်ဂျာ အမျိုးသား တစ်ဦးနှင့် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းတို့ သေဆုံး ခဲ့ရကြောင်း ဒေ သခံ တစ်ဦးက RB News သို့ ပြောပါသည်။
ညပိုင်းတွင် ရိုဟင်ဂျာ အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၃ ဦးတို့ကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ပြီး၊ ယနေ့ နံနက်ပိုင်းတွင် စစ်တပ် အင်အား ၂၀၀ ကျော်၊ လုံထိန်း ၂၀၀ ကျော်နှင့် ရဲတပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော် တို့က ဒုချီရာတန်း (ကိလာဒေါင်)၊ ဂေါ်ဒူဆာရာ အပါအ၀င် အနီးအနားရှိ ရွာ ၅ ရွာကို ၀ိုင်း၍ ကလေး၊ အမျိုးသား၊ အမျိုးသမီးနှင့် သက်ကြီး ရွယ်အို ၂၀၀ ကျော်ကို ကားကြီး ၃ စီးပေါ် တင်ဆောင်၍ ဖမ်းဆီး သွား ခဲ့ကြောင်း သိရှိ ရပါသည်။
လူမဆန်သည့် လုယက် မုဒိန်းကျင့် သည့်အဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံး သွားခဲ့ရသော ရိုဟင်ဂျာ အမျိုး သမီးနှင့် အမျိုးသား တို့၏ အလောင်း များကို ရခိုင်ရွာသို့ သယ်ဆောင် သွားခဲ့ကြပြီး၊ ပြန်လည် အပ်နှံခြင်း မရှိသေးကြောင်း သိရှိ ရသည်။ ဒုချီရာတန်း အပါအ၀င် ရွာ ၅ ရွာကို စစ်တပ်နှင့် ရဲများ ၀ိုင်းပြီးနောက်၊ ရခိုင် ရွာ များမှ ရခိုင်များ ၀င်ရောက် လာပြီး ရိုဟင်ဂျာ လူမျိုးများ ပိုင်ဆိုင်သည့် ပစ္စည်းများ၊ ကျွဲနွား များကို လု ယက်၍ ယူဆောင် သွားခဲ့ကြောင်း ဒေသခံ များမှ ပြောပါသည်။
Sindi Khan
RB News
13.1.2014
မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ ကျီးကန်းပြင် ကျေးရွာ အုပ်စုတွင် ယခင် နစက ဌာနချုပ် နေရာ၌ အစားထိုး ရောက်ရှိ လာသော လုံထိန်း တပ်ရင်းမှ မောင်တော - ကြိမ်ချောင်း ကား လမ်းမ ပေါ်ရှိ စစ်ဆေးရေး ဂိတ်ကြီး၏ တောင်ဘက် မနီးမဝေး တွင်ရှိသော ဘုရားကုန်းနှင့် ကပ် လျက် ဆောက်ထား သော အိမ်ထောင် သည်လိုင်းသို့ သွားသည့် လမ်းတစ်လမ်း ဖောက်လုပ် ထားသည်။ ၎င်းလမ်း အ၀တွင် မသက်ဆိုင်သူ များအ၀င် အထွက် မလုပ်နိုင်ရန် အတွက် ကင်းစခန်း တစ်ခု ပြုလုပ် ထားသည်။
အဆိုပါ ကင်းစခန်းမှ တာဝန်ကျ လုံထိန်းရဲ များသည် ခြေလျင် လျှောက်သွား သူများ၊ စက်ဘီး စီးသွားသူ များကို နေ့စဉ် ရက်ရက် စက်စက် ကိုယ်ထိ လက်ရောက် ရိုက်နှက်မှု များပြုလုပ် နေကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ကိုယ်ထိ လက်ရောက် စော်ကားရန် အကြောင်း ပြချက် မရှိသော် လည်း ကင်းစခန်း ရှေ့မှ စက်ဘီး စီးသွားသည်ကို အကြောင်း ပြချက်၍ ရိုက်နှက် နေ ခြင်း ဖြစ်သည်။ ရခိုင် လူမျိုး ဗုဒ္ဓဘာသာဝင်များ စက်ဘီးစီး၍ ဖြတ်သွား လျက်ရှိသော်လည်း မည်သည့် ပြဿနာမှ မ ရှိကြောင်း ဒေ သ ခံ များမှ ပြောပါသည်။
အဆိုပါ လူမဆန်သည့် လုံထိန်းရဲ များ၏ ရိုက်နှက်မှု များကို ခံရသူ အချို့မှာ --
(၁) ဦးအဘူဆီဒိတ် (ဘ) ဦးဟာလာမျာ (ကျီးကန်းပြင်၊ ၀ါပိတ်ရွာမှ)
- ရိုက်ခံရသည့် အချိန် - ဇန်န၀ါရီလ ၆ ရက် နေ့လည် ၁း၃၀ နာရီ
(မျက်နှာကို လက်သီးဖြင့် အကြိမ်ကြိမ် ထိုးခံရသဖြင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့)
(၂) မာမတ် အာမီးန် (ဘ) ဦးမာမတ် အစ္စလာမ် (ကျီးကန်းပြင်၊ ၀ါပိတ်ရွာမှ)
(အသက် ၁၁ နှစ် အရွယ်၊ ၅ တန်းကျောင်းသား)
(၃) အုစ်မာန် (ဘ) ဦးဒိလ်မာမတ် (ကျီးကန်းပြင်၊ ၀ါပိတ်ရွာမှ)
(အသက် ၁၇ နှစ် အရွယ်၊ ၈ တန်းကျောင်းသား)
(၄) ဆူဖီယာန် (ဘ) ဦးအဒူကရီးမ် (ကျီးကန်းပြင်၊ ၀ါပိတ်ရွာမှ)
(အသက် ၁၈ နှစ် အရွယ်၊ ၈ တန်းကျောင်းသား)
(၅) မာမတ်အာမီးန် (ဘ) ဦးအဒူရဟီးမ် (ကျီးကန်းပြင်၊ ၀ါပိတ်ရွာမှ)
(အသက် ၁၇ နှစ် အရွယ်၊ ၉ တန်းကျောင်းသား)
အထက်ပါ အမှတ် (၂) မှ (၅) ကျောင်းသား များကို ဇန်န၀ါရီလ (၇) ရက်နေ့ နံနက် ၁၀း၃၀ နာရီ အချိန်တွင် ကင်းစခန်း ရှေ့မှ စက်ဘီး စီးသွားသည်ဟု ဆို၍ လူမဆန်စွာ ရိုက်နှက် ခံရခြင်း ဖြစ်ကြောင်း သိရှိ ရပါသည်။
RB News
13.1.2014
မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်တွင် ကုန်သည်ကြီး များအသင်းက ခရိုင် အုပ် ချုပ် ရေးမှူး၏ အမိန့် အာဏာဖြင့် ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေဟု ဆိုကာ အသင်းသား တစ်ဦး ထံမှ ငွေကျပ် ၅၀၀၀ စီကောက်ခံ လျက်ရှိသည်။ ၂၀၁၄ ခုနှစ် အတွက် သက်တမ်း တိုးသည့် အသင်းသား များထံမှ ကုန် သည်ကြီး များအသင်း ရန်ပုံငွေ ၄၀၀၀ ကျပ်နှင့် ခရိုင် အုပ်ချုပ် ရေးမှူး ရန်ပုံငွေ ၅၀၀၀ ကျပ် - ပေါင်း ၉၀၀၀ ကျပ်စီ ကောက်ခံ လျက်ရှိပါသည်။
ကုန်သည်ကြီး များအသင်းကို လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်ကတည်းက ဗဟို ဦးစီး စနစ်ဖြင့် အုပ် ချုပ် နေပြီး၊ ရိုဟင်ဂျာ လူမျိုးများ ဒုက္ခ ရောက်အောင် ဖန်တီး၍ ဖွဲ့စည်း ထားသည့် အသင်း ဖြစ်သည်။ ရိုဟင် ဂျာလူမျိုး တစ်ဦးတစ်ဖက် နိုင်ငံသို့ သွားရောက်၍ အရေးပေါ်ဆေးကုသရန် လိုအပ်ပါက ပထမဦးစွာ ကုန်သည် ကြီး များအသင်း ၀င်ရန် လိုအပ်ပြီး၊ အသင်းဝင် ကြေး ၁၉၀၀၀ ကျပ် ပေးဆောင် ရသည်။ ထို့နောက် လ၀က သို့ ငွေကျပ် ၅၀၀၀ ကို (၇) ရက် နိုင်ငံကူး လက်မှတ် အတွက် ပေးဆောင် ရပြီး၊ ကလေး တစ်ဦး အတွက် ၄၀၀၀ ကျပ်နှင့် စက်လှေခ ၄၅၀၀ ကျပ်ပေး၍ သွားရသည်။
မောင်တော မြို့နယ် အတွင်း လမ်းပန်း ဆက်သွယ်ရေး တံတား၊ သောက်ရေကန်၊ ရေတွင်း၊ ရေတုံကင် တို့ကို ခရိုင်၊ မြို့နယ်၊ ကျေးလက် စည်ပင် သာယာရေး အဖွဲ့မှ တာဝန်ယူ လုပ်ကိုင် ဆောင်ရွက် လျက်ရှိပြီး၊ စည်ပင် သာယာရေး အတွက် လိုအပ်သည့် ဘက်ဂျက်ကို ပြည်ထောင်စု အစိုးရ၊ ပြည်နယ် အစိုးရမှ ချပေး လျက်ရှိသည်။ ကုန်သည်ကြီး များအသင်းက နှစ်စဉ် အသင်းဝင် များထံမှ နှစ်စဉ်ကြေး သိန်းထောင်ကျော် ရ ရှိ နေသော်လည်း၊ ထိုငွေများကို မည်သည့် နေရာတွင် သုံးစွဲ နေသည်ကို စာရင်း ရှင်းလင်းခြင်း မရှိကြောင်း သိရှိ ရပါသည်။ ဒေသ ဖွံ့ဖြိုးရေး အတွက် ငွေကြေး ကောက်ခံရန် အစိုးရမှ ညွန်ကြား ထားခြင်း မရှိသော် လည်း မိမိတို့၏ ကိုယ်ကျိုး အတွက် အလွှဲသုံးစား ပြုလုပ်ရန် ကောက် ခံ နေခြင်း သာ ဖြစ် သည် ဟု ဒေသ ခံ များက RB News သို့ပြောပါသည်။
ကုန်သည်ကြီး များအသင်းသည် အစိုးရ ဌာန ဖြစ်သည့် လ၀က ၏အထက်တွင် ရှိပြီး၊ ၎င်း၏ ထောက်ခံ မှု ဖြင့်သာ လ၀ကမှ နယ်စပ် ဖြတ်ကျော်ခွင့် လက်မှတ် ထုတ်ပေး လျက်ရှိသည်။ လ၀ကသို့ နိုင်ငံကူး လက် မှတ် အတွက် ငွေကျပ် ၅၀၀၀ ပေးနေ ရသော်လည်း အစိုးရ သတ်မှတ်နှုန်းမှာ ငွေကျပ် ၅၀ သာဖြစ်ပြီး၊ ထို ၅၀ ကျပ်ကို ဘဏ်သို့ ပေးသွင်း ရသည်။
တစ်ဖက် နိုင်ငံသို့ သွားသည့် စက်လှေ ကိုလည်း ခရိုင် အုပ်ချုပ် ရေးရုံးမှ တစ်ဦးတည်း ကိုယ်စားလှယ် ယူထားပြီး၊ ထိုမှ တဆင့် တစ်ပတ်လျှင် မောင်လှမြိုင်မှ နှစ်ရက်၊ ဦးလှရွှေမှ နှစ်ရက်၊ လောင်းဒုံးမ နှစ်ရက်နှင့် သတင်း တပ်ဖွဲ့မှ တစ်ရက်စီ ပြေးဆွဲ ပေးလျက် ရှိသည်။ စက်လှေခ ၄၅၀၀ ဖြင့် နေ့စဉ် ခရီးသည် ၈၀ မှ ၁၀၀ ထိ ပို့ဆောင် ပေးလျက် ရှိပြီး၊ ရရှိသည့် ၀င်ငွေ များကို အစိုးရသို့ ပေးသွင်းခြင်း မရှိဘဲ အာဏာပိုင် များမှ ကိုယ်ကျိုး အတွက် သုံးစွဲ နေသည်ဟု ခန့်မှန်း ရသည်။
ဒေသခံ များက ကုန်သည်ကြီး များအသင်း၏ ခေါင်းပုံဖြတ် ကိုယ်ကျိုး အတွက် ကောက်ခံ နေသည် များကို ရပ်တန့် ပေးရန်၊ ဒီမိုကရေစီ နည်းစနစ်နှင့် အမှုဆောင် များကို ရွေးချယ် ပေးရန် နိုင်ငံတော် အစိုးရ ကို တောင်းဆိုကြောင်း၊ ခရိုင်နှင့် မြို့နယ် အုပ်ချုပ် ရေးမှူး များ၏ ကိုယ်ကျိုး အတွက် ကောက် ခံ နေခြင်း များကိုလည်း ရပ်တန့် ပေးရန် တောင်းဆိုကြောင်း ပြောပါသည်။
လွှတ်တော် ကိုယ်စားလှယ် တစ်ဦးစီမှ ဒေသ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ကျပ်သိန်း ၁၀၀၀ ဘက် ဂျက် ပေးထား သဖြင့် ယခု ကဲ့သို့ ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေ ကောက်ခံ နေခြင်းကို ရပ်တန့် ပေးရန် လို အပ်ကြောင်း ဒေသခံ များမှ ပြောပါသည်။
သန္နိဌာန်
ရေးသားသူ - ယျာတင် (MYARF)
RB ကဗျာ
12.1.2014
နေ့ထူးနေ့မြတ် အခါသမယာ
ကျရောက်လာပြီ ဇန္နဝါရိလ (၃)ရက် ...
ကျွန်နင်းခံဘဝမှ လွှတ်မြောက်နိုင်ဖို့ 
ဤလိုနေ့ထူး နှစ်စဉ်ကျင်းပ
ဆုတ်ယုတ်နေသော မတူစိတ်များ
ပြန်စုစည်းပြီး အားတွေပွားကြ ...။
အမာရွက်နှင့် စိတ်နှလုံးရှင်များ
မတူအတွေး တစ်ကိုယ်အတ္တ
ဆက်မထားဘဲ ဘေးဖယ်ထားကြ ...
သင့်နှင့်ငါ့လက် ခိုင်မြဲတွဲပြီး
တူရာပန်းတိုင် ရောက်အောင်လျှောက်မည် ...
အောက်ကျနေသော စိတ်ဓါတ်ခွန်အား
ပြန်လည်မွေးရင်း ဦးမော့ပြမည် ....
ဘုံရည်မှန်းချက် ခိုင်မာစိတ်နှင့်
ဖိနှိပ်သူအား တော်လှန်ကြမည် ...
ဖိနှိပ်ခံဆုံး ဂုဏ်ပြုခံရ
နှိပ်စက်မှုအောက် ဒူးထောက်နေရ
မျက်ရည်စက်နှင့် ခေါင်းငုံနေရ
ထိုဘဝမှ လွှတ်မြောက်
လူသားလိုဘဝနဲ့ နေနိုင်ဖို့ရာ
ရိုဟင်ဂျာ တစ်မျိုးသားလုံးရဲ့ ရင်ထဲကဆန္ဒမို့
တစ်မျိုးသားလုံး သွေးစည်း
စုစည်းအားတွေမွေးရင်း
၂၀၁၄ ခုနှစ် ဇန်နဝါရီလ (၃) ရက် ရိုဟင်ဂျာ အမျိုးသားနေ့ကို ဂုဏ်ပြု ရေးဖွဲ့ ပါသည်။
RB News
11.1.2014
မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော ခရိုင် အတွင်း နေထိုင်သော စစ်တွေ တက္ကသိုလ်မှ ကျောင်းသား/သူ များကို စစ်တွေ တက္ကသိုလ်တွင် ပညာ ဆက်လက် သင်ကြားခွင့်ကို ရပ်စဲ လိုက်ပြီး၊ ကျောင်းသား/သူ များကို အဝေးသင် တက္ကသိုလ်သို့ ပြောင်းလဲ၍ သင်ကြားရန် ညွန်ကြား ခဲ့ကြောင်း သတင်း ရရှိပါသည်။
မောင်တော ခရိုင် အတွင်းရှိ တက္ကသိုလ် ၀င်တန်း အောင်မြင်သူ များနှင့် စစ်တွေ တက္ကသိုလ်တွင် ပညာ သင်ကြား နေသော ကျောင်းသား/သူ တစ်ထောင်ကျော် ရှိသည်။ ပညာ သင်ကြား နေသူ များမှာ ၂၀၁၂ ခုနှစ် ဇွန်လမှ စ၍ ပညာ သင်ကြားခွင့် မရရှိတော့သည့် အတွက် ရခိုင် ပြည်နယ် အစိုးရနှင့် ပညာရေး ဌာန များသို့ လွန်ခဲ့သည့် ၃ လ ခန့်က ပညာ ဆက်လက် သင်ကြားခွင့် ရရန် ကျောင်းသား/သူ များမှ စာရေးသား ခဲ့သည်။
ဇန်န၀ါရီလ (၈) ရက်နေ့တွင် မြို့နယ် အုပ်ချုပ် ရေးမှူးရုံးမှ အကြောင်း ပြန်စာ များကို ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ် ရေးမှူး များမှ တဆင့် ပေးပို့ရာတွင် တက္ကသိုလ် ပညာ သင်ကြား နေသော ကျောင်းသား/သူ များကို ကျောင်းမှ ရပ်စဲ လိုက်ပြီ ဖြစ်ကြောင်း၊ အကယ်၍ ပညာ သင်လိုပါက အဝေးသင် တက္ကသိုလ်သို့ ပြောင်းလဲ၍ သင်ကြားရန် လိုကြောင်း ရေးသား၍ ပြန်ကြား ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။
၂၀၁၂ ခုနှစ် ဇွန်လမှ စ၍ ရိုဟင်ဂျာ ကျောင်းသား/သူ များမှ စစ်တွေ တက္ကသိုလ်တွင် ပညာ သင်ကြားခွင့် မရတော့ဘဲ၊ ယခုမှ အဝေးသင် တက္ကသိုလ်သို့ ပြောင်းလဲရန် ညွန်ကြား လိုက်သော်လည်း၊ အဝေးသင် တက္ကသိုလ် ဖွင့်မည့် နေ့ရက်ကို အကြောင်း ကြားခြင်း မရှိသေးကြောင်း သိရှိ ရပါသည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ရိုဟင်ဂျာ လူမျိုး များ၏ ပညာရေးကို မြှင့်မားအောင် ပြုလုပ် ပေးရမည်ဟု မိန့်ခွန်းတွင် ထည့်သွင်း ပြောကြား ခဲ့သော်လည်း၊ အမှန် တကယ်တွင် လက်ရှိ ရှိသည့်ထက် ပိုမို နိမ့်ကျ သွားအောင် တမင် ရည်ရွယ်၍ ပြုလုပ် နေသည်ကို လေ့လာ တွေ့ရှိ ရပါသည်။
ကျောင်းသား/သူများ၊ ၎င်းတို့၏ မိဘ များက လွန်စွာ ၀မ်းနည်းလျက် ရှိပြီး၊ ဤကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတတွင် အထူး တာဝန်ရှိကြောင်း၊ ကျောင်းသား/သူများ ယခင်က ကဲ့သို့ စစ်တွေ တက္ကသိုလ်တွင် ပညာ ဆက်လက် သင်ကြား နိုင်ရန် စီစဉ် ပေးရန် လိုကြောင်း ပြောပါသည်။
![]() |
| မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell |
ဒေါ်လှလှသန်း
11.1.2014
၂၀၁၅ ရွေးကောက်ပွဲ မကျင်းပမှီ ၂၀၀၈ ခုနှစ်က ပြဋ္ဌာန်း အတည်ပြု ခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင် ပေးဖို့ မြန်မာ ပြည်တွင်းမှာ ပြောဆို ချက်တွေ တနေ့ တခြား တိုးလာ နေတာနဲ့ အမျှ ရန်ကုန်မှာ ရှိတဲ့ အမေရိကန် သံအမတ်ကြီး Derek Mitchell ကလည်း သူ့ရဲ့ ဆန္ဒကို ထုတ်ဖော် ထောက်ခံ လိုက်ပါတယ်။ အလားတူပဲ အမေရိကန် နိုင်ငံခြားရေး ဌာန ကလည်း ခေတ်မှီ ဒီမိုကရေစီ နိုင်ငံကြီး အပြည့် အဝ ဖြစ်လာ စေဖို့ လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ မြန်မာ အစိုးရကို တိုက်တွန်း လိုက်ပါတယ်။ အကြောင်းစုံ ကို ဒေါ်လှလှသန်း က တင်ပြ ပေးထား ပါတယ်။
မြန်မာ နိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell က အရင် မြန်မာ စစ်အစိုးရ လက်ထက် ၂၀၀၈ ခုနှစ်က အတည်ပြု ခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ သမ္မတ အရည် အချင်းကို ကန့်သတ် ထားတဲ့ ပုဒ်မ ၅၉ (စ) ဟာ အတိတ်က လက်ကျန် အမွေဟောင်း တရပ် ဖြစ်တယ်လို့ တင်စား ခေါ်ဝေါ် လိုက်ပြီး ပြောင်းလဲဖို့ ထောက်ခံ လိုက်တာ ဖြစ်ပါတယ်။
အဲ့ဒီ့ ပုဒ်မမှာ မြန်မာ နိုင်ငံ သမ္မတရဲ့ အရည် အသွေး တွေကို သတ်မှတ် ချက်တွေ အနက် တခု ကတော့ သမ္မတ ဖြစ်သူရဲ့ ဇနီး၊ ဒါမှ မဟုတ် ခင်ပွန်း၊ ဒါမှ မဟုတ် သားသမီး တွေဟာ နိုင်ငံခြား သားတွေ မဖြစ်ရ ဘူးလို့ ကန့်သတ် ထားတာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်း စုကြည်ရဲ့ ခင်ပွန်း ဗြိတိန် နိုင်ငံသား Michael Aris ဟာ ကင်ဆာ ရောဂါနဲ့ ကွယ်လွန် နေပြီ ဖြစ်ပေမဲ့ လို့လည်း သူ့ရဲ့ အရွယ်ရောက် သားနှစ်ဦး ဖြစ်တဲ့ Kim နဲ့ Alexander တို့ကတော့ နိုင်ငံခြား သားတွေ ဖြစ်ကြ ပါတယ်။ ဒါကြောင့် ၂၀၁၅မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ အနိုင် ရရင် တောင်မှ လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မပြင်ဆင် နိုင်ရင် ဥက္ကဋ္ဌ ဖြစ်သူ ဒေါ်အောင်ဆန်း စုကြည် အနေနဲ့ သမ္မတ ဖြစ်လာ နိုင်မှာ မဟုတ် ပါဘူး။
ဒီလိုမျိုး ကန့်သတ် ချက်ဟာ ၁၉၄၇ ခုက ဖြစ်ခဲ့ရင် ဒါမှ မဟုတ် ၁၉၇၄ ခုနှစ် အထိတောင်မှ အတည် ဖြစ်ခဲ့ရင် သူ့အနေနဲ့ နားလည် နိုင်ပေမဲ့ လို့လည်း ၂၁ ရာစုမှာ ဒီမိုကရေစီ နည်းအရ ချီတက် နေတဲ့ ပြုပြင် ပြောင်းလဲရေး ဖော်ဆောင် နေတဲ့ မြန်မာ နိုင်ငံဟာ ကမ္ဘာကြီးနဲ့ ရင်ဘောင်တန်း နိုင်ဖို့ ကြိုးစား ရာမှာ ဒီလို နိုင်ငံခြားနဲ့ ဆက်သွယ် မှုကို စိုးရိမ်မှုဟာ အတိတ်က အမွေဟောင်း တရပ် ဖြစ်တယ်လို့ ယူဆကြောင်း သံအမတ်ကြီး Mitchellက ဝေဖန်လိုက် ပါတယ်။ အလားတူပဲ အမေရိကန် နိုင်ငံခြားရေး ဌာန ကလည်း အခုလို သဘောထားကို တုန့်ပြန်ခဲ့ ပါတယ်။
အရှေ့ အာရှနဲ့ ပစိဖိတ် ရေးရာ ဌာန ပြန်ကြားရေး ဌာန အရာရှိက အခုလို မြန်မာ အစိုးရကို တိုက်တွန်းတဲ့ အကြောင်း ဗွီအိုအေကို ပြောပါတယ်။
"မြန်မာ နိုင်ငံ အနေနဲ့ ရည်မှန်းချက် ပန်းတိုင်ကို အပြည့် အဝ ရောက်နိုင် ဖို့က ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ တရား ဥပဒေ စနစ်ရဲ့ အခြေခံ ယန္တရား တွေဟာ ခေတ်မှီ ဒီမိုကရေစီ နိုင်ငံ တစ်နိုင်ငံရဲ့ စံထားချက် တွေကို ထင်ဟပ် ပေါ်လွင် မယ်လို့ အမေရိကန် ပြည်ထောင်စုက ယုံကြည် ပါတယ်။ တိုင်းရင်းသား လူနည်းစု တွေရဲ့ အခွင့် အရေးကို လေးစားဖို့၊ စစ်တပ်ကို အရပ်ဖက်က ထိန်းချုပ် ထားနိုင်ဖို့ အပြင်၊ နိုင်ငံသားတွေ အနေနဲ့ သူတို့ နှစ်သက်တဲ့ ခေါင်းဆောင်ကို လွတ်လပ်စွာ ရွေးချယ် တင်မြှောက် နိုင်ခွင့် စသဖြင့်တို့ ပါဝင် ပါတယ်။"
ဒါ့အပြင် နိုင်ငံရဲ့ အဓိက နိုင်ငံရေး ပါတီ ခေါင်းဆောင် လည်းဖြစ်၊ လွှတ်တော်မှာ အဓိက ကော်မတီ တွေရဲ့ ဥက္ကဋ္ဌ အဖြစ်လည်း ဆောင်ရွက်တဲ့ အပြင် ဆယ်စုနှစ် ပေါင်းစွာ သတ္တိ ရှိရှိနဲ့ နိုင်ငံ အတွက် စွန့်လွှတ် အနစ်နာ ခံခဲ့သူ လည်းဖြစ်တဲ့ အပြင် ပြည်တွင်းမှာ လူကြိုက် များလှတဲ့ သူတစ်ဦးကို အခုလို သမ္မတ ဖြစ်လာ နိုင်တဲ့ အခွင့် အရေးကို ပိတ်ပင်ရာ ရောက်တာ ဟာလည်း သံအမတ်ကြီး Mitchell အတွက် ထူးဆန်း နေတာ ဖြစ်တယ်လို့ သူက ထောက်ပြ ခဲ့ပါတယ်။
တချိန် တည်းမှာ အမေရိကန် ပြည်ထောင်စု အနေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင် တာကို မြင်လို ပေမဲ့ လို့လည်း မြန်မာ နိုင်ငံရဲ့ သမ္မတ ဖြစ်လာဖို့ အတွက် ဘယ်ပုဂ္ဂိုလ် ကိုမှ မျက်နှာသာ ပေးထောက်ခံ ခဲ့တဲ့ စိတ်နဲ့ တိုက်တွန်း ခဲ့တာ မဟုတ်တဲ့ အကြောင်းနဲ့ လွတ်လပ်ပြီး တရား မျှတတဲ့ အပြင် ပြည်သူ တို့ရဲ့ ဆန္ဒကို ထင်ဟပ် ပေါ်လွင် စေတဲ့ ရွေးကောက်ပွဲ ကိုသာ မြင်လိုတဲ့ အတွက် ဖြစ်တဲ့ အကြောင်း သံအမတ်က ရှင်းလင်း ခဲ့ပါတယ်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင် ရေးမှာ နောက်ထပ် အခြေ အတင် အငြင်းပွား ဖွယ်ရာ အချက် ကတော့ လွှတ်တော်မှာ ကိုယ်စားလှယ် ၂၅% ကို စစ်တပ် အတွက် သတ်မှတ် ထားတဲ့ အချက်နဲ့ တိုင်းရင်း ဒေသ တွေမှာ ပြည်မ အစိုးရက ဆက်လက် လွှမ်းမိုးမှုပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အမေရိကန် နိုင်ငံခြားရေး ဌာနက အရင် စစ်အစိုးရ ရေးဆွဲ ခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင် ရာမှာ နိုင်ငံရေးမှာ စစ်တပ်ရဲ့ အခန်း ကဏ္ဍကို လျော့ချ ပေးဖို့လည်း အခုလို တိုက်တွန်း လိုက်ပါတယ်။
"ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်မှု တွေမှာလည်း လွတ်လပ်ပြီး တရား မျှတမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ တွေမှာ မြန်မာ နိုင်ငံသားတွေ အနေနဲ့ သူတို့ ထောက်ခံတဲ့ သမ္မတကို လွတ်လပ်စွာ ရွေးချယ် နိုင်ဖို့၊ တိုင်းရင်းသား လူနည်းစု တွေရဲ့ ရပိုင်ခွင့် ကိစ္စတွေ အပြင် နိုင်ငံတော် အစိုးရနဲ့ အဓိက တိုင်းရင်းသား လူနည်းစု ပြည်နယ်တွေ အကြား ဆက်ဆံရေးနဲ့ ပတ်သက်လို့ ကိုင်တွယ် ဖြေရှင်း ပေးဖို့ အပြင်၊ နိုင်ငံရေး လုပ်ငန်းစဉ် တွေမှာ စစ်တပ်ရဲ့ ပါဝင် လှုပ်ရှား ဆောင်ရွက်တဲ့ အခန်း ကဏ္ဍကို လျော့ချ ပေးဖို့ လမ်းခင်း ပေးဖို့ရာ ရောက်ဖို့ လိုတယ် ဆိုတာကို အမေရိကန် ပြည်ထောင်စုက ယုံကြည် ပါတယ်။"
လောလော ဆယ်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် လွှတ်တော် ကိုယ်စားလှယ် ၁၀၉ ဦးနဲ့ ဖွဲ့စည်း ထားတဲ့ ၂၀၀၈ခု ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာ သုံးသပ်ရေး ကော်မတီကို နိုင်ငံရေး ပါတီတွေ၊ လူပုဂ္ဂိုလ် အဖွဲ့ အစည်းတွေ ပေးပို့ ထားတဲ့ အကြံပြုချက် သုံးသိန်းကျော်ကို ငါးဖွဲ့ ခွဲပြီး လေ့လာဖို့ ပြည်ထောင်စု လွှတ်တော် ကနေ ဆုံးဖြတ်ခဲ့ ပါတယ်။
အဲ့ဒီ့ အဖွဲ့ဟာ ဇန်နဝါရီလ နောက်ဆုံး ထားပြီး တွေ့ရှိချက် တွေကို လွှတ်တော်ကို တင်ဖို့လည်း ရှိပါတယ်။ မကြာမှီက ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း တို့ကို သွားရောက် ခဲ့တဲ့ NLD ရဲ့ ပါတီ ဖွဲ့စည်းပုံ အခြေခံ လူထု စုဝေးပွဲကြီး ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်း စုကြည် ကလည်း ရွေးကောက်ပွဲ မကျင်းပမှီ ၂၀၁၄ ခုနှစ် အတွင်း ဖွဲ့စည်းပုံ အခြေခံ ပြင်ဆင် နိုင်ရေးက အရေး ကြီးတယ်လို့ လူထု စည်းဝေး ပွဲမှာ ပြောကြား ခဲ့တာလည်း တွေ့ရ ပါတယ်။
ဓါတ်ပုံသတင်း
- ရိုဟင်ဂျာ ဘာသာစကား သို့မဟုတ် တိုင်းရင်းသား ဘာသာစကား
- ရိုဟင်ဂျာများသည် တရားမ၀င် ၀င်ရောက်လာသူများ မဟုတ်ဟု သမ္မတ အိုဘားမားပြော
- ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ထံသို့ အိတ်ဖွင့် တိုင်ကြားစာ
- UN Humanitrian Chief ရခိုင်ပြည်နယ်သို့သွားမည်
- 2014 Census တွင် ရိုဟင်ဂျာ ဟူ၍ Code နံပါတ်ထည့် ပေးရန် DHRP မှ သမ္မတထံ စာရေးသား
- ရဲတပ်ကြပ်ကြီးက ငွေညှစ်သည့် အပြင် လူမျိုးရေး ရိုင်းပျ စော်ကားမှုပါ ပြုလုပ်
- အာရ်ကာန်မြေ၏ ဟစ်ခေါ်သံ (သို့) အဝေးရောက်သားများသို့ (၃)
- RB News စာဖတ် ပရိသတ်များ သိစေရန် အသိပေးခြင်း
- ကြိမ်ချောင်း - တောင်ပြို ကားလမ်းမပေါ်မှ ဖြတ်သန်းသွားလာသူများကို စစ်သားများက ရပ်တန့်ခိုင်းပြီး လုယက်
- ရခိုင်ကော်မရှင် ဥက္ကဌ ကိုဖီအာနန်ထံသို့ မောင်တောဒေသခံများမှ အိတ်ဖွင့်ပေးစာ
ဂျီနိုဆိုက်ဆိုတာဘာလဲ?
ဒေါက်တာဇာနည် ရှင်းပြသည့် ရိုဟင်ဂျာ


.jpg)
.jpg)
.jpg)
.jpg)












































