![]() |
| ရခိုင် ပြည်နယ်၊ ဒုက္ခသည် စခန်းတခု အတွင်းမှ အမျိုးသမီးနှင့် ကလေးတဦး (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ) |
လင်းသန့်
27.1.2014
ရခိုင် ပြည်နယ်၊ မောင်တောမြို့ ဒုချီးရားတန်း ရွာတွင် ဖြစ်ပေါ် ခဲ့သည့် အကြမ်းဖက် မှုနှင့် ပတ်သက်ပြီး အငြင်း ပွားဖွယ် ဖြစ်နေ ချိန်၌ မြန်မာ အစိုးရနှင့် လက်တွဲ ဆောင်ရွက် နေသည့် ဘယ်ဂျီယံ နိုင်ငံ ဘရပ် ဆဲလ်မြို့ အခြေစိုက် နိုင်ငံ တကာ ပဋိပက္ခများ လေ့လာ စောင့်ကြည့်ရေး အဖွဲ့ (ICG) က ပွင့်လင်း မြင်သာ သည့် စုံစမ်းမှု တခု အမြန်ဆုံး လုပ်ဆောင်ရန် တိုက်တွန်း လိုက်သည်။
ဒုချီးရားတန်း ရွာ၌ ရဲတပ်ကြပ်ကြီး တဦး သေဆုံးမှု အပါအ၀င် မွတ်စလင် ၄၀ ဦးကျော် သေဆုံးမှုတွင် ရာဇ ၀တ်မှု ကျူးလွန်သူ အားလုံးကို မြန်မာ အစိုးရ အနေဖြင့် ထိထိ ရောက်ရောက် စုံစမ်း အရေးယူ ပေးရန် ICG က တိုက်တွန်းခြင်း ဖြစ်သည်။
ICG ၏ ယခု သတင်း ထုတ်ပြန် ချက်သည် အကြမ်း ဖက်မှု ဖြစ်ပွားခဲ့ရာ ဒေသသို့ သွားရောက် ခဲ့သူများ အပါအ၀င် ယင်းအဖြစ် အပျက်နှင့် ပတ်သက်ပြီး မျက်မြင် သက်သေ များနှင့် မေးမြန်း ပြောဆိုမှု ပြီးနောက် မှတ်တမ်း ဓာတ်ပုံ တချို့ပါ ရရှိ ခဲ့သောကြောင့် ဇန်န၀ါရီလ ၉ ရက်က ၁၃ ရက် အတွင်း အကြမ်းဖက် မှု ဖြစ် ရပ် တွင် လူပေါင်း ၄၉ ဦး ၀န်းကျင် အသတ်ခံ ခဲ့သည်ကို ယုံကြည် ရကြောင်းကို ယမန်နေ့ ရက်စွဲဖြင့် ထပ်မံ ထုတ်ဖော် ပြောဆိုခြင်း ဖြစ်သည်။
ICG ၏ စုံစမ်းမှုများ အရ သေဆုံးသူ များထဲတွင် အမျိုးသမီးနှင့် ကလေး ငယ်များ ပါဝင်ပြီး ရဲတပ်ဖွဲ့က အဆိုပါ လူသတ်မှု တချို့ကို ကျူးလွန် ခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်တွင်ထည့်သွင်း ဖော်ပြထား သည်။
ကုလသမဂ္ဂ အပါ အ၀င် နိုင်ငံ တကာ အဖွဲ့ အစည်း များက အဆိုပါ အကြမ်း ဖက်မှု အပေါ် အမှုမှန် ပေါ် လာရေး အမြန်ဆုံး ဆောင်ရွက်မှု ပြုရန် တိုက်တွန်း ထားသော်လည်း မြန်မာ အစိုးရက ယင်းဖြစ်ရပ်သည် ဟုတ်မှန်ခြင်း မရှိကြောင်း ငြင်းဆိုဆဲ ဖြစ်သည်။
ဒုချီးရားတန်းရွာ ကိစ္စနှင့် ပတ်သက်ပြီး မြန်မာ နိုင်ငံခြားရေး ၀န်ကြီး ဌာနက ဇန်န၀ါရီလ ၂၄ ရက် နေ့စွဲဖြင့် ထုတ်ပြန် ကြေညာ ချက်မှာ အောက်ပါ အတိုင်း ဖြစ်သည်။
“၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်၊ ညပိုင်းတွင် အဖွဲ့ဝင် ၅ ဦးပါသည့် ရဲလှည့်ကင်း အဖွဲ့သည် ပုံမှန် လှည့် ကင်း တာဝန် ထမ်းဆောင်စဉ် မောင်တော မြို့နယ်၊ ဒုချီးရားတန်း (အလယ်) ရွာအရောက်၌ တုတ်၊ ဓါး ကိုင်ဆောင် ထားသည့် ဘင်္ဂါလီ အုပ်စု အင်အား (၁၀၀) ခန့်မှ ဝိုင်းဝန်း ရန်မူမှုကိုခံရသဖြင့်လူစု ခွဲ ရှောင်ပေး ခဲ့သည်။”
“ယင်းသို့လူစုခွဲတိမ်းရှောင်စဉ်ရဲလှည့်ကင်းအဖွဲ့ခေါင်းဆောင်မှာလူစုကွဲ၍ကျန်ရစ်ခဲ့ပြီး၎င်း ကိုင် ဆောင်သော လက်နက်နှင့် အတူ ယနေ့တိုင် ပျောက်ဆုံးလျက် ရှိပါသည်။
နယ်မြေခံ ရဲတပ်ဖွဲ့နှင့် လုံခြုံရေး တပ်ဖွဲ့ဝင် များသည် အင်အားစု စည်းပြီး ယင်းလူစုကွဲ ပျောက်ဆုံး ကျန်ရစ် ခဲ့သူ အား ပြန်လည် ရှာဖွေရန် ၎င်းကျေးရွာသို့ ထပ်မံ သွားရောက် ခဲ့ရာတွင် တုတ်၊ ဓါး ကိုင်ဆောင် ထား သည့် ဘင်္ဂါလီ အုပ်စု အင်အား ၅၀၀ ကျော်၏ ဝိုင်းဝန်း ရန်မူ မှုကို ခံခဲ့ရသည်။ အကြမ်းဖက် အုပ်စုသည် အန္တရာယ် ပြုရန် ချန်းကပ် လာသည့် အတွက် မိမိဘက်မှ သေနတ် ၈ ချက် ဖောက်၍ သတိ ပေးခဲ့သည်”
“ယင်းသို့ သတိပေး ပစ်ဖောက် ခဲ့ခြင်းကြောင့် အရပ်ဘက် ပြည်သူ တစုံတဦး တယောက်မျှ ထိခိုက် သေ ဆုံးခြင်း မရှိခဲ့ ပါ” ဟု မြန်မာ အစိုးရက ကြေညာ ခဲ့သည်။
မြန်မာ အစိုးရ၏ ယင်းကြေညာ ချက် ထွက်ပေါ် လာပြီး ၂ ရက် အကြာတွင် ICG က ဒုချီးရားတန်း ရွာ ဖြစ် စဉ်နှင့် ပတ်သက်ပြီး ယခု ကဲ့သို့ ထပ်မံ ဖော်ပြ လာခြင်း ဖြစ်သည်။
ICG ၏ သတင်း ထုတ်ပြန် ချက်တွင် ပထမဆုံး ပြဿနာ ဖြစ်ပွား ခဲ့သည့် ဇန်န၀ါရီလ ၉ ရက်တွင် ဘင်္ဂ လား ဒေ့ရှ် နယ်စပ်ကို ဖြတ်ကူးရန် ကြိုးစား နေသည့် မွတ်ဆလင် ၈ ဦး အုပ်စု တစုကို ရခိုင် ဗုဒ္ဓဘာသာ ရွာလူကြီးက ဖမ်းဆီး သတ်ပစ်ပြီး ကျင်းတူး မြှုပ်နှံ ခဲ့သည်မှာ အထင် အရှား ဖြစ်သော်လည်း မည်သည့် အ တွက် ယင်းသို့ သတ်ဖြတ် ရသည်ကို ရှင်းလင်း သဲကွဲမှု မရှိကြောင်း ICG က ဆိုသည်။
ဒုချီးရား တန်းရွာရှိ မွတ်ဆလင် တဦးက သေဆုံး သူတွေကို မြှုပ်နှံ ထားသည့် သင်္ချိုင်းကို ဖြတ်သွားစဉ် အလောင်း များကို စမတ်ဖုန်းနှင့် ဓာတ်ပုံ ရိုက်ခဲ့သည်ဟု ICG က ရေးသား ထားသည်။ အဆိုပါ ဓာတ်ပုံ အထောက် အထား ရှိနေသည့် အတွက် ရဲတပ်ဖွဲ့က သတင်း မပေါက် ကြားအောင် ကာကွယ် ကြိုးစား ခဲ့သည်ဟု ICG က ဆိုသည်။
၎င်းကြိုးပမ်းမှုတွင် ရဲတပ်ကြပ်ကြီး တဦးအား မွတ်ဆလင် ရွာသားများက ဖမ်းဆီးသတ်ဖြတ် လိုက်သောကြောင့် ပြဿနာ မီးပွား စတင် ဖြစ်ပွားကာ လူသတ်မှု များကို လုပ်ဆောင် ခဲ့ခြင်း ဖြစ်သည်ဟု ICG ၏ ထုတ်ပြန် ချက်တွင် ဖော်ပြ ထားသည်။
ICG ၏ ထုတ်ပြန်ချက်အရအဆို ဒေသရှိ ရဲဝန်ထမ်း များသည် ရခိုင် လူမျိုးများ ဖြစ်ပြီး ပြီးခဲ့သည့် သတ်ဖြတ် မှု တွင် ပါဝင် ကျူးလွန် ခဲ့သည်ဟု ယုံကြည် ရသဖြင့် ယင်းဒေသခံ ရခိုင် လူမျိုး ရဲတပ်ဖွဲ့ဝင် များကို ရုပ်သိမ်း သင့်ကြောင်း ထောက်ပြ ထားသည်။
အခင်း ဖြစ်ရပ် အပေါ် စုံစမ်းမှုနှင့် နယ်မြေ လုံခြုံရေး ကိစ္စများ အတွက် ရခိုင် ပြည်နယ် ပြင်ပက ရဲတပ်ဖွဲ့ များဖြင့် သာ ဖော်ဆောင် သင့်ကြောင်း ဖြစ်နိုင် ပါက စစ်တပ်က အကူ အညီ ပေးသင့်ကြောင်း ICG က ထောက်ပြသည်။
မြန်မာ နိုင်ငံ အစိုးရ အနေဖြင့် ဆက်တိုက် ဖြစ်ပေါ် ခဲ့သည့် မွတ်ဆလင် ဆန့်ကျင်ရေး အကြမ်းဖက် ရာဇ ၀တ် မှုများကို ကျူးလွန် နေသူများ အပေါ် အပြစ်ပေး အရေး ယူမှု လုပ်မည် ဆိုပါလျှင် အစွန်းရောက် လှုပ် ရှား မှုများ အဆုံးသတ် သွားနိုင်ကြောင်း ICG က ဆက်လက် ဖော်ပြ ထားသည်။
ICG က မကြာ သေးခင်က ထုတ်ပြန် ခဲ့သည့် The Dark Side of Transition: Violence against Muslims in Myanmar “အသွင်ကူး ပြောင်းရေး၏ အမှောင် ဘက်ခြမ်း- မြန်မာ နိုင်ငံတွင် မွတ်စလင်များ အပေါ် အကြမ်း ဖက်မှု” အစီရင် ခံစာတွင် မြန်မာ နိုင်ငံ ပြုပြင် ပြောင်းလဲရေး ပွင့်လင်း လာ သည့် ဖြစ် စဉ် တွင် ရဲတပ်ဖွဲ့ ပြုပြင် ပြောင်းလဲ မှုများ ပြုလုပ်ရန် အကြံပြု ထားသည်။
ICG ၏ စာမျက်နှာ ၃၆ မျက်နှာ ရှိပါ ယင်းအစီ ရင်ခံစာတွင် ဖြစ်ပွား ခဲ့သော ပဋိပက္ခများ အတွင်း အစိုးရ၏ ထိရောက်သော ဖြေရှင်းမှု မရှိခြင်း၊ လူ့အဖွဲ့ အစည်း အတွင်း ခံယူချက် သဘော ထားများ ပြောင်းလဲ မပစ်နိုင်ခြင်း များသည် ဒေသ တွင်းနှင့် ပြင်ပ ကမ္ဘာအထိပါ သက်ရောက် နိုင်ကြောင်း ICG က ထောက်ပြ ထားသည်။
ယင်းအပြင် ရဲတပ်ဖွဲ့ဝင် များအား တရား ဥပဒေ စိုးမိုးရေးကို လေးစားရန်၊ လူစု လူဝေးဖြင့် ဖြစ်ပေါ် လာ သည့် ကိစ္စ များကို နိုင်ငံ တကာ စံချိန် စံနှုန်းမီ ကိုင်တွယ် ဖြေရှင်း ရန်နှင့် လူနည်းစု များကို အကာ အ ကွယ် ပေးနိုင်ရေး စသည့် ကိစ္စရပ် များကို လေ့ကျင့် သင်ကြား ပေးရန် လိုအပ်ကြောင်း အကြံပြု ထား သည်။
![]() |
| ထိုင်းနိုင်ငံ အတွင်း တရားမဝင် ဝင်ရောက်လာတဲ့ ရိုဟင်ဂျာ မွတ်ဆလင် တွေကို ရွှေ့ပြောင်း ခေါ်ဆောင် နေစဉ်။ (ဇန်နဝါရီ ၂၈၊ ၂၀၀၉) |
27.1.2014
ထိုင်းနိုင်ငံက ဝေးလံ ခေါင်ဖျားတဲ့ စခန်း တခုမှာ ရောက်နေ ကြတဲ့ ရာနဲ့ချီတဲ့ ရိုဟင်ဂျာ မူဆလင် တွေကို ကယ်တင် လိုက်တယ်လို့ ထိုင်းရဲတပ်ဖွဲ့ အရာရှိတွေက တနင်္လာနေ့မှာ ပြောပါတယ်။ ဒါဟာ လူမှောင်ခို ကူးမှုနဲ့ ပတ်သက်ပြီး ရိုက်တာ သတင်း ဌာနက ပြုလုပ်တဲ့ စုံစမ်းမှုကို အခြေခံပြီး ရှာဖွေ တွေ့ရှိ သွားတာ လည်း ဖြစ်ပါတယ်။
မလေးရှား နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ် နေတဲ့ ထိုင်းနိုင်ငံ တောင်ပိုင်း Songkhla ခရိုင်အတွင်းက လူမှောင် ခို ကူးသူတွေ အသုံးပြုလေ့ ရှိတဲ့ လမ်းကြောင်း ပေါ်မှာ ရှိတဲ့ အဲဒီ စခန်းက အမျိုးသား၊ အမျိုးသမီးနဲ့ ကလေး ငယ် စုစုပေါင်း ၅၃၁ ယောက်ကို တနင်္ဂနွေ နေ့က ဖမ်းဆီး လိုက်တာပါ။ ဒါဟာ ၂၀၁၃ ခုနှစ် ဇန်န ၀ါရီ ၉ ရက်နေ့က တရားမ၀င် ၀င်ရောက် လာတဲ့ ရိုဟင်ဂျာ တွေကို ထိုင်းနိုင်ငံ အတွင်း ဖမ်းဆီး မိပြီး တဲ့ နောက် ပိုင်း ပထမဆုံး အကြိမ် ဖမ်းဆီး မိခြင်းလည်း ဖြစ်ပါတယ်။
မိသားစု ၀င်တွေက ငွေပေး တော့မှ အခုလို ပြန်ပေးဆွဲတဲ့ သဘောနဲ့ ဖမ်းဆီးခံ ထားရတဲ့ ရိုဟင်ဂျာ တွေ ကို ပြန်လွှတ် ပေးတယ် ဆိုတဲ့ ဒီဇင်ဘာ ၅ ရက်နေ့က ရိုက်တာရဲ့ သတင်း ပေးပို့ချက် အပေါ် အခြေခံပြီး လိုက်လံ စုံစမ်းရာက အခုလို ရှာဖွေ တွေ့ရှိခြင်း ဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ ဖမ်းခံ ထားရ သူ တွေထဲက တချို့ဆိုရင် ရိုက်နှက် ခံရပြီး သေဆုံး သွားတဲ့ သူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ ရိုဟင် ဂျာ တွေဟာ မြန်မာ နိုင်ငံက လာတဲ့ တိုင်းပြည်မဲ့ ဒုက္ခသည်တွေ ဖြစ်တယ်လို့ သတ်မှတ် ခံထား ရတာ လည်း ဖြစ်ပါတယ်။
မြန်မာ နိုင်ငံ၊ ရခိုင် ပြည်နယ် အတွင်း ဒေသခံ ရခိုင် တိုင်းရင်း သားတွေနဲ့ ရိုဟင်ဂျာ တွေအကြား လူမျိုးရေး ဆန်တဲ့ အဓိကရုဏ်းတွေ မနှစ်က ဖြစ်ပေါ်ခဲ့ပြီးတဲ့ နောက်ပိုင်း လူပေါင်း ( ၁ သိန်း၊ ၄ သောင်း) လောက် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ ရပြီး အဲဒီထဲက အများစုဟာ ရိုဟင်ဂျာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီ အချိန် ကစ လို့ ထောင်သောင်း ချီတဲ့ ရိုဟင်ဂျာတွေ လှေနဲ့ ထွက်ပြေး လာကြ တာမှာ အများစုဟာ ထိုင်းနိုင်ငံ အနောက်တောင်ပိုင်း ဒေသကို ရောက်လာ ကြတယ်လို့ ဆိုပါတယ်။
ထိုင်းလူဝင်မှု ကြီးကြပ်ရေးမှာ ဖမ်းဆီး ခံထား ရသူ တွေကို လူမှောင်ခို ကူးသူ တွေထံ ရောင်းစား နေတယ် ဆိုတဲ့ နိုင်ငံပေါင်း ၃ နိုင်ငံကို အခြေခံပြီး ၃ လကြာ ပြုလုပ်ခဲ့တဲ့ ရိုက်တာ သတင်း ဌာနရဲ့ တွေ့ရှိမှု တွေကို စုံစမ်း စစ်ဆေးဖို့ ကုလ သမဂ္ဂနဲ့ အမေရိကန် ပြည်ထောင်စု တို့က တောင်းဆိုထား ပါတယ်။ အခု ဖမ်းဆီး ရမိသူ အားလုံးဟာ ရိုဟင်ဂျာ တွေချည်း မဟုတ်တဲ့ အတွက် သူတို့ ဘယ်က လာတယ် ဆိုတာကို စုံစမ်း စစ်ဆေးဖို့ အမေရိကန် ပြည်ထောင်စုက တောင်းဆို ထားပါတယ်။
![]() |
| ငွေ ၅ သောင်း လုယက် ထွက်ပြေး သွားသည့် ရခိုင်လူမျိုး တရားခံ |
RB News
27.1.2014
မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ မြို့မဈေးသို့ ဈေးဝယ်ရန် လာသည့် ရိုဟင်ဂျာ အမျိုးသမီး သုံးဦးထံမှ ရခိုင် တစ်ဦးက ငွေများ လုယက်၍ ထွက်ပြေး သွားခဲ့ကြောင်း သတင်း ရရှိ ပါသည်။
ဇန်န၀ါရီလ ၂၅ ရက်နေ့ နေ့လည် ၂ နာရီ ၂၀ မိနစ်တွင် မောင်တော မြို့နယ်၊ မြို့မဈေးသို့ ကျေးလက် ဒေသမှ ဈေးဝယ် လာသည့် ရိုဟင်ဂျာ အမျိုးသမီး သုံးဦးထံမှ ရခိုင် လူမျိုး တစ်ဦးက ငွေကျပ် ၅ သောင်း လုယူ၍ ထွက်ပြေး သွားကြောင်း သိရှိ ရပါသည်။
“နေ့လည် ၂ နာရီ မိနစ် ၂၀ လောက်မှာ ဈေးကို လာတဲ့ နယ်ဘက်က ရိုဟင်ဂျာ အမျိုးသမီး သုံးယောက်ကို ရခိုင် တစ်ယောက်က ၅၀၀ တန် တစ်ရွက် လဲပေးဖို့ ပြောတယ်။ အဲဒီမှာ အမျိုးသမီး တစ်ယောက်က ပိုက်ဆံအိတ် ဖွင့်တဲ့ အချိန်မှာ ၅၀၀ တန် တစ်ထုတ်ကို (ငွေ ၅ သောင်း) လုယူပြီး ထွက်ပြေး သွားတယ်။” ဟု မျက်မြင် သက်သေ တစ်ဦးက RB News သို့ ပြောပါသည်။
လုယူသွားသည့် ရခိုင်ကို မည်သူ မည်ဝါမှန်း မသိရှိ သော်လည်း တာဝန်သိ ပြည်သူ တစ်ဦးက ဓါတ်ပုံ ရိုက်ထားခြင်း ကြောင့် ဓါတ်ပုံ ရရှိ ခဲ့ပြီး၊ အမျိုးသမီး သုံးဦးက ဈေးအတွင်းရှိ စည်ပင် သာယာရုံးသို့ ၀င်ရောက်၍ တိုင်ကြား ခဲ့သော်လည်း အရေးယူ ဆောင်ရွက် ပေးခြင်း မရှိကြောင်း သိရှိ ရပါသည်။
ဒုချီရာတန်း၌ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ ဖြစ်ပေါ်ပြီးနောက် မောင်တောမြို့ရှိ နေရာ အနှံ့အပြားတွင် အထိတ် တလန့် ဖြစ်ပွားအောင် ဖန်တီးလျက် ရှိသည်။ ဒေသခံ ရိုဟင်ဂျာ များက တည်ငြိမ် အေးချမ်းရေး ကိုလိုလားပြီး၊ မလိုလား အပ်သည့် ပြဿနာများ မဖြစ်ပွားရန် ရှောင်ရှား နေခြင်း ကြောင့်သာ ယခုကဲ့သို့ နေရာအနှံ့တွင် ပြဿနာ မဖြစ်ပွားဘဲ ရှိနေခြင်း ဖြစ်သည်ဟု ဆိုသည်။
Sindi Khan
RB News
27.1.2014
မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ ငါးခူရ ကျေးရွာ အုပ်စုရှိ ဘုန်းကြီးကျောင်းမှ ဘုန်းကြီး များနှင့် ရခိုင် အစွန်းရောက် များက လမ်းမှ ဆိုင်ကယ်ဖြင့် သွားလာသည့် ရိုဟင်ဂျာ လူငယ် များကို အကြောင်းမဲ့ ရိုက်နှက်မှုများ ပြုလုပ် ခဲ့ကြောင်း သတင်း ရရှိ ပါသည်။
ဇန်န၀ါရီလ ၂၄ ရက်နေ့ ညနေ ၆ နာရီ အချိန်တွင် မောင်တော မြို့နယ်၊ ငါးခူရ ကျေးရွာ အုပ်စု၊ ရေတွင်းကျွန်းသို့ ဆိုင်ကယ်ဖြင့် ပြန်လာ နေသည့် ရိုဟင်ဂျာ လူငယ် များကို အားထ်ဘာ (တီးဖ် ဖာရာ) ရှိ ဘုန်းကြီးကျောင်းမှ ဘုန်းကြီးများနှင့် ရခိုင် အစွန်းရောက် များက အကြောင်းမဲ့ လက်သီးဖြင့်ထိုး၊ ခြေထောက် များဖြင့် ကန်ကာ ရိုက်နှက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ထိုးကြိတ် ရိုက်နှက် ခံရသည့် ရေတွင်းကျွန်း ရွာသား များမှာ -
(၁) ဦးကာဆိမ်း (ဘ) ဦးနူရ်ဟာရှီးမ် (အသက် ၃၈ နှစ်)
(၂) ဦးမူဟီ ဘုလ္လာ (ဘ) ဦးနူရ် အစ္စလာမ် (အသက် ၃၇ နှစ်)
(၃) ဦးမာမတ်ဆလာမ် (အသက် ၃၅ နှစ်) တို့ဖြစ်သည်။
ယင်းနေ့တွင်ပင် ရဲများက မော်လ၀ီ ကျောင်းသား တစ်ဦးကို ဖမ်းဆီးပြီး ဘုန်းကြီးကျောင်း ထဲသို့ ခေါ်ဆောင် သွားသည်ကို ရပ်မိရပ်ဖ တစ်ဦးက မြင်တွေ့ ခဲ့သော်လည်း မည်သူ မည်ဝါ ဖြစ်သည်ကို မသိရှိရ သေးကြောင်း၊ အဆိုပါ မော်လ၀ီ အသက် ရှင်ရှိ နေမည်လား၊ အသတ်ခံ ရမည်လား ဆိုသည်ကို စိုးရိမ်လျက် ရှိကြောင်း အဆိုပါ ဒေသခံက ဆက်လက် ပြောပါသည်။
ယခုလ အစောပိုင်းတွင် ရခိုင် လူမျိုး များကို လယ်ကွင်း များတွင် ပြည်သူ့စစ် သင်တန်း ပို့ချ ခဲ့သည်။ ယခင်က အာဏာပိုင် များက စခန်း များထဲသို့ ခေါ်၍ လျှို့ဝှက်စွာ သင်တန်း ပို့ချ ခဲ့သော်လည်း ယခု အခါ ပြောင်ပြောင် တင်းတင်း သင်တန်းများ ပေးနေသည်ဟု ဒေသခံ များက ပြောပါသည်။
ဇန်န၀ါရီလ ၂၄ ရက်နေ့တွင် အကြောင်းမဲ့ ရိုက်နှက်သည်နှင့် ပတ်သက်၍ ဒေသခံ များက မလိုအပ်သည့် ပြဿနာများ ကြီးထွား လာမည်ကို စိုးရိမ်၍ သည်းခံ ခဲ့ရခြင်း ဖြစ်သည်ဟု ပြောပါသည်။
RB News
27.1.2014
မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ တောင်ပြို လက်ဝဲ မြို့နယ်ခွဲ၊ တောင်ပြို ရဲစခန်းမှ နယ်ထိန်း တပ်ကြပ်ကြီး မျိုးမြင့်ဦးသည် ဒေသခံ ရိုဟင်ဂျာ များကို မတရား ဖမ်းဆီး၍ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။
ဇန်န၀ါရီလ ၂၅ ရက်နေ့ နေ့လည် ၁ နာရီ အချိန်တွင် တောင်ပြို လက်ဝဲ မြို့နယ်ခွဲ၊ ကျွန်းပေါက် ပြုစုဈေးသို့ နာရီပြင်ရန် လာသည့် ကျောက်ချောင်း ကျေးရွာ အုပ်စု၊ ဂီးလာ တူလီရွာမှ ဇာဖရ် (ဘ) ဦးရေဖော်ထာ (အသက် ၂၄ နှစ်) ကို အကြောင်းမဲ့ ဖမ်းဆီး၍ ငွေညှစ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
တပ်ကြပ်ကြီး မျိုးမြင့်ဦးက ဇာဖရ်ထံမှ ငွေကျပ် ၇၀၀၀၀ ယူ၍ ပြန်လည် လွှတ်ပေး ခဲ့သော်လည်း လူမျိုးရေးနှင့် ပတ်သက်ပြီး ခြိမ်းခြောက် စော်ကားမှုများ ပြုလုပ်ခဲ့ကြောင်း အဆိုပါ ဒေသခံမှ ပြောပါသည်။
“မင်းတို့ ဘင်္ဂလီ ကုလားတွေ ဒီနိုင်ငံမှာ နေချင်ရင် ငါတို့ ခိုင်းတာလုပ်၊ တောင်းတာ ပေးရမယ်။ မပေးဘူး ဆိုရင်၊ မင်းတို့ကို ထောင်ချဖို့ နည်းလမ်းတွေ အများကြီး ရှိတယ်။ မယုံရင် စမ်းကြည့်၊ နေရာတကာမှာ မင်းတို့ ဘင်္ဂလီ တွေရဲ့ ပိုင်ဆိုင်မှု တွေကို ဖျက်ဆီး ပစ်နေတာ မင်းမကြားဘူးလား” ဟု ရဲတပ်ကြပ်ကြီး မျိုးမြင့်ဦးက ပြောဆို ခြိမ်းခြောက် ခဲ့ကြောင်း သိရှိ ရပါသည်။
ဒေသခံ များက ယခုကဲ့သို့ ဥပဒေမဲ့ မင်းမဲ့ စရိုက်ဆန်ဆန် ပြုလုပ် နေခြင်းကို အရေးယူ ပေးရန် အာဏာပိုင် များကို အမြဲတစေ တိုင်ကြား သော်လည်း အာဏာပိုင်များ ကိုယ်တိုင်က ၎င်းတို့၏ လက်အောက် ငယ်သား များကို ယခု ကဲ့သို့ မတရား ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်ရန် အားပေး အားမြှောက် ပြုလုပ် နေခြင်း ဖြစ်သည့် အတွက် မည်သည့် အခါကမှ အရေးယူ ဆောင်ရွက် ပေးခြင်း မရှိကြောင်း RB News သို့ ပြောပါသည်။
ဌေးလွင်ဦး
RB News
26.1.2014
ရှေးမြန်မာ ဘုရင်များ လက်ထက် ကတည်းက မြန်မာ နိုင်ငံရှိ အစ္စလာမ် သာသနာဝင် များကို ပသီယ် (ပသီ) လို့ ခေါ်တွင် ခဲ့ကြောင်း- မြန်မာ နိုင်ငံသား အားလုံး ငြင်းချက် မရှိပါ။ ပသီ လူမျိုး ဆိုတဲ့ ကိစ္စဟာ ရိုဟင်ဂျာ အရေးလို သ မိုင်းဖျောက် ခံရတဲ့ ကိစ္စ မဟုတ်ဘဲ-၊ သမိုင်း ချန်လှပ် ထားတဲ့ ကိစ္စ ရပ်သာ ဖြစ် ပါတယ်။ သို့ဖြစ်၍ ပသီ ဆိုတာ မြန်မာ နိုင်ငံမှာ လူမျိုး တစ်ရပ် အဖြစ် ရှိမရှိ- အငြင်းပွား နေစရာ မလိုဘဲ-၊ ပသီ ဆိုတဲ့ လူမျိုးစုကို ပြန် လည် ဖေါ်ပြ မဖေါ်ပြ ဆိုတဲ့ ကိစ္စရပ်ကိုသာ စဉ်းစား စရာ ဖြစ်ပါတယ်။
လူ- ဟူသည့် မူဝါဒ အောက်က ကြည့်လျှင် ပသီ၊ ဗမာ၊ ကရင်၊ ကချင် ဆိုတာ တွေကို စဉ်းစား နေစရာ မ လို ပေမယ့်-၊ ဒီမိုကရေစီနဲ့ လူသား ၀ါဒ မဖြစ်တည် သေးတဲ့ ကာလ၊ ဖြစ်တည်ရန် ခန့်မှန်း အချိန်ပင် မမျှော်မှန်း နိုင်သေးတဲ့ ကာလ မျိုးမှာ- မြန်မာ နိုင်ငံ အတွင်း အခြားသော တိုင်းရင်းသား များကဲ့သို့ ပသီ တို့ မှာလည်း တိုင်းရင်းသား အခွင့် အရေး တန်းတူညီမျှ ရစေဘို့ စဉ်းစား ရမယ့် ကာလ တစ်ခု ဖြစ်ပါတယ်။ တနည်း အားဖြင့် ပသီ လူမျိုးကို ပြန်လည် ဖေါ်ပြသင့် မဖေါ်ပြသင့် ကိစ္စဟာ နောင် အနှစ် ၅၀ မှာ အငြင်း ပွားရန် လိုတော့မှာ မဟုတ် သော်လည်း အနှစ် ၅၀ ခရီးကို ဖြတ်သန်း နေစဉ် ကာလ- ကြားမျိုးဆက်များ အတွက် မစဉ်းစား ပေးလျှင် နစ်နာ စရာ အကြောင်း ရှိနေ ပါတယ်။
ကျွန်တော် စာရေးသူဟာ- အခုခေတ် မြန်မာနိုင်ငံ လူမျိုး သတ်မှတ် မှုအရ တရားဝင် တိုင်းရင်းသား အဖြစ် သတ်မှတ် ခံထား ရတဲ့ လူမျိုးစု ထဲက လူသား တစ်ယောက်ပါ။ အခွင့် အရေး ရယူမှု အတ္တကို အခြေခံပြီး စဉ်းစားလျှင် ရိုဟင်ဂျာ ကိစ္စ၊ ပသီကိစ္စ၊ အခြားသော လူမျိုးနွယ်များ ကိစ္စ အတွက် ဘာသိ ဘာသာ နေပြီး ကိုယ့်စီးပွား ကိုယ့် လုပ်နိုင်တဲ့ လူသား တစ်ယောက် ဖြစ်ပါတယ်။ အခု ပသီ ကိစ္စမှာ ၀င်ရောက် မပြောဘဲ မသိမသာ နေလိုက်လျှင် လည်း အပြစ်ဆို နိုင်မည့်သူ မရှိပါ။ သို့သော် အမှန် တရားကို ချစ်သည် ဆိုတဲ့ စိတ်ဓါတ်ကို အခြေခံပြီး ပြောသင့် တာကို အမုန်းခံ ပြောဘို့ ဆုံးဖြတ် ထားသူ တစ်ယောက်၊ တန်းတူညီမျှ အခွင့် အရေး မရှိတဲ့ အမည်ခံ ဒီမိုကရေစီ စနစ်ကို မနှစ်သက်သူ တစ်ယောက် အနေနဲ့ ပသီ ကိစ္စကို ၀င်ပြောမှာ ဖြစ်ပါတယ်။
သမိုင်း စဉ်ဆက် အရ - ပသီ ဆိုတာ ဗမာ လူမျိုး စစ်စစ် သို့မဟုတ် မြန်မာ နိုင်ငံနေ တိုင်းရင်းသား လူမျိုး စစ်စစ်က အစ္စလာမ် သာသနာ ထဲကို ၀င်ရောက် လာသူ များကိုချည်း သီးသန့် ခေါ်တွင်တဲ့ လူမျိုး မဟုတ်ပါ။ သမိုင်းမှာ ယခု မြန်မာ နိုင်ငံ ဧရိယာနေ ရှေးဦးမူလ လူမျိုးထဲက အစ္စလာမ် သာသနာကို ကူးပြောင်း ခဲ့တဲ့ လူမျိုး အုပ်စု ထဲမှာ ရိုဟင်ဂျာ လူမျိုးနွယ်မှ အပ အခြား လူမျိုး အုပ်စုလိုက် မရှိခဲ့ပါ။ တစ်သီး ပုဂ္ဂလ ဘာသာ ကူးပြောင်း လာသူ ရာနှုန်း နည်းခဲ့ ပါတယ်။ ရခိုင် ဒေသမှာ ရှေးဦး မြန်မာ (ယခု ရခိုင် နာမည် ယူထား သူများ) ထဲက တစ်ချို့ အစ္စလာမ်ကို ကူးပြောင်း ခဲ့ပါတယ်။ အလားတူ မြန်မာ နိုင်ငံ အတွင်း မှာလည်း အချို့သော ကူးပြောင်း မှုများ ရှိခဲ့ကြောင်းကို မငြင်းနိုင်ပါ။
သို့သော် အများစု ကြီးမှာ မြန်မာ ဘုရင်များ လက်ထက် ကတည်းက သွေးနှော ခဲ့သူများ- စစ်ရေး အရ နေ ထိုင် အခြေချ ခဲ့သူများ၊ စစ်သုံ့ပန်း များနဲ့ ကုန်သည် ပွဲစားများ ဖြစ်ခဲ့ ပါတယ်။ အဆိုပါ လူတန်းစား အစုံ လူမျိုးအစုံ ကပြား အစုံမှ ဗုဒ္ဓ ဘာသာအား ကိုးကွယ်သူ များကို ဗမာ၊ ရခိုင်၊ မွန် ဆိုတဲ့ အုပ်စုထဲ အလိုလို ရောက်သွား ခဲ့ပြီး- အစ္စလာမ် သာသနာ ကိုးကွယ်သူ များကို ပသီ - ရခိုင်ဘက်မှာ ကမန် ဆိုတဲ့ အုပ်စုထဲ အလိုလို ရောက်သွား ခဲ့ပါတယ်။ အင်္ဂလိပ် အုပ်ချုပ်တဲ့ ခေတ်ကာလ မြန်မာ ပြည်မ ဘက် ကို နိုင်ငံ ခြား သားများ ၀င်ရောက် လုပ်ကိုင် စားသောက်ပြီး နဂိုမူလ ရှိနေတဲ့ မြန်မာ နိုင်ငံ အစဉ် အလာ တိုင်းရင်း သားများနဲ့ သွေးနှော သူများ ရှိခဲ့ ပါတယ်။
ပြည်ပမှ ၀င်လာပြီး ဗုဒ္ဓနဲ့ သွေးနှောက ဗုဒ္ဓဘာသာ အဖြစ် ခံယူ သွားသူ များက ဗမာ၊ မွန်၊ ရှမ်း၊ ရခိုင် အဖြစ် သူတို့ကိုယ် သူတို့ သတ်မှတ် လိုက်ပြီး (ရခိုင် လူမျိုး များနဲ့ ပေါ်တူဂီ၊ ဒတ်ခ်ျ များ သွေးနှောများ မန်အောင် မြို့နယ်မှာ ဒီနေ့ထိ များစွာ ရှိပါတယ်- သူတို့ ကိုယ်သူတို့ ရခိုင် အဖြစ်ပဲ ခံယူကြ ပါတယ်။)၊ အစ္စလာမ် သာသနာ ကိုးကွယ် သူများ ကသာ ပသီ အဖြစ် မခံယူ- မာန်တင်း နေခြင်းမှာ သူတို့ ကိုယ်သူတို့ သတ်မှတ် တဲ့ မဟာ လူမျိုးကြီး ၀ါဒ (ပသီများကို အထင် သေးခြင်း ၀ါဒ)သာ ဖြစ်ပါတယ်။
ပသီများ ဘက်ကလည်း ဇာတိသွေး ဇာတိမာန် ပျက်ပြီး- အိန္ဒိယသား များအား အထင်ကြီး မိခဲ့ခြင်း ဖြစ်နိုင် သလို- လွတ်လပ်ရေး မရမှီ လက်မတင် လေးမှာ ပသီ- နှင့် မြန်မာ မွတ်ဆလင် စကားလုံး အားပြိုင် ကြရာ အားမတန် မာန်လျှော့ ခဲ့ရ လို့လည်း ဖြစ်နိုင် ပါတယ်။ ဒီနေရာမှာ ထည့်ပြောဘို့ လိုတာက မိမိ ကိုယ်မိမိ အိန္ဒိယသား မျိုးနွယ်- စူရ်တီ၊ မေမန်၊ နဆာပူရီ၊ ဘင်္ဂလီ၊ ကျူလီယာ အဖြစ် ရပ်တည်သူ များမှာ အပြစ် မရှိပါ။ နဂိုရှိရင်းစွဲ ပသီများနဲ့ သွေးနှော အစ္စလာမ် သာသနာ ၀င်တို့ အား ဇေရ်ဘာဒီ လူမျိုး အဖြစ် (နှိမ့်ချ ခေါ်သည့် သဘော) သတ်မှတ် ခဲ့သူများသာ အပြစ် ရှိပါတယ်။
အစ္စလာမ် သာသနာဝင် မဟုတ်တဲ့ သွေးနှော များက နဂိုရှိပြီး လူမျိုး ဗမာ၊ မွန်၊ ရှမ်းထဲမှာ ပါဝင် သွားသလို- အစ္စလာမ် သာသနာ ၀င်များက နဂိုရှိပြီး လူမျိုး ပသီ အထဲမှာ ပါဝင် သွားရမည့် အစား လူမျိုးသစ် တစ်ခု အဖြစ် ဇေရ်ဘာဒီ လို့သတ်မှတ် ခဲ့သူ များဟာ ဒီနေ့ မြန်မာ နိုင်ငံရှိ အစ္စလာမ် သာသနာဝင် များအား မူလဘူတ နိုင်ငံသား ဖြစ်ခွင့်မှ ခက်ခဲ နေရခြင်းရဲ့ တရားခံများ တစ်ဘက် တစ်လမ်းက ဖြစ်နေတယ် ဆိုတာ မြင်တတ်ဘို့ လိုပါတယ်။ ဘာသာရေး အကြောင်းကို ထည့်မပြောချင် ပေမယ့်- လူမျိုး အမည် နာမ ကို ဘာသာရေးနဲ့ အကြောင်းပြ တင်ပြ လာသူ များလည်း သတိထား ရမှာ ဖြစ်ပါတယ်။ မိမိကြောင့် နဂို ရှိရင်းစွဲ လူမျိုး တစ်မျိုး ထိခိုက် နစ်နာ စေမယ် ဆိုရင် အဲ့ဒီလို လုပ်ရပ်ဟာ ဘာသာ တရား တစ်ခုကို အ သုံးပြုပြီး လူမျိုး တစ်မျိုး အပေါ် ပြစ်မှု ကျူးလွန်ခြင်း (ဇလွန်) ဖြစ်နိုင် ပါတယ်။
အခြား တစ်ဘက်မှာ သမိုင်းကြောင်းနဲ့ လူမျိုး အမည် သတ်မှတ်မှု အရ မြန်မာ နိုင်ငံ အတွင်းနေ အစ္စလာမ် သာသနာဝင် များကို ပသီ လို့ ခေါ်တွင် ခဲ့တဲ့ အထောက် အထား အရ- ကပြား ဖြစ်စေ၊ မြေဒူး ဖြစ်စေ၊ ပသီ ဖြစ်စေ၊ ပသီ များသာ ဖြစ်ပါတယ်။ သို့သော် မွန်နဲ့ ကပြားက - သူ့ကိုယ်သူ မွန်အဖြစ် ခံယူ ချင်သူ၊ က ရင် ကပြားက သူ့ကိုယ်သူ ကရင် အဖြစ် ခံယူချင် သူ၊ ရခိုင်က အစ္စလာမ် ဖြစ်လို့ သူ့ကိုယ်သူ ရခိုင် အဖြစ် ခံယူချင်သူ၊ ဗမာက အစ္စလာမ် ဖြစ်လို့ သူ့ကိုယ်သူ ဗမာ လို့ခံယူချင် သူများလည်း အပြစ် မရှိပါ။
သို့သော် မိမိ ခံယူမယ့် ဗမာ၊ ရခိုင် စတဲ့ လူမျိုးများက မိမိရဲ့ ခံယူမှုကို လက်ခံ သလား လက်မခံသလား ဆိုတဲ့ ကိစ္စကိုသာ စဉ်းစား ရမှာ ဖြစ်ပါတယ်။ သူတို့ဘက်က reject လုပ်ကန် ထုတ်နေလျှက် မိမိက အ တင်း ဖြစ်ချင် နေခြင်းက မိမိ ဖြစ်သင့်တဲ့ အဖြစ်ကို ပစ်ပါယ်ပြီး ဖြစ်ချင်ရာကို ဇွတ်တိုးတဲ့ အဖြစ်ကြောင့် မိမိ ကိုယ်မိမိ အပြစ်ပေးသူ များသာ ဖြစ်သွား နိုင်ပါတယ်။ ပိုဆိုးတဲ့ အဖြစ်က မနာလို ဖြစ်တတ် ခြင်းပါ။ အ ချို့သော သူများက မိမိကိုယ် မိမိ အိန္ဒိယ မျိုးနွယ် ထဲက လူမျိုး အဖြစ် ခံယူထားပြီး- သူတစ်ပါး ကိုလည်း မိမိနဲ့ တန်းတူ ဖြစ်စေချင်တဲ့ အတ္တကို ဖက်တွယ်ပြီး အတင်း ပြဿနာ ရှာတဲ့ ကိစ္စပါ။
ဒီကိစ္စ မျိုးကို အထူး ဆင်ခြင်ဘို့ လိုပါမယ်။ အမှန် တစ်ကယ်ကို လိုက်တွက်ရင် မြန်မာ နိုင်ငံ ထဲက အစ္စလာမ် သာသနာဝင် ဦးရေရဲ့ ၈၅ ရာနှုန်းဟာ အိန္ဒိယ မျိုးနွယ် စစ်စစ်များ မဟုတ်ပါ။ သက်ဆိုင်ရာ (ရှမ်း၊ က ချင်၊ ကရင်၊ မွန် တို့က လက်မခံ ခဲ့ရင်) သမိုင်း အထောက် အထားနဲ့ ယုတ္တိဗေဒ အရ ပသီ စာရင်းမှာ ပါ ၀င် နိုင်သူများ ဖြစ်ပါတယ်။ အဲ့ဒီ ၈၅ ရာနှုန်းရဲ့ တရားဝင် ရသင့် ရထိုက်တဲ့ အခွင့် အရေးကို ၁၅ ရာနှုန်းသော သူများက မနာလိုဖြစ် ပိတ်ပင် မိလျှင်- အစ္စလာမ် သာသနာဝင် များရဲ့ ၈၅ ရာနှုန်းသော လူဦးရေက သမိုင်း မှန်ကို သိလာတဲ့ နေ့မှာ မိမိ အတ္တနဲ့ အတင်းလိုက် ပိတ်ခဲ့တဲ့ ၁၅ ရာနှုန်းဟာ တရားခံ အကြီးစားများ ဖြစ်သွား နိုင်ပါတယ်။ အဲ့ဒီ အချိန် အခါမှာ သာသနာ အရ ဖွဲ့နှောင် ထားတဲ့ ညီအစ်ကိုများ ကြား အကြီး အကျယ် ပြဿနာ တက်လာ နိုင်ပါတယ်။
၈၅ ရာနှုန်းသော သူများ သူတို့ အခွင့် အရေးကို သူတို့ ရသွားတဲ့နေ့ ၁၅ ရာနှုန်းရဲ့ မျက်နှာကို မကြည့်ချင်၊ မကူညီ ချင်တဲ့ စိတ်များ ဖြစ်သွား နိုင်ပါတယ်။ ကပြားများ အနေနဲ့ မိမိသည် သက်ဆိုင်ရာ ကရင်၊ ကချင်၊ မွန် အဖြစ် ခံယူခွင့် ရှိပါတယ်။ ကရင်၊ ကချင်၊ ရှမ်း အဖြစ် သီးသန့် ခံယူခွင့် မရှိဘဲ-၊ ကရင်+ ကချင်+ ဗမာ+ ခံယူမှုကို မရွေးချယ် သင့်ပါ။ + လူ မျိုး နဲ့ မြန်မာ ဘုရင်များ ခေတ်က မရှိခဲ့တဲ့ လူမျိုးဟာ ဒုတိယ တန်းစား နိုင်ငံသား ထဲမှာ ပါဝင် သွားနိုင် ပါတယ်။
အကယ်၍ နိုင်ငံတစ် နိုင်ငံမှာ နိုင်ငံသား၊ ဒုတိယ တန်းစား နိုင်ငံသား အဖြစ် ဥပဒေ ပြဌာန်း လျှင်လည်း နိုင်ငံ တကာက အတင်း ၀င်ရောက် ပြင်ဆင်ခွင့် မရှိပါ။ ဒီအချက်ကို သတိထားဘို့ လိုပါမယ်။ ဒုတိယ တန်းစား နိုင်ငံသား တစ်ဦးဟာ သူ့နာမည်နဲ့ ဥစ္စာ ပစ္စည်း ပိုင်ဆိုင်ခွင့်၊ မြေယာ ပိုင်ဆိုင်ခွင့် များကို ပိုင်ဆိုင်ခွင့် မရှိပါ။ မူလဘူတ လူမျိုးထဲက တစ်ဦး တစ်ယောက်ရဲ့ အမည် နာမနဲ့သာ ပိုင်ဆိုင်ခွင့် များကို ၀ယ်ယူ ပိုင်ခွင့် ရှိပါတယ်။ သို့မဟုတ် စီးပွားရေး လုပ်ကိုင်တဲ့ အခါ- အခွန် အခ ပေးရခြင်းများ မတူညီပါ။
အဲ့ဒီ အခါမှာ မိမိ ကိုယ်တိုင်က ရွေးချယ် ခဲ့လို့ မိမိ လူမျိုးက ဒုတိယ တန်းစား ဖြစ်နေ ခဲ့ရင် နိုင်ငံတကာ ကလည်း မကူညီနိုင်ပါ။ အမှန် တစ်ကယ် မူလဘူတ နိုင်ငံသား ဖြစ်ခွင့် ရှိလျှက် အခွင့် အရေး ဆုံးရှုံး ရသူ များကိုသာ နိုင်ငံ တကာက ၀ိုင်းဝန်း ကူညီနိုင် ပါတယ်။ ဒါကြောင့် ဥပမာ- ပသီ ဆိုတဲ့ လူမျိုး ခံခွင့် ရှိလျှက် ပသီ ဆိုတာ လောလောဆယ် အစိုးရ သတ်မှတ် ထားတာမှာ မပါဝင် ပေမယ့်-၊ သမိုင်း အရ ရသင့် ရ ထိုက် တဲ့ အခွင့် အရေးကို ပြန်တောင်းပိုင်ခွင့် ရှိတဲ့ လူမျိုး ဖြစ်ပါတယ်။ စူရ်တီ၊ ကျူလီယာ ဆိုတဲ့ လူမျိုး များက သမိုင်း အရ မူလဘူတ နိုင်ငံသား အဖြစ် တောင်းပိုင်ခွင့် မရှိပါ။ ကမ္ဘာ့ ဥပဒေနဲ့ အညီ လူ့အခွင့် အရေး ဆိုတဲ့ ခေါင်းစဉ် အောက်က သူတို့ကို ဖိနှိပ်ခြင်း မပြုဘို့ တိုင်းပြည်က မောင်းမထုတ် ဘို့ သာ တောင်းဆို ပိုင်ခွင့် ရှိပါတယ်။--
ဒါတွေကို မြန်မာ မွတ်ဆလင် လူထု နားလည် နိုင်ဘို့ လိုပါမယ်။ ပညာပေး လုပ်ငန်းများ လုပ်ဘို့ လိုပါမယ်။
မုဟမ္မဒ် တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင် လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement
26.1.2014
မြန်မာ နိုင်ငံမှာ ရှိကြတဲ့ ပသီ လူမျိုး တွေကို တိုင်းရင်းသား လူမျိုးစု တစ်စု အဖြစ် သတ်မှတ် ပေးဖို့နဲ့ ၂၀၁၄ ခုနှစ် သန်းခေါင် စာရင်း ကောက်ယူ ရာမှာ ကုတ်နံပါတ် သတ်မှတ် ပေးဖို့ UNC အမျိုးသား ညီညွတ်ရေး ကွန်ဂရက် ပါတီက တောင်းဆို လိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၄ ရက်နေ့ ကနေ ဒီနေ့ အထိ သုံးရက်ကြာ ကျင်းပတဲ့ အမျိုးသား ညီညွတ်ရေး ကွန်ဂ ရက် ပါတီ ညီလာခံ ကနေ ထုတ်ပြန်တဲ့ ကြေညာချက် ဖေါ်ပြ ထားတာပါ။ အမျိုးသား ညီညွတ်ရေး ကွန်ဂ ရက် ပါတီက တွဲဖက် အတွင်း ရေးမှူး ဦးခင်မောင်ချိုက သူတို့ တောင်းဆို ချက်ကို အခုလို ပြော ပါတယ်။
“ပြီးခဲ့တဲ့ ၂ ရက်မှာ ကျနော်တို့ ညီလာခံ လုပ်ခဲ့ ပါတယ်၊ အဲဒီ ညီလာခံမှာ အဆိုတွေ တင်သွင်း ခဲ့ပါတယ်၊ တိုင်းရင်းသား စာရင်းမှာ ပသီ လူမျိုး များကို တိုင်းရင်းသား စာရင်းမှာ ထည့်သွင်း ဖော်ပြ ပေးဖို့ သန်းခေါင် စာရင်း ထုတ်ယူတဲ့ အခါမှာ pre code ထည့်ပေးဖို့ အဲဒီ အဆိုလည်း ပါခဲ့ ပါတယ်၊ တခြား အဆို တွေလည်း ပါတယ်၊ အဲဒါ ဘာတွေလည်း ဆိုတော့ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ထာဝရ အပစ် အခတ် ရပ်စဲရေး၊ တရား ဥပဒေ စိုးမိုးရေး၊ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဒါတွေလည်း ပါပါတယ်၊ အဲဒါကို ဒီနေ့ ကတော့ အများ ပြည်သူ သိအောင် ကြေညာဖို့ အတွက် ဒီပွဲကို လုပ်ခြင်း ဖြစ်ပါတယ်”
UNC ပါတီက ထုတ်ပြန်တဲ့ ကြေညာချက် ထဲမှာ နိုင်ငံ တစ်ဝှမ်း တရား ဥပဒေ စိုးမိုးရေး ထွန်းကား ရေးနဲ့ ၁၉၈၂ ခုနှစ် မြန်မာ နိုင်ငံသား ဥပဒေကို ကုလ သမဂ္ဂ ပဋိညာဉ် စာတမ်း၊ နိုင်ငံ တကာ စံချိန် စံညွှန်းတွေနဲ့ အညီ ပြင်ဆင် ပေးဖို့ ကိုလည်း တောင်းဆို ထားပါတယ်။
ပသီ လူမျိုး ဆိုတာ နှစ်ပေါင်း တစ်ထောင် နီးပါး လူမျိုး တစ်မျိုး အနေနဲ့ ရှိခဲ့တာ ဖြစ်ကြောင်း၊ အရင်က မြန် မာ - မွတ် စလင် လို့ သတ်မှတ် ခံရတာ ကနေ ဘာသာရေးနဲ့ လူမျိုးရေး မရော ယှက်ရဘူး ဆိုပြီး အဲဒီ အမည်ပါ ပျက်သွားကြောင်း နောက်ပိုင်းမှာ ဗမာ ဆိုပြီး ခေါ်ဝေါ်ကြောင်း ဦးခင်မောင်ချိုက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးကွန်ဂရက်ပါတီ UNC ကိုလွန်ခဲ့တဲ့ နှစ်လ လောက်ကတရားဝင်ပါတီ တည်ထောင်ခွင့် ရရှိ ခဲ့တာလို့ သိရပါတယ်။
နေဆန်းလွင်
RB News
26.1.2014
ပြည်တွင်းမှာသင်္ကန်းဝတ်ဝီရသူရဲ့ဝါဒဖြန့်မှုတွေ၊နိုင်ငံတော်သမ္မတရုံးက ညွန်ကြား ရေးမှူး ဗိုလ် မှူး ဇော်ဌေး (မှူးဇော်) ၊ ပြည်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်၊ ပြည်တွင်း ဂျာနယ် အချို့နဲ့ ရခိုင် မီဒီယာ များရဲ့ ၀ါဒဖြန့်မှု တွေ က အမှန် တရား သိသူတွေ အဖို့ ဟာသ တွေလို ဖြစ်ရုံက လွှဲပြီး ဘာမှတော့ မထူးခြားဘူး။
၂၀၁၂ ခုနှစ်တုန်းက မှူးဇော်ရဲ့ ၀ါဒဖြန့်မှု တွေကို အားလုံး မှတ်မိ ကြမှာပါ။ အင်တာနက် ပေါ်မှာ ပြန့်နေတဲ့ မဟုတ် မမှန် ၀ါဒ ဖြန့်မှုတွေ အားလုံးရဲ့ နောက်ကွယ်မှာ မှူးဇော် ရှိနေတာ ကတော့ အင်တာနက် လောက ကို ကျွမ်းကျင် သူများ အားလုံး အခိုင် အမာ သိရှိ နေကြ ပါတယ်။
ယခု ဖြစ်နေတဲ့ မောင်တော မြို့မှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု အကြောင်းနဲ့ ပတ်သက်ပြီး မှူးဇော်ရဲ့ ၀ါဒ ဖြန့်မှုတွေ သာမက ပြည်ထောင်စု အစိုးရ ကိုယ်တိုင်ရဲ့ မဟာ လုပ်ကြံ မှုကြီးပါ ပါဝင်နေ ပါတယ်။
ဇန်န၀ါရီလ ၁၂ ရက်နေ့က မေယု တောင်တန်းကိုဖြတ်ပြီး မောင်တော မြို့ကို လာနေတဲ့ ရိုဟင်ဂျာ (၈) ယောက်ကို ဒုချီရာတန်းရွာ အုပ်ချုပ် ရေးမှူး ဦးအောင်ဇံဖြူက ဖမ်းဆီးပြီး သတ်ဖြတ် ခဲ့တယ်။ ဦးအောင်ဇံဖြူ၊ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းနဲ့ ရခိုင် အစွန်းရောက် တွေက အဲဒီ ရိုဟင်ဂျာ (၈) ယောက်ကို သတ်ပြီး၊ မြောင်းထဲမှာ မြှပ်ခဲ့တာကို မြင်တဲ့ မျက်မြင် သက်သေက ဒုချီရာတန်း ရွာက ရွာ သား တွေကို အကြောင်းကြား ခဲ့တယ်။ မြောင်းထဲမှာ မြှပ်ထားတဲ့ အလောင်း တွေကို ဇန်န၀ါရီလ ၁၃ ရက်နေ့ ညနေ ၆ နာရီမှာ ဒုချီရာတန်း ရွာသားတွေ သွားကြည့် ခဲ့ပြီး အလောင်း တစ်လောင်းကို ရွာကို သယ်နေတဲ့အချိန်မှာ ရခိုင် တွေကမြင်သွားပြီး ဦးအောင်ဇံဖြူကို အကြောင်းကြား ခဲ့တယ်။ ဦးအောင်ဇံဖြူက ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း၊ ရခိုင် အချို့နဲ့ အတူ ဒုချီရာတန်း ရွာကို ၀င်ပြီး အလောင်း မြှပ် ထားကို တွေ့သွားတဲ့ သူတွေကို နှုတ်ပိတ်ဖို့ သွားခဲ့တယ်။ ရွာထဲ ၀င်ပြီး လူတွေကို ရှာရင်းနဲ့ အမျိုးသမီး တစ်ယောက်ကို မုဒိန်းကျင့် ခဲ့တယ်။ ဒါက ပြဿနာရဲ့ အစ။
မြန်မာ့ အသံ၊ နိုင်ငံတော်ပိုင် သတင်းစာများ၊ ပြည်တွင်း မီဒီယာ များနဲ့ ဦးရဲထွဋ်တို့ ပြောတဲ့ ရဲတွေက ကင်း လှည့် နေတာကို ရွာသား တွေက အော်ဟစ်ပြီး ၀ိုင်းရိုက်တယ် ဆိုတာက ပြည်ထောင်စု အစိုးရနဲ့ ရခိုင် ပြည် နယ် အစိုးရတို့ ပူးပေါင်းပြီး လုပ်ကြံ ထားတဲ့ မဟာ လုပ်ကြံမှုကြီး သာဖြစ်ပါတယ်။ တကယ့် ဖြစ်ရပ် မှန်ကို ဖုံးကွယ်ဖို့ အတွက် - မရှိတော့တဲ့ RSO (Rohingya Solidarity Organisation) - ရိုဟင်ဂျာ စည်းလုံးရေး အဖွဲ့က ဆိုတဲ့ အမည်ကို ကောက်ကိုင် လိုက်ကြ ပါတယ်။ ၁၉၈၀ နှစ်များ တုန်းက RSO ကသင် တန်း ပေးထား သူများ ၀င်ပြီး ဒီလို လုပ်ပါတယ် ဆိုရင် ဖြစ်နိုင်တယ် ဆိုပြီး ကျွန်တော် အပြင် နိုင်ငံတကာ အသိုင်း အ၀ိုင်း ကပါ ယုံကြည် ကြမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ ရောက်နေတဲ့ ၂၀၁၄ ခုနှစ်မှာ RSO ကသင်တန်း ပေးထားသူ များက ရဲတွေကို တိုက်ခိုက် တယ်လို့ ပြောတာက အမှန် တရားကို ဖုံးကွယ်ဖို့ လုပ်ကြံ လိုက်တာသာ ဖြစ်တယ် ဆိုတာ နိုင်ငံတကာ အသိုင်း အ၀ိုင်း ကလည်း သေချာ သိနေ ပါတယ်။ အဲဒါကြောင့် ကုလ သမဂ္ဂ အပါအ၀င် နိုင်ငံ တကာက ဒုချီရာတန်း ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရှုတ်ချ တာ မှာ ပြည်ထောင်စု အစိုးရရဲ့ လုပ်ကြံမှု တွေကို မကိုးကားဘဲ၊ တာဝန်သိ ပြည်သူ များရဲ့ သတင်း ပေး မှုတွေ ကိုသာ ကိုးကား သွားတာကို မျက်ဝါး ထင်ထင် တွေ့ရမှာပါ။
နေပြည်တော် အစိုးရ သမ္မတ ကစပြီး ၀န်ကြီးတွေ၊ ညွန်မှူးတွေ အဆုံး အားလုံးက လူလိမ်တွေ ဆိုတာ လူတိုင်း သိပါတယ်။ သို့ပေမယ့် မွတ်စလင် တွေနဲ့ ပတ်သက်ပြီး သင်္ကန်းဝတ် အချို့ရဲ့ ၀ါဒ ဖြန့် မှု တွေကြောင့် ဟုတ်သလား၊ မဟုတ် ဘူးလားလို့ မစုံစမ်း တော့ဘဲ မျက်စိ စုံမှိတ် ယုံနေကြတဲ့ သနား စရာ လူသား အများ အပြား ပြည်တွင်းမှာ ရှိနေတဲ့ အတွက် နေပြည်တော်ရဲ့ လုပ်ကြံ မှုကို နားလည် သဘောပေါက် စေရန် ဒီစာကို ရေးရခြင်း ဖြစ်ပါတယ်။
ဘင်္ဂလား ဒေ့ရှ် နိုင်ငံမှာ ရခိုင် လက်နက်ကိုင် အဖွဲ့များ အခြေ စိုက်ပြီး လှုပ်ရှားဖို့ နေရာရ ထားပေမယ့် ရိုဟင်ဂျာ တွေကို နိုင်ငံရေး အတွက်တောင် အခြေစိုက်ပြီး လှုပ်ရှားခွင့် မပေးဘူး။ ဒက္ကား မြို့က မြန်မာ သံ ရုံး ရှေ့မှာ ရခိုင်တွေ ဘယ်နှစ်ကြိမ် ဆန္ဒပြခွင့် ရခဲ့သလဲ ဆိုတာ ရခိုင် သတင်း ဌာန တွေက သ တင်း တွေကို ပြန်ရှာ ဖတ်ကြည့်ပါ။ ဘင်္ဂလား ဒေ့ရှ် အစိုးရက ရိုဟင်ဂျာ တွေကို ဆန္ဒပြ ခွင့်တောင် မပေး ထားဘူး။ အဲဒီတော့ ရခိုင် တွေကို ဘင်္ဂလား ဒေ့ရှ် အစိုးရက ဘာကြောင့် ထောက်ခံ နေပြီး၊ ရိုဟင် ဂျာ တွေကို နေရာ မပေးရ သလဲ ဆိုတာ စဉ်းစား စရာပါ။ ရခိုင် တွေနဲ့ ရိုဟင်ဂျာ တွေရဲ့ လှုပ်ရှား မှုမှာ ကွာ ခြား နေတာ ကတော့ ရိုဟင်ဂျာ တွေက မိမိ တို့ရဲ့ ဆုံးရှုံး နေတဲ့ အခွင့် အရေးကို ပြန်လည် ရ ဖို့ တောင်း ဆို နေတာ ဖြစ်ပြီး၊ ရခိုင်တွေ ကတော့ ပြည်ထောင်စု မြန်မာ နိုင်ငံ ထဲက ခွဲထွက်ပြီး အဖ ရ ခိုင် နိုင် ငံတော်ကို ပြန်လည် ထူထောင်ဖို့ တိုက်ပွဲ ၀င်နေတာ ဖြစ်တယ်။ အဲဒီတော့ အတိုချုန်း ပြောရရင် ရို ဟင် ဂျာ တွေရဲ့ တောင်းဆို မှုကို ကျောထောက် နောက်ခံ လုပ်ပေးရင် ဘင်္ဂလား ဒေ့ရှ် နိုင်ငံ အတွက် ဘာ အကျိုးမှ မရှိပါ။ သို့ပေမယ့် ရခိုင် တွေရဲ့ တိုက်ပွဲ အောင်မြင်ရင် ဘင်္ဂလား ဒေ့ရှ် နိုင်ငံ အတွက် အကျိုး အမြတ်ပေါင်း များစွာ ရှိပါ လိမ့်မယ်။ ဒါကြောင့်မို့ ဘင်္ဂလား ဒေ့ရှ် နိုင်ငံမှာ ၁၉၈၀ ၀န်းကျင်မှာ ရှိခဲ့တဲ့ RSO ကိုအပြီးတိုင် ချေမှုန်း ခဲ့တယ်။
အဲဒါကြောင့် RSO ဆိုတာ ဘင်္ဂလား ဒေ့ရှ်- မြန်မာ နယ်စပ်မှာ မရှိရုံမက ဘယ်နိုင်ငံ၊ ဘယ်ဒေသမှာမှ မရှိတော့ဘူး ဆိုတာ ကျွန်တော် သာမက လက်နက်ကိုင် အဖွဲ့ များကို စောင့်ကြည့် နေတဲ့ နိုင်ငံ တကာ အ သိုင်း အ၀ိုင်းများ အားလုံးက သေချာ သိနေ ပါတယ်။ တကယ် လို့သာ နေပြည်တော် အစိုးရ ၀ါဒဖြန့် သ လို ဖြစ်ခဲ့မယ် ဆိုရင် အနောက်တိုင်း မီဒီယာ များက တကယ်ကို မညှာ မတာ ရေးမှာပါ။ RSO ရဲ့လက် နက်ကိုင် တော်လှန်ရေးကို ဖျက်သိမ်းပြီး၊ အကြမ်း မဖက် နိုင်ငံရေး လမ်းစဉ်နဲ့သာ ဆက်လက် ရပ်တည် မယ်လို့ ကမ္ဘာကို အသိပေး ခဲ့တာကြောင့် အဲဒီ RSO ကိုဦးစီး ခဲ့တဲ့ ဦးဆောင်သူ တွေက ယနေ့ နိုင်ငံ တကာကို သွားလာ နေလို့ ရနေခြင်း ဖြစ်ပါတယ်။ အနောက် နိုင်ငံများ၊ အထူး သဖြင့် အမေရိကန် နိုင်ငံ အစိုးရက စက္ကန့် မလပ် စောင့်ကြည့် နေတယ် ဆိုတာ နိုင်ငံရေး ပါးဝသူတိုင်း သိကြတယ်။
အခု တလော ပြည်တွင်း ဂျာနယ်မှာ ဖော်ပြ ထားတဲ့ RSO ဆီမှာ ဆုကြေးငွေ သွားထုတ် နေတယ် ဆိုတဲ့ သတင်းက ၀ီရသူရဲ့ ၀ါဒ ဖြန့်မှုဟန်ကို အတု ခိုးထားခြင်း ဖြစ်ပါတယ်။ အဲဒီ လုပ်ကြံမှု သတင်း တွေမှာ သုံးထားတဲ့ လူတွေရဲ့ အမည် တွေဘဲ ရှိပါတယ်။ အဲဒီ လူတွေ အပြင်မှာ တကယ် မရှိပါဘူး။
ဇန်န၀ါရီလ ၂၂ ရက်နေ့က ရခိုင် ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်နဲ့ အဖွဲ့ သွားတဲ့ အချိန်မှာ ဒေသ ခံ ပြည် သူ တွေကို ဘယ်လို ခြိမ်းခြောက်ထား ခဲ့သလဲ၊ အခြား ရွာသား တွေကို ဒုချီရာတန်း ရွာ သား တွေဆိုပြီး ဦးလှမောင်တင်နဲ့ တွေ့ပေး ခဲ့တာတွေ၊ လူတွေ ဘယ်လောက် သတ်ခံ ရသလဲ၊ ပစ္စည်းတွေ ဘယ်လောက် အလုခံ ရသလဲ ဆိုတာ အားလုံး မျက်မြင် သက်သေ ရှိတဲ့ အပြင် ဖြစ်စဉ်တွေ အားလုံး ကိုလည်း တာဝန် ရှိသူ တွေကို တင်ပြ ပြီးပါပြီ။
ခင်ဗျားတို့ လိမ်နိုင် သလောက် ဆက်လိမ် ကြပါ။
Sindi Khan
RB News
25.1.2014
မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ လောင်းဒုံ ကျေးရွာ အုပ်စု၊ ဆင်သေရွာရှိ အမှတ် (၂) ရဲကင်း စခန်းမှ ရဲများသည် ကြိမ်ချောင်း ဈေးသို့ ဈေးဝယ်ရန် သွားလာသူ များကို ခြိမ်းခြောက်၍ ငွေညှစ် လျက် ရှိကြောင်း သတင်း ရရှိပါသည်။
မောင်တော မြို့နယ်၊ ကြိမ်ချောင်း ရဲစခန်း ယာယီ တာဝန်ခံ ဒုရဲအုပ် အေးကျော်ညွန့်၏ လက်အောက်ခံ ရဲ ကင်း စခန်း ဖြစ်သည့် လောင်းဒုံ ကျေးရွာ အုပ်စု၊ ဆင်သေရွာရှိ အမှတ် (၂) ရဲကင်း စခန်းမှ ရဲများသည် ဇန်န၀ါရီလ (၂၂) ရက်နေ့ မွန်းလွှဲ (၂) နာရီ အချိန်မှ စ၍ ကြိမ်ချောင်း ဈေးသို့ ဈေးဝယ်ရန် သွားလာသူ များ ကို အမျိုးမျိုး ခြိမ်းခြောက်၍ ငွေညှစ်လျက် ရှိကြောင်း သိရှိ ရပါသည်။
ရဲကင်းစခန်းရှေ့မှဖြတ်သွားဖြတ်လာသည့်ရိုဟင်ဂျာလူမျိုး တိုင်းက ရဲကင်း စခန်းသို့ ငွေကျပ် ၂၀၀ စီပေးနေ ရပြီး၊ ငွေကြေး ပေးရခြင်း အတွက် မေးမြန်းသူ များကို ကိုယ်ထိ လက်ရောက် စော်ကား၍ ရိုက်နှက်ခြင်း များပြုလုပ် လျက်ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ အဆိုပါ ရဲများသည် အလုပ် အကိုင် ရှိသည့် လူငယ် များကို အဓိက ပစ်မှတ် ထား၍ ငွေညှစ် လျက်ရှိသည်။ လူငယ် အများစုမှာ အလုပ် လက်မဲ့ ဖြစ်နေပြီး၊ အလုပ် အကိုင် ရှိသည့် လူငယ် များကို ယခုကဲ့သို့ ပစ်မှတ် ထား၍ ငွေ ညှစ် နေ ခြင်းကြောင့် ဒေသခံများ အလွန် စိတ်ပျက် လျက်ရှိသည်။
ယာယီ ကဒ်ပြား၊ ထောက်ခံစာ များကို ဖြတ်သွား ဖြတ်လာသူ များထံမှ စစ်ဆေးပြီး၊ ယာယီ ကဒ်ပြား ဓါတ်ပုံ မပေါ်၊ ဟောင်းနေသည်ဟု အကြောင်း အမျိုးမျိုး ပြ၍ ငွေညှစ် လျက်ရှိကြောင်း သိရှိရပါသည်။ ယခု ရက် ပိုင်း အတွင်း ငွေညှစ် ခံရသူ များမှာ --
(၁) ရရှီဒုလ္လာ (ဘ) ဦးဇဖာရ် အာမတ် (အသက် ၂၅ နှစ်) (ပေးခဲ့ရသည့် ငွေ ကျပ် ၁၃၀၀၀)
(၂) မာမတ်ယာယာ (ဘ) ဦးဆွေယာဒ် အာမတ် (အသက် ၂၈ နှစ်) (ပေးခဲ့ရသည့် ငွေ ကျပ် ၁၃၀၀၀)
(၃) မိုဟာမတ် ယူနုစ် (ဘ) ဦးနဇီရ်ဟူစိန်း (အသက် ၃၀ နှစ်) အောက်ပြူးမရွာမှ (ပေးခဲ့ရသည့် ငွေ ကျပ် ၇၅၀၀)
(၄) ဘေလာလ် (ဘ) ဦးဖရီဒုလ္လာ (အသက် ၂၂ နှစ်) အောက်ပြူးမရွာမှ (ပေးခဲ့ရသည့် ငွေ ကျပ် ၇၅၀၀) -- တို့ဖြစ်ပါသည်။
ဌေးလွင်ဦး
RB News
25.1.2014
တော်လှန်ရေး တစ်ခုမှာ ပရိယာယ် များလှ ပါတယ်။ တရှုးမူးထိုး ထိုးကွင်းထ သူရဲကောင်း ၀ါဒ ခေတ် ကုန်ဆုံး သွားခဲ့ ပါပြီ။ ဒါကို တော်လှန်ရေး လုပ်ဆောင် လို သူများ နားလည် ထားဘို့ လိုအပ်လှ ပါတယ်။ အပိုင်း (၁) မှာ ဖေါ်ပြပြီး အ တိုင်း ဖိနှိပ်သူ ဘက်က သူတို့ ရှိသမျှ အင်အားနဲ့ စနစ်တကျ ပြင်ဆင် ထား ပြီး မှ ဖိနှိပ်လို သူကို အပိုင် ကိုင်တွယ် ဖိနှိပ်ခြင်း ဖြစ်ပါတယ်။ ဒါကို နား မလည် ဘဲ ဖိနှိပ်ခံ ရတဲ့ အကြောင်း ပြချက် တစ်ခုတည်းနဲ့ လက်ရုံးရည် တစ်ခု တည်း ကို အားကိုးပြီး တော်လှန်ရေး လုပ်မယ် ဆိုရင် ပွဲပြတ်နိုင် လာစရာ အကြောင်း မရှိပါ။
လက်နက်အားကိုးတော်လှန်ရေးတိုင်းဟာသေကျေပျက်စီးများရပြီးနောက်ဆုံးမှာနှစ်ဦးနှစ်ဘက်လိုက်လျှောမှု တစ်ခုနဲ့သာ ညှိနှိုင်းလိုက် ရသည်သာ ဖြစ်ရ ပါတယ်။ (ဒုတိယ ကမ္ဘာစစ် ပြီးကတည်းက - ပွဲပြတ် နိုင်တဲ့ သမိုင်း မရှိပါ။ အချို့ တော်လှန်ရေး ဘက်က နိုင်တယ်လို့ ခံစားနိုင်တဲ့ နိုင်ငံငယ် တစ်ချို့ ရှိပေမယ့် ပြည်တွင်းစစ် သို့မဟုတ် စီးပွားရေး အံတုစစ် ငြိမ်းရနိုင်ခြင်း မရှိပါ။) အကယ်၍ လက်နက် ကိုင် တော် လှန်မှ နိုင်စရာအကြောင်း ဖြစ်လာ ခဲ့လျှင်လည်း သံတမန် တော်လှန်ရေးကို အရင် အဦး တည်ဆောက် နိုင် ဘို့ လိုအပ် ပါတယ်-၊ တနည်း အားဖြင့် ကိုယ့်ဘက်က နိုင်ငံတကာ အသိုင်း အ၀ိုင်းကို မဟာမိတ် အ ဖြစ် ပေါင်းစည်း နိုင်ဘို့ လိုအပ် ပါတယ်။ ဒီအချက် တွေကို ရန်သူ (ဖိနှိပ်သူ) ဘက်ကလည်း သိပြီး ဖြစ်နေ ပါတယ် - ကာကွယ်ပြီး ဖြစ်နေ ပါတယ်။- ဒါတွေကို ရန်သူထက် သာတဲ့ နည်းပ ညာ တွေ နဲ့ ကျော်ဖြတ် တည်ဆောက် နိုင်ဘို့ လိုအပ် ပါတယ်။
ဒီနေရာမှာ မိမိတို့ တော်လှန်တဲ့ အုပ်စု တွေက ပထမဆုံး သိထားနိုင် ရမယ့် အချက် များမှာ- ရန်သူ (ဖိနှိပ်သူ) ဟာ မိမိတို့ တော်လှန်ရေး အုပ်စုကို- တည့်တိုက်မယ်။ စိတ်ဓါတ် စစ်ဆင်ရေးနဲ့ တိုက်မယ်။ လူထုနဲ့ သွေးခွဲမယ်။ တော်လှန် နေတဲ့ အုပ်စုတွင်း သူ့လူ မွေးပြီး ဖြိုခွဲမယ် ဆိုတဲ့ အချက်များ ဖြစ်ပါတယ်။ ဒါတွေကို အခု ကြုံနေရတဲ့ မြန်မာ မွတ်ဆလင် အွမ္မတ်ထု တစ်ခုလုံးရဲ့ ဖြစ်စဉ်နဲ့ ဥပမာပေး ရှင်းပြလို ပါတယ်။ ဖိနှိပ် လွန်းလို့ ဖိနှိပ် ခံရတဲ့ ဘက်က တော်လှန် ရေးကို ဆောင်ရွက် ရတာ ဆိုပေမယ့်- ရန်သူက ကိုယ်တွေကိုပဲ တရားခံ အဖြစ် အတင်း လက်ညှိုး ထိုးပြီး အပြစ်ပြောမယ်- ၀ါဒဖြန့်မယ်- ဖမ်းမယ် ဆီးမယ် သတ်မယ် ဖြစ်မယ် ဒါကို တည့်တိုက် တယ်လို့ ခေါ်နိုင်တယ်။
အဲ့ဒီ အခါ ဖိနှိပ်ခံ အုပ်စုထဲက သာမန် အရပ် သားတွေ ခမြာ သေရမယ် ကြေရမယ် ထွက်ပြေး ရမယ် ပုန်းခို ရမယ်- မခံနိုင် လွန်းလို့ ခုခံတဲ့ အုပ်စု တော်လှန်တဲ့ အုပ်စု ပေါ်လာမယ်-၊ အဲ့ဒီလို ပေါ်လာတဲ့ အုပ်စုကို ရန်သူ ဘက်က အပြတ် ရှင်းမယ်။ အပြတ် ရှင်းလို့ မနိုင်နိုင်ဘဲ- ရန်သူ ဘက်က ဦးကျိုးလာ တဲ့အခါ-၊ အဲ့ဒီ တော်လှန်ရေး အုပ်စုကြောင့် သူတို့ကို အားပေး ထောက်ခံတဲ့ လူထုကို ချေမှုန်း ရတာ ပါလို့ ဆက် တိုက် ၀ါဒဖြန့် ပါတော့မယ်။ (အမှန်မှာ အစကတည်းက သူတို့ဘက်က မတရား ဖိနှိပ်ခဲ့လို့ တော် လှန်ရေး အုပ်စု ပေါ်လာတာကို ဖုံးကွယ်ပြီး- တော်လှန်ရေး အုပ်စု ပေါ်လာလို့ တော် လှန်ရေး ဘက် က ထောက် ခံ သူ များကို ချေမှုန်းရတာ လို့ ဗြောင်လိမ် ပါလိမ့်မယ်။)
လိမ်နိုင်မှု အားကောင်း လာရင် လူထုက တော်လှန်ရေး သမားများကို စိတ်ကုန်လာစေတဲ့ နည်းကို သုံးခြင်း ဖြစ်ပါတယ်။ ဒီအချိန်မှာ သူတို့ဘက်က လိမ်လေ- ကိုယ့်ဘက်က အလိမ် ဖေါ်လေ နည်းပညာကို သူတို့ သာအောင် လုပ်ဆောင် နိုင်ဘို့ လိုအပ်လှ ပါတယ်။ ရန်သူ ဘက်က များများ လိမ်ခြင်းဟာ တော် လှန်ရေး အုပ်စုနဲ့ လူထုကြား မဟာမိတ် အုပ်စုကြား သွေးခွဲခြင်း ဖြစ်သလို လူထုကို စိတ်ဓါတ် စစ် ဆင် ရေး နဲ့ ညှင်းပန်း ခြင်းလည်း ဖြစ်ကြောင်း လူထုကို အမြဲ အသိပေး နေဘို့ လိုအပ် ပါတယ်။ ဒီလို အချိန် မျိုးမှာ လူထုကြားက အုပ်စု ခေါင်းဆောင်တွေ ကိုယ်တိုင် ခြိမ်းခြောက် ခံရတာ မျိုးကို မကြာခဏ ကြုံရနိုင် ပါ တယ်။
တော်လှန်ရေးကို ကျွမ်းကျင်သူ များက အဲ့ဒီ အဆင့်ကို ကျော်ဖြတ် နိုင်မယ့် နည်းလမ်း များကိုလည်း သိနေ ဘို့ လိုအပ်လှ ပါတယ်။ မိမိ ကိုယ်တိုင် ခြိမ်းခြောက် ခံရလင့် ကစား လူထု ကြားမှာ စိတ်ဓါတ် သတ္တိ များကို ထည့်ပေးနိုင်ဘို့ လိုအပ် ပါတယ်။ မိမိ ကိုယ်တိုင်က အကြောက် တရား ကပ်ငြိနေသူ များဟာ အုပ် စု ခေါင်းဆောင်များ ဖြစ်နေခြင်းနဲ့ မထိုက်တန်တဲ့ စမ်းသပ်မှု ကာလ လို့လည်း ဆိုနိုင် ပါတယ်။ သို့သော် လိမ္မာ ပါးနပ်တဲ့ တော်လှန်ရေး ခေါင်းဆောင် များဟာ အုပ်စု ခေါင်းဆောင် များကို အပြစ် ဆိုခြင်း မရှိဘဲ သူ တို့ ကိုယ်တိုင် သတ္တိများ ၀င်လာအောင် နည်းလမ်း ပေါင်းစုံနဲ့ ကြိုးစားလေ့ ရှိပါတယ်။
မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင် လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement
25.1.2014
ကမ္ဘာ တဝှမ်း တနိုင်ငံ ချင်းစီ အလိုက် လွတ်လပ်မှု စောင့်ကြည့် နေတဲ့ အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ဒီစီမြို့ အခြေစိုက် Freedom House အဖွဲ့ရဲ့ ၂၀၁၄ ခုနှစ် အစီရင် ခံစာမှာ မြန်မာ နိုင်ငံဟာ ပြီးခဲ့ တဲ့နှစ် အတွင်း ကဏ္ဍ တချို့မှာ တိုးတက်မှု ရှိလာတာ တွေ့ရ ပေ မယ့်၊ အခြေ အနေ တရပ်လုံးကို ကြည့်ရင်တော့ အပြောင်း အလဲ သိပ်မရှိဘူး လို့ ဖေါ်ပြလိုက် ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ Freedom House အဖွဲ့ရဲ့ အာရှတိုက် ဆိုင်ရာ သုတေသီ မစ္စဆယ်ရာ ကွတ်ခ် Sarah Cook ကို RFA ကမေးမြန်း ရာမှာ သူက မြန်မာ နိုင်ငံရဲ့ လွပ်လပ်မှု အခြေ အနေ တခုလုံးကို ခြုံကြည့်မယ် ဆိုရင် အပြောင်း အလဲ သိပ်မရှိတာ တွေ့ရ ပါတယ်။ ကဏ္ဍ တခုဆီ အလိုက် လေ့လာ ကြည့်ရင်တော့ တ ချို့ နေရာ တွေမှာ အပြောင်း အလဲရှိ ပါတယ်။ ဥပမာ လူမှု အခြေပြု အဖွဲ့တွေ ဖွဲ့စည်း လုပ်ကိုင်ခွင့် ရလာ တာ၊ စုဝေး စည်းရုံးခွင့် ရလာတွေ ရှိပါတယ်။ ဒါပေမယ့် တဘက် မှာလဲ တရားမဝင် စီတန်း လှည့်လည် မှုတွေနဲ့ အရေးယူ ထားတဲ့ ဖြစ်ရပ် တွေလည်း တွေ့ရ ပါတယ်လို့ မစ္စဆယ်ရာ ကွတ်ခ် Sarah Cook ပြောသွား တာပါ။
Freedom House အဖွဲ့ရဲ့ အစီရင် ခံစာမှာ Political Rights ခေါ် နိုင်ငံရေး ဆိုင်ရာ အခွင့် အရေး တွေနဲ့ Civil Liberties ခေါ် လူမှုရေး အရ လွပ်လပ်မှု တွေဆိုပြီး အမျိုးအစား နှစ်မျိုး ခွဲခြားထား ပါတယ်။ လွတ်လပ်မှု အနည်း အများကို အဆင့် ၁ ကနေ ၇ ထိ သတ်မှတ် ထားပြီး မြန်မာ နိုင်ငံရဲ့ နိုင်ငံရေး ဆိုင်ရာ အခွင့် အရေး အခြေ အနေကို အဆင့် ၆ ၊ လူမှုရေး လွတ်လပ် မှုကို အဆင့် ၅ အနေနဲ့ ဖေါ်ပြထား ပါတယ်။
အခု ထွက်ရှိ လာတဲ့ ၂၀၁၄ ခုနှစ် အစီရင် ခံစာမှာ အပြည့်အဝ လွတ်လပ်တဲ့ နိုင်ငံက ၈၈ နိုင်ငံ၊ တစိတ် တဒေသ လွတ်လပ်တဲ့ နိုင်ငံက ၅၉ နိုင်ငံနဲ့ မလွတ်လပ် သေးတဲ့ နိုင်ငံက ၄၈ နိုင်ငံ ရှိတယ်လို့ ဖေါ်ပြ ထားပြီး၊ မြန်မာ နိုင်ငံ ကိုတော့ မလွတ်လပ် သေးတဲ့ နိုင်ငံတွေ စာရင်း ထဲမှာ ထည့်သွင်း ဖေါ်ပြထား ပါတယ်။
![]() |
| လူမဆန်စွာ ရိုက်နှက် ခံရသည့် ၄ နှစ်အရွယ် ကလေးငယ် (ဓါတ်ပုံ - MYARF/RB News) |
MYARF
RB News
25.1.2014
မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ ဒုချီရာတန်း ကျေးရွာမှ ၄ နှစ်အရွယ် မိန်းကလေး တစ်ဦးနှင့် မိသားစု ၀င်များကို စစ်သား များက လူမဆန်စွာ ရိုက်နှက် ခဲ့ကြောင်း သတင်း ရရှိ ပါသည်။
ဇန်န၀ါရီလ ၂၄ ရက်နေ့တွင် မောင်တော မြို့နယ် အာဏာပိုင် များက ဒုချီရာတန်း ရွာမှ တိမ်းရှောင် နေ သည့် ရွာသား အချို့ကို ဒုချီရာတန်းသို့ ပြန်ရန် အတင်း အဓမ္မ စီစဉ် ခဲ့သည်။ ဦးအဘူ ဘရှာရ်၏ ဇ နီး ဒေါ်ဆဂျီဒါနှင့် ကလေး ၃ ဦးကိုလည်း ပြန်လည် ခေါ်သွား ခဲ့ရာ၊ ဒေါ်ဆဂျီဒါမှ ဒုချီရာတန်း ရွာတွင် မနေ ချင် တော့သဖြင့် ကလေး ၃ ဦးကို ခေါ်၍ နေ့လည် ၃ နာရီ အချိန်တွင် ဂေါ်ဒူသာရ အနောက် ရွာသို့ ထွက် ခွာ လာခဲ့သည်။
ဂေါ်ဒူသာရ အနောက် ရွာသို့ အသွား လမ်းတွင် စစ်သား များက ဖမ်းဆီးပြီး မိသားစု ၀င်အားလုံးကို ရိုက်နှက် ခဲ့ရာ၊ ၄ နှစ် အရွယ်ကီစ်မာတာရာ ကိုလည်း လူမဆန်စွာ သွားများ ကျိုးသည့် အထိ ၎င်းတို့ ကိုင်ဆောင် ထားသည့် သေနတ် များဖြင့် ရိုက်နှက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြော ပါ သည်။
ဒေသခံ များက လွန်ခဲ့သည့် ဇန်န၀ါရီလ ၁၃ ရက်နေ့မှစ၍ ဒုချီရာတန်း ရွာတွင် လူပေါင်း များစွာကို လုံ ခြုံရေး တပ်ဖွဲ့ဝင် များနှင့် ရခိုင် အစွန်းရောက် များက သတ်ဖြတ် ခဲ့ပြီး၊ သတ်ဖြတ် ခံရသူ များအတွက် တ ရား စီရင်မှု မရှိ သောကြောင့်၊ ယခု လူမဆန်စွာ ရိုက်နှက် ခံရသည့် ကလေးငယ်နှင့် မိသားစု ၀င်များ အ တွက်လည်း တရား စီရင်မှု ရှိမည် မဟုတ်ဟု ပြောပါသည်။
![]() |
| ဒုချီရာတန်းသို့ ပြန်လည် ရောက်ရှိ သွားသော အမျိုးသမီး များနှင့် ကလေး အချို့ (ဓါတ်ပုံ - ဦးရွှေမောင် FB) |
ကျော်ကျော်သိန်း
25.1.2014
ရခိုင် ပြည်နယ်၊ မောင်တောမြို့၊ ဒုချီးရားတန်း ကျေးရွာမှာ ဖြစ်ခဲ့တယ် ဆိုတဲ့ အကြမ်းဖက် မှုတွေနဲ့ လူသေဆုံး ခဲ့တယ် ဆိုတာတွေ အပေါ် အထူးပဲ စိတ်မချမ်းမြေ့ ဖြစ်ရတယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောလိုက် ပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ အလေးပေး စောင့်ကြည့် နေပြီး ကိုင်တွယ် ဖြေရှင်းဖို့ မြန်မာ အစိုးရကို တောင်းဆို နေတယ်လို့ ဥရောပ သမဂ္ဂ EU ကလည်း ပြောပါတယ်။ ဒါ့အပြင် ကုလ သမဂ္ဂ ကလည်း အန္တရာယ် ကျရောက် နေတဲ့ အရပ်သား တွေကို အကာ အကွယ် ပေးဖို့ မြန်မာ တာဝန် ရှိသူတွေ ကို ထပ်ပြီး တိုက်တွန်း ခဲ့ပါတယ်။ အပြည့် အစုံကို ကိုကျော်ကျော်သိန်းက ပြောပြ ပါမယ်။
ရခိုင် ပြည်နယ် မြောက်ပိုင်းမှာ မကြာသေး ခင်က ဖြစ်ခဲ့တဲ့ အကြမ်းဖက် မှုအပေါ် အဆင့်မြင့် ကုလ သမဂ္ဂ တာဝန် ရှိသူ တွေရဲ့ ထုတ်ပြန် ချက်တွေကို သတိပြု မိပြီး အခြေ အနေ အပေါ် သူတို့ရဲ့ အထူး စိုးရိမ်ချက် အတိုင်း ထပ်တူ ရှိပါတယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဌာန၊ ဒုတိယ ပြောရေး ဆိုခွင့် ရှိသူ မေရီး ဟာ့ဖ် (Marie Harf) က သောကြာနေ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲ အတွင်း ပြောခဲ့ ပါတယ်။
“ရဲတပ်ဖွဲ့ဝင် တစ်ဦး ပျောက်ဆုံး နေတာ အပါ အဝင် လူ ၄၀ ထက်မနည်း အသတ်ခံ ခဲ့ရတယ် ဆိုတဲ့ သတင်းတွေ အပေါ် ကျမတို့ အထူးပဲ စိတ်မချမ်းမြေ့ ဖြစ်ရ ပါတယ်။ အကြမ်းဖက်မှုနဲ့ ပတ်သက်လို့ ယုံကြည် စိတ်ချ ရပြီးတော့ သီးခြား လွတ်လပ်တဲ့ စုံစမ်းစစ်ဆေး မှုတစ်ခု ချက်ခြင်း လုပ်ဖို့နဲ့ ကျူးလွန်သူ တွေကို အရေးယူဖို့ မြန်မာ အစိုးရကို ကျမတို့ ထပ်ပြီး တောင်းဆို ပါတယ်။ ရခိုင် ပြည်နယ်မှာ ရေရှည် ခံမယ့် ငြိမ်းချမ်း ရေးနဲ့ ဖွံဖြိုး တိုးတက်ရေး တွေကို ဖန်တည်း ဖို့ရာ ပဋိပက္ခရဲ့ အရင်းခံ အကြောင်း တွေကို ကိုင်တွယ် ဖြေရှင်း နိုင်မယ့် ခိုင်မာတဲ့ အဖြေ တစ်ခု ရရှိရေး ဦးတည် လုပ်ဆောင် သွားပါလို့ မြန်မာ အစိုးရကို ကျမတို့ ဆက်ပြီး အားပေး တိုက်တွန်းပါ တယ်။ ဒီကြိုးပမ်း အားထုတ်မှု တွေကို အထောက် အကူ ပြုပေးဖို့ အမေရိကန် ပြည်ထောင်စု အနေနဲ့ အဆင်သင့် ရှိပါတယ်။”
ဒုချီး ရားတန်း ရွာဘက်က အခြေ အနေနဲ့ ပတ်သက်လို့ အထူး အလေး ပေးပြီးတော့ စောင့်ကြည့် နေပြီး ကိုင်တွယ် ဖြေရှင်းဖို့ တာဝန်ရှိ သူတွေကို တောင်းဆို နေပါ တယ်လို့ ဥရောပ သမဂ္ဂ EU ကလည်း ပြောပါတယ်။ ဒီကိစ္စကို ဖြေရှင်းဖို့ တာဝန် ရှိသူတွေကို အားပေး တိုက်တွန်း သွားပါ မယ်လို့ သတင်းစာ ရှင်းလင်းပွဲ တစ်ခု အတွင်း ကူဝိတ် သတင်း အေဂျင်စီ KUNA ကမေးတာကို EU နိုင်ငံခြားရေးနဲ့ လုံခြုံရေး မူဝါဒ ဆိုင်ရာ အကြီး အကဲ ကက်သရင်းန် အက်ရှ်တွန် (Catherine Ashton) ရဲ့ပြောရေး ဆိုခွင့် ရှိသူ မာယာ ကိုဆီဂျာနစ်ခ်ျ (Maja Kocijancic) က တုန့်ပြန် ဖြေကြား ခဲ့တာပါ။
ဒုချီး ရားတန်းရွာမှာ ဇန်န၀ါရီလ ၁၃ ရက်နေ့က ဖြစ်ခဲ့တာနဲ့ ပတ်သက် ပြီးတော့ ပြည်ပ သတင်း ဌာန တွေနဲ့ နိုင်ငံတကာ အဖွဲ့ အစည်း တချို့ဟာ အတည် မပြုနိုင်တဲ့ သတင်း တွေကို အခြေ ခံချက် လွဲမှားစွာ ကောက်ချက် ချပြီး သတင်းတွေ ထုတ်ပြန် နေတာကို တွေ့ရတဲ့ အကြောင်း၊ အဲဒီ သတင်း မှားတွေ စွပ်စွဲ ပြောဆိုချက် တွေဟာ ရခိုင် ပြည်နယ်မှာ ရှိတဲ့ လူ့အသိုက် အ၀န်း နှစ်ခု အကြား အထင် အမြင် လွဲမှား စေဖို့ ပုံကြီးချဲ့ ဖန်တီး ပြောကြား လုပ်ဆောင် တာတွေ ဖြစ်တယ်လို့ တွေ့ရှိ ရကြောင်း မြန်မာ နိုင်ငံခြားရေး ၀န်ကြီး ဌာနက ဇန်န၀ါရီလ ၂၄ ရက်နေ့ သတင်း ထုတ်ပြန်ချက် ထဲမှာ ပြောထား ပါတယ်။
နိုင်ငံ တကာ သတင်း ဌာနတွေ၊ အဖွဲ့ အစည်းတွေ အနေနဲ့ မြန်မာ အစိုးရ တာဝန် ရှိသူ တွေက အတည်ပြု ပေးထားတဲ့ သတင်းတွေ ကိုပဲ ထုတ်ပြန် သင့်ကြောင်း၊ အတည် မပြုတဲ့ သတင်း တွေကို ထုတ်ပြန် တာဟာ အိမ်ရှင် နိုင်ငံရဲ့ ပြည်တွင်းရေးကို ၀င်ရောက် စွက်ဖက်ရာ ကျကြောင်း၊ မြန်မာ နိုင်ငံမှာ အခြေစိုက်တဲ့ သံတမန် အဖွဲ့ အစည်းတွေ အနေနဲ့လည်း သံတမန် ဆက်ဆံရေး ဆိုင်ရာ ၁၉၆၁ ခုနှစ် ဗီယန်နာ သဘော တူညီချက်နဲ့ အညီ အခြေခံ သံတမန် လုပ်ထုံး လုပ်နည်း တွေကို အခိုင် အမာ လိုက်နာ ကြဖို့ လိုအပ်ကြောင်း မြန်မာ နိုင်ငံခြားရေး ၀န်ကြီး ဌာနက ဇန်န၀ါရီလ ၂၄ ရက်၊ သောကြာ နေ့မှာ ထုတ်ပြန် ခဲ့ပြီးတဲ့ နောက်မှာပဲ အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ ထုတ်ပြန်ချက်၊ EU ဘက်က ပြောဆိုချက်နဲ့ ကုလ သမဂ္ဂရဲ့ နောက်ထပ် ပြောဆို ချက်တွေ ထွက်လာတာ ဖြစ်ပါတယ်။
မြန်မာ အစိုးရရဲ့ အဲဒီ တုန့်ပြန်ချက်နဲ့ ပတ်သက်ပြီး ကုလ သမဂ္ဂဘက်က တိုက်ရိုက် တုန့်ပြန် ပြောဆို တာမျိုး မလုပ်ခဲ့ ပေမဲ့ ဒီလအစော ပိုင်းက ဒုချီးရားတန်း ကျေးရွာမှာ ဖြစ်ခဲ့ဖွယ် ရှိတဲ့ စိုးရိမ်ဖွယ် အကြမ်းဖက် ဖြစ်ရပ် တွေနဲ့ ဆက်စပ် ပတ်သက်တဲ့ သတင်း အချက် အလက် တွေကို ကုလ သမဂ္ဂက လက်ခံ ရရှိခဲ့ ပါတယ်လို့ ပြောရေး ဆိုခွင့် ရှိသူ ဖာရန် ဟက်က် (Faran Haq) ကပြောခဲ့ ပါတယ်။
“အခြေ အနေဟာ တင်းမာ နေဆဲ ရှိတယ်လို့ ကျနော်တို့ သိရပြီး နောက်ထပ် အသေးစိတ် တွေကို ရဖို့ ဆက်ပြီး ကြိုးစား နေပါတယ်။ အခု မြန်မာ နိုင်ငံမှာ ရောက်နေတဲ့ အထူး အကြံပေး ပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယား (Vijay Nambiar) ဟာ မြန်မာ ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံ ဆွေးနွေး တာတွေ ရှိခဲ့ ပါတယ်။ အဲဒီ တွေ့ဆုံပွဲ တွေအတွင်း ကုလ သမဂ္ဂရဲ့ စိုးရိမ်ချက် တွေနဲ့ အရပ်သား တွေကို အကာ အကွယ် ပေးဖို့ လိုအပ်တယ် ဆိုတာတွေကို ဖော်ပြ ပြောဆို ခဲ့ပါတယ်။ တည်တည် ငြိမ်ငြိမ် ရှိကြဖို့ ကုလ သမဂ္ဂ အနေနဲ့ ထပ်မံ နှိုးဆော် ပြီး လူမှု အ၀န်း အ၀ိုင်း တွေကြား တင်းမာမှု တွေကို လျှော့ချဖို့ စိတ်အား ထက်သန်စွာ လုပ်ဆောင် နေတဲ့ တစ်ချိန်ထဲမှာ လူ့အခွင့် အရေး နဲ့ အန္တရာယ် ကျရောက် နေတဲ့ အရပ်သား တွေကို အကာ အကွယ် ပေးဖို့ တာဝန် ရှိသူတွေကို တိုက်တွန်း ပါတယ်။”
သောကြာနေ့ ကုလ သမဂ္ဂ ပုံမှန် သတင်းစာ ရှင်းလင်းပွဲ အတွင်း ပြောခွင့်ရ ဖာရန် ဟက်က်က ပြောသွား တာပါ။ တင်းမာ မှုတွေရဲ့ အခြေခံ အကြောင်း ရင်းတွေကို ကိုင်တွယ် ဖြေရှင်းဖို့ အရေး ကြီးတယ် ဆိုတာနဲ့ နောက်ထပ် အသက် ဆုံးရှုံး တာတွေ မဖြစ် ရအောင် ကြိုတင် ကာကွယ် မှုတွေ လုပ်ဆောင်ဖို့ ကိုလည်း ကုလ သမဂ္ဂက အလေး အနက် ပြောခဲ့ ပါတယ်။
အကြမ်းဖက် တိုက်ခိုက် မှုကြောင့် လူသေဆုံး တာတွေ ရှိခဲ့တယ် ဆိုတဲ့ စွပ်စွဲချက် တွေကို အချိန်နဲ့ တပြေးညီ ပွင့်လင်း မြင်သာမှု ရှိစွာ စုံစမ်း စစ်ဆေးဖို့ ကိုလည်း မြန်မာ တာဝန်ရှိ သူတွေကို ကုလ သမဂ္ဂက တိုက်တွန်း ထားပါတယ်။
![]() |
| (ဓါတ်ပုံ - ကောင်းထက်၊ မြန်မာတိုင်းမ်) |
Dr. Wakar Uddin
RB News
24.1.2014
မြန်မာ နိုင်ငံသည် ယဉ်ကျေးမှု၊ ဓလေ့ ထုံးတမ်းနှင့် ဘာသာ စကား အသွယ်သွယ် တို့ဖြင့် တမူ ထူးခြား၍ ကြွယ်ဝ လှသည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ ယင်သို့ ကြွယ်ဝ ခြင်းသည် နိုင်ငံ ခွန်အား ဖြစ်သော်လည်း ကွဲ လွဲမှုများ၏ မျိုးစေ့များပျိုးကြဲထားသလို ဖြစ်နေသည်မှာလည်း အချိန်ကာလကြာမြင့်လှပြီ ဖြစ်သည်။ မြန် မာ နိုင် ငံသည် အာရှ နိုင်ငံများ အကြား ခေါင်းဆောင် နိုင်ငံ အဖြစ် ပြောင်းလဲ လာမည့် အ စား နောက်ပြန် ဆွဲသလို ဖြစ်နေ ပြန်သည်။ တိုးတက်မှုများ မဖော်ဆောင် နိုင်ရန် နစ်မွန်းထား သကဲ့သို့ ဖြစ်နေ သလို ပြည် သူများ အကြား လုံခြုံကင်းမဲ့ နေသည့် အလား ဖန်တီးထား သလို လည်း ဖြစ်နေ လေသည်။
မြန်မာ နိုင်ငံရှိ လူမျိုးစုငယ်များ အဖြစ် သတ်မှတ် ရာတွင် တိကျသည့် သက်မှတ်ချက် များနှင့် ဖွဲ့တည်ပုံ များမှာလည်း ရှင်းလင်း ပြတ်သားမှု မရှိဘဲ အမြဲ ဆိုသလိုပင် လိုရာဆွဲ အငြင်းပွားမှု များသာ ဖြစ်နေ လေ သည်။ အာဏာပိုင် များသည် မြန်မာနိုင်ငံ အတွင်း မူရင်း ဌာနေ တိုင်းရင်းသား လူမျိုးစု ၁၃၅ စုရှိကြောင်း တရား ဝင် သတ်မှတ် ထားသော်လည်း တရားဝင် စာရင်း သတ်မှတ်ပုံနှင့် လူမျိုးစု အရေ အတွက်များ အပေါ်တွင် မကြေလည် မှုများ ရှိနေ လေသည်။ အချို့မှာ ယင်းလူမျိုးစု စာရင်းတွင် မပါဘဲ ကျန်နေ သေး သည်ဟု ဆိုကြ သလို အချို့ မှာလည်း လူမျိုးစု စာရင်းမှာ ဖောင်းပွ လွန်းနေ သည်ဟု ဆိုကြ ပါသည်။
အထူး သဖြင့် ကျွန်ုပ် အပါ အဝင် ဖြစ်သော ရိုဟင်ဂျာ လူမျိုးစု၏ နိုင်ငံသား ဖြစ်တည်ရေး သတ်မှတ် ချက် များသည် ပြည်တွင်း၌ နှစ်ပေါင်း များစွာ နက်နက် ရှိုင်းရှိုင်း ကွဲလွဲ နေသည့် ကိစ္စရပ်ကြီး ဖြစ်ပါသည်။ ရိုဟင် ဂျာ များအား ၁၉၅၀ ခုနှစ် များတွင် တရားဝင် အသိ အမှတ် ပြုပေး ခဲ့ပါသည်။ သို့သော် ဗိုလ် ချုပ် နေဝင်း အာဏာသိမ်း ခဲ့သည့် ၁၉၆၂ ခုနှစ် နောက်ပိုင်းတွင် ကျွန်ုပ် တို့၏ နိုင်ငံသား ဖြစ်ပိုင် ခွင့် အား ရုပ်သိမ်း ခဲ့ပါသည်။ ရိုဟင်ဂျာ များသည် ရခိုင်ပြည် အတွင်း ရာစုနှစ်ပေါင်း များစွာ အခြေကျ နေထိုင် လာခဲ့ ကြသော မူရင်း ဌာနေ ဖြစ်ပါလျက်နှင့် ၎င်းတို့၏ နိုင်ငံသား ဖြစ်ခွင့်အား အဘယ်ကြောင့် ရုပ်သိမ်း ရသနည်း ဟု ပညာ ရှင်များ၊ သုတေသီများ၊ လူ့အခွင့် အရေး လှုပ်ရှားသူများ၊ သတင်း မီဒီယာ များနှင့် အချို့သော သူများ က မကြာခဏ ထောက်ပြ မေးခွန်းထုတ် ကြပါသည်။
ဤမေးခွန်းအား ဖြေကြား ရာတွင် လူမျိုးနှင့် ဘာသာ၊ ယဉ်ကျေးမှုနှင့် လူမှု သွင်ပြင်၊ နိုင်ငံရေး လှည့် ကွက် နှင့် ဒေသတွင်း လူမျိုးရေး အစွန်းရောက် မှုများအား အခြေခံ ကျသည့် အချင်း အရာများ အဖြစ် ထည့်သွင်း စဉ်းစားရပေမည်။ အချို့သော အချင်းအရာများသည် ရခိုင်ပြည်တွင်းရှိ ပြည်သူများ အကြား ငြိမ်း ချမ်း စွာ ယှဉ်တွဲ နေထိုင် နိုင်မှုနှင့် တိုးတက်မှု များအား ထိခိုက် စေပြီး ဆယ်စုနှစ် ငါးခု အတွင်း ထိခိုက် ဆုံးရှုံးမှု များစွာ ဖြစ်ပေါ် စေခဲ့သည်။
ရခိုင် ပြည်ရှိ ပြည်သူများ အကြား ကွဲလွဲမှုများ ရှိနေ ကြသော်လည်း ရခိုင် လူမျိုးနှင့် ရိုဟင်ဂျာ လူမျိုး အပါ အဝင် ရခိုင် ပြည်သူ များသည် လုံခြုံမှု ကင်းမဲ့သည့် အကြမ်းဖက် ဘဝ များထက် ငြိမ်းချမ်း သာယာသည့် ဘဝ များကိုသာ ပိုမို နှစ်သက် ကြလိမ့်မည်ဟု တွေးထင်လျှင် သင့်တင့် လျှော်ကန် ပေလိမ့်မည်။ သို့သော်လည်း နှစ်မြို့ဖွယ် မရှိသည့် ပြည်သူများ အကြား အက်ကွဲ ကြောင်းကြီး ဖြစ်ပေါ် စေသော အခြေခံ အကြောင်း တရားအား ပထမဆုံး အနေဖြင့် မေးခွန်းထုတ် စမ်းစစ်ရန် လိုအပ် ပါသည်။ တန်းတူညီမျှ၍ သင့်တင့် လျှော်ကန်သော ဝန်ဆောင်မှု မပြုခဲ့သည့် လုံထိန်း များ၏ လုပ်ရပ်အား ထိန်းကွပ်ရန် ပျက်ကွက် ခဲ့သောကြောင့် တရား ဥပဒေ စိုးမိုးမှု ကင်းမဲ့ နေခြင်းသည် အခြေခံ အကျ ဆုံးသော ပြဿနာ တစ်ရပ် ဖြစ်ကြောင်း ရှင်းလင်းစွာ တွေ့မြင် နိုင်ပေသည်။
နှစ်ဖက် စလုံးတွင် အကြမ်းဖက် မှုများအား အပြန် အလှန် ကျုးလွန် ခဲ့ကြသည်။ ကျူးလွန်သူနှင့် အဓိက ဓါးစာခံမှာ မည်သို့ သူများပင် ဖြစ်စေကာမူ ယင်းကဲ့သို့သော် အကြမ်းဖက်မှု များအား လက်သင့် ခံနိုင်ဖွယ် မရှိပေ။ ထိခိုက်မှု ဖြစ်ပွားသည့် အခါတွင် ပြစ်မှု ကျူးလွန် သည်ဟု ယူဆ ရသူ များအား ဖမ်းဆီး ရမည်၊ ထိမ်းသိမ်း ရမည်၊ ပြစ်မှုအား စစ်ဆေးကာ ထိုက်တန်သည့် ပြစ်ဒဏ် ချမှတ် ရမည်။ အကြမ်းဖက် မှုများနှင့် မည်သို့သော ဥပဒေ ချိုးဖောက် မှုမျိုးကို မဆို အာဏာပိုင် များမှ ကိုင်တွယ် ဖြေရှင်းခြင်း မပြုဘဲ လက်လွတ် စပယ် မထား သင့်ပေ။ လူတိုင်း လူတိုင်းသည် မိမိ လုပ်ရပ် အပြုအမှု၏ အကျိုး သက်ရောက်မှု အပေါ် တာဝန်ယူ ရမည် ဖြစ်သည်။ ထိုသို့ ပြုလုပ်ရန် ပျက်ကွက် ပါက အကြမ်းဖက်မှု များနှင့် မင်းမဲ့ စရိုက် များကိုသာ အားပေးရာ ရောက်နေ ပေမည်။
အစ္စလာမ့် စီမံကိန်းဟု စွပ်စွဲနေခြင်း
ရိုဟင်ဂျာ လူဦးရေ တိုးပွားမှု ရှိနေကြောင်းနှင့် ရိုဟင်ဂျာ များမှာ ရခိုင် ပြည်နယ်အား အစ္စလာမ်မှု ပြုရန် ကြံရွယ်နေကြောင်းစွပ်စွဲ ဝါဒ ဖြန့်မှုများ ရှိနေသည့် အတွက် ရခိုင် အသိုင်း အဝိုင်းကြီးမှ စိုးရိမ် နေကြကြောင်း ထုတ်ဖော် ပြောဆိုနေ ကြပါသည်။ ရခိုင် ပြည်နယ် အတွင်း ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ ဒေသ တစ်ခု အဖြစ် တည်ဆောက်ရန် ရိုဟင်ဂျာများ ကြိုးပမ်း နေကြောင်းလည်း စွပ်စွဲနေ ကြပါသည်။ ဤသည်မှာ အခြေ အမြစ် မရှိသည့် စွပ်စွဲချက် များသာ ဖြစ်ပြီး အမှောင်တိုက် သွင်းချင် ကြသည့် အချို့သော အစု အဖွဲ့များ၏ လုပ်ကြံ ဝါဒဖြန့်မှု သက်သက်သာ ဖြစ်ပေသည်။
ယင်းစိုးရိမ်မှုနှင့် မှားယွင်းစွာ စွပ်စွဲ နေမှု များမှာ မှန်ကန်မှု မရှိသည့် အပြင် ရိုဟင်ဂျာ တို့၏ ရည်မှန်း ချက်အား ရခိုင် ပြည်သူများ အကြား နက်ရှိုင်းသည့် နားလည်မှု ကွဲလွဲ စေခြင်းများ ပေါက်ဖွား လာစေ ပါ သည်။ ရခိုင် ပြည်နယ်မှ ခွဲထွက်ရန်သော် လည်းကောင်း၊ ပြည်နယ် အတွင်း ကိုယ်ပိုင် အုပ် ချုပ်ခွင့် ရ ဒေသ အဖြစ် ဖော်ဆောင်ရန် သော်လည်းကောင်း ရိုဟင်ဂျာများ ရည်ရွယ် လုပ်ဆောင် နေခြင်း မ ရှိကြောင်း ရိုဟင်ဂျာ အများစု ကိုယ်စား ကျွန်ုပ် အခိုင် အမာ ပြောဆို နိုင်ပါသည်။ ၁၉၅၀ ခုနှစ် များတွင် မေယု နယ် ခြား ခရိုင်ဟု အမည် ရသော ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ အဖြစ် လိုလား တောင်းတ ခဲ့သော လက်နက် ကိုင် အုပ်စုငယ် တစ်စု ရိုဟင်ဂျာ လူနည်းစု အတွင်းရှိ ခဲ့ပါသည်။ ယင်းလှုပ်ရှားမှု များသည် ထိုအချိန် ထို ကာလတွင် ထူးခြားသည့် လုပ်ရှားမှုမျိုး မဟုတ်ပေ။ ရခိုင် လူမျိုးများ အတွင်း တွင်လည်း ယခင်နှစ် များအ တွင်း လွတ်လပ်ရေး လှုပ်ရှား မှုများ ပေါ်ပေါက် ခဲ့ပါ သေးသည်။ ယင်းသို့ ခံယူချက် များသည် ခေတ်ကာလ မတူညီသော အတိတ် ကာလမှ အယူဝါဒ များသာ ဖြစ်ပြီး ကျွန်ုပ်တို့ လူမျိုး၏ ၂၁ ရာစု ခေတ်ကာလ လို လား ချက် များနှင့် ကိုက်ညီမှု မရှိတော့ပေ။
ရိုဟင်ဂျာ ဆိုသည့် အမည်မှာ ကျွန်ုပ် တို့၏ လူ့အသိုင်း အဝိုင်းအား ဖော်ဆောင်သော ရိုးရှင်းသည့် အမည် နာမသာ ဖြစ်ပါသည်။ ယင်းအမည် နာမသည် ကျွန်ုပ် တို့၏ သမိုင်း ကြောင်းတွင် အမြစ် တည်လာ ခဲ့ပြီး ယဉ်ကျေးမှုနှင့် လူမှု သွင်ပြင် လက္ခဏာအား ရည်ညွန်း ဖော်ဆောင် ပါသည်။ သမိုင်းကြောင်း ဆိုင်ရာ မှတ် တမ်းများ အရ ရိုဟင်ဂျာ ဟူသည့် အမည်မှာ အနည်းဆုံး ၁၇၉၉ ခုနှစ် ကတည်းက ရှိခဲ့ပြီး ယနေ့ ခေတ် ကာလတွင် ကျွန်ုပ်တို့၏ သမိုင်း ကြောင်းနှင့် အမွေ အနှစ် များအား လေးစား သမူ ပြုရာတွင် အရေးပါ သည်ဟု ကျွန်ုပ်တို့ ခံယူ ကြပါသည်။ ကျွန်ုပ် တို့၏ ကိုယ်ပိုင် သွင်ပြင် လက္ခဏာနှင့် မြန်မာပြည် အတွင်း အခြေခိုင် လာခဲ့သည့် ဂုဏ်သရေအား အရို အသေ မဲ့စွာ ရည်ညွန်း ခေါ်နေသည့် “ဘင်္ဂါလီ” ဆိုသည့် အသုံး အနှုန်းအား ကျွန်ုပ်တို့ ငြင်းဆန် ပါသည်။
မနုဿ ဗေဒ ရှုထောင့်မှ ကြည့်လျှင် ရိုဟင်ဂျာ အသိုင်း အဝိုင်း ကြီးသည် ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာနှင့် ဘာသာ စကား တို့မှာ အာရီယန်- ကော့ကေးရှန် အရင်း အမြစ်မှ ရောယှက် ဆင်းသက် လာခြင်း ဖြစ်သည်။ အာရ်ကန် ပြည်ဟု ခေါ်တွင် ခဲ့သော အရပ် ဒေသတွင် လွန်ခဲ့သည့် ရာစုနှစ် များစွာ က ပင် လူဦးရေ အားဖြင့် တောင်အာရှနှင့် အရှေ့ အလယ်ပိုင်းမှ အခြေပြု ဆင်းသက် လာခဲ့ပြီး ကိုလီနီခေတ် ကာလများ အတွင်း ကြီးထွား လာခဲ့ ပါသည်။ ၎င်းတို့မှာ ဆွေစဉ် မျိုးဆက် အလိုက် ယင်းဒေသအား ဇာ တိ မွေးရပ်မြေ အဖြစ် ခံယူထား ကြသောကြောင့် မြန်မာ နိုင်ငံ အနောက် ဖျားတွင် နေထိုင် ကြသော ရို ဟင်ဂျာများသည် အခြေခံသဘောအားဖြင့် မူရင်း ဌာနေ တိုင်းရင်းသား လူမျိုးစုပင် ဖြစ်ပေသည်။ ရ ခိုင် ပြည် တွင် ရိုဟင်ဂျာလူမျိုး များသည် အခြားသော လူမျိုးစု များနှင့် အတူ ရာစုနှစ် ပေါင်း များ စွာ ငြိမ်းငြိမ်း ချမ်းချမ်း အတူ ယှဉ်တွဲ နေထိုင် လာခဲ့ ကြသည့် သမိုင်း အထောက် အထား အမြောက် အ မြား ရှိပါသည်။
မသိခြင်း များသည် ကျွန်ုပ် တို့အား နာကျင် စေမည်
ရခိုင်ပြည်နယ်အတွင်းလတ်တလောကာလ များ၌ ရိုဟင်ဂျာ လူဦးရေ လျင်မြန်စွာ ကြီးထွား လာ နေကြောင့် စွပ် စွဲချက်များ ထွက်ပေါ် နေသော်လည်း လူဦးရေ စာရင်းမှာ အခြေ ခိုင်ခံ့သည့် စာရင်း ဇယား များ အဖြစ် မရှိပေ။အမျိုးမျိုးပြောဆိုနေကြသည်မှာကွဲပြားနေကြသည့်အထောက်အထားများအပေါ် ခန့် မှန်း နေကြခြင်း သာ ဖြစ်သည်။ ပွင်းလင်း မြင်သာ၍ တိကျ မှန်ကန်သော စာရင်းကောက် ယူမှု လိုအပ် ပါ သည်။ ယင်း ခန့်မှန်းချက် များမှာ အချိန် အတန်ကြာ အငြင်းပွား မှုများ ဖြစ်စေ ခဲ့ပါသည်။ အာဏာပိုင် များ မှာ နှစ်ပေါင်း များစွာ တရားဝင် စာရင်း ကောက်ယူ မှုများလည်း မရှိပေ။ ၁၉၆၂ ခုနှစ် ကတည်းက ရိုဟင်ဂျာ တစ်သန်းခွဲ နီးပါးမှာ ရခိုင် ပြည်နယ်မှ ထွက်ခွာ ခဲ့ရပြီး အခြားသော ကမ္ဘာ့ နေရာ အရပ် များတွင် နေ ထိုင် နေကြ သည်ကို သတိပြု မိရန် လိုအပ် ပါသည်။ ကျန်ရှိသော ရိုဟင်ဂျာ များမှာလည်း အခြားသော လူမျိုးစုများ နည်းတူ နိုင်ငံ အတွင်း လွတ်လပ်စွာ သွားလာခွင့် မရှိဘဲ ၎င်းတို့ နေထိုင်ရာ အရပ် ဒေသ တွင်သာ ပိတ်မိ နေသောကြောင့် အခြား လူမျိုးစု များထက် လူဦးရေ ပိုမို ကျစ်လစ်ကာ တိုးနှုန်း ပိုမြန်နိုင်ချေ ရှိ မည် ဟု ယူဆ ရပေ လိမ့်မည်။ ရခိုင်နှင့် အခြား လူမျိုးစု များမှာ အခြား အရပ် ဒေသ များသို့ လွတ်လပ်စွာ သွား လာခွင့် ရွှေ့ပြောင်းခွင့်များ ပြုထား ခဲ့ပါသည်။
ရိုဟင်ဂျာ လူဦးရေ တိုးနှုန်း မြန်ဆန် လာရခြင်းမှာ တရား မဝင်ေ ပြောင်းရွှေ့ ဝင်ရောက် လာကြ သော ကြာင့် ဖြစ် သည်ဟု ရခိုင် တို့မှ အဓိကထား စွပ်စွဲနေ ပါသည်။ ယင်းစွပ်စွဲချက် မှန် ကန်ကြောင်း ခိုင်မာ သည့် သက်သေ အထောက် အထား ဟူ၍လည်း မရှိပေ။
ရခိုင် ပြည်နယ် အတွင်း ရိုဟင်ဂျာများ တည်ရှိ နေထိုင်မှုနှင့် စပ်လျဉ်း၍ တရား မဝင် ပြောင်းရွှေ့ ဝင်ရောက် လာမှုများ ရှိနေလေ သလား ဆိုသည့် အချက်အား စမ်းစစ်ရန် အတွက် မြန်မာ အစိုးရ ကတိ ပြုထားသည့် အတိုင်း ပွင့်လင်း မြင်သာသည့် လုပ်ဆောင်ချက် များဖြင့် အကောင် အထည်ဖော် စစ်ဆေး မည်ကို ကျွန်ုပ်တို့ မြင်တွေ့ ချင်ပါသည်။ နယ်စပ် ဒေသများ အကြား တရားမဝင် ပြောင်းရွှေ့ ဝင်ရောက် လာမှုများ သို့မဟုတ် ဥပဒေနှင့် ဆန့်ကျင်သည့် လုပ်ရပ်များ မရှိကြောင်း ယုံကြည် စိတ်ချ နိုင်စေရန် နယ်စပ် လုံခြုံရေးအား တိုးမြှင့် သင့်ကြောင်း ကိုလည်း ကျွန်ုပ်တို့ ထောက်ခံ ပါသည်။
ရိုဟင်ဂျာ တို့၏ ဘာသာရေးနှင့် ယဉ်ကျေးမှု ဓလေ့ ထုံးတမ်း တို့ကြောင့် ရိုဟင်ဂျာ လူဦးရေ တိုးပွား လာနေရခြင်း ဖြစ်သည်ဟု အခြားသော စွပ်စွဲချက် တစ်ရပ်လည်း ရှိပါသည်။ လက်ရှိတွင် မည်သို့ပင် ရှိစေ အခြားသော ကမ္ဘာ အရပ် ဒေသများ နည်းတူ ရိုဟင်ဂျာ များအားလည်း ပညာ သင်ခွင့်နှင့် ကိုယ်ရည် ကိုယ်သွေး မြှင့်တင်ခွင့်တို့ ရရှိ ကြမည် ဆိုပါက ရိုဟင်ဂျာ လူဦးရေ တိုးနှုန်းသာ ပျမ်းမျှ လောက်သာ ရှိပေ လိမ့်မည်။
အပြန် အလှန် ဆွေးနွေးမှု အရေးကြီးခြင်း
ရိုဟင်ဂျာ များသည်လည်း မြန်မာ့ လူ့အဖွဲ့ အစည်း အတွင်း သဟဇတ ရှိရှိ မနေထိုင် နိုင်စရာ မည်သို့သော အကြောင်း အရင်းမျှ မရှိပေ။ ရိုဟင်ဂျာ အများစုမှာ မြန်မာ ဘာသာ စကားနှင့် ဓလေ့ ထုံးတမ်း များ အား လေ့လာ လိုက်စားပြီး မြန်မာ့ လူ့အဖွဲ့ အစည်း၏ ပင်မ ရေစီးကြောင်း အတိုင်း နေ့စဉ် ဘဝတွင် သဟဇတ ရှိရှိ နေထိုင် လာနေ ကြပါသည်။ ခေတ်သစ် မြန်မာ နိုင်ငံတွင် ခရစ်ယာန် ကရင်၊ ဗုဒ္ဓဘာသာ၊ ရခိုင်၊ ရိုဟင်ဂျာ မွတ်စလင် ဟူ၍ လူတစ်ဦး တစ်ယောက် ချင်းစီ၏ ကိုးကွယ် ယုံကြည်ရာ ဘာသာ တရား များသည် ငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင် ရာတွင် အတား အဆီး မဖြစ်စေ သင့်ပါ။
ကမ္ဘာ တဝှမ်းတွင် သက်ဆိုင်ရာ လူ့အသိုင်း အဝိုင်း၏ အပြစ်မဲ့ ပြည်သူ တစ်စုကို ၎င်းတို့ ကိုးကွယ် ယုံကြည် ရာ ဘာသာ တရားအား အသုံးချ၍ လှည့်ဖျား ကြသည့် အစွန်းရောက် အုပ်စု များမှာ ဘာသာ တိုင်းတွင် ရှိကြ ပါသည်။ သို့သော်လည်း ယင်းသို့သော အစွန်းရောက် အုပ်စု များအား ထိထိ ရောက်ရောက် နှိပ် ကွပ်ရန်သို့မဟုတ်ဖယ်ကျဉ်ရန်အတွက် နည်းလမ်း များစွာ ရှိပါသည်။ အပြန် အလှန် တွေ့ ဆုံ ဆွေးနွေး ခြင်း သည်သာလျှင်အဓိကသော့ချက် ဖြစ်ပါသည်။ အသိုင်း အဝိုင်း တစ်ခုချင်း စီမှ ကောင်း ကျိုး အား ရှေ့ ရှုသည့် စိတ်ဓါတ် မှန်ကန်သူ အချင်းချင်း အပြန် အလှန် ဆွေးနွေး တိုင်ပင် မှုများ ပြုလုပ် ပါက ယုံ မှား သံသ ယ များအား ကျော်လွှား နိုင်မည်ဟု ကျွန်ုပ် ယုံကြည် ပါသည်။ သို့မှ သာလျှင် မြန်မာ နိုင်ငံနှင့် ရ ခိုင် ပြည်နယ်၏ စည်းလုံး ညီညွတ်ခြင်း အပေါ် ရိုဟင်ဂျာ လူမျိုးများ သစ္စာ ရှိကြောင်းနှင့် လိုက် ပါ ဆောင် ရွက်ကြောင်း သိရှိမည် ဖြစ်ပြီး ရခိုင် လူမျိုးများ အကြား နှစ်ပေါင်း များစွာ ကိန်းအောင်း နေသော သံ သယ များလည်း ကင်းရှင်း သွားမည် ဖြစ်သည်။
ရိုဟင်ဂျာ များသည်လည်း ရခိုင် လူမျိုးများ ဆယ်စုနှစ် ပေါင်းများစွာ ကြိုးပမ်း လာခဲ့ ကြသည့် နည်းတူ ၎င်းတို့၏ တမူ ထူးခြား လှသည့် ယဉ်ကျေးမှု သွင်ပြင် များအား ထိန်းသိမ်း လိုပြီး တန်းတူညီမျှ မှုရှိ သည့် နိုင်ငံသားများ အဖြစ် ငြိမ်းချမ်းစွာ နေထိုင်လို ကြပြီး အခြေခံ လူ့အခွင့် အရေး ရရှိရေး အတွက် လို လား ကြသူများ ဖြစ်ပါသည်။ သစ်လွင် ထူးကဲသည့် မြန်မာ့ နိုငံတော်ကြီး ဦးမော့ လာရေး အတွက် ပါဝင် ပံ့ ပိုး နိုင်မည့် အင်အား ရှိသူများလည်း ဖြစ်ကြ ပါသည်။ ရခိုင်ပြည် တဝှမ်းနှင့် ပြင်ပ ဒေသများ ပညာရေး၊ စီး ပွားရေး၊ လူမူရေး ဆိုင်ရာ အစု အဖွဲ့များ ထွန်းကား စေခြင်း အားဖြင့် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက် မှုနှင့် သည်း ခံ ခွင့်လွှတ်ခြင်း၊ အပြန် အလှန် လေးစားခြင်း၊ ပြန်လည် သင့်မြတ် စေခြင်းနှင့် ငြိမ်းချမ်းစွာ ယှဉ် တွဲ နေ ထိုင် နိုင်ခြင်းတို့ အတွက် နည်းလမ်းများ ပွင့်ဟ လာမည် ဖြစ်သည်။
ယင်းသို့သော အိမ်မက်အား အကောင် အထည် ဖော်ရန် မဖြစ်နိုင် စရာ မရှိပေ။ လွတ်လပ်ရေး ရ ပြီး နောက်ပိုင်းနှင့် အထူး သဖြင့် ၁၉၅၀ ခုနှစ် များနှင့် ၁၉၆၀ ခုနှစ် စောပိုင်း ကာလ များတွင်လည်း ယင်း ကဲ့သို့ နေထိုင် လာခဲ့ကြပြီး ဖြစ်ပါသည်။ ရိုဟင်ဂျာများ အပေါ်တွင် သံသယ ရှိနေကြ သူများ အဖို့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ သို့မဟုတ် ခွဲထွက်ခွင့်အား မလိုလားဟု ပြောဆို နေခြင်းသော် လည်းကောင်း၊ အစွန်း ထွက် အဖွဲ့ အစည်း များသည် ကျွန်ုပ် တို့၏ ရည်မှန်း ချက်နှင့် အကျိုး စီးပွားအား ကိုယ်စား မပြု ဟု ပြော ဆို နေသည့် ကျွန်ုပ် တို့၏ ပြောစကား သက်သက် ကိုသာ လက်ခံ ကြလိမ့်မည် မဟုတ်ပေ။ သို့ေ သာ် နှစ်ဖက် စလုံး အတွက် အကြမ်းဖက် နည်းလမ်း များမှာ ဖြေရှင်း ရမည့် နည်းလမ်းများ မဟုတ်ပေ။ ရ ခိုင် ပြည်နယ်နှင့် တစ်နိုင်ငံ လုံး၏ တည်ငြိမ် အေးချမ်း ရေးအား ရှေ့ရှု့၍ ကျွန်ုပ် တို့၏ ကွဲပြား ခြားနား နေ မှု များအား အဖြေ ရှာကြ ရာတွင် အပြန် အလှန် တွေ့ဆုံ ဆွေးနွေး ခြင်းသည် သာလျှင် အဖြေ တစ်ရပ် ရနိုင် ပေမည်။ ကျွန်ုပ် တို့၏ အသိုင်း အဝိုင်းသည် ယင်းကဲ့သို့သော တွေ့ ဆုံ ဆွေးနွေး ရေးအား အစော လျင်ဆုံး ပြုလုပ် နိုင်ရန် အဆင်သင့် ရှိနေပြီ ဖြစ်သည်။
မှတ်ချက်။ Dr. Wakar Uddin ရေးသား၍ Myanmar Times တွင်ဖော်ပြ ထားသော “The Rohingya: Partners in building new Myanmar” ဆောင်းပါးအား O’Laie Manzu မှ ဆီလျော်အောင် ဘာ သာ ပြန်ဆို ထားပါသည်။ Dr. Wakar Uddin သည် အမေရိကန် ပြည်ထောင်စုရှိ ပန်ဆီဗေးနီး ယား ပြည် နယ် တက္ကသိုလ်မှ ပါမောက္ခ တစ်ဦး ဖြစ်သည်။ Arakan Rohingya Union ၏ ညွန်ကြား ရေးမှူး ချုပ်၊ Burmese Rohingya Association of North America အဖွဲ့ အစည်းအား ဖွဲ့စည်း တည်ထောင် သူလည်း ဖြစ်ပါသည်။ Dr. Uddin အား dg.aru@ar-union.org မှတဆင့် ဆက်သွယ်နိုင် ပါသည်။
သို့
ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ
လေးစားလျက်
ဘူးသီးတောင်နှင့် မောင်တော မြို့နယ်
ရခိုင် ပြည်နယ်
အကြောင်း အရာ ။ ။ ဒုချီရာတန်း ဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် များမှ ဖြစ် ရပ်မှန်ကို သတင်း ထုတ်ပြန် ပေးပါရန် မေတ္တာ ရပ်ခံခြင်း။
ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ ဒုချီရာတန်း ကျေးရွာတွင် ဇန်န၀ါရီလ (၁၃) ရက်နေ့မှ စ၍ ဖြစ်ပေါ် လျက်ရှိသော ဖြစ်စဉ် များနှင့် ပတ်သက်၍ ကျွန်တော့်အား မျက်မြင် သက်သေ များမှ အောက်ပါ အတိုင်း ထွက်ဆို ထားပါသည်။
(၁) မောင်တော မြို့တွင် အလုပ်လုပ်ရန် မေယု တောင်တန်းမှ လာနေသည့် ရိုဟင်ဂျာ လူမျိုး (၈) ဦးကို ဒုချီရာတန်း ကျေးရွာ အုပ်ချုပ် ရေးမှူး ဦးအောင်ဇံဖြူက ဇန်န၀ါရီလ ၁၂ ရက် နေ့တွင် ဖမ်းဆီး၍ သတ်ဖြတ် ခဲ့သည်။
(၂) ရိုဟင်ဂျာ (၈) ဦးကို သတ်ဖြတ်၍ မြှပ်နှံ ထားသည့် နေရာကို ဒုချီရာတန်း ရွာသား အချို့မှ သိရှိ သွား သည်ကို နှုတ်ပိတ်ရန် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း ဦးဆောင်၍ ဇန်န၀ါရီလ (၁၃) ရက်နေ့ ညပိုင်းတွင် ဒုချီရာတန်း ရွာကို ၀င်ရောက် စီးနင်းပြီး အမျိုးသမီးငယ် တစ်ဦးကိုပါ မုဒိန်းကျင့် ခဲ့သည်။ ထိုနေရာတွင် အခင်း ဖြစ်ပွားပြီး၊ ရဲတပ်ဖွဲ့ဝင် များ၏ ပစ်ခတ်မှုကြောင့် ရိုဟင်ဂျာ နှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ ရသည်။
(၃) တဖန် ထိုနေ့ ည ၁၂ နာရီတွင် တစ်ကြိမ်၊ ဇန်န၀ါရီလ ၁၄ ရက်နေ့ နံနက် ၄ နာရီတွင် တစ်ကြိမ် လုံ ခြုံရေး တပ်ဖွဲ့ဝင် များ၏ ပစ်ခတ် မှုကြောင့် ရွာသူ ရွာသား များစွာ သေဆုံး ခဲ့ရသည်။ ထို့နောက် ဒုချီရာ တန်း ရွာသူ ရွာသား အများစု ရွာမှ ထွက်ပြေး တိမ်းရှောင် ခဲ့ရပြီး၊ ကျန်နေ ခဲ့သည့် ရွာသူ ရွာ သားပေါင်း များစွာကို လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ရခိုင် အစွန်း ရောက်များ ၀င်ရောက်၍ သတ်ဖြတ် ခဲ့သည့် အပြင်၊ ဒုချီရာ တန်း ရွာသူ ရွာသား များ၏ ပိုင်ဆိုင်မှု ပေါင်းများစွာ ကိုလည်း လုယက် ခဲ့သည်။
(၄) ဒုချီရာတန်း ရွာတွင် အသတ် ခံရသည့် သူများ၏ အလောင်း များကို ဇန်န၀ါရီလ (၁၈) ရက်နေ့ ညပိုင်း တွင် ကုန်တင် ကားကြီး ၃ စီးဖြင့် အလုံ ပိတ်၍ ရသေ့တောင် မြို့နယ် ဘက်သို့ သယ်ဆောင် သွား သည်။
အထက်တွင် ဖော်ပြ ထားသည့် အချက် အလက် များကို လူကြီးမင်းများ ဂေါ်ဒူသာရ ကျေးရွာသို့ ပြည်နယ် ၀န်ကြီးချုပ်နှင့် အတူ သွားသည့် ခရီးစဉ်တွင် ဒေသခံ ပြည်သူ များမှ တင်ပြ ထားသည်ဟု သိရှိရ ပါသည်။
ပြည်ထာင်စုအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဌာန၊မြန်မာ့အသံနှင့် နိုင်ငံတော်ပိုင် သတင်းစာ များမှ မှား ယွင်း စွာ သတင်း ထုတ်ပြန် နေခြင်း များကြောင့် ဒေသခံ ပြည်သူများ အလွန် ဆုံးရှုံး နစ်နာနေ ပါသည်။ သို့ဖြစ် ပါ၍ မှန်ကန်သည့် သတင်း ထုတ်ပြန် ပေးရန် လူကြီးမင်း များတွင် တာဝန် ရှိကြောင်း ပြောကြား လိုပါ သည်။
ကျွန်တော်များ ပြည်သူ များသည် လူကြီးမင်း များအား ကျွန်တော်များ ပြည်သူများ အတွက် မားမား မတ် မတ် ရပ်တည်ရန် ရွေးချယ်၍ ကျွန်တော် များ၏ ကိုယ်စား လှယ်များ အဖြစ် ထားရှိခြင်း ဖြစ်သည်။
လူကြီးမင်းများ အနေဖြင့် မည်သည့် အကြောင်း တစ်စုံ တစ်ရာ ကိုမှ မငှဲ့ကွက်ဘဲ ကျွန်တော်များ ပြည်သူ များ အတွက် မားမား မတ်မတ် ရပ်တည်၍ ဂေါ်ဒူသာရ ကျေးရွာတွင် ပြည်သူများ ပြောကြား ခဲ့သည် များကို တစ်ခု မကျန် အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာ ဖြင့်ရေးသား၍ ဤနေ့မှစ၍ (၃) ရက် အတွင်း သတင်း ထုတ်ပြန် ပေးပါရန် လေးစားစွာ ပန်ကြားအပ် ပါသည်။
နေဆန်းလွင်
ဒေသခံရိုဟင်ဂျာများကိုယ်စား
ခေတ္တ - ဂျာမဏီ
ဆက်သွယ်ရန် -
ဖုန်း - +49 179 6535213
အီးမေးလ် - nslwin@btgwest.com
ဌေးလွင်ဦး
RB News
23.1.2014
ဖွင့်မပြောဘဲ နေနေ ပေမယ့်-၊ တစ်ချို့ ကိစ္စတွေမှာ လူထုကို ဖွင့်ပြောပါမှ လူထုဘက်က တော်လှန်ရေးကို နားလည် လာနိုင်စရာ ရှိပါတယ်။ အထူးသဖြင့် အခု အချိန်မှာ လက်နက်မဲ့ တဖက်သတ် ခံနေရတယ်လို့ ခံစားမှု ကြီးထွား နေတဲ့ မြန်မာ မွတ်ဆလင် အွမ္မတ် အတွက် စဉ်းစား သုံးသပ် နိုင်စရာ ဖြစ်စေဘို့ ရည်ရွယ် ပါတယ်။
တော်လှန်ရေး ဆိုတာ မတရား ဖိနှိပ်ခံ ရမှုကြောင့် ဖြစ်တည် လာရတဲ့ လှုပ်ရှား ဆောင်ရွက်မှု တစ်ခုသာ ဖြစ်တယ်လို့ ကျွန်တော် မကြာခဏ သတိဖေါ် ပေးခဲ့ ပါတယ်။ မတရား ဖိနှိပ်တဲ့ အုပ်စု ဘက်က လူအား၊ ငွေအား၊ အာဏာအား၊ ၀ါဒ ဖြန့်ချီမှုအား စတဲ့ အင်အား အားလုံးကို စနစ်တကျ ပြင်ဆင် ခဲ့ပြီးမှ ဖိနှိပ်လိုတဲ့ လူထု တစ်ရပ်ကို အကွက် ကျကျ ဖိနှိပ်ခြင်းသာ ဖြစ်ပါတယ်။ ဒါကို တန်ပြန် ခုခံတဲ့ အခါမှာ- ဖိနှိပ်သူ အစိုးရဟာ တန်ပြန် လာသူ များရဲ့ တန်ပြန်လာ နိုင်တဲ့ နည်းလမ်း များကိုလည်း ဘယ်လို ပိတ်ဆို့ ရမယ် ဆိုတာ ကြိုတင် ပြင်ဆင် ပြီးသားပါ။ တော်လှန်သူများ ဘက်က အစိုးရ ကြိုတွက်ထား သလို တန်ပြန်တဲ့ နည်းလမ်း များကို မသုံးခဲ့ဘူး ဆိုရင် အစိုးရဘက်က သူတို့ လိုချင်တဲ့ ပုံစံထဲ ၀င်အောင် ဆွဲယူ သွားဘို့လည်း ပြင်ဆင်ထား ပါတယ်။
လက်လွှဲ အာဏာရ ယူထားတဲ့ လက်ရှိ အစိုးရဟာ သူတို့ အတွက် အနည်းဆုံး နှစ်ပေါင်း ၂၀ ဆက်တိုက် အုပ်ချုပ် နိုင်မယ့် အကွက် များကို စေ့စေ့စပ်စပ် ရေပက်မ၀င် မပြင်ဆင် ခဲ့ဘဲ အသွင် ကူးပြောင်းရေး ဆိုတဲ့ စကားလုံးကို ဟ ပေးခဲ့မှာ မဟုတ်ဘူး ဆိုတဲ့ အချက်ကို လူထုဘက်က နားလည် နေဘို့ လိုပါမယ်။ ဒီအတွက် သူတို့ရဲ့ အဓိက အတိုက်အခံ ခေါင်းဆောင်ကို အပွေး ဘယ်လို သတ်လိုက် သလဲ ဆင်ခြင် ကြည့်ပါ။
ဘာသာရေး အရ သီတဂူ (ဦးဉာဏိဿရ) လို သင်္ကန်းပတ် ပုဂ္ဂိုလ် မျိုးကို အတိုက် အခံ ဘက်က လိုလို ရပ်တည် ခိုင်းလိုက်တယ်။ တစ်ဘက်မှာ နိုင်ငံတော် သံဃနာယက အဖွဲ့က နိုင်ငံရေးမှာ ၀င်မရှုပ်တဲ့ အဖွဲ့လို အပြတ်ရပ် တည်စေခဲ့ပြီး- သီတဂူရဲ့ လုပ်ရပ် များကို ဆန့်ကျင် သလိုလို မပတ်သက် သလိုလို နေနေစေဘို့ ပြင်ဆင် ပေးခဲ့တယ်။ ဒီလို လုပ်လိုက်ရင် လူထုက နိုင်ငံရေးမှာ မပတ်သက်တဲ့ ဆရာတော် များကို နိုင်ငံရေး အရ အားမကိုး တော့ဘဲ သီတဂူဆီ ၀င်တိုး လာမှာကို ကျိန်းသေ တွက်ထား ခဲ့ပါတယ်။ လူထုက အားကိုး လာတဲ့ ပုဂ္ဂိုလ်က အဲ့ဒီ လူထုအားနဲ့ အတိုက် အခံကို ၀င်ပူးတယ်-။ ပြီးတော့ အတိုက် အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို ကမ္ဘာ့ အလည်မှာ -ကျမက နိုင်ငံရေး သမားပါ- လူ့အခွင့် အရေးနဲ့ လှုပ်ရှားသူ မဟုတ်ဘူး ဆိုတဲ့ စကားလုံး အံထွက် လာအောင် ညှစ်ထုတ် ပေးပြီး- အပွေးသတ် လိုက်ပါ တော့တယ်။ ဒေါ်စုရဲ့ အဲ့ဒီ စကားလုံးက သူဟာ ဒီမိုကရေစီ အတွက် လှုပ်ရှားသူ မဟုတ်ဘူး လို့ ၀န်ခံသလို ဖြစ်သွား ပါတော့တယ်။ သီတဂူ ဘက်က သူ့တာဝန် ကျေသွား ခဲ့ပြီ ဖြစ်တော့-၊ သူဟာ ဦးသိန်းစိန်ရဲ့ လူဖြစ်ကြောင်း ရုပ်လုံးပြ လိုက်ပါပြီ။ ဒေါ်စုလည်း ဖွတ်ထွက်မှ တောင်ပို့မှန်း သိ ဖြစ်ခဲ့ ရပါပြီ။ ကိုယ်ပိုင် သီးခြား နိုင်ငံကို လိုချင် ရမက်ကြီး နေတဲ့ ရှေ့ဦး မြန်မာ ရခိုင် လူမျိုးများ အတွက် ဒေါက်တာ အေးမောင် ဆိုတဲ့ အနောက်သား ဘင်္ဂလီ တစ်ဦးကို မွေးထုတ် ခဲ့ပြန်တယ်။
ဒေါက်တာ အေးမောင်ကလည်း လူပြိန်းကြိုက် စကားလုံးများ ဖြစ်တဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးမယ် ဆိုပြီး လည်ပင်း ကြောထောင်အောင် အော်ပြ နေပါတယ်။ မြန်မာ အစိုးရက ရခိုင်တွေကို အဲ့သလို လွယ်လွယ် ကူကူ နိုင်ငံခွဲထွက် ခွင့်ပေးမလား- ဆိုတာ ဌာနေ ရခိုင်များ မဆင်နိုင် လောက်အောင် ဖြစ်စေ ခဲ့ရ ပါတော့တယ်။ ဒေါက်တာ အေးမောင် လုပ်သမျှ မသိ ဟန်ဆောင်ပြီး အလိုက် သင့် တွန်းပေး နေခဲ့ ပါတယ်။ ဒီလို လုပ်ဆောင် နေနိုင်ဘို့ အခွင့် အရေး ရနေခြင်းက အေးမောင်နဲ့ အပေါင်းပါ တို့ဟာ လက်ရှိ အစိုးရရဲ့ ဒေါက်တိုင်တွေ ဖြစ်နေလို့ ဆိုတဲ့ အချက်ကို ရခိုင်များ မေ့လျှော့ နေခဲ့ ရပြီ။-
ဒေါက်တာ အေးမောင်ဟာ အစပိုင်းမှာ ရခိုင် ဒေသက ရွှေဂစ် ကိစ္စကို အသံ ကျယ်ကျယ် အော်ပေး ခဲ့တယ်၊ ရခိုင် တွေဆီက ထောက်ခံ မှုကို ရအောင် ဖန်တီး လိုက်ခြင်းသာ ဖြစ်ပါတယ်။ အခုတော့ ရွှေဂစ်လည်း ကိစ္စလည်း ပျောက်ဆုံး ခဲ့ရပြီ။ အဲ့ဒီ အတွက် ရိုဟင်ဂျာ များကို ဘင်္ဂလီ ဆိုတဲ့ စကားလုံးသုံး အော်ပေး လိုက်ယုံပဲ ဆိုတာ အစိုးရ ဒေါက်တိုင် ဖြစ်တဲ့ ဒေါက်တာ အေးမောင်က တပ်အပ် သိနေ ခဲ့လို့ပါ။
ရိုဟင်ဂျာကို ဘင်္ဂလီလို့ စကားလုံး ဖလှယ် လိုက်ယုံနဲ့ ALD, ALP အဖွဲ့များ အပြင် NLD နဲ့ အခြားသော တိုင်းရင်းသား များကိုလည်း အလွယ် တကူ ဖမ်းစား နိုင်မယ် ဆိုတာ အစိုးရဘက် ကလည်း သေသေ ချာချာ လေ့လာ သိရှိ ထားပြီး ဖြစ်ပါတယ်။ ဒီအတွက် ဒေါက်တာ အေးမောင်လို လူတစ်ယောက်ကို လက်သပ် မွေးထား ခဲ့တယ် ဆိုတာပါ။ ဒေါက်တာ အေးမောင်ကို ဖြစ်စေ၊ သီတဂူကို ဖြစ်စေ ဝေဖန် လိုက်တာနဲ့ FB မှာ ဖြစ်စေ၊ ပြည်တွင်းက Print Media မှာ ဖြစ်စေ ဝေဖန်သူ တွေကို စစ်ထောက် တွေက အစုလိုက် အပြုံလိုက် ဆော်တော့ တာပဲ ဆိုတဲ့ အချက် ကို လူထု ကိုယ်တိုင်က သတိထား မိဘို့ လိုပါတယ်။ အစိုးရဟာ သီရိလင်္ကာ သင်တန်းဆင်း သင်္ကန်းဝတ် နှစ်ထောင် ကျော်ကို စနစ် တကျ ဖွဲ့စည်း ထားပြီး ပုံစံကျတဲ့ အမျိုးသားရေး lobby ကွန်ယက်ကို ဖန်တီး ထားပြီး ဖြစ် သလို-၊ ဒေါက်တာ အေးမောင်လို အမျိုးသားရေး ဟန်ပြ တိုင်းရင်းသား ခေါင်းဆောင် တစ်ချို့ ကိုလည်း စနစ်တကျ မွေးမြူပြီး ရှိနေပါတယ်။
ရခိုင်တွေ မျှော်မှန်း သလို ရခိုင် နိုင်ငံတော် ဆိုတာလည်း ဒေါက်တာ အေးမောင်ကြောင့် ဖြစ်လာဘို့ မရှိပါ။ ရခိုင် ခွဲထွက်ရေး အတွက် လှုပ်ရှား ခဲ့သူများ အနေနဲ့ ရခိုင်နယ်က လူမျိုးတုံး သတ်ဖြတ် မှုများ အတွက် ထိုးကျွေး ခံရမယ့် ကမ္ဘာ့ တရားခံ များသာ ဖြစ်သွားဘို့ သေချာ နေပါတယ်။ သူတို့ထက် တစ်ကွက်သာ အောင် ပြေးနေ နိုင်တဲ့ ကျွန်တော်တို့ ဘက်က သူတို့ကို ဘယ်ပုံ ဘယ်နည်း အရေး ယူထားတယ်- ဆိုတာ သူတို့ ကိုယ်တိုင် သိနေ ပေမယ့်- သူတို့ ဇွတ်မိုက် နေတာ ဘာကြောင့်လဲ ဆိုတဲ့ အဖြေကို လည်း သိနေ ပါတယ်။ သူတို့ဟာ အရေးယူ ခံထား ရတယ် ဆိုတာကို သိနေ ပါလျှက် ဆက်မိုက် နေရခြင်း အကြောင်းမှာ အတိုက် အခံ အားလုံးကို နိုင်ငံရေး အပြီးသပ် သတ်ပစ် နိုင်စေ ဘို့နဲ့ ခွဲထွက်ရေး အော်နေတဲ့ ရခိုင် များကို တရားခံ အဖြစ် ထိုးကျွေး နိုင်စေဘို့ အဆင်းကို ဘီးတပ် ပေးနေ ခြင်းသာ ဖြစ်ပါတယ်။
ဒီဒင်မက- အစိုးရဟာ ကျွန်တော်တို့ မြန်မာ မွတ်ဆလင် အွမ္မတ် ထဲမှာလည်း အပိုင် မွေးထားတဲ့ လူသားတွေ ရှိနေ ပြန်ပါတယ်။ သူတို့ လိုချင်တဲ့ အကွက် ထဲကို ရောက်စေဘို့ မွတ်ဆလင် တွေကို ဖိနှိပ် သတ်ဖြတ် ခြင်းနဲ့ ဓားစားခံ အဖြစ် ချကျွေးတဲ့ အခိုက်မှာ ဒီလို သတ်ဖြတ် မှုများကြောင့် တန်ပြန် တော်လှန်မယ့် အုပ်စု တစ်ရပ် ပေါ်ထွက် လာမှာ ကိုလည်း သူတို့ ဘက်က ကြိုတင် တွက်ပြီး သားပါ။ ဒီအတွက်လည်း ကြိုတင် လူမွေးပြီး ရှိနေ ပါတယ်။
လူမွေးမှု အဆင့် များကို ဆက်လက် ဖေါ်ပြပေးပါမယ်။- (မြန်မာ မွတ်ဆလင် လူထု စိတ်ဓါတ် ကျစရာ လုံးဝ မလိုအပ်ပါ။ လက်ရှိ အစိုးရဟာ သူတို့ အပိုင်တွက် ထားတဲ့ အကွက် များကို ရွှေ့နေ နိုင်ပေမယ့်- သူတို့ကို ဘယ်ပုံ ဘယ်နည်း ပြန်လည် ကိုင်တွယ် ရမယ် ဆိုတာ ကိုလည်း ကျွန်တော် တို့ဘက်မှာ ရှိနေပါတယ်။ အာဏာ အင်အား ရှိလို့ သူတို့ဘက်က ချကျွေး နေနိုင် ပေမယ့် ဒါတွေဟာ ကာလ တစ်ခုမှာ အဆုံးသတ် သွားရပါမယ်။ ပေးဆပ် ခဲ့ရသမျှ အတွက် အချီးနှီး မဖြစ်စေဘို့ ကျွန်တော်တို့ ဆောင်ရွက် နိုင်ကြောင်း ရဲရဲ တင်းတင်း အာမခံ နိုင်ပါတယ်။)
မုဟမ္မဒ် တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင် လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement
RB News
23.1.2014
မောင်တော ။ ။ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်၊အမှတ်(၂) နယ်မြေရှိ၊ ဘောက်ရှု ဖာရာ (အောင်ဇံ) ကျေး ရွာ အုပ်စု၊ ဘောဒ္ဓောရ် ဘိလ်မှ ရိုဟင်ဂျာ အမျိုးသမီး တစ်ဦးအား နယ်မြေတွင် လုံခြုံရေး တာဝန် ယူထား သည့် တပ်မတော်သား ၄ ဦးမှ အုပ်စုလိုက် မုဒိန်းကျင့် ခဲ့ကြောင်း သတင်း ရရှိပါသည်။
ဇန်န၀ါရီလ ၂၁ ရက်နေ့ ညနေ ၄ နာရီ အချိန်တွင် မောင်တော မြို့နယ် ဘောက်ရှု ဖာရာ (အောင်ဇံ) ကျေး ရွာ အုပ်စု၊ ဘောဒ္ဓောရ် ဘိလ်မှ ဦးနော်ဇီရ် အာမတ်၏ ဇနီးဖြစ်သူ ဒေါ်အမီနာ ခါတူ (ဘ) ဦးဒိလ်ဝါရ် ဟူစိန်း (အသက် ၃၀ နှစ်) ကို နယ်မြေ လုံခြုံရေး တာဝန် ယူထားသည့် တပ်မတော်သား ၄ ဦးက ဒေါ်အမီနာ ခါတူ ၏ နေအိမ်သို့ ကျူးကျော် ၀င်ရောက်၍ သေနတ်ဖြင့် ချိန်ကာ အုပ်စုလိုက် တစ်ဦးပြီး တစ်ဦး အလှည့်ကျ မုဒိန်းကျင့် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။
လူမဆန်သည့် တပ်မတော်သား ၄ ဦး နေအိမ်သို့ ကျူးကျော် ၀င်ရောက် လာချိန်တွင် ဒေါ်အမီနာ ခါတူ၏ ခင်ပွန်း ဖြစ်သူမှာ စိုက်ခင်း ထဲတွင် အလုပ်လုပ်လျက် ရှိနေခဲ့ပြီး၊ ဒေါ်အမီနာ၏ ကလေး ၃ ယောက် နေအိမ် တွင် ရှိနေ ခဲ့သည်။ ကလေး များကိုလည်း သေနတ်ဖြင့် ချိန်၍ ခြိမ်းခြောက် ထားခဲ့ကြောင်း သိရှိ ရပါသည်။
မုဒိန်းကျင့်သည့် တပ်မတော်သား များမှာ တပ်ရင်း ၃၄၅ မှဖြစ်ပြီး၊ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး သော် တာဆွေသို့ တိုင်ကြားခဲ့သော်လည်း မုဒိန်းကောင် တပ်မတော်သားများကို အရေး ယူခြင်း မ ရှိကြောင်း ဒေ သခံ များက ပြောပါသည်။
RB News
22.1.2014
မောင်တော ။ ။ ရခိုင် ပြည်နယ် အစိုးရ ၀န်ကြီးချုပ် ဦးလှမောင်တင်၊ ၀န်ကြီး ဦးစံရွှေမောင်နှင့် ဦးကျော် သိန်း၊ ပြည်နယ် အစိုးရ အဖွဲ့ ပြန်ကြားရေးနှင့် သတင်း ထုတ်ပြန်ရေး ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်၊ ရခိုင် ပြည်နယ်၊ စစ်တွေမြို့ အခြေစိုက် UNOCHA အဖွဲ့၏ ပြည်နယ် တာဝန်ခံ၊ ရခိုင် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသော ဒေါက်တာ ဘော်ရှိရ် အာမတ်နှင့် ဦးအောင်မျိုးမင်း၊ ပြည်နယ် ရဲတပ်ဖွဲ့မှူး၊ အမှတ် (၄) ရဲတပ်ရင်းများ ကွပ်ကဲမှု အဖွဲ့ရုံး (ကျီးကန်းပြင်) မှ ရဲမှူးချုပ် တင်ကိုကို၊ ခရိုင်နှင့် မြို့နယ် အဆင့် ဌာန ဆိုင်ရာများ၊ မောင်တော မြို့နယ် UNHCR မှ တာဝန်ခံ၊ ဘူးသီးတောင် မြို့နယ်မှ ရပ်ဖိရပ်ဖ ဦးရော် ဖိတ် တို့သည် ယနေ့ နေ့လည် ၃း၃၀ နာရီ အချိန်တွင် မောင်တော မြို့နယ်၊ ဂေါ်ဒူသာရ ရွာရှိ မူလတန်း လွန်ကျောင်းသို့ သွားရောက်၍ ဂေါ်ဒူသာရမှ ရွာသူ/ ရွာသား ၄၀ ဦးကို ခေါ်ယူ၍ တွေ့ဆုံ မေးမြန်း ခဲ့ကြောင်း သတင်း ရရှိ ပါသည်။
တွေ့ဆုံပွဲသို့ တက်ရောက် လာသော ဂေါ်ဒူသာရမှ ရွာသူ/ ရွာသား ၄၀ ဦးကို မေးမြန်းသည့် မေးခွန်းများနှင့် ရွာသူ/ ရွာသား များမှ ဖြေကြားသည့် အဖြေများမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။
မေး ။ ။ ဒုချီ ရာတန်း ကျေးရွာ အုပ်ချုပ် ရေးမှူး ဦးအောင်ဇံဖြူက လူ (၈) ဦးကို သတ်ဖြတ်မှုနဲ့ ဆက်နွယ် ပြီး ပြဿနာ ဖြစ်တာလား။
ဖြေ ။ ။ ဦးအောင်ဇံဖြူမှ လူ (၈) ဦးကို သတ်ဖြတ် ခဲ့သည်မှာ ဟုတ်မှန်သည်။ ထို့ကြောင့် ပြဿ နာ ဖြစ်ရ ပါသည်ဟု ယူဆသည်။
မေး ။ ။ ဦးအောင်ဇံဖြူက လူ (၈) ဦးကို သတ်ဖြတ် လိုက်တာ မြင်သလား။
ဖြေ ။ ။ ဦးအောင်ဇံဖြူ တို့ရဲ့ ခရေမြိုင် နတလ ရခိုင်ရွာကို ကျွန်တော်တို့ ၀င်လို့ မရပါ။ မြင်တဲ့လူ ရှိပါမည်။ ကျွန်တော်တို့ ကြားသိ ရပါသည်။
မေး ။ ။ လုံခြုံရေး တပ်ဖွဲ့ဝင် များနှင့် ရခိုင် များက ခင်ဗျားတို့ ဒုချီရာတန်း ရွာသူ/ ရွာသား များကို သေနတ် ဖြင့် ပစ်ခတ်ခြင်း၊ ပိုင်ဆိုင်မှု များကို လုယူခြင်း၊ ယောက်ျား၊ မိန်းမများ အပါ အ၀င် ကလေး များကို သတ်ဖြတ် ခြင်းများ ဟုတ်ပါသလား။
ဖြေ ။ ။ လုံခြုံရေး တပ်ဖွဲ့ဝင် များနဲ့ ရခိုင် များက ကျွန်တော်တို့ ပိုင်ဆိုင်သော ကျွဲ၊ နွား၊ ဆိတ်၊ ကြက်၊ ဆန်၊ စပါးနဲ့ စသည့် များကို လုယက် ယူသွားတဲ့ အပြင် အိမ်တံခါး များကိုပါ လုယူ သွားခဲ့တယ်။ ကျွန်တော်တို့ ရွာသူ/ ရွာသား များနဲ့ ကလေးငယ် များကို လုံခြုံရေး တပ်ဖွဲ့ဝင် များက ပစ်ခတ်တာ၊ ရခိုင် များက တုတ်၊ ဓားတွေနဲ့ ခုတ်သတ် တာတွေက ဟုတ်မှန် ပါတယ်။ အခင်း ဖြစ်တဲ့နေ့ ည ၁၂ နာရီမှာ တစ်ကြိမ်၊ နံနက် (၄) နာရီမှာ တစ်ကြိမ် မိုးရွာသွန်း သကဲ့သို့ သေနတ်ပစ် ခဲ့ပါတယ်။ မည်သူက သေသလဲ၊ မည်သူက ရှင်သ လဲ ဆိုတာ တစ်ရွာလုံး ဆုံမှ သိရှိ နိုင်မှာ ဖြစ်ပါတယ်။ အခင်းဖြစ်တဲ့ ညမှာ နှစ်ကြိမ် သေနတ်ကို မိုးရွာသလို ပစ်ခဲ့တဲ့ အတွက် ကျွန်တော်တို့ တစ်ရွာလုံး ထိတ်လန့်ပြီး ထွက်ပြေး တိမ်းရှောင် ခဲ့ရတယ်။
မေး ။ ။ ရဲတပ်ကြပ်ကြီး သေဆုံးခြင်းနဲ့ ၎င်းကိုင်ဆောင်သော သေနတ် ပျောက်ဆုံးတာနဲ့ ပတ်သက်ပြီး သိသ လား။
ဖြေ ။ ။ ကျွန်တော်တို့ ကြားသိ ရပါတယ်။ သို့သော် မမြင် ခဲ့ပါ။
ဝန်ကြီးချုပ် ဦးလှမောင်တင်က ရဲတပ်ကြပ်ကြီးနှင့် ၎င်းကိုင်ဆောင် ခဲ့သည့် လက်နက်ကို ဖော်ထုတ် ပေး ပါက ရွာတွင် အေးချမ်းစွာ နေထိုင် နိုင်မည်ဟု တွေ့ဆုံပွဲမှ မထွက်ခွာမှီ ဒေသခံ များကို ပြောကြား ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
တွေ့ဆုံပွဲသို့ တက်ရောက် ခဲ့သည့် ဒေသခံ ၄၀ ဦးတို့က ဂေါ်ဒူသာရ ကျေးရွာရှိ စာသင်ကျောင်း တစ်ကျောင်းနှင့် အခြား အိမ်များတွင် လုံခြုံရေး တပ်ဖွဲ့ဝင် များက ထိန်းသိမ်း ထားသော ဒုချီရာတန်းမှ ရွာသူ/ ရွာသား ၄၉၀ ဦးနှင့် ပတ်သက်၍ ၀န်ကြီးချုပ် ဦးလှမောင်တင်ကို တင်ပြ ခဲ့သော်လည်း ဦးလှမောင် တင်က မကြားဟန်ဆောင်၍ ပြန်လည် ထွက်ခွာ သွားခဲ့ကြောင်း သိရှိ ရပါသည်။
ဝန်ကြီးချုပ်နှင့် အဖွဲ့ မရောက်လာမှီ အာဏာပိုင် များက ၎င်းတို့ စိတ်ကြိုက် ဂေါ်ဒူသာရမှ ဒေသခံ ၄၀ ဦးကို ရွေးချယ်ပြီး၊ အမှန် တကယ် နစ်နာ၍ ခံစား နေရသည့် ဒုချီရာတန်း ရွာသူ/ ရွာသား များကို ဖယ်ကျဉ် ခဲ့သည်။ ထို့အပြင် တွေ့ဆုံပွဲသို့ တက်ရောက်ရန် ရွေးချယ် ခံရသူ များကိုလည်း အမှန် အတိုင်း ထွက်ဆိုပါက သေနတ်ဖြင့် ပစ်သတ်မည်ဟု အာဏာပိုင် များက ခြိမ်းခြောက် ခဲ့ကြောင်း ဒေသခံ များက ပြောပါသည်။
ဂေါ်ဒူသာရ ရွာသူ/ ရွာသား ၄၀ ဦးကို ဒုချီရာတန်း ရွာသူ/ ရွာသား များဟု ဒေသ ဆိုင်ရာ အာဏာပိုင် များက လိမ်ညာ၍ ၀န်ကြီးချုပ်နှင့် တွေ့ဆုံ ပေးခဲ့ပြီး၊ ဂေါ်ဒူသာရမှ ဒေသခံ များကလည်း ၎င်းတို့ သိရှိသည့် အတိုင်း ဒုချီရာတန်းမှ ဒေသခံ များကဲ့သို့ ဖြေကြား ပြီးနောက်၊ ၎င်းတို့သည် ဂေါ်ဒူသာရမှ ဒေသခံ များသာ ဖြစ်ကြောင်း ၀န်ကြီးချုပ်ကို အသိပေး ခဲ့ကြောင်း သိရှိ ရပါသည်။
ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ညနေ ၄း၃၀ နာရီတွင် ဒုချီရာတန်း ရွာသို့ ၀င်ရောက် ခဲ့သော်လည်း နေအိမ်၊ ဆိုင်ခန်း များကို ၀င်ရောက် လေ့လာခြင်း မပြုဘဲ၊ ရွာသို့ ကားများဖြင့် ၀င်ပေါက် တစ်ဖက်မှ ၀င်၍ နောက်ထွက်ပေါက် တစ်ခုမှ ထွက်ခွာ သွားကြောင်း သိရှိ ရပါသည်။
ဂေါ်ဒူသာရ ရွာသူ/ ရွာသား ၄၀ ဦးကို ဒုချီရာတန်း ရွာသူ/ ရွာသား များဟု ဒေသ ဆိုင်ရာ အာဏာပိုင် များက လိမ်ညာ၍ ၀န်ကြီးချုပ်နှင့် တွေ့ဆုံ ပေးခဲ့ပြီး၊ ဂေါ်ဒူသာရမှ ဒေသခံ များကလည်း ၎င်းတို့ သိရှိသည့် အတိုင်း ဒုချီရာတန်းမှ ဒေသခံ များကဲ့သို့ ဖြေကြား ပြီးနောက်၊ ၎င်းတို့သည် ဂေါ်ဒူသာရမှ ဒေသခံ များသာ ဖြစ်ကြောင်း ၀န်ကြီးချုပ်ကို အသိပေး ခဲ့ကြောင်း သိရှိ ရပါသည်။
ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ညနေ ၄း၃၀ နာရီတွင် ဒုချီရာတန်း ရွာသို့ ၀င်ရောက် ခဲ့သော်လည်း နေအိမ်၊ ဆိုင်ခန်း များကို ၀င်ရောက် လေ့လာခြင်း မပြုဘဲ၊ ရွာသို့ ကားများဖြင့် ၀င်ပေါက် တစ်ဖက်မှ ၀င်၍ နောက်ထွက်ပေါက် တစ်ခုမှ ထွက်ခွာ သွားကြောင်း သိရှိ ရပါသည်။
ဒေသခံများက ဖြစ်ရပ်မှန်ကို ဖော်ထုတ်မည် ဆိုပါက နိုင်ငံ တကာ အဖွဲ့ အစည်း များဖြင့် စုံစမ်းရေး ကော်မ ရှင် ဖွဲ့စည်း၍ ပွင့်လင်း မြင်သာစွာ စုံစမ်း စစ်ဆေးမည် ဆိုပါက အမှန် တရား ပေါ်မည်ဟု ယုံကြည်ကြောင်း၊ ယခု ပြည်နယ် အစိုးရ အနေဖြင့် အမှန် အတိုင်း မည်သည့် အခါမှ လုပ်မည် မဟုတ်ကြောင်း RB News သို့ပြောပါသည်။
သို့
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်
နိုင်ငံတော် သမ္မတရုံး
နေပြည်တော်
ရက်စွဲ ။ ။ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၁၆ ရက်
အကြောင်း အရာ။ ရခိုင် ပြည်နယ် မောင်တော ခရိုင်၊ မောင်တော မြို့နယ် ဒု-ချီးရာ တန်း ကျေးရွာ တွင် ဖြစ်ပွားလျက် ရှိသော မငြိမ် မသက်မှု များကို အချိန်မီ တားဆီး ပေးနိုင် ပါရန် တင်ပြခြင်း။
အထက်ပါ အကြောင်း အရာနှင့် ပတ်သက်၍ လွန်ခဲ့သော (၁၃.၁.၂၀၁၄) ရက်နေ့ ည (၉း၃၀) နာရီတွင် ဒု-ချီးရာ တန်းကျေးရွာတွင် လုံခြုံရေး တပ်ဖွဲ့နှင့် ရွာသူ ရွာသားများ အကြားတွင် ခိုက်ရန်ဖြစ်ပွားခဲ့ မှုကြောင့် နှစ်ဦး နှစ်ဖက်မှ သေဆုံးမှုများ ရှိခဲ့ကြောင်း ကြားသိ ခဲ့ရ ပါသည်။
ယင်းအဖြစ် အပျက်နှင့် ပတ်သက်၍ ကိုင်တွယ် ဖြေရှင်းပုံ အင်အား အလွန် အကျွံ သုံးစွဲ မှုကြောင့် ရွာသူ ရွာသားများ ထိတ်လန့် ထွက်ပြေးခြင်း၊ ကလေး သူငယ်များ၊ သက်ကြီး ရွယ်အိုများ၊ အမျိုး သမီး များ သေကြေမှုများ ဆက်တိုက် ဖြစ်ပေါ်လျက် ရှိကြောင်း ထိုနယ်မြေမှ လာသော သတင်း အရ သိရှိ ရပါ သည်။ထို့အပြင် ရွာသူ ရွာသားများ ထွက်ပြေး နေသဖြင့် ၄င်းတို့၏ ရိက္ခာ၊ ဥစ္စာ ပစ္စည်း များကို အနီး အ နားရှိ ရခိုင် ရွာသား များက လုယက် သယ်ယူ သွားနေကြောင်း ကြားသိ ရပါသည်။
ထို့ကြောင့် ထိုသို့ ဆက်လက် ဖြစ်ပေါ် နေပါက နယ်မြေ ဒေသ အေးချမ်း လုံခြုံမှုကို ထိခိုက် ပျက်ပြား လာ မည်ကို ကျွန်တော်များ ပါတီမှ အထူး စိုးရိမ်နေ ပါသည်။
ကျွန်တော်များ ပါတီမှ အကြံပြု လိုသည်မှာ ၄င်းပဋိပက္ခနှင့် ပတ်သက်၍ ဖြစ်ရပ်မှန် ပေါ်ပေါက်ရေး နှင့် ဥပဒေ အရ အရေးယူ ဆောင်ရွက် နိုင်ရေး အတွက် လွတ်လပ်သော စုံစမ်း စစ်ဆေးရေး အဖွဲ့ ဖွဲ့စည်း တာ ၀န်ပေး ပါရန် ဖြစ်ပါသည်၊ ဖြစ်ပျက် ခဲ့သော အခင်း ဖြစ်ရပ် အတွက် အပြစ် ရှိသူ များကို ထိုက် တန်သော အပြစ် ဒဏ်ပေးပြီး ကျန်ရှိသော ရွာသူရွာ သားများ၏ အသက်အိုး အိမ်များကို အချိန်မီကာ ကွယ် စောင့်ရှောက် ပေး ပါရန် အရေးကြီး ပါသည်။ သို့ဖြစ်ပါ၍ ယခု လက်ရှိ အလွန် အကျွံ အင်အား သုံးပြီး ကိုင်တွယ် ဖြေရှင်းမှု များကို အချိန်မီ တားဆီး ပေးနိုင်ရေး အတွက် နိုင်ငံတော် သမ္မတကြီး ထံသို့ အား ကိုး စွာဖြင့် ပြည်သူ လူထု ကိုယ်စား တင်ပြအပ် ပါသည်။
လေးစားစွာဖြင့်
ကျော်မင်း
ဥက္ကဌ
ဒီမိုကရေစီနှင့် လူ့အခွင့် အရေး ပါတီ (ဌာနချုပ်)
မိတ္တူကို
- ပြည်ထောင်စု ၀န်ကြီး၊ ပြည်ထဲရေး ၀န်ကြီး ဌာန၊ နေပြည်တော်။
- ပြည်ထောင်စု ၀န်ကြီး၊ နယ်စပ် ရေးရာ ၀န်ကြီး ဌာန၊ နေပြည်တော်။
- ၀န်ကြီးချုပ်၊ ရခိုင် ပြည်နယ် အစိုးရ အဖွဲ့။
- လုံခြုံရေး နှင့် နယ်စပ် ရေးရာ ၀န်ကြီး၊ ရခိုင် ပြည်နယ် အစိုးရ အဖွဲ့။
ဓါတ်ပုံသတင်း
- ရိုဟင်ဂျာ ဘာသာစကား သို့မဟုတ် တိုင်းရင်းသား ဘာသာစကား
- ရိုဟင်ဂျာများသည် တရားမ၀င် ၀င်ရောက်လာသူများ မဟုတ်ဟု သမ္မတ အိုဘားမားပြော
- ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ထံသို့ အိတ်ဖွင့် တိုင်ကြားစာ
- UN Humanitrian Chief ရခိုင်ပြည်နယ်သို့သွားမည်
- 2014 Census တွင် ရိုဟင်ဂျာ ဟူ၍ Code နံပါတ်ထည့် ပေးရန် DHRP မှ သမ္မတထံ စာရေးသား
- ရဲတပ်ကြပ်ကြီးက ငွေညှစ်သည့် အပြင် လူမျိုးရေး ရိုင်းပျ စော်ကားမှုပါ ပြုလုပ်
- အာရ်ကာန်မြေ၏ ဟစ်ခေါ်သံ (သို့) အဝေးရောက်သားများသို့ (၃)
- RB News စာဖတ် ပရိသတ်များ သိစေရန် အသိပေးခြင်း
- ကြိမ်ချောင်း - တောင်ပြို ကားလမ်းမပေါ်မှ ဖြတ်သန်းသွားလာသူများကို စစ်သားများက ရပ်တန့်ခိုင်းပြီး လုယက်
- ရခိုင်ကော်မရှင် ဥက္ကဌ ကိုဖီအာနန်ထံသို့ မောင်တောဒေသခံများမှ အိတ်ဖွင့်ပေးစာ
ဂျီနိုဆိုက်ဆိုတာဘာလဲ?
ဒေါက်တာဇာနည် ရှင်းပြသည့် ရိုဟင်ဂျာ
















