RB News
11.2.2014
ဘူးသီးတောင် ။ ။ ရခိုင် ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ ညောင်ချောင်း ကျေးရွာ အခြေစိုက် ရဲကင်း စခန်းမှ ဒုရဲအုပ် ဦးကျော်သည် ဒေသခံ များထံမှ ငွေညှစ်ခြင်း၊ ဒေသခံ များကို ဥပဒေနှင့် မလွတ် ကင်းသော အတင်း အဓမ္မ ခိုင်းစေ၍ ငွေရှာလျက် ရှိနေကြောင်း သတင်း ရရှိ ပါသည်။
ညောင်ချောင်း အခြေစိုက် ဒုရဲအုပ် ဦးကျော်နှင့် အဖွဲ့သည် ဦးဆယာဒ် ကရီးမ်၏ သားများ ဖြစ်သူ ဦးမာမတ် ဆီးဒိတ် (အသက် ၃၂ နှစ်) နှင့် ဦးအဒူဂနီ (အသက် ၄၀ နှစ်) တို့ကို ဘင်္ဂလား ဖုန်းတစ်လုံး ပေး၍ မလေးရှားသို့ လူကူန်ကူးသည့် လုပ်ငန်းကို ကြီးကြပ် စေခြင်း၊ မူးယစ် ဆေးဝါး ရောင်းဝယ် ခိုင်းခြင်း၊ ဒေသတွင်းရှိ အခြားသော စီးပွားရေး လုပ်ငန်း များကို ထိန်းချုပ် စေခြင်းနှင့် ဒေသခံ များကို လစဉ်ကြေး ပေး၍ ဘင်္ဂလား ဖုန်းသုံးစွဲရန် စည်းရုံး ခိုင်းခြင်း များကို အတင်း အဓမ္မ ခိုင်းစေလျက် ရှိကြောင်း သိရှိ ရပါသည်။ ၎င်းတို့ ညီအစ်ကို နှစ်ဦးအား ဒုရဲအုပ် ဦးကျော်နှင့် အဖွဲ့က အကယ်၍ ၎င်းတို့ ခိုင်းစေသည် များကို မလုပ်ပါက ထောင်ချမည်ဟု ခြိမ်းခြောက် ထားသည်ဟု ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။
ဖေဖော်ဝါရီလ ၆ ရက်နေ့က စိန်တောင်ပြင် ရွာမှ ဦးအူလာမျာ (ဘ) ဦးနော်ဇူမျာကို ဒုရဲအုပ် ဦးကျော်နှင့် အဖွဲ့က အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင် သွားပြီး ဘူးသီးတောင် ရဲစခန်း အချုပ်တွင် လေးရက် တိတိ ညှဉ်းပန်း နှိပ်စက်ကာ ငွေကျပ် လေးသိန်း ယူ၍ ပြန်လည် လွှတ်ပေး ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။
ထို့အပြင် ၎င်းတို့က အခြားသော ရိုဟင်ဂျာ များစွာကို ဖမ်းဆီးရန် ရှိသည်၊ ဖမ်းဆီးခံ ရမည်ကို မလိုလားပါက ကြိုတင် လာရောက်၍ ညှိနှိုင်း မှသာ သက်သာ လိမ့်မည် ဖြစ်ကြောင်း ဥပဒေမဲ့ ပြောဆိုကာ ခြိမ်းခြောက် လျက်ရှိကြောင်း သိရှိ ရသည်။ ဒုရဲအုပ် ဦးကျော်နှင့် အဖွဲ့သည် ဒေသတွင်းရှိ စီးပွားရေး သမားများ၊ ထင်းခုတ် သမား၊ လယ်သမား များထံမှ မကြာခဏ အကြောင်းမဲ့ ငွေညှစ်လေ့ ရှိကြောင်း ဒေသခံ များမှ ပြောပါသည်။
11.2.2014
မြန်မာ နိုင်ငံ ဆိုင်ရာ ကုလ သမဂ္ဂ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် မစ္စတာ ကင်တားနားဟာ သူ့ရဲ့ ရာထူး သက်တမ်း ၆ နှစ် ကုန်ဆုံး ခါနီး၊ တရားဝင် နောက်ဆုံး ခရီးစဉ် အဖြစ် လာမယ့် သောကြာနေ့မှာ မြန်မာ နိုင်ငံကို လာရောက် မယ်လို့ သိရ ပါတယ်။
မစ္စတာ ကင်တားနားဟာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ကနေ ၁၉ ရက်နေ့ အထိ ၆ ရက် ကြာမြင့်မယ့် ခရီးစဉ် အတွင်း ရခိုင် ပြည်နယ်၊ ကချင် ပြည်နယ်၊ စစ်ကိုင်းတိုင်း မုံရွာ လက်ပံ တောင်းတောင် ကြေးနီ စီမံကိန်းနဲ့ ရန်ကုန်မြို့ အနီး သံလျင် သီလ၀ါ ရေနက် ဆိပ်ကမ်း စီမံကိန်း တွေကို သွားရောက်မှာ ဖြစ်ပြီး၊ ကရင် ပြည်နယ် ကိုပါ သွားရောက်ခွင့် တောင်းဆို ထားတယ်လို့ သိရ ပါတယ်။
ရခိုင် ပြည်နယ် ခရီးစဉ် အတွင်း မောင်တော ဒေသ အပါ အ၀င် အဲဒီ ဒေသမှာ လူ့အခွင့် အရေး အခြေ အနေတွေ ပိုမို တိုးတက် ကောင်းမွန် လာအောင် အစိုးရ အနေနဲ့ တိုးမြှင့် လုပ်ဆောင် သင့်တဲ့ အချက် တွေကို စူးစမ်း လေ့လာ သွားမယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။
ဒီခရီးစဉ်ဟာ မြန်မာ နိုင်ငံရဲ့ လူ့အခွင့် အရေး အခြေ အနေ တွေကို လေ့လာမှာ ဖြစ်တဲ့ အပြင် အရင် ခရီးစဉ်တွေ အတွင်း အကြံပြု ထားချက် တွေကို ဖြည့်ဆည်း အကောင် အထည် ဖော်မှုရှိ၊ မရှိကိုပါ ဆန်းစစ် လေ့လာ သွားမယ်လို့ ဂျီနီဗာမြို့ ကုလ သမဂ္ဂ လူ့အခွင့် အရေး ကောင်စီရုံးက သတင်း ထုတ်ပြန် ပါတယ်။
မစ္စတာ ကင်တားနားဟာ ခရီးစဉ် အတွင်း နေပြည်တော် ကိုပါ သွားရောက်ပြီး၊ လွှတ်တော်နဲ့ အစိုးရ အဖွဲ့ တာဝန် ရှိသူတွေ၊ တရားသူကြီး တွေနဲ့လည်း တွေ့ဆုံမယ့် အပြင် ခရီးစဉ် နောက်ဆုံးနေ့ ဖြစ်တဲ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညနေပိုင်းမှာ ရန်ကုန် လေဆိပ်မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ဖို့ ရှိတယ်လို့ သိရ ပါတယ်။ သူ့ရဲ့ မြန်မာ နိုင်ငံ လူ့အခွင့် အရေး အခြေ အနေ နောက်ဆုံး အစီရင် ခံစာ အပြည့် အစုံကို ကုလ သမဂ္ဂ လူ့အခွင့် အရေး ကောင်စီမှာ မတ်လ ၁၇ ၇က်နေ့ တင်သွင်း မယ်လို့လည်း သိရ ပါတယ်။
အာဂျင်တီးနား နိုင်ငံသား ဖြစ်သူ မစ္စတာ ကင်တားနားဟာ မြန်မာ နိုင်ငံ ဆိုင်ရာ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် အဖြစ် ၂၀၀၈ ခုနှစ် မေလက စတင် တာဝန် ထမ်းဆောင် လာခဲ့တာ ဖြစ်ပါတယ်။
RB News
11.2.2014
မောင်တော ။ ။ ဇန်န၀ါရီလ ၁၃ ရက်နေ့က မောင်တော မြို့နယ်၊ ဒုချီရာတန်း ရွာတွင် လုံခြုံရေး ရဲများနှင့် ရခိုင် အစွန်းရောက် များက အပြစ်မဲ့ ရိုဟင်ဂျာ ရွာသား များကို အစုလိုက် အပြုံလိုက် သတ်ဖြတ် ခဲ့ သည် ကို မြန်မာ အစိုးရမှ ငြင်းဆန်လျက် ရှိသော်လည်း ဖေဖော်ဝါရီလ ၁ ရက်နေ့က မြန်မာ နိုင်ငံ အမျိုး သား လူ့ အခွင့်အရေး ကော်မရှင်ကို အသတ်ခံရသူ ၅၂ ဦး စာရင်းကို ဒေသခံ ရွာသား များမှ တင်ပြ ခဲ့ သည်။
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို အသတ်ခံရသူ ၅၂ ဦး၏ စာရင်းကို တင်ပြ ခဲ့သော်လည်း စာရင်း မရရှိ သယောင် လိမ်ညာ၍ မီဒီယာ များသို့ ပြောကြား ခဲ့သည်။ အသတ်ခံ ရသူများ၏ အလောင်း များကို အာဏာပိုင်များက သယ်ယူ၍ အပြီးတိုင် ဖျောက်ပစ် ခဲ့သည်။ အခင်း ဖြစ်ပွားသည့် နေ့မှ စ၍ ယခု အချိန် ထိ အမျိုးသမီး များနှင့် ကလေး ၅၀၀ ကျော်သာ ဒုချီရာတန်းသို့ ပြန်လည် ရောက်ရှိ ခဲ့ပြီး၊ အများစုမှာ အခြားရွာ များတွင် ခိုလှုံလျက် ရှိသည်။
ဇန်န၀ါရီလ ၂၈ ရက်နေ့က မီးရှို့ ခံရသည့် ဒုချီရာတန်း အနောက်ရွာမှ အိုးမဲ့အိမ်မဲ့ ဖြစ်ပွား သွားသူ များကိုလည်း အစိုးရမှ အကူအညီ မပေးသည့် အပြင် နိုင်ငံတကာ အန်ဂျီအို များမှ ကူညီ ပေးနိုင်ခြင်း မ ရှိကြောင်း သိရှိ ရပါသည်။ ဒုချီရာတန်း အရှေ့ရွာနှင့် အနောက်ရွာ များရှိ ဒေသခံ များ၏ ပိုင်ဆိုင်မှုများ အား လုံး လုယက်ခြင်း ခံရသဖြင့် လူသားချင်း စာနာသည့် အကူအညီများ အရေးပေါ် လိုအပ်လျက် ရှိကြောင်း ဒေသခံ များက RB News သို့ပြောပါသည်။
ထပ်မံရရှိသည့် အသတ်ခံ ရသူ (၅) ဦး --
(၁) ဦးအဘူကလာမ် (ဘ) ဦးဆယာဒ်အဟမတ် (အသက် ၄၀ နှစ်)
(၂) ရှောင်ဂျီဒါ (ဘ) ဦးအဘူကလာမ် (အသက် ၁၁ နှစ်)
(၃) ဒေါ်မောယ်လာခါတူ (ဘ) ဦးဒေါ်လ္လာ (အသက် ၆၅ နှစ်)
(၄) ဒေါ်အာလ်မာစ်ခါတူ (ခင်ပွန်း) ဦးအုလာမျာ (အသက် ၄၅ နှစ်)
(၅) ဟာလီမာခါတူ (ဘ) ဦးအုလာမျာ (အသက် ၁၅ နှစ်) -- တို့ဖြစ်သည်။
ရိုဟင်းမြေ၏အမွေခံ
ရေးသားသူ - ယျာထင် (MYARF)
RB ကဗျာ
11.2.2014
ရေးသားသူ - ယျာထင် (MYARF)
RB ကဗျာ
11.2.2014
ခုတ်ထွင်ရှင်းလင်း၊
ထူထပ်တောင်
ဤဒေသ၀ယ်၊ မြို့တည်ထောင် …
ရိုဟောင်း အမည်၊ မြို့ရွာဟောင်း
စုပေါင်းနေလာ၊ နှစ်ထောင်ပေါင်း …..
ကိုယ်ပိုင်အိမ်နှင့်၊ နေနေလာ
ဤဒေသမှာ၊ တစ်သက်တာ …..
ရာဇ၀င်ကောင်း၊ သမိုင်းကြောင့်
လက်လွတ်မခံ၊ အမွေဟောင်း…..။
"ပညာမရှိ၊ ထိုလူသား
မျက်စိရှိရင်း၊ မျက်ကန်းပါ"
ဆိုရိုးစကား၊ ရိုဟင်ဂျာ့…..
ကိုယ်ပိုင်စာပေ၊ ရိုဟင်ဂျာ့
ရိုးရာဓလေ့၊ ရှိပြီးသား …..
သင်ယူကြစေ၊ တို့ကိုယ်စီ
လူငယ်လူကြီး၊ ခေတ်နှင့်မီ
တတ်သူပို့ချ၊ အားလုံးဆီ…..။
မျိုးချစ်သားတို့၊ ရိုဟင်ဂျာ
စည်းလုံးမှုကြိုး၊ ကိုင်ဆွဲထား …..
စည်းလုံးမှုနှင့်၊ လှေပေါ်ထိုင်
တောင်ကုန်းပေါ်မှာ၊ မောင်းလို့နိုင် ……
ဒါမှမဟုတ်၊ ရေပေါ်ဟုတ်
မည်သို့လှေပင်၊ ရှေ့မလှုပ် …..
ပညာရှိနှင့်၊ ပညာမဲ့
ဆင်းရဲချမ်းသာ၊ တို့မခွဲ…..-
ထက်လာကြပါ၊ မြန်မြန်လေး
စည်းလုံးမှုနှင့်၊ လှေပေါ်ဝယ် …..။
"ဇာတိချစ်စိတ်၊ ရှိသူတိုင်း
အီမာန်တစ်ဝက်၊ နိုင်နိုင်ပိုင်"
တို့ချစ်နဗီ၊ ကိုယ်တိုင်နှိုင်း …..
ကိုယ့်အမွေစွန့်၊ တို့မသွား
ဖ၀ါးခြားလို့၊ ခြားဒေသ …..
ဇာတိကဲ့သို့၊ ဘယ်မှာရှာ
အေးချမ်းမှုက၊ နတ္တိပါ …..
လက်တွဲခိုင်ခိုင်၊ စိတ်ညှိနှိုင်း
အမွေရှာဖွေ၊ အားလုံးဝိုင်း …..။
အို ….. ရိုဟင်ဂျာသား၊
ညီနောင်တို့ အဖေအမေ၊
လူကြီးတို့ ….. လွတ်လပ်ရေးတွက်၊
စတေးခံ စိတ်ရောကိုယ်ပါ၊
တို့တော်လှန် ငါတို့အမွေ၊
ဒီထက်တန် ရိုဟင်ဂျာသား၊
ငါပြောဝံ့ ငါတို့တစ်တွေ၊
တကယ်တမ်း ရိုဟင်းမြေ၏ အမွေခံ …..။
O'Laie Manzu
10.2.2014
ဗုဒ္ဓ ဘုရားကို ယုံကြည် ကိုးကွယ် သူတွေ ကလည်း သူတို့ ရင်နဲ့အပြည့် ကြည်ညို လေးစားလို့၊ ယုံကြည်လို့၊ မှန်တယ်လို့ ခံယူ ထားလို့။ ဗိရှနု ဘုရားကို ကိုးကွယ်သူ တွေလည်း ဒီလိုဘဲ။ ယေရှု သခင်ရဲ့ လမ်းညွန် မှုကို လိုက်တဲ့သူ တွေလည်း သူတို့ ရင်တွင်းပြည့် ယုံကြည်တယ်။ မောရှေ တမန်တော် နောက်လိုက် တွေလည်း ဒီလိုဘဲ။ ကျနော်တို့ အီမာန်ရှင် တွေလည်း ကိုယ့်ယုံကြည် ချက်နဲ့ကို။
အွန်လိုင်း ပေါ်မှာ လူတွေ ရန်ဖြစ်ပြီး လည့်ပတ် ဆဲဆို နေလိုက် ကြတာ မပြီးနိုင် တော့ဘူး။ "မင်းတို့ မိုဟမ္မဒ်က ဘာဖြစ်တယ် ညာဖြစ်တယ်" "မင်းတို့ အလ္လာဟ်က ဘာဖြစ်တယ် ညာဖြစ်တယ်" လို့ ပြောနေတော့ ... ရန်ပွဲမှာ မပါတဲ့ မွတ်စလင်တွေ ကလည်း ရောပြီး ဒေါသ ထွက်ကြတယ်။ ဆဲနေ ကြတာက ရန်ဖြစ်တဲ့ လူကို ပြောတာ မဟုတ်ဘူး... သူယုံကြည်တဲ့ ဘာသာကို ပြောတာကို။ ဒီတော့ သူနဲ့ ယုံကြည် ချက်ချင်း ... ဘာသာချင်း တူတဲ့... မွတ်စလင် ထုကြီးက လည်း တမန်တော် မြတ်ကို ပြောရ ကောင်းလား၊ အလ္လာဟ် အရှင်မြတ်ကို စော်ကားရ ကောင်းလား ဆိုပြီး ဒေါသတွေ ထွက်ကြရော။
တချို့ မွတ်စလင် တွေကလည်း "မင်းတို့ ဗုဒ္ဓက ဘာဖြစ်တယ် ညာဖြစ်တယ်" လို့ ဆဲဆိုပြီး ပြောနေတော့ ဗုဒ္ဓ ဘုရားကို ယုံကြည် ကိုးကွယ် ကြသူ တိုင်းက သူတို့ ဘုရားကို စော်ကားရ ကောင်းလား ဆိုပြီး ဒေါသ ထွက်ကြ မှာပေါ့။ သူရိုင်းလို့ ကိုယ်ရိုင်းတယ် ... သူဆဲလို့ ကိုယ်ဆဲတယ် ... ဆိုရင် အမုန်း သံသရာ ဘယ်ပြီး နိုင်တော့ မလဲ။ ရိုးရိုးလေး စဉ်းစား ကြည့်ဗျာ .... လူတွေက ကိုယ် အရို အသေ ပေးနေတဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် တွေကို ဘယ်အထိ ခံမလဲ။ ဥပမာ ... နိုင်ငံရေး ခေါင်းဆောင် တွေဖြစ်တဲ့ ဒေါ်စုတို့၊ ဦးသိန်းစိန် တို့ကို ပြစ်တင် ဝေဖန်ရင် တောင်မှ သူတို့ကို ထောက်ခံတဲ့ လူတွေ ဆွေ့ဆွေ့ခုန် ... နာကြ သေးတာဘဲ မဟုတ်လား။ ဘုရားတွေ၊ တမန်တော်တွေ၊ ဖန်ဆင်းရှင် တွေကို စော်ကား ရင်တော့ နှလုံးသွေး ထွက်မတက် နာကြ တာပေါ့။
ဒီတော့ ရန်ဖြစ်ဖို့ ကိုတော့ အားမပေးဘူး။ ဒါပေမယ့် ရန်ဖြစ် ချင်သပါ့ ဆိုရင်လည်း ပုဂ္ဂိုလ်ရေး အရဖြစ်၊ ဆဲမယ် ဆိုရင်လည်း လူလူချင်းဆဲ။ ဘာသာတွေ၊ ဘာသာရေး ခေါင်းဆောင်တွေ၊ ကျမ်းဂန်တွေ၊ ဘုရားတွေ၊ တမန်တော်တွေ၊ ဖန်ဆင်း ရှင်တွေကို ကျေးဇူးပြုပြီး မစော်ကား ကြပါနဲ့။ မဆဲ ကြနဲ့။ ကိုယ်မယုံ ကြည်ဘူး ဆိုပေမယ့် သူများ ယုံကြည်မှုကို ထိပါး စော်ကား မိစေမယ့် လုပ်ရပ်ကို ရှောင်ကျဉ် သင့်တယ်။ ကိုယ်မကြိုက် မနှစ်သက် သလို ... တပါးသူလည်း ကိုယ့်လိုဘဲ စိတ်ခံစားမှု ရှိမှာ ပါလားလို့ တွေးကြ စေချင်တယ်။ ကိုယ့်ကို စော်ကားတဲ့ လူတစ်စုကို တုန့်ပြန်ရင်း တစ်မျိုးသားလုံး၊ တစ်ဘာသာ လုံးကို စော်ကား တာမျိုး ကိုတော့ မလုပ် သင့်ဘူးဗျ။
MYARF
RB News
9.2.2014
မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ မြို့မတောင် ရပ်ကွက်မှ ကျူရှင် ဆရာ တစ်ဦးကို လုံထိန်းများက ဖမ်းဆီး၍ မဟုတ်မမှန် စွပ်စွဲပြီး ငွေညှစ် ခဲ့ကြောင်း သတင်း ရရှိပါသည်။
ဖေဖော်ဝါရီလ ၈ ရက်နေ့ ည ၉း၃၀ နာရီ အချိန်တွင် မောင်တော မြို့နယ်၊ မြို့မတောင် ရပ်ကွက်မှ ဦးမာမတ် ဆူဟိုဒ် (ဘ) ဦးဆော်လာမ် (အသက် ၂၉ နှစ်) သည် ၎င်း၏ နေအိမ်နှင့် မနီးမဝေး အိမ်တစ်အိမ်တွင် မူလတန်း ကျောင်းသား အချို့ကို ကျူရှင်ပြပြီး ပြန်အလာတွင် လုံထိန်း ၁၀ ဦးက ဖမ်းဆီး၍ မြို့မတောင် ရပ်ကွက် အရှေ့ဖက် ဗိုလ်မှူးရွာရှိ လုံထိန်း ရဲကင်း စခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ လုံထိန်း ကင်းစခန်းသို့ ခေါ်ဆောင် သွားပြီးနောက် ဦးမာမတ် ဆူဟိုဒ်အား ဘင်္ဂလားဖုန်း ကိုင်ဆောင် သုံးစွဲ နေသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ငွေကျပ် ၅ သိန်း ပေးမှ ပြန်လွှတ် ပေးမည်ဟု လုံထိန်း များက ပြောဆို ခဲ့သည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မြို့မတောင် ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင် ဦးဖေရုစ်ခါန် ကိုယ်တိုင် လုံထိန်း ကင်းစခန်းသို့ လိုက်သွားပြီး၊ ဦးမာမတ် ဆူဟိုဒ်မှာ ဆင်းရဲနွမ်းပါးသူ တစ်ဦး ဖြစ်ကြောင်း၊ စားဝတ်နေရေး ခက်ခဲမှုကြောင့် မူလတန်း ကျောင်းသား အချို့ကို ကျူရှင်ပြပြီး အသက်မွေး ၀မ်းကျောင်း ပြုနေသူ ဖြစ်ကြောင်း၊ လူသားချင်း စာနာ ထောက်ထားပြီး ပြန်လည် လွှတ်ပေးရန် တောင်းဆို ခဲ့သော်လည်း လုံထိန်း များက ၎င်းတို့ တောင်းဆိုသည့် ငွေပေးမှသာ ပြန်လည် လွှတ်ပေးမည် ဖြစ်ကြောင်း၊ မကျေနပ်ပါက ကြိုက်သည့် ဌာနဆိုင်ရာကို တိုင်ကြား နိုင်ကြောင်း အမျိုးမျိုး ခြိမ်းခြောက်၍ ပြောဆို ခဲ့သည်။ နောက်ဆုံးတွင် လုံထိန်းများကို ငွေကျပ် တစ်သိန်း တစ်သောင်း ပေးမှသာ ဦးမာမတ် ဟူဆိုဒ်ကို ပြန်လည် လွှတ်ပေး ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ ထို့အပြင် လုံထိန်းများက ဦးမာမတ် ဟူဆိုဒ်အား ၎င်းကို လုံထိန်းများက ဘာတစ်ခုမှ မလုပ်ခဲ့ကြောင်း ၀န်ခံ လက်မှတ် ရေးထိုးခိုင်း အတွက် ရေးထိုး ပေးခဲ့ရကြောင်း သိရှိ ရပါသည်။
ဗိုလ်မှူးရွာ အခြေစိုက် လုံထိန်း ကင်းစခန်းရှိ လုံထိန်း များ၏ တာဝန်မှာ မြို့မတောင် ရပ်ကွက်နှင့် မသက်ဆိုင် သော်လည်း မကြာခဏ မြို့မတောင် ရပ်ကွက်သို့ ၀င်၍ ညပိုင်း သွားလာသူ များကို အမြဲ အနှောက် အယှက် ပေးလျက် ရှိသည်။ အထူး သဖြင့် မြို့မတောင် ရပ်ကွက် ကြားလမ်းမ ဖြစ်သော မောင်နီရွာ ဖက်သို့ သွားသည့် လမ်းပေါ်မှ လုံထိန်း အဖွဲ့သည် ညစဉ် ညတိုင်း လိုလို လမ်းသွား လမ်းလာသည့် ရိုဟင်ဂျာ ပြည်သူ များကို ညမထွက်ရ အမိန့် အချိန် မတိုင်မှီ ကတည်းက ဖမ်းဆီး၍ ရိုက်နှက်ခြင်း၊ ငွေညှစ်ခြင်းများ မကြာ ခဏ ပြုလုပ် လျက်ရှိသည်။
အထက်တန်းကျောင်း အမှတ် (၂) ရှေ့တွင် လုံထိန်း ကင်းစခန်း တစ်ခု ရှိနေလျက် ဗိုလ်မှူးရွာ ကင်းစခန်းမှ လုံထိန်းများ နယ်ကျော် ၀င်ရောက်၍ အများ ပြည်သူ များအား ယခု ကဲ့သို့ မတရား ဖမ်းဆီး ငွေညှစ်ခြင်း များပြုလုပ် နေခြင်းကို အထက် အာဏာပိုင် များမှ အမြန်ဆုံး အရေးယူ ဆောင်ရွက် ပေးပါရန် တောင်းဆိုကြောင်း ဒေသခံ များက RB News သို့ ပြောပါသည်။
MYARF မှ သတင်း ပေးပို့သည်။
MYARF မှ သတင်း ပေးပို့သည်။
RB News
Photos & Video via NY Kogyi
9.2.2014
ဟော်လီဝုဒ် ။ ။ လွန်ခဲ့သည့်လ ၁၃ ရက်နေ့မှ စ၍ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ ဒုချီရာတန်း ကျေးရွာတွင် ရိုဟင်ဂျာ မွတ်စလင် များကို ဒေသ ဆိုင်ရာ ရဲတပ်ဖွဲ့ များနှင့် ရခိုင် အစွန်းရောက် များက အစုလိုက် အပြုံလိုက် သတ်ဖြတ် ခဲ့သည်။ နိုင်ငံတကာ အသိုင်း အ၀ိုင်း၊ ကုလ သမဂ္ဂနှင့် အဖွဲ့ အစည်း များအားလုံးမှ အစုလိုက် အပြုံလိုက် သတ်ဖြတ် ခံခဲ့ရခြင်းနှင့် ပတ်သက်၍ ပြောဆို ရှုတ်ချ လျက်ရှိသော်လည်း မြန်မာ အစိုးရမှ ၎င်းတို့ မကျူးလွန် သယောင် ငြင်းဆို လျက်ရှိသည်။
ဖေဖော်ဝါရီ ၈ ရက်နေ့က အမေရိကန် ပြည်ထောင်စု၊ လော့စ်အန်ဂျလိစ် ပြည်နယ်၊ ဟော်လီဝုဒ် မြို့တွင် အမေရိကန် နိုင်ငံရောက် ရိုဟင်ဂျာများ၊ မြန်မာ မွတ်စလင် များနှင့် နိုင်ငံတကာမှ လှုပ်ရှားသူများက ဆန္ဒပြပွဲ တစ်ရပ် ကျင်းပ ခဲ့သည်။
ဆန္ဒပြပွဲနှင့် ပတ်သက်သည့် ဗီဒီယို၊ ဓါတ်ပုံ များကို အောက်ပါ အတိုင်း ရှုစား နိုင်ပါသည်။
Photos & Video via NY Kogyi
RB News
8.2.2014
ဘာသာပြန်ဆိုသူ - O'Laie Manzu
DVB က ဗြိတိသျှ သံအမတ် ကြီးနဲ့ တွေ့ဆုံ မေးမြန်း ခဲ့စဉ်မှာ ရိုဟင်ဂျာ ကိစ္စနဲ့ ပတ်သက်ပြီး ပြောဆို ခဲ့တာ ကို ဘာသာပြန် ပေးပါလို့ တောင်းဆို လာသူတွေ အတွက် အမေး အဖြေ သုံးခုကို ဘာ သာပြန် ပေး လိုက် ပါတယ်။ ဒီတစ်ခေါက်တော့ Sub Title ပါထိုးပေး လိုက်တယ်။
မေး။ ရိုဟင်ဂျာ မွတ်စလင် တွေကို ညှဉ်းပန်း နှိပ်စက် နေတာနဲ့ ပတ်သက်ပြီး အာရ်ကန် ပြည်နယ်က အခြေ အနေတွေ အပေါ် UK က ပွင့်ပွင့် လင်းလင်း ပြောဆို နေပါတယ်။ မကြာသေးမှီက မောင်းတောမှာ အကြမ်း ဖက် မှုတွေ ထပ်ဖြစ် ခဲ့တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို မြင်ပါသလဲ။
ဖြေ။ ကျနော် တို့နဲ့ ယူအက်စ် သံရုံး တွေက ကြေညာချက် တစ်စောင် သောကြာနေ့က ထုတ်ခဲ့တာ ဆို တာ တွေ့ပြီးလောက် ပြီပေါ့။ ရရှိတဲ့ သတင်း အချက် အလက်တွေ ထောက်ကြည့်ပြီး ကျနော်တို့ စိုးရိမ်မိ ပါတယ်။ အဲဒီမှာဘာတွေ ဖြစ်ခဲ့တယ် ဆိုတာ ကတော့ ရှင်းရှင်း လင်းလင်း မသိရ သေးဘူး။ အဲဒီမှာ ဘာဖြစ် သ လဲ ဆိုတာကို ရှင်းရှင်း လင်းလင်း သိရဖို့ အစိုးရကို စုံစမ်း စစ်ဆေး ပေးဖို့ တိုက်တွန်း ထားပါတယ်။ ကျနော် ထင်တာ ကတော့ ရခိုင် ပြည်နယ် တစ်ခုလုံးကို ခြုံကြည့်ရင် ပထမဆုံး အဆင့် ကတော့ လုံခြုံရေး ရှိဖို့ပါဘဲ။ ဒီလို အကြမ်းဖက် မှုတွေ ထပ်ပြီး မဖြစ်ဖို့ဘဲ။ ဒါက အစိုးရရဲ့ တာဝန် ဖြစ်တယ်။ဒီလို အကြမ်းဖက် မှုတွေ ထပ်မဖြစ်အောင် လုံခြုံမှု ရှိဖို့ အတွက် အစိုးရက အာမခံ ဖို့လိုတယ်။ နောက်ထပ် အရေးကြီးတဲ့ အ ချက် တစ် ခု ရှိတယ်။ ဒါကတော့ ခရစ္စမတ် မတိုင်ခင် ကျနော် ကိုယ်တိုင် ရခိုင် ပြည်နယ် ရောက်တုန်း က တွေ့ခဲ့တာပါ။ အဲဒါ ကတော့ လူသားချင်း စာနာ ထောက်ထားတဲ့ ကူညီမှုတွေ ပေါက်ရောက် နိုင်ဖို့ဘဲ။ တချို့ ပြည်တွင်း ပြောင်းရွှေ့ နေရာ ချထားခြင်း ခံရသူ တွေက အရမ်း ခက်ခဲတဲ့ အခြေ အနေ တွေမှာ နေ ထိုင် နေရတယ်။ သူတို့ဆီကို လူသားချင်း စာနာ ထောက်ထားတဲ့ အကူ အညီတွေ ရောက်ဖို့ အလွန်ဘဲ အရေးကြီးတယ်။ အသိုင်း အဝိုင်း တစ်ခု အပေါ်ကို အခြား အသိုင်း အဝိုင်း တစ်ခုထက် ပိုပြီး အသာပေး ကူညီ နေတယ် ဆိုတဲ့ နားလည်မူ လွဲမှားတာတွေ ရှိတယ်လို့ ကျနော် ထင်တယ်။ ဒီအင်တာဗျူး ကနေ တဆင့် လူတွေကို ပြောချင်တာ ကတော့ အပြည်ပြည် ဆိုင်ရာ အထောက် အပံ့ တွေက အမှန် တကယ် လိုအပ်တဲ့ သူတွေ ဆီကို ရောက်ဖို့ ပါဘဲ။ ဒါကြောင့် ဒီအကူ အညီ တွေက စခန်းတွေ ထဲမှာ အပြင် မထွက်ရ သူတွေ၊ အလုပ် လုပ်ပြီး ငွေရှာလို့ မရသူတွေ ဆီကို ဦးတည် ပါတယ်။ နောက်တစ်ခုက အစိုးရ က လည်း ဒီ လူသားချင်း စာနာ ထောက်ထားတဲ့ အကူ အညီတွေ ရောက်ရှိဖို့ အတွက်ကို အာမ ခံချက် ပေး ဖို့ လိုပါတယ်။ နောက်ဆုံး တစ်ခုကတော့ ဒီရခိုင် ဒေသမှာ ရှိတဲ့ လူ့အသိုင်း အဝိုင်း တွေရဲ့ အနာဂါတ် ကိစ္စဘဲ။ ကျနော်တို့ ကတော့ အစိုးရက နိုင်ငံသား စီစစ်ရေး ကိစ္စ တွေကို ရှေ့ဆက်တိုး ကိုင်တွယ်ဖို့ တိုက် တွန်း နေ ပါတယ်။ နိုင်ငံသား ရထိုက်တဲ့ သူတွေ နိုင်ငံသား ရကြပြီး သူတို့ရဲ့ နိုင်ငံသား အခြေ အနေတွေ ရှင်း ရှင်း ဖြစ်သွား လိမ့်မယ်။
မေး။ ရိုဟင်ဂျာ တွေက ဒီမှာ ရှိနေ ခဲ့တယ် ... တစ်ချို့ ဆိုရင် မျိုးဆက် အလိုက် ဒီမှာ နေလာ ခဲ့တယ် ... တချို့ ကတော့ ကိုလိုနီ ခေတ်က ဗြိတိသျှ ခေါ်လာ ခဲ့တယ်။ ရိုဟင်ဂျာတွေ နိုင်ငံသား ဖြစ်ဖို့ အတွက် ကို ထောက်ခံ သလား။
ဖြေ။ အစိုးရ ပြောတာ ကတော့ သူတို့က ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ ကိုဘဲ ကျင့်သုံးမယ် ဆိုတာ။ ကျနော် နားလည် တာက ဒီမှာ မျိုးရိုး စဉ်ဆက် အတိုင်း အတာ တစ်ခု အထိ နေထိုင် ခဲ့တယ် ဆို ရင် နိုင်ငံသား ဖြစ်ပိုင်ခွင့် ရှိတယ်။ ကျနော့် အမြင်နဲ့ ကျနော်တို့ သုတေသန ပြုထားတဲ့ အရ ဆိုရင် ဒီဥပဒေ အရ ကိုဘဲ ရိုဟင်ဂျာ အများစုက နိုင်ငံသား ဖြစ်ခွင့် ရှိနေတယ်။ ဒါပေမယ့် အစိုးရက ဘယ် သူ တွေ က နိုင် ငံသား ဖြစ်ခွင့် ရှိပြီး ဘယ်သူတွေ ကတော့ မဖြစ်သင့်ဘူး ဆိုတာ စီစစ်ဖို့ လိုတယ်။ ဒါပေမယ့် ခင် ဗျား ပြောတာကို ကျနော် သဘော တူတယ်။ ရခိုင် ပြည်မှာ မွတ်စလင် ထုကြီးက လွန်ခဲ့တဲ့ နှစ်ပေါင်း များ စွာ (များစွာ) ကတည်းက နေလာ ခဲ့တယ်။ ကျနော်တို့ သုတေသန လုပ်ပြီးပြီ။ တကယ်တော့ ၁၉ ရာစုနှစ် အစပိုင်း လောက်မှာ ဗြိတိသျှတွေ အဲဒီကို ပထမဆုံး အကြိမ် ရောက်တုန်း ကတည်းက အဲဒီမှာ မွတ်စ လင်ထု တော်တော်လေးကို ရှိနေ ပြီးသား။ အခု ပြောနေတဲ့ အဲဒီမှာ ရှိတဲ့ လူတိုင်းက တရား မဝင် ခိုးဝင်လာ သူတွေ ဆိုတာကြီး ကတော့ မမှန် ပါဘူး။ ကျနော်တို့ လက်မခံ ပါဘူး။
မေး။ ရိုဟင်ဂျာ ကိစ္စ ကတော့ လျစ်လျူရှု့ ထားလို့ မရပါဘူး။ လူတွေ ကလည်း အမျိုးမျိုး ထင်ကြေး ပေးနေ ကြတယ်။ ဒီကိစ္စကြီး ပြေလည်ဖို့ အတွက် ဗြိတိန် အနေနဲ့ ပါဝင် ပေးနိုင်တဲ့ အခန်း ကဏ္ဍမျိုး ရှိပါသလား။
ဖြေ။ အပြည်ပြည် ဆိုင်ရာ အသိုင်း အဝိုင်း ကတော့ အစိုးရကို ထောက်ပံ့ ကူညီ ပေးလို့ ရတယ်။ လုံခြုံရေး လို ကိစ္စ မျိုးကို ကိုင်တွယ်ဖို့ အတွက် အစိုးရကို တိုက်တွန်း လို့ရတယ်။ ပြောင်းရွှေ့ နေရာ ချ ထားခြင်း ခံရ တဲ့ သူတွေ အသက်ရှင် နေထိုင် နိုင်ဖို့ အတွက် အကူ အညီတွေ ပေးလို့ ရတယ်။ ရခိုင် ပြည်နယ်က လူတွေ ရဲ့ ရေရှည် အခြေ အနေ အတွက် အစိုးရနဲ့ လက်တွဲ လုပ်ဆောင်လို့ ရတယ်။ အပြည်ပြည် ဆိုင်ရာ အသိုင်း အဝိုင်း ကူလုပ်ပေး နိုင်တာတွေ ရှိတယ် ... ဒါပေမယ့် အမှန် တကယ် ကတော့ မြန်မာ အစိုးရက အဲဒီ ကိစ္စ တွေကို ကိုင်တွယ်ဖို့ အတွက် တာဝန် အရှိဆုံး ဖြစ်တယ်။
Video Copyright: DVB English
ထုတ်ပြန် ကြေညာချက် ၂/၂၀၁၄
၂၀၁၄ ခု ဖေဖေါ်ဝါရီ ၈ ရက်
အစိုးရ လက်ကိုင် ဒုချီရာတန်း စုံစမ်း စစ်ဆေးရေး ကော်မရှင်အား လုံးဝ လက်မခံကြောင်း ထုတ်ပြန် ကြေညာချက်
၂၀၁၄ ဇန်န၀ါရီ ၁၃ ရက်နေ့ အစုလိုက် အပြုံလိုက် လူသတ်မှု ကျူးလွန် ခဲ့သည့် ရာဇ၀တ် မှုနှင့် ဇန်န၀ါရီလ ၂၈ ရက်နေ့ လက်ရာဖျောက် မီးရှို့ပစ်မှု ကြီးအား- မြန်မာ အစိုးရမှ နည်းအမျိုးမျိုးဖြင့် ဗြောင်တိုက် လိမ်ညာ ခဲ့ပြီ ဖြစ်ကြောင်း ကမ္ဘာ့ အသိုင်း အ၀ိုင်းမှ ခရေစေ့ တွင်းကျ သိပြီး ဖြစ်သည်။
သို့သော် မြန်မာ အစိုးရ အနေဖြင့် ကမ္ဘာမှ အယုံ အကြည် လုံးဝ ကင်းမဲ့ နေသော လုပ်ရိုး လုပ်စဉ် အတိုင်း လက်သပ်မွေး လူတစ်စုဖြင့် ဒုချီရာတန်း စုံစမ်း စစ်ဆေးရေး ကော်မရှင် တစ်ရပ်ကို ဖွဲ့စည်းလျက် ပြည်တွင်းနေ ပြည်သူ လူထုအား လှည့်စားရန် ထပ်မံ ကြံစည် ခြင်းအား- ၎င်းတို့ ကျူးလွန် ခဲ့သည့် လူမျိုးတုံး သတ်မှု၏ သက်သေ အထောက် အထား များကို ထပ်ဆင့် ဖျောက်ဖျက်ရန် ကြံစည်မှု အဖြစ် ကျွန်ုပ်တို့ Civil Rights Movement အဖွဲ့မှ တိတိ ကျကျ မှတ်တမ်း ပြုစု ထားသည်။
၎င်းတို့၏ လက်သပ်မွေး ကော်မရှင်အား ဖွဲ့စည်းသည့် ရည်ရွယ်ချက်- ၂ (ဂ) မှာပင် မိမိတို့၏ လူမျိုးတုံး သတ်မှု ကျူးလွန် ခဲ့ခြင်းအား ဖုံးကွယ်သည့် အနေဖြင့် အပြစ်မဲ့ ကျူးလွန် ခံရသူ တို့အား အပြစ်ပုံချ အပြစ် ပေးရန်သာ ရည်ရွယ်ကြောင်း ကိုလည်း ရှင်းရှင်း လင်းလင်း ဖေါ်ပြထား ပါသည်။ ထိုအချက်အား ကမ္ဘာ့ အဖွဲ့ အစည်း တိုင်းမှ သိရှိ စေရန် ကျွန်ုပ်တို့ Civil Rights Movement မှာ မလွဲမသွေ ဆောင်ရွက် သွားမည် ဖြစ်သည်။
အဆိုပါ အစုလိုက် အပြုံလိုက် လူသတ်မှု ကြီးအား ကမ္ဘာမှ ယုံကြည် စိတ်ချ ရသည့် စုံစမ်း စစ်ဆေးရေး အဖွဲ့ တစ်ရပ် မဖြစ်မနေ ၀င်ရောက် နိုင်ရန် ကမ္ဘာ့ အသိုင်း အ၀ိုင်းအား ချဉ်းကပ်လျက် တစိုက် မတ်မတ် ဆောင်ရွက် သွားမည် ဖြစ်သည်။
မိုးကျော်
အထွေထွေ ညွှန်ကြားရေးမှုး
တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
RB News
7.2.2014
မောင်တော ။ ။ ဒုချီရာတန်း ဖြစ်စဉ် များကို စုံစမ်းရန် ပြည်ထောင်စု အစိုးရက စုံစမ်းရေး ကော်မရှင် တစ်ရပ်ကို ယမန်နေ့က ဖွဲ့စည်း ခဲ့ပြီး၊ နိုင်ငံတော် သတင်းစာ များတွင် ယနေ့ တရားဝင် ကြေညာ ခဲ့သည်။ ၂၀၁၂ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကို စုံစမ်းစစ်ဆေးရန် ၂၇ဦးပါဝင်သည့် စုံစမ်းရေး ကော် မရှင် ကို ဖွဲ့စည်း ခဲ့စဉ်က ရိုဟင်ဂျာ လူမျိုး တစ်ဦးမှ မပါဝင် ခဲ့သော်လည်း ယခု ဖွဲ့စည်းသည့် ၁၀ ဦးပါ စုံစမ်းရေး ကော်မရှင်တွင် မောင်တော မြို့မှ ရိုဟင်ဂျာ တစ်ဦးကို အဖွဲ့ဝင် အဖြစ် ထည့်သွင်း ထားသည် ကို တွေ့ရှိ ရသည်။
ယခု ဖွဲ့စည်းသည့် စုံစမ်းရေး ကော်မရှင်တွင် ရိုဟင်ဂျာ ရပ်မိ ရပ်ဖ ဦးလှသိန်း (ခ) ဦးမော်ဂျီဟူလာ ပါဝင်ခြင်း ကို ဒေသခံ များက မကြိုဆိုကြောင်း RB News သို့ ပြောပါသည်။
ဦးလှသိန်းသည် မောင်တော မြို့နယ်၊ မြို့မတောင် ရပ်ကွက်တွင် နေထိုင်သူ တစ်ဦး ဖြစ်ပြီး၊ မောင်တော မြို့နယ်ရှိ သတင်း တပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ တို့၏ တပည့် တစ်ဦးသာ ဖြစ်ကြောင်း၊ ၎င်းကို ၂၀၁၂ ခုနှစ် ဇွန်လ တွင် ဖြစ်ပွား ခဲ့သည့် အကြမ်းဖက် မှုတွင်လည်း အစိုးရမှ အသုံးချ ခဲ့ကြောင်း၊ ယခု စုံစမ်းရေး ကော်မ ရှင် တွင် ဒေသခံ များ၏ ဆန္ဒ မပါဝင်ဘဲ ခန့်ထားခြင်း ဖြစ်ကြောင်း ဒေသခံ များက RB News သို့ ပြော သည်။
မောင်တော မြို့နယ် အတွင်းတွင် ဆရာဝန်များ၊ ကျောင်းဆရာများ၊ ရှေ့နေများနှင့် အခြားသော ပညာရှင် များ ရှိသော်လည်း ပညာ အရည်အချင်း အလွန် နည်းပါးသည့် ဦးလှသိန်းကို ရွေးချယ်၍ စုံစမ်းရေး ကော် မရှင်တွင် ခန့်အပ်ခြင်းမှာ အစိုးရ အလိုကျ လိုက်ပြောမည့်သူကို တမင် ရွေးချယ်ခြင်း သာ ဖြစ်သည်ဟု ဆို သည်။
ဒေသခံ များက ပြည်ထောင်စု လွှတ်တော်တွင် ရိုဟင်ဂျာ အမတ်များ ရှိသော်လည်း ၂၀၁၂ ခုနှစ် စုံ စမ်းရေး ကော် မရှင် တွင်လည်း မပါဝင် စေခဲ့သည့် အပြင် ယခုလည်း ထည့်သွင်းခြင်း မရှိသဖြင့် ယခု စုံစမ်းရေး ကော်မရှင် မှာလည်းယခင်ကဲ့သို့ပင် အစိုးရ အလိုကျ အစီရင်ခံမည့် အဖွဲ့ တစ်ခု သာ ဖြစ်ကြောင်း၊ အမျိုးသား လူ့အခွင့် အရေး ကော်မရှင် လာစဉ် အခါ ကလည်း အဖြစ်မှန်ကို တင်ပြ ခဲ့သော်လည်း လိမ်ညာ၍သာ အစီရင်ခံကြောင်း၊ ထို့ကြောင့် ဒေသခံ များက နိုင်ငံတကာမှ လွတ်လပ်စွာ လာရောက်၍ စုံစမ်းမည့် စုံစမ်းရေး ကော်မရှင် တစ်ရပ်ကိုသာ လိုလားသည်ဟု RB News သို့ ပြောပါသည်။
RB News
7.2.2014
မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း ဒုချီရာတန်း ကျေးရွာ အုပ်စု ပတ်ဝန်းကျင်ရှိ ဒေသခံ များကို အာဏာပိုင် များက အစည်း အဝေး တက်ရောက်ရန် ခေါ်ယူ ထားကြောင်း သတင်း ရရှိပါသည်။
မောင်တော မြို့နယ်၊ တောင်ပိုင်း ဒုချီရာတန်း ကျေးရွာ အုပ်စု အနီး ပတ်ဝန်းကျင်ရှိ ပန်းတောပြင်၊ ညောင်ချောင်း၊ ဘဂုံးနား (တပ်ဦးချောင်း)၊ ပဒင်း၊ ဒုညောင်ပင်ကြီး၊ ဒုချီရာတန်း၊ ဂေါ်ဒူသာရနှင့် ပညောင်ပင်ကြီး ကျေးရွာ အုပ်စု များမှ အုပ်ချုပ် ရေးမှူး များနှင့် စာရေးများ၊ ကျေးရွာ အုပ်စု တစ်စုလျှင် ရပ်မိ ရပ်ဖ ၅ ဦးစီ၊ မော်လ၀ီ (ဘာသာရေး ဆရာ) ၃ ဦးစီနှင့် ရာအိမ်မှူး ၄ ဦးစီကို ဖေဖော်ဝါရီ ၈ ရက်နေ့ နံနက် ၈ နာရီတွင် ဘဂုံးနားရှိ မူလတန်း လွန်ကျောင်းသို့ လာရောက်၍ အစည်း အဝေး တက်ရောက်ရန် ဒေသ ဆိုင်ရာ အာဏာပိုင် များက နှိုးဆော် ထားကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။
အစည်း အဝေး ခေါ်ယူ ရခြင်းမှာ ယမန်နေ့က ဖွဲ့စည်းလိုက်သော ဒုချီရာတန်း ဖြစ်စဉ် စုံစမ်းရေး ကော်မရှင်နှင့် ဆက်နွယ် နေသည်ဟု ယူဆ ရပြီး၊ ဒေသခံ များကို စုံစမ်းရေး ကော်မရှင် လာပါက လိမ်ညာ ခိုင်းရန် အစည်း အဝေး ခေါ်ရခြင်း ဖြစ်သည်ဟု ဒေသခံ များက ဝေဖန် သုံးသပ် နေကြသည်။
၂၀၁၂ ခုနှစ် အကြမ်းဖက် မှုများနှင့် ပတ်သက်၍ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်း ခဲ့သော်လည်း အစိုးရ အလိုကျ အစီရင်ခံစာ ကိုသာ တင်သွင်း ခဲ့ပြီး၊ ယခု စုံစမ်းရေး ကော်မရှင်နှင့် ပတ်သက်၍ ဒေသခံ များက မျှော်လင့်ချက် တစ်စုံတစ်ရာ မရှိကြောင်း RB News သို့ ပြောပါသည်။
MYRAF
RB News
7.2.2014
မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ ညောင်ချောင်း ကျေးရွာ (ကာဒိရ် ဘိလ်) အုပ်ချုပ်ရေး အဖွဲ့တစ်ဦးအား ရဲများက ဖမ်းဆီး၍ ငွေညှစ် ခဲ့ကြောင်း သတင်း ရရှိ ပါသည်။
မောင်တော မြို့နယ်၊ ညောင်ချောင်း ကျေးရွာမှ အုပ်ချုပ်ရေး အဖွဲ့ဝင် တစ်ဦး ဖြစ်သည့် ဦးဟာဘဲစ် အာမတ် (ဘ) ဦးအီမာန် ဟူဆောင်းသည် ယနေ့ နေ့လည် ၁း၃၀ နာရီ အချိန်တွင် မောင်တော မြို့သို့ သွားနေစဉ် မြို့သူကြီးနှင့် မြို့မ ကညင်တန်း ရွာကြားရှိ တံတားမှ ရဲကင်း စခန်းက ရဲများက ၂၀၁၂ အကြမ်းဖက် မှုများတွင် ပါဝင်သည်ဟု စွပ်စွဲ၍ ဖမ်းဆီး၍ မောင်တော ရဲစခန်းသို့ ပို့ဆောင် ချုပ်နှောင် ထားခဲ့သည်။
နေ့လည် ၃း၃၀ နာရီ အချိန်တွင် ညောင်ချောင်း ကျေးရွာ အုပ်ချုပ် ရေးမှူးက မောင်တော မြို့နယ် ရဲစခန်းသို့ လိုက်သွား၍ ဖမ်းဆီး ခံရသူ ဦးဟာဘဲစ် အာမတ်သည် လူကောင်း တစ်ဦး ဖြစ်ကြောင်း၊ ရွာအုပ်ချုပ်ရေး အဖွဲ့ဝင် တစ်ဦး ဖြစ်ကြောင်း၊ မည်သည့် အကြမ်းဖက် မှုတွင်မှ ပါဝင် ပတ်သက်မှု မရှိကြောင်းကို ရှင်းပြ၍ အာမခံ သော်လည်း ရဲအရာရှိ တစ်ဦးက “မင်းတို့ ဘင်္ဂလီတိုင်းဟာ မွေးလာ ကတည်းက တရားခံ တွေဖြစ်တယ်။ အဲဒါကြောင့် လွှတ်ပေးဖို့ ငါးသောင်း ပေးရမယ်” ဟု ပြောဆို သဖြင့် နောက်ဆုံးတွင် ငွေ ငါးသောင်း ပေး၍ ပြန်လည် လွတ်မြောက် လာခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။
ဌေးလွင်ဦး
RB News
7.2.2014
ဥပဒေ ဘောင်ကို ကျော်လွန်တဲ့ ရာဇ၀တ်သား တစ်ဦးဟာ သူ့ကို အရေး မယူ နိုင်မိထိ သူကတော့ လူတွင်ကျယ် လုပ်နေဦး မှာပဲ-၊ သို့သော် တစ်ကယ် လက်တွေ့ အရေးယူ ခံတော့မယ့် အချိန်မှာ ကျွန်တော် မခိုးခဲ့ပါ၊ ကျွန်တော် မ သတ်ခဲ့ပါ၊ ကျွန်တော် ဓားပြမတိုက် ခဲ့ပါ- ဆိုတဲ့ အကြောင်း ပချက် တွေကို သူ့ ဘက် က တတ်နိုင်မျှ ခြေပ တင်ပြမှာ ဖြစ်ပါတယ်။
အလားတူ ပါပဲ--၊ အစိုးရ တစ်ရပ်ကို အရေးယူခြင်း ဆိုတာ လွယ်ကူတဲ့ အလုပ် မဟုတ်ပါ။ မြန်မာ့ သမိုင်းမှာ လူသတ်မှု ပေါင်းများစွာ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ပေါင်းများစွာကို အကြိမ်ပေါင်း မရေမတွက် နိုင်အောင် ကျူးလွန် ခဲ့တဲ့ အစိုးရ အဆက်ဆက် အရေးယူ ခံရခြင်း- ဆိုတဲ့ ဖြစ်ရပ် မကြုံခဲ့ဘူး လေတော့-၊ လက်ရှိ အစိုးရက လည်း- သူတို့ကို ဘယ်သူမှ အရေး မယူနိုင်ဘူး ရယ်လို့ ဘ၀င်မြင့် နေခဲ့တာ အဆန်းတော့ မဟုတ်ပါ။
ငါတို့က ရေပိုင် မြေပိုင် အစိုးရ တစ်ရပ်၊ ယှဉ်ပြိုင် လာရင် ငါတို့မှာ ငွေ၊ ရွှေ၊ လက်လက်၊ အင်အား ရှိတယ်လို့ ကျွန်တော်တို့ ပြည်ပရောက် အင်အားစု များကိုလည်း သူတို့ လျှော့တွက် ခဲ့ဟန် ရှိပါတယ်။ ပြည်တွင်းက လူနည်းစု ဖြစ်တဲ့ ရိုဟင်ဂျာနဲ့ အစ္စလာမ် သာသနာ ၀င်များကို အကြမ်းဖက် ရိုက်ထုတ်တဲ့ နည်းနဲ့ မဖြစ် စလောက် လက်နက်ကိုင် အဖွဲ့များ ပေါ်လာ စေရေး ကိုလည်း တစ်ဘက်မှာ အသည်း အသန် တွန်းပေး ခဲ့ပါတယ်။
ဖြစ်ခဲ့သမျှ လုပ်ခဲ့သမျှ ပွဲတိုင်းမှာ မင်းတို့ လူမျိုး ပြည်ပရောက် အကောင်တွေ ကလေကြီး မိုးကြီး လျှောက် ပြော နေ တာ ကလွဲ ဘာမှ မလုပ်နိုင်ဘူး- လို့ သူတို့ မွေးထားတဲ့ မီဒီယာ တွေက ၀ါဒ တွင် တွင် ဖြန့်ပြီး ပြည်တွင်းက မွတ်ဆလင်များ အနေနဲ့ ပြည်ပ အင်အားစု များကို အားမ ကိုးချင် ဖြစ် လာ အောင်လည်း ဖန်တီးလိုက် ပါသေးတယ်။ အလုပ် တစ်ခု လုပ်တိုင်းမှာ အချိန် ကာလ တစ်ခုစီ ပေးဆပ် ရတယ် ဆိုတဲ့ သီအိုရီကို သူတို့ဘက်က သိထားပြီး အဲ့ဒီ ပေးဆပ် ကျော်ဖြတ် နေရတဲ့ ကာလ အခိုက် အတန့် များမှာ အစိုးရ ဘက်က ရသမျှ အခွင့် အရေးကို သုံးကာ ထိုးကွင်း ထပြမှု များကလည်း မရေ မတွက် နိုင်အောင် ဖြစ်ခဲ့ ရပါတယ်။
အခုတော့-၊ သူတို့ အလှည့်ကို ရောက်သွား ပါပြီ။- ရခိုင် ပြည်နယ်မှ ဖြစ်တဲ့ ကိစ္စနဲ့ မြန်မာ တစ်ပြည်လုံးမှာ အစ္စလာမ် သာသနာဝင် များကို မတရား ဖိနှိပ်မှု အုပ်စုဖွဲ့ အနိုင်ကျင့်မှု အားလုံး အစိုးရ မှာသာ တာဝန် ရှိတယ်လို့ တစ်ကမ္ဘာလုံးက သက်သေခံ လိုက်ပါပြီ။ ရာဇ၀တ်မှု တစ်ခုတိုင်းရဲ့ အဖြစ် အပျက် များကို လိမ်ညာ ဖုံးကွယ်လို့ မရတဲ့ သက်သေ အထောက် အထား တွေလည်း ရှိသွား ခဲ့ပါပြီ။ တနည်း အားဖြင့် အစိုးရ တစ်ရပ်ကို အရေးယူ နိုင်ဘို့ ဒီဂရီ စံချိန်ပြည့် သွားခဲ့ ပါပြီ။- ကမ္ဘာ့ ခုံရုံးနဲ့ UN လုံခြုံရေး ကောင်စီမှာ ကျွန်တော်တို့ တင်ထားတဲ့ အမှုဖိုင်တွဲ အတွက် အရေးယူဘို့ လုံလောက်တဲ့ အဆင့်ကို ရောက်သွား ခဲ့ပါပြီ။ (အမှုက တင်ပြီးသား ရှိနေ ပါတယ်။ အခုမှ အမှုသစ် ဖွင့်နေစရာ မလိုတော့ပါ။)
လူထု တစ်ရပ်လုံးကို သူတို့ လိမ်ခဲ့သမျှ ပေါ်ကျရ တော့မယ့် အချိန်မှာ နောက်ဆုံး ခံတပ် အဖြစ် ရသမျှ မီဒီယာများ နဲ့ လူသိ နည်းနည်း ရှိပြီးသူ များကို အပိုင်ဝယ်တဲ့ နည်း အားလုံးကို သုံးပြီး - (မောင်းတော) ဒူချီ ယာတန်း ကိစ္စကို သူတို့ မကျူးလွန် ရပါဘူးရယ်လို့ အတင်းငြင်းချက် ထုတ်နေ ရပါတယ်။ သို့သော် မအောင် မြင်ပါ။- သူတို့ လုပ်လိုက် တဲ့ အကွက်တွေက-
(၁) ဆူပူ သောင်းကျန်းလို့ သို့မဟုတ် သောင်းကျန်းသူနဲ့ ပတ်သက်လို့ နှိမ်နှင်း ရတာပါ- ဆိုပြီး အကြောင်း ပြ ဘို့ RSO ဆိုတဲ့ အဖွဲ့ကို အတင်း ပွဲထုတ်လိုက် ပါသေးတယ်။ (သောင်းကျန်းသူနဲ့ ဆက်သွယ် သူကို တစ်ကယ်လည်း ချေမှုန်း နိုင်ခွင့် ရှိတဲ့ ဥပဒေက ရှိနေ တာကိုး)- သို့သော် ကမ္ဘာကို လိမ်လို့ မ ရတော့- သူတို့ မအောင်မြင် လိုက်ပါ။
(၂) သူတို့ရဲ့ လုပ်ကြံ ဇတ်လမ်းဟောင်း အတိုင်း ကျူးကျော်သူ ဘင်္ဂလီများ ဆိုတဲ့ အသိကို လူထု ကြားမှာ ခံစား ရစေဘို့ မီဒီယာ များကို အပိုင်ဝယ် လက်သိပ်ထိုး လိမ်ခိုင်းလိုက် ပြန်ပါတယ်။- သူတို့ မအောင်မြင် လိုက်ပါ။
သူတို့ ဗဟုသုတ ရှိသလောက် အကွက်တွေကို သုံးခဲ့ပေမယ့်-၊ သူတို့ဘက်က မအောင်မြင် တော့ပါ။- သူတို့ အတွက် ပြေးမလွတ် တော့တဲ့ လမ်းကို သူတို့ လျှောက်မိ သွားခဲ့ ပါပြီ။
သို့သော်--
အစိုးရ တစ်ရပ်ကို လျှော့တွက်လို့ မရပါ။
မငြင်းနိုင်တဲ့ အဆုံးမှာ ရှောင်မယ့် အကွက်ကို ပြင်ဆင် ပြီးသား ရှိနေ ပါတယ်။- သမ္မတ ဦးသိန်းစိန်ရဲ့ ပါးစပ်က ရိုဟင်ဂျာ ဆိုတဲ့ လူမျိုး အမည် နာမကို HRW ရှေ့မှာ ၀န်ခံ လိုက်ပြီး- သူကတော့ ရိုဟင်ဂျာ လူမျိုးကို အသိ အမှတ် ပြုပေးချင် သယောင်- သို့သော် အစိုးရတွင်း အုပ်စုကွဲ နေတယ်လို့ စကားဟ ပေးလိုက် ပါတယ်။ တနည်း အားဖြင့် သဘောထား ပြင်းထန်တဲ့ Hard Liner တွေက ရှိနေ တယ်လို့ ပြောလိုက် ခြင်းပါ။ ခုံရုံးပေါ်ကို တက်ရရင် သို့မဟုတ် ကမ္ဘာ့ အသိုင်း အ၀ိုင်းမှာ ဖြေရှင်း ရရင် သူပြောတဲ့ Hard Liner တွေကို ထိုးကျွေး လိုက်မယ် ဆိုတဲ့ ပြင်ဆင် ချက်ပါ။ သူ့ အစိုးရ အဖွဲ့ထဲက သူနဲ့ မသင့်မြတ်တဲ့ လူတစ်စုနဲ့ သင်္ကန်းဝတ် သီတဂူရဲ့ တပ်ရင်းများ-၊ ကို ထိုးကျွေးဘို့ ပြင်ဆင် ထားတဲ့ သဘောပါ။
နောက်တစ်ချက်က- ဒီလောက် ပဋိပက္ခ တွေနဲ့ သွေးဆူ ရှုပ်ထွေး နေတဲ့ ရက်များမှာ ရခိုင်တို့နဲ့ ရုပ်ရည် မတူတဲ့ ဂေါ်ရခါး လူမျိုး လ၀က လက်ထောက် ဦးစီးမှုး တစ်ယောက်ကို ပဋိပက္ခ ဖြစ်နေတဲ့ နေရာထဲ ပစ်ထည့် လိုက်တဲ့ အကွက်ပါ။- အဲ့ဒီ ပုဂ္ဂိုလ် ကိုလည်း ရခိုင်တွေက မလိုလားဘဲ အန္တရာယ် ပြုဘို့ ကြိုးစား တယ်လို့ ဖြစ်အောင် တွန်းလိုက် ခြင်းပါ။- ဒီကိစ္စက ရိုးရိုး ကြည့်ရင် ရခိုင် လူမျိုးတွေ ကိုယ်တိုင်က လူမျိုးရေး ခွဲခြား နေတာလို့ သာမန် လူထုက မြင်နိုင် ပေမယ့်-၊
ပြသနာကို ရင်ဆိုင် နေရတဲ့ အစိုးရ တစ်ရပ်က အဲ့ဒီအပေါ် ကစားလို့ ရတယ် ဆိုတဲ့ အချက်ပါ။ ကမ္ဘာနဲ့ ရှင်းရတဲ့ အခါမှာ- ကျွန်တော် တို့က ပြုပြင် ပြောင်းလဲရေး ကာလ တတ်နိုင် သမျှ ကြိုးစားပြီး ရှင်းပေး ပါတယ်- သို့သော် ရခိုင် လူမျိုးတွေ ကိုယ်တိုင်က လူမျိုးရေး အစွဲကြီး နေလို့ ပြဿနာ တွေကို ထိန်းမနိုင် သေးတာပါ- တစ်ကယ်တမ်း ရခိုင် မှာ ဖြစ်ခဲ့တဲ့ ပြဿနာ တွေဟာ ရခိုင် လူမျိုးတွေ ကြောင့်သာ ဖြစ်ရတာ ပါလို့- ရခိုင် လူမျိုးတွေ အပေါ် ထိုးကျွေးဘို့ ပြင်ဆင်ချက် ဖြစ်ပါတယ်။
အစိုးရ ကိုယ်တိုင် ခုံရုံးပေါ်ကို ကိုယ်တွေ့ မရောက်သေး-၊ ခုံရုံး ပေါ်မှာ မဖြေရှင်း ရသေး ပေမယ့်-၊ ရခိုင် နယ်မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေ အားလုံး အတွက် အစိုးမှာ တာဝန် ရှိတယ်။ အစိုးရဟာ လူတစ်ယောက် ချင်းရဲ့ လုံခြုံရေး အတွက် တာဝန်ယူ ပေးရမယ်-၊ အကူ အညီ ပေးမယ့် သူတွေရဲ့ ကူညီမှု တွေကို ကန့်သတ် ပိတ်ပင်တွေ မပြုလုပ် ရဘူး- ဆိုတဲ့ တောင်းဆို ချက်နဲ့ ကြုံရတော့-၊ ဒီအပေါ်မှာ ဦးသိန်းစိန် အစိုးရ အနေနဲ့- သူတို့ အတွက် ခုံရုံးက ရှောင်ထွက် နိုင်ဘို့ လူတစ်ယောက်ချင်း စီရဲ့ လုံခြုံရေးကို တာဝန်ယူ ပေးရမယ် ဆိုတဲ့ အချက်ကို နင်းပါ လိမ့်မယ်။ အဲ့ဒီ စကားလုံးကို ကမ္ဘာက ကျေနပ်အောင် ဖေါ်ဆောင်ဘို့ ရခိုင် လူမျိုး များကို ညက်ညက် ကြေအောင် နှိပ်ကွပ် ပါတော့မယ်။ ဒါဟာ သေချာတဲ့ အချက် ဖြစ်နေပါပြီ။ အဲ့ဒီလို နှိပ်ကွက် ပြီးရင် ဥပဒေ စိုးမိုးရေး လို့ အကြောင်းပြ ပါလိမ့်မယ်။
တစ်ကယ်တမ်း နှိပ်ကွပ် ရမှာက ခွဲထွက်ရေး သောင်းကျန်း နေတဲ့ အနောက်သား ဘင်္ဂလီ အုပ်စုပါ။ သို့သော် အဲ့ဒီ အနောက်သား ဘင်္ဂလီ အုပ်စုကို ရခိုင် ဟန်ဆောင် လက်သပ် မွေးပြီး အစိုးရရဲ့ လက်ကိုင်တုတ် အဖြစ် မွေးစား ထားလေတော့- အပြစ်မဲ့တဲ့ ဒေသခံ ရခိုင် လူမျိုး စစ်စစ် များကိုသာ ရွေးချယ် နှိပ်ကွပ် သွားဘို့ ရှိနေပါတယ်။ သူ့လက်ကိုင် တုတ်ကို သူ ရိုက်ချိုး ဘို့တော့ မဖြစ်နိုင်ပါ။ ငြိမ်ငြိမ် နေပေးလိုက် ဘို့ပဲ ဆွဲထိမ်း ထားလိုက်ပြီး- ကျန် အပြစ်မဲ့ လူထုကိုပဲ ရာဇ၀တ် ကောင်များ အဖြစ် ကင်ပွန်းတပ် အပြစ် ပေးပြဘို့ သေချာ နေပါတယ်။
အပြစ်မဲ့ လူထုကို ဖမ်းဆီး နှိပ်ကွပ် အပြစ် ပေးမှာကို ကျွန်တော်တို့ ဘက်က စိုးရိမ် ပါတယ်။- သို့သော် မွတ်ဆလင် တစ်ဦး တစ်ယောက်ကို သော်မျှ ဆက်လက် မမှားစေနဲ့ လို့တော့ အသိပေး လိုပါတယ်။
မုဟမ္မဒ် တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင် လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement
RB News
7.2.2014
မြောက်ဦး ။ ။ ရခိုင် ပြည်နယ်၊ မြောက်ဦး မြို့နယ်၊ ပရိန်ကုန်း ရွာအနီးရှိ ခလရ ၃၇၆ မှ တပ်ကြပ်ကြီး တစ်ဦးသည် ရွာအတွင်းသို့ ၀င်ရောက်၍ ၎င်းအား အမျိုးသမီး တစ်ဦး ဆက်သရန် ခြိမ်းခြောက် ပြောဆိုရာ ရွာသား များက မပေးနိုင်ကြောင်း ပြောသဖြင့် ရွာသား များကို ရိုက်နှက် ခဲ့ကြောင်း သတင်း ရရှိပါသည်။
မြောက်ဦးမြို့နယ်၊ ပရိန်ကုန်းရွာနှင့် ကိုက် ၅၀ ခန့်အကွာရှိ ခလရ ၃၇၆ မှတပ်ကြပ်ကြီး သန်းဦး သည် ဖေဖော်ဝါရီ လ ၅ ရက်နေ့တွင် ပရိန်ကုန်း ရွာအတွင်းသို့ ၀င်ရောက်၍ ရွာသား များကို ၎င်းအား ရိုဟင်ဂျာအမျိုးသမီးတစ်ဦးဆက်သရန်ခြိမ်းခြောက်၍ပြောဆိုရာ ရွာသား များက မပေး နိုင်ကြောင်း ပြန်ပြော သဖြင့် ရွာသား များကို အကြမ်းဖက် ရိုက်နှက် ခဲ့ကြောင်း ရိုဟင်ဂျာ တိုင်းရင်း သား လူ ငယ် ကွန်ယက်က RB News သို့ ပြောပါသည်။
၎င်းတပ်ကြပ်ကြီး သန်းဦးသည် ယခင်ကလည်း နေ့စဉ် ရက်ဆက် လမ်းသွား လမ်းလာသည့် ရွာသား များ ကို အကြောင်းမဲ့ အကြိမ်ကြိမ် ရိုက်နှက် ခဲ့ပြီး၊ ရွာသား များက သက်ဆိုင်ရာ အာဏာပိုင် များကို တင်ပြ ခဲ့သော်လည်း အရေးယူ ဆောင်ရွက်ခြင်း မရှိကြောင်း၊ အဆိုပါ တပ်ကြပ်ကြီး သန်းဦးမှာ ရခိုင် လူမျိုးဟု ယူ ဆရကြောင်း၊ ယခုကဲ့သို့ ဆက်လက် လုပ်ဆောင် နေမည် ဆိုပါက မလိုလားအပ် သည့် ပြဿ နာ များ ဖြစ်ပွား လာနိုင်ကြောင်း ရိုဟင်ဂျာ တိုင်းရင်းသား လူငယ် ကွန်ယက် က ပြောပါ သည်။
ရခိုင် ပြည်နယ် တောင်ပိုင်းရှိ အခြား မြို့နယ် များတွင်လည်း အတင်း အဓမ္မ ခေါ်ယူ သွားပြီး မုဒိန်းကျင့်ခြင်း၊ စစ်တပ် စခန်း များတွင် လိင်လုပ်သား များသဖွယ် ထိန်းသိမ်း ထားခြင်းများ အများ အပြား ရှိနေကြောင်း ရိုဟင်ဂျာ တိုင်းရင်းသား လူငယ် ကွန်ယက်မှ ကိုကျော်ဇောအောင်က RB News သို့ ပြောပါသည်။
RB News
7.2.2014
မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ ဂေါ်ဒူသာရ ကျေးရွာ အုပ်စုရှိ ရိုဟင်ဂျာ လူမျိုး များ၏ နေအိမ် နှစ်လုံး မီးရှို့ ခံရကြောင်း သတင်း ရရှိ ပါသည်။
ယနေ့ နံနက် လင်းအားကြီး နံနက် (၁) နာရီ (၁၀) မိနစ် အချိန်တွင် ဦးအဒူ ဂဖာရ်၏ နေအိမ်ကို ရခိုင် အစွန်းရောက် များက စတင် မီးရှို့ ခဲ့ပြီး၊ ဦးအဒူ ဂဖာရ်၏ နေအိမ်နှင့် ကပ်လျက် ရှိသော ဦးဂုရာမျာ၏ နေအိမ်လည်း မီးကူး၍ လောင်ကျွမ်း သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။
မီးရှို့မှုကြောင့် နေအိမ် နှစ်လုံး ပြာကျ သွားပြီးနောက် မီးငြိမ်း သတ်နိုင် ခဲ့ကြောင်း သိရှိ ရပါသည်။ အဆိုပါ ရွာသည် လွန်ခဲ့သည့်လက အစုလိုက် အပြုံလိုက် သတ်ဖြတ် ခံရသည့် ဒုချီရာတန်း ရွာနှင့် အနီးဆုံး ရွာဖြစ်ပြီး၊ ရွာနှင့် ကပ်လျက်တွင် ရဲကင်း စခန်း ရှိကြောင်း သိရှိ ရပါသည်။
![]() |
| မြန်မာ သမ္မတနဲ့ လူ့အခွင့် အရေး စောင့်ကြည့်ရေး အဖွဲ့ နေပြည်တော်တွင် တွေ့ဆုံ။ (သတင်း မှတ်တမ်း- သမ္မတရုံး) |
ကိုသားညွန့်ဦး
6.2.2014
မြန်မာ နိုင်ငံကို ရောက်ရှိ လာတဲ့ HRW လူ့အခွင့် အရေး စောင့်ကြည့်ရေး အဖွဲ့ အကြီးတန်း တာဝန် ရှိသူ တွေဟာ မြန်မာ သမ္မတ အပါ အ၀င် မြန်မာ အစိုးရ အာဏာပိုင် တွေနဲ့ တွေ့ဆုံပြီး၊ လက်ရှိ မြန်မာ ပြုပြင် ပြောင်းလဲ ရေးမှာ ရင်ဆိုင် နေရတဲ့ စိန်ခေါ်ချက် တွေကို ထောက်ပြ ဆွေးနွေး ခဲ့ပါတယ်။ အထူး သဖြင့်တော့ မြန်မာ နိုင်ငံကို ကမ္ဘာက စောင့်ကြည့် နေတဲ့ အချိန်မှာ ရိုဟင်ဂျာ လူနည်းစုတွေ အပေါ် ဘယ်လို ဆက်ဆံ သလဲ ဆိုတာဟာ မြန်မာ နိုင်ငံ အတွက် ဂုဏ်သိက္ခာ ကိစ္စ ဖြစ်တယ် ဆိုတာကို HRW က ထောက်ပြ ခဲ့ပါတယ်။ ဒီကနေ့ ရန်ကုန် ကုန်သည် ကြီးများ ဟိုတယ်မှာ ကျင်းပတဲ့ HRW ရဲ့ သတင်းစာ ရှင်းလင်းပွဲကို ကိုယ်တိုင် သတင်းသွား ယူခဲ့တဲ့ ဗွီအိုအေ ရန်ကုန် ရုံးခွဲက ကိုသားညွန့်ဦးက ဒီအကြောင်း သတင်း ပေးပို့ထား ပါတယ်။
HRW လူ့အခွင့် အရေး အဖွဲ့ကြီးရဲ့ မြန်မာ နိုင်ငံ ခရီးစဉ် အတွင်း မနေ့တုန်းက နေပြည်တော် မှာတော့ မြန်မာ သမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြားရေး ၀န်ကြီး၊ ပြည်ထဲရေး ၀န်ကြီး၊ ကာကွယ်ရေး ဒုဝန်ကြီး စတဲ့ အဆင့်မြင့် အစိုးရ တာဝန် ရှိသူ တွေနဲ့ သီးခြားစီ တွေ့ဆုံ ခဲ့တာပါ။ မြန်မာ နိုင်ငံ တွင်းမှာ ပြီးခဲ့တဲ့ နှစ်နှစ်ခွဲ ကျော် ကာလ အတွင်း ပြောင်းလဲ မှုတွေ ကြီးကြီး မားမား ရှိခဲ့ပြီး၊ ဒီလို အပြောင်း အလဲမှာ အရေးကြီးတဲ့ အချိန် ကာလ ဖြစ်တာမို့ HRW ရဲ့ အုပ်ချုပ်ရေး ဘုတ်အဖွဲ့ဝင်တွေ အကြီးတန်း တာဝန် ရှိသူ တွေပါ အတော် များများ မြန်မာ နိုင်ငံကို လာရောက် ခဲ့ကြတာ ဖြစ်တယ်လို့ HRW တာဝန် ရှိသူ တွေက ပြောပါတယ်။
ဒါဟာ မြန်မာ နိုင်ငံရဲ့ အပြောင်း အလဲကို အားပေး ထောက်ခံ ဖို့လည်း ဖြစ်ပါ တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း အခု အချိန်မှာ အဓိက ကျတဲ့ မေးခွန်း ကတော့ ဒီမိုကရေစီကို တကယ် သွားမလား၊ စစ်အုပ်ချုပ်ရေး တပိုင်း ဒီမိုကရေစီ အတု အယောင်လမ်းကို သွားမလား ဆိုတာပဲ ဖြစ်တယ်လို့ HRW ရဲ့ အမှုဆောင် ညွန်ကြား ရေးမှုး Kenneth Roth က ပြောသွား ပါတယ်။
"ဒီတိုင်းပြည်မှာ လက်ရှိ အားဖြင့် ရင်ဆိုင် နေရတာ တွေထဲက အဓိက ကျတဲ့ အချက် ကတော့ မြန်မာ နိုင်ငံဟာ စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်ကို သွားမှာလား၊ နိုင်ငံရေးနဲ့ စီးပွားရေး လူမှု အဖွဲ့ အစည်း တွေကို ပြန်လည် အသစ် ထူထောင်ရာမှာ ပြည်သူ လူထု အားလုံး အသံကို တကယ် နားထောင် သွားမှာလား ဒါမှ မဟုတ် စစ်အုပ်ချုပ် ရေးကို ပုံစံ အသက် သွင်းပြီး ဒီမိုကရေစီ အတု အယောင် ပုံစံမျိုး သွားမှာလား ဆိုတဲ့ မေးခွန်း ပါပဲ။ ဒီအတွက် အဖြေ မသိရ သေးပါဘူး။ ဒါပေမယ့် ဒါဟာ တကယ့်ကို အဓိက ကျတဲ့ မေးခွန်း ဖြစ်ပါတယ်။"
မြန်မာ အာဏာ ပိုင်တွေနဲ့ ဆွေးနွေး ရာမှာတော့ နိုင်ငံရေး အကျဉ်းသား ကိစ္စနဲ့ ဥပဒေ ပြင်ဆင်ရေး ကိစ္စရပ် တွေကို အတော်ကြီး အလေးပေး ဆွေးနွေး ခဲ့တယ် လို့လည်း ပြောပါတယ်။
"သမ္မတ အပါ အ၀င် လုပ်ခဲ့တဲ့ အစည်း အဝေး တွေမှာ နိုင်ငံရေး အကျဉ်း သားတွေ ကိစ္စနဲ့ ဥပဒေ ပြင်ဆင်ရေး တွေကို အလေးပေး ပြောဆို ဆွေးနွေး ပါတယ်။ ၂၀၁၃ ခုနှစ် အကုန်ပိုင်း နိုင်ငံရေး အကျဉ်း သားတွေ လွတ်ရမယ် ဆိုတဲ့ သမတ္တရဲ့ပိုင်းဖြတ် ဆောင်ရွက် ချက်တွေကို အသိ အမှတ် ပြုပါတယ်။ ဒါပေမယ့် အငြင်းပွား စရာ ကိစ္စတွေ ရှိနေ တုန်းပါ။ ကျနော်တို့ ခန့်မှန်းချက် အရ နိုင်ငံရေး အကျဉ်းသား ၃၄ ဦးလောက် ကျန်ပါ သေးတယ်။ အဲဒီ အထဲ နိုင်ငံ တကာ အဖွဲ့ အစည်း တွေက ၀န်ထမ်း တွေလည်း ပါဝင် ပါတယ်။ ဒီဆွေးနွေး ချက်ကို သမ္မတက ကြိုဆို ပါတယ်။ စာရင်း အသေ အချာ ပြုစု တင်ပြဖို့ ပြောပါတယ်။ ဒါပေမယ့် အခြေခံ ကျတဲ့ အချက် ကတော့ ဥပဒေ ပြင်ဆင်ရေး ကိစ္စတွေ လုံးဝ မပြီးပြတ် သေးတဲ့ အခါ ကျတော့ နိုင်ငံရေး ကြောင့် ဖမ်းခံ ရတာတွေ တရား စွဲဆို ခံနေ ရတာတွေ ရှိနေတုန်းပါ။ ဒါကြောင့် ဖိနှိပ်တဲ့ ဥပဒေတွေ ရှိနေသေးတဲ့ အခါ ကျတော့ အခုလက်ရှိ နိုင်ငံရေး အရ တရားစွဲဆို ခံနေရာ တွေဟာ ပြဿနာ ဖြစ်နေတယ် ဆိုတာကို သမ္မတကို ဆွေးနွေး ပြောခဲ့ ပါတယ်။"
ဒါ့အပြင် နယ်စပ် တလျှောက် တိုင်းရင်းသား ဒေသ တွေက လက်နက်ကိုင် ပဋိပက္ခ တွေနဲ့ ပတ်သက်လို့ စိုးရိမ် မကင်း ဖြစ်မှုတွေ ကိုလည်း ဆွေးနွေး ပြီးတော့ အဲဒီကို လူသားချင်း စာနာမှု အကူ အညီတွေ ရောက်ရှိ နိုင်ရေး အတွက် အကူ အညီ ပေးရေး အဖွဲ့တွေ လူပုဂ္ဂိုလ်တွေ အဲဒီကို လွတ်လွတ် လပ်လပ် သွားလာ နိုင်ရေး ခွင့်ပြုဖို့ ကိုလည်း တောင်းဆို ခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာ နိုင်ငံမှာ နောက်အရေး ကြီးတဲ့ ကိစ္စရပ် ကတော့ မြန်မာ နိုင်ငံ အနောက်ခြမ်းမှာ ဖြစ်နေတဲ့ ရိုဟင်ဂျာ လူနည်းစု ကိစ္စတွေလို့ ထောက်ပြ ပါတယ်။ ဒါဟာ ပြုပြင် ပြောင်းလဲ မှုတွေ လုပ်နေတဲ့ မြန်မာ နိုင်ငံ အတွက် ဂုဏ်သိက္ခာ ပိုင်းဆိုင်ရာ ကိစ္စရပ် ဖြစ်တယ်လို့ HRW အမှုဆောင် ညွန်ကြား ရေးမှုး Kenneth Roth က ပြောသွား ပါတယ်။
"မြန်မာ နိုင်ငံကို ကမ္ဘာက စောင့်ကြည့် နေတဲ့ အချိန် မှာပဲ ဒီကနေ့ တိုင်းပြည်ရဲ့ဂုဏ်သိက္ခာ ထိခိုက် စေမယ့် မြင်သာတဲ့ အကြောင်းရပ် ကတော့ ရိုဟင်ဂျာ တွေကို ဘယ်လို ဆက်ဆံ သလဲ ဆိုတာပါ။ မြန်မာ လူမျိုးတွေ ကြိုက်သည် ဖြစ်စေ မကြိုက်သည် ဖြစ်စေ ပြုပြင် ပြောင်းလဲရေး အောင်မြင်ဖို့ ကိစ္စမှာ၊ ရိုဟင်ဂျာ လူနည်းစု တွေအပေါ် ဘယ်လို ဆက်ဆံ သလဲ ဆိုတာမှာ အတော်ကြီး တည်နေ ပါတယ်။ နိုင်ငံရေးနဲ့ ဥပဒေ ပြုပြင် ပြောင်းလဲရေး တွေပြောရာမှာ ရိုဟင်ဂျာ တွေကို ဆက်ဆံ ကိုင်တွယ်တဲ့ အပိုင်း တိုးတက် ကောင်းမွန် လာဖို့နဲ့ နိုင်ငံသား အခွင့် အရေးကို အသိ အမှတ် ပြုဖို့ ဆိုတာတွေ အရေး တကြီး လိုအပ် ချက်တွေ ဖြစ်ပါတယ်။"
မြန်မာ နိုင်ငံ အနောက်ခြမ်းက လူမျိုးရေး အကြမ်းဖက် မှုတွေကို ဆွေးနွေးရာ မှာတော့ လုံခြုံရေး တပ်ဖွဲ့ တွေရဲ့ အခန်း ကဏ္ဍကိုပါ မြန်မာ တာဝန်ရှိ သူတွေနဲ့ ဆွေးနွေး ခဲ့ပြီး။ လုံခြုံရေး တပ်ဖွဲ့တွေ အနေနဲ့ အရပ်သား ဘယ်သူ မဆိုကို အကာ အကွယ် ပေးရမယ် ဆိုတာကို အစိုးရ ဖက်က လက်ခံ တာဟာ အနည်း ဆုံးတော့ ကျေနပ် စရာ ဖြစ်စေ တယ်လို့လည်း ပြောသွား ပါတယ်။
"အစိုးရ တာဝန် ရှိသူ တွေနဲ့ တွေ့ဆုံ မှုတွေ အတွင်းမှာ လုံခြုံရေး တပ်ဖွဲ့ တွေဟာ ဘယ်သူ့ကို မဆို အကာ အကွယ် ပေးဖို့ တာဝန် ရှိတယ် ဆိုတာကို သူတို့ လက်ခံ ကြပါတယ်။ HRW လူ့အခွင့် အရေး စောင့်ကြည့်မှု အဖွဲ့က ရရှိတဲ့ သတင်း အချက် အလက် အတော် များများမှာ လုံခြုံရေး တပ်ဖွဲ့ဝင် တွေဟာ ရိုဟင်ဂျာ တွေကို တိုက်ခိုက်မှု တွေမှာ ၀င်ရောက် ဟန့်တားတာ မျိုးမရှိပဲ လက်ပိုက်ကြည့် နေတယ်၊ အချို့ ဆိုရင် ပါဝင် ပတ်သက်တယ် ဆိုတာတွေ ရှိပါတယ်။ ဒါပေမယ့်လည်း ဆိုးဝါးတဲ့ အခြေ အနေ အောက်မှာ ရှိတဲ့ လူတွေကို အကာ အကွယ် ပေးဖို့ လုံခြုံရေး တပ်ဖွဲ့ တွေမှာ တာဝန် ရှိတယ် ဆိုတဲ့ အသိ အမှတ် ပြုမှုဟာ အနည်း ဆုံးတော့ လက်ခံ ကျေနပ် စရာပါ။"
လူမျိုးရေး ဘာသာရေး အရ အမုန်းပွား စေတဲ့ ရေးသား ပြောဆို မှုတွေ တိုးများ နေတာ တွေ့ရပြီးတော့ ဒါကို ကိုင်တွယ် ဖြေရှင်းဖို့ မြန်မာ သမ္မတနဲ့ တွေ့ဆုံ စဉ်မှာ ဆွေးနွေး ခဲ့တယ်လို့ HRW က ပြောပါတယ်။ ဒါတွေဟာ အကြမ်းဖက် မှုတွေ အတွက် လှုံဆော်ချက် တွေဖြစ် နေတယ်လို့ ထောက်ပြတယ်။ တဖက်မှာလည်း လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ အမုန်း တရား ရေးသား ပြောဆို မှုတွေ ကွာခြားမှု ရှိတာ ကိုလည်း ထောက်ပြ ခဲ့ပါတယ်။
ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကိစ္စနဲ့ ပတ်သက် လို့လည်း ဖွဲ့စည်းပုံမှာ စစ်တပ်ကို ကင်းလွတ်ခွင့် ပေးထားတဲ့ အချက်တွေ၊ လွှတ်တော် ထဲမှာ နေရာ ပေးထား တာတွေဟာ အရင် ချီလီ အာဏာရှင် ပီနိုချေး လုပ်ခဲ့တဲ့ ပုံစံနဲ့ တူပြီး ပီနိုချေး အမှားတွေ ထပ်မလုပ် မိဖို့ လိုတယ်လို့ HRW က ထောက်ပြ ခဲ့ပါတယ်။ အမေရိကန် သမ္မတ အိုဘားမား လာရောက်စဉ် တုန်းက မြန်မာ သမ္မတ ဦးသိန်းစိန်က ဂတိ ပေးခဲ့တဲ့ အတိုင်း OHCHR လူ့အခွင့် အရေး ဆိုင်ရာ ကုလ သမဂ္ဂ မဟာမင်းကြီး ရန်ကုန်မှာ ရုံးဖွင့်ဖို့ ကိစ္စ ကိုလည်း နိုင်ငံခြားရေး ၀န်ကြီးနဲ့ တွေ့ဆုံ စဉ်မှာ ထပ်မံ အသိပေး တိုက်တွန်း ခဲ့တယ်လို့ HRW က ပြောဆို ပါတယ်။
နယူးယောက် အခြေစိုက် HRW လူ့အခွင့် အရေး စောင့်ကြည့်မှု အဖွဲ့ဟာ ဆိုရင် မြန်မာ နိုင်ငံ လူ့အခွင့် အရေး အခြေ အနေနဲ့ ပတ်သက်လို့ တောက်လျှောက် ဆိုသလို စောင့်ကြည့် ဝေဖန်ခဲ့တဲ့ နိုင်ငံ တကာ အဖွဲ့ အစည်း တရပ် ဖြစ်ပါတယ်။
6.2.2014
ဒီရိုဟင်ဂျာ တွေဟာ မြန်မာ့ လွတ်လပ်ရေး တိုက်ပွဲ ဝင်ခဲ့ ကြတယ်။
သူတို့ထဲမှာဘဲ ရခိုင်တွေ လေးစား ချစ်ခင်တဲ့ စစ်တွေမြို့ အမျိုးသား အထက်တန်း ကျောင်းအုပ် ဆိုတာ ရှိတယ်။
ရခိုင်နဲ့ ရိုဟင်ဂျာ လက်တွဲပြီး လွတ်လပ်ရေး တိုက်ပွဲဝင် ခဲ့တဲ့ သမိုင်း တွေလည်း ရှိတယ်။
ဗိုလ်ချုပ် အောင်ဆန်းရဲ့ တိုင်းပြု ပြည်ပြု လွှတ်တော်မှာ သူတို့ထဲက အမတ် နှစ်ယောက် တက်ပြီး ဖွဲ့စည်းပုံကို ရေးဆွဲပြီး လွတ်လပ်ရေး ယူပေး ခဲ့တယ်။
သူတို့ ကိုင်ခဲ့တဲ့ အမျိုးသား မှတ်ပုံတင် ကဒ်နဲ့ ရခိုင်တွေ ကိုင်တဲ့ မှတ်ပုံတင် ကဒ်က လွတ်လပ်ရေး ရကတည်းက တစ်မျိုး တည်းဘဲ။ သူတို့ဆီက မှတ်ပုံတင် ကဒ်တွေကို အတင်း ပြန်သိမ်းပြီး ဝှိုက်ကဒ်နဲ့ ပြောင်းပေး ခဲ့တာ ဆိုတာ ကိုလည်း မသိကြဘူး။
သူတို့ဟာ မြန်မာ့ မြေပေါ်မှာ နှစ်ရာချီ နေထိုင်တဲ့ တိုင်းရင်းသားတွေ ဖြစ်ကြောင်းကို စွယ်စုံကျမ်း ကျောင်းသုံး စာအုပ် အစိုးရ ပြန်တမ်း တွေမှာ အထင် အရှား ရှိတယ်။
ရိုဟင်ဂျာ တိုင်းရင်းသား အစီအစဉ် ဆိုပြီး မြန်မာ့ အသံက ပအိုးဝ်၊ မွန် အစီ အစဉ် တွေနဲ့ တန်းတူ လွှင့်ပေး ခဲ့တယ်။
ဒီနေ့ အထိ တက္ကသိုလ် ပြဌာန်း စာအုပ်မှာ ရိုဟင်ဂျာကို မြန်မာ့ ရှေးဟောင်း လူမျိုး ဆိုပြီး သင်နေ တုန်းဘဲ။
တစ်ဆက်တည်း မှာဘဲ ရခိုင် ပြည်နယ်မှာ ဖြစ်နေတာက
(၁) ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ဘင်္ဂါလီ ရခိုင်တွေ နေ့စဉ် လိုလို ဥပဒေမဲ့ မြန်မာ ပြည်ထဲ ကျူးကျော် ခိုးဝင် နေတယ်။
(၂) မြန်မာ အစိုးရက နယ်စပ် နိုင်ငံများ ကျင့်ဝတ်ကို ဖောက်ဖျက်ပြီး တစ်ဖက် နိုင်ငံသား တွေကို ဥပဒေ ချိုးဖောက် တာကို သိသိကြီးနဲ့ တရားဝင် လက်ခံ ထားတယ်။
(၃) မြန်မာ အစိုးရက နိုင်ငံတကာ ဥပဒေတွေကို ဆန့်ကျင်ပြီး ပြစ်မှု မြောက်တဲ့ ခိုးဝင် ရခိုင် ဘင်္ဂါလီ တွေကို အားပေး ထောက်ပံ့တယ်။
(၄) ဒီခိုးဝင် ဘင်္ဂါလီ ရခိုင် တွေဟာ တရားဝင် ဘင်္ဂလား ဒေ့ရှ် နိုင်ငံသား ဖြစ်နေဆဲ ဆိုတာကို သိလျှက်နဲ့ ၁၉၈၂ နိုင်ငံသား ဥပဒေကို အစိုးရ ကိုယ်တိုင် ချိုးဖောက်ပြီး ခိုးဝင် ဘင်္ဂါလီ ရခိုင် တွေကို နှစ်နိုင်ငံသား အခွင့် အရေး တစ်ပြိုင်နက် ခံစားခွင့် ပေးထားတယ်။ (အစိုးရက ၁၉၈၂ မြန်မာ နိုင်ငံသား ဥပဒေကို မချိုးဖောက် ပါဘူး ဆိုရင် အဲဒီ ခိုးဝင် ဘင်္ဂါလီ တွေက တစ်ဖက် နိုင်ငံသား အဖြစ် စွန့်လွှတ် ပြီးကြောင်း၊ ဘင်္ဂလား ဒေ့ရှ် နိုင်ငံ ကလည်း သိရှိပြီးကြောင်း အထောက် အထား ပြဖို့ လိုပါတယ်။)
(၅) နိုင်ငံတကာရောက် နိုင်ငံခြားသား ဖြစ်နေသော မြန်မာ နိုင်ငံသား အများ အပြား ကျတော့ နိုင်ငံခြားသား အဖြစ်က စွန့်လွှတ်ပြီး မြန်မာ နိုင်ငံသား အဖြစ် ပြန်ခံယူဖို့ လျှောက်ထားတာ တစ်နှစ်လောက် ရှိသော်လည်း ဦးသိန်းစိန် အစိုးရ လက်မခံ သေးပေမဲ့ ဘင်္ဂလား ဒေ့ရှ် နိုင်ငံ ဥပဒေ၊ မြန်မာ့ ဥပဒေ တွေကို ချိုးဖောက်ပြီး ခိုးဝင် လာတဲ့ ပြစ်မှု ကျူးလွန်သူ ခိုးဝင် ဘင်္ဂါလီ ရခိုင်တွေ ကိုတော့ အစိုးရ ကိုယ်တိုင် ကိုယ်စောင့်ရှောက် ရမဲ့ ဥပဒေကို ကိုယ်မလေးစားဘဲ နိုင်ငံသား ပြုပေး နေတယ်။
(၆) ဒီခိုးဝင် ဘင်္ဂါလီ ရခိုင်တွေဟာ နှစ်နိုင်ငံသားဖြစ် ခံယူထားဆဲ ဖြစ်တဲ့ အတွက် ဟိုဖက် သာရင် ဟိုဖက် သွားမယ်။ ဒီဖက်မှာ သာရင် ဒီဖက်မှာ နေကြမဲ့ သာရာစီး ခွစား၊ အချောင် သမားတွေ ဖြစ်တယ်။ တရား ဥပဒေ ချိုးဖောက်သူ တွေလည်း ဖြစ်တယ်။
(၇) အဆိုးဆုံးက ဒီခိုးဝင် ဘင်္ဂါလီ တွေထဲမှာ ဘင်္ဂလား ဒေ့ရှ်က စေလွှတ် ထားတဲ့ ပဉ္စမံတပ်သား ဒလျှိုဒလံတွေ မပါဘူးလို့ ဘယ်သူ အာမခံ နိုင်မလဲ ဆိုတဲ့ မေးခွန်း ဖြစ်တယ်။
ဦးသိန်းစိန် အာမခံ မလား။ ဦးခင်ရီ အာမခံ မလား၊ ဒေါက်တာ အေးမောင်၊ ဦးအေးသာအောင်၊ ဦးဇော်အေးမောင် အာမခံမလား။
မြောက်အမြီးနဲ့ မြောက်ချည်၊ သူ့အရိုးနဲ့ သူ့ထိုး ဆိုသလို နိုင်ငံတကာ ဥပဒေ၊ မြန်မာနိုင်ငံ ဥပဒေ တွေကို နိုင်ငံ့ ဥသျှောင် အစိုးရ ကိုယ်တိုင်က ဦးဆောင် ချိုးဖောက် လိုက်ခြင်းကြောင့် တစ်ကယ်လို့များ နှစ်နိုင်ငံ စစ်မက် jဖစ်ပွါး ခဲ့သော် တိုင်းပြည့် လုံခြုံရေးကို အကြီး အကျယ် ထိခိုက်ချိနဲ့ (Compromise) ခံရတော့မဲ့ တကဲ့ အန္တရာယ် ဖြစ်တယ်။
ဒီလို အခြေ အနေ မျိုးမှာ ရိုဟင်ဂျာ တွေကို
(၁) ဦးသိန်းစိန်နဲ့ ဦးခင်ရီက ခိုးဝင် လာသူ မရှိသလောက် ဘဲလို့ ပြောတယ်။
(၂) ရိုဟင်ဂျာ တွေလည်း နှိပ်စက်တာ မခံနိုင်လို့ နေ့စဉ်လို မလေးဘက်ကို ခိုးထွက် နေတယ်။
(၃) ဘင်္ဂလား ဒေ့ရှ်မှာ မြန်မာ အစိုးရက ပြန်လက်ခံဖို့ သဘောတူ ထားတဲ့ ကုလ ဒုက္ခသည် စခန်းမှာ ရိုဟင်ဂျာ သုံးသောင်းခွဲက မြန်မာပြည်ကို မပြန်ရဲလို့ ဟိုမှာ အငတ်ခံ အနှိမ်ခံပြီး နေတာ နှစ်ပေါင်း များစွာ အခု ထက်တိုင်ဘဲ။
ဒီကြားထဲက ခိုးဝင် ဘင်္ဂါလီတွေ ရန်ကို ကာကွယ် ရမယ် ဆိုပြီး ဆွေ့ဆွေ့ခုန် နေကြတော့ -
ဟိုဖက် နိုင်ငံက ဘင်္ဂါလီ တွေက
သူတို့ဇနီး သမီး မုဒိန်းကျင့် ခံဖို့၊
သူတို့ကို ခွေးကုလားလို့ ခေါ်ပြီး အစော်ကား ခံဖို့၊
သူတို့ အိမ်တွေကို လုယက် မီးရှို့ခံဖို့
လယ်သိမ်းခံ၊ ပေါ်တာဆွဲ ခံဖို့
ခိုးဝင် နေတဲ့ ဘင်္ဂါလီ ရခိုင်တွေ အတွက် ရှိတဲ့လယ်၊ ကျွဲနွားတွေ ခွဲပေးဖို့၊
ဘင်္ဂါလီ ရခိုင်တွေ အတွက် အတင်း အဓမ္မ အိမ်အလကား ဆောက်ပေးဖို့
မြန်မာ ပြည်ကို ခိုးဝင်လာ နေပါတယ် ဆိုရင်
ခိုးဝင်တဲ့ သူတွေက သွက်သွက် ခါအောင် ရူးနေလို့လား။
စွပ်စွဲတဲ့သူ တွေက သွက်သွက် ခါအောင် ရူးနေလို့ လားဗျာ။
စိုးသန်းလင်း
6.2.2014
နိုင်ငံတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အား ဂုဏ်သိက္ခာ ကျဆင်းစေသည် ဟူသည့် သမ္မတ သ၀ဏ်လွှာ အရ ပြည်ခိုင်ဖြိုး အမတ် ဦးရွှေမောင်ကို ပြည်ထဲရေး ၀န်ကြီး ဌာနက ဖေဖော်ဝါရီ ၄ ရက်တွင် ပြည်ခိုင်ဖြိုး ပါတီ ဌာနချုပ်၌ စစ်ဆေး ခဲ့သည်နှင့် ပတ်သက်ပြီး ၎င်းအား မိခင် ပါတီနှင့် လွှတ်တော် တို့က စစ်ဆေး အရေးယူရန် အစီအစဉ် ရှိနိုင် ပါသလား ဟူသော မဇိ္ဈမ၏ အမေးကို ပြည်သူ့ လွှတ်တော်၊ ဥပဒေ ရေးရာနှင့် တရားစီ ရင်ရေး ကော်မတီ ဥက္ကဌ သူရ ဦးအောင်ကိုက အစီ အစဉ် မရှိသေးကြောင်း ဖြေကြား ခဲ့သည်။
“အခု အထိတော့ အစီအစဉ် မရှိသေး ပါဘူး။ ရှိရင် ပြောပါ့မယ်” ဟု ၎င်းက ယနေ့ ပြည်ထောင်စု လွှတ် တော် ခေတ္တ နားချိန်တွင် ဖြေကြား ခဲ့ခြင်း ဖြစ်သည်။
ဘူးသီးတောင် မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်သည် ပြည်ခိုင်ဖြိုး ပါတီဝင် ဖြစ်သောကြောင့် မိခင်ပါတီ အနေဖြင့် ၎င်းအား စစ်ဆေး အရေးယူ သွားဖို့ ရှိပါ သလားဟု မေးခဲ့ရာ ပြည်ခိုင်ဖြိုး ပါတီ၏ ဒုတိယ ဥက္ကဌ တစ်ဦး ဖြစ်သူ ဦးဌေးဦးက “ဒီကိစ္စ ကျွန်တော် မသိဘူးဗျ။ ရုံးမှာ တစ်နေ့လုံး ပြည်ထဲရေးက လာမေးတယ်လို့ ပြောပါတယ်။ ကျွန်တော်လည်း အဲ့ဒီနေ့က ရုံးမှာ ရှိနေပါတယ်။ ဒါပေမဲ့ ကျွန်တော် မသိဘူး။ မတွေ့ဘူး။ ပါတီ အနေနဲ့ ဒီကိစ္စကို ဘာမှကို မသိသေးဘူး။ တကယ် ဟုတ်တယ် ဆိုရင် ကာယကံရှင် ကလည်း သတင်း ပို့လို့ ရတာပဲ။ ဌာနဆိုင်ရာ ကလည်း သတင်း ပို့မှာပဲ။ အခုတော့ လောလောဆယ် ဘာမှ သတင်း ပို့တာ မရှိသေး ပါဘူး။ လွှတ်တော် ကိုလည်း သတင်းပို့ ရမှာပဲ။ အခု လွှတ်တော် ဘက်ကလည်း ဘာမှ သတင်း မကြား ပါဘူး။ သိလာ ရင်တော့ သိတဲ့အပေါ် မူတည်ပြီး စဉ်းစား မှာပေါ့” ဟု ပြန်လည် ဖြေကြားသည်။
ပြည်ခိုင်ဖြိုး ပါတီသည် အာဏာရ ပါတီလည်း ဖြစ်ပေရာ ၎င်းပါတီ ဥက္ကဋ္ဌ နိုင်ငံတော် သမ္မတက ပါတီ ဥက္ကဌ တာဝန်ကို ထမ်းဆောင်လျက် ရှိ၍ ဒုတိယ ဥက္ကဋ္ဌ လည်းဖြစ်၊ ပြည်ထောင်စု လွှတ်တော် နာယက လည်းဖြစ် သည့် သူရ ဦးရွှေမန်း ထံသို့ ပြည်ခိုင်ဖြိုး အမတ် ဦးရွှေမောင်အား စစ်ဆေး ခွင့်တောင်းသည့် သ၀ဏ်လွှာကို ပို့ပြီးမှ ပြည်ထောင်စု လွှတ်တော် ခွင့်ပြုချက်ဖြင့် ပြည်ထဲရေး ၀န်ကြီး ဌာနက ယမန်နေ့က စစ်ဆေး ခဲ့ခြင်းကို ပြည်ခိုင်ဖြိုး ပါတီ ဒု-ဥက္ကဌ တစ်ဦး ဖြစ်သော ဦးဌေးဦးက လုံးဝ မသိကြောင်း ငြင်းဆို လိုက်ခြင်း ဖြစ်သည်။
ပြည်ထဲရေးက ၎င်းအား စုံစမ်း မေးမြန်းစဉ် အဆင် ပြေမှု ရှိ၊ မရှိ မဇ္ဈိမက မေးသည်ကို ဦးရွှေမောင်က “အဆင်ပြေ ပါတယ်။ သူတို့ သိချင်တာ တွေကို မေးတာပါ။ ကျွန်တော် ကလည်း ပြန်ရှင်းပြတယ်။ အဓိက ကျွန်တော် ရှင်းပြတာ ကတော့ ဒီလို စွပ်စွဲ တာသည် ဒီဗွီဘီရဲ့ သတင်း ခေါင်းစဉ် ကြောင့်သာ ဖြစ်ရတာပါ။ စာသား ထဲမှာလည်း မပါဘူး။ ကျွန်တော် ကိုယ်တိုင် တိုက်ရိုက် ဖြေတာ မျိုးလည်း မရှိဘူး။ ကျွန်တော်က ပြည်သူ့ ကိုယ်စားလှယ် တစ်ဦး ဖြစ်လို့ ရွာသား တွေက တင်ပြ လာတာကို ပြန်ပြော ရတဲ့ သဘော ဖြစ်တယ် ဆိုတာ ရှင်းပြ ပါတယ်။ သတင်း ဌာနက လွှင့်တဲ့ Edited Version ကို မကြည့်ဘဲ Full Version ကို ကြည့်ဖို့ လိုပါတယ်” ဟု ဖြေခဲ့သည်။
ထို့ပြင် ပြည်ထဲရေးက ၎င်းနှင့် နောက်ထပ် တွေ့ဆုံ မေးမြန်း ချိန်းဆို ခဲ့ခြင်း မရှိကြောင်းလည်း ဖြည့်စွက်ပြော ကြားခဲ့သည်။ မည်သို့ဆိုစေ လောလော ဆယ်၌ လွှတ်တော် ကရော၊ ပြည်ခိုင်ဖြိုး ပါတီ ကပါ ပြည်ခိုင်ဖြိုး အမတ် ဦးရွှေမောင် အပေါ် စစ်ဆေး အရေး ယူမှု မရှိသေးပေ။
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်ကို ပြည်ထဲရေး ၀န်ကြီးဌာနမှ ပြည်ခိုင်ဖြိုး ပါတီ ရုံးချုပ်သို့ လာရောက် တွေ့ဆုံပြီး ဒီဗွီဘီနှင့် တွေ့ဆုံ မေးမြန်း ခဲ့သည် များနှင့် ပတ်သက်၍ မေးမြန်း ခဲ့ကြောင်း RFA မြန်မာပိုင်း အစီအစဉ်သို့ ပြောကြား ခဲ့သည်။ ပြောကြားချက်များ အပြည့်အစုံကို အောက်ပါ ဗီဒီယို တွင် ရှုစားနိုင် ပါသည်။
RB News
5.2.2014
မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ ဥဒေါင်း ကျေးရွာ အုပ်စု အုပ်ချုပ် ရေးမှူး ဦးတင်မောင်က ဒေသခံ ရိုဟင်ဂျာ များကို ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်ခြင်းများ မကြာ ခဏ ပြု လုပ် နေ သည်ကို ဒေသခံ များမှ သတင်း ပေးပို့ ခဲ့ရာ RB News တွင် အကြိမ်ကြိမ် ဖော်ပြခဲ့သည်။
ဥဒေါင်း ကျေးရွာ အုပ်ချုပ် ရေးမှူး ဦးတင်မောင်ကို တာဝန်မှ ရပ်စဲရန် ရခိုင် ပြည်နယ် အစိုးရက မောင်တော ခရိုင် အုပ်ချုပ် ရေးမှူးရုံးသို့ လွန်ခဲ့သည့် တနင်္လာနေ့က ညွန်ကြားစာ ပေးပို့ ခဲ့သော်လည်း ခရိုင်နှင့် မြို့နယ် အုပ်ချုပ် ရေးမှူး ရုံးတို့က ညွန်ကြားစာ အတိုင်း ဆောင်ရွက်ခြင်း မရှိသေးဟု စုံစမ်း သိရှိ ရပါသည်။
ဦးတင်မောင်ကို ယခင်ကလည်း အကြိမ်ကြိမ် သတိပေးခြင်း များရှိခဲ့ပြီး နောက်နောင် မပြုလုပ်ရန် ခံဝန် လက်မှတ်ထိုး ခိုင်းခြင်း များလည်း ရှိခဲ့ကြောင်း သိရသည်။ ဦးတင်မောင်သည် ၎င်း၏ အလုပ် မပြုတ်ရေး အတွက် ခရိုင်နှင့် မြို့နယ် အုပ်ချုပ် ရေးမှူး များကို ငွေကျပ် သိန်း ၅၀ ဖြင့် လာဘ်ထိုးရန် ကြိုးပမ်း ခဲ့သော် လည်း ခရိုင်နှင့် မြို့နယ် အုပ်ချုပ် ရေးမှူး များက ၎င်းပေးသည့် ငွေကို လက်ခံရန် ငြင်းဆို လိုက်သည်ဟု အုပ်ချုပ် ရေးမှူး ရုံးများနှင့် နီးစပ်သူ တစ်ဦးက RB News သို့ ပြောပါသည်။
ပြည်နယ် အစိုးရ၏ ညွန်ကြားချက် အတိုင်း အလုပ်ပြုတ် တော့မည့် ဥဒေါင်း ကျေးရွာ အုပ်ချုပ် ရေးမှူး ဦး တင်မောင်သည် ၎င်း၏ သားမက် ဖြစ်သူ အလယ်သံကျော် ကျေးရွာ အုပ်ချုပ် ရေးမှူး ဦးမောင်သက်နိုင် အား ငွေကျပ် သိန်း ၅၀ ပေး၍ ယနေ့ နေ့လည်ပိုင်းတွင် စစ်တွေမြို့သို့ ပြည်နယ် အစိုးရအား လာဘ်ထိုး၍ ကြိုးစားရန် စေလွှတ် လိုက်ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ဌေးလွင်ဦး
RB News
5.2.2014
နေရာကို လက်လွှဲ ပေးသွားတဲ့ ဦးသန်းရွှေကို နိုင်ငံရေး ပညာ မှာ လျှော့ မတွက်ဘို့ လိုပါတယ်။ တိုင်းပြည် တစ်ခုကို နှစ်ပေါင်း ၂၀ ကျော် အုပ်ချုပ် သွားခဲ့တယ် ဆိုတာ တော်ရုံ အရည် အချင်း မဟုတ်ပါ။ ကောင်း သည် ဖြစ်စေ ဆိုးသည် ဖြစ်စေပေါ့။ သူဟာ သူ့ရှေ့ ဆရာကြီး ဦးနေ၀င်းဆီက ပညာ များကို အကုန် မဟုတ်ရင်တောင် တစ်ချို့ တစ်ဝက်တော့ ရခဲ့သူ လည်း ဖြစ်ပါတယ်။
ကမ္ဘာ တစ်ခုလုံး ဒီမိုကရေစီ စနစ်ကို အရှိန် အဟုန်နဲ့ ဦးတည် နေချိန်မှာ သူ လည်း သူ့အာဏာကို တစ်ချိန်မှာ လက်လွှတ် ပေးလိုက် မယ်လို့ ကြိုတွက်ပြီး သူတစ်ယောက်ပါ။ ကြိုတွက်ပြီး- ဆိုကတည်းက သူပြင်ဆင် ခဲ့တဲ့ အကွက် ပေါင်း လည်း ဒေါင့်စေ့ လွန်း တယ်လို့ ပြောရမှာ ဖြစ်တယ်။ လူထုကြီးက သူ့ကို မုန်းတယ် ဆိုတဲ့ စိတ်တစ်ခုကို အရင်း ပြုပြီး သူရာထူးက ဆင်းသွား စေဘို့သာ သဲသဲမဲမဲ အာရုံထား နေချိန်မှာ သူဟာ အဲဒီ လူထုကြီးကို ဘယ်လို လှည့်စားမယ် ဆိုတဲ့ ချက်ကို ပြင်ဆင် နေသူ တစ်ဦး ဖြစ်ခဲ့ ပါတယ်။
လူထုကို အလွယ် ကူဆုံး ပြုစား နိုင်တဲ့ အချက်က ဘာသာ တရားပါ။ ဒါကို သူ ပိုင်ပိုင် နိုင်နိုင် သုံး ခဲ့ နိုင်ပါတယ်။ မြန်မာနိုင်ငံ ထဲက ပြည်သူ တွေဟာ မိမိ ကိုးကွယ်တဲ့ ဘာသာ တရားကို ဆတ်ဆတ်ထိ မခံ စိတ်များ ဖြစ်အောင် စနစ်တကျ ပြုစု ခဲ့ပါတယ်။ ဗုဒ္ဓ ဘာသာဝင် တစ်စုတည်း မဟုတ်ပါ။ အစ္စလာမ် ဘာသာဝင် ဆိုသူ များရော- အခြား ဘာသာဝင် များပါ- မြန်မာ ပြည်သား မှန်ရင် မိမိ ဘာသာ ဆိုရင် ဆတ် ဆတ် ထိမခံ ဆင်ခြင် စဉ်းစားခြင်း မရှိ မဲမဲမြင် ထင်တိုင်းကျဲ ပစ်လေ့ရှိတဲ့ အလေ့ အကျင့် များ ဖြစ်အောင် စနစ်တကျ ဖန်တီး ပေးခဲ့ နိုင်ပါတယ်။
အဲ့ဒီ ဆတ်ဆတ်ထိ မခံတဲ့ စိတ်ကို မီးတိုက်ဘို့ ဘာမှန်း မသိတဲ့ အမျိုးသားရေး စိတ်ကိုလည်း တစ် ဘက်က မွေးလိုက် ပြန်ပါတယ်။ မဆင်ခြင်ဘဲ သူတစ်ပါးကို အပြစ်မြင် ဘာသာရေး စနစ်နဲ့ မတွေးတော ဘဲ သွေးဆူ တတ်တဲ့ အမျိုးသားရေး ၀ါဒကို မီးခြစ် တစ်ခုက ယမ်းဖို ယမ်းမလို သေချာအောင် အကွက်ဆင် ထားပေး ခဲ့ပါတယ်။ ဒီလိုအကွက်ဆင်နိုင်ဘို့နဲ့ သူဖန်တီးထားတဲ့ ယမ်းဖိုယမ်း မမီးခြစ်က သူ့ကို ပြန် မလောင်စေဘို့လည်းသူ့ကငယ်နိုင်ဖြစ်တဲ့လူသားမျိုးကိုသာစနစ်တကျရွေးချယ်ပြီး လက် သပ် မွေးခဲ့ ခြင်းပါ။ ဒီမီး မျိုးကို ဘယ်နေရာက စတင် မီး တိုက်ရမယ် ဆိုတာကိုလည်း အ ကွက် စေ့အောင် လေ့လာ ပြီး သား ဖြစ် ခဲ့ ပါတယ်။
ငယ်နိုင် ဖြစ်စေမယ့် သူများက- ဗမာ အယောင် ဆောင်နိုင်တဲ့ ဗုဒ္ဓဘာသာ လည်းဖြစ် နိုင်ငံခြားသား တရုတ် များနဲ့ ဘင်္ဂလီ ရခိုင် များသာ ဖြစ်ပါတယ်။- အဲ့ဒီ နိုင်ငံခြားသား တွေထဲမှာ ဗမာ စကားကို အလွယ် တ ကူ ပြောနိုင်တဲ့ ဘင်္ဂလီ ရခိုင် များက ဗမာ များကြားမှာ ပိုမို ထိုးဖေါက်ရ လွယ်ကူ စေမယ် ဆိုတာကို ဦးသန်းရွှေ ကြိုတင် တွက်ဆပြီး သားပါ။ အနောက်သား ဘင်္ဂလီ တွေကို လက်သပ် မွေးလိုက် ခြင်းဖြင့် ဦးသန်းရွှေကို ပြန်လှန်မယ် ကြံတာနဲ့- တိုင်းပြည် ထဲက ချက်ချင်း မောင်းထုတ် ပစ်လို့ ရတယ် ဆိုတဲ့ အချက်က အနောက် သားတွေကို ကိုင်တွယ်ဘို့ ဦးသန်းရွှေ အတွက် ငယ်နိုင် အကွက် တစ်ခု ဖြစ်နေ ပါတယ်။ (ဟေ့ကောင်တွေ ငြိမ်ငြိမ်နေ- မနေရင် ဇာတိ ဖေါ်လိုက် မယ် တစ်ခွန်းတည်းနဲ့ အမြီးကုပ် သွား ရမယ့် အဆင့်ပါ။)
ကိတ္တိမ သားများ ဖြစ်တဲ့ အနောက်သား များကလည်း သူ့ဖေကြီး တစ်သက် သူတို့ ဇာတိကို ဖုံးဖိ ပေး လိုက် ရင် သူတို့ လာရာ သမိုင်း အစ ပျောက်ပြီလို့ ဉာဏ်တိုတိုနဲ့ ခံစား ခဲ့သူ များပါ။ ဒီလိုနဲ့ ဦးသန်းရွှေ လက် ထက် နှစ် ၂၀ ကာလမှာ မကြုံစဖူး ထူးရှားတဲ့ အဖြစ်နဲ့ ရန်ကုန် မြို့ကြီး အနောက်သား ဘင်္ဂလီ ရခိုင် များ ဖုံးလွှမ်း သွားတဲ့ထိ ဖြစ်ခဲ့ရ ပါတော့တယ်။ ပြည်မနေ ဗမာများ ကတော့ သူတို့လည်း ဗမာ စကားကို ရခိုင်သံ ၀ဲဝဲနဲ့ ပြောတဲ့ လူများ အဖြစ်သာ ခံစားပြီး ကိုးကွယ်ရာ ဘာသာ လည်းတူ ရုပ်လည်းဆင်- သတိထား မိခဲ့ဟန် မရှိတော့ဘဲ အလိုက်သင့် နေထိုင် ပေးရုံမျှသာ ဖြစ်ခဲ့ပါ တော့တယ်။
ဦးသန်းရွှေဟာ ဗမာ အာဏာရှင်ကို မနှစ်သက်တဲ့ သံဃာတော် တွေကို အပြုတ် ရှင်းပြီး အနောက်သား သင်္ကန်း ၀တ်များနဲ့ အစားထိုး ခဲ့ပြန် ပါတယ်။ ၂၀၀၇ နောက်ပိုင်းမှာ အရှိန် အဟုန် ပြင်းစွာ ရဟန်း အစားထိုး မှုကြီး ဖြစ်ခဲ့ပြီး သူ့ရဲ့ ရဟန်း စစ်ဆင်ရေးကို သုံးနှစ်နဲ့ အပြီး ဆောင်ရွက် နိုင်ခဲ့ ပါတော့တယ်။ (အနောက်သား ဘင်္ဂလား ရခိုင်တွေ ဟာ ဘင်္ဂလား စာကို တတ်မြောက် သူများ ဖြစ်လို့- မြန်မာတွေ ဘုရား စာ အဖြစ် သတ်မှတ်တဲ့ ပါဠိကို အလွယ် တစ်ကူ တတ်မြောက် နိုင်သူများ ဖြစ်နေ ပါတယ်။) အနောက်သား ဘင်္ဂလီ သင်္ကန်းဝတ် များရဲ့ တပ်ချုပ်ကြီး အဖြစ် ရှေးဦးက ရောက်ပြီး ဖြစ်တဲ့ ဘင်္ဂလား ချက် မာ လူမျိုး စစ် စစ် သီတဂူကို ခန့်အပ် ခဲ့ပါတယ်။ (သီတဂူ ဉာဏိဿရ ဆိုတဲ့ သင်္ကန်းဝတ် တပ်ချုပ် ကြီးဟာ ဘင်္ဂ လား သား စစ်စစ် အသက် ကိုးနှစ်မှာ မြန်မာ ပြည်ထဲ ကို ရောက်လာ ကြောင်း မြန် မာ နိုင်ငံ သား အများစုကြီး အ ခု အချိန်ထိ မသိကြ သေးပါ။ သမိုင်းက ပေါ်လာ မှာပါ။)
ပြည်တွင်းက နိုင်ငံရေး သမား တွေကို ဖြိုခွင်း နိုင်ဘို့ သူ့ရဲ့ ပင်မ လက်ကိုင်တုတ် စွမ်းအားရှင်၊ စစ်ထောက် များ အပြင် အမျိုးသားရေး စကားလုံး တွေနဲ့ ရွှမ်းရွှမ်းဝေ ပြောမယ့် စနစ် တကျ လေ့ကျင့် ထားသူများကို အကွက်ဆင် ထားသလို- တိုင်းရင်းသား အင်အားစု များကို ဆုတ်ကိုင်ဘို့ ဘင်္ဂလီ အေးမောင် ကိုလည်း စနစ်တကျ မွေးထား ခဲ့ပြီး ဖြစ်နေ ပါတယ်။ ဉာဏိဿ ရရော အေးမောင်ရော နှစ်ယောက် လုံးက ပီပီ ပြင်ပြင် လိမ်ပေး နိုင်ခဲ့ ပါတယ်။ ပီပီ ပြင်ပြင် သိက္ခာ မဲ့မဲ့ မလိမ် နိုင်ရင်လည်း သူတို့ ဇာတိ က ပေါ်မှာ ကိုး-။
ဉာဏိသရက သင်္ကန်းဝတ် များကို ဦးစီး ချုပ်ကိုင် နိုင်ဘို့ အခွင့်ကုန် အာဏာ ကုန်လည်း ရရှိခဲ့ ပါတယ်။ အလားတူ အေးမောင်က တိုင်းရင်းသား အယောင် ပြပြီး ကျန်တိုင်း ရင်းသား များကိုလည်း ညီနောင် တိုင်း ရင်း နွယ်ဘွား မဟာမိတ် အုပ်စု ဖြစ်အောင်ထိ အစွမ်းကုန် သရုပ်ဆောင် ပေးနိုင် ပါတယ်။ အဲ့ဒီ အ တွက်လည်း အေးမောင်မှာ အစွမ်းကုန် အာဏာကုန် ချီးမြှင့် ခံထား ရပြီး ဖြစ်နေ ပြန်တယ်။ သမ္မတ လုပ်နေသူ ကိုယ်တိုင် အေးမောင်ကို မဟရဲ မပြော ရဲတဲ့ အဆင့်ပါ။ မြန်မာ ပြည်သားများ နားလည် နိုင်မယ် ထင်ပါတယ်။ အခွင့်ကုန် ရထားတဲ့ အေးမောင်ရဲ့ မျိုးချစ်စိတ် ရဲရဲတောက် စကားများက ဒေသခံ ရခိုင် ပါတီ၊ ရခိုင် လူထု သာမက အခြားသော တိုင်းရင်းသား များပါ အားကျ ရတဲ့ အဆင့်ထိ ဖြစ်ကုန် ပါတော့ တယ်။ နောက်ဆုံး မြန်မာ့ အကြီးဆုံး အတိုက် အခံ ပါတီ ကြီးတော့ ၀ါးမြို ခံလိုက်ရတဲ့ အဆင့်ပါ။
တစ်ပြိုင်နက်မှာ လက်နက်ကိုင် တော်လှန် နေတဲ့ တော်လှန်ရေး အုပ်စုတိုင်း ဆီသို့ အနောက်သား ဘင်္ဂလီ များက ရခိုင် တော်လှန်ရေး နာမည် ခံကာ အနည်းဆုံး တပ်စု တစ်စုစီ ထိုးဖေါက် သွားခဲ့ ပါ တယ်။ ပေါင်းမိရာ တိုင်းရင်းသား တိုင်းကို ဦးနှောက် ပြုပြင်ရေး လုပ်ပါ တော့တယ်။ တိုင်းရင်းသား တွေရဲ့ အတွင်း သတင်းကို ရသလောက် ဖေါက်ယူပြီး အေးမောင်ကို ပေးတယ်။ အေးမောင်က သူ့ အဖေကြီး ဦးသန်းရွှေကို ပြန်တင် ပြတယ်။ အတွင်း သတင်း သိလာတဲ့ ဦးသန်းရွှေက တိုင်းရင်းသား တွေကို ဘယ်လို ကိုင်တွယ် ရမလဲ ခေါင်းအေး အေးနဲ့ စဉ်းစားခွင့် ရသွား ပါတယ်။
အတိုက် အခံရော- တိုင်းရင်းသား ရော အူမထဲထိ ငါးမျှား ချိတ်ကို ထည့်ထား နိုင်ပြီး နောက်ပိုင်း မှာ ပြည်သူကို ကိုင်လှုပ် ဘို့ရာ သင်္ကန်းဝတ် တပ်ချုပ်ကြီး ဉာဏိဿရကို အာဏာကုန် ပေးလိုက် ပါတော့ တယ်။- လူထု စစ်ဆင်ရေး အတွက် ကန်ပိန်း လုပ်ဘို့ အနောက်သား ဘင်္ဂလီ တွေကို မီဒီယာ လောကထဲ ကြိုတင် ထည့်ထား ပြီးသား ဖြစ်သလို အမျိုးသားရေး စိတ်ကြွဆေး ကျွေးခံလိုက် ရတဲ့ သတင်း သမား မှန်သမျှ ဘ၀ ဖူလုံအောင် ငွေစလေးများ ပံ့ပိုး လိုက်ခြင်းနဲ့ လူထု တစ်ရပ် လုံးကို မှိုင်းတိုက် လိုက်ပါ တော့ တယ်။
တစ်ကယ့် ဒီမိုကရေစီကို ရည်ရွယ်ချက်နဲ့ ချီတက် နေသူများ အဘို့- ဘာဆို ဘာမှ ပြင်ဆင် ချိန်မရ၊ ပြင် ဆင်ဘို့ ငွေကြေး မရှိ၊ နောက်ခံ မရှိ၊ ဘ၀ ပျက်နေချိန် များမှာ ခရိုနီ ကြီးများရဲ့ အလိုတော် ကျများ အဖြစ် တစ်ဘက်က ဖန်တီး လိုက်ပါတယ်။
မြန်မာ တစ်ပြည်လုံး နှစ်ပေါင်း ၂၀ ကျော် မျှော်မှန်း ခဲ့တဲ့ ဒီမိုကရေစီကြီး အလိမ်ခံ လိုက်ပါ တော့တယ်။ သူတို့ လူတစ်စု ကောင်းစား ဘို့ရာ တရုတ်နဲ့ ဘင်္ဂလီ လက်ထဲ အာဏာ ကုန်ထည့်ပြီး တိုင်းပြည် ကို သောင်းကျန်းခိုင်း ထားပါ တော့တယ်။ ဒီအတွက် နောက်ကွယ် ကလည်း တရုတ်ကြီးက ရှိနေတာကိုး-။
သို့သော် မြန်မာ နိုင်ငံ သားများ အတွက် ကံကောင်း သွားတဲ့ တစ်ချက်က ရိုဟင်ဂျာများ အပေါ် တစ် ဘက် သတ် အမုန်း မှိုင်းတိုက် စွပ်စွဲ သတ်ဖြတ် မောင်းထုတ်ဘို့ ကြံစည် လိုက်ခြင်းပါ။- ဒီအချက်က သူတို့ ငယ် ထိပ်ကို မြွေပေါက် ခံရမယ့် အချက်လို့ သူတို့ မမြင်လိုက်ခြင်း ပါပဲ။ လူထု အပေါ် လိမ်လည်ခြင်း ဆိုတဲ့ အချက် က နိုင်ငံတိုင်း မှာ နိုင်ငံရေး သမား တိုင်းက လုပ်နေကြ အကွက် ဖြစ်လို့ အပြစ် မပြောသာ ပေမယ့်- လူမျိုး တစ်မျိုး သမိုင်းကို ဗြောင်လိမ် မျိုးဖြုတ် ခြင်းကို ကမ္ဘာက ဘယ်လိုမှ လက်မခံတဲ့ အချက် ဖြစ်နေပြီး- လူယုတ်မာများ အတွက် ကြိုးကွင်း ဖန်တီးဘို့ ဖြစ်သွား လို့ပါပဲ။
လုပ်ကြံ ဖန်တီး ခဲ့သမျှ ဘူးပေါ်သလို ပေါ်ရ တော့မှာပါ။
မုဟမ္မဒ် တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင် လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement
Sindi Khan
RB News
4.2.2014
မောင်တော ။ ။ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်၊ငါးခူရကျေးရွာအုပ်စု၊ကပ္ပကောင်းရွာရှိ ဘုန်းကြီး ကျောင်း မှ ဘုန်းကြီး များနှင့် ရခိုင် အစွန်းရောက် များက လမ်းမှ ဆိုင်ကယ်ဖြင့် သွားလာသည့် ရိုဟင်ဂျာ လူငယ် များကို အကြောင်းမဲ့ ရိုက်နှက်မှုများ ပြုလုပ် ခဲ့ပြီးနောက် ကပ္ပာကောင်း ကျေးရွာမှ ရခိုင် အစွန်းရောက် များ က ရေတွင်းကျွန်းသို့ သွားရောက်၍ အရိုက် ခံရသူ များကို ခြိမ်းခြောက်ပြီး အရိုက်ခံ ရခြင်းမှာ မမှန် ကန်ကြောင်း လက်မှတ် ရေးထိုး ခိုင်းခဲ့သည်။
ထိုကဲ့သို့ ခြိမ်းခြောက်၍ လက်မှတ် ရေးထိုး ခိုင်းပြီးနောက် လက်မှတ် ရေးထိုးသည့် စာရွက်ကို ရခိုင် များ၏ အင်တာနက် စာမျက်နှာ တစ်ခုတွင် ဖော်ပြခဲ့သည်။
ရေတွင်းကျွန်းရှိ ဒေသခံ များက “ကပ္ပကောင်း ရွာက ရခိုင် အစွန်းရောက်တွေ ကျွန်တော်တို့ ရေတွင်းကျွန်း ရွာကို ရောက်လာတယ်။ RB News မှာ သတင်းပါ လာတဲ့ အတွက် အဲဒီ သတင်းကို မမှန်ကန်ဘူးလို့ လက် မှတ် ရေးထိုး ခိုင်းတယ်။ ရခိုင်တွေက မင်းတို့ရဲ့ လယ်မြေတွေ ငါတို့ ရခိုင်ရွာနဲ့ အနီးဆုံးမှာ ရှိနေတယ်။ မင်း တို့နဲ့ ငါတို့နဲ့ ဘာမှ ပြဿနာ မရှိဘူး၊ ပြေလည်မှု ရှိတယ်လို့ လက်မှတ် ရေးထိုး မပေးဘူး ဆိုရင် မင်း တို့ရဲ့ လယ်တွေမှာ လယ်စိုက်ဖို့ မပေးတော့ဘူး။ ငါတို့ အနှောက် အယှက် ပေးရလိမ့်မယ် လို့ပြောပြီး အကျပ်ကိုင်တယ်။ ရေတွင်းကျွန်း ရွာသား တွေရဲ့ လယ်မြေ တစ်ဝက်ကျော်က ရခိုင်ရွာနဲ့ အနီးဆုံးမှာ ရှိနေတော့ စားဝတ် နေရေး ထိခိုက် လာမှာ စိုးလို့ သူတို့ အကျပ်ကိုင်တဲ့ အတိုင်း လက်မှတ် ရေး ထိုး ပေး လိုက် ရတယ်” ဟု RB News သို့ ပြောပါသည်။
ဘုန်းကြီးများနှင့် ရခိုင် အစွန်းရောက် များက ဒေသခံ ရိုဟင်ဂျာ များကို ဥပဒေမဲ့ မင်းမဲ့ စရိုက် ဆန်ဆန် ရိုက်နှက် ခဲ့ပြီး၊ ထပ်မံ ခြိမ်းခြောက်၍ လက်မှတ် ရေးထိုး ခိုင်းသည်ကို ဒေသ ဆိုင်ရာ အာဏာပိုင် များက သိရှိသော်လည်း တရား ဥပဒေ အရ ကာကွယ် ပေးရန် အသင့်ရှိ မနေကြကြောင်း ဒေသခံ များမှ ပြော ပါ သည်။
ဘုန်းကြီးများနှင့် ရခိုင် အစွန်းရောက် များက ရိုက်နှက် ခဲ့သည့် သတင်း -- http://bit.ly/1jUEEx9
ခြိမ်းခြောက်၍ လက်မှတ် ယူပြီး အင်တာနက် စာမျက်နှာတွင် တင်ထားသည့် သတင်း -
ဓါတ်ပုံသတင်း
- ရိုဟင်ဂျာ ဘာသာစကား သို့မဟုတ် တိုင်းရင်းသား ဘာသာစကား
- 2014 Census တွင် ရိုဟင်ဂျာ ဟူ၍ Code နံပါတ်ထည့် ပေးရန် DHRP မှ သမ္မတထံ စာရေးသား
- RB News စာဖတ် ပရိသတ်များ သိစေရန် အသိပေးခြင်း
- ရိုဟင်ဂျာများသည် တရားမ၀င် ၀င်ရောက်လာသူများ မဟုတ်ဟု သမ္မတ အိုဘားမားပြော
- UN Humanitrian Chief ရခိုင်ပြည်နယ်သို့သွားမည်
- ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ထံသို့ အိတ်ဖွင့် တိုင်ကြားစာ
- ရဲတပ်ကြပ်ကြီးက ငွေညှစ်သည့် အပြင် လူမျိုးရေး ရိုင်းပျ စော်ကားမှုပါ ပြုလုပ်
- ကြိမ်ချောင်း - တောင်ပြို ကားလမ်းမပေါ်မှ ဖြတ်သန်းသွားလာသူများကို စစ်သားများက ရပ်တန့်ခိုင်းပြီး လုယက်
- အာရ်ကာန်မြေ၏ ဟစ်ခေါ်သံ (သို့) အဝေးရောက်သားများသို့ (၃)
- ရခိုင်ကော်မရှင် ဥက္ကဌ ကိုဖီအာနန်ထံသို့ မောင်တောဒေသခံများမှ အိတ်ဖွင့်ပေးစာ
ဂျီနိုဆိုက်ဆိုတာဘာလဲ?
ဒေါက်တာဇာနည် ရှင်းပြသည့် ရိုဟင်ဂျာ







































