Sindi Khan
RB News
19.2.2014
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း အောက်ပြူးမ ကျေးရွာ (ခါဆာဘီလ်) အုပ်ချုပ်ရေးမှူး ဦးဘသိန်းသည် ဒေသခံ ရွာသူရွာသားများကို မဟုတ်မမှန် စွပ်စွဲ၍ ငွေညှစ်လျက်ရှိကြောင်း သတင်း ရရှိပါသည်။
ဖေဖော်ဝါရီလ (၁၈) ရက်နေ့တွင် ဦးဟိုက်ရုအာမီးန် (ဘ) ဦးအာစ်မောတ်အလီ (အသက် ၂၆ နှစ်) အား လက်ထပ်ခွင့် မရှိဘဲ လက်ထပ်ထားသည်ဟု စွပ်စွဲ၍ ဖမ်းဆီးရန် လိုက်လံ ရှာဖွေခဲ့ပြီးနောက် မော်လ၀ီ ဦးမူဟီဘုလ္လာ (ဘ) ဦးရော်ရှိတ်အာမတ် (အသက် ၅၀ နှစ်) အား အစ္စလာမ် တရားတော်နှင့် အညီ နေကာရှာဒီ ပြုလုပ်ပေးခဲ့သည်ဟု စွပ်စွဲ၍ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဘသိန်းက ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ထို့အပြင် ဟာဖီးဇ် ဦးဆွေယာဒုလ် ဘော်ရှော်ရ် (ဘ) ဦးကာဒဲရ် ဘောက်ခ်ရှု (အသက် ၂၈ နှစ်) ကို လက်ထပ် ထိမ်းမြားရာတွင် သက်သေ အဖြစ် ပါဝင်ခဲ့သူဟု စွပ်စွဲ၍ ယင်းနေ့ နေ့လည် ၂ နာရီ အချိန်တွင် အုပ်ချုပ်ရေးမှူး ဦးဘသိန်းက ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့သည်။
အုပ်ချုပ်ရေးမှူး ဦးဘသိန်းသည် ဒေသခံ ရွာသားများကို တစ်ဖက်နိုင်ငံမှ မိုဘိုင်းဖုန်း သုံးစွဲနေသည်၊ မိသားစုဝင် များထဲက နိုင်ငံခြားသို့ တရားမ၀င် ထွက်ခွာသွားသူများ ရှိနေသည်ဟု၍ အကြောင်း အမျိုးမျိုးဖြင့် စွပ်စွဲ၍ မကြာခဏ ငွေညှစ်လေ့ ရှိကြောင်း ဒေသခံများက ပြောပါသည်။
အလားတူပင် မောင်တောမြို့နယ်၊ မြောက်ပိုင်း ပွင့်ဖြူချောင်း ကျေးရွာတွင်လည်း ကျေးရွာ အုပ်ချုပ်ရေးမှူးက လွန်ခဲ့သည့် နှစ်လကျော်က တရားဝင် လက်ထပ်ခွင့်ဖြင့် လက်ထပ်ထားသည့် မိုဟာမတ် အနိုဝါရ် (ဘ) ဦးဟူဆောင်းအာမတ်ကို လက်ထပ်ခွင့် မယူဘဲ လက်ထပ်ခဲ့သည်ဟု စွပ်စွဲ၍ ငွေကျပ် တစ်သိန်း ညှစ်ယူ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
| ပေါက်တောမြို့ ငှက်ချောင်း ဒုက္ခသည်စခန်း (ဓါတ်ပုံ - AP) |
Hla
RB News
18.2.2014
ပေါက်တော ။ ။ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ငှက်ချောင်း ဒုက္ခသည်စခန်းမှ စစ်တွေမြို့ သဲချောင်း ယာယီဈေးတွင် ဈေးဝယ်ရန် လာသည့် ရိုဟင်ဂျာ ဒုက္ခသည် အချို့ကို အပြန်လမ်းတွင် ရခိုင်အစွန်းရောက် များက တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ ဒုက္ခသည် တစ်ဦး သေဆုံး ခဲ့ရကြောင်း သတင်း ရရှိပါသည်။
ပေါက်တောမြို့နယ် ငှက်ချောင်း ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာ ဒုက္ခသည်များသည် ၎င်းတို့၏ စားဝတ်နေရေးနှင့် ကျန်းမာရေး အတွက် လိုအပ်သည့် ဆေးဝါးများကို စစ်တွေမြို့ သဲချောင်းရှိ ယာယီဈေးသို့ ရေလမ်းမှတဆင့် လာရောက်၍ ၀ယ်ယူသုံးစွဲ ရသည်။ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ငှက်ချောင်း ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာ ဒုက္ခသည် ၉ ဦးသည် စစ်တွေမြို့ သဲချောင်း ယာယီဈေးသို့ လာရောက်၍ ဈေးဝယ်ပြီး အပြန်လမ်းတွင် အနောက်ရဲ (အာနာရိုင်) ကျေးရွာ၌ ခေတ္တ အနားယူခဲ့သည်။ ထိုမှတဆင့် ည ၉ နာရီ အချိန်တွင် ငှက်ချောင်းသို့ ဆက်လက် ထွက်ခွာခဲ့ရာ ည ၁၁ နာရီခန့်တွင် ရခိုင်ရွာများ အနီး၌ စက်လှေ စက်ပျက်သွား ခဲ့ကြောင်း သိရှိရသည်။
စက်လှေပေါ်တွင် လိုက်ပါလာသူများမှ ငှက်ချောင်းသို့ ဖုန်းဆက်၍ စက်လှေတစ်စီးပို့ရန် အကူအညီ တောင်းနေစဉ် စက်လှေ ၈ စီးဖြင့် ရခိုင်အစွန်းရောက်များ ရောက်ရှိလာပြီး တိုက်ခိုက်သဖြင့် စက်လှေပေါ် လိုက်ပါလာသူ ၉ ဦးလုံး ရေထဲသို့ ခုန်ဆင်း၍ ထွက်ပြေးခဲ့ရသည်။ သို့သော်လည်း နှစ်ဦးမှာ ရခိုင်အစွန်းရောက် များ၏ ဖမ်းဆီးခြင်းကို ခံရပြီး၊ ၆ ဦး ထွက်ပြေး လွတ်မြောက် ခဲ့သော်လည်း တစ်ဦးမှာ ရေမကူးတတ် သဖြင့် သေဆုံး ခဲ့ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ရခိုင်အစွန်းရောက်များ ဖမ်းဆီးသွားသူ နှစ်ဦးကို လူမဆန်စွာ ရိုက်နှက် နှိပ်စက်ပြီးနောက် လုံခြုံရေး တာဝန်ယူထားသည့် လုံထိန်း တပ်ရင်း ၃၄ မှလုံထိန်းများကို ခေါ်ယူ၍ အပ်နှံခဲ့သည်။ ထို့နောက် လုံထိန်းများက အဆိုပါ ရိုဟင်ဂျာ ဒုက္ခသည် နှစ်ဦးကို ငှက်ချောင်း ဒုက္ခသည် စခန်းသို့ ပြန်လည်ပေးပို့ ခဲ့ကြောင်း သိရှိ ရပါသည်။
ရေမကူးတတ်၍ သေဆုံးခဲ့ရသူမှာ ဦးအဒူဆောဖုရ် (ဘ) ဦးအဒူဂနီ ဖြစ်ပြီး၊ အလောင်းကို ယခုအချိန်ထိ ရှာဖွေ၍ မရသေးကြောင်း ဒေသခံများမှ ပြောပါသည်။
Hla
RB News
18.2.2014
စစ်တွေ ။ ။ လူဝင်မှု ကြီးကြပ်ရေး ၀န်ကြီးဌာန ၀န်ကြီး ဦးခင်ရီ ခေါင်းဆောင်သည့် အဖွဲ့သည် စစ်တွေမြို့၌ ဒေသခံ ရိုဟင်ဂျာ ရပ်မိရပ်ဖ များနှင့် တွေ့ဆုံ၍ သန်းခေါင် စာရင်းနှင့် ပတ်သက်ပြီး ရှင်းလင်းပွဲ တစ်ရပ် ပြုလုပ် ခဲ့ရာတွင် ဒေသခံများကို သွယ်ဝိုက်၍ ခြိမ်းခြောက် ခဲ့ကြောင်း သတင်း ရရှိပါသည်။
ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နေ့လည် ၃ နာရီ အချိန်တွင် စစ်တွေမြို့တွင် ၀န်ကြီး ဦးခင်ရီ ခေါင်းဆောင်သည့် အဖွဲ့က ဒေသခံ ရိုဟင်ဂျာ ရပ်မိရပ်ဖ ၄၇ ဦးကို ခေါ်ယူ တွေ့ဆုံ၍ မတ်လတွင် ကျင်းပမည့် သန်းခေါင် စာရင်းနှင့် ပတ်သက်သည့် ရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ခဲ့သည်။ အဆိုပါ ရှင်းလင်းပွဲသို့ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာနမှ အဆင့်မြင့် အရာရှိများ၊ ပြည်နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ကုလ သမဂ္ဂနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်း များမှ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက် ခဲ့သည်။
လ.၀.က ၀န်ကြီး ဦးခင်ရီက မတ်လတွင် ကျင်းပမည့် ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ခံရာတွင် အစ္စလာမ် ဘာသာဝင် အားလုံး ပါဝင်စေ လိုကြောင်း၊ လူမျိုး ဖြည့်ရာတွင် စဉ်းစား၍ ဖြည့်စေ လိုကြောင်း၊ မည်သည့် လူမျိုး ဖြည့်လျှင် ပြဿနာ ဖြစ်မည်ကို စိုးရိမ်ရန် မလိုသည်ကို သဘောပေါက်ရန် လိုကြောင်း၊ အကယ်၍ ရိုဟင်ဂျာဟု ဖြည့်လျှင် ပြဿနာများ ဖြစ်ပေါ် လာပါက ဖြည့်သူများမှ ပြဿနာကို တာဝန်ယူ ရမည် ဖြစ်ကြောင်း၊ အစည်း အဝေး တက်ရောက် လာသူများ အနေဖြင့် နားလည် သဘောပေါက်ရန် လိုကြောင်း စသည်ဖြင့် သွယ်ဝိုက်၍ ခြိမ်းခြောက် ပြောဆို ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
တဖန် ဦးခင်ရီက ဘင်္ဂလီဟု ရေးသားရန် ပြောကြားရာ ရပ်မိရပ်ဖ ဦးအောင်ကျော်က မိမိတို့သည် ဘိုးစဉ်ဘောင်ဆက် ရိုဟင်ဂျာများ ဖြစ်ပြီး၊ ဤမြန်မာ နိုင်ငံတွင်သာ ခေတ်အဆက်ဆက် မွေးဖွား ကြီးပြင်း လာသူများ ဖြစ်သည့် အတွက် ဘင်္ဂလီဟု ဖြည့်နိုင်မည် မဟုတ်ကြောင်း၊ ရိုဟင်ဂျာဟုသာ ဖြည့်မည် ဖြစ်ကြောင်း၊ ၁၉၈၃ ခုနှစ် သန်းခေါင် စာရင်း ကောက်ခဲ့သည့် အခါကလည်း ရိုဟင်ဂျာဟု သာဖြည့်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဦးခင်ရီက ၎င်းအနေဖြင့် နိုင်ငံတော်မှ ပြောဆို ခိုင်း၍သာ ပြောရခြင်း ဖြစ်ကြောင်း၊ ၎င်းအား အထင်အမြင် မလွှဲမှားရန် လိုကြောင်း၊ ၎င်း၏ အကျိုးအတွက် ပြောကြားခြင်း မဟုတ်ကြောင်း၊ ဒေသခံများ ကြိုက်နှစ်သက်ရာ ရေးမယ် ဆိုပါက လွှတ်တော်က ဆုံးဖြတ်လိမ့်မည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ပြည်ထောင်စု လွှတ်တော်မှ ပြဌာန်း ထားသည့် ဥပဒေ အရ လ.၀.က ၀န်ကြီး ကိုယ်တိုင် ယခုကဲ့သို့ ပြောဆိုခွင့် မရှိသော်လည်း ရိုဟင်ဂျာ သမိုင်းကို ဖျက်ဆီးပစ် နေသည့် အစိုးရမှ ၎င်းတို့ ကိုယ်တိုင် ချမှတ် ထားသည့် ဥပဒေကို ချိုးဖောက်၍ ယခုကဲ့သို့ ပြောဆို နေခြင်းသာ ဖြစ်သည်။
ကိုမိုးဇော်
17.2.2014
မကြာခင် စတင် ဆောင်ရွက်မယ့် သန်းခေါင် စာရင်း ကောက်ယူမှုဟာ တိုင်းရင်းသား တွေအပေါ် ထိခိုက် တာတွေ၊ အချင်းချင်း စိတ်ဝမ်း ကွဲပြား တာတွေ ဖြစ်ပေါ် စေနိုင် တာကြောင့် ဒီအခြေ အနေ တွေကို ဖြေရှင်း ပြီးမှသာ သန်းခေါင် စာရင်း ကောက်ယူဖို့ အတွက် တိုင်းရင်းသားလူမှုအခြေပြု အဖွဲ့အစည်း ၃၀ က တောင်း ဆိုလိုက်ပါတယ်။ ဒီလို ဖြေရှင်းဖို့ အတွက် တိုင်းရင်းသား အဖွဲ့ အစည်း တွေ က ခေါင်းဆောင် တွေ နဲ့ အမြန်ဆုံး တွေ့ဆုံဖို့ ကိုလည်း တောင်းဆို ထားပါတယ်။ ဒီသတင်း အပြည့် အစုံ ကိုတော့ ဗွီအိုအေ မြန်မာ ပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြထား ပါတယ်။
ဒီနှစ် မတ်လ ကုန်မှာ စတင်မယ့် သန်းခေါင် စာရင်း ကောက်ယူမှုမှာ အသုံးပြုမယ့် code အမှတ် အ သားတွေ သတ်မှတ် ရာမှာ မျိုးနွယ်စု အမည် မှားယွင်းတာ၊ ပါဝင် သင့်တဲ့ မျိုးနွယ်စု အမည် စာရင်းတွေ ကျန်ရှိနေတာ၊မျိုးနွယ်စုတခုတည်းကိုဒေသန္တရ အခေါ် အဝေါ်နဲ့ နှစ်ကြိမ်၊ သုံးကြိမ် ဖော်ပြ တာ တွေကြောင့် သက် ဆိုင်ရာ တိုင်းရင်းသား မျိုးနွယ်စု တွေက ကန့်ကွက် တာတွေ ထွက်ပေါ် နေချိန် မှာပဲ တိုင်းရင်းသား လူမှု အခြေပြု အဖွဲ့ အစည်း ၃၀ က အခုလို တောင်းဆို လိုက်တာ ဖြစ်ပါတယ်။
သန်းခေါင် စာရင်း ကောက်ယူ တာကြောင့် တိုင်းရင်းသား တွေအပေါ် ထိခိုက် နိုင်တဲ့ အခြေ အနေ တွေကို ရှာဖွေ ပြီးတဲ့နောက် တောင်းဆိုတာ ဖြစ်တယ်လို့ ကချင် ငြိမ်းချမ်းရေး ကွန်ယက်က ဒေါ်ခွန်ဂျာ က ပြော ပါ တယ်။
“အဓိက- ကတော့ သန်းခေါင် စာရင်းနဲ့ ပတ်သက် ပြီးတော့မှ တိုင်းရင်းသား အားလုံး ထိခိုက် နစ်နာ နေတဲ့ common ground ပေါ့နော်။ အဲဒါကို ရှာလိုက်တယ်။ ပြီးလို့ ရှိရင် အဲဒါကို ဘယ်လို ဖြေရှင်း မလဲ ဆိုတာကို ဆွေးနွေး တိုင်ပင် ပြီးတော့မှ ထုတ်ပြန် လိုက်တာ ပါရှင်။ နံပါတ်တစ် ကတော့ အမြန်ဆုံး တိုင်း ရင်းသား ခေါင်းဆောင် တွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့၊ နံပါတ်နှစ် ကတော့ လက်ရှိ ဖြစ်ပေါ် နေတဲ့ စိုးရိမ် ပူပန် မှုတွေ၊ အခက် အခဲတွေ၊ ပြဿနာတွေ အားလုံးကို ဖြေရှင်း ပြီးမှ သန်းခေါင် စာရင်း ကောက်ခံ မှု ကို ပြုလုပ်ဖို့ ဖြစ်ပါတယ်။”
လောလော ဆယ်မှာ တိုင်းရင်းသား လူမျိုးစု တွေဟာ သန်းခေါင် စာရင်း ကောက်ယူမှု အတွက် သက်ဆိုင်ရာ ကော်မတီတွေ၊ အဖွဲ့ အစည်းတွေ ဖွဲ့စည်း ဆောင်ရွက် နေကြပြီ ဖြစ်တာကြောင့် ဒီကော်မတီ အဖွဲ့ အစည်း ခေါင်းဆောင် တွေနဲ့ တွေ့ဆုံဖို့ တောင်းဆို ထားတာဖြစ်တယ်လို့ ပြောပါတယ်။ အစိုးရ က ပြင်ဆင် ထားတဲ့ သန်းခေါင် စာရင်း ကောက်ယူမှုက ထိခိုက်မယ့် အခြေ အနေ တွေ ကို ဒေါ် ခွန် ဂျာ က အခုလို ပြောပါတယ်။
“ဥပမာ- ကရင်ကိုပဲ ကြည့် ကြည့်ရအောင်။ ကရင်မှာ ဆိုလို့ရှိရင် ဂယ်ခို၊ ဂယ်ဘား ဆိုတာ ကရင် လူမျိုး ဖြစ်တယ်ရှင့်။ ဒီ ကရင် လူမျိုး ဂယ်ခို ဂယ်ဘားကို သူတို့က ကယား ထဲမှာ ထည့်လိုက် တယ်ရှင့်။ က ယား ထဲမှာ ထည့်လိုက်တယ် ဆိုရင် ဒီ ဂယ်ခို ဂယ်ဘားက ကရင် လူမျိုးရဲ့ လူဦးရေ ထဲ မှာ နှစ် မျိုးတောင် မှ လျော့သွား ပါတယ်ရှင့်။ အကယ်၍ ဂယ်ခို၊ ဂယ်ဘား ထည့်အုံးတော့ ကယား လူဦးရေပဲ တိုး လာမှာ ဖြစ်တယ်။ ကရင် လူဦးရေ မတိုးတော့ ဘူးပေါ့။ နောက်ဥပမာ တစ်ခုက နာဂ၊ နာဂဟာ ချင်းမ ဟုတ် ဘူး။ နာဂကို ချင်းအောက်မှာ ထည့်ထားတယ် ဆိုတဲ့ အခါ ကျတော့ ချင်းနဲ့နာဂက စိတ်ဝမ်း ကွဲပြား မှုတွေ ဖြစ်လာ နိုင်တယ်လေ။ အဲလို မျိုးပေါ့။”
နောက်တချက် ကတော့ ကချင် လူမျိုးရဲ့ ၁၂ % ဟာ ကချင် လွတ်လပ်ရေး တပ်ဖွဲ့ KIA ထိမ်းချုပ်တဲ့ ဒေသ အတွင်း ဒုက္ဒသည် စခန်း တွေကို ရောက်ရှိ နေတာကြောင့် စစ်ပွဲတွေ ငြိမ်းချမ်းမှ ကောက်ယူ တာက ပိုမို သင့်တော်မယ် လို့လည်း ဒေါ်ခွန်ဂျာက ထောက်ပြ ပါတယ်။
ဒီအခြေ အနေ တွေကို မဖြေရှင်းဘဲ သန်းခေါင် စာရင်း ကောက်ယူမယ် ဆိုရင် တိုင်းရင်းသား မျိုးနွယ် စု တွေအကြား တင်းမာမှု တွေဖြစ်ပြီး အချင်းချင်း ပဋိပက္ခတွေ ဖြစ်လာ နိုင်မယ် လို့လည်း သုံးသပ် ပါတယ်။
“အခု ဆိုရင် ကျမတို့ တိုင်းရင်း သားတွေ၊ မျိုးနွယ်စုတွေ ကြားထဲမှာ tension တွေ အများကြီး များနေ ပြီပေါ့။ အဲလိုမျိုး tension တွေဆိုတာ conflict ဆိုတဲ့ ဒီ ပဋိပက္ခ တွေကို ဖြစ်ပေါ် လာစေဖို့ အင်မတန်မှ နီးစပ် ပါတယ်ရှင့်။ အဲဒီတော့ ethnic tension ကနေပြီး ethnic conflict မဖြစ်အောင် ကျမတို့ တားဆီးဖို့ လိုအပ်တယ်။ လောလောဆယ် အနေနဲ့သာ ထပ်ကောက်မယ် ဆိုလို့ ရှိရင်တော့ ethnic conflict ဖြစ် လာ နိုင်ဖို့ အများကြီး အလား အလာ ရှိတယ်။ လက်ရှိ လောလောဆယ် အနေနဲ့ ဒီလက်နက် ကိုင် ပဋိပက္ခ ကြားမှာတော့ အပစ် အခတ် ရပ်စဲရေးသော် လည်းကောင်း၊ ငြိမ်းချမ်းရေးသော် လည်းကောင်း process တခုလုံးမှာ ဘယ်လိုမှ အခြေ မခိုင် သေးတဲ့ အချိန်မှာ ဒီဟာကြီးကို (သန်းခေါင် စာရင်း) လာလုပ်တာတော့ ဘယ်လိုမှ အဆင် မပြေဘူးရှင့်။”
တိုင်းရင်း သားတွေရဲ့ စိုးရိမ် ပူပန်မှု တွေကို ဖြေရှင်းပြီး မှသာ သန်းခေါင် စာရင်း ကောက်ယူဖို့ ကိုလည်း တိုင်းရင်းသား လူမှု အဖွဲ့ အစည်း တွေက တောင်းဆို ထားပါတယ်။
လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အား ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီက ဒီလ ၁၀ရက်နေ့ ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာတော့ တိုင်းရင်းသား လူမျိုး အဖွဲ့ အချို့က သန်းခေါင် စာရင်းကောက် ယူတာကို အကျေ အလည် ညှိနှိုင်းပြီးမှ ဆောင်ရွက်ဖို့ တောင်းဆို တာတွေ ရှိပေမယ့် သတ်မှတ်ရက်ကို နောက်ရွှေ့ သွားမှာ မဟုတ်ကြောင်း ပြောပါတယ်။
မြန်မာနိုင်ငံ တ၀ှမ်းလုံး သန်းခေါင် စာရင်း ကောက်ယူတာ ကိုတော့ မတ်လ ၃၀ ရက်နေ့ကနေ ဧပြီလ ၁၀ ရက်နေ့ အတွင်း ဆောင်ရွက်ဖို့ ပြင်ဆင် ထားတာ ဖြစ်ပါတယ်။ မြန်မာ နိုင်ငံမှာ နောက်ဆုံး သန်းခေါင် စာ ရင်း ကောက်ယူ ခဲ့တာ ကတော့ ၁၉၈၃ ခုနှစ်က ဖြစ်ပြီး အခု တကြိမ်ဟာ နှစ်ပေါင်း ၃၀ ကျော်ကာလ အ တွင်း ပထမဆုံး ပြန်လည် ကောက်ယူ မှာလည်း ဖြစ်ပါတယ်။
Sindi Khan
RB News
17.2.2014
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ ငန်းချောင်း ကျေးရွာ အုပ်စုတွင် မေယု တောင်တန်းမှ ဆင်ရိုင်း တစ်ကောင် ၀င်ရောက်၍ ယာခင်းများ၊ တဲများနှင့် နေအိမ်များကို ဖျက်ဆီး နေသော်လည်း သစ်တော ဦးစီးဌာနမှ တာဝန်ယူ ဖြေရှင်း မပေးကြောင်း သတင်း ရရှိပါသည်။
မောင်တော မြို့နယ်၊ မေယု တောင်တန်းမှ ဆင်ရိုင်း တစ်ကောင်သည် ငန်းချောင်း ကျေးရွာအုပ်စု ဂူနာ ရွာနှင့် နိုက်ခ်တောင်န် ရွာများသို့ ၀င်ရောက်၍ ရိုဟင်ဂျာ လူမျိုး များ၏ ယာခင်းများ၊ တဲများ၊ နေအိမ် များနှင့် နေအိမ် အတွင်း သိုလှောင် ထားသည့် ဆန်စပါး များကို ဖျက်ဆီး လျက်ရှိရာ ကျေးရွာ အုပ်ချုပ်ရေး မှူး ဦးဝင်းထွေးက မြို့နယ် အုပ်ချုပ်ရေးရုံးနှင့် သစ်တော ဦးစီးဌာန တို့ကို အကြောင်းကြား ခဲ့သည်။
သို့သော်လည်း သစ်တော ဦးစီးဌာနက ဆင်ရိုင်း လာရာ လမ်းတွင် လူများ မနေရန်၊ ဆင်ရိုင်းကို မမြင် ချင်လျှင် အဝေးသို့ ထွက်သွားရန်နှင့် ဆင်ရိုင်း ရှိရာနေရာတွင် တဲအိမ်များ မဆောက်လုပ်ရန် ကျေးရွာ အုပ် ချုပ်ရေးမှူး မှတဆင့် လူထုကို မှာကြားခဲ့ပြီး ဆင်ရိုင်းကို ဖမ်းဆီး၍ ဒေသခံများ အန္တရာယ် ကင်းအောင် လုပ်ဆောင် ပေးမည်ဟု ပြောကြားခြင်း မရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ဆင် ရိုင်းကြောင့် နေ့စဉ် ယာခင်းများ ပျက်စီး နေရပြီး၊ မေယု တောင်တန်းသို့ ထင်းခုတ်ရန် သွားရန် အတွက် လည်း အခက်ကြုံလျက် ရှိသည်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကြက်ရိုးပြင်ရွာမှ ဒေသခံ ရိုဟင်ဂျာ အချို့သည် ငန်းချောင်း ကျေးရွာကို ဖြတ်သန်း၍ မေယု တောင်တန်းတွင် ထင်းခုတ်ရန် သွားခဲ့ရာ ညနေ (၄) နာရီခန့် တွင် ဆင်းရိုင်းကြီး၏ ရန်ပြုမှုကြောင့် ဦးမိုဟာမတ် ဇာဖောရ် (ဘ) ဦးရှော်ဖီ (အသက် ၅၀ နှစ်) ၏အသက် ဆုံးရှုံး ခဲ့ ရကြောင်း ဒေ သခံ တစ်ဦးက RB News သို့ပြောပါသည်။
RB News
17.2.2014
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ ဥဒေါင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်မောင် နေရာတွင် ယာယီ အစားထိုး ခန့်အပ်ထားသော ယာယီ အုပ်ချုပ်ရေးမှူး ဦးမောင်မြသည် ဒေသခံ ရိုဟင်ဂျာ များထံမှ မတရား သဖြင့် ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။
ယာယီ အုပ်ချုပ်ရေးမှူး ဦးမောင်မြသည် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဥဒေါင်း အနောက်ရွာနေ ဦးအဒူရော်ဟိမ်း (ဘ) ဦးအဒူလာကိမ်းမှ အိမ်နီးချင်း တစ်ဦးနှင့် စကားများ ခဲ့သည်ကို ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးသို့ အကြောင်းကြား ခြင်းမရှိဟု စွပ်စွဲ၍ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့သည်။ ထိုနေ့တွင်ပင် ဥဒေါင်း အနောက်ရွာမှ ဦးအာခ်တာရ် ဟူဆောင်း (ဘ) ဦးဖော်ဇော်လ်အား မလေးရှားသို့ လူကုန်ကူးသည်ဟု စွပ်စွဲပြီး ငွေကျပ် နှစ်သိန်း ငါးသောင်း ညှစ်ယူ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင်လည်း ဥဒေါင်း ပါစ်ကိုရီရွာမှ မော်လ၀ီ ဦးအာမီးန် အုလ္လာ (ဘ) ဦးမော်နီအုလ္လာ အားအိမ်ပြုပြင် သည်ဟု စွပ်စွဲ၍ ငွေကျပ် နှစ်သိန်း၊ ဥဒေါင်း ဇုံမာရွာမှ ဒေါ်ဘာတာချီ (ဘ) ဦးဆွေတာမတ် အားမိုဘိုင်းဖုန်း သုံးစွဲနေသည်ဟု ဆို၍ ငွေကျပ် ငါးသောင်း၊ ဥဒေါင်း အရှေ့ရွာမှ ဦးကော်ရီမုလ္လာ (ဘ) ဦးရှိုက်မောတ် အားလူကုန်ကူး နေသည်ဟု စွပ်စွဲ၍ ငွေကျပ် နှစ်သိန်း ရှစ်သောင်း ညှစ်ယူ ခဲ့ကြောင်း ဒေသခံ များက RB News သို့ပြောပါသည်။
ထို့အပြင် ဥဒေါင်း မြောက်ရွာမှ ဦးဟာဘီအုလ္လာ (ဘ) ဦးဆုလ်တာန်နှင့် အပေါင်း အပါ (၆) ဦးကို ၂၀၁၂ ခုနှစ် ဆူပူ အုံ့ကြွမှုတွင် ပါဝင်သည်ဟု စွပ်စွဲ၍ ငွေကျပ် ဆယ်သိန်း တောင်းခံလျက် ရှိပြီး၊ လွန်ခဲ့သည့်နှစ်က ယခင် အုပ်ချုပ်ရေးမှူးမှ ငွေကျပ် တစ်ဆယ့်ရှစ်သိန်း ညှစ်ခံရသည့် ဥဒေါင်း ဇုံမာရွာမှ ဦးအာဇီဇုလ္လာ (ဘ) ဦးဟာရှီးမ်ကို ၂၀၁၂ ခုနှစ် ဆူပူ အုံ့ကြွမှုတွင် ပါဝင်သည်ဟု ဆို၍ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မောရ၀တီ ရဲကင်း စခန်းမှ ရဲများခေါ်၍ လိုက်လံ ရှာဖွေ နေခြင်းကြောင့် ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရှိ ရပါသည်။
အယ်ဒီတာ့အာဘော်
RB News
17.2.2014
RB – Rohingya Blogger ရဲ့အဓိက ရည်ရွယ်ချက် တစ်ခု ဖြစ်တဲ့ စေတနာ့ ၀န်ထမ်း (Volunteer) များနဲ့ ကွန်ယက် တည်ဆောက်ပြီး မှန်ကန်တဲ့ သတင်း အချက် အလက် များကို ပြည်ထောင်စု အစိုးရ နဲ့ နိုင်ငံ တကာ အသိုင်း အ၀ိုင်းများ သိစေရေး ဆိုတဲ့ အချက်က အခုဆိုရင် အတော်လေး ခရီးရောက် နေပြီ လို့ ဆို ရမှာပါ။ ကျွန်တော်တို့ ၀ိုင်းတော်သား တွေရဲ့ စေတနာ ရောင်ပြန် ဟပ်မှုကြောင့် ရိုဟင်ဂျာ ပြည်သူ များရဲ့ ယုံကြည် စိတ်ချမှု၊ အားကိုးမှုတွေဟာကျွန်တော်တို့ အတွက် ခွန်အားတွေ ပိုမို ဖြစ်ထွန်း လာစေ ခဲ့ပါ တယ်။
အချက် အလက် မှန်ကန် တိကျစွာ တင်ပြနိုင်ခဲ့မှု များကြောင့် ရိုဟင်ဂျာ ပြည်သူ များရဲ့ ဆုံးရှုံး နစ်နာမှုများ အတွက် အဆိုးထဲက အကောင်းတွေ ဖြစ်နေတာလည်း အားရစရာလို့ ပြောရမှာပါ။ ကျွန်တော် တို့ရဲ့ ရည် ရွယ်ချက် အတိုင်း ရိုဟင်ဂျာ ပြည်သူများ နေ့စဉ် ခံစားနေ ရတဲ့ အတိဒုက္ခ များကို တတ်နိုင် သရွေ့ မီဒီ ယာ ကို လက်နက် သဖွယ် အသုံးချပြီး ဆက်လက် ကြိုးစား သွားမယ်လို့ သစ္စာပြု ပါတယ်။
စာရှည်ရှည် ရေးပြီး အများကြီး ပြောဆိုတာထက် စာတိုတိုနဲ့ ထိရောက်အောင် ပြောပါရစေ။
ဒုချီရာတန်း ပြဿနာ ပေါ်ပေါက် လာတဲ့ ဇန်န၀ါရီလ ၁၃ ရက်နေ့ နောက်ပိုင်းမှာ ရိုဟင်ဂျာ အမျိုးသမီး များ ရဲ့ ရဲရဲဝံ့ဝံ့ ပြောဆို နိုင်မှု၊ အသက် အန္တရာယ် ကိုတောင် မစိုးဝံ့ဘဲ အမှန်တရား အတွက် အသက်ကိုပါ ရင်းနှီး မြှပ်နှံမယ် ဆိုတဲ့ ယုံကြည်မှုနဲ့ ဖြစ်စဉ် အမှန်ကို အာဏာပိုင် တွေရှေ့မှာ ပြောဆိုရဲ လာတာက ကျွန်တော်တို့ လူမျိုးအတွက် အင်မတန် အားရ ကျေနပ်စရာ တစ်ခု ဖြစ်လာ ပါတယ်။
သို့သော်လည်း ရိုဟင်ဂျာ အမျိုးသား အချို့ရဲ့ ရင်ထဲမှာ ကိန်းအောင်း နေတဲ့ အကြောက် တရား အချို့ကို ဖယ်ထုတ်ပြီး ရဲစွမ်း သတ္တိနဲ့ အစားထိုး လိုက်ပါလို့ ပြောလို ပါတယ်။
အထူးသဖြင့် ငွေညှစ်ခံ ရတဲ့ ကိစ္စတွေမှာ စစ်ဆေးရေး အဖွဲ့တွေ လာပြီး စစ်ဆေးတဲ့ အခါမှာ အမှန် ပြောရင် ထပ်ပြီး ညှဉ်းပန်း နှိပ်စက် ခံရမယ်လို့ ခြိမ်းခြောက် လာတာတွေ ရှိတဲ့ အတွက် အမှန်ကို မပြောဝံ့ပဲ ဖြစ်နေ တာတွေ ရှိနေတယ်လို့ လေ့လာ တွေ့ရှိ ရပါတယ်။
အတိုချုန်းပြီး ပြောလိုတာက အမှန်တရား အတွက် အသက်ကို ရင်းနှီး မြှပ်နှံဖို့ အသင့်ရှိ နေလိုက်ပါ။ ရိုဟင် ဂျာ ပြည်သူ များရဲ့ ရင်ထဲက အကြောက် တရားကို ဖယ်ထုတ်ပြီး ရဲစွမ်း သတ္တိနဲ့ အစားထိုးရင်း ညှဉ်း ပန်း နှိပ်စက်မှု အပေါင်း ကနေ ကင်းဝေးအောင် ကြိုးစား ကြပါလို့ RB – Rohingya Blogger ၀ိုင်းတော် သားများက တိုက်တွန်း လိုက်ပါတယ်။
RB – Rohingya Blogger ၀ိုင်းတော်သားများ
RB News
16.2.2014
ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ်၊ ကိုးတန်ကောက် ကျေးရွာ အုပ်စု၊ ချိန်ခါ လီ ကျေး ရွာတွင် ရွာလုံခြုံရေး တာဝန်ယူ၍ ကင်းစောင့်နေသည့် ဒေသခံ ရွာသား ၄ ဦးကို စစ်သား တစ်ဦး က လူမ ဆန်စွာ ထိုးကြိတ် ရိုက်နှက် ခဲ့ကြောင်း သတင်း ရရှိပါသည်။
ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ည ၁၀ နာရီ အချိန်တွင် ရသေ့တောင် မြို့နယ်၊ ကိုးတန်ကောက် ကျေးရွာ အုပ်စု၊ ချိန်ခါလီ ကျေးရွာတွင် ရွာလုံခြုံရေး တာဝန်ယူ၍ ကင်းစောင့်နေသည့် ဦးဟာဆူ (ဘ) ဦးအဒူရာမန် အပါအ၀င် ဒေသခံ ရွာသား (၄) ဦးကို အမှတ် (၂၃၄) တပ်မတော် တပ်ရင်းမှ စစ်သား တစ်ဦးက အကြောင်းမဲ့ လူမဆန်စွာ ထိုးကြိတ် ရိုက်နှက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
အဆိုပါ စစ်သားသည် ရွာထဲသို့ တပ်ရင်းမှ အဖွဲ့ဖြင့် ရောက်ရှိ လာခြင်း ဖြစ်ပြီး၊ အကြောင်းပြချက် တစ်စုံ တစ်ရာ မရှိဘဲ ရိုက်နှက် ခဲ့ခြင်း ဖြစ်ပြီး၊ လူမဆန်စွာ ထိုးကြိတ်မှုကြောင့် ဦးဟာဆူ၏ သွား (၄) ချောင်း ကျိုး သွားကြောင်း သိရှိ ရပါသည်။
ယခုကဲ့သို့ လူမဆန်စွာ ထိုးကြိတ် ရိုက်နှက်ခြင်းကို ခုခံ ကာကွယ် ပိုင်ခွင့် ရှိသော်လည်း၊ ပြန်လည် ခုခံပါက အာဏာပိုင် များက ဖြစ်စဉ်ကို ပြောင်းပြန် ပြုလုပ်မည် ဖြစ်သော်ကြောင့် သည်းခံ ခဲ့ရပြီး၊ ဥပဒေ အရ တရား မျှတမှုကို တောင်းဆိုလျှင်လည်း အစိုးရမှ ချမှတ် ထားသည့် ဥပဒေသည် ရိုဟင်ဂျာ လူမျိုး များကို ကာ ကွယ်ပေးခြင်း မရှိဟု ဒေသခံ များမှ ပြောပါသည်။
Hla
RB News
16.2.2014
ကျောက်တော် ။ ။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝ ကျေးရွာမှ ရိုဟင်ဂျာ လူငယ် တစ်ဦး ကို ရခိုင် အစွန်းရောက် များက အကြမ်းဖက် တိုက်ခိုက်သဖြင့် မျက်စိထိမှန်၍ ဒဏ်ရာ ပြင်း ထန်စွာ ရရှိ ခဲ့ကြောင်း သတင်း ရရှိပါသည်။
ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေပိုင်းတွင် ကျောက်တော် မြို့နယ်၊ အပေါက်ဝ ကျေးရွာမှ ရော်ဟီးမုလ္လာ (ဘ) ဦးဆာလေအာမတ် (အသက် ၁၇ နှစ်) သည် မိသားစုများ စားဝတ် နေရေး အတွက် ကုလားတန်မြစ် တွင် ပိုက်ချ၍ ငါးဖမ်း နေစဉ် ရခိုင် အစွန်းရောက် များမှ စက်လှေ တစ်စီးဖြင့် လိုက်လာပြီး လေးခွဖြင့် ပစ် ခတ်၍ တိုက်ခိုက်ရာ မျက်စိသို့ ထိမှန်ပြီး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ဆင်းရဲ နွမ်းပါးသည့် မိသားစုသည် ရော်ဟီးမုလ္လာ၏ ဒဏ်ရာကို ဆေးကုသ ပေးရန် မလွယ်ကူ သောကြောင့် မျက်စိကန်း ရမည့် အခြေ အနေတွင် ရှိနေကြောင်း သိရှိ ရပါသည်။
အဆိုပါ လူငယ်ကို တိုက်ခိုက်သည့် အဖွဲ့မှာ ဦးထွန်းဝင်း (စစ်တွေ) ဦးဆောင်သည့် ရခိုင် လူငယ်များ ကွန်ယက် ဖြစ်ပြီး၊ ထိုအဖွဲ့သည် ရခိုင်ပြည်နယ် တောင်ပိုင်းရှိ မြို့နယ် များတွင် ရေလမ်း၊ ကုန်းလမ်းမှ သွားလာသော ရိုဟင်ဂျာ များကို စောင့်ဆိုင်း၍ တိုက်ခိုက်ခြင်း၊ လုယက်ခြင်း၊ သတ်ဖြတ်ခြင်း များကို မကြာ ခ ဏ ပြု လုပ်သည့် အဖွဲ့ဖြစ်ကြောင်း ဒေသခံ များမှ ပြောပါသည်။
![]() |
| ကျောက်တော်မြို့ - ကုလားတန်မြစ် (ဓါတ်ပုံ - Google) |
MYARF
RB News
16.2.2014
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဒုချီရာတန်း၌ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များကို စုံစမ်းရန် ရောက်ရှိ နေသည့် စုံစမ်းရေး ကော်မရှင်ကို လိမ်ညာ ထွက်ဆိုခိုင်းရန် မြို့နယ် အုပ်ချုပ်ရေးမှူး အာဏာပိုင် များက လျှို့ဝှက် စီစဉ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။
ယနေ့ နံနက် ၁၁း၃၀ နာရီတွင် မောင်တောမြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုးမြင့်၊ ဂေါ်ဒူသာရ တံတား ကင်းစခန်းမှ စခန်းမှူးနှင့် ဒုချီရာတန်း အုပ်ချုပ်ရေးမှူး တို့သည် ဆန် ၅၅ အိတ်၊ ကြက်သွန်နီ ၅ အိတ်၊ ကုလားပဲ (၄) အိတ်နှင့် စားအုန်းဆီး (၁၀) ဗုံးတို့ ယူဆောင်ပြီး ဒုချီရာတန်း ရွာသို့ သွားရောက်၍ အကြမ်းဖက် ခံရပြီးနောက် ထွက်ပြေး တိမ်းရှောင် သွားသော ရွာသားများထဲမှ ပြန်ရောက် လာသည့် ဒေသခံ ရွာသားများကို ထောက်ပံ့ ပစ္စည်းများ လာထုတ်ရန် ပြောကြား ခဲ့သည်။ သို့သော်လည်း အကြမ်းဖက်ခံ ဒေသခံ များက ပေးအပ်သည့် ထောက်ပံ့ ပစ္စည်းများကို ယူရန် ငြင်းခဲ့ပြီး၊ ဒေသခံများက အကြမ်းဖက် ခံရသည့် ဖြစ်ရပ် အမှန်ကို ရောက်လာသမျှ အဖွဲ့အစည်း လူပုဂ္ဂိုလ် များအား ရှင်းလင်း ပြောကြား ခဲ့သော်လည်း ဘယ်အဖွဲ့ အစည်း ဘယ်ပုဂ္ဂိုလ်ကမှ အကြမ်းဖက်ခံ ရမှုများ အတွက် တာဝန်ယူ ဖြေရှင်း မပေးခဲ့သည့် အပြင် မည်သည့် အကြမ်းဖက်မှုမှ မဖြစ်ခဲ့ဟု ဆိုကာ လိမ်ညာ ပြောဆိုနေကြောင်း၊ အစားအသောက် ရိက္ခာများ ပြတ်လတ် နေသည်မှာ ကြာမြင့် နေပြီ ဖြစ်သော်လည်း မစား မသောက်ဘဲ နောင်လည်း နေနိုင်ကြောင်း၊ အကြမ်းဖက်ခံရမှု များကို တာဝန်ယူ ဖြေရှင်း မပေးနိုင်သည့် သူများ၏ အကူအညီ များကို လက်ခံစရာ အကြောင်းမရှိကြောင်း ဦးအောင်မျိုးမင်းနှင့် အဖွဲ့ကို ပြောကြား ခဲ့သည်ဟု ဒေသခံများက RB News သို့ပြောပါသည်။
ဦးအောင်မျိုးမင်းနှင့် အဖွဲ့က ဒေသခံများကို အမျိုးမျိုး ဖြောင်းဖျ ခဲ့သော်လည်း မအောင်မြင် ခဲ့သဖြင့် ဂေါ်ဒူသာရ၊ ဒုညောင်ပင်ကြီး၊ ပဒင်း ကျေးရွာ အုပ်ချုပ်ရေးမှူး များကိုခေါ်၍ ထောက်ပံ့ရန် ယူလာသည့် ပစ္စည်းများကို စောင့်ရှောက်ရန် မှာကြားပြီး ဒုချီရာတန်းက မူလတန်းကျောင်းတွင် ထား၍ ပြန်သွားခဲ့ကြောင်း သိရှိ ရပါသည်။ ဤကဲ့သို့ ထောက်ပံ့ ပစ္စည်းများ ပေးရန် လာသည့်နေ့နှင့် သမ္မတ ဦးသိန်းစိန် ဖွဲ့စည်း ပေးသည့် စုံစမ်းရေး ကော်မရှင် မောင်တောမြို့သို့ ရောက်ရှိ နေသည့် အချိန်နှင့် တိုက်ဆိုင် နေပါသည်။ ဒုချီရာတန်းသို့ ယူဆောင်သွားသော ထောက်ပံ့ ပစ္စည်းများကို မောင်တော နယ်စပ် ကုန်သည်များ အသင်းမှ အာဏာပိုင် များက အတင်း တောင်းယူ သွားခဲ့ကြောင်း သိရှိ ရပါသည်။
ဒုချီရာတန်း စုံစမ်းရေး ကော်မရှင် အဖွဲ့သည် ယမန်နေ့က မောင်တော မြို့သို့ ရောက်ရှိ ခဲ့ပြီး၊ ယနေ့ နံနက် ၁၁ နာရီတွင် မောင်တော ခရိုင် အုပ်ချုပ်ရေး ရုံး၌ ခရိုင် အုပ်ချုပ်ရေး အဖွဲ့ဝင်မျာ၊ ဌာန ဆိုင်ရာ အကြီးအကဲ များနှင့် အချိန် ကြာကြာ ဆွေးနွေး ခဲ့သည်။
တဆက်တည်းမှာပင် မောင်တော မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြည်စန်းက ဒုချီရာတန်း အနီးတ၀ိုက် ရွာများမှ အုပ်ချုပ်ရေးမှူး များကို လျှို့ဝှက် ဆင့်ခေါ်၍ ဒုချီရာတန်း ဖြစ်စဉ်များကို လေ့လာ စုံစမ်းရန် ရောက်ရှိ နေသော စုံစမ်းရေး ကော်မရှင်နှင့် ပညာတတ် များကို တွေ့ဆုံခွင့် မပေးရန်၊ တွေ့ဆုံသည့် သူများကိုလည်း စာရွက်စာတမ်းများ၊ Memory stick များ ပေးခွင့် မပေးရန်၊ အကယ်၍ ပေးခဲ့ပါကလည်း ပေးသည့်သူများ၏ အမည်စာရင်း အတိအကျကို မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးသို့ အချိန်မှီ အစီရင်ခံရန် ခြိမ်းခြောက် သလိုဖြင့် အလေးအနက် မှာကြား ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ဒေသခံများက ယခုကဲ့သို့ အကြမ်းဖက်မှု များကို ဒေသဆိုင်ရာ အာဏာပိုင် များက ပြုလုပ်ခဲ့ပြီး၊ စုံစမ်းရေး ကော်မရှင် လာသည့် အခါတွင် အဖြစ်မှန်များ မသိရှိ သွားစေရန် ခြိမ်းခြောက် ဟန့်တားမှု များကို အောက်ခြေ အာဏာပိုင် များက ပြုလုပ်နေသည်ကို ပြည်ထောင်စု အစိုးရမှ သိရှိရန် လိုအပ်သည်ဟု ပြောပါသည်။
MYARF မှ သတင်းပေးပို့သည်။
MYARF မှ သတင်းပေးပို့သည်။
RB News
16.2.2014
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်တွင် ချိန်ခါလီ ကျေးရွာတွင် ဒုချီရာတန်း ကဲ့သို့ လုပ်ဇတ် တစ်ခု ဖန်တီးရန် ကြိုးစား ခဲ့သော်လည်း ဒေသခံ ရွာသား များ၏ တာဝန် သိတတ်မှုကြောင့် အချိန်မှီ ဟန့်တား နိုင်ခဲ့ကြောင်း သတင်း ရရှိပါသည်။
ယနေ့ ညနေစောင်း ၆ နာရီ မိနစ် ၅၀ အချိန်တွင် မောင်တော မြို့နယ် ချိန်ခါလီ ကျေးရွာ (အုန်းတော ကျေးရွာ) အရှေ့ဘက် အထွက် ကားလမ်းမ အကွေ့ ဘေးနားရှိ မွတ်စလင် သင်္ချိုင်းနားတွင် စစ်သား တစ်ဦး အရက်မူး ဟန်ဆောင်၍ လဲနေခဲ့သည်။ ထိုသို့ လဲနေသည်ကို ဒေသခံ ရွာသားများ မြင်၍ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအော်ဂျီအုလ္လာကို အကြောင်းကြားပြီး ပြန်လာရာတွင် အဆိုပါ စစ်သား မရှိတော့ဘဲ ၎င်း၏ စစ်ကျောပိုးအိတ် တစ်အိတ်သာ တွေ့ရှိ ခဲ့ရသည်။
အိတ်ထဲတွင် ပစ်စတို တစ်လက်၊ ငွေကျပ် တစ်သိန်းနှင့် ၀န်ထမ်းကဒ် တစ်ကဒ် တွေ့ရှိ ခဲ့ရပြီး၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဒေသခံ များက သတင်းတပ်ဖွဲ့ (SB) မှ ဦးအောင်ကျော်သန်းကို အကြောင်းကြားရာ၊ အလယ်သံကျော်ရှိ သတင်းတပ်ဖွဲ့ရုံးသို့ အပ်နှံရန် မှာကြား သဖြင့် အလယ်သံကျော် သတင်းတပ်ဖွဲ့ ရုံးတွင် အပ်နှံ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။
ဒေသခံ များက ယခု ဖြစ်စဉ်မှာ ဒုချီရာတန်း ကဲ့သို့ စစ်သား တစ်ဦးကို ဒေသခံ ရွာသား များက သတ်လိုက်သည်ဟု တမင် ဖန်တီးရန် ရည်ရွယ်၍ ပြုလုပ်ခြင်းသာ ဖြစ်သည်ဟု ဝေဖန် ပြောဆို နေကြသည်။
RB News
16.2.2014
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ စိမ်းညှင်းပြား ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ဒေသခံ ရွာသား များထံမှ နည်းမျိုးစုံဖြင့် မတရား ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိ ပါသည်။
စိမ်းညှင်းပြား ကျေးရွာအုပ်စုသည် ဘူးသီးတောင် မြို့နယ် တောင်ပိုင်း (၈) မိုင်အကွာတွင် တည်ရှိပြီး၊ မြို့နယ် အုပ်ချုပ်ရေးမှူးက လစဉ် ရပ်ကွက်၊ ကျေးရွာ အုပ်စုများ၏ အုပ်ချုပ်ရေးမှူး များနှင့် အစည်းအဝေး များတွင် ရွာထွက် လက်မှတ်၊ ထောက်ခံစာနှင့် ဧည့်စာရင်း တိုင်ကြားရာတွင် အခမဲ့ ပြုလုပ်ပေးရန် ညွန်ကြားချက် ရှိကြောင်း၊ လက်ထပ်ခွင့် ကိုလည်း အချက် (၄) ချက်နှင့် ညီပါက အခမဲ့ ဆောင်ရွက် ပေးပြီး လက်ထပ်သူ များ၏ အမည်စာရင်း များကို မှတ်တမ်း စာအုပ်တွင် မှတ်တမ်း တင်ရမည်ဟု ညွန်ကြား ခဲ့သည်။
သို့သော်လည်း စိမ်းညှင်းပြား ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ထောက်ခံစာ တစ်စောင်လျှင် ၅၀၀ ကျပ်၊ ဧည့်စာရင်း တစ်ဦးလျှင် ၅၀၀ ကျပ်နှင့် ရွာထွက် လက်မှတ် တစ်စောင်လျှင် ၅၀၀ ကျပ်ကောက်ခံ လျက်ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ လက်ထပ်ခွင့် တင်သူများထံမှလည်း ငွေသိန်းချီ၍ တောင်းခံလျက်ရှိရာ မေးခွန်း ထုတ်သူများကို ၂၀၁၂ ခုနှစ် ဆူပူ အုံကြွဖြစ်အောင် လှုံ့ဆော်သူ များတွင် ပါဝင်သည်ဟု စွပ်စွဲ၍ ထောင်ချမည်ဟု ခြိမ်းခြောက်ကြောင်း သိရှိ ရပါသည်။
လက်ထပ်ခွင့် ရရန်အတွက် ငွေညှစ်ခံရသူ များမှာ --
(၁) မာမတ်ဆုလ်တာန် (ဘ) ဦးဖာရုခ်အာမတ် - တောဂံမြောက်ရွာမှ - (ပေးရသည့်ငွေ ၃ သောင်း)
- မရှော်ဟိဒါ (ဘ) ဦးအဘူဆိဒိတ် - ဒိုင်းနက်ပြင်ရွာမှ - (ပေးရသည့်ငွေ ၁ သိန်း ၃ သောင်း)
(၂) မာမတ်ဇူဘိုင်ရ် (ဘ) ဦးမာမတ်နော်ဆိမ် (အသက် ၂၅ နှစ်) - ရက်ချောင်းရွာမှ
- မဒိလ်နုဝါစ် (ဘ) ဦးဇာဟဲတ် (အသက် ၁၉ နှစ်) - ဈေးအနောက်ရွာမှ (နှစ်ဦးပေါင်း ပေးရသည့်ငွေ ၃ သောင်း)
(၃) အာရော်ဖ်အုလ္လာ (ဘ) ဦးအမိရ်ဟူစိန်း (အသက် ၂၃ နှစ်) - ပြင်ရှည်အရှေ့ရွာမှ (ပေးရသည့်ငွေ ၁ သောင်း)
(၄) မာမတ်ဘော်ခ်ရှု (ဘ) ဦးမာမတ်ဇော်လာလ် (အသက် ၂၃ နှစ်) - တောကံမြောက်ရွာမှ (ပေးရသည့်ငွေ ၅ သောင်း)
- မဟူမိုင်ရာ (ဘ) ဦးမာမတ် (အသက် ၁၉ နှစ်) - တောကံမြောက်ရွာမှ (ပေးရသည့်ငွေ ၁ သောင်း)
(၅) ဆာဒဲက် (ဘ) ဦးဟာကီးမ် (အသက် ၂၂ နှစ်) - တင်းဆက်ရွာမှ (ပေးရသည့်ငွေ ၁ သောင်း ၃ ထောင်)
(၆) ရော်ဖိတ် (ဘ) ဦးရော်ရှိတ်အာမတ် (အသက် ၂၀ နှစ်) - တင်းဆက်ရွာမှ (ပေးရသည့်ငွေ ၂ သောင်း ၅ ထောင်)
(၇) ဆာဘေရ် (ဘ) ဦးနော်ဇိရ် (အသက် ၂၆ နှစ်) - ဈေးအရှေ့ရွာမှ (ပေးရသည့်ငွေ ၁ သောင်း ၅ ထောင်)
(၈) မောန်ဆုရ်အာလမ် (ဘ) ဦးအဘုလ်ကလာမ် (အသက် ၂၅ နှစ်) - ပြင်ရှည်အရှေ့ရွာမှ - (ပေးရသည့်ငွေ ၃ သောင်း)
(၉) နူရ်ဟူစိန်း (ဘ) ဦးယာကုပ်အာမတ် (အသက် ၂၅ နှစ်) - ပြည်ရှည်အရှေ့မှ - (ပေးရသည့်ငွေ ၁ သိန်း) -- တို့ဖြစ်သည်။
ထို့အပြင် ညှဉ်းပန်း နှိပ်စက်မှု ဒဏ်ကို မခံနိုင်၍ တစ်ဖက်နိုင်ငံသို့ ထွက်ပြေး သွားသူ များကို ပြန်လာနိုင်သည်ဟု ဆိုကာ ခေါ်ယူပြီး ငွေညှစ်ရာ၊ ပြန်လာသူ တစ်ဦးက တောင်းသည့် ငွေကို မပေးဘဲ ပြန်လည် ထွက်ပြေးရန် ကြိုးစား နေစဉ် တစ်ဖက်နိုင်ငံသို့ ထွက်မပြေး ခဲ့သည့် ဇနီးသည်ကိုပါ ဖမ်းဆီး၍ အမှုဖွင့်ခဲ့ရာ တရားရုံးမှ ဇန်န၀ါရီလ ပထမ အပတ်တွင် ထောင်ဒဏ် ၅ နှစ်စီ ချမှတ်၍ အပြစ်ပေး ခဲ့သည်။ တစ်ဖက်နိုင်ငံသို့ ထွက်ပြေး ခဲ့သူမှ ရှော်ဖိအုလ္လာ (ဘ) ဦးအဒူဆလာမ် (အသက် ၂၃ နှစ်) ဖြစ်ပြီး၊ ၎င်း၏ ဇနီးသည် ဖြစ်သူ (တစ်ဖက်နိုင်ငံသို့ ထွက်မပြေးခဲ့သူ) မဟာဆီနာ (ဘ) ဦးအဒူကယူမ် (အသက် ၂၀ နှစ်) သည် ကိုယ်ဝန် ၇ လဖြင့် အကျဉ်းကျ ခံနေရသည်။ တရားရုံးတွင် မဟာဆီနာ၏ အိမ်ထောင်စု စာရင်းပြ၍ တစ်ဖက် နိုင်ငံသို့ ထွက်မပြေး ခဲ့ကြောင်း အထောက် အထားပြ ခဲ့သော်လည်း လက်ခံ စဉ်းစားပေးခြင်း မရှိခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ယခုအခါ အုပ်ချုပ်ရေးမှူးက ထောင်ဒဏ် ၅ နှစ်ချခံရသူ နှစ်ဦးစလုံးကို ပြန်လည် လွတ်မြောက်အောင် ပြုလုပ် ပေးမည်ဟု ဆိုကာ ငွေကျပ် ၁ သိန်း ၇ သောင်းကို ရှော်ဖိအုလ္လာ၏ ဖခင်ဖြစ်သူ ဦးအဒူဆလာမ် ထံမှ ယူထားကြောင်း သိရှိ ရပါသည်။
ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးကို ဆောက်လုပ်စဉ် အခါကလည်း ငွေကြေး တတ်နိုင်သူ များက ဆောက်လုပ် စရိတ်ကို ပေးအပ် ခဲ့သော်လည်း၊ ဆင်းရဲသည့် ရွာသား များထံမှ သစ်များ ယူခဲ့သည့် အပြင် အတင်း အဓမ္မ လုပ်အားပေး ခိုင်းခြင်းများ ပြုလုပ် ခဲ့သည်ဟု ဒေသခံ များက ပြောပါသည်။ ထို့အပြင် အစ္စလာမ် ဘာသာဝင် များ၏ အီးဒ်နေ့တွင်လည်း နွားတစ်ကောင်လျှင် ငွေကျပ် တစ်ထောင်နှုန်း ကောက်ခံ ခဲ့ကြောင်း သိရှိ ရပါသည်။
ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးကို ဆောက်လုပ်စဉ် အခါကလည်း ငွေကြေး တတ်နိုင်သူ များက ဆောက်လုပ် စရိတ်ကို ပေးအပ် ခဲ့သော်လည်း၊ ဆင်းရဲသည့် ရွာသား များထံမှ သစ်များ ယူခဲ့သည့် အပြင် အတင်း အဓမ္မ လုပ်အားပေး ခိုင်းခြင်းများ ပြုလုပ် ခဲ့သည်ဟု ဒေသခံ များက ပြောပါသည်။ ထို့အပြင် အစ္စလာမ် ဘာသာဝင် များ၏ အီးဒ်နေ့တွင်လည်း နွားတစ်ကောင်လျှင် ငွေကျပ် တစ်ထောင်နှုန်း ကောက်ခံ ခဲ့ကြောင်း သိရှိ ရပါသည်။
RB News
16.2.2014
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ပဒင်း ကျေးရွာအုပ်စု တာဝန်ခံနှင့် မကျီးချောင်း အခြေစိုက် လုံထိန်း စခန်းမှူးတို့ ပူးပေါင်း၍ လူကုန်ကူးမှု လုပ်ငန်းကို ပေါ်ပေါ်တင်တင် လုပ်ကိုင်လျက် ရှိသည့်အပြင် ဒေသခံ များကိုလည်း မဟုတ်မမှန် စွပ်စွဲပြီး ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။
မောင်တောမြို့နယ်၊မကျီးချောင်းကျေးရွအခြေစိုက်လုံထိန်းကင်းစခန်းမှ စခန်းမှူး ရဲအုပ်မျိုးဝင်း၊ ပဒင်း ကျေး ရွာ အုပ်စု တာဝန်ခံ ဦးမာမတ်ရှော်ဖီနှင့် အခြား လူကုန်ကူးသည့် အာဏာပိုင်များ ပူးပေါင်း၍ လူတစ်ဦး ထံမှ စက်လှေခ ငွေကျပ် ၅ သောင်းစီ ယူကာ မလေးရှား နိုင်ငံသို့ ပို့ဆောင်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ မလေးရှား နိုင်ငံသို့ သွားမည့်သူပေါင်း တစ်ထောင်ကျော်ကို စုဆောင်း ထား သည် ဟု မျက်မြင် သက်သေ များက ပြောပါသည်။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ စိန့်မာတင်ကျွန်း အနီး ပင်လယ်ပြင်တွင် ဘင်္ဂ လားဒေ့ရှ် ရေကြောင်း လုံခြုံရေး အဖွဲ့မှ ဖမ်းဆီးမိသည့် ၁၈၃ ဦးမှာလည်း ၎င်းတို့မှ စက်လှေဖြင့် တင်ဆောင် ပေး ခဲ့သူများ ဖြစ်သည်ဟု ဒေသခံ များက ပြောပါသည်။ စက်လှေများဖြင့် မလေးရှား နိုင်ငံသို့ ထွက်ခွာသူ အများစုမှာ မကျီးချောင်းမှ တဆင့်ထွက်ခွာ နေခြင်း ဖြစ်သည်ဟု ဆိုသည်။
လူကုန်ကူးမှု လုပ်ငန်းအပြင် ဒေသခံများကို မဟုတ်မမှန် စွပ်စွဲ၍ ငွေညှစ်လျက်ရှိရာ ကောင်းတကာရွာမှ မာမတ်ရှော်ရိဖ် (ဘ) ဦးမာမတ်ဆုလ်တာန်အား တစ်ရွာတည်းနေ ဦးမာမတ်ရှော်ဖီ၏ သမီးကို လျှို့ဝှက် လက်ထပ်ထားသည်ဟု စွပ်စွဲ၍ ဖမ်းဆီး ချုပ်နှောင်ကာ ငွေကျပ် ၇ သိန်းယူ၍ ပြန်လည် လွှတ်ပေးခဲ့သည်။ လွန် ခဲ့ သည့် ဒီဇင်ဘာလ ၂၅၊ ၂၀၁၃ နေ့တွင်လည်း ကညင်တန်းရွာရှိ ဦးရှကူရ် အိမ်သို့ အလည်အပတ် လာရောက် ခဲ့သည့် မောင်နီရွာသား ဖေရုစ်ခါန် (ဘ) ဦးမာမတ်အာမီးန် ကိုလည်း ဧည့်စာရင်း တိုင်ခြင်း မရှိ ဟု စွပ်စွဲပြီး ငွေကျပ် ၂၇၅၀၀၀ ညှစ်ယူ ခဲ့သည်။ ထို့အပြင် ဒုညောင်ပင်ကြီး ကျေးရွာ မြောက်ရွာနေ အီလ် ယာစ် (ဘ) ဦးကာလာကို ကညင်တန်းရွာမှ ဦးဆုလ်တာန်၏ သမီးနှင့် တရားမ၀င် ပေါင်း သင်း နေ သည်ဟု စွပ်စွဲ၍ ဖမ်းဆီးပြီး ငွေကျပ် ၂ သိန်း ယူ၍ ပြန်လည် လွှတ်ပေး ခဲ့သည်။
ရေဖုန်းပြင် ရွာမှ ဒေါ်အမီနာ (ဘ) ဦးမာမတ်ဟူစိန်း၏ အိမ်ခြံမြေ ၀.၀၉ ဧကကိုလည်း ၎င်းရွာမှ ဦးဆွေ တာလမ် (ဘ) ဦးဖော်ဇိလ်အာမတ်ကို ငွေကျပ် ၆ သိန်းဖြင့် ရောင်းချ ခဲ့ကြောင်း ဒေသခံ များက RB News သို့ပြောပါသည်။ ထိုကဲ့သို့ ငွေညှစ်ခြင်းများ၊ ဒေသခံ များမှ ပိုင်ဆိုင်မှု များကို မတရားသဖြင့် သိမ်းပိုက် ၍ ရောင်း ချခြင်း များကို မကျီးချောင်း လုံထိန်း စခန်းမှူးနှင့် ပဒင်း ကျေးရွာ အုပ်စု တာဝန်ခံတို့ ပူးပေါင်း၍ လုပ်ဆောင် ခဲ့ကြောင်း သိရှိ ရပါသည်။
Sindi Khan
RB News
15.2.2014
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ ပွင့်ဖြူချောင်း ကျေးရွာတွင် ကင်းစောင့် နေ သည့် ရွာသား ၉ ဦးကို ရဲများက အကြောင်းမဲ့ ပြစ်ဒဏ် ပေးပြီး၊ ကြက်များနှင့် ငွေအချို့ ယူသွားကြောင်း သတင်း ရရှိပါသည်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ညပိုင်းတွင် မောင်တောမြို့နယ်၊ မြောက် ပိုင်း ပွင့်ဖြူချောင်း ကျေးရွာ တွင် ကင်း စောင့် နေ သည့် ရွာ သား ၉ ဦးကို ကျားခေါင်တင် ကျေးရွာ အခြေစိုက် အမှတ် (၁၂) ရဲကင်း စခန်း မှ တပ်ကြပ်ကြီး ဇော်လတ်မင်းနှင့် ရဲအချို့က အကြောင်းမဲ့ ပြစ်ဒဏ် ပေးခဲ့ကြောင်း သိရှိ ရပါသည်။ ည သန်းခေါင်ယံ ၁၂ နာရီ ခန့်တွင် တပ်ကြပ်ကြီးဇော် လတ်မင်းနှင့် အဖွဲ့ပွင့်ဖြူချောင်းကျေးရွာ သို့ရောက်ရှိ လာပြီးကင်းစောင့် နေ သည့် ရွာသား များကို “ငါတို့လာတဲ့ အချိန် မင်းတို့ ဘာကြောင့် မအော်တာလဲ? အိပ်နေတာလား” ဟု ပြောဆိုပြီး၊ ကင်းစောင့် နေသည့် ရွာသား ၉ ဦးကိုမအော်သည့် အတွက် အပြစ်ရှိ သည် ဟု ဆိုကာ အနီးရှိ ပုဇွန်ကန် တွင် ည ၁၂ နာရီမှ နံနက် ၃ နာရီအထိ ရေထဲတွင် ရပ်ခိုင်း၍ မတရား သဖြင့် ပြစ်ဒဏ် ပေးခဲ့ကြောင်း ဒေ သ ခံ တစ်ဦးက RB News သို့ ပြောပါသည်။
ထို့နောက် တပ်ကြပ်ကြီး ဇော်လတ်မင်းနှင့် အဖွဲ့သည် ကင်းစောင့်သည့် ရိုဟင်ဂျာ ရွာသား ၉ ဦးထံမှ တစ် ဦးလျှင် ကြက်တစ်ကောင်စီနှင့် ဆီဖိုး ငွေကျပ် တစ်ထောင်စီ ဓါးပြ သဖွယ် ခြိမ်းခြောက်၍ ယူခဲ့ကြောင်း သိရှိ ရပါသည်။ ကြက်တစ်ကောင်၏ တန်ဖိုးမှာ ငွေကျပ် ရှစ်ထောင်ခန့် ရှိသည်ဟု ဆိုသည်။
ကင်းစောင့်သည့် ရွာသား ၉ ဦးမှာ --
(၁) ဦးအဘူတာဟဲရ် (ဘ) ဦးဟူဆောင်အာမတ် (အသက် ၂၇ နှစ်)
(၂) အဗ်ဒူလ္လာ (ဘ) ဦးနူရ်အာလမ် (အသက် ၁၇ နှစ်)
(၃) ဦးနူရ်မာမတ် (ဘ) ဦးဆွေဒ်ဟူဆောင်း (အသက် ၃၀ နှစ်)
(၄) ဖူးထား (ဘ) ဦးဘော်ဒူရူ (အသက် ၂၃ နှစ်)
(၅) ဦးအုစ်မာန် (ဘ) ဦးဂျမိလ် (အသက် ၃၅ နှစ်)
(၆) ဦးဂျာဖာရ် (ဘ) ဦးဒူဒူမျာ (အသက် ၄၇ နှစ်)
(၇) မိုဟာမတ်ဆွေယာဒ် (ဘ) ဦးအော်လီအာမတ် (အသက် ၂၁ နှစ်)
(၈) ဦးအဘူအာလမ် (ဘ) ဦးအဒူဇော်လိလ် (အသက် ၄၃ နှစ်)
(၉) ဦးဂျာဘူရာမန် (ဘ) ဦးရှုနာမျာ (အသက် ၄၅ နှစ်) -- တို့ဖြစ်သည်။
Sindi Khan
RB News
15.2.2014
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ ရေခဲချောင်း ခွဆုံ ကျေးရွာမှ ရိုဟင်ဂျာ လူငယ် တစ် ဦးကို ကမ်းပြင် ကျေးရွာ အနီးတွင် ရခိုင်နှစ်ဦးက ဓါးဖြင့် ခုတ်ရန် ကြိုးစား ခဲ့ကြောင်း သတင်း ရရှိပါသည်။
ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် မောင်တော မြို့နယ်၊ ရေခဲချောင်း ခွဆုံ ကျေးရွာမှ ဦးဒိလ်ဒါရ် အာမတ် (ဘ) ဦးဟာဘီ (အသက် ၃၅ နှစ်) သည် ၎င်း၏ အဒေါ်ဖြစ်သူကို ဒုတန်းရွာသို့ ဆိုင်ကယ်ဖြင့် လိုက်ပို့၍ နေ့လည် ၁ နာရီခန့်တွင် ရေခဲချောင်း ခွဆုံ ကျေးရွာသို့ ပြန်လာစဉ် ကမ်းပြင် ရခိုင် ကျေးရွာ၏ မြောက်ဘက်ရှိ ရခိုင် သင်္ချိုင်းအနီးမှ ရခိုင်နှစ်ဦး ဆိုင်ကယ်ဖြင့် ထွက်လာပြီး ဆိုင်ကယ်ကို ရပ်ခိုင်း၍ ဓါးဖြင့် ခုတ်ရန် ကြိုးစား ခဲ့သည်။ သို့သော်လည်း ဦးဒိလ်ဒါရ် အာမတ်က မိမိစီးလာသော ဆိုင်ကယ်ကို အရှိန်ဖြင့် မောင်းနှင်၍ ထွက်ပြေးခဲ့ရာ ရခိုင် နှစ်ဦးက နောက်မှ ကျောက်ခဲ များဖြင့် ပေါက်သဖြင့် ကျောတွင် ခဲထိမှန်ပြီး ဒဏ်ရာ အ နည်း ငယ် ရရှိ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ဦးဒိလ်ဒါရ် အာမတ်၏ လျင်မြန်စွာ ဆုံးဖြတ်နိုင်မှုကြောင့် ဆိုင်ကယ်ကို အရှိန်ဖြင့် မောင်းနှင်၍ အသက်ဘေး အန္တရာယ်မှ လွတ်မြောက် ခဲ့သော်လည်း ၎င်းကဲ့သို့ တိုက်ခိုက်ရမှုများ မကြာခဏ ကြုံတွေ့ရလေ့ ရှိကြောင်း ဒေသခံ များက ပြောပါသည်။
Sindi Khan
RB News
15.2.2014
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ မြောက်ပိုင်း နွားရုံတောင် ကျေးရွာအုပ်စု၊ ရေ မျက်တောင် ကျေးရွာတွင် နေအိမ် အမိုးအကာ များ ပြင်ဆင်သူ များကို အိမ်ဆောက် နေသည်ဟု ကျေးရွာ အုပ်ချုပ်ရေးမှူးက မဟုတ်မမှန် စွပ်စွဲ၍ ငွေညှစ် ခဲ့ကြောင်း သတင်း ရရှိပါသည်။
မောင်တော မြို့နယ်၊ မြောက်ပိုင်း နွားရုံတောင် ကျေးရွာအုပ်စု၊ ရေမျက်တောင် ကျေးရွာတွင် ဒေသခံ ရို ဟင်ဂျာ များက ၎င်းတို့၏ နေအိမ် အမိုးအကာများ ပြင်ဆင်ခြင်းကို စီစစ်ရန် မြို့နယ် အထွေထွေ အုပ် ချုပ်ရေး ဦးစီးဌာနက ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် လာရောက်၍ စစ်ဆေးမည်ဟု အမိန့် ကြေညာစာ ထုတ်ပြန်၍ အသိပေး ခဲ့သော်လည်း လာရောက် စစ်ဆေးခြင်း မရှိခဲ့ကြောင်း ဒေသခံ များက RB News သို့ပြောပါသည်။ သို့သော်လည်း နွားရုံတောင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိန်မြအောင်က မြို့နယ် အုပ်ချုပ်ရေးက ကြေညာစာ မထုတ်ပြန်မှီ ကတည်းက ဆင်းရဲသည့် ဒေသခံ များကို နေအိမ် အ သစ် ဆောက် လုပ် နေသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ငွေညှစ် ခဲ့ကြောင်း သိရှိ ရပါသည်။
ငွေညှစ်ခံရသူ များမှာ --
(၁) ဦးအလီအာမတ် (ဘ) ဦးဇော်လာလ်အာမတ် (ပေးရသည့်ငွေ ၁ သိန်း ၅ သောင်း)
(၂) ဦးနူရူ (ပေးရသည့်ငွေ ၅ သောင်း)
(၃) ဦးနူရ်အစ္စလာမ် (ပေးရသည့်ငွေ ၅ သောင်း) -- တို့ဖြစ်သည်။
ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိန်မြအောင်က အထက်ပါ ၃ ဦးထံမှ ငွေကျပ် ၂ သိန်း ၅ သောင်း ကို ဖေဖော် ၀ါရီလ (၅) ရက်နေ့တွင် ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။
Sindi Khan
RB News
15.2.2014
မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ် ပြည်သူ့ ဆေးရုံမှ ၀န်ထမ်းများသည် လူနာများကို ရိုင်း ပျစွာ ဆက်ဆံခြင်း၊ လူမျိုးရေး ခွဲခြား၍ ရိုင်းပျ ရင့်သီးစွာ ဆဲဆိုခြင်းများ အပြင် ရိုက်နှက်ခြင်း များ ပါ ပြု လုပ်လျက် ရှိကြောင်း သတင်း ရရှိ ပါသည်။
မောင်တော မြို့နယ်၊ ပြည်သူ့ဆေးရုံမှ ဆေးဝါး တာဝန်ခံ ဦးဘသန်းဦးသည် မိမိတို့၏ ကိုယ်ပိုင်ငွေဖြင့် ဆေး ၀ယ်ယူသည့် လူနာများကို တမင် နှောင့်နှေး ကြန့်ကြာအောင် ပြုလုပ်ခြင်း၊ မဖွယ်မရာ စကားများ ပြော ဆို ခြင်း ၊ဆူပူ ကြိမ်းမောင်းခြင်းများ အမြဲပြုလုပ်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ ထို့ အ ပြင် သူ နာပြု တာဝန်ခံ ဒေါ်စုကြည်နှင့် သူနာပြု ဒေါ်ကြည်ကြည်ထွန်း တို့က ဆေးရုံတက် ၍ ဆေးကု သမှု ခံယူ သည့် လူနာ များကို လူမျိုးရေး ခွဲခြား၍ ပြောဆို ဆက်ဆံခြင်း၊ ဆူပူ ရိုက်နှက်ခြင်းများ ပြုလုပ် သည့် အပြင် ခွဲစိတ်နေစဉ် ခြေ၊ လက် လှုပ်ရှားသည့် လူနာကို ကိုယ်ထိ လက်ရောက် ထိုးကြိတ်ခြင်း များ ပြု လုပ်ကြောင်း သိရှိ ရပါသည်။ ထိုကဲ့သို့ ပြုလုပ်ခြင်း များကို ဆေးရုံအုပ် ဒေါက် တာ ကျော်မောင်မောင် သိန်း ရှေ့မှောက် တွင် ပြုလုပ် သော်လည်း မည်သည့် အခါမှ တားမြစ်ခြင်း လည်းမရှိ သလို၊ အရေးယူခြင်း လည်းမရှိဟု ဒေ သ ခံ များက ပြောပါသည်။
ကိုယ်ထိလက်ရောက် စော်ကားခြင်း များသာမက လွန်စွာ ရိုင်းပျ ညစ်ညမ်းသည့် အသုံးအနှုန်း များကို သုံးကြောင်း ဒေသခံ တစ်ဦးက “၀က်သားစား ကုလား၊ အောက်ချီး ကုလား၊ နွားကုလား၊ မင်းတို့ ကု လားတွေကို ဘာလို့ ဆေးကုပေး ရမှာလဲ - လို့ လူနာစောင့်နဲ့ လူနာတွေကို သူနာပြုတွေက အမြဲဆဲ ဆို တယ်၊ ငွေကြေး ချမ်းသာတဲ့ ရိုဟင်ဂျာ တွေက တဖက် နိုင်ငံကို ဆေးကုဖို့ သွားနိုင်ပေ မယ့် ငွေကြေး မတတ်နိုင်တဲ့ ဆင်းရဲသား တွေကတော့ အတော်လေး ဒုက္ခရောက် ရတယ်” ဟု RB News သို့ပြော ပါသည်။
ဆေးကုသ ပေးရာတွင်လည်း ကောင်းမွန်စွာ ကုသမပေး သဖြင့် လူနာ အများစုမှာ ရက်ပေါင်း များစွာ ဆေး ရုံတက်၍ ကုသသော်လည်း အခြေအနေ ထူးလာသည်မှာ အလွန်နည်းသည်ဟု ဆိုသည်။ လွန်ခဲ့ သည့် ဖေဖော်ဝါရီလ ၇ ရက်နေ့က ဆေးရုံမှ ဆင်းလာသည့် လူနာ တစ်ဦးမှာ ၂၆ ရက်တိုင် တိုင် ဆေး ရုံ တွင် နေ၍ ခွဲစိတ်ပြီး မီးဖွား ခဲ့ပြီးနောက် ဆီးလမ်းကြောင်းတွင် ပြင်းထန်စွာ ခံစားနေ ရ သည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
“အဓိက ကတော့ ဂရုမစိုက်ဘူး။ ဆေးရုံပေါ် ရောက်တော့ နှင်ထုတ်လို့ မရဘူး၊ လူသားချင်း စာနာပြီးတော့ ကုတာတော့ မဟုတ်ဘူး။ ငွေယူပြီး တာဝန်ရဲ့ ၃၀ ရာခိုင်နှုန်းလောက် ကျေအောင် ကုပေးလိုက်တဲ့ သဘော မျိုး ပါ။”
![]() |
| (ဓာတ်ပုံ – simon-vlog.com) |
စနေလင်း
14.2.2014
ပြည်ထောင်စုနေ့ အထိမ်း အမှတ် အဖြစ် မြောက်ဥက္ကလာပ မြို့နယ် ၁ ရပ်ကွက်နှင့် ၈ ရပ်ကွက် တို့၌ “ရပ်ကွက် မိသားစုများ ပူးပေါင်း ကျင်းပသော ပထမ အကြိမ် စာပေ ဟောပြောပွဲ” သည် လူမျိုးရေး၊ ဘာသာရေး ပြဿနာ ဖြစ်ပွား နိုင်သည့် အခြေ အနေ များကြောင့် ဖျက်သိမ်း လိုက်ကြောင်း စာပေ ဟောပြောပွဲ ကျင်းပရေး ကော်မတီက ပြောသည်။
ပွဲကျင်းပမည့် ပြည်ထောင်စုနေ့ ညနေပိုင်းတွင် ကား ၄ စီးဖြင့် မျိုးချစ် သံဃာတော်များ သမဂ္ဂ အဖွဲ့မှ ဦးဆောင်ပြီး သံဃာတော် နှင့် လူပုဂ္ဂိုလ်များ အပါ အ၀င် လူ ၂၀၀ ခန့် ရောက်ရှိ လာကာ တချို့က လမ်းထိပ်တွင် စောင့်နေပြီး ဦးမြအေးနှင့် ဦးကိုနီတို့ ရောက်လာ ပါက ပိတ်ဆို့ ထားရန်၊ စစ်မြင့် ပေါ်သို့ ရောက်သွား လျှင်လည်း ကန့်ကွက်ရန် စီစဉ် ထားသည်ဟု ပြောဆိုကြောင်း ပွဲကျင်းပရေး ကော်မတီမှ ဒေါ် ဇင်မာအောင်က ဧရာဝတီသို့ ပြောသည်။
ယင်းစာပေ ဟောပြော ပွဲ၌ စာရေးဆရာ ဆင်ဖြူကျွန်း အောင်သိန်း၊ သန်းစိုးနိုင်၊ ကိုမြအေးနှင့် ဦးကိုနီတို့ ဟောပြော ကြမည်ကို လွန်ခဲ့သော ၃ ရက်ခန့်က မြို့နယ် အုပ်ချုပ်ရေး ထံမှ ခွင့်ပြုချက် ရရှိ ထားပြီး ဖြစ်သော်လည်း ဖေဖော်ဝါရီ ၁၁ ရက်တွင် မြို့နယ် အုပ်ချုပ် ရေးမှူးမှ ကျင်းပရေး ကော်မတီ များကို အဆိုပါပွဲကို ကန့်ကွက် သည့်စာ ရရှိ ထားသည်ဟု အသိပေး ခဲ့သော်လည်း ပွဲကို အထ မြောက်ရန် ဆက်လက် ပြင်ဆင် ခဲ့ကြောင်း ဒေါ်ဇင်မာအောင်က ဆက်ပြောသည်။
“မြို့နယ်မှူး ကတော့ ကန့်ကွက်စာ ထဲမှာ အစ္စလမ် ဘာသာဝင် ၂ ဦး ပါတဲ့ အတွက် သူတို့ကို ဖြုတ်ပေးဖို့ ပါတယ်လို့ ပြောပါတယ်။ ကျမတို့က ဘာသာရေး ပွဲလည်း မဟုတ်၊ ဖိတ်ထား ပြီးသား တွေလည်း ဖြစ်နေ တာကြောင့် ဖယ်လို့ မရနိုင်ဘူးလို့ ပြောတော့ လုံခြုံရေး အရ စိုးရိမ် ရတယ်လို့ ပြောတယ်။ တကယ်လို့ ဆက်လုပ်မယ် ဆိုရင် သူ့ဘက် ကလည်း တတ်နိုင် သလောက် တော့ ကူညီ နိုင်ပေမယ့် ဖြစ်များ ဖြစ်လာ ခဲ့ရင် ဘာမှ မတတ် နိုင်တဲ့ သဘောမျိုး ပြောတယ်။ ဒါနဲ့ ကျမတို့က ကိုယ့်အဖွဲ့ တွေနဲ့ တိုင်ပင်ပြီး ပွဲကို ဖြစ်အောင် ဆက်လုပ်တယ်”ဟု ၎င်းက ဆိုသည်။
ပွဲကျင်းပမည့် နေရာသို့ ရောက်လာသော သံဃာတော်များ၊ လူပုဂ္ဂိုလ် များနှင့် ထပ်မံ ညှိနှိုင်းကာ မိမိ တို့သည် စာပေ ဟောပြောပွဲ သက်သက်သာ ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ ဘာသာရေး၊ လူမျိုးရေးများ ဟောပြော လျှင်လည်း လက်ခံမည့် သူတွေ မဟုတ်ကြောင်း သေချာစွာ ရှင်းပြ တောင်းပန် သော်လည်း မရရှိခဲ့ သဖြင့် ဟောပြောပွဲကို ဖျက်သိမ်း လိုက်ရကြောင်း ဒေါ်ဇင်မာအောင် က ပြောပြသည်။
“ပွဲမစခင် ကတည်းက ကျနော့်ဆီကို ဖုန်းနဲ့ဆက်ပြီး ဒီပွဲက ဦးမြအေးနဲ့ ဦးကိုနီကို ဖြုတ်ပြီးမှ ပွဲကို ဆက်လုပ်ဖို့ ပြောတာတွေ ရှိတယ်။ တကယ်လို့ အဲဒီလို မလုပ်ဘဲ ပွဲကို ဖြစ်အောင် ဆက်လုပ်မယ် ဆိုရင် ဘာဘာ ညာညာ ဖြစ်လာမယ် ဆိုပြီး ခြိမ်းခြောက်တဲ့ စကားတွေ ပြောတယ်”ဟု ယင်း စာပေ ဟောပြောပွဲ ဖြစ်မြောက်ရေး ဥက္ကဌ ဦးမျိုးထွဋ်က ဆိုသည်။
လက်ရှိ အချိန်တွင် လူမျိုးရေး၊ ဘာသာရေး လှုံ့ဆော်သည့် ကိစ္စ များကို အကြောင်း ပြု၍ တိုင်းပြည်တွင် ပဋိပက္ခ ဖြစ်ပေါ် ခဲ့ပြီး ဖြစ်ကြောင်း၊ ဘာသာ ပေါင်းစုံ ရင်းနှီး ချစ်ခင်ရေး ဟောပြော ဆွေးနွေးမှု မျိုးကို ထောက်ခံကြောင်း၊ ဘာသာရေးနှင့် အမျိုးသား ရေးကို ဟောပြောပွဲ စင်မြင့် များတွင် မတူသော အမြင် သဘောထား များကို ပြောဆို ခြင်းသည် အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် အကျိုး မရှိသော အကြောင်း ပြချက်များ ဖြစ်ကြောင်း အဆိုပါပွဲတွင် ဟောပြောရန် ဖိတ်ကြား ခံထား ရသည့် စာရေး ဆရာ သန်းစိုးနိုင်က ဧရာဝတီသို့ ပြောသည်။
“အရင် ရဟန်း သံဃာများ အစည်း အဝေးတို့၊ ဘာသာ ပေါင်းစုံ ငြိမ်းချမ်းရေး အတွက် တွေ့ဆုံ ညှိနှိုင်းရေး တို့ဆိုတဲ့ ကိစ္စတွေက ကောင်းပါတယ်။ ဒါပေမယ့် အခုလို စာပေ ဟောပြောပွဲ ကိစ္စတွေမှာ ပါဝင် စွက်ဖက်မှု ဆိုတာ ကတော့ ပထမဦးဆုံး တွေ့လိုက် ရတာပဲ။ ဒီလို ဟောပြောပွဲ တွေမှာ ၀င်ရောက် ကန့်သတ် တာဟာ အစဉ် အလာ တခု ဖြစ်သွား မှာကို စိုးရိမ်တယ်။ အဲဒါကို မပြန့်ပွား စေချင်ဘူး။ ဒါ့ကြောင့်လဲ ဒီပွဲကို ဖျက်သိမ်း လိုက်တာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောဆိုသည်။
ဌေးလွင်ဦး
RB News
14.2.2014
မောင်ရင်လေးကဗုဒ္ဓဘာသာဝင် မဟုတ် ပေမယ့်- ဗုဒ္ဓ ဘာသာရဲ့ သိက္ခာကို တစ်ချိန်မှာ အဖတ် ဆယ် ပေးရ လိမ့်မယ်- လို့ ရွှေကျင် ဆရာတော်က ကျွန်တော့ကို ပြောခဲ့တဲ့ စကား တစ်ခွန်း နားထဲမှာ ပဲ့ တင် ရိုက်နေ ဆဲပါ။ ၂၀၀၆ ခု တောင်ဥက္ကလာပ ၁၆ ရပ်ကွက်က ကျွန်တော့ တပည့်လေး တစ်ယောက် အိမ်ကို ဆ ရာတော် ကြွလာခိုက် ကြုံဆုံ စကား ပြောရင်း- ဆရာတော်ကို ဖူးမျှော်ဘို့ ရောက်လာတဲ့ ဒကာ၊ ဒကာ မတွေ ရှေ့မှောက်မှာ ကျွန်တော့ကို ပြောခဲ့ဘူး ပါတယ်။
ကျွန်တော် အခုရေးတဲ့ ဆောင်းပါးရဲ့ ခေါင်းစဉ်က ဗုဒ္ဓ ဘာသာလည်း ပျက်ခဲ့ရပြီ- လို့ ပေးထား ပေမယ့်-၊ ဗုဒ္ဓ ဘာသာ သာသနာ တစ်ရပ်လုံး ပျက်စီး ဆုံးရှုံး သွားလေ ပြီလို့ မဆိုလိုပါ။ မြန်မာ၊ သိရိလင်္ကာနဲ့ အချို့သော တိုင်း ပြည်တွေက- အချို့သော သင်္ကန်းဝတ် လူသတ်ဂိုဏ်း များကြောင့် ဗုဒ္ဓဘာသာရဲ့ ဂုဏ်သိက္ခာ ကမ္ဘာမှာ ပျက်စီးရ ပြီလို့သာ ဆိုလို ပါတယ်။
ကျွန်တော် ကိုယ်တိုင် ဗုဒ္ဓကို သက်ဝင် ယုံကြည်သူ တစ်ဦး မဟုတ် ပေမယ့်-၊ ငယ်စဉ် ကပင် ဗုဒ္ဓဘာသာ ၀န်းကျင် ကြီးမှာ ကြီးပြင်း ခဲ့ရပြီး-၊ အစ္စလာမ့် ၀တ်ကျောင်းတော် ဗလီ ဆိုတာကို မသိ၊ မရောက်ဘူးမှီ အ လျှင် နှစ်ပေါင်းများ စွာကတည်းက ဘုန်းကြီးကျောင်း များမှာ အကျွမ်း တ၀င် နေထိုင် ခဲ့သူ တစ်ဦး ဖြစ် ပါ တယ်။ ကျွန်တော့ကို ပြုစု စောင့်ရှောက် ဆုံးမ သွန်သင် ခဲ့တဲ့ ဆရာတော်ကြီး များရဲ့ ကျေးဇူး တရား ကို လည်းဘယ်သောအခါမှမမေ့ခဲ့ပါ။မြန်မာ့ဒီမိုကရေစီတော်လှန်ရေးမှာပါဝင် ပတ်သက် ခဲ့စဉ် တစ်လျှောက်လုံး မှာလည်းလုပ်ဖေါ် ကိုင်ဘက် ရဟန်း ပျိုများ ရောက်ရာ အရပ်မှာ တည်းခို နေထိုင် ခဲ့ရတဲ့ ဘုန်းကြီး ကျောင်း များ များစွာ ရှိခဲ့ ပါတယ်။ တွေ့ကြုံ ခဲ့ရတဲ့ ရဟန်း သံဃာတွေ ထဲမှာ မိမိ ဘာသာမှ အပ အခြား ဘာသာ တရား အကြောင်း မလေ့လာ ဘူးတဲ့ ကိုယ်တော်များ လည်း များစွာ ကြုံဘူး ပါတယ်။--
သို့သော် ထို ရဟန်း သံဃာ များရဲ့ သဘာဝမှာ ကိုယ်က သူသိတဲ့ တရားနဲ့ သူ သိမ်မွေ့ နေသူ များ သာ ဖြစ်ပြီး- အခြား ဘာသာ တစ်ခုကို အတင်း အဖျင်း ပြောခြင်း မနာလို ၀န်မှုစိတ် ထားခြင်း အလွန် နည်း ပါး လှပါတယ်။
ကျွန်တော် ရိုဟင်ဂျာ အရေး ကိစ္စကို ဆောင်ရွက် နေခြင်းမှာ ရိုဟင်ဂျာ တို့သည် အစ္စလာမ် သာသနာ ၀င် များ ဖြစ်နေခြင်းကြောင့် ဆိုတဲ့ သာသနာရေး အကြောင်း ပြချက်ကြောင့် မဟုတ်ပါ။ မဟုတ်မမှန် သ မိုင်းဖျောက် လူမျိုး ဖျောက်ရန် ကြံစည်မှု များကို ကာကွယ် ရန်သာ ဖြစ်ပါတယ်။ အကယ်၍ ရိုဟင်ဂျာ များဟာ အစ္စလာမ် သာသနာဝင် မဟုတ်သူများ ဖြစ်ခဲ့ရင်လည်း ကျွန်တော့ အနေနဲ့ နစ်နာ နေရတဲ့ သူတို့ ဘက်က ရပ်တည်မှာ သေချာ ပါတယ်။ ဒီရပ်တည် မှုကြောင့် ကျွန်တော်နဲ့ ရင်းနှီး ဆက်ဆံ နေတဲ့ ရဟန်း သံ ဃာ များကလည်း ကျွန်တော့ အပေါ် ငြိုငြင်ခြင်း တစ်စုံ တစ်ရာ မရှိကြောင်း တွေ့ရပါတယ်။
ကျွန်တော့ရဲ့ တစ်သီး ပုဂ္ဂလ ခံစားမှု အရ- ရောက်ရာ အရပ်မှာ ဘုန်းကြီး ကျောင်းနဲ့ စေတီနဲ့ မြင်တွေ့ ရမှုကို စိတ်ဘ၀င် ကျမိ ပါတယ်။ ဒီထက်ပိုပြီး တိကျအောင် ပြောရရင် စိတ်အေးချမ်း မှုကို ခံစားမိ ပါတယ်။ ဒီလို စိတ်ခံစား မှုမျိုးကြောင့် မိမိက မကိုးကွယ် သည့်တိုင်- ဘယ်နိုင်ငံ ဘယ်နေရာ ရောက်ရောက် ဘုန်း ကြီး ကျောင်း ကန် ရှိစေချင်တဲ့ စေတနာများ ရှိခဲ့ပြီး ထိုင်းနိုင်ငံမှာ နေစဉ်- အမေရိကန်ကို ရောက်စဉ် မှာ လည်း ဘုန်းကြီး ကျောင်းများ ဖြစ်လာစေ ဘို့ အဘက် ဘက်က ကူညီ ဆောင်ရွက် ခဲ့ပါတယ်။ အချို့နေရာ များမှာ ခေါင်းခံ၊ ခေါင်းရင်း- လုပ်ဆောင် ပေးရတာ များလည်း ရှိခဲ့ ပါတယ်။
ကမ္ဘာ့ အဆက် အသွယ်၊ ကမ္ဘာ့ မြို့ပြ ထွန်းကားမှုနဲ့ အဆက် အသွယ် ပြတ်ကျန် ခဲ့တဲ့ ကျွန်တော့ မွေး ရပ် မြန်မာပြည် လေးမှာ ၂၀၁၂ နှစ်ကစ သင်္ကန်းဝတ် လူသတ်ဂိုဏ်း တစ်ခု ဘွားကနဲ ပေါ်ပေါက် လာချိန်မှာ ကျွန်တော် အကြီး အကျယ် စိတ်မကောင်း ဖြစ်ခဲ့ရပြီး-၊ သင်္ကန်းဝတ် လူသတ်ဂိုဏ်းနဲ့ စပ်လျှဉ်းကာ ပြင်းပြင်း ထန်ထန် ဝေဖန်တဲ့ ဆောင်းပါး များကို ကျွန်တော် ရေးဖြစ် ခဲ့ပါတယ်။ ပညာသင် ယူခွင့် အဆက်ပြတ် နေ တဲ့ မြန်မာနိုင်ငံ သားများ အနေနဲ့ မိမိရဲ့ သက်ဆိုင်ရာ ဘာသာ တရား တစ်ခုကို အပြစ်တင် ဝေဖန် တယ် လို့ မြင်ကောင်း မြင်နိုင် ပေမယ့်- ကျွန်တော့ စေတနာ ကျွန်တော် ယုံတဲ့ အတွက် ကျွန်တော် ရေး ရဲ ပြော ရဲ ပြောပါတယ်။ ဒီအတွက် နောင်တ ဆိုတာလည်း ရှိမှာ မဟုတ်ပါ။
ငယ်ငယ်က စာသင်ချိန်မှာ ဆရာတော်ကြီး စကားတစ်ခွန်း ကိုလည်း မမေ့အပ်ပါ။ ဆရာတော် ကြီးက--၊ သံ ဟနီ တီတိ သံဃော-၊ (သံသရာကို ပါယ်သတ် နိုင်သူမှ သံဃာလို့ ခေါ်တယ်)- ဆိုပြီး ဟောကြား ခဲ့ပါတယ်။ အခုတော့ အဲ့ဒီ ဓလေ့၊ အဲ့ဒီ အလေ့ အကျင့်၊ အဲ့ဒီ စရိုက် များနဲ့ လိုက်လျှော ညီထွေ နေတဲ့ သံဃာများ မြန် မာပြည်မှာ တစ်ကယ် ကျန်သေး ရဲ့လား-လို့ သံသယ စိတ်တွေ ၀င်မိ ပါတော့တယ်။ ကျန်နေ သေးတယ် ဆိုရင်လည်း ၀ဇီပိတ် ကျင့်နေရတဲ့ အဖြစ်များလား-လို့ မေးခွန်းတွေ ဆက်မေးစရာ ဖြစ်လာ ပါတော့တယ်။ (ကျန်တော့ ကျန်နေသေး တယ် သို့သော် ပြောဆိုခွင့် မရတဲ့ နေရာများ၊ သို့မဟုတ် လူထုနဲ့ အလှမ်း ဝေး တဲ့ နေရာများပဲ ဖြစ်နိုင် ပါတော့တယ်။)
ပါဏာတိ ပါတကံကို အပြင်း အထန် တားမြစ်ထား ပါတယ်လို့ ကမ္ဘာက နားလည် ထားတဲ့ ဘာသာ တစ်ခု က ဦးဆောင် သာသနာ့ ပုဂ္ဂိုလ် သင်္ကန်းဝတ်တွေ ကိုယ်တိုင် သေနတ် ကြီးကိုင် ဗုံးကြီး ချိတ်ပြီး လူသတ်ဘို့ စစ်သင် တန်းပေးတာ သို့မဟုတ် သင်္ကန်း ၀တ်ကြီးနဲ့ စစ်သင်တန်း ယူနေ တာတော့-၊ မြန်မာ နိုင်ငံမှာ ဗုဒ္ဓ ဘာသာကို သင်္ကန်း ၀တ်တွေ ကိုယ်တိုင် ဖျက်လိုက် ကြပြီလို့ သက်သေ ပြလိုက် ခြင်း သာ ဖြစ် ပါ တော့ တယ်။
သင်္ကန်း ၀တ်ကြီးနဲ့ စစ်တိုက်ဘို့ ပြင်ဆင်ခြင်းက ဗုဒ္ဓဘာသာ ချင်းတော့ မဖြစ်နိုင်ပါ။ ဘာသာ မတူသူ တွေ ကို တိုက်ခိုက် သတ်ဖြတ်ဘို့ အတွက် ပြင်ဆင် ခြင်းသာ သေချာ နေပါတယ်။- လူသား ချင်းကြား မေတ္တာ ထား ဘို့၊ ကရု ဏာထားဘို့ ပါးစပ်က ပြောနေသူ များက လက်တွေ့မှာ ငါ့ဘာသာကို မကိုးကွယ်ရင် မျိုး ပြုတ် ရှင်းမယ် ဆိုတဲ့ ပုံဆောင်ချက် ကိုသာ ဟန်ပြနေ ပါတယ်။
ဗုဒ္ဓ ဘာသာ မဟုတ်တဲ့ ခရစ်ယာန် ကချင်များ၊ မွတ်ဆလင် များအား မျိုးတုံး သတ်ဖြတ်မှု သို့မဟုတ် တိုင်း ရင်း သား ရှင်းလင်းမှုနဲ့ ကမ္ဘာက စောင့်ကြည့် နေချိန်မှာ သင်္ကန်းဝတ် များရဲ့ မိုက်လုံးကို ဆက် တိုက် ဖေါ်ပြလိုက် လေတော့- အစဉ် အလာ ရှိခဲ့တဲ့ မြန်မာပြည်ရဲ့ ဂုဏ်သိက္ခာကို သင်္ကန်းဝတ်များ၊ မျက် ကန်း အမျိုးသားရေး ၀ါဒီ များက ဂွင်းလုံး ကျွတ်- ချွတ်ပြ လိုက်ပြီလို့ ပြောရ တော့မှာပါ။
လူ့ယဉ်ကျေးမှုနဲ့ သိက္ခာ ရှိတဲ့ မြန်မာ နိုင်ငံသား တိုင်းမှာ- မိမိလူမျိုးနဲ့ မိမိနိုင်ငံရဲ့ ဂုဏ်သိက္ခာ အတွက် လက် ပိုက် ကြည့်မနေ သင့်တော့ပါ။
မုဟမ္မဒ် တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင် လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement
ဆုတောင်း
ရေးသားသူ - ယျာထင် (MYARF)
RB ကဗျာ
14.2.2014
အဖော်မဲ့ အားငယ်
ကိုးရာမဲ့ သိမ်ငယ်
ပြုသမျှခံ ရိုဟင်ဂျာမှန်
နောင်ရေးကိုတွေး ရတက်မအေး
စိတ် အမြဲ လေး…။
ရှိသမျှတွေ အလုခံ
ပိုင်ရှင်ဖြစ်လည်း အသိမ်းခံ
အိမ်တွေ မီးရှို့ခံ
အသက်တွေ အသတ်ခံ
ရေရှည် စီမံ
ခံ…ခံ…ခံ
ရိုဟင်ဂျာ လောကဓံ…။
ထွက်ပေါက်မဲ့ ရိုဟင်ဂျာ
ကမ်းမဲ့ပင်လယ်က ဖြေသိမ်းစရာ
ရာဇာဝင် ရိုင်းတဲ့ လှိုင်းတွေကြား
အသက်ပေါင်းများစွာ တွန့်ပို့ခံရင်း
မျိုသိပ်ခံရ…။
ဖြစ်တာ အိမ်ရှင်
မှတ်ခံတာ ဧည့်သည်
ဖြစ်ရတာ ဒုက္ခသည်
တကယ်တော့ 
ဒီဒေသမှာ....ငါ
ငါ့ဘိုးဘွားတွေ နေနေလာတာ
နှစ်ပေါင်းထောင်များစွာ....။
အရှင်မြတ်ရေ....
ကိုးရာမဲ့ တစ်ဖက်သတ်ခံ
ကိုယ့်အခွင့်အရေး ကိုယ်ရှာဖွေလိုက်လံ
ဒီတစ်ခါ ရိုဟင်ဂျာကံ
ကောင်းပါစေကြောင်း
ကျွန်တော်မျိုး ဆုတောင်း
ပြည့်ဝပါစေသား..........။
RB News
14.2.2014
မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး အဖွဲ့မှ ဒုရဲအုပ်စံမင်းသည် မောင်တော မြို့နယ်၊ တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ ဒေသခံ များကို မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီး ပြီး ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိ ပါသည်။
ဖေဖော်ဝါရီလ (၁၀) ရက်နေ့တွင် မောင်တော မြို့နယ် တမန်းသားဈေး စားကုန်ဆိုင်မှ ဦးမိုဖီဇူ ရာမန်၊ကြိမ်ချောင်းဈေး ဆန်ဆိုင်မှ ဦးရုစ်တောမ် အလီ၊ ကြိမ်ချောင်ဈေး စားကုန်ဆိုင်မှ ဦးမော်နိုနှင့် ကြိမ်ချောင်းဈေး ဆန်ဆိုင်မှ ဦးရော်ဘီအုလ္လာ တို့နှင့်အတူ အခြား ရိုဟင်ဂျာ ၁၅ ဦးကို လူကုန်ကူးမှုတွင် ပါဝင် ဆက်နွယ် နေသည်ဟု ဒုရဲအုပ်စံမင်းက စွပ်စွဲ၍ ကြိမ်ချောင်း ကျေးရွာ အခြေစိုက် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး အဖွဲ့သို့ မတ ရား သဖြင့် ဖမ်းဆီး ခေါ်ဆောင် သွား၍ ညှဉ်းပန်း နှိပ်စက် ခဲ့သည်။ ဖမ်းဆီး ခံရသူ များထံမှ တစ်ဦး လျှင် ငွေကျပ် ၅ သိန်းစီ ညှစ်ယူ၍ ပြန်လည် လွှတ်ပေး ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြော ပါသည်။
ဒုရဲအုပ် စံမင်းသည် မောင်တောမြို့မှ ကြိမ်ချောင်းသို့ တ ပတ် လျှင် နှစ်ကြိမ်မှ လေးကြိမ် အထိ လာရောက် ၍ မြောက်ပိုင်း ကျေးရွာ များမှ ဒေသခံ များကို ပစ်မှတ် ထားပြီး မတရား ညှဉ်းပန်း နှိပ်စက် ၍ ငွေ ညှစ် ရုံ သာမက၊ တောင်ပိုင်း ကျေးရွာ များ မှ လည်း အလားတူ အ လယ် သံကျော် အထိ သွားရောက် ပြီး ဒေသခံ များကို ညှဉ်းပန်း နှိပ် စက် ၍ ငွေညှစ်ခြင်းများ ပြုလုပ်ကြောင်း ဒေသခံ များက RB News သို့ပြော ပါ သည်။
ဒုရဲအုပ်စံမင်းက ၎င်းရယူသည့် ငွေများမှ ၅၀% ကို ပြည်နယ် ရဲတပ်ဖွဲ့မှူး၊ ရကဖမှူး၊ ခရိုင် ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ် ရဲတပ်ဖွဲ့မှူး တို့ကို ခွဲဝေ ပေးရပြီး၊ ကျန်သည့် ၅၀% ကိုသာ ၎င်းက ရရှိကြောင်း ငွေညှစ် ခံရသူ တစ် ဦးကို ပြောဆို ခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။
![]() |
| (ဓါတ်ပုံ - Reuters) |
13.2.2014
မတ်လ ၃၀ ရက်နေ့ ကနေ ဧပြီလ ၁၀ ရက်နေ့ အထိ မြန်မာ တနိုင်ငံ လုံးမှာ သန်းခေါင် စာရင်း ကောက်ယူမယ့် အစီ အစဉ်ဟာ မြန်မာ နိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်နဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်း ရေးတွေ အတွက် အထူး အရေးပါတဲ့ အချိန်မှာ တင်းမာ မှုတွေ တိုးလာ စေမယ့် အန္တရာယ် ရှိနေတယ်လို့ အပြည်ပြည် ဆိုင်ရာ ပဋိပက္ခ လေ့လာရေး အဖွဲ့ ICG က သတိပေး လိုက်ပါတယ်။
သန်းခေါင် စာရင်း ကောက်ယူမယ့် လုပ်ငန်း စဉ်မှာ အဓိက ကျတဲ့ ဒေသ ဆိုင်ရာ မေးခွန်းတွေ အပေါ်ကိုပဲ အာရုံ စိုက်ပြီး ပြင်ဆင် လုပ်ဆောင် သင့်တယ်လို့ ICG က ပြောလိုက် ပါတယ်။ ဒါ့အပြင် လူမျိုးရေး၊ ဘာသာရေးနဲ့ နိုင်ငံသား ဖြစ်မှု ဆိုင်ရာ တွေမှာ မလိုအပ်ဘဲ ရန်လိုတဲ့၊ အကွဲကွဲ အပြားပြား ဖြစ်စေတဲ့ မေးခွန်း တွေကို ပိုပြီး သင့်တင့် လျောက်ပတ်တဲ့ အချိန် ကာလ ကျမှ လုပ်ဆောင်ဖို့ ရွှေ့ဆိုင်း ထားသင့်တယ် လို့လည်း ပြောထား ပါတယ်။
အဲဒီလို လုပ်ဆောင်ခြင်း အားဖြင့် မြန်မာ အစိုးရ၊ ကုလ သမဂ္ဂနဲ့ အလှူရှင်တွေ အနေနဲ့ သန်းခေါင် စာရင်း ကောက်ယူတာနဲ့ ပတ်သက်ပြီး အခု လောလော ဆယ်မှာ ယူဆ ထားကြ သလို ဆိုးရွားတဲ့ စွန့်စား ရမှုတွေ ရှိနေတယ် ဆိုတဲ့ အပေါ် အသိ အမှတ် ပြုရာ ရောက်သလို နိုင်ငံတွင်း အရေးပါတဲ့ အုပ်စု အများ အပြားက ဖော်ပြ ပြောဆို ထားကြတာတွေ အပေါ် မှာလည်း တုံ့ပြန် လိုစိတ် ရှိတာကို ပြသရာ ရောက်တယ်လို့ ICG က ပြောထား ပါတယ်။
Myanmar Conflict Alert: A Risky Census မြန်မာနိုင်ငံ ပဋိပက္ခ သတိပေးချက် - အန္တရာယ် ကြီးသော သန်းခေါင် စာရင်း ကောက်ယူမှု လို့ ဆိုရမယ့် ခေါင်းစဉ်နဲ့ ဖေဖော်ဝါရီလ ၁၂ ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ စာတမ်း ထဲမှာ ICG က အဲဒီလို ပြောထား တာပါ။
အရင်က ပဋိပက္ခ ဖြစ်ပွား ခဲ့တဲ့ တိုင်းရင်းသား ဒေသတွေ အထိ သန်းခေါင် စာရင်း ကောက်ခံ တာတွေ လုပ်နိုင် တော့မှာ ဖြစ်တဲ့ အကြောင်းနဲ့ နိုင်ငံ တကာ စံချိန် စံညွန်းနဲ့ လူ့အခွင့် အရေးကို အဓိကထား ဆောင်ရွက် သွားမယ့် အကြောင်း လူဝင်မှု ကြီးကြပ်ရေး ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီက ဗွီအိုအေနဲ့ တွေ့ဆုံ မေးမြန်းခန်း တခု အတွင်း ပြောထား ပါတယ်။
နေဆန်းလွင်
RB News
13.2.2014
The Voice Weekly က ဖေဖော်ဝါရီလ (၁၂) ရက်နေ့မှာ “သန်းခေါင် စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်း လျှင် အရေးယူ ခံရမည်ဟု လ.ဝ.က ဝန်ကြီးဆို” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြ ခဲ့တဲ့ သတင်းကြောင့် စိတ်မ သက် မသာ မဖြစ်ခဲ့ ပေမယ့်၊ ရိုးသားတဲ့ တောသူ တောင်သား တွေကို အောက်တန်း ကျတဲ့ ဉာဏ်နီ ဉာဏ် နက်နဲ့ လှည့်ကွက် သုံးပြီး ခြိမ်းခြောက်တာ ဖြစ်လို့ အခုလို စာရေးဖို့ အကြောင်းဖန် လာပြန် ပါတယ်။
The Voice Weekly မှာရေးထားတဲ့ သတင်း ခေါင်းစဉ်နဲ့ သတင်း အပြည့် အစုံက တခြားစီ ဖြစ်နေ ပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး၊ သုဝဏ္ဏ အားကစား ရုံမှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်း ပွဲမှာ လူဝင်မှု ကြီး ကြပ်ရေး ၀န် ကြီး ဦးခင်ရီက ဒီလိုပြောခဲ့ ပါတယ်။
“သူ့နှုတ်က ပြောတဲ့ ရွေးချယ် ပိုင်ခွင့်ကို ကျွန်တော် တို့က လိုက်ရေးမှာ ဖြစ်ပါတယ်။ သူက ကကြီး လို့ ပြော လိုက် ရင် ဒီလို အသုံး အနှုန်းကို ကျွန်တော် မသုံးချင် ပါဘူး။ သူက ကကြီးလို့ ပြောရင် ကကြီး လို့ ဖြည့်ပေး လိုက်မှာပဲ ဖြစ်ပါတယ်။ အဲဒီ အတွက် ဖြစ်လာမယ့် အကျိုးဆက် တွေက ကျွန်တော် စောစော က ပြော သလိုပေါ့။ ဒီလို ကကြီးကို ရိုဟင်ဂျာလို့ ပြောလိုက်ရုံနဲ့ ရိုဟင်ဂျာ လူမျိုးကို ဗမာ ပြည်မှာ ရိုဟင်ဂျာ လူမျိုးက ၁၃၅ မျိုးထဲမှာ ပါတယ်လို့ အသိ အမှတ် ပြုမှာ မဟုတ်ဘူး။ အဲဒီလို ပြောလိုက် ရုံနဲ့ နိုင်ငံ သား ဖြစ် သွားမှာ မဟုတ်ဘူး။”
ဦးခင်ရီ ပြောတဲ့ အထဲမှာ ရိုဟင်ဂျာလို့ ဖြည့်ရင် အရေး ယူမယ်၊ ဖြည့်လို့ မရဘူးလို့ ပြောသွားတာ တစ်ခုမှ မပါ ပါဘူး။ The Voice Weekly က ရိုဟင်ဂျာဟု ထည့်သွင်းလျှင် အရေးယူ ခံရမည်ဟု လ.၀.က ၀န်ကြီးဆို လို့ ခေါင်းစဉ် တပ်ခဲ့ ပေမယ့် ဦးခင်ရီက အရေး ယူမယ်လို့ ပြောတာကို သတင်း အပြည့် အစုံမှာ ရေး သား နိုင်ခြင်း မရှိခဲ့ဘူး။ ဘာကြောင့် မရေးနိုင် ခဲ့သလဲ ဆိုတော့ ကျွန်တော် စောစော က ရေးသလို ဘဲ အောက်တန်း ကျတဲ့ ဉာဏ်နီ ဉာဏ်နက်နဲ့ လှည့်ကွက် သုံးပြီး ခြိမ်းခြောက်တာ ဆိုတော့ The Voice Weekly က ဘယ်အတန်း ထဲက မီဒီယာလဲ ဆိုတာ သူ့အဆင့် အတန်းကို သူ့ဟာသူ ဖော်ပြ သွားတာ ဖြစ် ပါ တယ်။ အဆင့် အတန်း မရှိတဲ့ မီဒီယာကို ဝေဖန်ပြီး ရေးမယ် ဆိုရင်လည်း ကျွန်တော့် လက်ညောင်း တာ ဘဲ အဖတ် တင် ပါလိမ့်မယ်။ စိတ်ဓါတ် အောက်တန်းကျ သူတွေရဲ့ အတွေး အခေါ် တွေကို ပြောင်းလဲ ပစ်ဖို့က သူတို့ကိုယ် သူတို့ အောက်တန်း ကျတယ်လို့ မြင်နိုင် မှသာ ပြောင်းလဲလို့ ရမှာ ဖြစ်ပါတယ်။ အဲဒီတော့ သူတို့ အောက်တန်း ကျတဲ့ ကိစ္စကို အကျယ် တ၀န့် မရေးတော့ ပါဘူး။
နောက်တစ်ချက် ရေးထားတာ ကတော့ “သန်းခေါင် စာရင်း ကောက်ယူ ရာတွင် ဖြေဆိုရန် ငြင်းဆိုခြင်း၊ သိလျက်နှင့် မှားယွင်း ဖြေဆိုခြင်း သို့မဟုတ် မှားယွင်း ဖြည့်သွင်းကြောင်း ပြစ်မှု ထင်ရှားလျှင် တစ်လထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ်ငါးသောင်းထက် မပိုသော ပြစ်ဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးကို ဖြစ်စေ ချမှတ် နိုင်ကြောင်း လူဦးရေနှင့် အိမ်အကြောင်း အရာ သန်းခေါင် စာရင်း ဥပဒေတွင် ဖော်ပြသည်။” လို့ The Voice Weekly ရဲ့သတင်းမှာ ရေးထား ပါတယ်။
၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့မှာ ပြည်ထောင်စု လွှတ်တော်က ဥပဒေ အမှတ် (၁၉) အဖြစ် အတည် ပြု ပြဌာန်း ခဲ့တဲ့ “လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဥပဒေ” မှာ မည်သူတစ်ဦး တစ်ယောက် ကို မှ ဘယ်လူမျိုး မဖြည့်ရဘူး၊ ဘယ်လူမျိုးကို အသိ အမှတ် မပြုဘူး၊ အရင်က ကကြီး လူမျိုး ဖြစ်လို့ အခု ခခွေး လူမျိုး ဖြည့်ရင် မှားယွင်းစွာ ဖြည့်သွင်းမှုနဲ့ အရေးယူ ခံရမယ်လို့ ရေးသား ပြဌာန်း ထားတာ လုံးဝ (လုံးဝ) မပါဘူး။ အဲဒီ ဥပဒေရဲ့ ပုဒ်မ ၁၆ (ဂ) မှာ - သန်းခေါင် စာရင်း ကောက်ယူသည့် အခါ မမှန်မကန်ဖြေ ဆိုစေရန်မေးခွန်းဖြေဆို မည့်သူအား တိုက်တွန်းခြင်း၊ခြိမ်းခြောက်ခြင်း သို့မဟုတ် သွေးဆောင် ဖြားယောင် ခင်း မပြု ရ -- လို့ ရေးသား ပြဌာန်းထား ပါတယ်။
ဖေဖော်ဝါရီလ (၁၀) ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ ဦးခင်ရီက “ရိုဟင်ဂျာလို့ ပြောတယ် ဆိုပါစို့။ ဥပမာ အားဖြင့် ပြောတယ် ဆိုရင် ကျွန်တော် တို့က နိုင်ငံတကာ စံနှုန်းတွေ လူ့အခွင့် အရေး အရ သူပြောတဲ့ အပေါ်မှာ လူ့အခွင့် အရေး စံနှုန်း အတိုင်း လိုက်နာ အကောင် အထည်ဖော် ဆောင်ရွက် ရမယ့် သဘော မျိုး ဖြစ်နေတယ်” လို့ပြောခဲ့ ပါတယ်။
အဲဒါကြောင့် လ.၀.က ၀န်ကြီး ကိုယ်တိုင်၊ ပြီးတော့ ပြည်ထောင်စု လွှတ်တော်က ပြဌာန်း ထားတဲ့ ဥပဒေမှာ ဘာမှ မပြောထားတဲ့ ကိစ္စ တစ်ခုကို The Voice Weekly က “ရိုဟင်ဂျာလို့ ထည့်သွင်းမယ် ဆိုရင် အရေးယူ ခံရမယ်” လို့ရေးသားပြီး ခြိမ်းခြောက်တဲ့ အတွက် The Voice Weekly က ပြည်ထောင်စု လွှတ်တော်က ပြဌာန်း ထားတဲ့ ဥပဒေ အမှတ် (၁၉) လူဦးရေနှင့် အိမ်အကြောင်း အရာ သန်းခေါင် စာရင်း ဥပဒေ” ပုဒ်မ ၁၆ (ဂ) နဲ့ငြိစွန်း နေပါပြီ။ အဲဒီတော့ ဥပဒေအရ ရိုဟင်ဂျာလို့ ဖြည့်မယ့် သူတွေ အရေးယူ ခံရမလား၊ “ရိုဟင်ဂျာလို့ ရေးရင် အရေးယူ ခံရမယ်” လို့ခြိမ်းခြောက်ပြီး ရေးတဲ့ The Voice Weekly ကိုယ် တိုင် အရေးယူ ခံရမလား ဆိုတာ သေချာ စဉ်းစား ကြည့်ပါ။ တရား ဥပဒေ စိုးမိုးတဲ့ နိုင်ငံမှာ ဆိုရင် အခုလောက် ဆို The Voice Weekly ရဲ့အယ်ဒီတာချုပ် အချုပ်ခန်းထဲ ရောက်နေ ပါပြီ။
မြန်မာ နိုင်ငံရဲ့ ဥပဒေက ကိုးကွယ်တဲ့ ဘာသာ အပေါ် လိုက်ပြီး အသက်ဝင် နေတော့လည်း ..
RB News
13.2.2014
မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ တောင်ပိုင်း အမှတ် (၈) နယ်မြေ၊ စခန်း အမှတ် (၁၈) အင်းဒင် စခန်းမှ လုံထိန်း ရဲများနှင့် ၎င်းဒေသတွင် လုံခြုံရေး တာဝန် ထမ်းဆောင် နေသော စစ် သားများ ပူးပေါင်း၍ ညအချိန် မတော် ရွာများထဲ သို့ဝင်ရောက်ခြင်း၊ ဒေသခံများ နေအိမ် ထဲသို့ ကျူးကျော် ၀င်ရောက်၍ ဖမ်းဆီး ချုပ်နှောင် ညှဉ်းပန်း နှိပ်စက်ခြင်း၊ မဟုတ် မမှန် စွပ်စွဲ၍ ငွေညှစ်ခြင်း၊ အမျိုးသမီး များကို မုဒိန်းကျင့်ခြင်း၊ စသည် တို့ကို ဥပဒေမဲ့ ပြုလုပ် လျက်ရှိကြောင်း သတင်း ရရှိ ပါသည်။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ည ၉း၃၀ နာရီ အချိန်တွင် စခန်း အမှတ် (၁၈) အင်းဒင်မှ ရဲတပ်ဖွဲ့ ၄ ဦး၊ စစ် သား ၂ ဦး တို့သည် သ၀င်ချောင်း ကျေးရွာရှိ ဦးအဒူရှကုရ် (ဘ) ဦးအော်လီ အာမတ်၏ နေအိမ်သို့ ကျူးကျော် ၀င်ရောက်ပြီး ဦးအဒူရှကုရ်၏ ညီမ ဖြစ်သူကို ၎င်းတို့နှင့် အတူ စခန်းတွင် တစ်ည ပေးအိပ်ရန် လူ မဆန် စွာ တောင်းခဲ့သည်။ သို့သော်လည်း ဦးအဒူရှကုရ်မှ မပေး နိုင်ကြောင်း ငြင်းဆို သဖြင့် ထိုနေ ရာတွင် ဦးအဒူရှကုရ်ကို ရဲများနှင့် စစ်သားများက ၀ိုင်းဝန်း ရိုက်နှက်ပြီး စခန်းသို့ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။
ဦးအဒူရှကုရ်ကို အင်းဒင် စခန်းတွင် ဖမ်းဆီး ချုပ်နှောင်၍ ညှင်းပန်း နှိပ်စက် လျက်ရှိပြီး၊ လူကုန်ကူးမှုတွင် ပါ ၀င် သည်ဟု မဟုတ် မမှန် စွပ်စွဲကာ ရဲများနှင့် စစ်သား များက ငွေကျပ် ၄ သိန်း ၅ သောင်း ပေးရန် မိသားစု ၀င်များကို ဖိအား ပေးလျက် ရှိကြောင်း၊ ဖမ်းဆီး သွားသည့် အချိန်မှ စ၍ ယခု အချိန်ထိ မိသား စုဝင် များကို တွေ့ဆုံခွင့် မပေးကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။
သ၀င်ချောင်း ကျေးရွာမှ ဦးအဒူရှကုရ်၏ ဆွေမျိုး တစ်ဦးက “ဖမ်းသွားတဲ့ ညက ဦးအဒူရှကုရ်ကို မိသားစု ၀င်တွေရှေ့မှာ ရိုက်တာ တော်တော်လေး လူမဆန်ဘူး။ အဲဒီလိုသာ စခန်းမှာ ဆက်ပြီး ရိုက်နှက် နေမယ် ဆို ရင် အသက်တောင် ရှင်နေ ပါ့မလား ဆိုပြီး မိသားစု ၀င်တွေက သံသယ ဖြစ်နေတယ်။ ရဲတွေနဲ့ စစ် သားတွေ တောင်းတာ မရတော့ လူကုန်ကူးမှုမှာ ပါဝင်တယ်လို့ စွပ်စွဲပြီး ငွေ ၄ သိန်းခွဲ ပေးဖို့ မိသားစု ၀င်တွေကို ဖိအား ပေးနေတယ်” ဟု RB News သို့ ပြောပါသည်။
RB News
13.2.2014
မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ ဥဒေါင်း ကျေးရွာ အုပ်ချုပ် ရေးမှူး ဦးတင်မောင်ကို တာဝန်မှ ရပ်စဲ လိုက်ပြီးနောက် ၎င်း၏ ယောက်ဖ တော်စပ်သူ ဦးမောင်မြကို မောင်တော မြို့နယ် အုပ် ချုပ် ရေးမှူး ဦးကြည်စန်းက ယာယီ အုပ်ချုပ် ရေးမှူး အဖြစ် ခန့်အပ် လိုက်ကြောင်း သိရှိ ရပါသည်။ ယခု အခါ အုပ်ချုပ် ရေးမှူးဟောင်း ဦးတင်မောင်နှင့် ယာယီ အုပ်ချုပ် ရေးမှူး ဦးမောင်မြတို့ ပူးပေါင်း၍ ဒေသခံ များကို ယခင်ကထက် အဆပေါင်း များစွာ ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ် လျက်ရှိကြောင်း သတင်း ရရှိ ပါသည်။
ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ဂေါ်ရာခါလီ ကျေးရွာမှ ဦးနူရ်အာလမ် (ဘ) ဦးကာလာနှင့် အလယ် သံကျော် ကျေးရွာမှ ဦးဟာရှိမ် အုလ္လာ (ဘ) ဦးမောဂုလ် အလီတို့ နှစ်ဦး ဆိုင်ကယ် စီးနင်း လာကြရာ ဥဒေါင်း တောင်ဘက်ရွာ အလွန်တွင် မတော်မဆ ဆိုင်ကယ် တိုက်မှု ဖြစ်ပွား ခဲ့သည်။ ဆိုင်ကယ် နှစ်စီး တိုက်မိသည်ကို ရခိုင် လူမျိုး တစ်ဦးက မြင်၍ ယာယီ အုပ်ချုပ် ရေးမှူး ဦးမောင်မြကို အကြောင်းကြားရာ ဦးမောင်မြက ၎င်းတို့ နှစ်ဦးကို ဖမ်းဆီး၍ ငွေကျပ် ၅ သောင်းစီ ယူပြီး ဆိုင်ကယ် များကို သိမ်း ခဲ့ကြောင်း ဒေ သခံ တစ်ဦးက RB News သို့ ပြောပါသည်။ ဆိုင်ကယ် သမား နှစ်ဦးက ဦးမောင်မြ ကို ငွေ ယူရသည့် အကြောင်းရင်း ကိုမေးမြန်းရာ နှစ်ဦး စလုံးကို လူမဆန်စွာ ရိုက်နှက်ပြီး ဆိုင်ကယ် များ ကို ပြန် မပေးဘဲ ရုံးမှ မောင်းထုတ် ခဲ့သည်။ ဆိုင်ကယ် များကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင်ငွေကျပ် ၅ သောင်းစီ ယူ၍ ပြန်လည် ပေးခဲ့ကြောင်း သိရှိ ရပါသည်။
တာဝန်မှ ရပ်စဲ ခံရသည့် ယခင် အုပ်ချုပ် ရေးမှူး ဦးတင်မောင်လည်း ယာယီ အုပ်ချုပ် ရေးမှူး ဦးမောင်မြနှင့် အတူ ကျေးရွာ အုပ်ချုပ် ရေးမှူး ရုံးတွင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှ စ၍ ရုံးထိုင် လျက်ရှိပြီး၊ ဒေသခံ များကို ယခင် ကထက် အဆ ပေါင်းများစွာ မိုက်မိုက် ရိုင်းရိုင်း ဆက်ဆံ လျက်ရှိကြောင်း ဒေသခံ များ က ပြောပါသည်။
ဇန်န၀ါရီလ ၃၀ ရက်နေ့ မတရား သဖြင့် ဖမ်းဆီး၍ ငွေကျပ် ၁၀ သိန်း ညှစ်ခံရသည့် ဦးမိုဟာမတ် အာယုဘ်ကို ငွေညှစ် ပြီးနောက် ပြန်မလွှတ်ဘဲ မောင်တော ရဲစခန်းသို့ ပို့ခဲ့သည်။ (သတင်း အပြည့်အစုံ http://bit.ly/1louCIO ) ယခု အခါ ဦးမိုဟာမတ် အာယုဘ်၏ မိသားစုကို ငွေကျပ် ၂၅ သိန်း မပေးပါက နှစ်ရှည် ထောင်ဒဏ် ကျအောင် ပြုလုပ်မည်ဟု ခြိမ်းခြောက် လျက်ရှိသည်။ လွန်ခဲ့သည့်နှစ် စက်တင်ဘာလက ဦးမိုဟာမတ် အာယုဘ်က အုပ်ချုပ် ရေးမှူး ဦးတင်မောင်၏ ဒေသခံ များအပေါ် ညှဉ်းပန်း နှိပ်စက် ငွေညှစ်မှု များကို အာဏာပိုင် များထံ တင်ပြ ခဲ့မှုကြောင့် ဦးတင်မောင်၏ ငွေကျပ် ၂၅ သိန်း ဆုံးရှုံး ခဲ့ရခြင်းကြောင့် ယခု ကဲ့သို့ တောင်းနေခြင်း ဖြစ်သည်ဟု ဒေသခံ များက ပြောပါသည်။
ယခု ယာယီ အုပ်ချုပ် ရေးမှူး ဦးမောင်မြက ဆယ်အိမ်မှူး ၆ ဦးကို ခေါ်ယူ၍ ၎င်းအနေဖြင့် ငွေကြေး အကုန်ကျ ခံပြီး ယာယီ အုပ်ချုပ် ရေးမှူး ဖြစ်လာခြင်း ဖြစ်သည့် အတွက် ၎င်းငွေ များကို ဆယ်အိမ်မှူး များက ပေးရမည်ဟု ဆိုကာ တစ်ဦးထံမှ ငွေကျပ် ၂ သိန်း တောင်းလျက် ရှိပြီး၊ မပေး နိုင်သူ များကို တာဝန်မှ ရပ်စဲမည်ဟု ခြိမ်းခြောက် ခဲ့ကြောင်း ဒေသခံ များမှ RB News သို့ ပြောပါသည်။
12.2.2014
သမ္မတဦးသိန်းစိန်အစိုးရကနေပြီးမြန်မာနိုင်ငံငြိမ်းချမ်းရေးရရှိဖို့အစွမ်းကုန်ကြိုးစား ဆောင် ရွက် နေပေမယ့် အစိုးရ စစ်တပ် အနေနဲ့ တိုင်းရင်းသား ဒေသ တွေကို ပစ်မှတ် ထားပြီး လူ့အခွင့် အရေး ချိုးဖောက် မှုတွေ လုပ်ဆောင် နေတယ်လို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အခြေစိုက် လူ့အခွင့် အရေး မှတ်တမ်း ကွန်ရက်- မြန် မာ နိုင်ငံ အဖွဲ့ရဲ့ အစီရင် ခံစာမှာ ဖော်ပြထား ပါတယ်။
မနေ့က ထုတ်ပြန် လိုက်တဲ့ မြန်မာ နိုင်ငံ လူ့အခွင့် အရေး အခြေ အနေ အစီရင် ခံစာမှာ အာဏာပိုင်တွေ ကနေ မြေယာ သိမ်းဆည်း မှုဟာ အများဆုံး ဖြစ်ပြီး ညှဉ်းပမ်း နှိပ်စက်မှု၊ မတရား ဖမ်းဆီးမှု၊ မတရား သ ဖြင့် အခွန် ကောက်ခံမှု၊ တရား လက်လွတ် သတ်ဖြတ်မှု၊ အတင်း အဓမ္မ ခိုင်းစေမှု၊ လူကုန်ကူးမှု၊ အ တင်း အဓမ္မ ရွှေ့ပြောင်း မှုနဲ့ အဓမ္မ ပြုကျင့်မှု တွေ ပြုလုပ် ခဲ့တယ် ဆိုပြီး ဖော်ပြထား ပါတယ်။
ND-Burma အဖွဲ့ရဲ့ သတင်း မှတ်တမ်း စုဆောင်းရေး အဖွဲ့ ကနေ တိုင်းနဲ့ ပြည်နယ် ၁၁ ခုမှာ ကွင်း ဆင်း ကောက်ခံယူ ခဲ့တာ ဖြစ်ပြီး လူ့အခွင့် အရေး ချိုးဖောက်တဲ့ အမှုပေါင်း ၁၀၆ ခုကို အထောက် အထား ခိုင်လုံစွာနဲ့ မှတ်တမ်းတင် ခဲ့တာ ဖြစ်တယ် လို့လည်း သိရ ပါတယ်။
လူ့အခွင့် အရေး မှတ်တမ်း ကွန်ရက် - မြန်မာ နိုင်ငံ ND-Burma အဖွဲ့ဟာ အမျိုးသား ပြန်လည် သင့် မြတ် ရေး ကို မြှင့်တင် နိုင်ဖို့နဲ့ လူ့အခွင့် အရေး ချိုးဖောက် ခံရသူတွေ အမှန် တရားနဲ့ တရား မျှတမှု ရှာဖွေ နေမှုကို ကူညီတဲ့ အနေနဲ့ ဒီလူ့အခွင့် အရေး ချိုးဖောက် မှုတွေကို မှတ်တမ်းတင် ထုတ်ပြန် လိုက်တာ ဖြစ်တယ် လို့လည်း ND-Burma အဖွဲ့က စည်းရုံး လှုံ့ဆော်ရေး အဖွဲ့ တာဝန်ခံ လွေးပိုးညိုဝ်း က အခုလို ပြောဆိုပါတယ်။
“ကျမတို့ ပြောချင်တာက အစိုးရ အနေနဲ့ ဒီလိုမျိုး လူ့အခွင့် အရေး ချိုးဖောက် မှုတွေ ရှိနေတဲ့ ဟာကို မဖြစ်အောင် ဘယ်လို ကာကွယ် မလဲ။ ချိုးဖောက် ခဲ့တဲ့ လူတွေ ကိုလည်း ထိုက်သင့်တဲ့ အပစ် ပေးမှု ရှိရမယ်၊ အဲ့ဒါမှ သာလျှင် ကျမ တို့တွေက နောက်နောင် အမှန် တရား အတွက် ကျမတို့ ဖော် ထုတ် နိုင် မှာ ဖြစ်တယ်။ ကျမတို့ရဲ့ အဓိက ရည်ရွယ်ချက် ဟာလည်းပဲ ဒီ အမှန် တရား ရရှိဖို့ အတွက်ပဲ ဒီလူ့အခွင့် အရေး ချိုးဖောက် မှုတွေကို ကောက်ခံ ပြီးတော့မှ ဖော်ပြ ရတာ ဖြစ်တယ်၊ လူတွေ က နိုင် ငံတော် ပြန် လည် သင့်မြတ် ရေးလို့ ပြောပြီ ဆိုလို့ ရှိရင် အမှန် တရား မရှိဘူး၊ အမှန် တရားကို မဖော် ထုတ် ဘူး ဆိုရင် ဘယ်လိုမှ နိုင်ငံတော် သင့်မြတ်ရေးမှာ ဖြောင့်ဖြူးမယ် မဟုတ်ဘူး ပေါ့နော်။”
အစိုးရ အနေနဲ့လည်း တဖက်မှာ ပြုပြင် ပြောင်းလဲ မှုတွေကို ဆောင်ရွက် နေပေမယ့် တကယ့် အောက်ခြေ မှာ မပြောင်းလဲတဲ့ အတွက် ပြည်သူ လူထု အနေနဲ့ အစိုးရ အပေါ် ယုံကြည်ဖို့ ခဲယဉ်းကြောင်း အစီရင် ခံစာမှာ ထောက်ပြ ပြောဆိုထား ပါတယ်။
လူ့အခွင့် အရေး မှတ်တမ်း ကွန်ရက် (မြန်မာနိုင်ငံ) ND-Burma အဖွဲ့ကို မြန်မာ နိုင်ငံမှာ ရှိတဲ့ လူ့အခွင့် အရေး လှုပ်ရှား နေကြတဲ့ ကွန်ယက် အဖွဲ့ဝင် ၁၀ ဖွဲ့နဲ့ လူ့အခွင့် အရေး မှတ်တမ်းတင် လုပ်ငန်းတွေ ပူးပေါင်း ဆောင်ရွက်ဖို့ ရည်ရွယ်ပြီး လွန်ခဲ့တဲ့ ၂၀၀၄ ခုနှစ်က စတင် ဖွဲ့စည်း တည်ထောင် ခဲ့တာ ဖြစ် တယ်လို့ ရေဒီယို သြစတေးလျ သတင်းထောက် သန်းကျော်စိုး က သတင်း ပေးပို့ ထားပါတယ်။
![]() |
| (ဓါတ်ပုံ - AFP) |
RB News
11.2.2014
ရန်ကုန် ။ ။ မြန်မာ နိုင်ငံသို့ သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက် အရ အလည် အပတ် ရောက်ရှိ နေသည့် ဂျာမဏီ နိုင်ငံ သမ္မတ Mr. Joachim Gauck က ရိုဟင်ဂျာ လူမျိုး များကို နိုင်ငံသား အခွင့် အရေး အပြည့် အ၀ ပေးရန် ယနေ့ ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမတွင် ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြား ခဲ့သည်။
တနင်္လာနေ့က နေပြည်တော်တွင် မြန်မာ သမ္မတ ဦးသိန်းစိန်က ဂျာမန် သမ္မတ Mr. Joachim Gauck ဂုဏ်ပြု တပ်ဖွဲ့ဖြင့် ကြိုဆို ပြီးနောက်တွင် ဂျာမန် သမ္မတက မပြေလည် မဖြေရှင်း နိုင်သေးသည့် မြန်မာ တိုင်းရင်းသား ရိုဟင်ဂျာ လူနည်းစု များ၏ တရားဝင် နိုင်ငံသား ဖြစ်မှုနှင့် ပတ်သက်၍ လွန်စွာ စိုးရိမ် နေရကြောင်း ပြောဆို ခဲ့သည်။ ထို့အပြင် ဗုဒ္ဓဘာသာ ၀င်များနှင့် မွတ်စလင် များအကြား အကြမ်းဖက် တိုက်ခိုက်မှု များကြောင့် ကံကြမ္မာဆိုး များရောက် ရှိလာကြောင်း သမ္မတ ဦးသိန်းစိန်သို့ တိုက်ရိုက် ပြောကြား ခဲ့ကြောင်း ဂျာမဏီ နိုင်ငံ အခြေစိုက် Detusche Welle သတင်း ဌာနမှ ရေးသား ဖော်ပြ ခဲ့သည်။
ယနေ့ ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်း သဘင် ခန်းမတွင် ဂျာမန် သမ္မတက မိန့်ခွန်း ပြောကြား ရာတွင် ၎င်းအနေဖြင့် မြန်မာ နိုင်ငံတွင် ဗုဒ္ဓ ဘာသာဝင် များနှင့် မွတ်စလင် များအကြား အကြမ်းဖက် တိုက်ခိုက်မှု များဖြစ်သည်ကို ကြားသိ ရသည့် အချိန်တွင် စိုးရိမ် ခဲ့ရကြောင်း၊ ရိုဟင်ဂျာ များသည် မြန်မာ နိုင်ငံ၏ အခြားသော လူနည်းစု များကဲ့သို့ မြန်မာ နိုင်ငံမှ ဖြစ်ကြောင်း၊ ရိုဟင်ဂျာများ နိုင်ငံသား အခွင့် အရေး အပြည့် အ၀ ရရှိရန် ပြုလုပ် သွားမည် များကို ကြိုဆို သွားမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြား ခဲ့ကြောင်း Bangkok Post နှင့် ယူကေ နိုင်ငံ အခြေစိုက် သတင်း များတွင် ရေးသား ဖော်ပြ ထားသည်။
ဂျာမန် သမ္မတ၏ ခရီးစဉ် အတွင်း မြန်မာ နိုင်ငံမှ ဂျာမဏီ နိုင်ငံသို့ ပေးရန် ရှိသည် အကြွေး ယူရို တစ်ဘီလီယံ ကျော်မှ ၅၀% ယူရို သန်း ၅၄၀ ကျော်ကို လျှော်ပေးသည့် စာချုပ် တစ်ရပ် ချုပ်ဆို ခဲ့သည်။
ဓါတ်ပုံသတင်း
- ရိုဟင်ဂျာ ဘာသာစကား သို့မဟုတ် တိုင်းရင်းသား ဘာသာစကား
- 2014 Census တွင် ရိုဟင်ဂျာ ဟူ၍ Code နံပါတ်ထည့် ပေးရန် DHRP မှ သမ္မတထံ စာရေးသား
- RB News စာဖတ် ပရိသတ်များ သိစေရန် အသိပေးခြင်း
- UN Humanitrian Chief ရခိုင်ပြည်နယ်သို့သွားမည်
- ရဲတပ်ကြပ်ကြီးက ငွေညှစ်သည့် အပြင် လူမျိုးရေး ရိုင်းပျ စော်ကားမှုပါ ပြုလုပ်
- ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ထံသို့ အိတ်ဖွင့် တိုင်ကြားစာ
- ရခိုင်ကော်မရှင် ဥက္ကဌ ကိုဖီအာနန်ထံသို့ မောင်တောဒေသခံများမှ အိတ်ဖွင့်ပေးစာ
- ကြိမ်ချောင်း - တောင်ပြို ကားလမ်းမပေါ်မှ ဖြတ်သန်းသွားလာသူများကို စစ်သားများက ရပ်တန့်ခိုင်းပြီး လုယက်
- အာရ်ကာန်မြေ၏ ဟစ်ခေါ်သံ (သို့) အဝေးရောက်သားများသို့ (၃)
- ရိုဟင်ဂျာများသည် တရားမ၀င် ၀င်ရောက်လာသူများ မဟုတ်ဟု သမ္မတ အိုဘားမားပြော
ဂျီနိုဆိုက်ဆိုတာဘာလဲ?
ဒေါက်တာဇာနည် ရှင်းပြသည့် ရိုဟင်ဂျာ
























