RB News
2.5.2014
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်ရှိ ကျေးရွာများတွင် အမှတ် (၁၅) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှ တပ်ခွဲမှူး ဗိုလ်မှူးဇော်မျိုးက တရားမ၀င် ဘင်္ဂလားဖုန်းများ ဖြန့်ဖြူး၍ လစဉ်ကြေး ကောက်ခံလျက် ရှိကြောင်း သတင်း ရရှိပါသည်။
အမှတ် (၁၅) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှ တပ်ခွဲမှူး ဗိုလ်မှူးဇော်မျိုးသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ မိုဘိုင်းဖုန်းများကို ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာ အသီးသီးတွင် ကိုယ်စားလှယ်များ ထား၍ လစဉ် အခကြေးငွေ ယူကာ ဖြန့်ဖြူး လျက်ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ဘင်္ဂလားဖုန်းများ အသုံးပြုနေသည့် ကျေးရွာများတွင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (MPT) မှ လိုင်းများ အသုံးပြုနေသူ များကို ဗိုလ်မှူးဇော်မျိုး၏ ကိုယ်စားလှယ် များက နည်းမျိုးဖြင့် ပြဿနာရှာ အနှောက်အယှက် ပေးနေသည်ဟု ဒေသခံများက ဆိုသည်။
ဗိုလ်မှူးဇော်မျိုးမှ ဘူးသီးတောင်မြို့နယ် အရှေ့ဘက်ခြမ်းရှိ ကျေးရွာများတွင် ဘင်္ဂလားဖုန်း အလုံးပေါင်း ၁၂၀ ခန့် ဖြန့်ဖြူး ထားပြီး လစဉ်ကြေး သိန်း ၄၀ ခန့် ရရှိနေသည်ဟု ဒေသခံများက ပြောပါသည်။ လစဉ် တပ်မတော်သား နှစ်ဦးကို ကျေးရွာများသို့ စေလွှတ်၍ ဗိုလ်မှူးဇော်မျိုး၏ ကိုယ်စားလှယ်များ ထံမှ လစဉ်ကြေး ကောက်ခိုင်းလျက် ရှိကြောင်း သိရှိရပါသည်။
ဒေသခံများက ဗိုလ်မှူးဇော်မျိုးမှ ၎င်း၏ စီးပွားရေး ပိုမို အဆင်ပြေရန် အတွက် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ လိုင်းများ သုံးစွဲနေသူများကို နှောက်ယှက် နေသည့် အတွက် ယခုကဲ့သို့ တရားမ၀င် လုပ်ငန်း လုပ်ကိုင်နေသည့် ဗိုလ်မှူးဇော်မျိုးကို အရေးယူ ပေးရန် လိုလားကြောင်း ပြောပါသည်။
မောင်တောခရိုင်တွင် အာဏာပိုင်များ ကိုယ်တိုင် ဘင်္ဂလား မိုဘိုင်းလိုင်းများ သုံးစွဲပြီး၊ ဒေသခံ ရိုဟင်ဂျာ အချို့ကို လိုင်းကြေးယူ၍ ဖြန့်ဖြူး ထားပြီး၊ ဘင်္ဂလား ဖုန်းမသုံးစွဲသည့် အပြစ်မဲ့ များကို မကြာခဏ ဖမ်းဆီး၍ ငွေညှစ်လျက် ရှိသည်။
RB News
2.5.2014
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်တွင် ဒေသခံ ရိုဟင်ဂျာ နှစ်ဦးကို ရခိုင်များနှင့် ဒိုင်းနက် လူမျိုးများက တိုက်ခိုက်၍ လုယက်ခဲ့ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
ဧပြီလ (၂၅) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဒုအိုးသည်မ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးမာမတ်အီနုစ်သည် ညောင်ချောင်း ကျေးရွာရှိ ယောက္ခအိမ်သို့ သွားခဲ့ရာ နေ၀င်သည့် အချိန်တွင် မိမိ၏ ရွာသို့ ပြန်သွားခဲ့သည်။ လမ်းခုလတ်တွင် ယောက္ခမ ဖြစ်သူက ဖုန်းဆက်ဖြင့် မေးရာ ရွာနှင့် နီးစပ်သည့် နေရာသို့ ရောက်ရှိ နေပြီ ဖြစ်ကြောင်း ၎င်းက အကြောင်းပြန်ခဲ့သည်။ သို့သော် ည ၈း၃၀ နာရီတွင် ထပ်မံ၍ ဖုန်းဆက်ရာ ဖုန်းကိုင်ခြင်း မရှိတော့သည့် အတွက် ဒုအိုးသည်မ ကျေးရွာရှိ မိသားစု များထံ ယောက္ခမ ဖြစ်သူက အကြောင်းကြားခဲ့သည်။ ထို့နောက် ဒေသခံရွာသား များက ဒုအိုးသည်မ ကျေးရွာ အုပ်စုရှိ ဒိုင်းနက်ရွာ တစ်ရွာ ဖြစ်သည့် တောင်မော်ရွာသို့ ၀င်ရောက်၍ ရှာဖွေရာ အုပ်ချုပ်ရေးမှူး ဦးမာမတ်အီနုစ်ကို ဒိုင်းနက် လူမျိုး အစွန်းရောက် (၄) ဦးက ဓါးများကိုင်ဆောင်၍ သတ်ပစ်ရန် ချုံပုတ် တစ်ခုထဲသို့ ခေါ်ဆောင် သွားသည်ကို မြင်တွေ့ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ ဒိုင်းနက် အစွန်းရောက် (၄) ဦးက ရိုဟင်ဂျာ ရွာသားများ၏ အသံနှင့် လက်နှိပ် ဓါတ်မီး မီးရောင်ကို မြင်တွေ့ပြီး အုပ်ချုပ်ရေးမှူး ဦးမာမတ်အီနုစ်ကို ထား၍ ထွက်ပြေး သွားခဲ့ကြကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ဧပြီလ (၂၄) ရက်နေ့ကလည်း ကျောက်ဖြူသား သေကံရွာမှ ငါးရောင်း၍ လုပ်ကိုင် စားသောက်သည့် ဦးရော်ရှိတ် (ဘ) ဦးနာဒီဆန် (အသက် ၄၀ နှစ်) ကို ည (၇) နာရီ အချိန်တွင် ဘူးသီးတောင်မြို့တွင် ငါးရောင်း၍ ပြန်လာနေစဉ် ကင်းချောင်း ကျေးရွာ အုပ်စုမှ ရခိုင် အစွန်းရောက် (၄) ဦးက ဓါးရှည်များ ကိုင်၍ ဦးရော်ရှိတ်ထံမှ ငါးရောင်း၍ ပါလာသည့် ငွေကျပ် ၁၆၀၀၀/- နှင့် နေအိမ်ရှိ ဆိုင်တွင် ရောင်းရန် ၀ယ်လာသည့် မုန့် ကျပ် ၁၀၀၀၀/- ဖိုးကို လုယက်၍ ယူသွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ထို့အပြင် ဦးရော်ရှိတ် ၀တ်ဆင် ထားသည့် အင်္ကျီနှင့် ပုဆိုးတို့ကိုလည်း လုယက်ယူခဲ့သည့် အတွက် အပြန်လမ်းတွင် သပိတ်တောင် ကျေးရွာ အုပ်စုသို့ ၀င်၍ ဒေသခံ ရိုဟင်ဂျာ တစ်ဦးထံမှ ပုဆိုးတောင်း၍ ၀တ်ပြီး အိမ်သို့ ပြန်ခဲ့ရကြောင်း သိရှိရပါသည်။
Rohingya Eye
RB News
1.5.2014
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ၀ါးချ ကျေးရွာမှ အနီးရှိ ရခိုင်ရွာသို့ ၀င်သွားသည့် နွားနှစ်ကောင်ကို ရခိုင်များက ပြန်မပေးခဲ့ကြောင်း သတင်း ရရှိပါသည်။
ဧပြီလ (၁၆) ရက်နေ့ နေ့လည် ၂း၃၀ နာရီတွင် မောင်တောမြို့နယ် တောင်ပိုင်း ၀ါးချ ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် ကျွဲ၊ နွား၊ ဆိတ် အချို့သည့် အစာစား နေရာမှ နွားနှစ်ကောင်သည် အနီးရှိ မောရ၀တီ ရခိုင်ရွာသို့ ၀င်သွား ခဲ့သည်။ အဆိုပါ နွားနှစ်ကောင်ကို မောရ၀တီ ရခိုင်ရွာမှ ရခိုင်များက ပြန်လည် မပေးဘဲ သတ်ဖြတ်၍ စားသောက် လိုက်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
အဆိုပါ ဖြစ်စဉ်ကို ၀ါးချ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်စိန်ကို တင်ပြသော်လည်း ဦးမောင်မောင်စိန် မောရ၀တီ ရခိုင်ရွာသို့ နွားများ ၀င်ရောက်ခြင်း မရှိကြောင်း၊ ၎င်းနှင့်လည်း သက်ဆိုင်ခြင်း မရှိကြောင်း ပြောကြား၍ ခေါင်းရှောင် ခဲ့သည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
နစ်နာ ဆုံးရှုံးခဲ့ရသည့် နွားပိုင်ရှင် နှစ်ဦးမှာ --
(၁) မိုဟာမတ်ဟာနီဖ် (ဘ) ဦးအေနာမ်အုလ္လာ (အသက် ၃၁ နှစ်) (နွားတစ်ကောင် - တန်ဖိုး သုံးသိန်းကျပ်)
(၂) မော်လ၀ီဟူဆောင်း (ဘ) ဦးဟာလာမျာ (အသက် ၂၇ နှစ်) (နွားတစ်ကောင် - တန်ဖိုး သုံးသိန်းကျပ်) -- တို့ဖြစ်သည်။
Rohingya Eye
RB News
1.5.2014
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း မြောတောင် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးက အိမ်ပြုပြင်သည့် ဒေသခံများထံမှ ငွေညှစ် ခဲ့ကြောင်း သတင်း ရရှိပါသည်။
မောင်တောမြို့နယ် မြောက်ပိုင်း မြောတောင် ကျေးရွာ အုပ်စုတွင် ဒေသခံ ရိုဟင်ဂျာ အချို့က ၎င်းတို့၏ နေအိမ်များ ပြုပြင်ခဲ့သည်။ နံရံများ လဲလှယ်ခြင်း၊ ကြမ်းခင်းများ ပြုပြင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ မြောတောင် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးအာယုဘ်ခန်းက အိမ်ပြုပြင်သူ များအနေဖြင့် နယ်မြေ (၆) နယ်ခြားစောင့်တပ် ရဲမှူး အတွက် ရန်ပုံငွေ ပေးရမည်ဟု ဆိုကာ ငွေညှစ်ခဲ့သည်။ အကယ်၍ မပေးပါက ထောင်ကျမည်ဟု ခြိမ်းခြောက် ခဲ့သဖြင့် ၎င်းတောင်းခံသည့် အတိုင်း ပေးခဲ့ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
နေအိမ် အသစ် ဆောက်လုပ်ခြင်း၊ နေအိမ် တိုးချဲ့ခြင်း မဟုတ်သည့် အတွက် အာဏာပိုင်များထံမှ ခွင့်ပြုချက်ပင် ယူရန် မလိုအပ်သော်လည်း နယ်ခြား စောင့်တပ် များက ကျေးရွာ အုပ်ချုပ်ရေးမှူး များကို အသုံးချ၍ ငွေညှစ်ခြင်း ဖြစ်သည်ဟု ဆိုသည်။
ငွေညှစ်ခံရသူ များမှာ --
(၁) မော်လ၀ီ ဦးအဗ်ဒူလ္လာ (ဘ) ဦးအဒူကော်ရီးမ် (အသက် ၃၄ နှစ်) ဂူနာရွာမှ - ညှစ်ခံရသည့် ငွေကျပ် ၂၅၀၀၀/-
(၂) ဦးယူနုစ် (ဘ) ဦးအဘူဆူလေမန် (အသက် ၆၃ နှစ်) မာဇီးရ်ရွာမှ - ညှစ်ခံရသည့် ငွေကျပ် ၆၀၀၀၀/-
(၃) နူရ်အလီ (ဘ) ဦးအလီဟူဆောင်း (အသက် ၂၃ နှစ်) ဂူနာရွာမှ - ညှစ်ခံရသည့် ငွေကျပ် ၂၀၀၀၀/-
(၄) မိုဟာမတ်အာလမ် (ဘ) ဦးနူရ်ဟူဆောင်း (အသက် ၂၄ နှစ်) မာဇီးရ်ရွာမှ - ညှစ်ခံရသည့် ငွေကျပ် ၅၀၀၀၀/- တို့ဖြစ်သည်။
RB News
1.5.2014
တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင် မြောက်ပိုင်း၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲရှိ ရေတွင်းပြင် ကျေးရွာရှိ မိုဘိုင်းဖုန်း သုံးစွဲသူများထံမှ အာဏာပိုင်များ၏ တပည့်ဆိုသူက လစဉ်ငွေ ကောက်ခံလျက် ရှိကြောင်း သတင်း ရရှိပါသည်။
မောင်တောခရိုင် မြောက်ပိုင်း၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ရေတွင်းပြင် ကျေးရွာ အုပ်စုနေ ဦးဟူဆောင်အာမတ် (ခ) ကျော်ဟိန်း (ဘ) ဦးဆွေတာဘောရ်သည် ဇီးပင်ချောင်း အခြေစိုက် နယ်ခြား စောင့်တပ် စခန်းမှူး၏ အမည်ကို သုံး၍၊ ၎င်းကို ကိုယ်စားလှယ် ခန့်ထားသည်ဟု ဆိုကာ ဒေသခံ ရွာသားများထံ လစဉ် ဆက်ကြေး သဖွယ် ငွေညှစ်လျက် ရှိသည်။ ငါးဖမ်း၍ အသက်မွေးဝမ်းကျောင်း ပြုနေသည့် တံငါသည်များ ထံမှလည်း လစဉ်ကြေး အဖြစ် ကောက်ခံလျက် ရှိသည်။
ထို့အပြင် အောက်ဖော်ပြပါ ပုဂ္ဂိုလ် (၈) ဦးထံမှ မိုဘိုင်းဖုန်း သုံးစွဲနေသည်ဟု ဆို၍ ငွေကျပ် တစ်သိန်းစီနှင့် ဘင်္ဂလားငွေ ၃၀၀ စီညှစ်ယူ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ငွေကျပ် တစ်သိန်းစီနှင့် ဘင်္ဂလားငွေ ၃၀၀ စီပေးခဲ့ရသူ (၈) ဦးမှာ --
(၁) ဦးဆော်လိမ် (ဘ) ဦးနူရူ (အသက် ၃၀ နှစ်)
(၂) ဦးဘော်ဒီယာ (ဘ) ဦးဒီလူး (အသက် ၃၅ နှစ်)
(၃) ဦးဘော်ဒီယာ (ဘ) ဦးအီဗရာဟိမ်း (အသက် ၄၅ နှစ်)
(၄) ဦးရှူနာမျာ (ဘ) ဦးဇောရ်အာမတ် (အသက် ၅၀ နှစ်)
(၅) ဦးရှောမ်ရှူအာလမ် (ဘ) ဦးဆွေဒုလ္လာ (အသက် ၃၂ နှစ်)
(၆) ဦးရော်ရှီဒုလ္လာ (ဘ) ဦးဆီဒိတ်အာမတ် (အသက် ၃၂ နှစ်)
(၇) ဦးရော်ဖိတ် (ဘ) ဦးကာလူ
(၈) ဦးရော်ဖိတ် (ဘ) ဦးဂူရာပူတီယာ -- တို့ဖြစ်သည်။
ဦးကျော်ဟိန်း ဆိုသူသည် ဒေသခံ ဆင်းရဲသားများကို အမြဲတစေ ဒုက္ခပေးလျက် ရှိသည့် ရာဇ၀င် လူရိုင်း တစ်ဦး ဖြစ်ပြီး၊ ဌာနဆိုင်ရာ များ၏ အမာခံ လူအဖြစ် ထားရှိသည့် အတွက် မည်သူ့ကိုမှ ဂရုစိုက်ရန် မလိုဟု အမြဲ ကြုံးဝါးလေ့ ရှိကြောင်း ဒေသခံ များက ပြောပါသည်။
RB News
1.5.2014
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ကားလမ်းဘေး တစ်လျှောက်ရှိ နယ်ခြား စောင့်တပ် လုံခြုံရေး ကင်းစခန်းများက လမ်းသွားလမ်းလာ ဒေသခံ ရိုဟင်ဂျာများကို ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။
ယနေ့ (မေလ ၁) နံနက် ၁၀ နာရီခန့်တွင် အင်းဒင် စခန်းရှေ့မှ ဖြတ်သန်းသွားသည့် သ၀င်ချောင်း ကျေးရွာသား ဆိုင်ကယ် တက္ကစီ မောင်းသူ ဦးဆီရာဇ်ကမာလ် (ဘ) ဦးနူရ်ဆလာမ်နှင့် ဦးအီဆုဖ် (ဘ) ဦးဘော်ဆိရ် အာမတ် တို့ကို စခန်းရှေ့မှ ဖြတ်သန်းခ ငွေကျပ် ၅၀၀ ပေးရန် ပျက်ကွက်သည်ဟု ဆိုပြီး ကင်းစခန်းမှ ရဲများက ဖမ်းဆီး၍ အင်းဒင် စခန်းတွင် ချုပ်နှောင် ထားခဲ့သည်။ ထို့နောက် ၎င်းတို့နှစ်ဦးအား မူးယစ် ဆေးဝါး ရောင်းဝယ် နေသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ အမှုဆင် ထောင်ချမည်ဟု ခြိမ်းခြောက်သည့် အပြင် လူမဆန် ရိုက်နှက်ခဲ့သည်။ ညနေ ၅ နာရီ အချိန်တွင် ငွေကျပ် တစ်သိန်း ပေးလျှင် လွှတ်ပေးမည်ဟု ဆိုသဖြင့် ငွေကျပ် တစ်သိန်း ပေး၍ ပြန်လည် လွတ်မြောက် လာခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ဥဒေါင်း ကျေးရွာ အုပ်စုရှိ ကင်းစခန်းမှ နယ်ခြား စောင့်တပ် တပ်ဖွဲ့ဝင် များသည် လမ်းသွား လမ်းလာ ဒေသခံ ရိုဟင်ဂျာ များထံမှ ငွေကျပ် ၂၀၀ စီ ညှစ်လျက် ရှိပြီး၊ တွန်းလှည်းဖြင့် ပစ္စည်းရောင်း၍ အသက်မွေးဝမ်း ကျောင်းပြုနေသူ များထံမှ ဖြတ်သန်းခဟု ဆိုကာ အသွား အပြန် အတွက် ငွေကျပ် ၁၀၀၀ စီညှစ်ယူလျက် ရှိသည်။ ထို့အပြင် တွန်းလှည်းဖြင့် ၀ါးရောင်းသူ များထံမှ ၀ါး (၂) လုံး (သို့မဟုတ်) ငွေကျပ် ၈၀၀ စီညှစ်လျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ဧပြီလ (၃၀) ရက်နေ့ ည ၈း၃၀ နာရီ အချိန်တွင် ဥဒေါင်း ကင်းစခန်းမှ တပ်ဖွဲ့ဝင် (၆) ဦးသည် ကျောင်းတောင်ရွာတွင် ကင်းလှည့် နေစဉ် ကျောင်းတောင် ရွာသား မော်ဂျီအုလ္လာ (ဘ) ဦးဇော်ဖရ်ဟူစိန်း (အသက် ၂၁ နှစ်) ကို MP4 တစ်လုံးဖြင့် ဖမ်းဆီး၍ မိုဘိုင်းဖုန်း ကိုင်ဆောင်ဟု မဟုတ်မမှန် စွပ်စွဲ၍ ငွေကျပ် ငါးသောင်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့သည်။
ယင်းနေ့တွင် ည (၉) နာရီတွင် ဇော်မတက် ကျေးရွာ အခြေစိုက် ကင်းစခန်းမှ တပ်ဖွဲ့ဝင် (၅) ဦးနှင့် ရခိုင် အစွန်းရောက် ဦးမောင်ဖြူသိန်း (ဘ) ဦးနေ၀င်း တို့သည် နေအိမ်သို့ ပြန်နေသည့် သံဒါကျေးရွာ အုပ်စု ဒုသံဒါရွာမှ မော်လ၀ီ ဦးမော်ဂျီအုလ္လာ (ဘ) ဦးအီမာန်ဟူစိန်းကို ညမထွက်ရ အမိန့်ကို ကျော်လွန်၍ သွားနေသည်ဟု စွပ်စွဲ၍ လမ်းမပေါ်တွင် လူမဆန်စွာ ရိုက်နှက် ခဲ့သည်။ ထို့နောက် ဖမ်းဆီး၍ ကင်းစခန်းသို့ ခေါ်ဆောင် သွားပြီး ချုပ်နှောင် ထားခဲ့သည်။ ငွေညှစ်ရန် ဖမ်းဆီးခဲ့သည့် ရဲများက ငွေကျပ် တစ်သိန်း ငါသောင်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။
MYARF
RB News
1.5.2014
တောင်ပြိုင်လက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲတွင် ဖြတ်သန်းသွားလာ နေသည့် ဒေသခံ ရိုဟင်ဂျာ နှစ်ဦးကို စစ်သား တစ်ဦးက လူမဆန်စွာ ရိုက်နှက် ခဲ့ကြောင်း သတင်း ရရှိပါသည်။
RB News
1.5.2014
တောင်ပြိုင်လက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲတွင် ဖြတ်သန်းသွားလာ နေသည့် ဒေသခံ ရိုဟင်ဂျာ နှစ်ဦးကို စစ်သား တစ်ဦးက လူမဆန်စွာ ရိုက်နှက် ခဲ့ကြောင်း သတင်း ရရှိပါသည်။
ယနေ့ (မေလ ၁) နေ့လည် ၁၂း၄၅ နာရီ အချိန်တွင် ငါးခူရဈေးမှ တောင်ရွာ၊ ဇီးပင်ချောင်း ကျေးရွာ အုပ်စုသို့ ပြန်နေသည့် ဒေသခံ ရိုဟင်ဂျာ နှစ်ဦးက ရေတွင်းပြင် ကျေးရွာ အုပ်စု အခြေစိုက် အမှတ် (၅၃၅) ခြေမြန် တပ်ရင်းမှ စစ်သား တစ်ဦးက လူမဆန်စွာ ရိုက်နှက်ခဲ့သည်။ အဆိုပါ ဒေသခံ ရိုဟင်ဂျာ နှစ်ဦးသည် မိမိတို့၏ ရွာသို့ ပြန်နေစဉ် ရေတွင်းပြင် ကျေးရွာ အုပ်စု အရောက်တွင် ၅၃၅ တပ်ရင်းမှ စစ်သားက စစ်ဆေး မေးမြန်းခဲ့ပြီး အကြောင်းမဲ့ ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။ ရိုက်နှက် ပြီးနောက် ငွေညှစ်ရန် ကြိုးစားသော်လည်း အဆင် မပြေသဖြင့် စီးကရက် နှစ်ဗူး ပေးခိုင်းခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ရိုက်နှက်ခံရပြီး စီးကရက် နှစ်ဗူး ပေးခဲ့ရသူများမှာ --
(၁) နူရ်ဟာရှင်မ် (ဘ) ဦးဟူစိန်းအဟမတ် (အသက် ၃၀ နှစ်)
(၂) နူရူလ်ဟရာသ် (ဘ) ဦးမိုဟာမတ်ရှဖီး (အသက် ၂၇ နှစ်) -- တို့ဖြစ်သည်။
၎င်းတို့ နှစ်ဦးကို ဒေသခံ ရွာသားများ ရှေ့တွင်ပင် ရိုက်နှက် ခဲ့သော်လည်း မည်သူ တစ်ဦး တစ်ယောက်မှ စစ်သားကို ဟန့်တား၍ မရခဲ့ကြောင်း၊ အာဏာပိုင် များသည် ဒုချီးရားတန်း ကဲ့သို့ ပြဿနာ ပေါ်ပေါက်ရန် အမြဲတစေ ကြိုးစား နေခြင်းကြောင့် ဟန့်တား နိုင်ခြင်း မရှိခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
တပ်ရင်း ၅၃၅ မှ တပ်ဖွဲ့ဝင် ၁၁ ဦးသည် တောင်ရွာ၊ ရေတွင်းပြင် ကျေးရွာ အုပ်စုသို့ ယနေ့ နံနက် ၉ နာရီတွင် ရောက်ရှိပြီး အဆိုပါ ရွာတွင် အခြေစိုက်နေ ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ရိုက်နှက်ခံရပြီး စီးကရက် နှစ်ဗူး ပေးခဲ့ရသူများမှာ --
(၁) နူရ်ဟာရှင်မ် (ဘ) ဦးဟူစိန်းအဟမတ် (အသက် ၃၀ နှစ်)
(၂) နူရူလ်ဟရာသ် (ဘ) ဦးမိုဟာမတ်ရှဖီး (အသက် ၂၇ နှစ်) -- တို့ဖြစ်သည်။
၎င်းတို့ နှစ်ဦးကို ဒေသခံ ရွာသားများ ရှေ့တွင်ပင် ရိုက်နှက် ခဲ့သော်လည်း မည်သူ တစ်ဦး တစ်ယောက်မှ စစ်သားကို ဟန့်တား၍ မရခဲ့ကြောင်း၊ အာဏာပိုင် များသည် ဒုချီးရားတန်း ကဲ့သို့ ပြဿနာ ပေါ်ပေါက်ရန် အမြဲတစေ ကြိုးစား နေခြင်းကြောင့် ဟန့်တား နိုင်ခြင်း မရှိခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
တပ်ရင်း ၅၃၅ မှ တပ်ဖွဲ့ဝင် ၁၁ ဦးသည် တောင်ရွာ၊ ရေတွင်းပြင် ကျေးရွာ အုပ်စုသို့ ယနေ့ နံနက် ၉ နာရီတွင် ရောက်ရှိပြီး အဆိုပါ ရွာတွင် အခြေစိုက်နေ ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
![]() |
| ဦးမောင်ဖြူ၏ ရှမ်းစတား ဂျစ်ကား |
![]() |
| ဦးမောင်ဖြူကို အတင်းအဓမ္မ လက်မှတ်ထိုး ခိုင်းခဲ့သည့် အရောင်း အ၀ယ် စာချုပ် |
RB News
1.5..2014
စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ သက္ကေပြင် ဒုက္ခသည်စခန်းမှ ဒုက္ခသည် တစ်ဦး၏ ရှမ်းစကား ဂျစ်ကား တစ်စီးကို အမှတ် (၃၅၄) ခြေမြန် တပ်ရင်းမှ ဗိုလ်မှူး ထွန်းလင်းအေးက ဧပြီလ (၃၀) ရက်နေ့တွင် မတရား သိမ်းယူခဲ့ကြောင်း သတင်း ရရှိပါသည်။
ဖြစ်ပွားပုံမှာ ကားပိုင်ရှင် ဖြစ်သူ ဦးမောင်ဖြူ (ခ) ဦးအလီဟူစိန်းနှင့် ကိုစိုးမြင့် ဆိုသူသည် စီးပွားဖက်များ ဖြစ်ကြပြီး၊ ငွေကြေး ကိစ္စကြောင့် ယခင် သက္ကေပြင် ကျေးရွာ အုပ်ချုပ်ရေးရုံးတွင် ပြဿနာ တစ်ရပ် ရှင်းခဲ့ရသည်။ ယခုလည်း ၎င်းတို့ နှစ်ဦး ပြဿနာ ဖြစ်ရာ ကိုစိုးမြင့်က အမှတ် (၃၅၄) ခြေမြန်တပ်ရင်းမှ ဗိုလ်မှူး ထွန်းလင်အေးကို ကြားဝင် ဖြေရှင်း ပေးရန် အကူအညီ တောင်းခဲ့သည်။ ဗိုလ်မှူး ထွန်းလင်းအေးက ၎င်းတို့ နှစ်ဦးကို ဧပြီလ (၃၀) ရက်နေ့ နံနက် ၈ နာရီတွင် လာရောက်ရန် ခေါ်ခဲ့သော်လည်း ဦးမောင်ဖြူက ၈း၄၅ မိနစ်တွင် ရောက်ရှိသွားပြီး၊ ၄၅ မိနစ် နောက်ကျခဲ့သည်။ ၄၅ မိနစ် နောက်ကျမှ ရောက်သည်ကို အကြောင်းပြု၍ ဗိုလ်မှူး ထွန်းလင်းအေးက ၄၅ မိနစ် အတွက် ၄၅ သိန်း ဒဏ်ငွေ ဆောင်ရမည်ဟု ဆိုကာ ဦးမောင်ဖြူ၏ ကားသော့ကို လုယူခဲ့သည်။
ထို့နောက် ဦးမောင်ဖြူကို အရောင်း အ၀ယ် စာချုပ်တွင် အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းပြီး ဦးမောင်ဖြူ ပိုင်ဆိုင်သည့် ရှမ်းစကား ဂျစ်ကား နံပါတ် ၅ခ/၅၄၀၄ ကို ငွေကျပ် ၃၅ သိန်း ဖြင့် တန်ဖိုး ဖြတ်၍ ဒဏ်ငွေ ၄၅ သိန်းမှ ကျန်သည့် ၁၀ သိန်းကို ပေးရန် ပြောဆိုခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
အားကိုးရာမဲ့ ဖြစ်နေသည့် ကားပိုင်ရှင် ဦးမောင်ဖြူကို ငွေကျပ် ၁၀ သိန်းအတွက် ညနေပိုင်းတွင် စစ်သားများ လွှတ်၍ ဖမ်းဆီး ခိုင်းခဲ့သော်လည်း မတွေ့ရှိ သဖြင့် ဖမ်းဆီး၍ မရခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ ထို့အပြင် ဦးမောင်ဖြူ၏ အိမ်ရှေ့တွင် စီထားသည့် အုတ်များမှာ ငွေကျပ် သုံးသိန်းခန့် တန်ဖိုးရှိပြီး၊ အဆိုပါ အုတ်များကိုလည်း သိမ်းယူမည်ဟု ဗိုလ်မှူးထွန်းလင်းအေး ပြောခဲ့ကြောင်း သိရှိရပါသည်။
ဗိုလ်မှူးထွန်းလင်းအေးနှင့် ၎င်း၏ လက်အောက် ငယ်သား များသည် မန်စီ ဒုက္ခသည် စခန်းရှိ ဒုက္ခသည် များကို နည်းအမျိုးမျိုးဖြင့် ညှဉ်းပန်း နှိပ်စက်နေပြီး၊ မရှိဆင်းရဲသည့် ဒုက္ခသည်များထံမှ ငွေကျပ် ၃ သောင်းမှ ၅ သောင်းအထိ အကြောင်း အမျိုးမျိုးပြ ခြိမ်းခြောက်၍ ငွေညှစ်ခြင်း မကြာခဏ ပြုလုပ်လေ့ ရှိသည်ဟု ဆိုသည်။
![]() |
| ရခိုင် ပြည်နယ်မှာ အကူ အညီ ပေးမှုနဲ့ ပတ်သက်ပြီး UNICEF အဖွဲ့ ရန်ကုန်မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် နေစဉ် (ဓာတ်ပုံ - ဗွီအိုအေ မြန်မာပိုင်း) 04-30-2014 |
ကိုသားညွန့်ဦး
1.5.2014
ရခိုင်ပြည်နယ် အတွင်းက UNICEF လုပ်ငန်းတွေနဲ့ ပတ်သက်လို့ ရှင်းလင်းတဲ့ သတင်းစာ ရှင်းလင်းပွဲ တရပ် ဒီကနေ့ ရန်ကုန်မြို့မှာ ပြုလုပ် သွားတာပါ။ အပြည့်အစုံ ကိုတော့ သွားရောက် သတင်းယူ ခဲ့တဲ့ ဗွီအိုအေ အယ်ဒီတာ ကိုသားညွန့်ဦးက သတင်း ပေးပို့ ထားပါတယ်။
ရခိုင်ပြည်နယ် အတွင်းက နိုင်ငံတကာ အကူအညီ ပေးရေး အဖွဲ့အစည်းတွေ အပေါ် ဒေသခံ ရခိုင် လူထုက မကျေနပ်မှုတွေ ရှိနေတာကို UNICEF ဌာနေ ကိုယ်စားလှယ်က အသိအမှတ်ပြု ပြောခဲ့တာပါ။ အခုနှစ်ပိုင်း အတွင်း ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ လူမျိုးရေး ပဋိပက္ခတွေ နောက်ပိုင်း အဲဒီမှာ အခြေစိုက်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ အရင်က မရှိခဲ့တဲ့ စိန်ခေါ်မှုသစ်တွေ ရင်ဆိုင်လာ ရတယ်လို့ UNICEF ဌာနေ ကိုယ်စားလှယ် Betrand Bainvel က ပြောပါတယ်။
“ကုလသမဂ္ဂနဲ့ UNICEF အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ ရခိုင်ပြည်နယ် အတွင်း လုပ်ကိုင် ဆောင်ရွက်ရတဲ့ နေရာမှာ အခုဆိုရင် စိန်ခေါ်မှု သစ်တွေ ရင်ဆိုင်လာ ရပါပြီ။ ဒါ အရင်တုန်းက မကြုံခဲ့ရတဲ့ အတွေ့အကြုံပါ။ အကြမ်းဖက်မှုတွေ ခြိမ်းခြောက်မှုတွေနဲ့ အမြင် သဘောထား သစ်တွေ ရှိနေပါတယ်။ ဒါတွေကို ကျနော်တို့ ကျယ်ကျယ် ပြန့်ပြန့် ဖြေရှင်းသွားဖို့ လိုအပ်နေပါတယ်။”
ရခိုင်ပြည်နယ်တွင်း နိုင်ငံတကာ အကူအညီပေးရေး လုပ်ငန်းတွေဟာ ဒေသခံ ရခိုင်လူမျိုးတွေထက်၊ မူဆလင်လူနည်းစုတချို့ကို ပိုပြီး ဇောင်းပေးကူညီတယ်ဆိုပြီး ရခိုင်လူမျိုး အတော်များများက ယူဆခဲ့ကြတာပါ။ အဲ့ဒီနောက် ပြီးခဲ့တဲ့မတ်လ အကုန်ပိုင်း စစ်တွေမှာ ကုလသမဂ္ဂရုံးတချို့နဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့ရုံးတွေ အကြမ်းဖက် တိုက်ခိုက်ခံရတာတွေ ဖြစ်ခဲ့ပါတယ်။
အဲဒီကနေ နိုင်ငံတကာ အဖွဲ့အစည်းရုံး အတော်များများ လုပ်ငန်းတွေ ယာယီရပ်နားခဲ့ရပြီး၊ မကြာခင်ကမှ လုပ်ငန်းတချို့ ပြန်စနိုင်ခဲ့တာပါ။ ဒီလိုအခြေအနေကြောင့်လည်း သူတို့အနေနဲ့ အကူအညီပေးရေး လုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါ ဒေသခံတွေနဲ့ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ညှိနှိုင်းတိုင်ပင်သွားရမယ့် အခြေအနေဖြစ်တယ်လို့ UNICEF ဌာနေကိုယ်စားလှယ်က ပြောပါတယ်။
တချိန်တည်းမှာပဲ ထူးခြားချက်ကတော့ အခုအချိန်မှာ ပြည်နယ်အစိုးရ အပါအ၀င် ဒေသခံ တာဝန်ရှိသူတွေနဲ့ ပိုပြီး နီးနီးကပ်ကပ် ဆောင်ရွက်ခွင့်ရမယ့် အခြေအနေတော့ ဖြစ်လာတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သူတို့လုပ်ငန်းတွေဟာ ဒေသခံ အများအပြား ယူဆသလိုမဟုတ်ဘဲ လိုအပ်ချက်အပေါ် အခြေတည်ပြီး ဆောင်ရွက်တာဖြစ်ပါတယ်လို့ UNICEF ဌာနေကိုယ်စားလှယ် Betrand Bainvel က ရှင်းလင်းခဲ့ပါတယ်။
“UNICEF ကလေးများရန်ပုံငွေအဖွဲ့အနေနဲ့ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အခြေခံ စည်းမျဉ်းတွေအတိုင်း လိုက်နာဆောင်ရွက်ရပါတယ်။ ဒါတွေကတော့ သီးခြားလွတ်လပ်ပြီး ဘက်မလိုက်မှု၊ မျှတမှုနဲ့ ဂုဏ်သိက္ခာရှိမှုတို့ ဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ လိုအပ်ချက်အပေါ်အခြေခံပြီး အကူအညီပေး ဆောင်ရွက်နေတာပါ။ လူမျိုး၊ ဘာသာအပေါ်မှာ အခြေ မခံပါဘူး။ တစုံတခု လိုအပ်ချက်အပေါ်မှာ အခြေခံပြီး ဆောင်ရွက်ပါတယ်။”
ရခိုင်ပြည်နယ်အတွင်း UNICEF အကူအညီပေးရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့ ဒီကနေ့ ရန်ကုန်မြို့က မီကာဆာဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တာပါ။ သူတို့လုပ်ဆောင်ချက်တွေကို အဓိက ရှင်းလင်းတာဖြစ်ပေမဲ့ ၊ ရခိုင်ပြည်နယ်က ပဋိပက္ခတွေကြောင့် ကုလသမဂ္ဂ လုပ်ငန်းတွေအပေါ် ဘယ်လောက် သက်ရောက်မှုရှိသလဲဆိုတာနဲ့ ရခိုင်လူထုရဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့တွေအပေါ် မကျေနပ်မှုတွေကို သတင်းထောက်တွေက ပိုပြီး စိတ်ဝင်တစား မေးခဲ့ကြတာပါ။
လက်ရှိအားဖြင့်တော့ ပြည်နယ်အစိုးရ၀န်ကြီးဌာနတွေ အစိုးရအဖွဲ့အစည်းတွေနဲ့ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေ ပါဝင်တဲ့ အရေးပေါ် ပေါင်းစပ်ညှိုနှိုင်းရေးစင်တာဆိုတာ ထားရှိပြီးတော့ လုပ်ငန်းတွေ ချောမွေထိရောက်ရေးကိစ္စရပ်တွေကို ဆွေးနွေး လုပ်ဆောင်နေတယ်လို့ ယူနီဆက် ဌာနေကိုယ်စားလှယ်က ရှင်းပါတယ်။ ဒါပေမဲ့ အကူအညီ လိုအပ်ချက်ဆိုတဲ့ နေရာမှာတော့ မတူညီနိုင်ဘူးလို့ ထောက်ပြပါတယ်။
ပိုပြီး ခက်ခဲကြပ်တည်းတဲ့ အခြေအနေ၊ အသက်ရှင်ဖို့ လိုအပ်ချက် ကွာခြားမှုတွေ ဖြစ်တယ်လို့ ပြောပါတယ်။ အထူးသဖြင့်ဆိုရင်တော့ ဒုက္ခသည်စခန်းတွင်းက ကလေးငယ်တွေဟာ ရှင်သန်ဖို့ ပိုပြီး ခဲယဉ်းနေတာကြောင့် လိုအပ်ချက် ပိုကြီးနေတယ်လို့ UNICEF က တာဝန်ရှိသူတွေက ပြောပါတယ်။ တကယ်တော့ ရခိုင်ပြည်နယ်ဟာဆိုရင် မြန်မာနိုင်ငံတွင်း ဖွံ့ဖြိုးမှုအနိမ့်ကျဆုံး ပြည်နယ်ဖြစ်သလိုပဲ၊ လူမှုရေးဖွံ့ဖြိုးမှု အနိမ့်ကျဆုံး အညွှန်းကိန်းများနှင့် ကြုံတွေ့နေရတယ်လို့ UNICEF ကိန်းဂဏန်းတွေမှာ ဖော်ပြထားပါတယ်။
ဒါကြောင့်လည်း ရခိုင်ပြည်နယ်အတွင်း ကလေးသူငယ် ရှင်သန်ဖွံ့ဖြိုးရေး၊ ပညာရေးနဲ့ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းတွေအတွက် အချိန်ကာလ ၂ နှစ်စာ အမေရိကန် ဒေါ်လာ ၁၂ သန်း သုံးစွဲသွားဖို့ လျာထားတယ်လို့ UNICEF မြန်မာက ပြောပါတယ်။
![]() |
| USCIRF 2014 Report Cover |
1.5.2014
အမေရိကန် အစိုးရရဲ့ မူဝါဒချမှတ်ရေး ဆိုင်ရာမှာ အကြံပေး အဖွဲ့အစည်း တခုဖြစ်တဲ့ US Commission of International Religious Freedom (USCIRF) အဖွဲ့ရဲ့ တွေ့ရှိချက်တွေနဲ့ ပတ်သက်ပြီး ၂၀၁၄ ခုနှစ်အတွက် ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ အခုလို ရေးသားထားတာ ဖြစ်ပါတယ်။ ဘာသာရေး အကြမ်းဖက်မှုတွေ ဖြစ်ပွားအောင် လှုံ့ဆော်မှုတွေ၊ အထူးသဖြင့် ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် ခွဲခြားဆက်ဆံမှုတွေ ဖြစ်ပွားနေတာကို လျော့ပါးသွားအောင် ထိထိရောက်ရောက် မလုပ်ဆောင်နိုင်ခဲ့ဘူးလို့ ဖော်ပြထားပါတယ်။
အကြမ်းဖက်မှုတွေမှာ ရဲတပ်ဖွဲ့က ထိထိရောက်ရောက် ကြားဝင်ဟန့်တားနိုင်ခဲ့ခြင်း မရှိသလို၊ အစိုးရ အနေနဲ့လည်း ဒီကိစ္စအပေါ် ကိုင်တွယ် လုပ်ဆောင်မှုတွေ အားနည်းတယ်လို့ ဆိုပါတယ်။ ရိုဟင်ဂျာနဲ့ ကမန် မွတ်ဆလင်တွေအပေါ် အစိုးရက အားပေးတဲ့ ခွဲခြားဆက်ဆံမှုတွေ၊ အစိုးရက လစ်လျူရှုထားတဲ့ အကြမ်းဖက်မှုတွေဟာ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်တယ်၊ နောက်ပြီး ကချင်ဒေသမှာ ဆိုရင်လည်း ခရစ်ယာန် ဘာသာဝင်တွေအပေါ် ဖိနှိပ်ဆက်ဆံမှုတွေ ရှိနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံကို အထူးစိုးရိမ်စရာကောင်းတဲ့ နိုင်ငံများစာရင်း CPC မှာ ဆက်လက် ထည့်သွင်းဖို့ ထောက်ခံကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကို တင်ပြထားပါတယ်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက မြန်မာနိုင်ငံကို အထူးစိုးရိမ်ရတဲ့ နိုင်ငံ CPC အဖြစ် ၁၉၉၉ ခုနှစ်ကတည်းက သပ်မှတ်ထားခဲ့တာပါ။
![]() |
| ရ်ဘေဂမ်ရဲ့ ရက်ပိုင်း အရွယ် ကလေးငယ်များ (ဓါတ်ပုံ - ရိုက်တာ/မင်းဇေယျာ) |
![]() |
| ရခိုင် ပြည်နယ်၊ ပေါက်တောရှိ ကြိမ်နီပင် ဒုက္ခသည် စခန်း အိမ်နောက်ဖေး လမ်းမှ ရိုဟင်ဂျာ ကလေးငယ်များ (ဓါတ်ပုံ - ရိုက်တာ/မင်းဇေယျာ) |
O'Laie Manzu
RB News
30.4.2014
ရိုဟင်ဂျာ လူမျိုး ဆိုတာ ကတော့ ကမ္ဘာ့ပေါ်မှာ ဥပက္ခာပြုခြင်း ခံရ ဆုံးသော လူမျိုးလို့ အတော် များများ သိကြ ပါတယ်။ မြန်မာစိုးရရဲ့ ခွဲခြား ဆက်ဆံခြင်း ခံနေ ကြရပြီး နိုင်ငံ အနောက်ပိုင်း နယ်စပ် ဒေသမှာ နေထိုင် ကြတဲ့ မွတ်စလင် လူနည်းစုလည်း ဖြစ်ပါတယ်။ သူတို့ရဲ့ ဒုက္ခတွေ ကိုတော့ သေသေချာချာ မှတ်တမ်း တင်ထား နိုင်ပေမယ့် လက်တွေ့ ရင်ဆိုင် နေရတဲ့ ဘဝ ကတော့ သိပ်ပြီး ပြောင်းလဲမှု မရှိပါဘူး။ Reuters သတင်း ဌာနက ထုတ်ဖော် တင်ပြ လိုက်တဲ့ ပုံရိပ်တွေ ကတော့ အကြမ်းဖက် လူစုကြီးရဲ့ တိုက်ခိုက်မှု တွေကြောင့် ထွက်ပြေး တိမ်းရှောင် နေကြ ရတဲ့ ထောင်ပေါင်း များစွာသော ရိုဟင်ဂျာတွေ နေထိုင်တဲ့ ရခိုင် ပြည်နယ်ရှိ ပြည်တွင်း ဒုက္ခသည် စခန်းတွေ ထဲက ပုံတွေဘဲ ဖြစ်ပါတယ်။
ဖေဖော်ဝါရီလ လောက်ကနေ စပြီး နိုင်ငံခြားက ကယ်ဆယ်ရေး အဖွဲ့အစည်း တွေကို မြန်မာ အာဏာပိုင်တွေ နှင်ထုတ်ပြီးတဲ့ နောက်မှာ နေထိုင်မှု အခြေအနေတွေ ပိုမို ဆိုးရွားလာ တာတွေကို ဒီပုံရိပ်တွေမှာ ထင်ဟပ် စေပါတယ်။ ဆာလောင် မွတ်သိပ်မှု တွေနဲ့ အာဟာရ ချို့တဲ့မှုတွေ ရင်ဆိုင် နေကြ ရပြီး မွေးကင်းစ ခလေးငယ်တွေ ကတော့ ဒီဒဏ်တွေကို ပိုပြီး ခံစားကြ ရပါတယ်။ ဒုက္ခသည် တွေကို ဆေးဝါး ကုသမှု ပေးနေခဲ့တဲ့ Medecins Sans Frontieres ဆရာဝန်များ အဖွဲ့ကို အစိုးရက နှင်ထုတ် ပြီးတဲ့နောက် ရက်သတ္တပတ် အနည်းငယ် အတွင်း ကြိမ်နီပင် ဒုက္ခသည် စခန်းမှာ မွေးကင်းစ ခြောက်ယောက် သေဆုံးခဲ့တဲ့ အကြောင်း ကယ်ဆယ်ရေး လုပ်သား တစ်ဦး ပြောပြတယ်လို့ Reuters မှာ ဖော်ပြထား ပါတယ်။
ရိုဟင်ဂျာ တွေကို အခြား မြန်မာ အများစု ကတော့ တရားမဝင် ခိုးဝင် လာတဲ့ နိုင်ငံခြားသား ဘန်ဂါလီ တွေလို့ သက်မှတ် ကြပါတယ်။ မြန်မာနိုင်ငံသား ဖြစ်ခွင့် ကိုလည်း ငြင်းပယ်ထား ပါတယ်။ ဒါပေမယ့် ၁၃ သိန်းခန့် ရှိတဲ့ ဒီလူတွေဟာ ရိုဟင်ဂျာလို့ လက်ခံထား ကြပြီး မြန်မာနိုင်ငံ နောက်ဖျားရှိ အာရကန်ပြည်ကို မျိုးရိုး စဉ်ဆက် အလိုက် မွေးရပ် ဌာနေလို့ သက်မှတ်ကြ ပါတယ်။ ကယ်ဆယ်ရေး လုပ်သား တွေကို ရုပ်သိမ်း လိုက်ပြီးတဲ့ နောက်မှာ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် သောမတ် အိုဟေး ကင်တားနား က ဒီလ အတွင်း အခြေအနေကို စမ်းစစ် လေ့လာ ခဲ့ပါတယ်။ အစာရေစာ မဖူလုံမှုတွေနဲ့ ကျန်မာရေး ဆေးကုသမှု လစ်ဟာ နေတာတွေကို မှတ်တမ်းတင် ခဲ့ပါတယ်။ “ရိုဟင်ဂျာ မွတ်စလင် အသိုင်းအဝိုင်း အပေါ် အခုလို နှစ်ရှည်လများ ခွဲခြား ဆက်ဆံမှု တွေနဲ့ ညှဉ်းပန်း နှိပ်စက်မှုတွေ ပြုလုပ်နေတာ လူသားများ အပေါ် ရာဇဝတ်မှု ကျူးလွန်ရာ ရောက်တယ်” လို့ သူက ဆိုပါတယ်။
ဘာသာရေး အသွင်ဆောင် ပဋိပက္ခတွေနဲ့ လူမျိုး အငြင်းပွားမှု တွေဟာ ဆိုးသွမ်းလှတဲ့ စစ်အာဏာရှင် လက်အောက်မှာ နှစ်ပေါင်း များစွာ ဖြတ်သန်း လာပြီး ဒီမိုကရေစီ စနစ်ကို တဖြည်းဖြည်း ချဉ်းကပ် လာတဲ့ မြန်မာနိုင်ငံ အတွက် ပုံရိပ်မဲကြီးတွေ ဖြစ်ပါတယ်။ ရှေးရိုးစွဲတွေကို အားပြုတဲ့ ဗုဒ္ဓဘာသာဝင် တွေရဲ့ အမျိုးသားရေး ဝါဒတွေကိုသာ အပြစ်တင်ရ ပါလိမ့်မယ်။ ၂၀၁၃ ခုနှစ် မတ်လမှာ ရွှေဆိုင် တစ်ခုက အငြင်းပွားရာ ကနေ ဗုဒ္ဓဘာသာဝင် လူစုကြီးက မွတ်စလင် တွေကို ဝိုင်းဝန်း တိုက်ခိုက်တဲ့ အဖြစ် အပျက်ကြီး တစ်ရပ် မြန်မာနိုင်ငံ အလယ်ပိုင်း မိတ္ထီလာမြို့မှာ ဖြစ်ပွား ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေက အကြမ်းဖက်မှု တွေကြောင့် လူပေါင်း ၃၀၀ ကျော် အသက်ဆုံးရှုံးခဲ့ ရပြီး တစ်သိန်း လေးသောင်းခန့် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ အဖြစ် အပျက်ကြီး အနက် လူ ၄၃ ဦး သေဆုံး ခဲ့တဲ့ မီးရှို့ သတ်တဲ့ လုပ်ရပ်ကြီး ကတော့ အကျဉ်းတန်ဆုံး ဖြစ်ရပ် တစ်ခု ပါဘဲ။
တချို့ ကတော့ မြန်မာနိုင်ငံက နိုဘယ်ဆုရှင် လည်းဖြစ် ဒီမိုကရေစီ ချန်ပီယံကြီးလည်း ဖြစ်တဲ့ ပါလီမန်က အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆိတ် နေတဲ့ အတွက် အတော်လေးကို စိတ်ပျက်နေ ကြပါတယ်။ တချိန်တည်းမှာ ရိုဟင်ဂျာ တွေဟာ ဖယ်ကျဉ်ခြင်း ခံနေရ ပေမယ့် သူတို့ကို လုံးဝကြီး တော့လည်း ဥပက္ခာပြု မေ့မထားပါဘူး။ ဒါပေမယ့် တကယ်တမ်းတော့ သူတို့ အတွက် ကယ်မယ့် လူလည်း မရှိသလို မျော်လင့်ချက်လည်း မဲ့နေပါတယ်။
(Ishaan Tharoor ရေးသားပြီး Washington Post မှာဖော်ပြထားတဲ့ Shocking images of the world’s most forsaken people starving to death ဆောင်းပါးကို O’Laie Manzu မှ ဆီလျော်အောင် ဘာသာပြန် ထားပါသည်)
![]() |
| (ဓါတ်ပုံ - AK Rockeller) |
Robert Elhose
30.4.2014
ယခု မြန်မာအစိုးရ နှင့် ဖက်ဆစ် ဘက်တော်သားများ ပြောဆိုနေဘိ သကဲ့သို့ ရိုဟင်ဂျာ ဆိုသည့် လူမျိုးတစ်မျိုး မြန်မာ နိုင်ငံ ထဲတွင် ဘယ်သောအခါကမျှ မရှိခဲ့ပါဆိုလျှင် ၎င်း မရှိဘူး ဟူသည့်အ ချက်ကို ကမ္ဘာ့ လူထု မျက်မှောက် တွင် ထင်ရှား သွားစေရန် အပြည်ပြည် ဆိုင်ရာ က လက်ခံသော ညီလာခံ တစ်ခုကို ပြည်တွင်း (သို့မဟုတ်) ပြည်ပ နိုင်ငံ တစ်ခုခုတွင် ကျင်းပပြီး လူသူအများ နားလည် လက်ခံ သွားစေရန် အများက လက်ခံနိုင်သော သမိုင်း အချက် အလက်များ၊ ဥပဒေကြောင်း ဆိုင်ရာ အချက် အလက် များနှင့် ချပြပြီး လူကြီး လူကောင်း ပီသစွာ ရှင်းလင်း ပြသင့် ပါသည်။ နိုင်ငံ တကာမှ သမိုင်း ပညာရှင် အများကို ဘိတ်ခေါ်ပြီး ထင်သာ မြင်သာ ရှိအောင်တော့ လုပ်ရပါမည်။
ဆိုပါစို့။ ယခု တစ်ဖက်သတ် စွပ်စွဲနေဘိ သကဲ့သို့ ရိုဟင်ဂျာ များမှာ တစ်ဖက် ဘင်္ဂလား ဒေ့ရှ် နိုင်ငံ ထဲ မှ ခိုးဝင် အခြေချသူများ ဖြစ်သည်ဟု ဆိုပါလျှင် ဘင်္ဂလား အစိုးရနှင့် နိုင်ငံတကာ အရှေ့တွင် ထင်သာ မြင်သာ ဆွေးနွေး ညှိနှိုင်းပြီး ဘင်္ဂလားသား များသာ အမှန် ဖြစ်ပါက ဘင်္ဂလား အစိုးရက လက်ခံပါဟု ရဲရဲ ပြောသင့် ပါသည်။ ယနေ့ထိ မြန်မာ အစိုးရ အဆက်ဆက်မှ ရိုဟင်ဂျာများ ကို ဘင်္ဂလားဖက်မှ လူများ ဖြစ်သဖြင့် ပြန်လက်ခံ ပါဟု တရားဝင် ပြောဆိုသံကို တစ်ခါဘူးမှ မ ကြားရသေး ပါ။ ဘင်္ဂလားဖက် ရောက်ရှိ ခိုလှုံနေရသူ ရိုဟင်ဂျာ ဒုက္ခသည် များကိုသာ မြန်မာ နိုင်ငံသားများ ဖြစ်သဖြင့် မြန်မာ အစိုးရက ပြန်လက်ခံ ပါရန် ဘင်္ဂလား အစိုးရ အဆက်ဆက်က အပ်ကြောင်း ထပ်မျှ ပြောဆိုနေ ခဲ့သည်ကိုသာ ထပ်ပြန် တလဲ ကြားဘူး ခဲ့ပါသည်။
မကြာသေးခင် ကာလက မြန်မာနိုင်ငံသို့ ဘင်းမ်စတက် ညီလာခံ အတွက် လာရောက်စဉ် ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချူပ် ရှိတ်ခ် ဟာစီနာ က ရိုဟင်ဂျာ ပြဿနာ အတွက် ဆွေးနွေးကြ ရအောင်ပါ ဟု ပြောကြားစဉ်က လက်ရှိမြန်မာ အစိုးရ အကြီးအကဲ ဦးသိန်းစိန် ရော အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကပါ မည်သည့် စကားတစ်ခွန်းမှ ပြောကြား ခဲ့ခြင်း မရှိဘဲ နှာစေး နေခဲ့ကြသည်ကို ကောင်းစွာ သတိထားမိ ခဲ့ပါသည်။
တကယ်တမ်းသာ ရိုဟင်ဂျာများသည် ဘင်္ဂလားမှ လူများဖြစ် ပါလျှင် ၎င်းက လမ်းဖွင့်ပေး ခဲ့သည်ကို ရဲရဲတင်းတင်း ဆွေးနွေး ခဲ့သင့်ပါသည်။ ရိုးသားမှု မရှိဘဲ မျက်နှာစာ နှစ်ဖက်ဖြင့် အကောက်ကြံပြီး ရိုဟင်ဂျာ လူမျိုးများ မျိုးတုန်း ပျက်သုဉ်းရေးကို ကြံဆောင် နေသည်မှာ သိသာ ထင်ရှားနေ ပါသည်။
ရိုဟင်ဂျာသည် မြန်မာ့ ပိုင်နက် ဇာတိဖွား ရိုဟင်ဂျာသာ ဖြစ်ပြီး မည်သည့် နိုင်ငံခြားသားမျှ မဟုတ်ပါ။ ခြံစည်းရိုး တစ်ခုတည်း အတွင်း မွေးဖွား ကြီးပြင်း လာခဲ့ သူများ အခြင်းခြင်း ရခိုင် များအား လူမျိုး တည်တံ့စေရန် စောင့်ရှောက် ရမည်ဟု ယခုပေါ်ပေါ် ထင်ထင် ပြောကြားနေ ပါသည်။ ရိုဟင်ဂျာများ သည်လည်း အလားတူ စောင့်ရှောက် ခံရန် ထိုက်တန် သူများ ဖြစ်သည်။
ရိုဟင်ဂျာသည် မြန်မာ တိုင်းရင်း ဖွားများ မဟုတ်လျှင် အထောက် အထား ခိုင်ခိုင်လုံလုံ နှင့် အများ သက်သေများ ရှေ့တွင် အများ လက်ခံအောင် ရှင်လင်းပေးဖို့ တောင်းဆို ပါသည်။ ယောက်ျား ပီသ နိုင်ကြပါစေ။
RB News
30.4.2014
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အလယ်ချောင်း ကျေးရွာ၏ အခြေအနေမှာ အလွန် ဆိုးရွားလျက် ရှိပြီး၊ ဖြစ်ပွားသွားခဲ့သည့် ဖြစ်စဉ်များသည် ဒုချီးရားတန်းကဲ့သို့ ဖြစ်ကြောင်း သတင်း ရရှိပါသည်။
ဧပြီလ ၂၈ ရက်နေ့ နံနက် အာရုဏ်တက် အချိန်တွင် ဘူးသီးတောင်မြို့နယ် အလယ်ချောင်း ကျေးရွာ အုပ်စု၊ လသာရွာမှ ရိုဟင်ဂျာ မောင်နှမ နှစ်ဦးသည် ဘူးသီးတောင်မြို့သို့ သွားရန် ဆိုင်ကယ် တက္ကစီ စောင့်ဆိုင်း နေစဉ် ရွာ၏ တောင်ဘက်မှ ဆိုင်ကယ် တစ်စီး လာသည်ကို အော်ဟစ်၍ လှမ်းတားခဲ့သည်။ ဆိုင်ကယ် တက္ကစီ သမားသည် ရခိုင် လူမျိုး တစ်ဦး ဖြစ်ပြီး၊ ၎င်း၏ ဆိုင်ကယ်ကို တား၍ စီးရန် ကြိုးစားသည့် အတွက် ဒေါသထွက်ကာ အဆိုပါ မောင်နှမ နှစ်ဦးကို ထိုနေရာတွင် မညှာမတာ ရိုက်နှက်ခဲ့သည်။
ထို့နောက် အဆိုပါ ဆိုင်ကယ် တက္ကစီ သမားသည် ဘူးသီးတောင်မြို့ မြို့မရဲစခန်းသို့ သွား၍ ကုလားများက ရခိုင်များကို လမ်းတွင် သတ်ဖြတ်ရန် ကြိုးစားသည်ဟု ဆိုကာ လီဆယ်၍ တိုင်ကြားခဲ့သည်။ ဒေသခံ ရိုဟင်ဂျာများကို လုပ်ကြံ၍ ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်ရန် အမြဲစောင့်စား နေသည့် ဘူးသီးတောင် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၄၀ ဦးခန့်သည် အဆိုပါ ရွာသို့ သွားရောက်၍ ဒေသခံ ရိုဟင်ဂျာများကို ထိုးကြိတ် ကန်ကျောက် ရိုက်နှက်ကာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမာလဲခ်ဟူစိန်း အပါအ၀င် နို့စို့မိခင်၊ အမျိုးသမီးများ၊ အမျိုးသားများ စုစုပေါင်း ၂၁ ဦးကို ဖမ်းဆီးခေါ်ဆောင်လာပြီး ဘူးသီးတောင်မြို့နယ် ရဲစခန်းတွင် ချုပ်နှောင် ထားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
အချုပ်ခန်းထဲတွင် ဖမ်းဆီး ခေါ်ဆောင် လာသူများကို သေလုမျောပါး ရိုက်နှက်၍ အမျိုးသမီးများကို မုဒိန်းကျင့်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။
ထို့အပြင် ဧပြီလ (၂၉) ရက်နေ့ ညသန်းခေါင်ယံ အချိန်တွင် ဘူးသီးတောင်မြို့နယ် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် များသည် ရခိုင် အစွန်းရောက်များနှင့် ပူးပေါင်း၍ အဆိုပါရွာသို့ ၀င်ရောက် စီးနင်းပြီး၊ တစ်အိမ်တက် တစ်အိမ်ဆင်းကာ ဒေသခံရိုဟင်ဂျာ များကို ရိုက်နှက်ခြင်း၊ ပစ္စည်း ဥစ္စာများ လုယက်ခြင်း၊ အမျိုးသမီးများကို စော်ကားခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
ထိုကဲ့သို့ ရိုက်နှက် အကြမ်းဖက်မှုများကြောင့် ဒေသခံ ရိုဟင်ဂျာ ရွာသားများ မိမိတို့၏ နေအိမ်များကို စွန့်ခွာ၍ ထွက်ပြေး နေရပြီး၊ ရက်စက်စွာ ရိုက်နှက်မှုကြောင့် ၁၃ နှစ် အရွယ် ကလေး တစ်ဦးနှင့် အခြား ရွာသား တစ်ဦးတို့ သေလုမျောပါး ဖြစ်နေရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
ဘူးသီးတောင်မြို့နယ် အလယ်ချောင်း ကျေးရွာ၏ အခြေအနေမှာ မောင်တောမြို့နယ် ဒုချီးရားတန်း၏ အခြေအနေနှင့် အလား သဏ္ဍန်တူလျက် ရှိပြီး၊ လ.၀.က ဒု-၀န်ကြီး ဦးဝင်းမြင့်နှင့် ကိုယ်စားလှယ် အဖွဲ့ကို သန်းခေါင်စာရင်းနှင့် ပတ်သက်ပြီး ငြင်းဆိုခဲ့ခြင်း အတွက် ယခုကဲ့သို့ တုန့်ပြန်ခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများက ဝေဖန် ပြောဆို နေကြသည်။
ရခိုင်လူမျိုး ရဲတပ်ဖွဲ့ဝင် များသည် ရခိုင် အစွန်းရောက်များက ရိုဟင်ဂျာများကို သတ်ဖြတ်လျှင်ပင် မည်သို့မှ အရေးယူ ဆောင်ရွက် ပေးခြင်း မရှိသော်လည်း ရိုဟင်ဂျာ တစ်ဦး တစ်ယောက်က ရခိုင် လူမျိုး တစ်ဦးကို အပြော အဆိုမှားလျှင်ပင် ပုဒ်မကြီး တပ်၍ ရိုက်နှက် နှိပ်စက်၍ အရေးယူ လျက်ရှိသည်။
ဒေသတွင်း တည်ငြိမ် အေးချမ်းရေး ပျက်ပြားအောင် ပြုလုပ်နေသူ များမှာ ရခိုင်လူမျိုး ရဲတပ်ဖွဲ့ဝင်များ ဖြစ်ပြီး၊ အကြောင်း တစ်ခုခု ဖန်တီး၍ ရိုဟင်ဂျာ လူမျိုးများကို ရိုက်နှက် နှိပ်ကွပ်လျက် ရှိနေသဖြင့် ရိုဟင်ဂျာ လူမျိုးများ၏ ဘ၀များ လုံခြုံမှု ကင်းမဲ့လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။
RB News
30.4.2014
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ INGO တစ်ခုဖြစ်သည့် ပြင်သစ်နိုင်ငံမှ ACF (Action Contre La Faim) ၏ ၀န်ထမ်း တစ်ဦးကို ရခိုင်အစွန်းရောက် တစ်ဦးက လူမဆန်စွာ ရိုက်နှက် ခဲ့ကြောင်း သတင်း ရရှိပါသည်။
ယမန်နေ့ (ဧပြီလ ၂၉) နေ့လည် ၁ နာရီ အချိန်တွင် ဘူးသီးတောင်မြို့နယ်တွင် ဒေသခံများကို ကူညီ စောင့်ရှောက်နေသော INGO တစ်ခုဖြစ်သည့် ပြင်သစ်နိုင်ငံမှ ACF (Action Contre La Faim) မှ ယာဉ်မောင်းဖြစ်သူ ဘူးသီးတောင်မြို့နယ် အမှတ် (၅) ရပ်ကွက်၊ ရွာသစ်နေ ဦးရော်ဖိတ် (ဘ) ဦးဟာမိတ်ဟူဆန်သည် နိုင်ငံခြားသား နှစ်ဦးနှင့် အတူ ကားမောင်းနှင် လာစဉ် ဘူးသီးတောင် မြို့မဈေး အနီးရှိ ကမ်းနားလမ်း အရောက်တွင် ရခိုင် အစွန်းရောက် တစ်ဦး ဖြစ်သည့် အမှတ် (၅) ရပ်ကွက်မှ အတီးချေ (ဘ) ဦးမောင်သာထွန်းက ကားကို တားပြီး ရပ်ခိုင်းခဲ့သည်။ ထို့နောက် ကားရပ်ပေးသည့် အခါ ယာဉ်မောင်းဖြစ်သူ ဦးရော်ဖိတ်ကို အတီးချေက ကားပေါ်ရှိ နိုင်ငံခြားသားများ ရှေ့တွင် လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ရခိုင် အစွန်းရောက်က လူမဆန်စွာ ရိုက်နှက်ခြင်းကြောင့် ဦးရော်ဖိတ်၏ မျက်နှာနှင့် ၀မ်းဗိုက်တွင် ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရပါသည်။ ရိုက်နှက်မှုနှင့် ပတ်သက်၍ ACF ရုံးက ရဲတပ်ဖွဲ့နှင့် ပြည်ထဲရေး ၀န်ကြီးဌာနသို့ အကြောင်းကြား ထားသည်ဟု ဆိုသည်။
![]() |
| ရိုက်ခံရသည့် လူငယ် ၆ ဦးမှ (၄) ဦး |
RB News
29.4.2014
မင်းပြား ။ ။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှ ရိုဟင်ဂျာ လူငယ် (၆) ဦးကို ရခိုင် အစွန်းရောက် များက လူမဆန်စွာ ရိုက်နှက်၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
မင်းပြားမြို့နယ် အတွင်းရှိ ဒေသခံ ရိုဟင်ဂျာများမှာ အဖက်ဖက်မှ ပိတ်ဆို့ခံထားရသောကြောင့် စားဝတ်နေရေးနှင့် အခြားသော အရေးများ အားလုံး အတွက် ခက်ခဲမှုများစွာကို ရင်ဆိုင် နေရပါသည်။ ကင်းဆိပ် ကျေးရွာ အုပ်စု၊ ပိုက်သည်ရွာမှ ရိုဟင်ဂျာ လူငယ် (၆) ဦးသည် ဧပြီလ (၂၇) ရက်နေ့ ညသန်းခေါင်ယံ အချိန်တွင် အခြားသော ရိုဟင်ဂျာ ရွာသို့ သွားရောက်၍ ပစ္စည်းများ လှည့်လည် ရောင်းချရန် သွားနေစဉ် ခေါင်းလောင်း ရွာဟောင်းမှ ရခိုင် အစွန်းရောက် များက ဖမ်းဆီး၍ လူမဆန်စွာ ရိုက်နှက်ခဲ့သည်။
ရခိုင် အစွန်းရောက်များ ဖမ်းဆီးထားသည့် ရိုဟင်ဂျာ လူငယ် (၆) ဦးကို ကင်းဆိပ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးသာထွန်းအောင်က ပြန်လည် လွှတ်ပေးရန် ညှိနှိုင်းခဲ့ရာ ငွေကျပ် တစ်သိန်း ငါးသောင်း ပေးမှသာ ပြန်လည် လွှတ်ပေးမည်ဟု အကျပ်ကိုင်သောကြောင့် ဒေသခံ ရွာသားများက ငွေကျပ် တစ်သိန်းငါးသောင်း ပေးခဲ့ရပြီး၊ ဧပြီလ (၂၈) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် လုံခြုံရေး တပ်ဖွဲ့ဝင် (၃) ဦးက အဆိုပါ လူငယ် (၆) ဦးကို ပိုက်သည်ရွာသို့ လာပို့ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
မင်းပြားမြို့နယ်ရှိ ဒေသခံ ရိုဟင်ဂျာ များသည် ရိုဟင်ဂျာများ နေထိုင်သည့် ရွာတစ်ရွာမှ နောက်တစ်ရွာသို့ နေ့ဘက် အချိန်သွားလျှင် ရခိုင် အစွန်းရောက်များ၏ တိုက်ခိုက်ခြင်းကို ခံရသဖြင့် ညသန်းခေါင်ယံ အချိန်တွင် သွားလာ နေသည့်ကြားမှ ယခုကဲ့သို့ ဖမ်းဆီးခံရပြီး လူမဆန်စွာ ရိုက်နှက်ခံရခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောပါသည်။
ရိုက်နှက်ခံရသည့် လူငယ် (၆) ဦးအနက် (၅) ဦး၏ အမည်များမှာ --
(၁) အာလမ်ဘာရှာ (ဘ) ဦးအာချူ (အသက် ၂၅ နှစ်)
(၂) မာမတ်အီနုစ် (ဘ) ဦးဒီလူး (အသက် ၂၃ နှစ်)
(၃) မာမတ်ဒုလ္လာ (ဘ) ဦးနူရ်အာမီးန် (အသက် ၂၀ နှစ်)
(၄) ညီညီ (ဘ) ဦးဇော်ရိဖ် (အသက် ၂၂ နှစ်)
(၅) မာမတ်ဟာဆောင် (ဘ) ဦးမာမတ် (အသက် ၁၄ နှစ်) -- တို့ ဖြစ်သည်။
29.4.2014
မင်းပြား ။ ။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှ ရိုဟင်ဂျာ လူငယ် (၆) ဦးကို ရခိုင် အစွန်းရောက် များက လူမဆန်စွာ ရိုက်နှက်၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
မင်းပြားမြို့နယ် အတွင်းရှိ ဒေသခံ ရိုဟင်ဂျာများမှာ အဖက်ဖက်မှ ပိတ်ဆို့ခံထားရသောကြောင့် စားဝတ်နေရေးနှင့် အခြားသော အရေးများ အားလုံး အတွက် ခက်ခဲမှုများစွာကို ရင်ဆိုင် နေရပါသည်။ ကင်းဆိပ် ကျေးရွာ အုပ်စု၊ ပိုက်သည်ရွာမှ ရိုဟင်ဂျာ လူငယ် (၆) ဦးသည် ဧပြီလ (၂၇) ရက်နေ့ ညသန်းခေါင်ယံ အချိန်တွင် အခြားသော ရိုဟင်ဂျာ ရွာသို့ သွားရောက်၍ ပစ္စည်းများ လှည့်လည် ရောင်းချရန် သွားနေစဉ် ခေါင်းလောင်း ရွာဟောင်းမှ ရခိုင် အစွန်းရောက် များက ဖမ်းဆီး၍ လူမဆန်စွာ ရိုက်နှက်ခဲ့သည်။
ရခိုင် အစွန်းရောက်များ ဖမ်းဆီးထားသည့် ရိုဟင်ဂျာ လူငယ် (၆) ဦးကို ကင်းဆိပ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးသာထွန်းအောင်က ပြန်လည် လွှတ်ပေးရန် ညှိနှိုင်းခဲ့ရာ ငွေကျပ် တစ်သိန်း ငါးသောင်း ပေးမှသာ ပြန်လည် လွှတ်ပေးမည်ဟု အကျပ်ကိုင်သောကြောင့် ဒေသခံ ရွာသားများက ငွေကျပ် တစ်သိန်းငါးသောင်း ပေးခဲ့ရပြီး၊ ဧပြီလ (၂၈) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် လုံခြုံရေး တပ်ဖွဲ့ဝင် (၃) ဦးက အဆိုပါ လူငယ် (၆) ဦးကို ပိုက်သည်ရွာသို့ လာပို့ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
မင်းပြားမြို့နယ်ရှိ ဒေသခံ ရိုဟင်ဂျာ များသည် ရိုဟင်ဂျာများ နေထိုင်သည့် ရွာတစ်ရွာမှ နောက်တစ်ရွာသို့ နေ့ဘက် အချိန်သွားလျှင် ရခိုင် အစွန်းရောက်များ၏ တိုက်ခိုက်ခြင်းကို ခံရသဖြင့် ညသန်းခေါင်ယံ အချိန်တွင် သွားလာ နေသည့်ကြားမှ ယခုကဲ့သို့ ဖမ်းဆီးခံရပြီး လူမဆန်စွာ ရိုက်နှက်ခံရခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောပါသည်။
ရိုက်နှက်ခံရသည့် လူငယ် (၆) ဦးအနက် (၅) ဦး၏ အမည်များမှာ --
(၁) အာလမ်ဘာရှာ (ဘ) ဦးအာချူ (အသက် ၂၅ နှစ်)
(၂) မာမတ်အီနုစ် (ဘ) ဦးဒီလူး (အသက် ၂၃ နှစ်)
(၃) မာမတ်ဒုလ္လာ (ဘ) ဦးနူရ်အာမီးန် (အသက် ၂၀ နှစ်)
(၄) ညီညီ (ဘ) ဦးဇော်ရိဖ် (အသက် ၂၂ နှစ်)
(၅) မာမတ်ဟာဆောင် (ဘ) ဦးမာမတ် (အသက် ၁၄ နှစ်) -- တို့ ဖြစ်သည်။
MYARF
RB News
29.4.2014
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း သင်္ဘောကွဲ၊ ကျောက်ပန္ဒူ၊ ဇော်မတတ် ကျေးရွာများရှိ လုံခြုံရေး ရဲကင်း စခန်းများရှိ ရဲများက လမ်းသွား လမ်းသာ ရိုဟင်ဂျာ များကို မှတ်ပုံတင်များ စစ်ဆေးလျက် ရှိရာ မပါသူများထံမှ ငွေကျပ် ၅၀၀ မှ ၁၀၀၀ ထိညှစ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ ဧပြီလ (၂၇) ရက်နေ့တွင် ခွဆုံကျေးရွာမှ မော်လ၀ီ ရှော်ဖီကူရာမန် (ဘ) ဦးနူရ်မာမတ်သည် သူငယ်ချင်း ဖြစ်သူနှင့် အတူ မောင်တောမြို့သို့ သွားနေစဉ် ကျောက်ပန္ဒူ ကင်းစခန်းမှ မှတ်ပုံတင်ကဒ် စစ်ဆေးရာ မော်လ၀ီ ရှော်ဖီကူရာမန် ထံတွင် မရှိသောကြောင့် ရဲများက ငွေကျပ် တစ်ထောင် တောင်းခံခဲ့သည်။ မော်လ၀ီ ရှော်ဖီကူရာမန်က ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ထောက်ခံစာကို ပြသော်လည်း ရဲများက ငွေကျပ် တစ်ထောင် မပေးလျှင် ဖမ်းဆီးထားမည်ဟု ဆိုသောကြောင့် ငွေ တစ်ထောင် ပေးခဲ့ရသည်။ ထို့အပြင် ဇော်မတက် စခန်းတွင်လည်း ထိုသို့ ငွေကျပ် တစ်ထောင် ပေးခဲ့ရကြောင်း သိရှိရပါသည်။
မောင်တောမြို့နယ် တောင်ပိုင်း သင်္ဘောကွဲ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ကော်ရီယာနှင့် သင်္ဘောကွဲ ကျေးရွာရှိ လုံခြုံရေး စခန်းမှ စခန်းမှူးတို့ ပူးပေါင်း၍ လုံခြုံရေး စခန်း၏ အမိုးမိုးရန် အတွက်ဟု ဆိုကာ အိမ်တစ်အိမ်လျှင် သက်ကယ် နှစ်စည်းကျ ကောက်ခံပြီး၊ အုပ်ချုပ်ရေးမှူး၏ အိမ်တွင် စုထားပြီး၊ တစ်စည်းလျှင် ငွေကျပ် ၁၅၀၀ ဖြင့် ပြန်လည် ရောင်းချလျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ထို့အပြင် ကျောက်ပန္ဒူ ကျေးရွာတွင်လည်း ရဲစခန်း ဆောက်လုပ်ရန်ဟု ဆိုကာ ရွာသားများ၏ ငွေကြေး တောင့်တင်းမှုပေါ် မူတည်၍ ငွေကျပ် ၁၀၀၀ မှ ၃၀၀၀ အထိ ကောက်ခံလျက် ရှိကြောင်း သိရှိရပါသည်။ သန်းခေါင်စာရင်း ကောက်သည့် အဖွဲ့အား ထမင်းကျွေး စရိတ် အတွက်ဟု ခေါင်းစဉ်တပ်၍ လည်း ငွေကျပ် ၁၀၀၀ စီ ကောက်ခံလျက် ရှိသည့်အပြင် ငွေမပေးသူများကို စခန်းမှ တပ်ဖွဲ့ဝင်များ လာရောက်ပြီး ခြိမ်းခြောက်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။
ဧပြီလ (၂၇) ရက်နေ့ ညသန်းခေါင်ယံ ၁ နာရီ အချိန်တွင် ဘင်္ဘောကွဲ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ကော်ရီယာနှင့် ဘင်္ဘောကွဲ ကျေးရွာ အခြေစိုက် နယ်ခြားစောင့်တပ်တို့ ပူးပေါင်း၍ ဦးနူရူဟောက် (ဘ) ဦးဆွေဒေါ်ရာမန်နှင့် ဦးအဒူလ္လာ (ဘ) ဦးဟာမိဒုလ္လာ တို့ကို နေအိမ် အသီးသီးမှ ဖမ်းဆီး၍ ဦးဇော်ကော်ရီယာ၏ နွားတဲတွင် တစ်ညလုံး ချုပ်နှောင် ထားခဲ့သည်။ အဆိုပါ အပြစ်မဲ့ ရွာသား နှစ်ဦးကို လူကုန်ကူးမှုတွင် ပါဝင်သူများဟု စွပ်စွဲ၍ ငွေကျပ် ၈ သိန်း ညှစ်ခဲ့သော်လည်း အပြစ်မဲ့ နှစ်ဦးက ပေးရန် သဘောမတူသဖြင့် ရဲကင်း စခန်းသို့ ပို့၍ ဆက်လက်ချုပ်နှောင် ထားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ဧပြီလ (၂၈) ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် မောင်တောမြို့နယ် ရဲစခန်းမှ ဒုရဲအုပ် ကံလှနှင့် အဖွဲ့သည် မောင်တောမြို့နယ် တောင်ပိုင်း ကျေးရွာများသို့ သွားရောက်ပြီး ဘင်္ဘောကွဲ ကျေးရွာ (ခုလ်လုံး) မှ ဦးရှောကောတ်တုလ္လာ (ဘ) ဦးနူရ်မာမတ်နှင့် ကျောက်ပန္ဒူ ကျေးရွာ (ရှိတာဖ်) မှ ဦးအိုမောရ်အဘာစ် (ဘ) ဦးအစ္စမိုင်လ် တို့ကို ဓါးပြများဖြင့် အဆက်အသွယ် ရှိသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီးရန် ရှာဖွေခဲ့သည်။ ထိုသို့ ရှာဖွေ နေစဉ် ဒေသခံ ရွာသားများကို ရဲများက ရိုင်းပျ ကြမ်းတမ်းစွာ ပြုမှု ဆက်ဆံခဲ့သဖြင့် ဒုချီးရားတန်း ကဲ့သို့ ပြဿနာများ ဖြစ်ပွားမည်ကိုပင် စိုးရိမ်ခဲ့ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
မောင်တောမြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရ တံတား ကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် ချောင်းတစ်ဖက်ကမ်းရှိ ပုဇွန်ကန်တွင် ညအိပ်စောင့် နေသည့် မိုဟာမတ်အာယုဘ် (ဘ) ဦးအဒူရော်ဟိမ်း (အသက် ၂၃ နှစ်) နှင့် ၎င်း၏ သူငယ်ချင်း ဖြစ်သူ တို့ကို ဧပြီလ (၂၈) ရက်နေ့ နံနက် (၆) နာရီတွင် ဖမ်းဆီး၍ ခေါ်ဆောင် သွားခဲ့သည်။ ခဏအကြာတွင် သူငယ်ချင်း ဖြစ်သူကို ပြန်လည် လွှတ်ပေးလိုက်သော်လည်း မိုဟာမတ် အာယုဘ်ကို တရားမ၀င် မိုဘိုင်းဖုန်း သုံးစွဲနေသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ဆက်လက် ချုပ်နှောင် ထားခဲ့ပြီး နံနက် ၁၁ နာရီ အချိန်တွင် ငွေကျပ် နှစ်သိန်း နှစ်သောင်း ညှစ်၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ဧပြီ ၂၈၊ ၂၀၁၄ - လန်ဒန်
“ရခိုင်ပြည်မှာ ရှိတဲ့ ရိုဟင်ဂျာတွေနဲ့ စပ်လျဉ်းပြီး လူမျိုးတုန်း သတ်ဖြတ်မှု အသွင် လက္ခဏာတွေ ရှိနေတယ်” ဟု မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် သောမတ် အိုဟေး ကင်တားနား က ပြောကြား ခဲ့ပါတယ်။
ဆယ်စုနှစ် များစွာ အတွင်း အစိုးရ ထောက်ပံ့ ကူညီမှုဖြင့် မြန်မာပြည်ရှိ ရိုဟင်ဂျာ လူမျိုး များအား ချေမှုန်းခြင်းဟု ခေါင်းစဉ် ရတဲ့ လန်ဒန် ကွန်ဖရန့် တစ်ခုမှာ “ဒါက လူသားများ အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဘဲ။ လူမျိုးတုန်း သတ်ဖြတ်မှု ဖြစ်နိုင်ချေရှိ-မရှိ ကိုတော့ ဆွေးနွေးကြဖို့ လိုတယ်။ အခု ဒီကိစ္စကို ဆွေးနွေးကြမှာ ဖြစ်တဲ့အတွက် ဒီကွန်ဖရန့် အလွန့်ကို အရေးကြီး ပါတယ်” ဟု သူက ပြောကြား ခဲ့ပါတယ်။
ဒီကွန်ဖရန့်ဟာ ထိပ်သီးပိုင်းက ဥပဒေ ကျွမ်းကျင် နားလည်သူတွေ၊ ပညာရှင်တွေ၊ တက်ကြွ လှုပ်ရှားသူတွေ လန်ဒန် စီးပွားရေးနဲ့ နိုင်ငံရေး သိပ္ပံ တက္ကသိုလ်ကျောင်း (LSE) မှာ ပထမဆုံး တွေ့ဆုံ ဆွေးနွေး ကြတာ ဖြစ်ပြီး အပြည်ပြည် ဆိုင်ရာ ဥပဒေအောက်မှာ ရိုဟင်ဂျာတွေ အပေါ် ညှဉ်းပန်း သတ်ဖြတ် နေမှု တွေဟာ လူမျိုးတုန်း သတ်ဖြတ်မှု အထမြောက်လား ဆိုတာကို အခြေအတင် ဆွေးနွေးမှုကို စတင်ခဲ့ ကြတာလည်း ဖြစ်ပါတယ်။
အခြား တက်ရောက် ပြောကြားသူတွေ ကတော့ International Association of Genocide Scholars ရဲ့ ဥက္ကဌ ပါမောက္ခ Daniel Feierstein နဲ့ Rome မြို့က Permanent People’s Tribunal ရဲ့ အထွေထွေ အတွင်းရေးမှူး ပါမောက္ခ Gianni Tognoni တို့ဖြစ်ပါတယ်။
ဆယ်စုနှစ် များစွာ အတွင်း အစိုးရ ထောက်ပံ့ ကူညီမှုဖြင့် မြန်မာပြည်ရှိ ရိုဟင်ဂျာ လူမျိုး များအား ချေမှုန်းခြင်းဟု ခေါင်းစဉ် ရတဲ့ လန်ဒန် ကွန်ဖရန့် တစ်ခုမှာ “ဒါက လူသားများ အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဘဲ။ လူမျိုးတုန်း သတ်ဖြတ်မှု ဖြစ်နိုင်ချေရှိ-မရှိ ကိုတော့ ဆွေးနွေးကြဖို့ လိုတယ်။ အခု ဒီကိစ္စကို ဆွေးနွေးကြမှာ ဖြစ်တဲ့အတွက် ဒီကွန်ဖရန့် အလွန့်ကို အရေးကြီး ပါတယ်” ဟု သူက ပြောကြား ခဲ့ပါတယ်။
ဒီကွန်ဖရန့်ဟာ ထိပ်သီးပိုင်းက ဥပဒေ ကျွမ်းကျင် နားလည်သူတွေ၊ ပညာရှင်တွေ၊ တက်ကြွ လှုပ်ရှားသူတွေ လန်ဒန် စီးပွားရေးနဲ့ နိုင်ငံရေး သိပ္ပံ တက္ကသိုလ်ကျောင်း (LSE) မှာ ပထမဆုံး တွေ့ဆုံ ဆွေးနွေး ကြတာ ဖြစ်ပြီး အပြည်ပြည် ဆိုင်ရာ ဥပဒေအောက်မှာ ရိုဟင်ဂျာတွေ အပေါ် ညှဉ်းပန်း သတ်ဖြတ် နေမှု တွေဟာ လူမျိုးတုန်း သတ်ဖြတ်မှု အထမြောက်လား ဆိုတာကို အခြေအတင် ဆွေးနွေးမှုကို စတင်ခဲ့ ကြတာလည်း ဖြစ်ပါတယ်။
အခြား တက်ရောက် ပြောကြားသူတွေ ကတော့ International Association of Genocide Scholars ရဲ့ ဥက္ကဌ ပါမောက္ခ Daniel Feierstein နဲ့ Rome မြို့က Permanent People’s Tribunal ရဲ့ အထွေထွေ အတွင်းရေးမှူး ပါမောက္ခ Gianni Tognoni တို့ဖြစ်ပါတယ်။
အပြည်ပြည် ဆိုင်ရာ ဥပဒေရေးရာ ကျွမ်းကျင် နားလည်သူတွေက လူမျိုးတုန်း သတ်ဖြတ်မှုရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေ၊ ဖြစ်စဉ် ယန္တရားတွေ၊ တရားစီရင်ရေး လုပ်ထုံးတွေကို တင်ပြခဲ့ ကြပါတယ်။ ထိပ်သီးပိုင်းက လူအခွင့် အရေး သုတေသီတွေ၊ ပညာရှင်တွေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ကတော့ ဆယ်စုနှစ်ပေါင်း များစွာ ရိုဟင်ဂျာ မွတ်စလင်တွေကို စနစ်တကျ သတ်ဖြတ်နေတဲ့ သက်သေ အချက် အလက်တွေ တင်ပြခဲ့ ကြပါတယ်။
LSE မှ သုတေသန ပညာရှင် နဲ့ ကွန်ဖရန့် သဘာပတိ ဖြစ်တဲ့ ဒေါက်တာဇာနည် ကတော့ သုံးနှစ်ကြာ အချက်အလက်ဟောင်း တွေကို ရှာဖွေ သုတေသန ပြုလုပ် ထားတာတွေနဲ့ စစ်အရာရှိတွေ၊ ရိုဟင်ဂျာ ဓါးစာခံ တွေကို လူတွေ့ မေးမြန်း ထားတာတွေကို အခြေခံ သုံးသပ်ခဲ့ပြီး ဒီအမှုကြီးက ၁၉၇၈ ခုနှစ် ကတည်းက မြန်မာပြည်ရှိ ရိုဟင်ဂျာတွေ အပေါ် ကျူးလွန်နေတဲ့ “တငွေ့ငွေ့ လောင်ကျွမ်းနေသော လူမျိုးတုန်း သတ်ဖြတ်မှုကြီး” လို့ ခေါင်းစဉ်တပ် တင်ပြသွား ခဲ့ပါတယ်။
လူမျိုးတုန်း သတ်ဖြတ်မှု နည်းတူ ဖြစ်တယ်လို့ ကောက်ချက်ချ ခဲ့တဲ့ ဒီကွန်ဖရန့် အပြီးမှာတော့ မြန်မာပြည်ရှိ ရိုဟင်ဂျာများ အပေါ် ညှဉ်းပန်း နေမှုတွေ ချက်ချင်း ရပ်တန့်ဖို့ တောင်းဆိုစာ တစ်စောင် ထုတ်ပြန်ပြီး ဆွေးနွေးပွဲ ရုပ်သိမ်းခဲ့ ကြပါတယ်။ ယင်းတောင်းဆိုချက်ကို စိုးရိမ် သောကထားသူ တသီးပုဂ္ဂလတွေ၊ အဖွဲ့အစည်းတွေက ထောက်ခံ ခဲ့ကြ ပါတယ်။ ထောက်ခံသူ တစ်ချို့ကတော့ ရဝန်းဒါး လူမျိုးတုန်း သတ်ဖြတ်မှုမှ လွတ်မြောက်ခဲ့တဲ့ Prudentienne Seward၊ Massachusetts Institute of Technology တက္ကသိုလ်မှ ပါမောက္ခ Noam Chomsky၊ Columbia တက္ကသိုလ်မှ ပါမောက္ခ Gayatria Chakravoty Spivak၊ Oxford တက္ကသိုလ်မှ ပါမောက္ခ Emeritus၊ London School of Economics မှ ပါမောက္ခ Mary Kaldor နဲ့ Documentation Center of Cambodia မှ ဦးဆောင် ညွန်ကြားရေးမှူး Youk Chhang တို့လည်း ပါဝင်ကြ ပါတယ်။
“အိမ်ထောင်ပြုခြင်း၊ ကလေး မွေးဖွားခြင်း၊ အလုပ် လုပ်ကိုင် နိုင်ခြင်းများ အပါအဝင် ၎င်းတို့ (ရိုဟင်ဂျာများ) ၏ ဘဝ အဖက်ဖက်အား အလွန်အမင်း ပိတ်ပင် ထားသည်။ ကိုယ်ပိုင် သွင်ပြင်ဖော်ပြခွင့်၊ နိုင်ငံသား ဖြစ်ခွင့်များ အားလည်း ငြင်းပယ်ခြင်း ခံရသူများလည်း ဖြစ်သည်။ တနည်းဆို ရလျှင် ၎င်းတို့အား ဥပဒေ ရှေ့မှောက်တွင် လူသားများ အဖြစ်ပင် အသိအမှတ် မပြုပေ … ရိုဟင်ဂျာ များသည် ညှဉ်းပန်း နှိပ်စက်မှုနှင့် သတ်ဖြတ်မှု နည်းပေါင်းစုံအား ရင်ဆိုင် ကြုံတွေ့ နိုင်ချေများသူများ ဖြစ်သည်” လို့ ယင်းတောင်းဆိုချက်မှာ ရေးသား ဖော်ပြ ထားပါတယ်။
နိုင်ငံ အတွင်းမှာ လူမျိုးစုပေါင်း ၁၃၀ ကျော်ရှိတဲ့ အနက် ရိုဟင်ဂျာ လူမျိုး တစ်မျိုးတည်း ကိုသာ မူဝါဒ တွေအရ လူဦးရေ ထိန်းချုပ်မှု ကျင့်သုံးကြောင်း ကိုလည်း ထောက်ပြထား ပါသည်။ ရိုဟင်ဂျာ တွေကို တရားဝင် ရပ်တည်ခွင့် ပိတ်ပင်တာတွေ၊ ခွဲခြားမှု စီမံချက်ကြီးတွေ ရေးဆွဲ ထားတာတွေ၊ အခြေခံ လူသားချင်း စာနာထောက်ထားရေး ဝန်ဆောင်မှု တွေဖြစ်တဲ့ အစာရေစာနဲ့ ကျန်းမာရေး ဆေးကုသမှု အကူအညီ တွေကို ရိုဟင်ဂျာ လူထု အများစု အကြား မရောက်ရှိ စေရေး အတွက် တားမြစ် နေတာ တွေဟာ မြန်မာ အစိုးရနဲ့ ပြည်သူ တွေက ဒီလူမျိုးစု တစ်စုလုံးကို ဖျက်ဆီးရာ ရောက်ပါတယ်။
“ကျနော်တို့ လူတွေက လွန်ခဲ့တဲ့ နှစ်ပေါင်း (၄၀) နီးပါး အတွင်း နိုင်ငံတော်က ချမှတ်ထားတဲ့ ခွဲခြား ဆက်ဆံရေးမူတွေ အပါအဝင် ညှဉ်းပန်း နှိပ်စက်မှုတွေ လုံထိန်းနဲ့ ဒေသတွင်း အစွန်းရောက် တွေရဲ့ လက်ချက်ကြောင့် ဖျက်ဆီး ဆုံးရှုံးမှုတွေကို ရင်ဆိုင်နေ ကြရပါတယ်။ ရဝန်းဒါ ကဖြစ်ရပ်မျိုး ရိုဟင်ဂျာတွေ အပေါ် မဖြစ်စေဖို့ ကမ္ဘာထုကြီး တစ်ရပ်လုံးကို ကျနော် တောင်းဆို ပါတယ်” လို့ BROUK ရဲ့ ဥက္ကဌ ဦးထွန်းခင် က ပြောခဲ့ ပါတယ်။ BROUK ဟာ ရိုဟင်ဂျာတွေ အပေါ် ညှဉ်းပန်း နှိပ်စက်မှုတွေ အဆုံးသတ် စေရေး အတွက် အမေရိကန် ကွန်ကရက်မှာ တရား ဥပဒေ ပြုပေးဖို့ တောင်းဆို ထားတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။
“ရဝန်ဒါး လူမျိုးတုန်း သတ်ဖြတ်မှုကြီးကို တားမြစ်ဖို့နဲ့ အသိအမှတ် ပြုပေးဖို့ ပျက်ကွက် ခဲ့တာကို ဝန်ချ တောင်းပန်ဖို့ ကုလသမဂ္ဂက အနှစ် ၂၀ လောက် အချိန်ယူ ခဲ့တယ်။ ဒီလို အမှားမျိုး အပြည်ပြည် ဆိုင်ရာ အသိုင်း အဝိုင်း ကလည်း မြန်မာပြည်မှာ ထပ်မဖြစ် စေသင့်ဘူး” လို့ Prudentienne Seward ကပြောခဲ့ ပါတယ်။
ဆက်သွယ်ရန်
ဒေါက်တာဇာနည် : fanon2005@gmail.com; mobile: +44 (0)777 515 9334
ထွန်းခင်: rohingya@brouk.org.uk: mobile: +44 (0)788 871 4866
ရိုဟင်ဂျာများ အပေါ် လူမျိုးတုန်း သတ်ဖြတ်မှု ချုပ်ငြိမ်းစေရေး အတွက် တိုက်တွန်း တောင်းဆိုခြင်း
မြန်မာပြည်မှ ရိုဟင်ဂျားများ အပေါ် လူမျိုးတုန်း သတ်ဖြတ်မှု ချုပ်ငြိမ်း စေရမည်။
မြန်မာပြည်တွင် နိုင်ငံခြား ခရီးသွား လက်ကမ်း စာစောင်များ၊ သတင်း မီဒီယာ လှည့်ဖျားမှုများ၊ သရုပ်ပြ ပြုပြင် ပြောင်းလဲမှု များ၏ နောက်ကွယ်တွင် အမှန် တကယ် ဘာတွေ ဖြစ်နေလဲ။
ကလေး သူငယ်များ၊ အမျိုးသား၊ အမျိုးသမီးများ အပေါ် ပြောမထွက် လောက်အောင် ကြမ်းတမ်းသည့် ရာဇဝတ်မှု များကို နိုင်ငံတော် အစိုးရနှင့် လူမျိုးစွဲ ဝါဒီ အစွန်းရောက် များမှ ကျူးလွန်လျက် ရှိသည်။
(မြန်မာ ပြည်တွင်း၌ လူဦးရေ တစ်သန်းကျော်နှင့် ကမ္ဘာ အရပ်ရပ်သို့ ရောက်ရှိနေသည့် လူဦးရေ တစ်သန်း ရှိသော) မြန်မာနိုင်ငံမှ ရိုဟင်ဂျာ မွတ်စလင် များအား တသီး တခြား ဦးတည်ကာ စနစ်တကျ ဖြိုခွဲ နေပါသည်။ ခေတ်အဆက်ဆက်မှ အစိုးရ များသည် ဆယ်စုနှစ်ပေါင်း များစွာ အတွင်း ၎င်းတို့ အပေါ်တွင် လူမျိုးရေး ခွဲခြားမှုအား စနစ်တကျ အစဉ်တိုက် ပြုလုပ်လာ ခဲ့ပါသည်။ ဖမ်းဆီး ထိန်းသိမ်းထား သကဲ့သို့ စခန်များနှင့် ဆင်းရဲ နွမ်းပါးသည့် လူမှု ပတ်ဝန်းကျင် များတွင် ထားရှိပြီး ရိုဟင်ဂျာ များအား လွတ်လပ်စွာ သွားလာခွင့်အား ပိတ်ပင် ထားသည်။
အိမ်ထောင်ပြုခြင်း၊ ကလေး မွေးဖွားခြင်း၊ အလုပ်လုပ် ကိုင်နိုင်ခြင်းများ အပါအဝင် ၎င်းတို့၏ ဘဝ အဖက်ဖက်အား အလွန်အမင်း ပိတ်ပင် ထားသည်။ ကိုယ်ပိုင် သွင်ပြင် ဖော်ပြခွင့်၊ နိုင်ငံသာုးဖြစ်ခွင့် များအားလည်း ငြင်းပယ်ခြင်း ခံရသူများလည်း ဖြစ်သည်။ တနည်းဆို ရလျင် ၎င်းတို့အား ဥပဒေ ရှေ့မှောက်တွင် လူသားများ အဖြစ်ပင် အသိအမှတ် မပြုပေ။ ကယ်ဆယ်ရေး စခန်းများ အတွင်းရှိ နှစ်သိန်း နီးပါးခန့် ရှိသော ရိုဟင်ဂျာများ အတွက် လူသားချင်း စာနာ ထောက်ထားမှု ကယ်ဆယ်ရေး အဖွဲ့အစည်းများ ဝင်ရောက် နိုင်ရေး အားလည်း မြန်မာ အစိုးရမှ တားမြစ်ထား ပါသည်။
ရိုဟင်ဂျာ များသည် ညှဉ်းပန်း နှိပ်စက်မှုနှင့် သတ်ဖြတ်မှု နည်းပေါင်းစုံအား ရင်ဆိုင် ကြုံတွေ့ နိုင်ချေ များသူများ ဖြစ်သည်။
နိုင်ငံ တနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ စနစ်တကျ ညှဉ်းပန်း သတ်ဖြတ်ခြင်း၊ ခွဲခြား ဆက်ဆံခြင်း၊ လူသားများ အပေါ် ရာဇဝတ်မှု ကျူးလွန်ခြင်း၊ လူမျိုးတုန်း သုတ်သင် ရှင်းလင်းခြင်းနှင့် လူမျိုးတုန်း သတ်ဖြတ်ခြင်းများ အပါအဝင် အမျိုးမျိုးသော ရာဇဝတ်မှုများ ကျူးလွန် နေပါသည်။
နိုင်ငံတော် အတွင်းရှိ လူမျိုးစုများ အနက် ရိုဟင်ဂျာ လူမျိုးတစ်စုတည်း အပေါ်တွင်သာ ကလေး မွေးဖွားမှု ကန့်သတ်ချက်နှင့် အိမ်ထောင်ပြုမှု ထိန်းချုပ်ချက် တို့အား မူဝါဒ တစ်ခု အနေဖြင့် ကျင့်သုံး ပါသည်။
နိုင်ငံတော်၏ မူဝါဒ အနေဖြင့် မြန်မာနိုင်ငံသည်
- ရိုဟင်ဂျာ လူမျိုးများ တရားဝင် ရပ်တည်ခွင့်နှင့် နိုင်ငံသား ဖြစ်ခွင့်၊ ဆေးဝါး၊ အစားအစာနှင့် အခြားသော အသက်ရှင် ရပ်တည်ရေး အတွက် အခြေခံ လိုအပ်ချက် များကို ငြင်းပယ် ထိန်ချန်လျက် ရှိသည်။
- ရိုဟင်ဂျာ များအား လူမျိုးစု အဖြစ်မှ ပယ်ဖျက် ချေမုန်း လိုသည့် ခွဲခြား ဆက်ဆံရေး အသွင် သဏ္ဍန်များ၊ လူမျိုးတုန်း သတ်ဖြတ်မှုဆီ ဦးတည် စေသည့် အမုန်းပွားမှုများ စီမံချက် ချမှတ်နေသည်။ ထိုမှတဆင့် အစိုးရနှင့် လူမျိုးစွဲဝါဒီ အစွန်းရောက် များမှာ
- ယင်းလူတစ်စုလုံး ပျက်သုဉ်း သွားစေရန် တရားဝင် ခွင့်ပြုထား သကဲ့သို့ တညီတညွတ်တည်း လွတ်လပ်စွာ ဖျက်ဆီး နေသည်။
မြန်မာ အစိုးရ အာဏာပိုင် များမှာ စကားလုံး ကြီးကြီး များဖြင့် ပြောဆို နေသော်လည်း ၎င်းတို့၏ ရည်မှန်းချက်မှာ ရိုဟင်ဂျာ လူမျိုးစု တစ်ရပ်အား ဖျက်ဆီးရန် ရည်ရွယ် နေပါသည်။
ကျွန်ုပ်တို့သည် ကမ္ဘာတဝှမ်းမှ အစိုးရတိုင်း၊ လမ်းတိုင်း၊ နယ်ပယ်တိုင်းရှိ လူသားတိုင်းအား မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများအား ဖျက်ဆီးရန် ကြံစည် လုပ်ဆောင်နေမှုများ ရပ်တန့် ပေးရန် တောင်းဆို လိုက်ပါသည်။
ရိုဟင်ဂျာများ အပေါ် ကျူးလွန် နေမှုသည် လူမျိုးတုန်း သတ်ဖြတ်မှုကြီး ဖြစ်သည်။
ဤကဲ့သို့သော ကမ္ဘာတစ်ဝှမ်း တိုက်တွန်း တောင်းဆိုမှုအား အောက်ပါ အဖွဲ့အစည်း များနှင့် စိုးရိမ် သောက ထားသူ တသီးပုဂ္ဂလတွေမှ အသိအမှတ် ပြုပါသည်။
မြန်မာပြည်မှ ရိုဟင်ဂျားများ အပေါ် လူမျိုးတုန်း သတ်ဖြတ်မှု ချုပ်ငြိမ်း စေရမည်။
မြန်မာပြည်တွင် နိုင်ငံခြား ခရီးသွား လက်ကမ်း စာစောင်များ၊ သတင်း မီဒီယာ လှည့်ဖျားမှုများ၊ သရုပ်ပြ ပြုပြင် ပြောင်းလဲမှု များ၏ နောက်ကွယ်တွင် အမှန် တကယ် ဘာတွေ ဖြစ်နေလဲ။
ကလေး သူငယ်များ၊ အမျိုးသား၊ အမျိုးသမီးများ အပေါ် ပြောမထွက် လောက်အောင် ကြမ်းတမ်းသည့် ရာဇဝတ်မှု များကို နိုင်ငံတော် အစိုးရနှင့် လူမျိုးစွဲ ဝါဒီ အစွန်းရောက် များမှ ကျူးလွန်လျက် ရှိသည်။
(မြန်မာ ပြည်တွင်း၌ လူဦးရေ တစ်သန်းကျော်နှင့် ကမ္ဘာ အရပ်ရပ်သို့ ရောက်ရှိနေသည့် လူဦးရေ တစ်သန်း ရှိသော) မြန်မာနိုင်ငံမှ ရိုဟင်ဂျာ မွတ်စလင် များအား တသီး တခြား ဦးတည်ကာ စနစ်တကျ ဖြိုခွဲ နေပါသည်။ ခေတ်အဆက်ဆက်မှ အစိုးရ များသည် ဆယ်စုနှစ်ပေါင်း များစွာ အတွင်း ၎င်းတို့ အပေါ်တွင် လူမျိုးရေး ခွဲခြားမှုအား စနစ်တကျ အစဉ်တိုက် ပြုလုပ်လာ ခဲ့ပါသည်။ ဖမ်းဆီး ထိန်းသိမ်းထား သကဲ့သို့ စခန်များနှင့် ဆင်းရဲ နွမ်းပါးသည့် လူမှု ပတ်ဝန်းကျင် များတွင် ထားရှိပြီး ရိုဟင်ဂျာ များအား လွတ်လပ်စွာ သွားလာခွင့်အား ပိတ်ပင် ထားသည်။
အိမ်ထောင်ပြုခြင်း၊ ကလေး မွေးဖွားခြင်း၊ အလုပ်လုပ် ကိုင်နိုင်ခြင်းများ အပါအဝင် ၎င်းတို့၏ ဘဝ အဖက်ဖက်အား အလွန်အမင်း ပိတ်ပင် ထားသည်။ ကိုယ်ပိုင် သွင်ပြင် ဖော်ပြခွင့်၊ နိုင်ငံသာုးဖြစ်ခွင့် များအားလည်း ငြင်းပယ်ခြင်း ခံရသူများလည်း ဖြစ်သည်။ တနည်းဆို ရလျင် ၎င်းတို့အား ဥပဒေ ရှေ့မှောက်တွင် လူသားများ အဖြစ်ပင် အသိအမှတ် မပြုပေ။ ကယ်ဆယ်ရေး စခန်းများ အတွင်းရှိ နှစ်သိန်း နီးပါးခန့် ရှိသော ရိုဟင်ဂျာများ အတွက် လူသားချင်း စာနာ ထောက်ထားမှု ကယ်ဆယ်ရေး အဖွဲ့အစည်းများ ဝင်ရောက် နိုင်ရေး အားလည်း မြန်မာ အစိုးရမှ တားမြစ်ထား ပါသည်။
ရိုဟင်ဂျာ များသည် ညှဉ်းပန်း နှိပ်စက်မှုနှင့် သတ်ဖြတ်မှု နည်းပေါင်းစုံအား ရင်ဆိုင် ကြုံတွေ့ နိုင်ချေ များသူများ ဖြစ်သည်။
နိုင်ငံ တနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ စနစ်တကျ ညှဉ်းပန်း သတ်ဖြတ်ခြင်း၊ ခွဲခြား ဆက်ဆံခြင်း၊ လူသားများ အပေါ် ရာဇဝတ်မှု ကျူးလွန်ခြင်း၊ လူမျိုးတုန်း သုတ်သင် ရှင်းလင်းခြင်းနှင့် လူမျိုးတုန်း သတ်ဖြတ်ခြင်းများ အပါအဝင် အမျိုးမျိုးသော ရာဇဝတ်မှုများ ကျူးလွန် နေပါသည်။
နိုင်ငံတော် အတွင်းရှိ လူမျိုးစုများ အနက် ရိုဟင်ဂျာ လူမျိုးတစ်စုတည်း အပေါ်တွင်သာ ကလေး မွေးဖွားမှု ကန့်သတ်ချက်နှင့် အိမ်ထောင်ပြုမှု ထိန်းချုပ်ချက် တို့အား မူဝါဒ တစ်ခု အနေဖြင့် ကျင့်သုံး ပါသည်။
နိုင်ငံတော်၏ မူဝါဒ အနေဖြင့် မြန်မာနိုင်ငံသည်
- ရိုဟင်ဂျာ လူမျိုးများ တရားဝင် ရပ်တည်ခွင့်နှင့် နိုင်ငံသား ဖြစ်ခွင့်၊ ဆေးဝါး၊ အစားအစာနှင့် အခြားသော အသက်ရှင် ရပ်တည်ရေး အတွက် အခြေခံ လိုအပ်ချက် များကို ငြင်းပယ် ထိန်ချန်လျက် ရှိသည်။
- ရိုဟင်ဂျာ များအား လူမျိုးစု အဖြစ်မှ ပယ်ဖျက် ချေမုန်း လိုသည့် ခွဲခြား ဆက်ဆံရေး အသွင် သဏ္ဍန်များ၊ လူမျိုးတုန်း သတ်ဖြတ်မှုဆီ ဦးတည် စေသည့် အမုန်းပွားမှုများ စီမံချက် ချမှတ်နေသည်။ ထိုမှတဆင့် အစိုးရနှင့် လူမျိုးစွဲဝါဒီ အစွန်းရောက် များမှာ
- ယင်းလူတစ်စုလုံး ပျက်သုဉ်း သွားစေရန် တရားဝင် ခွင့်ပြုထား သကဲ့သို့ တညီတညွတ်တည်း လွတ်လပ်စွာ ဖျက်ဆီး နေသည်။
မြန်မာ အစိုးရ အာဏာပိုင် များမှာ စကားလုံး ကြီးကြီး များဖြင့် ပြောဆို နေသော်လည်း ၎င်းတို့၏ ရည်မှန်းချက်မှာ ရိုဟင်ဂျာ လူမျိုးစု တစ်ရပ်အား ဖျက်ဆီးရန် ရည်ရွယ် နေပါသည်။
ကျွန်ုပ်တို့သည် ကမ္ဘာတဝှမ်းမှ အစိုးရတိုင်း၊ လမ်းတိုင်း၊ နယ်ပယ်တိုင်းရှိ လူသားတိုင်းအား မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများအား ဖျက်ဆီးရန် ကြံစည် လုပ်ဆောင်နေမှုများ ရပ်တန့် ပေးရန် တောင်းဆို လိုက်ပါသည်။
ရိုဟင်ဂျာများ အပေါ် ကျူးလွန် နေမှုသည် လူမျိုးတုန်း သတ်ဖြတ်မှုကြီး ဖြစ်သည်။
ဤကဲ့သို့သော ကမ္ဘာတစ်ဝှမ်း တိုက်တွန်း တောင်းဆိုမှုအား အောက်ပါ အဖွဲ့အစည်း များနှင့် စိုးရိမ် သောက ထားသူ တသီးပုဂ္ဂလတွေမှ အသိအမှတ် ပြုပါသည်။
ရိုဟင်ဂျာ မဟုတ်သည့် အဖွဲ့အစည်းများ
- International State Crime Initiative (ISCI), King’s College, University of London
- The Sentinel Project for Genocide Prevention, Canada
- Global Campaign for the Rwandans Human Rights
- London Centre for Social Impact
- Justice for All, USA
- Burma Task Force USA
- Burmese Welfare Association, USA
- Burmese American Muslim Association
- Myanmar Muslim Association in Thailand
- Myanmar Muslim Youth – Malaysia
- Myanmar Muslim Civil Rights Movement
- Dignity International endorses
- Pax Romana ICMICA
- International Movement for a Just World (JUST)
တသီးပုဂ္ဂလများ
- Prudentienne Seward, a survivor of Rwandan genocide against Tutsi and founder of PAX - Peace for the African Great Lakes
- Rene Claudel Mugenzi, Rwanda genocide Survivor, founder of Global Campaign for Rwandas Human Rights
- Sai Latt, Burmese scholar and writer, Simon Frazer University, Canada
- Ko Aung, former Burmese political prisoner and activist, London, UK
- Soe Aung, Burmese human rights activist, Bangkok Thailand
- Dr Kyi May Kaung, Burmese writer, scholar and artist, Washington, DC, USA
- Dr Zarni, Burmese scholar and activist, University of Malaya and London School of Economics
- Youk Chhang, Executive Director, The Documentation Center of Cambodia
- Ambassador Muhamed Sacirbey, Rome Conference/ICC Signatory, ICTY Witness on Genocide & Former Foreign Minister - Bosnia & Herzegovina
- Daniel Feierstein, President of the International Association of Genocide Scholars & Professor in the Faculty of Genocide Studies, the University of Buenos Aires
- Veronica Pedrosa, Journalist and TV presenter
- Noam Chomsky, Institute Professor, Massachusetts Institute of Technology
- Gayatri Chakravorty Spivak, University Professor in Humanities, Columbia University & founding member of Post-Colonial Studies, USA
- Barbara Harrell-Bond, OBE, Dir, Fahamu Refugee Center; founding director, Refugees Studies Center; Emeritus Professor, Oxford University, UK
- Mary Kaldor, CBE, Professor of Global Governance and Director, Civil Society and Human Security Research Unit, London School of Economics, UK
- Dr Helen Jarvis, Genocide Studies Researcher and co-author of “Getting Away with Genocide: Elusive justice and the Khmer Rouge tribunal"
- Imam Abdul Malik Mujahid, Parliament of World's Religions (for identifications only), USA
- Penny Green, Professor of Law and Criminology & Director of the International State Crime Initiative (ISCI), King’s College, University of London
- Dr Hassan Saeed Elmogummer Taha, human rights activist, Qatar
- Alex Caring-Lobel, Associate Editor, Tricycle: The Buddhist Review, USA
- Antara Dev Sen, Editor, The Little Magazine, India
- Mohanad Hage Ali, Journalist, Lebanon
- Dr Sabina Alkire, Dir. Oxford Poverty and Human Development Initiative (OPHI), University of Oxford, UK
- Bridget Anderson, Professor and Deputy Director Centre on Migration, Policy and Society (COMPAS), University of Oxford, UK
- Johan Galtung dr hc mult, founder, TRANSCEND International
- Barbara Harriss-White, Emeritus Professor of Development Studies and Founder-Director of Contemporary South Asian Studies, University of Oxford, UK
- Geoff Whitty, Former Director, Institute of Education, University of London, UK
- Michael W. Apple, John Bascom Professor of Curriculum and Instruction and Professor of Educational Policy Studies, University of Wisconsin at Madison, USA
- James C. Scott, Sterling Professor of Political Science and Professor of Anthropology, Yale University, USA
- Jack Healey, Executive Director, Human Rights Action Center, Washington (and former Executive Dir. Amnesty International/USA)
- Antonio Carlos da Silva Rosa, M.A., Editor, TRANSCEND Media Service, Brazil
- William Nicholas Gomes, Human Rights Ambassador for Salem-News.com, UK
- Roland Watson, Dictator Watch, Thailand
- Francis Wade, Journalist, Thailand
- Dr Nancy Hudson-Rodd, School of Land and Food, University of Tasmania, Hobart, Australia
- Michael Ratna, Sri Lanka
- Chandra Muzaffar, President, JUST, Kualar Lumpur, Malaysia
- Darwis Khudori, Indonesian academic, France
- Arash Sedighi, School of Oriental and African Studies (SOAS), University of London
- Dr Laleh Khalili, SOAS, London
- Dr Rahul Rao, SOAS, London
- Dr Samantha Langsdale, SOAS, London
- Dr Ashraf Hoque, University College London (UCL)
- Dr (Medical doctor) Mohsin Badat, UK
- Dr. James Abdulaziz Brown, UK
- Dr. Jonathan Saha, University of Bristol
- Sophie Ansel, Journalist & Writer, France
- Lynn Lee, Film Maker, Singapore
- James Leong, Film Maker, Singapore
- Dr Syed Farid Alatas, National University of Singapore
- Dr Matt Phillips, University of Aberystwyth, Wales, UK
ရိုဟင်ဂျာ အဖွဲ့အစည်းများ
- Arakan Historical Society
- Arakan Rohingya National Organization
- Burmese Rohingya Organisation UK
- Burmese Rohingya Community in Australia (BRCA)
- Burmese Rohingya Association (BRA), UAE
- Burmese Rohingya Community Netherlands
- Burmese Rohingya Community in Denmark (BRCD)
- Burmese Rohingya Association Deutschland
- Canadian Burmese Rohingya Organization (CBRO)
- European Rohingya Council
- Rohingya Arakanese Refugee Committee, Malaysia
- Rohingya Community in Norway
- Rohingya Society Malaysia
- Rohingya Organization Norway
- Rohingya National Party (Kingdom of Saudi Arabia)
- Arakan National Congress (ANC)
- Rohingya Association of Canada
- Arakan Rohingya Organization Japan
- Rohingya American Society
“ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာလူမျိုးတို့ ခံစားနေရသော ဒုက္ခများ”
(၂ဝ၁၄ ခုနှစ်၊ ဧပြီလ ၁၈ ရက်၊ မလေးရှား နိုင်ငံတွင် ပြုလုပ်သည့် “လူ့အခွင့်အရေး ချိုးဖောက်မှု များနှင့် ကုထုံးများ”ခေါင်းစဉ်ဖြင့် ပြုလုပ်တဲ့ ဆွေးနွေးပွဲတွင် ဝေဝေနု၏ ဆွေးနွေး တင်ပြချက်)
ဒီဆွေးနွေးပွဲမှာ ရိုဟင်ဂျာ လူမျိုးတွေရဲ့ ကိစ္စကို တင်ပြခွင့် ရသည့် အတွက် များစွာ ဂုဏ်ယူ မိပါတယ်။ ဒီဆွေးနွေးပွဲမှာ တက်ရောက် လာကြတဲ့သူ တွေထံက ဖိနှိပ်ချုပ်ချယ်မှု မျိုးစုံ ခံစားနေ ရတဲ့ ရိုဟင်ဂျာ လူမျိုးတွေ အတွက် မျှော်လင့်ချက်နဲ့ လက်တွေ့ဆန်တဲ့ အာမခံချက်တွေ ကျွန်မ ယူဆောင် သွားနိုင်အောင် ပေးစွမ်း နိုင်ကြ လိမ့်မယ်လို့ မျှော်လင့်မိ ပါတယ်။ ကျွန်မကို တက်ရောက် ဆွေးနွေးဖို့ ဖိတ်ကြားတဲ့ ဦးဆောင် ကျင်းပသူ များကိုလည်း ကျေးဇူး အထူးတင် ရှိပါကြောင်း ပြောကြားလို ပါတယ်။
ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်ခံ နေရမှုတွေကို လိုရင်း တိုရှင်း တိတိကျကျ တင်ပြ သွားမှာ ဖြစ်ပါတယ်။
မြန်မာ အစိုးရက ရိုဟင်ဂျာလူမျိုးတွေရဲ့ နိုင်ငံသားဖြစ်မှုကို ငြင်းပယ်တဲ့အတွက် သူတို့ရဲ့ ရပ်တည်မှုအတွက် အန္တရာယ်ရှိနေပါတယ်။ ကမ္ဘာ့နိုင်ငံတွေက တစ်ဖက်စောင်းနင်းဖြစ်ပြီး ရက်စက်တဲ့ဥပဒေလို့ ပြောနေကြတဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေဟာ နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့ ကိုက်ညီမှုမရှိသလို ပုဒ်မသုံးခုမှာလည်း “မြန်မာနိုင်ငံရဲ့ လူမျိုးကြီးရှစ်မျိုးနဲ့ သူတို့ရဲ့မျိုးနွယ်စုတွေသာ တိုင်းရင်းသား (နိုင်ငံသား) ဖြစ်တယ်”လို့ ပြဋ္ဌာန်းထားပါတယ်။ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရကတည်းက ရိုဟင်ဂျာလူမျိုးတွေကို မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားလူမျိုးစုတစ်ခုလို့ အသိအမှတ်ပြုခဲ့ပေမယ့် ၁၉၈၂ ခုနှစ် ဥပဒေနဲ့ ဖယ်ရှားပစ်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ရိုဟင်ဂျာလူမျိုးတွေကို ခွဲခြားဖိနှိပ်ချုပ်ချယ်တဲ့ဥပဒေ၊ နည်းလမ်းမျိုးစုံနဲ့ နှိပ်ကွပ်လာခဲ့တာ ဒီကနေ့ထိဖြစ်ပါတယ်။ အဆုံးစွန်ပြောရရင် ရိုဟင်ဂျာလူမျိုးတွေကို လူသားမျိုးနွယ်အဖြစ်တောင် သတ်မှတ်ပုံမရတော့ပါဘူး။ ရိုဟင်ဂျာလူမျိုးတွေရဲ့ လူမှုစီးပွားဘဝတွေက ဘယ်လောက်အထိ ခက်ခဲကြမ်းတမ်းသလဲဆိုရင် အသက်ရှင်ရပ်တည်နိုင်ဖို့အတွက် ခက်ခက်ခဲခဲရုန်းကန်နေနေရပြီး ဘဝတွေဟာလည်း သေတာနဲ့မခြား ဖြစ်တည်နေပါတယ်။
စစ်အာဏာရှင်အစိုးရ အဆက်ဆက်က ရိုဟင်ဂျာလူမျိုးတွေရဲ့ အသက်ရှင်ရပ်တည်မှုအတွက် အဓိကအရေးပါတဲ့ အခွင့်အရေးအားလုံးကို ဘယ်လောက်အထိ ပိတ်ပင်တားမြစ်ခဲ့သလဲဆိုရင် -
(၁) ရိုဟင်ဂျာလူမျိုးတွေရဲ့ သမိုင်းဆိုင်ရာ အထောက်အထားတွေ ဖျောက်ဖျက်ခံရပြီး၊ ရခိုင်ဒေသမှာ နှစ်ပေါင်းထောင်ချီ နေထိုင်လာခဲ့ကြတဲ့ ရိုဟင်ဂျာလူမျိုးတွေကို ၁၈၂၄ ခုနှစ် ဗြိတိသျှကိုလိုနီနယ်ချဲ့တွေနဲ့ပါလာတဲ့ အိန္ဒိယနွယ်ဖွားများ ဖြစ်သယောင် ပုံဖော်ခဲ့ကြပါတယ်။
(၂) ရိုဟင်ဂျာလူမျိုးတွေရဲ့ မူလအမည်ကို ဘင်္ဂါလီဟူ၍ အဓမ္မပြောင်းလဲစေခိုင်းခဲ့ပါတယ်။ ရည်ရွယ်ချက်ရှိရှိနဲ့ ၁၉၇၃ ခုနှစ်နဲ့ ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းကောက်ယူမှုတွေမှာ ရိုဟင်ဂျာလူမျိုးတွေကို နိုင်ငံမဲ့အဖြစ် ဖန်တီးခဲ့ကြပါတယ်။ ရိုဟင်ဂျာလူမျိုးများက မိမိတို့ကိုယ်ကို မိမိတို့ ရိုဟင်ဂျာလို့ ပြောကြားခဲ့ပေမယ့် ရခိုင်ဒေသလူဦးရေ ၃.၃သန်းရဲ့ ၂၉ ရာခိုင်နှုန်းရှိတဲ့ ရိုဟင်ဂျာလူမျိုးတွေကို စစ်အာဏာရှင်အစိုးရ အဆက်ဆက်က ဘင်္ဂါလီလို့ အတင်းအဓမ္မ စာရင်းရေးသွင်းခဲ့ကြပါတယ်။
(၃) အဲဒီလိုပဲ အငြင်းပွားဖွယ်ရာ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို တစ်ဖက်စောင်းနင်းပြဋ္ဌာန်းပြီး ရိုဟင်ဂျာလူမျိုးတွေရဲ့ နိုင်ငံသားဖြစ်မှုကို အစိုးရက ရုပ်သိမ်းခဲ့ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂက ကြီးကြပ်လုပ်ဆောင်ခဲ့တဲ့ နိုင်ငံတကာသဘောတူညီချက်တွေမှာ ကမ္ဘာတစ်ဝန်း နိုင်ငံမဲ့သူမရှိရေးနဲ့ အကာအကွယ်ပေးရေး သတ်မှတ်ပြဋ္ဌာန်းထားခဲ့ပေမယ့် မြန်မာအစိုးရကတော့ ခိုးဝင်လာသူဆိုတဲ့ စကားလုံးကို တွင်တွင်ကျယ်ကျယ် သုံးလျက်ရှိပါတယ်။
(၄) မကြာသေးမီက သန်းခေါင်ကောက်ယူမှုမှာလည်း အစိုးရအသိအမှတ်ပြုထားတဲ့ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးအတွက်ပဲ ကုတ်နံပါတ်သတ်မှတ်ပေးပြီး ရိုဟင်ဂျာလူမျိုးများအတွက် သတ်မှတ်ပေးခြင်းမရှိခဲ့ပါဘူး။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာအစိုးရကိုယ်တိုင်က နိုင်ငံတကာသတင်းဌာနတွေကိုတစ်မျိုး၊ ပြည်တွင်းမီဒီယာတွေကိုတစ်မျိုး ကွဲပြားခြားနားစွာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံတကာသတင်းဌာနတွေကို ပြောကြားရာမှာ ရိုဟင်ဂျာလူမျိုးတွေအနေနဲ့ အခြားဆိုတဲ့ ၉၁၄ မှာ ဖော်ပြပြီး ရိုဟင်ဂျာဟူ၍ ရေးခွင့်ရှိသယောင်ယောင် ပြောကြားခဲ့ပါတယ်။ ဆိုလိုတာကတော့ ရိုဟင်ဂျာတွေဟာ မြန်မာ့တိုင်းရင်းသား လူမျိုးစုတစ်စုဖြစ်တယ်ဆိုတာကို အသိအမှတ်မပြုဘဲ ကိုယ့်လူမျိုးအမည်ကိုတော့ လွတ်လပ်စွာဖော်ပြခွင့်ပေးတဲ့ သဘောမျိုးဖြစ်ပါတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ ဘင်္ဂါလီလို့မရေးရင် သန်းခေါင်စာရင်းကောက်ခံရာမှာ လုံးဝစာရင်းမကောက်ဖို့ ညွှန်ကြားထားပါတယ်။ ရိုဟင်ဂျာလို့ ရေးသွင်းခြင်းကို လက်မခံလို့ သန်းခေါင်စာရင်းကောက်ယူမှုမှာ ပါဝင်ခွင့်မရခဲ့ပါဘူး။ တကယ်တော့ ဒီ ၂ဝ၁၄ခုနှစ် လူဦးရေသန်းခေါင်စာရင်းကောက်ခံမှုအတွက် ကမ္ဘာ့ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့နဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအချို့ အပါအဝင် အနောက်အုပ်စုနိုင်ငံတွေက ငွေကြေးကူညီထောက်ပံ့ပေးတာဖြစ်တာကြောင့် ခုလိုမျိုး လူမျိုးရေးခွဲခြားဆက်ဆံမှုတွေဟာ အလွန်စိတ်ပျက်ဖွယ်ရာ ဖြစ်ပါတယ်။
အစိုးရက ဖွဲ့စည်းပေးခဲ့တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ရဲဝန်ထမ်းတစ်ယောက် အသတ်ခံရပြီး အလောင်းရှာမတွေ့တဲ့အတွက် ရဲဝန်ထမ်းတွေကို ပိုမိုကောင်းမွန်တဲ့ လက်နက်တွေ တပ်ဆင်ပေးဖို့ ထောက်ခံတင်ပြတာတွေ တွေ့ရှိရပါတယ်။ ရိုဟင်ဂျာလူမျိုး ၂၅ ဦး အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ ရိုဟင်ဂျာလူမျိုး ၂၅ ဦးကို ဆေးကုသပေးခဲ့ရကြောင်း ပြောကြားတဲ့အတွက် မောင်တောမြို့မှာ အကူအညီပေးနေတဲ့ MSF အဖွဲ့ရဲ့ ရခိုင်ပြည်နယ်တွင်း လုပ်ငန်းဆောင်ရွက်ခွင့်တွေကို မြန်မာအစိုးရက ပိတ်ပင်တားမြစ်ခဲ့ပါတယ်။ အခုဆိုရင် ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှုအကူအညီတွေပေးနေတဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို တိုက်ခိုက်တာတွေ၊ ပိတ်ပင်တာတွေ ရှိနေပါတယ်။ လွန်ခဲ့တဲ့လက တိုက်ခိုက်ခံရမှုတွေကို အခုဒီမှာ ဖြန့်ဝေထားတဲ့ မတ်လထုတ်သတင်းစာစောင်မှာ ဖတ်ရှုရမှာဖြစ်ပါတယ်။
ရိုဟင်ဂျာလူမျိုးတွေကို ခွဲခြားဆက်ဆံမှုတွေဟာ အဖွဲ့အစည်းအချို့က ရည်ရွယ်ချက်ရှိရှိနဲ့ စနစ်တကျ ကြိုတင်ပြင်ဆင်လုပ်ဆောင်နေတာဖြစ်ကြောင်း သိသာပါတယ်။ ရိုဟင်ဂျာလူမျိုးတွေကို နည်းလမ်းမျိုးစုံနဲ့ ဖိနှိပ်တိုက်ခိုက်ခဲ့လို့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတာတွေ ရှိနေပါတယ်။ ရိုဟင်ဂျာလူမျိုးတွေဟာ လွတ်လပ်စွာသွားလာခွင့်မရဘဲ ကန့်သတ်ခံရခြင်း၊ အာဏာပိုင်တွေဆီက ခွင့်ပြုချက်ရမှ လက်ထပ်ထိမ်းမြားရခြင်း၊ ပညာရေး ကျန်းမာရေး ကဏ္ဍတွေမှာပါ ကန့်သတ်ခံနေကြရပါတယ်။ လက်ထပ်ထိမ်းမြားခွင့်နဲ့ ကလေးမွေးဖွားခွင့် တားမြစ်ကန့်သတ်ခံထားရတဲ့အတွက် ရိုဟင်ဂျာကလေးငယ် ခြောက်သောင်းလောက် မွေးစာရင်းလက်မှတ် မရရှိကြသေးပါဘူး။ ရိုဟင်ဂျာလူငယ်များ ပညာသင်ကြားရေးတွင်လည်း ဘယ်လောက်အထိ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရသလဲဆိုရင် ၂ဝ၁၂ ခုနှစ် အကြမ်းဖက်မှု ဖြစ်ပြီးတဲ့နောက် ရိုဟင်ဂျာလူငယ် နှစ်သောင်းခန့် ပညာသင်ကြားခွင့် ဆုံးရှုံးခဲ့ကြရပြီး တက္ကသိုလ်ကျောင်းသူကျောင်းသား တစ်ထောင်ကျော်လောက် ပညာသင်ကြားခွင့် မရရှိတော့ပါဘူး။ ရိုဟင်ဂျာလူမျိုးအများစုဟာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုလည်း မရရှိကြပါဘူး။
ရိုဟင်ဂျာလူမျိုးတွေရဲ့ စီးပွားရေးဘဝတွေလည်း လုံးဝရပ်ဆိုင်းသွားခဲ့ပါပြီ။ ကိုယ်ပိုင်စိုက်ပျိုးမြေအားလုံးရဲ့ သုံးပုံတစ်ပုံလောက်ကို အစိုးရက စီမံပေးနေတဲ့ စံပြကျေးရွာသစ်တွေနဲ့ လုံခြုံရေးစခန်းတွေအတွက်ဆိုပြီး သိမ်းဆည်းခံရသလို၊ ကိုယ်နေထိုင်တဲ့ ကျေးရွာ၊ ရပ်ကွက်တွေကနေ အတင်းအဓမ္မ ဖယ်ရှားခံရတာကလည်း ရိုဟင်ဂျာလူမျိုးတွေအတွက် အသစ်အဆန်း မဟုတ်တော့ပါဘူး။ တစ်ဖက်သတ်တိုက်ခိုက်ခံရလို့ ရိုဟင်ဂျာလူမျိုးတစ်သိန်းခွဲဟာ ၂ဝ၁၂ ခုနှစ် နှစ်လယ်ကစပြီး ဒီကနေ့အထိ အဆင့်မမီတဲ့ ဒုက္ခသည်စခန်းတွေမှာ ချို့တဲ့စွာနေထိုင်နေကြရပါတယ်။ အိမ်တွေမီးရှို့ခံခဲ့ရတဲ့ ရိုဟင်ဂျာလူမျိုးတချို့ဆိုရင်လည်း အကျဉ်းထောင်မှာနေရတဲ့ပုံစံလိုမျိုး သံဆူးကြိုးကာရံထားတဲ့ ရပ်ကွက်ဝင်းအတွင်းမှာ ထိန်းသိမ်းခံနေကြရပါတယ်။ လွတ်လပ်စွာသွားလာခွင့် မရရှိကြပါဘူး။ အဲဒီဒုက္ခသည်စခန်းက လူတွေကို သူတို့ရဲ့ မူလမြေနေရာတွေမှာ ပြန်လည်နေရာချထားပေးရေး အစီအစဉ်တွေလည်း မြင်သာထင်သာမရှိသေးပါဘူး။
လွန်ခဲ့တဲ့လက နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေ စစ်တွေမြို့က ထွက်ခဲ့ရတဲ့နောက်ပိုင်းမှာ လူသားချင်းစာနာမှုအထောက်အပံ့ဆိုတာကိုတောင် မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ အမျိုးသမီးတွေနဲ့ ကလေးတွေ အစားအသောက် အာဟာရပြတ်လို့ နေ့စဉ်သေဆုံးနေကြရသလို၊ သောက်သုံးရေ စားနပ်ရိက္ခာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေက တော်တော်ဆိုးရွားနေပါတယ်။ ရိုဟင်ဂျာလူမျိုးတွေကို စနစ်တကျ အကွက်ချပြီး လူ့အခွင့်အရေးချိုးဖောက်စော်ကားနေတာတွေဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးသက်သက်ပါလို့ ပြောလို့မရပါဘူး။ ရိုဟင်ဂျာလူမျိုးတစ်သောင်းကျော်ဟာ ကိုယ့်အိမ်၊ ကိုယ့်ဒေသတွေကိုစွန့်ခွာပြီး မလေးရှားနိုင်ငံအပါအဝင် အိမ်နီးချင်းအာဆီယံနိုင်ငံတွေဆီကို ဒုက္ခသည်အဖြစ် ထွက်ပြေးတိမ်းရှောင်နေကြရလို့ မြန်မာနိုင်ငံရဲ့ ပြဿနာဟာ အိမ်နီးချင်းနိုင်ငံတွေဆီ ကူးစက်လာခဲ့တာပါ။
ဒါကြောင့် တရားမျှတမှုကို မြတ်နိုးတဲ့ ပြည်သူတွေ၊ အထူးသဖြင့် အာဆီယံနိုင်ငံတွေကို မေတ္တာရပ်ခံချင်တာက -
(၁) ရိုဟင်ဂျာလူမျိုးတွေကို အကြမ်းဖက်မှုတွေကနေ အကာအကွယ်ပေးဖို့ တောင်းဆိုပေးကြပါ။ လူ့ဘဝရပ်တည်ရေးအတွက် အဓိကလိုအပ်ချက်တွေဖြစ်တဲ့ လုံခြုံတဲ့နေအိမ်၊ အစားအစာ၊ သန့်ရှင်းတဲ့သောက်သုံးရေ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေးကိစ္စတွေကို စဉ်းစားတောင်းဆိုပေးကြပါ။ လက်ရှိအခြေအနေအရဆိုရင် ဆိုးရွားတဲ့ရာသီဥတုနဲ့ အစားအသောက်မလုံလောက်မှုကြောင့် အလွယ်တကူသေဆုံးနိုင်တာကြောင့် ပိုမိုလုံခြုံဘေးကင်းတဲ့နေရာတွေဆီ ပြောင်းရွှေ့ပေးစေချင်ပါတယ်။ အဲဒီကိစ္စတွေအတွက် ရိုဟင်ဂျာလူမျိုးတွေ အပါအဝင် နေအိမ်စွန့်ခွာထွက်ပြေးပြီး ဒုက္ခသည်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်က ဘယ်လူမျိုးကိုမဆို လူသားချင်းစာနာမှု အကူအညီတွေပေးနေတဲ့ NGO တွေကို မြန်မာအစိုးရက အကာအကွယ်နဲ့ အကူအညီတွေ ပေးဖို့လိုအပ်ပါတယ်။
(၂) မြန်မာအစိုးရက ရိုဟင်ဂျာလူမျိုးတွေကို မိမိတို့ရဲ့ မူလလူမျိုးအမည် (ရိုဟင်ဂျာ) အဖြစ် သန်းခေါင်စာရင်းကောက်နေတဲ့ နောက်ထပ် နှစ်လတာ အချိန်အတွင်းမှာ ရေးသွင်းခွင့်ပေးဖို့ အားလုံးက ဝိုင်းဝန်းကြိုးပမ်းပေးကြဖို့လိုပါတယ်။ ဘင်္ဂါလီလို့ အတင်းအဓမ္မရေးသွင်းခံရရင် တရားမဝင်လာရောက်နေထိုင်သူအဖြစ်သတ်မှတ်ပြီး ပြည်နှင်ဒဏ်ပေးခံရဖွယ်ရှိပါတယ်။
(၃) ဒါကြောင့် နိုင်ငံတကာမိသားစုတွေအနေနဲ့ ရိုဟင်ဂျာလူမျိုးတွေရဲ့ မွေးရာပါအခွင့်အရေးဖြစ်တဲ့ မြန်မာနိုင်ငံသားဖြစ်မှုနဲ့ တန်းတူအခွင့်အရေး ရရှိရေးအတွက် လုပ်ဆောင်ပေးကြစေလိုပါတယ်။ မြန်မာအစိုးရရဲ့ အခုပြောစကားတွေအရ တချို့တစ်ဝက်လောက်ပဲ နိုင်ငံသားဖြစ်ခွင့်ရရှိကြမှာဖြစ်ပေမယ့် အဲဒီလူဟာ ရွေးကောက်ပွဲဝင်ခွင့်ရှိမှာမဟုတ်သလို ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်၊ ပညာသင်ကြားခွင့်တွေမှာလည်း မွေးရာပါ နိုင်ငံသားတစ်ယောက်လို တန်းတူအခွင့်အရေး ရရှိမှာမဟုတ်ပါဘူး။ နိုင်ငံသားပြုခြင်းခံရသူရဲ့ နိုင်ငံသားဖြစ်ခွင့်ကိုလည်း အစိုးရက အကြောင်းအမျိုးမျိုးပြပြီး ရုပ်သိမ်းခွင့်ကလည်း ရှိနေပါသေးတယ်။
(၄) ရိုဟင်ဂျာလူမျိုးတွေအတွက် ကျန်းမာရေးနဲ့ ပညာရေးက အလွန်အရေးကြီးတဲ့အတွက် မလေးရှားမှာရောက်နေတဲ့ ရိုဟင်ဂျာကလေးတွေကို ပညာသင်ကြားခွင့်ပေးဖို့ မလေးရှားအာဏာပိုင်များကို တောင်းဆိုလိုပါတယ်။ ဒါမှလည်း အမှားနဲ့အမှန်ကို ဝေဖန်ပိုင်းခြားသုံးသပ်နိုင်တဲ့၊ သဘောထားမျှတတဲ့ မွတ်စ်လင်မ်တွေ ဖြစ်လာကြမှာပါ။ အခြေခံကျန်းမာရေးစောင့်ရှောက်မှုလည်းပေးဖို့ တောင်းဆိုလိုပါတယ်။
(၅) လာမယ့်နှစ်မှာ မလေးရှားနိုင်ငံက အာဆိယံအဖွဲ့ရဲ့ အလှည့်ကျဥက္ကဋ္ဌတာဝန်ယူတဲ့အခါ မြန်မာနိုင်ငံက ရိုဟင်ဂျာကိစ္စကို ဆွေးနွေးနိုင်ရေးအတွက် စီစဉ်ပေးစေလိုပါတယ်။ အခုလက်ရှိ အာဆီယံဥက္ကဋ္ဌတာဝန်ယူထားတဲ့ မြန်မာအစိုးရကတော့ အာဆီယံခေါင်းဆောင်များအပါအဝင် အာဆီယံအရပ်ဘက်လူ့အဖွဲ့အစည်းတွေကိုပါ ရိုဟင်ဂျာကိစ္စ ဆွေးနွေးခြင်းကို တားမြစ်ထားပါတယ်။ ဒီတော့ ကျွန်မတို့ ရိုဟင်ဂျာလူမျိုးများကိစ္စကို အစိုးရတွေရော၊ အရပ်ဘက်အဖွဲ့အစည်းတွေကပါ ပွင့်လင်းရိုးသားစွာ လွတ်လွတ်လပ်လပ် ဆွေးနွေးတိုင်ပင်ပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိအောင် ဝိုင်းဝန်းအဖြေရှာကြစေလိုပါတယ်။
အာဆီယံရဲ့ ဦးဆောင်နိုင်ငံတစ်နိုင်ငံဖြစ်သလို OIC ရဲ့ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံအနေနဲ့ ကျွန်မတို့ရဲ့ ရိုဟင်ဂျာလူမျိုးကိစ္စကို စိတ်အားထက်သန်စွာဖြင့် ပါဝင်ပြီး အဖြေရှာဖို့ ကြိုးပမ်းလိမ့်မယ်လို့ ကျွန်မမျှော်လင့်ပါတယ်။ ရိုဟင်ဂျာပြဿနာကို အာဆီယံအနေနဲ့ လွန်ခဲ့တဲ့ နှစ် ၂ဝ ကျော်ကတည်းက သိရှိခဲ့ပေမယ့် ထိရောက်တဲ့လုပ်ဆောင်မှု မရှိခဲ့ပါဘူး။ ရိုဟင်ဂျာတွေရဲ့ အခြေအနေက အလွန်စိုးရိမ်စရာ ဖြစ်ပါတယ်။ ရိုဟင်ဂျာလူမျိုးတွေကို မြန်မာ့မြေပေါ်က အပြီးတိုင်ဖယ်ရှားပစ်ဖို့ လူအသေအပျောက်များတဲ့ သတ်ဖြတ်မှုတွေ ဖြစ်လာနိုင်တယ်လို့ ကျွန်မရိုးသားစွာ ယုံကြည်ပါကြောင်း တင်ပြအပ်ပါတယ်။
ကျေးဇူးတင်ပါတယ်။
![]() |
| လုယက်သည့် ရခိုင် (၃) ဦးမှ တစ်ဦး |
RB News
29.4.2014
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ကမ္ဘောဇဘဏ် ရှေ့တွင် ရခိုင် (၃) ဦးက ဒေသခံ ရိုဟင်ဂျာ တစ်ဦးထံမှ ငွေလုယက် ခဲ့ကြောင်း သတင်း ရရှိပါသည်။
ယနေ့ နံနက် ၁၁ နာရီ အချိန်တွင် မောင်တောမြို့နယ်ရှိ ကမ္ဘောဇဘဏ်မှ ငွေထုတ်လာသည့် လှဖိုးခေါင်း ကျေးရွာ အုပ်စုမှ ဦးမာမတ်အာမီးန် (ဘ) ဦးအဒူဆလာမ် ထံမှ ရခိုင် (၃) ဦးက ငွေကျပ် ၁၅၀၀၀ လုယက်၍ ထွက်ပြေး သွားကြကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ငွေလုယက်သည့် ရခိုင် (၃) ဦး အနက် တစ်ဦးသည် လွန်ခဲ့သည့် ဇန်န၀ါရီလ (၂၇) ရက်နေ့ကလည်း မောင်တောမြို့မဈေးတွင် ဈေးဝယ်နေသည့် ရိုဟင်ဂျာ အမျိုးသမီး နှစ်ဦးထံမှ ငွေကျပ် ၅ သောင်း လုယက်၍ ထွက်ပြေး သွားခဲ့သူ ဖြစ်သည်။
မောင်တောမြို့ပေါ်တွင် နေ့ပိုင်း အချိန်တွင် ယခုကဲ့သို့ လုယက်သူများ အတင့်ရဲသကဲ့သို့ လုံခြုံရေး တာဝန်ယူထားသည့် လုံထိန်းများကလည်း မကြာခဏ အကြောင်းမဲ့ ခြိမ်းခြောက်၍ ငွေညှစ်ခြင်းများ မကြာခဏ ကြုံရလေ့ ရှိသည်။
RB News
28.4.2014
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း ကျေးရွာ အခြေစိုက် ရဲတပ်ကြပ် တစ်ဦးနှင့် ၎င်း၏ တပည့် ဖြစ်သူတို့၏ ရိုက်နှက်မှုကြောင့် အသက် ၆၅ နှစ် အရွယ် လူကြီး တစ်ဦး သေဆုံးခဲ့ ရကြောင်း သတင်း ရရှိပါသည်။
ဧပြီလ (၂၇) ရက်နေ့ နေ့လည် (၂) နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း၊ ကြိမ်ချောင်း ကျေးရွာရှိ ကားဂိတ်တွင် ကွမ်းယာရောင်းသည့် ဦးလီယာကောတ်အလီ (ခ) ဦးဆူရီးယား (အသက် ၆၅ နှစ်) ကို ကြိမ်ချောင်း ကျေးရွာ အုပ်စု မြောက်ရွာ အခြေစိုက် နယ်ခြားစောင့်တပ်မှ တပ်ကြပ် ကျော်ဝင်းနှင့် ၎င်း၏ တပည့်ဖြစ်သူ ရော်ဟိမ်း (ဘ) ဦးမိုင်နာ တို့က မတရားသဖြင့် ရိုက်နှက်ခဲ့မှုကြောင့် မောင်တော ဆေးရုံသို့ အရေးပေါ် လူနာအဖြစ် ပို့ခဲ့ရသည်။ အဆိုပါ အသက် ၆၅ နှစ် အရွယ် ဦးလီယာကောတ်အလီသည် ရဲတပ်ကြပ်နှင့် တပည့်ဖြစ်သူ တို့၏ လူမဆန်စွာ ရိုက်နှက်မှုကြောင့် ရရှိသည့် ဒဏ်ရာဖြင့် ယနေ့ (ဧပြီလ ၂၈) တွင် မောင်တော ဆေးရုံ၌ သေဆုံး သွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
တပ်ကြပ် ကျော်ဝင်းနှင့် တပည့်ဖြစ်သူ တို့သည် ကြိမ်ချောင်း ကားဂိတ်တွင် ရပ်နားသည့် ကားများမှ တစ်စီးလျှင် နှစ်ထောင်ကျပ်၊ ကားငယ် တစ်စီးလျှင် တစ်ထောင်ကျပ် ကောက်ခံ လျက်ရှိကြောင်း သိရှိရပါသည်။ ဧပြီလ (၂၇) ရက်နေ့ နေ့လည် (၂) နာရီ အချိန်တွင် ဦးလီယာကောတ်အလီ၏ ဆိုင်တွင် ကွမ်းဝယ်နေသည့် ကားသမား တစ်ဦးထံမှ တပ်ကြပ် ကျော်ဝင်းနှင့် တပည့် ဖြစ်သူ ရော်ဟိမ်း တို့က ငွေကျပ် နှစ်ထောင် တောင်းရာ၊ ကားသမားက ငွေတစ်ထောင်သာ ပေးသည့် အတွက် ဆိုင်တွင်းတွင်ပင် ရိုက်နှက်ရာ ဦးလီယာကောတ်အလီက တားသဖြင့် ဦးလီယာကောတ်အလီကို ဆိုင်ပြင်သို့ ဆွဲထုတ်ပြီး နှစ်ဦးစလုံးက လက်သီးဖြင့်ထိုး၊ ခြေထောက်ဖြင့် ကန်ကျောက်ရာ၊ ပါးစပ်မှ သွေးများထွက်၍ ထိုနေရာတွင်ပင် သတိလစ် သွားခဲ့သည်။ ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားသည့် ဦးလီယာကောတ်အလီကို ဒေသခံ ရွာသားများက မောင်တော ဆေးရုံသို့ ပို့ခဲ့သည်။
ဦးလီယာကောတ်အလီသည် ရဲတပ်ကြပ် ကျော်ဝင်းနှင့် တပည့် ဖြစ်သူတို့၏ လူမဆန်စွာ တိရစ္ဆာန်ကဲ့သို့ ရိုက်နှက်မှုကြောင့် ယနေ့ (ဧပြီလ ၂၈) သေဆုံး သွားကြောင်း ဒေသခံများက ပြောပါသည်။ ၎င်းသည် အလွန်ဆင်းရဲ နွမ်းပါးသူ တစ်ဦး ဖြစ်ပြီး ကွမ်းယာရောင်း၍ မိသားစုများကို ရှာဖွေ ကျွေးမွေး စောင့်ရှောက် နေသူ တစ်ဦး ဖြစ်သည်။
ရဲတပ်ကြပ် ကျော်ဝင်း၏ တပည့် ဖြစ်သူ ရော်ဟိမ်း၏ နေအိမ်သို့ ရဲတပ်ကြပ် ကျော်ဝင်း အပါအ၀င် ရဲတပ်သားများ အမြဲဝင်ထွက် နေပြီး၊ ၎င်း၏ နေအိမ်တွင် စုပေါင်း၍ မူးယစ် ဆေးဝါး သုံးစွဲသည်ဟု ဒေသခံများက ဆိုသည်။
ယခုကဲ့သို့ လူမဆန်စွာ ရိုက်နှက်ခြင်းများကို ယခင်ကလည်း ၎င်းတို့ ကျူးလွန်ခဲ့ကြပြီး၊ မိသားစု စားဝတ်နေရေး အတွက် ရှာဖွေ ရုန်းကန် နေသည့် သက်ကြီး ရွယ်အို တစ်ဦးကို ရိုက်နှက်ခြင်းကြောင့် အသက်ပင် ဆုံးရှုံးသွား ရသည့် အတွက် လူသတ်မှု ကျူးလွန်သူ နှစ်ဦးကို တရား ဥပဒေနှင့် အညီ အရေးယူ အပြစ်ပေးရန် ပြည်ထောင်စု အစိုးရနှင့် ပြည်နယ် အစိုးရတို့ထံ တောင်းဆိုကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
RB News
28.4.2014
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့်တပ် ရဲများက ခရီးသွား (၃) ဦးကို ခြိမ်းခြောက်၍ ငွေ ၅ သိန်းခွဲ ညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
ဧပြီလ (၂၇) ရက်နေ့တွင် မောင်တောမြို့နယ် မြောက်ပိုင်း၊ မင်းကြီးရွာ (တူလာတူလီ) မှ ကြိမ်ချောင်းသို့ လာနေသည့် ခရီးသွား (၃) ဦး ဖြစ်သည့် (၁) ဦးမူဟီဘုလ္လာ (ဘ) ဦးဒေါရ်ဘေ့ခ်ျအလီ (အသက် ၃၂ နှစ်)၊ (၂) ဦးဖော်ရီဒူလ္လာ (ဘ) ဦးဘော်ရှီရ်အာမတ် (အသက် ၃၅ နှစ်) နှင့် ဒေါ်တူဟုရာဘေဂမ် (ဘ) ဦးမာမတ်ဒုလ္လာ (အသက် ၂၇ နှစ်) တို့ကို ကြိမ်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့်တပ်မှ ဒုရဲအုပ်၊ တပ်ကြပ်ခင်လှိုင်၊ ရဲတပ်သား ဇော်ဇော်၊ တမန်းသား ရွာမှ အမည်မသိ တစ်ဦး၊ ကြိမ်ချောင်းရွာမှ ဦးသာနိုးအောင်၏ သားတို့က အောင်စစ်ပြင် ကျေးရွာရှိ ကြက်ကျိန်း ဗလီရှေ့တွင် ရပ်ခိုင်းပြီး စစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးနေစဉ် မင်းကြီးရွာ အခြေစိုက် တပ်ရင်းမှ ဗိုလ်ကြီး တစ်ဦး လာနေသည်ကို တွေ့သဖြင့် ရဲများက အဆိုပါ ခရီးသွား (၃) ဦးကို အိမ်တစ်အိမ် အတွင်းသို့ ဆွဲသွင်း၍ ၀ှက်ထားခဲ့သည်။ အဆိုပါ ဗိုလ်ကြီး ၎င်းတို့၏ မြင်ကွင်းမှ ပျောက်ကွယ် သွားသည့် အခါ အိမ်အပြင်သို့ ခေါ်ထုတ်၍ အမျိုးမျိုး ခြိမ်းခြောက်၍ ငွေကျပ် ၂၅ သိန်း ပေးမှ ဆက်လက် သွားခွင့် ပေးမည်ဟု ပြောဆိုခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
“နေ့လည် ၁ နာရီ ကနေ ၄ နာရီ အထိ အကြောင်းမဲ့ အမျိုးမျိုး ခြိမ်းခြောက် ခဲ့တယ်။ ငွေ ၂၅ သိန်း မပေးရင် တရားမ၀င် ဖုန်း ကိုင်နေတယ် ဆိုပြီး အမှုဖွင့်မယ်၊ ပြီးရင် ထောင်ချမယ် ဆိုပြီး ခြိမ်းခြောက်တယ်။ နောက်ဆုံးတော့ အဲဒီ မင်းကြီး ရွာသားတွေက ကြောက်ပြီး ငွေ ၅ သိန်း ၅ သောင်း ပေးလိုက်ရတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
28.4.2014
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့်တပ် ရဲများက ခရီးသွား (၃) ဦးကို ခြိမ်းခြောက်၍ ငွေ ၅ သိန်းခွဲ ညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
ဧပြီလ (၂၇) ရက်နေ့တွင် မောင်တောမြို့နယ် မြောက်ပိုင်း၊ မင်းကြီးရွာ (တူလာတူလီ) မှ ကြိမ်ချောင်းသို့ လာနေသည့် ခရီးသွား (၃) ဦး ဖြစ်သည့် (၁) ဦးမူဟီဘုလ္လာ (ဘ) ဦးဒေါရ်ဘေ့ခ်ျအလီ (အသက် ၃၂ နှစ်)၊ (၂) ဦးဖော်ရီဒူလ္လာ (ဘ) ဦးဘော်ရှီရ်အာမတ် (အသက် ၃၅ နှစ်) နှင့် ဒေါ်တူဟုရာဘေဂမ် (ဘ) ဦးမာမတ်ဒုလ္လာ (အသက် ၂၇ နှစ်) တို့ကို ကြိမ်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့်တပ်မှ ဒုရဲအုပ်၊ တပ်ကြပ်ခင်လှိုင်၊ ရဲတပ်သား ဇော်ဇော်၊ တမန်းသား ရွာမှ အမည်မသိ တစ်ဦး၊ ကြိမ်ချောင်းရွာမှ ဦးသာနိုးအောင်၏ သားတို့က အောင်စစ်ပြင် ကျေးရွာရှိ ကြက်ကျိန်း ဗလီရှေ့တွင် ရပ်ခိုင်းပြီး စစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးနေစဉ် မင်းကြီးရွာ အခြေစိုက် တပ်ရင်းမှ ဗိုလ်ကြီး တစ်ဦး လာနေသည်ကို တွေ့သဖြင့် ရဲများက အဆိုပါ ခရီးသွား (၃) ဦးကို အိမ်တစ်အိမ် အတွင်းသို့ ဆွဲသွင်း၍ ၀ှက်ထားခဲ့သည်။ အဆိုပါ ဗိုလ်ကြီး ၎င်းတို့၏ မြင်ကွင်းမှ ပျောက်ကွယ် သွားသည့် အခါ အိမ်အပြင်သို့ ခေါ်ထုတ်၍ အမျိုးမျိုး ခြိမ်းခြောက်၍ ငွေကျပ် ၂၅ သိန်း ပေးမှ ဆက်လက် သွားခွင့် ပေးမည်ဟု ပြောဆိုခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
“နေ့လည် ၁ နာရီ ကနေ ၄ နာရီ အထိ အကြောင်းမဲ့ အမျိုးမျိုး ခြိမ်းခြောက် ခဲ့တယ်။ ငွေ ၂၅ သိန်း မပေးရင် တရားမ၀င် ဖုန်း ကိုင်နေတယ် ဆိုပြီး အမှုဖွင့်မယ်၊ ပြီးရင် ထောင်ချမယ် ဆိုပြီး ခြိမ်းခြောက်တယ်။ နောက်ဆုံးတော့ အဲဒီ မင်းကြီး ရွာသားတွေက ကြောက်ပြီး ငွေ ၅ သိန်း ၅ သောင်း ပေးလိုက်ရတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
![]() |
| အမေရိကန် သမ္မတ အိုဘားမား- မလေးရှား နိုင်ငံ Malaya University မှာ အာရှ လူငယ် များနဲ့ တွေ့ဆုံရန် လာစဉ်။ (ဧပြီ ၂၇၊ ၂၀၁၄) |
ဒေါ်ခင်မျိုးသက်
28.4.2014
အာရှ ၄ နိုင်ငံ ခရီးထွက်လာတဲ့ သမ္မတအိုဘားမားဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ၃ ရက်တာရှိနေစဉ်အတွင်း တနင်္ဂနွေနေ့က မြန်မာ အပါအဝင် အာဆီယံ ဆယ်နိုင်ငံက လူငယ် ၁၀၂ ဦးနဲ့ မလေးရှားတက္ကသိုလ်မှာ တနာရီခွဲကြာ တွေ့ဆုံခဲ့တာပါ။ တချိန်က အထီးကျန်ဖြစ်ခဲ့ရတဲ့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေတာကို ချီးကျူးခဲ့ပေမယ့် ဘာသာရေးနဲ့ လူမျိုးရေးပဋိပက္ခတွေ ဖြစ်နေတာတွေ့ရတာမို့ ဒါတွေဟာ ဒီမိုကရေစီလမ်းကြောင်းပေါ် သွားနိုင်ဖို့ ကြိုးစားနေတဲ့ မြန်မာနိုင်ငံအတွက် အန္တရာယ်ရှိတယ်လို့ သမ္မတအိုဘားမားက ပြောကြားခဲ့ပါတယ်။
“နိုင်ငံတနိုင်ငံမှာ အတူယှဉ်တွဲနေထိုင်ကြသူတွေ အချင်းချင်း ခွဲခြားဆက်ဆံမှု ရှိနေမယ် ဆိုရင် အောင်မြင်တဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာမှာမဟုတ်ပါဘူး။ တကယ်လို့ မလေးရှားနိုင်ငံမှာ မွတ်ဆလင် မဟုတ်သူတွေအတွက် အခွင့်အလန်းတွေ ဖွင့်မပေးရင် အောင်မြင်မှာမဟုတ်သလို မြန်မာနိုင်ငံအတွက်လည်း မွတ်ဆလင်တွေကို ဖိနှိပ်နေရင် အောင်မြင်မှာ မဟုတ်ပါဘူး။”
မြန်မာနိုင်ငံမှာ မကြာခင်နှစ်တွေအတွင်း ရိုဟင်ဂျာမွတ်ဆလင်တွေ အတိုက်ခိုက်ခံရသလို ဖိနှိပ်မှုတွေပါ ရှိနေတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေကရော ရခိုင်ပြည်နယ်ထဲက မူစလင်ဆန့်ကျင်သူတွေကို စောင့်ကြည့် လေ့လာနေသူတွေကပါ ပြောနေကြတာပါ။ အမေရိကန်သမ္မတနဲ့ တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံက လူငယ်ခေါင်းဆောင် ဆယ်ဦးပါဝင်ပြီး ကရင်တိုင်းရင်းသား စောထက်ခန့်အောင်ကတော့ မြန်မာနိုင်ငံ ကိုယ်စားပြု မေးခွန်းမေးခွင့်ရခဲ့သူပါ။
"ကျနော်တို့နိုင်ငံက အာဆီယံနိုင်ငံထဲမှာ တနိုင်ငံအပါအဝင်ပေါ့နော်- အာဆီယံဒေသကို ပြန်ကြည့်တဲ့အခါမှာ ကွဲပြားခြားနားမှုတွေ အများကြီးရှိတယ်။ ဥပမာ လူမျိုးတွေကွဲပြားမယ်၊ ဘာသာစကားကွဲပြားမယ်၊ သူတို့ရဲ့သမိုင်းတွေကလည်း ကွဲပြားမယ်၊ သူတို့ရဲ့အုပ်ချုပ်ပုံတွေကလည်း အကုန်လုံး ကွဲပြားမယ်ပေါ့။ အဲဒီလိုမျိုး ကွဲပြားခြားနားမှုတွေ အများကြီး ရှိတဲ့အခါမှာ အဲလိုမျိုး ကျော်လွှားပြီးတော့ နောက် ခေါင်းဆောင်ဖြစ်လာမယ့် လူငယ်တွေကို သမ္မတအနေနဲ့ ဘယ်လိုများ ခွန်အားပေးချင်လဲဆိုတာလေး မေးခဲ့ပါတယ်။ ကျနော် အကြိုက်ဆုံးနဲ့ သတိရတာ တချက်ပဲ ကျနော် ပြောချင်တယ်။ အဲဒါက ဘာလဲဆိုတော့ သူများရဲ့ဖိနပ်ကို ဝင်စီးကြည့်လိုက်ပါ။ ဝင်စီးကြည့်လိုက်ပြီးတော့မှ သူတို့ ခံစားသလို ခံစားကြည့်လိုက်ပါ-ပေါ့။ အဲလိုဆိုလို့ရှိရင် ကျနော်တို့အတွက် မေးခွန်းတွေ မေးစရာရှိလာမယ်၊ အမြင်တွေ အများကြီးတွေ့လာမယ်ပေါ့။ အဲဒီကနေပြီးတော့ ကျနော်တို့ ဘယ်လိုမျိုး အဖြေညှိပြီးတော့ ဘယ်လိုမျိုး ကောင်းမွန်တဲ့ အာဆီယံအသိုက်အဝန်းကို တည်ဆောက်မလဲ-ဆိုတာပါပဲ။"
ကောင်းမွန်တဲ့ အာဆီယံ အသိုက်အဝိုင်းတခု တည်ဆောက်ဖို့နဲ့ အာရှဒေသ တည်ငြိမ်အေးချမ်းစေဖို့ အမေရိကန်နိုင်ငံက ကူညီမယ်လို့ လူငယ်တွေနဲ့ တွေ့ဆုံပွဲမှာ သမ္မတအိုဘားမားက ကတိပေးခဲ့သလို လက်တွဲလုပ်ဆောင်နိုင်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။
"အာရှပစိဖိတ်ဒေသ ပိုပြီးလုံခြုံဖို့ အတူလက်တွဲ လုပ်ဆောင်နိုင်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ အမေရိကန်နိုင်ငံက ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးဖြစ်ပေမယ့် ထိပ်တိုက်ရင်ဆိုင်ဖို့ထက် ငြိမ်းချမ်းရေးကိုပဲ ကြည့်ပါတယ်။ ပြဿနာဖြစ်နေတဲ့ ဒေသတွေမှာလည်း ငြိမ်းငြိမ်းချမ်းချမ်း ပြေလည်သွားဖို့၊ နိုင်ငံကြီးတွေက နိုင်ငံငယ်လေးတွေကို အနိုင်မကျင့်ဖို့နဲ့ နိုင်ငံအားလုံးဟာ နိုင်ငံတကာ ဥပဒေအောက်မှာ တန်းတူညီမျှမှု ရှိနေရမှာပါ။"
သမ္မတ အိုဘားမား မိန့်ခွန်းပြောနေစဉ်မှာပဲ ပရိတ်သတ်ထဲက TPP ခေါ် ပစိဖိတ်ဒေသတွင်း နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးကို ဆန့်ကျင်သူတွေက ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြမှုတွေ ကြုံခဲ့ရပါတယ်။
ဒီ ကုန်သွယ်မှုသဘောတူစာချုပ်က TPP ပစိဖိတ်ဒေသတွင်း နိုင်ငံများ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ လုပ်ဆောင်တာဖြစ်ပြီး နိုင်ငံတနိုင်ငံ ကြွယ်ဝချမ်းသာလာစေဖို့ အရေးပါတဲ့ အချက်တွေဖြစ်တဲ့ အလုပ်သမား အကာအကွယ်ပေးမှုအဆင့် မြင့်မားလာစေဖို့နဲ့ သဘာဝဝန်းကျင် ကာကွယ်ဖို့အပြင် ဉာဏမူပိုင်ခွင့် ကာကွယ်ရေးတွေ ရှိလာစေဖို့ လုပ်ဆောင်တာဖြစ်ပြီး ဒါတွေဟာ တရားဥပဒေ စိုးမိုးမှုနဲ့ ပွင့်လင်းမြင်သာမှုတွေ ရှိလာစေဖို့အတွက် အထောက်အကူဖြစ်စေမယ်လို့လည်း သမ္မတ အိုဘားမားက ပြောဆိုခဲ့ပါတယ်။
![]() |
| မလေးရှား နိုင်ငံ၊ Malaya တက္ကသိုလ် အတွင်း Town Hall Meeting မှာ သမ္မတ အိုဘားမားနဲ့ တောင်အာရှ လူငယ်များ တရင်းတနှီး တွေ့ဆုံ ကြစဉ်။ (ဧပြီလ ၂၇၊ ၂၀၁၄) |
မနန္ဒာချမ်း
27.4.2014
အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားရဲ့ (YSEALI) လို့ခေါ်တဲ့ အရှေ့တောင် အာရှ လူငယ်ခေါင်း ဆောင်များ ဦးဆောင် ဦးရွက် ပြုမှု အစီအစဉ် အရ - ဒီကနေ့ ကွာလာလမ်ပူ မြို့တော် မလေးရှား တက္ကသိုလ်မှာ အာဆီယံ ၁၀ နိုင်ငံက လူငယ် ခေါင်းဆောင် ၁၀၃ ဦးနဲ့ တွေ့ဆုံတဲ့ Town Hall Meeting တခုကို ပြုလုပ် ခဲ့တာပါ။ ဒီအစီ အစဉ်ဟာ သမ္မတ အိုဘားမားရဲ့ ၃ ရက်ကြာ မလေးရှားနိုင်ငံ ခရီးစဉ်ရဲ့ တစိတ်တပိုင်း လည်းဖြစ်ပြီး အမေရိကန် ပြည်ထောင်စုနဲ့ ဒေသတွင်း အာဆီယံ လူငယ် မျိုးဆက်သစ် တွေကြား ပိုမို ရင်းနှီးမှု ရှိလာအောင်နဲ့ ဒေသတွင်းနဲ့ ကမ္ဘာတဝှမ်းက အဓိကကျတဲ့ ပြဿနာတွေကို အမြင်ချင်း ဖလှယ် ဆွေးနွေး ကြဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ ဒီပွဲအတွင်း သမ္မတ အိုဘားမားက လူငယ်တွေရဲ့ အနာဂတ် အခန်း ကဏ္ဍနဲ့ ပတ်သက်ပြီး အခုလို ပြောကြားခဲ့ ပါတယ်။
“နောက်မျိုးဆက်တွေ အတွက် ရှေ့လာမယ့် အနှစ် ၂၀၊ ၃၀ မှာ စိတ်ချလက်ချ ဖြစ်အောင် လုပ်နိုင်ဖို့က ခင်ဗျားတို့ အပေါ်မှာပဲ မူတည်ပါတယ်။ အဲဒီအချိန်ကျရင် အခြေအနေတွေက အရင်တုန်းကထက် အများကြီး ပိုကောင်းနေပါလားဆိုပြီး လူတွေက ပြောကြမှာပါ။ လာမယ့် အနှစ် ၂၀-၃၀ မှာလည်း ပြဿနာတွေက ရှိနေဦးမှာပါ၊ ဒါပေမဲ့လည်း ဒီကနေ့အချိန်မှာ ပြဿနာ တော်တော်များများကို ခင်ဗျားတို့ ရှင်းထားနိုင်တဲ့အတွက် တူမှာတော့ မဟုတ်တော့ပါဘူး။ အမေရိကန်အနေနဲ့ကတော့ ဒီလုပ်ငန်းစဉ်မှာ မိတ်ဖက်အဖြစ်နဲ့ ဆက်လက် လက်တွဲသွားမှာပါ။”
အခုလို သမ္မတ အိုဘားမားနဲ့ တွေ့ဆုံဖို့အတွက် အာဆီယံ ၁၀ နိုင်ငံက လူငယ်ခေါင်းဆောင်တွေကို ရွေးချယ်ရာမှာ မြန်မာနိုင်ငံ ကိုယ်စားပြု လူငယ် ၁၀ ဦးလည်း ပါဝင်ခဲ့တာပါ။ သူတို့ ၁၀ ဦးစလုံးကတော့ တိုင်းနဲ့ပြည်နယ် အသီးသီးက လူမျိုး၊ ဘာသာမတူတဲ့ ပြီးတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ နိုင်ငံရေးနဲ့ လူထုအခြေပြုလုပ်ငန်းတွေမှာ လုပ်ကိုင်နေ ကြသူတွေ ဖြစ်ပါတယ်။ သူတို့အနေနဲ့ အခုလိုမျိုး သမ္မတ အိုဘားမားနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခွင့်ရတာနဲ့ ပတ်သက်လို့
“အခုထိအောင် စိတ်လှုပ်ရှားသေးတယ်။ ကျမတို့က ပထမတန်း ၂ တန်းလောက်မှာ ထိုင်ရတော့ သမ္မတအိုဘားမားနဲ့က ကိုယ်တိုင် လက်ဆွဲနှုတ်ဆက်ခွင့်လည်း ရလိုက်တယ်ရှင့်။ အရမ်းလည်းနီးကပ်တော့ စစချင်း ဒါ တကယ်လားလို့ - အဲလိုမျိုး ထင်မိတယ်ရှင့်။ သမီးတို့လို လူငယ်တွေကို အရမ်းကို လေးလေးစားစားနဲ့ ဆက်ဆံတယ်၊ ဖိတ်ခေါ်တယ်၊ အဲလိုမျိုး သူ့ကို အရမ်းလေးစားသွားတယ်ရှင့်။”
မမေဖြိုးဖြိုးအောင် ပြောပြခဲ့တာပါ။ တခါ ကချင်တိုင်းရင်းသား ဒေးဗစ်ဂွမ်အောင် ကလည်း -
“သမ္မတအိုဘားမားက အစကတည်းက ကျနော့်ရဲ့ Ideal Person ပေါ့နော်။ သူ့ကို ကျနော် အစကတည်းက လေးစားပါတယ်။ လူချင်းတွေ့တော့ ပိုပြီးတော့တောင် သဘောကျသွားသေးတယ်။ ပြီးတော့သူက Cool ဖြစ်တယ်ပေါ့နော်၊ အရမ်းကိုမိုက်တယ်။ လူငယ်တွေနဲ့လည်း တသားတည်းဖြစ်သွားအောင်နေတယ်။ သမ္မတက အဲလိုမျိုး သူ့ဖာသာသူ စင်ပေါ်မှာနေနေတာမဟုတ်ဘဲနဲ့ ကျနော်တို့နဲ့ တသားတည်း၊ တထပ်တည်းဖြစ်တယ်။ ကျနော်တို့ရဲ့စိတ်ကို နားလည်ပေးတယ်။ ကျနော်တို့နိုင်ငံမှာလည်း အဲလိုခေါင်းဆောင်မျိုး လိုအပ်တယ်လို့ ပိုပြီး မြင်လာပါတယ်။”
ဒါ့အပြင် တက်ရောက်လာတဲ့ အာဆီယံ ၁၀ နိုင်ငံက လူငယ်တွေကို တနိုင်ငံချင်းစီ မေးခွန်းတခုမေးခွင့် ပေးခဲ့တာမှာ မြန်မာနိုင်ငံ ကိုယ်စားပြု မေးခွင့်ရခဲ့တဲ့ ကရင်တိုင်းရင်းသား စောထက်အောင်ခန့် က -
“ကျနော်မေးခဲ့တာက ကျနော်တို့နိုင်ငံကနေ အာဆီယံနိုင်ငံထဲမှာ တနိုင်ငံအပါအဝင်ပေါ့နော်- ကျနော်တို့အာဆီယံဒေသကို ပြန်ကြည့်တဲ့အခါမှာ ကွဲပြားခြားနားမှုတွေ အများကြီးရှိတယ်။ ဥပမာအားဖြင့် လူမျိုးတွေကွဲပြားမယ်၊ နောက်ပြီး ဘာသာစကားကွဲပြားမယ်၊ နောက်ပြီးတော့ သူတို့ရဲ့သမိုင်းတွေကလည်း ကွဲပြားမယ်၊ သူတို့ရဲ့အုပ်ချုပ်ပုံတွေကလည်း အကုန်လုံး ကွဲပြားမယ်ပေါ့။ အဲဒီလိုမျိုး ကွဲပြားခြားနားမှုတွေပေါ့နော်- အများကြီး ရှိတဲ့အခါမှာ အဲလိုမျိုး ကျော်လွှားပြီးတော့ နောက် ခေါင်းဆောင်ဖြစ်လာမယ့် လူငယ်တွေကို သမ္မတအနေနဲ့ ဘယ်လိုများ ခွန်အားပေးချင်လဲဆိုတာလေး မေးခဲ့ပါတယ်။ ကျနော် အကြိုက်ဆုံးနဲ့ သတိရတာ တချက်ပဲ ကျနော် ပြောချင်တယ်။ အဲဒါက ဘာလဲဆိုတော့ သူကိုယ်တိုင်က ပြောခဲ့တယ်ပေါ့နော်- သူများရဲ့ဖိနပ်ကို ဝင်စီးကြည့်လိုက်ပါ။ ဝင်စီးကြည့်လိုက်ပြီးတော့မှ သူတို့ ခံစားသလို ခံစားကြည့်လိုက်ပါ-ပေါ့။ အဲလိုဆိုလို့ရှိရင် ကျနော်တို့အတွက် မေးခွန်းတွေ မေးစရာရှိလာမယ်၊ အမြင်တွေ အများကြီးတွေ့လာမယ်ပေါ့။ အဲဒီကနေပြီးတော့ ကျနော်တို့ ဘယ်လိုမျိုး အဖြေညှိပြီးတော့ ဘယ်လိုမျိုး ကောင်းမွန်တဲ့ အာဆီယံအသိုက်အဝန်းကို တည်ဆောက်မလဲ-ဆိုတာပါပဲ။”
သမ္မတ အိုဘားမားရဲ့ လူငယ်တွေအပေါ် လေးလေးစားစားနဲ့ အချိန်ပေး ပြန်လည်ဖြေကြားမှုတွေကို ၁၀၀ % သဘောကျမိတယ်လို့လည်း စောထက်အောင်ခန့်က ပြောဆိုခဲ့ပါတယ်။ ဒီလို အမေးအဖြေကဏ္ဍမတိုင်ခင်မှာတော့ သမ္မတအိုဘားမားက မိန့်ခွန်းပြောကြားခဲ့ပြီး - အဲ့ဒီမှာ အဓိကအနေနဲ့ ရာသီဥတုဖောက်ပြန်မှုလို ပြဿနာတွေ အပါအဝင် ကမ္ဘာမှာ ကြုံတွေ့ရင်ဆိုင်နေရတဲ့ ပဋိပက္ခတွေ၊ စစ်ပွဲတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေလို ပြဿနာတွေကို မျိုးဆက်တိုင်း လူငယ်တွေက ဖြေးဖြေးချင်း ကြိုးစားဖြေရှင်းသွားဖို့ တာဝန်ရှိတယ်လို့လည်း ပြောဆိုသွားခဲ့ပါတယ်။
ဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ မြန်မာလူငယ်တွေကတော့ ဒီကနေ ရလာတဲ့ အတွေ့အကြုံတွေကို မြန်မာပြည် ပြန်ရောက်တဲ့အခါ မြန်မာလူငယ်တွေအကြား ပြန်ပြီး ဖလှယ်သွားမယ်လို့လည်း ကိုမင်းကိုကို က ပြောပါတယ်။
“ဒီ Workshop မှာဆိုလို့ရှိရင် ပရောဂျက်တွေကို ကျနော်တို့ အနေနဲ့ စီစဉ်နေရပါတယ်။ Team အလိုက် ခွဲပြီးတော့ပေါ့နော်။ အဓိကအားဖြင့် education –Environment နဲ့ နောက် People’s Engagement နဲ့ နောက် Economics ဆိုပြီးတော့ လေးမျိုး ခွဲထား ပါတယ်။ အဲဒီမှာ team လေးတွေခွဲပြီးတော့ ကိုယ်ပိုင် ပရောဂျက်လေးတွေ စီစဉ်ကြပါတယ်။ ကျနော်တို့ပြန်ပြီဆိုတာနဲ့ ကိုယ်ပိုင် ပရောဂျက်လေးတွေကို ကျနော်တို့ရွေးချယ်ထားတဲ့ အခန်းကဏ္ဍကနေ စပြီးတော့ ကြိုးစားပြီး အကောင်အထည်ဖော်သွားမှာပါ။”
အာရှ-ပစိဖိတ် ဒေသမှာ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုကို ချိန်ခွင်လျှာညှိဖို့အတွက် အမေရိကန်က အလေးအနက်ထား ဆောင်ရွက်နေတယ်ဆိုတာကို ပြသဖို့ သွားရောက်တဲ့ ဒီအာရှလေးနိုင်ငံခရီးစဉ်အတွင်း အမေရိကန်သမ္မတတစ်ဦးအနေနဲ့ အခုလို အာဆီယံနိုင်ငံတွေက လူငယ်တွေနဲ့ တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးမှုဟာ ပထမဆုံး အကြိမ်လည်း ဖြစ်ပါတယ်။
မမေဖြိုးဖြိုးအောင် ပြောပြခဲ့တာပါ။ တခါ ကချင်တိုင်းရင်းသား ဒေးဗစ်ဂွမ်အောင် ကလည်း -
“သမ္မတအိုဘားမားက အစကတည်းက ကျနော့်ရဲ့ Ideal Person ပေါ့နော်။ သူ့ကို ကျနော် အစကတည်းက လေးစားပါတယ်။ လူချင်းတွေ့တော့ ပိုပြီးတော့တောင် သဘောကျသွားသေးတယ်။ ပြီးတော့သူက Cool ဖြစ်တယ်ပေါ့နော်၊ အရမ်းကိုမိုက်တယ်။ လူငယ်တွေနဲ့လည်း တသားတည်းဖြစ်သွားအောင်နေတယ်။ သမ္မတက အဲလိုမျိုး သူ့ဖာသာသူ စင်ပေါ်မှာနေနေတာမဟုတ်ဘဲနဲ့ ကျနော်တို့နဲ့ တသားတည်း၊ တထပ်တည်းဖြစ်တယ်။ ကျနော်တို့ရဲ့စိတ်ကို နားလည်ပေးတယ်။ ကျနော်တို့နိုင်ငံမှာလည်း အဲလိုခေါင်းဆောင်မျိုး လိုအပ်တယ်လို့ ပိုပြီး မြင်လာပါတယ်။”
ဒါ့အပြင် တက်ရောက်လာတဲ့ အာဆီယံ ၁၀ နိုင်ငံက လူငယ်တွေကို တနိုင်ငံချင်းစီ မေးခွန်းတခုမေးခွင့် ပေးခဲ့တာမှာ မြန်မာနိုင်ငံ ကိုယ်စားပြု မေးခွင့်ရခဲ့တဲ့ ကရင်တိုင်းရင်းသား စောထက်အောင်ခန့် က -
“ကျနော်မေးခဲ့တာက ကျနော်တို့နိုင်ငံကနေ အာဆီယံနိုင်ငံထဲမှာ တနိုင်ငံအပါအဝင်ပေါ့နော်- ကျနော်တို့အာဆီယံဒေသကို ပြန်ကြည့်တဲ့အခါမှာ ကွဲပြားခြားနားမှုတွေ အများကြီးရှိတယ်။ ဥပမာအားဖြင့် လူမျိုးတွေကွဲပြားမယ်၊ နောက်ပြီး ဘာသာစကားကွဲပြားမယ်၊ နောက်ပြီးတော့ သူတို့ရဲ့သမိုင်းတွေကလည်း ကွဲပြားမယ်၊ သူတို့ရဲ့အုပ်ချုပ်ပုံတွေကလည်း အကုန်လုံး ကွဲပြားမယ်ပေါ့။ အဲဒီလိုမျိုး ကွဲပြားခြားနားမှုတွေပေါ့နော်- အများကြီး ရှိတဲ့အခါမှာ အဲလိုမျိုး ကျော်လွှားပြီးတော့ နောက် ခေါင်းဆောင်ဖြစ်လာမယ့် လူငယ်တွေကို သမ္မတအနေနဲ့ ဘယ်လိုများ ခွန်အားပေးချင်လဲဆိုတာလေး မေးခဲ့ပါတယ်။ ကျနော် အကြိုက်ဆုံးနဲ့ သတိရတာ တချက်ပဲ ကျနော် ပြောချင်တယ်။ အဲဒါက ဘာလဲဆိုတော့ သူကိုယ်တိုင်က ပြောခဲ့တယ်ပေါ့နော်- သူများရဲ့ဖိနပ်ကို ဝင်စီးကြည့်လိုက်ပါ။ ဝင်စီးကြည့်လိုက်ပြီးတော့မှ သူတို့ ခံစားသလို ခံစားကြည့်လိုက်ပါ-ပေါ့။ အဲလိုဆိုလို့ရှိရင် ကျနော်တို့အတွက် မေးခွန်းတွေ မေးစရာရှိလာမယ်၊ အမြင်တွေ အများကြီးတွေ့လာမယ်ပေါ့။ အဲဒီကနေပြီးတော့ ကျနော်တို့ ဘယ်လိုမျိုး အဖြေညှိပြီးတော့ ဘယ်လိုမျိုး ကောင်းမွန်တဲ့ အာဆီယံအသိုက်အဝန်းကို တည်ဆောက်မလဲ-ဆိုတာပါပဲ။”
သမ္မတ အိုဘားမားရဲ့ လူငယ်တွေအပေါ် လေးလေးစားစားနဲ့ အချိန်ပေး ပြန်လည်ဖြေကြားမှုတွေကို ၁၀၀ % သဘောကျမိတယ်လို့လည်း စောထက်အောင်ခန့်က ပြောဆိုခဲ့ပါတယ်။ ဒီလို အမေးအဖြေကဏ္ဍမတိုင်ခင်မှာတော့ သမ္မတအိုဘားမားက မိန့်ခွန်းပြောကြားခဲ့ပြီး - အဲ့ဒီမှာ အဓိကအနေနဲ့ ရာသီဥတုဖောက်ပြန်မှုလို ပြဿနာတွေ အပါအဝင် ကမ္ဘာမှာ ကြုံတွေ့ရင်ဆိုင်နေရတဲ့ ပဋိပက္ခတွေ၊ စစ်ပွဲတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေလို ပြဿနာတွေကို မျိုးဆက်တိုင်း လူငယ်တွေက ဖြေးဖြေးချင်း ကြိုးစားဖြေရှင်းသွားဖို့ တာဝန်ရှိတယ်လို့လည်း ပြောဆိုသွားခဲ့ပါတယ်။
ဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ မြန်မာလူငယ်တွေကတော့ ဒီကနေ ရလာတဲ့ အတွေ့အကြုံတွေကို မြန်မာပြည် ပြန်ရောက်တဲ့အခါ မြန်မာလူငယ်တွေအကြား ပြန်ပြီး ဖလှယ်သွားမယ်လို့လည်း ကိုမင်းကိုကို က ပြောပါတယ်။
“ဒီ Workshop မှာဆိုလို့ရှိရင် ပရောဂျက်တွေကို ကျနော်တို့ အနေနဲ့ စီစဉ်နေရပါတယ်။ Team အလိုက် ခွဲပြီးတော့ပေါ့နော်။ အဓိကအားဖြင့် education –Environment နဲ့ နောက် People’s Engagement နဲ့ နောက် Economics ဆိုပြီးတော့ လေးမျိုး ခွဲထား ပါတယ်။ အဲဒီမှာ team လေးတွေခွဲပြီးတော့ ကိုယ်ပိုင် ပရောဂျက်လေးတွေ စီစဉ်ကြပါတယ်။ ကျနော်တို့ပြန်ပြီဆိုတာနဲ့ ကိုယ်ပိုင် ပရောဂျက်လေးတွေကို ကျနော်တို့ရွေးချယ်ထားတဲ့ အခန်းကဏ္ဍကနေ စပြီးတော့ ကြိုးစားပြီး အကောင်အထည်ဖော်သွားမှာပါ။”
အာရှ-ပစိဖိတ် ဒေသမှာ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုကို ချိန်ခွင်လျှာညှိဖို့အတွက် အမေရိကန်က အလေးအနက်ထား ဆောင်ရွက်နေတယ်ဆိုတာကို ပြသဖို့ သွားရောက်တဲ့ ဒီအာရှလေးနိုင်ငံခရီးစဉ်အတွင်း အမေရိကန်သမ္မတတစ်ဦးအနေနဲ့ အခုလို အာဆီယံနိုင်ငံတွေက လူငယ်တွေနဲ့ တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးမှုဟာ ပထမဆုံး အကြိမ်လည်း ဖြစ်ပါတယ်။
RB News
27.4.2014
မောင်တော ။ ။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီး ဌာန ဒုတိယ ၀န်ကြီး ဦးဝင်းမြင့် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ နံနက်ပိုင်းမှ စ၍ ဘူးသီးတောင်နှင့် မောင်တော မြို့နယ် များရှိ ဒေသခံ ရိုဟင်ဂျာ များနှင့် တွေ့ဆုံ၍ သန်းခေါင်စာရင်း ကောက်ယူရာတွင် လူမျိုး အမည်ကို ကွက်လပ် ထားရန် ဒေသခံများကို စည်းရုံး ခဲ့သော်လည်း မအောင်မြင် ခဲ့ကြောင်း သတင်း ရရှိပါသည်။
ယနေ့ နံနက်ပိုင်းတွင် ဘူးသီးတောင်မြို့နယ်တွင် ဒေသခံ ရိုဟင်ဂျာ ရပ်မိရပ်ဖ ၅၀ ဦးကို လ.၀.က ဒုဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့က တွေ့ဆုံ၍ လူမျိုး အမည်ကို ကွက်လပ် ထားရန် ဒေသခံများကို စည်းရုံး ခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ညနေ ၄ နာရီ အချိန်တွင် လ.၀.က ဒုဝန်ကြီး ဦးဝင်းမြင့် ဦးဆောင်သည့် အဖွဲ့သည် မောင်တောမြို့နယ်သို့ ရောက်ရှိပြီး ရပ်ကွက် ၅ ခုမှ ရပ်မိရပ်ဖ ၅၀ ဦးနှင့် တွေ့ဆုံခဲ့သည်။
ညွန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သန်းခေါင်စာရင်း ကောက်ခံပြီးပြီ ဖြစ်ကြောင်း၊ ကချင် ပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိ မွတ်စလင်များသာ ကျန်ရှိနေကြောင်း၊ ရခိုင်ပြည်နယ်ရှိ မွတ်စလင်များကို ၉၁၄ ဘေးတွင် ကွက်လပ်ချန်၍ ကောက်ခံ သွားမည့် အကြောင်းကို ယခင် ခရီးစဉ်တွင် စာမူကြမ်းပါ ပေးခဲ့ပြီး ဖြစ်ကြောင်း၊ အကယ်၍ သန်းခေါင်စာရင်းကို အကောက်မခံ ပါက ဒေသ ဖွံ့ဖြိုးရေး များတွင် ကျန်နေမည် ဖြစ်ကြောင်း၊ အကောက် မခံပါကလည်း သန်းခေါင်စာရင်း အောင်မြင်စွာ ပြီးဆုံး သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဒုဝန်ကြီး ဦးဝင်းမြင့်က သန်းခေါင်စာရင်းသည် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် မသက်ဆိုင်ကြောင်း၊ နိုင်ငံတကာ စံနှုန်းနှင့် အညီ ကောက်ခံ နေခြင်း ဖြစ်ကြောင်း အစိုးရ ဘက်မှ ဒီထက် အလျှော့ပေးမည် မဟုတ်ကြောင်း၊ ယခု တစ်ကြိမ် လာရောက် ဆွေးနွေးခြင်းသည် နောက်ဆုံး အကြိမ်ဖြစ်ကြောင်း၊ ၉၁၄ ဘေးတွင် ကွက်လပ် ထား၍ ဖြေမည် ဆိုလျှင် အကျိုး ရှိမည် ဖြစ်ကြောင်း၊ ၁၉၈၂ ခုနှစ် ဥပဒေနှင့် အညီ နိုင်ငံသား ရသင့်သူ အချို့ကို နိုင်ငံသား ကဒ်များ ထုတ်ပေး သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ရခိုင်ပြည်နယ် စီးပွားရေး ၀န်ကြီးဌာန ၀န်ကြီး ဦးမောင်စံရွှေက ဤဒေသတွင် ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ကိုင် ပေးထားပြီး ဖြစ်ကြောင်း၊ လမ်း၊ တံတား၊ ဆေးရုံ၊ ရေကန်များ၊ ကျောင်းများ တည်ဆောက် ပေးထားပြီး ဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးလိုသူများ ဆွေးနွေးနိုင်ကြောင်း ပြောဆို၍ ဖိတ်ခေါ်ရာ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုးမင်းက ညွန်ချုပ် ဦးမောင်မောင်သန်းက ပေးခဲ့သည့် စာမူကြမ်းကို ပြည်သူများကို ချပြခဲ့ပြီး ပြည်သူများ၏ သဘော ဆန္ဒကို တောင်းခံခဲ့ကြောင်း၊ မိမိသည် ပြည်သူများ၏ ကိုယ်စားလှယ် ဖြစ်သောကြောင့် ပြည်သူများ၏ သဘော ဆန္ဒကို တင်ပြရလျှင် မိမိတို့သည် နိုင်ငံတော်၏ စေတနာကို တန်ဖိုးထားကြောင်း၊ သန်းခေါင်စာရင်း ကိုလည်း ဥပဒေနှင့် အညီ ပါဝင်ရန် အသင့်ရှိနေကြောင်း၊ မိမိတို့သည် ရှေးယခင် ကတည်းက ဤနိုင်ငံတွင် တိုင်းရင်းသားများ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ တိုင်းရင်းသား ၁၃၅ မျိုး နည်းတူ သန်းခေါင်စာရင်းတွင် ပါဝင်လိုကြောင်း၊ မိမိတို့၏ လူမျိုး အမည်ကို မိမိတို့ သဘော ဆန္ဒအတိုင်း ပြောဆိုနိုင်သည်ဟု ဥပဒေ ပြဌာန်း ထားသည့် အတွက် မိမိတို့၏ လူမျိုး အမည်ကို ကွက်လပ် ချန်မထားဘဲ မေးခွန်း ၄၁ ချက်လုံးကို ပြည့်ပြည့်၀၀ ဖြေဆိုနိုင်ရန် နိုင်ငံတော် အကြီးအကဲ များက ကူညီပေးရန် တောင်းဆိုကြောင်း၊ နိုင်ငံတကာ စံနှုန်းကို လိုက်နာပြီး သန်းခေါင်စာရင်းတွင် မိမိတို့၏ လူမျိုးကို လွတ်လပ်စွာ ရေးသားခွင့် ပြုမည်ဟု မျှော်လင့်ကြောင်း၊ အများပြည်သူများ နည်းတူ ရေးသားနိုင်ရန် နိုင်ငံတော် အကြီးအကဲများက ခွင့်ပြုပေးရန် လေးနက်စွာ တောင်းဆိုကြောင်း ပြောဆိုခဲ့သည်။
ထို့နောက် ရပ်မိရပ်ဖ တစ်ဦး ဖြစ်သူ ဦးကျော်မင်းက ၉၁၄ ဘေးတွင် ကွက်လပ်ထား၍ သန်းခေါင်စာရင်း ကောက်ခံမည်ကို လုံးဝ လက်ခံမည် မဟုတ်ကြောင်း၊ မိမိတို့၏ လူမျိုး အမည်ကို ရေးသားခွင့် ပေးမှသာ ပါဝင်ကြမည် ဖြစ်ကြောင်း တင်ပြခဲ့သည်။
ဒုဝန်ကြီး ဦးဝင်းမြင့်က အစိုးရမှ ထပ်မံ၍ အလျှော့ပေးမည် မဟုတ်သဖြင့် မေလ ၅ ရက်နေ့ နောက်ဆုံးထား၍ အကြောင်းပြန်ကြားရန် ပြောကြားပြီး တွေ့ဆုံပွဲကို အဆုံးသတ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
ဘူးသီးတောင် မြို့နယ်တွင်လည်း ပြည်နယ် လွှတ်တော် အမတ် ဒေါက်တာ ဘရှီရ်အာမတ်က အလားတူ ဆွေးနွေးခဲ့ပြီး၊ ရပ်မိရပ်ဖ ၆ ဦးက ၎င်းတို့ အနေဖြင့် နိုင်ငံတကာ စံနှုန်းနှင့် အညီ မိမိတို့၏ လူမျိုး အမည်ကို ရေးခွင့် ပေးပါက ဖြေဆိုရန် အသင့်ရှိကြောင်း ပြောကြားခဲ့ကြသည်။
ဒုဝန်ကြီး ဦးဝင်းမြင့်က မေလ ၅ ရက်နေ့ထိ စဉ်းစားရန် အချိန်ပေးခဲ့သော်လည်း မိမိတို့ အနေဖြင့် စဉ်းစားရန် လိုအပ်မှာ မဟုတ်ဘဲ အချိန်တိုင်းတွင် အဖြေတစ်မျိုးသာ ဖြေဆိုရန် ရှိသည်ဟု ဒေသခံများက ပြောပါသည်။
ဓါတ်ပုံသတင်း
- ရိုဟင်ဂျာ ဘာသာစကား သို့မဟုတ် တိုင်းရင်းသား ဘာသာစကား
- RB News စာဖတ် ပရိသတ်များ သိစေရန် အသိပေးခြင်း
- 2014 Census တွင် ရိုဟင်ဂျာ ဟူ၍ Code နံပါတ်ထည့် ပေးရန် DHRP မှ သမ္မတထံ စာရေးသား
- ရိုဟင်ဂျာများသည် တရားမ၀င် ၀င်ရောက်လာသူများ မဟုတ်ဟု သမ္မတ အိုဘားမားပြော
- သမ္မတကြီး ဦးသိန်းစိန်သို့ ပြည်ပရောက် NDPHR မှ အိတ်ဖွင့်ပေးစာ
- ရဲတပ်ကြပ်ကြီးက ငွေညှစ်သည့် အပြင် လူမျိုးရေး ရိုင်းပျ စော်ကားမှုပါ ပြုလုပ်
- အာရ်ကာန်မြေ၏ ဟစ်ခေါ်သံ (သို့) အဝေးရောက်သားများသို့ (၃)
- UN Humanitrian Chief ရခိုင်ပြည်နယ်သို့သွားမည်
- အမှန်ကို ချစ်ပါ - အပိုင်း (၈)
- ရခိုင်ကော်မရှင် ဥက္ကဌ ကိုဖီအာနန်ထံသို့ မောင်တောဒေသခံများမှ အိတ်ဖွင့်ပေးစာ
ဂျီနိုဆိုက်ဆိုတာဘာလဲ?
ဒေါက်တာဇာနည် ရှင်းပြသည့် ရိုဟင်ဂျာ


















