April 18, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ဘူးသီးတောင် ကျောက်ဖြူသားသေကံတွင် တဖက်နိုင်ငံရောက် ဒုက္ခသည်များ၏ အိမ်အလွတ်များကို ဖြိုဖျက်၍ လယ်ယာလုပ်ငန်းသုံး အဆောက်အဦနှင့် အိမ်သုံးထင်းများအဖြစ် အသုံးပြုနေ

အောင်မင်း Rohingya Today 5.12.2018 ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောက်ဖြူသားသေကံ ကျေးရွာအုပ်စုမှ တဖက်နိုင်ငံရောက် ဒုက္ခသည်များ၏ အိမ်အလွတ်များကို ဖြိုဖျက်၍ လယ်ယာလုပ်ငန်းသုံး အဆောက်အဦများနှင့် အိမ်သုံးထင်းများ အဖြစ် အသုံးပြုလျက်ရှိသည်။  ကျောက်ဖြူသားသေကံကျေးရွအုပ်စု ဒါနိုမျာရွာမှ ဟာဖီးဇ် ဦးမိုဟမ္မဒ်တွာဟဲရ် (ဘ) ဦးအာမီးရ်ဟူစိန်း (အသက် ၄၀ နှစ်) ၏ နေအိမ်သို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကေထွန်း (ခ) ယောဒူ က သား (၃) ဦးနှင့် အတူသွားရောက်၍ ကိုယ်တိုင်ဖြိုဖျက်ပြီး လှေဖြင့် သယ်ဆောင်သွားကာ ၎င်း၏ ခြံဝင်းအတွင်း နွားရုံ ဆောက်လုပ်ခဲ့သည်။  ထို့အပြင် သေကံရွာမှ ဦးရုစ်တုမ်အလီ (ဘ) ဦးအဗ်ဒူလ်မူနာဖ် (အသက် ၃၅ နှစ်)၊ ဦးအာဘူလ်ကာလာမ် (ဘ) ဦးနာဂူး [...] အပြည့်အစုံသို့ »

ဘူးသီးတောင် ဘုရားပြင်အောင်ပတွင် ပြုပြင်မွမ်းမံမည့် မူကြိုကျောင်းတစ်ကျောင်းကို အကြောင်းပြ၍ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ရွာသားများထံမှ ငွေကောက်ခံနေ

ကျော်စိုး Rohingya Today 5.12.2018 ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဘုရားပြင်အောင်ပ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့သည် ဘုရားပြင်ရွာရှိ ပြုပြင်မွမ်းမံမည့် မူကြို စာသင်ကျောင်းတစ်ကျောင်းကို အကြောင်းပြ၍ ရွာသားများထံမှ ငွေကောက်ခံလျက်ရှိသည်။  ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ဘုရားပြင်အောင်ပ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ကြီး (အသက် ၄၃ နှစ်ခန့်) သည် ဘုရားပြင်ရွာရှိ မကြာခင် ပြုပြင်မွမ်းမံမည့် အစိုးရပိုင် မူကြိုစာသင်ကျောင်းတစ်ကျောင်းကို အကြောင်းပြ၍ ကျေးရွာတာဝန်ခံ ဦးဇူဘိုက်ရ် (ဘ) ဦးတွာဟဲရ်၊ ကျောင်းကော်မတီဝင် (၃) ဦးတို့နှင့် ပူးပေါင်း၍ ရွာသားများထံမှ ငွေကောက်ခံနေကြောင်း ဒေသခံများက Rohingya Today သို့ပြောသည်။ ဘုရားပြင်အောင်ပ ကျေးရွာအုပ်စု၊ ဘုရားပြင်ကျေးရွာတွင် ယခင်က အစိုးရအလယ်တန်းကျောင်းရှိရာ နေရာတွင် အစိုးရက လွန်ခဲ့သည့် ၁၀ နှစ်ခန့်က မူကြိုစာသင်ကျောင်းတစ်ကျောင်း ဆောက်လုပ်ပေးခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် တစ်ကြိမ် ပြုပြင်မွမ်းမံခဲ့သည်။  [...] အပြည့်အစုံသို့ »

မောင်တောမြို့ပေါ်ရှိ မြို့မဗလီကြီးတွင် ၀တ်မပြုရန် အာဏာပိုင်များက ပြင်းထန်စွာ တားမြစ်

ဝင်းမင်းစိုး Rohingya Today 5.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့မအနောက်ရပ်ကွက်ရှိ မြို့မဗလီကြီးတွင် ၀တ်မပြုရန် အာဏာပိုင်များက ခြိမ်းခြောက်၍ ပြင်းထန်စွာ တားမြစ်ခဲ့သည်။  ဒီဇင်ဘာလ (၃) ရက်နေ့ နေ့လည် ၂ နာရီခန့်အချိန်တွင် ရိုဟင်ဂျာအချို့သည် မြို့မဗလီကြီးမှ ၀တ်ပြုပြီး ထွက်လာနေသည်ကို လမ်းမှ ဖြတ်သွားနေသည့် ခရိုင်ရဲမှူးက တွေ့ရှိပြီး ရဲစခန်းသို့ သွားရောက်၍ ရဲတပ်ဖွဲ့ဝင်များ စေလွှတ်ခဲ့သည်။ ထို့နောက် ၀တ်ပြုပြီး ထွက်လာသူများကို နယ်ထိန်းရဲတပ်ဖွဲ့ဝင် (၄) ဦးက ရပ်တန့်ခိုင်းပြီး “မင်းတို့ကို ဘယ်သူဝင်ခိုင်းလဲ၊ ၀တ်ပြုမှုကို ဘယ်သူဦးဆောင်ခဲ့လဲ” ဟု မေးမြန်းသဖြင့် ဗလီကြီးတွင် ၀တ်ပြုသူများက “အရင်ကလို အဝေးကလူတွေ မလာပါဘူး၊ ဒီအနီးအနားက ရပ်ကွက်သားနဲ့ ဈေးဆိုင်သည် အနည်းငယ်သာ [...] အပြည့်အစုံသို့ »

မောင်တော မြို့မရွာသစ်ကေရှိ ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ရိုဟင်ဂျာပိုင် အိမ်တစ်လုံးကို ဖြိုဖျက်

အေးဇော် Rohingya Today 5.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြို့မရွာသစ်ကေရပ်ကွက်ရှိ ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ရိုဟင်ဂျာပိုင် အိမ်တစ်လုံးကို ဖြိုဖျက်ခဲ့သည်။  မောင်တောမြို့နယ် မြို့မရွာသစ်ကေရပ်ကွက်၊ အနောက်အုပ်စုတွင် ၂၀၁၇ ခုနှစ် သြဂုတ်လ နောက်ပိုင်းတွင် မီးရှို့မခံရဘဲ ကျန်ရှိနေသေးသည့် မော်လ၀ီ ဦးအီစ်ဟာခ် (အသက် ၆၅ နှစ်) ၏ နေအိမ်သည် ရဲကင်းစခန်းနှင့် နီးကပ်နေသည်ဟု ဆိုကာ ပိုင်ရှင်မိသားစုကို ၂၀၁၇ ခုနှစ် သြဂုတ်လ နောက်ပိုင်းမှစ၍ အာဏာပိုင်များက နေအိမ်တွင် နေထိုင်ခွင့်မပြုသည့်အပြင် မြို့နယ်နှင့် ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ခွင့်ပြုမိန့် တင်သွင်းပြီး နေထိုင်ရန် ညွန်ကြားခဲ့သဖြင့် ၎င်း၏ နေအိမ်တွင် ပြန်လည် နေထိုင်ခွင့်ပြုပါရန် ခွင့်ပြုမိန့် လျှောက်ထားခဲ့သည်။  သို့သော်လည်း ယခုအချိန်ထိ နေထိုင်ခွင့် မပြုသည့်အပြင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ [...] အပြည့်အစုံသို့ »

ပေါက်တော ငှက်ချောင်း ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာ (၄) ဦးကို ရခိုင်လူမျိုးများက လူမဆန်စွာ ရိုက်နှက်

ခင်မောင်နိုင် Rohingya Today 5.12.2018 ပေါက်တော ။ ။ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ငှက်ချောင်းဒုက္ခသည်စခန်းမှ ရိုဟင်ဂျာ (၄) ဦးကို ရခိုင်လူမျိုးများက လူမဆန်စွာ ရိုက်နှက်ခဲ့သည်။ ပေါက်တောမြို့နယ်၊ ငှက်ချောင်းဒုက္ခသည်စခန်းမှ ရိုဟင်ဂျာ (၄) ဦးသည် ဒီဇင်ဘာလ (၄) ရက်နေ့ နံနက် ၈ နာရီခန့် အချိန်တွင် ငှက်ချောင်းဒုက္ခသည်စခန်းနှင့် ဆင်ပိုက်ကျေးရွာ (ရခိုင်ရွာ) ကြားရှိ လယ်ကွင်းမှ ဖမ်းဆီးရမိသည့် ငှက်များဖြင့် အိမ်ပြန်လာနေစဉ် ဆင်ပိုက်ကျေးရွာမှ ရခိုင်လူမျိုးများက ငှက်များလုယူရာတွင် ရိုဟင်ဂျာများက မပေးဘဲ ထွက်ပြေးသွားရန် ကြိုးစားခဲ့သည်။ သို့သော်လည်း ရခိုင်ရွာသားများက အဆိုပါ ရိုဟင်ဂျာ (၄) ဦးကို [...] အပြည့်အစုံသို့ »

ဘူးသီးတောင် သိမ်တောင်ပြင် ကျေးရွာတာဝန်ခံက နေအိမ်ပြုပြင်ခွင့်အတွက် အာဏာပိုင်များကို ပေးရန်ဟုဆိုကာ ငွေညှစ်ပြီး ခွင့်ပြုခဲ့သော်လည်း ပိုင်ရှင်များထံမှ အာဏာပိုင်များက ထပ်မံ၍ ငွေညှစ်

ကျော်စိုး Rohingya Today 5.12.2018 ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ သိမ်တောင်ပြင်ကျေးရွာတာဝန်ခံက နေအိမ်ပြုပြင်ခွင့်အတွက် အာဏာပိုင်များကို ပေးရန်ဟုဆိုကာ ငွေညှစ်ပြီး ခွင့်ပြုခဲ့သော်လည်း ယခုအခါ ပိုင်ရှင်များထံမှ အာဏာပိုင်များက ထပ်မံငွေညှစ်ခဲ့သည်။ နိုဝင်ဘာလ (၂) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်၊ သိမ်တောင်ပြင်ကျေးရွာအုပ်စု၊ သိမ်တောင်ပြင်မွတ်စလင်ရွာမှ ဦးဖဇာလ်ကရီးမ် (ဘ) ဦးဂူလာမ်ကာဒဲရ် (အသက် ၄၀ နှစ်) သည် ၎င်း၏ အိမ်ပြုပြင်ရန် ရှိသည်ကို ကျေးရွာတာဝန်ခံ ဦးရရှီးဒ် (ဘ) ဦးဟဆာန် (အသက် ၃၆ နှစ်) ထံ အကြောင်းကြားရာ ဦးရရှီးဒ်က ၎င်းကိုယ်တိုင် သက်ဆိုင်ရာ ဌာနပေါင်းစုံမှ ခွင့်ပြုချက် ယူလာပေးမည်ဟု ပြော၍ ဦးဖဇာလ်ကရီးမ်ထံမှ ငွေကျပ် နှစ်သိန်း ယူပြီးနောက် နှုတ်ဖြင့် အိမ်ပြုပြင်ခွင့် ပေးလိုက်သဖြင့် အိမ်ပြုပြင်ပြီးစီးသည့် [...] အပြည့်အစုံသို့ »

ဘူးသီးတောင် သိမ်တောင်ပြင် ကျေးရွာတာဝန်ခံက နေအိမ်များ ပြုပြင်မွမ်းမံရန် အာဏာပိုင်များထံမှ ခွင့်ပြုမိန့်ယူလာပေးမည်ဟု ဆိုကာ ရွာသားများထံမှ ငွေညှစ်

အောင်မင်း Rohingya Today 2.11.2018 ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် သိမ်တောင်ပြင်ကျေးရွာအုပ်စုတွင် ကျေးရွာတာဝန်ခံက နေအိမ်များ ပြုပြင်မွမ်းမံရန် အာဏာပိုင်များထံမှ ခွင့်ပြုမိန့် ယူလာပေးမည်ဟု ဆိုကာ ရွာသားများထံမှ ငွေညှစ်ခဲ့သည်။  ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ သိမ်တောင်ပြင်ကျေးရွာအုပ်စု၊ ကျေးရွာတာဝန်ခံ ဦးရရှီးဒ် (ဘ) ဦးဟာဆန်း (အသက် ၃၆ နှစ်) သည် သိမ်တောင်ပြင် မွတ်စလင်ရွာရှိ လူနေအိမ်များ ပြုပြင်မွမ်းမံနိုင်ရန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စသည့် သက်ဆိုင်ရာ အာဏာပိုင်များထံမှ ခွင့်ပြုမိန့် ယူလာပေးမည်၊ အာဏာပိုင်များကို ပေးရန် ငွေလိုအပ်သည်ဟု ဆိုကာ အာနိုဝါရ် (ဘ) ဦးအာနူမျာ (အသက် ၂၁ နှစ်) ထံမှ ငွေကျပ် နှစ်သိန်းနှင့် ဦးအာနူမျာ (ဘ) ဦးဂနူမျာ (အသက် [...] အပြည့်အစုံသို့ »

Pages 22« 123456789 »
Rohingya Exodus