နောက်ဆုံးသတင်း/ဆောင်းပါးများ



နေ့စွဲ၊ ၂၀၁၆ ခု ဂျူလိုင် ၂ ရက်

မဘသ အား အကြမ်းဖက် အဖွဲ့ အဖြစ် သတ်မှတ်ခြင်း

၉၆၉ မှ အသွင်ပြောင်းလာသော မဘသ အဖွဲ့၏ အခြား ဘာသာဝင်များ အပေါ် အကြမ်းဖက် တိုက်ခိုက်မှု၊ အပြစ်ရှာ စော်ကားမှု၊ တိုင်းပြည်တွင်း မငြိမ်မသက်စေရန် လှုံ့ဆော်မှုတို့ စသည့် ဖြစ်စဉ်များမှာ နှစ်ရှည်လာခဲ့ပြီ ဖြစ်သည်။

ကမ္ဘာ့ အသိုင်းအ၀ိုင်း ရှေ့မှောက် ဖုံးကွယ်မရနိုင်သော ရာဇ၀တ်မှုကြီးများမှာလည်း မြောက်များစွာ ဖြစ်ခဲ့ပြီ ဖြစ်သည့် အပြင် အစ္စလာမ်ဘာသာဝင်များ၊ ခရစ်ယာန်ဘာသာဝင်များနှင့် လူနည်းစုတို့ အပေါ် တစ်ဘက်သပ် အနိုင်ကျင့်မှုတို့အား ရပ်တန်းမှ မရပ်သေးသည့် အတွက်- အဆိုပါ မဘသ အဖွဲ့အား ကျွန်ုပ်တို့ Civil Rights Movement မှ အကြမ်းဖက် (Terrorist) အဖွဲ့ အဖြစ် သတ်မှတ်လိုက်သည်။

ကမ္ဘာ့ အကြမ်းဖက် နှိမ်နှင်းရေး အဖွဲ့အစည်းများဖြင့် ချိတ်ဆက်လျှက် အဆိုပါ မဘသ အဖွဲ့အား ကမ္ဘာ့ အသိအမှတ်ပြု Terrorist အကြမ်းဖက် အဖွဲ့အစည်းများ စာရင်းတွင် အလျှင်အမြန် ထည့်သွင်းနိုင်ရန် ကြိုးစားသွားမည် ဖြစ်ပြီး၊ မဘသ အား ကူညီသူ ထောက်ပံ့သူ အဖွဲ့အစည်းများ လူပုဂ္ဂိုလ်များအား Terrorist Sponsor များ အဖြစ် သတ်မှတ် ဒဏ်ခတ်နိုင်ရန် ကြိုးစားသွားမည် ဖြစ်သည်။



ရဲဇော် (ရှိုက်ခ်မိုဟာမ္မဒ်)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ (မြန်မာပြည်)
Civil Rights Movement

Ms Yanghee Lee ရဲ့ ၁၂ ရက်ကြာ မြန်မာပြည် ခရီးစဉ် အပြီး ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲ

မသိင်္ဂီလင်း
2.7.2016

မြန်မာ့ အစိုးရသစ်ရဲ့ ဦးဆောင်မှုနဲ့ စစ်အစိုးရ လက်ထက်မှာ အဆက်ဆက် တည်ဆောက်ခဲ့တဲ့ ဗျူရိုကရေစီ ယန္တယားကြား အားပြိုင်မှုတွေရှိနေတာကြောင့် အတွေးအခေါ် ပြောင်းလဲမှုတွေပါ အချိန်ယူပြီး ပြောင်းလဲဖို့ လိုအပ်နေတယ် လို့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms Yanghee Lee က ပြောဆို လိုက်ပါတယ်။ ရခိုင်ပြည်နယ် မှာဖြစ်ပွားနေ တဲ့ နိုင်ငံသား စိစစ်ရေးနဲ့ ပတ်သက်လို့ အစိုးရ အနေနဲ့ ဒေသခံတွေ နဲ့ သေချာဆွေးနွေး သင့်ကြောင်း ထောက်ပြ ပြောဆိုလိုက်ပါတယ်။ Ms Yanghee Lee ရဲ့ ၁၂ ရက်ကြာ မြန်မာပြည် ခရီးစဉ် အပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင် သွားရောက် သတင်းယူခဲ့တဲ့ VOA သတင်းထောက် မသိင်္ဂီလင်း က ပြောပြပေးပါ့မယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေ ကို လေ့လာဖို့ ရောက်ရှိနေ တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Ms Yanghee Lee ရဲ့ ခရီးစဉ်ဟာ ဒီနေ့မှာပဲ ပြီးဆုံးပြီဖြစ်ပါတယ်။ သူ့ရဲ့ ခရီးစဉ်အတွင်း ဥပဒေပြုလွှတ်တော်ကို သွားရောက်လေ့လာတဲ့အခါ မြန်မာ့အစိုးရသစ်ရဲ့ ဦးဆောင်မှုနဲ့ စစ်အစိုးရ လက်ထက် အဆက်ဆက်တည်ဆောက်ခဲ့တဲ့ ဗျူရိုကရေစီ ယန္တယား ကြား အားပြိုင်မှုတွေ ကို တွေ့ရှိခဲ့တာကြောင့် အတွေးအခေါ်ပိုင်း ဆိုင်ရာပြောင်းလဲမှုတွေ လိုအပ်နေတယ်လို့ Ms Yanghee lee က အခုလို ပြောဆိုလိုက်ပါတယ်။

"အရပ်သားအစိုးရ ဦးဆောင်မှုနဲ့ စစ်အစိုးရလက်ထက် အရိုးစွဲလာတဲ့ ဗျူရိုကရေစီယန္တယားကြား ပြင်းထန်တဲ့ အားပြိုင်မှုတွေရဲ့ ရလဒ်အဖြစ် မူဝါဒနဲ့ ချဉ်းကပ်နည်းတွေ ဒွန်တွဲနေတာကို တွေ့ရပါတယ်။ ဒါ့အပြင် ဒီမိုကရေစီစနစ်နဲ့ လူ့အခွင့်အရေးအခြေအနေတွေကို ဟန့်တားထားတဲ့ မူဘောင်ထဲမှာ ဒီမိုကရေစီနည်းကျကျ အုပ်ချုပ်နိုင်ဖို့ စိန်ခေါ်မှုတွေရှိနေတာကိုလည်း တွေ့ရပါတယ်။ ဒီ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့အတွက်ကတော့ အပြုအမူနဲ့ အတွေးအခေါ်ပိုင်း ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လိုအပ်ပါတယ်။ ဒီပြောင်းလဲမှုအတွက် အချိန်ယူရမယ်ဆိုပေမယ့် ဦးစားပေးဖို့ အရေးကြီးပါတယ်။"

Ms Yanghee Lee ဟာ အုပ်ချုပ်ရေးကဏ္ဍနဲ့ ပတ်သက်လို့ ဝန်ကြီးဌာနတွေရဲ့ ရက် ၁၀၀ စီမံချက်တွေကိုလည်း သွားရောက်လေ့လာခဲ့တာပါ။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူအင်အားဝန်ကြီးဌာနရဲ့ ရက် ၁၀၀ စီမံချက်ဖြစ်တဲ့ ရခိုင်ပြည်နယ်တွင်း နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်လို့ ကြိုတင်အကြောင်းကြားမှုမရှိတာကို ဒေသခံတွေဆီကနေ ပြန်ကြားရတာကြောင့် အစိုးရအနေနဲ့ လုပ်ငန်းစဉ် မစတင်မီ ဒေသခံတွေနဲ့ သေချာဆွေးနွေးသင့်တယ်လို့ Ms Yanghee Lee က အခုလို ထောက်ပြပြောဆိုလိုက်ပါတယ်။

"ကျမ ရခိုင်ပြည်နယ်ကို သွားတဲ့အခါမှာ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်အတွက် ကြိုတင်အကြောင်းကြားမှုမရှိဘူးလို့ တင်ပြကြပါတယ်။ ရခိုင်ပြည်နယ်တစ်ခုလုံးမှာ ဒီလုပ်ငန်းစဉ်လုပ်မယ်ဆိုရင် စိစစ်ခံရမယ့် လူ့အဖွဲ့အစည်းတွေ နဲ့ သေချာဆွေးနွေးထားဖို့ လိုအပ်ပါတယ်။ စိစစ်ခံရမယ့်သူတွေအနေနဲ့ ဘယ်တော့ စိစစ်ခံရမယ်၊ ဘယ်တော့ ရလဒ်ကို ပြန်သိရမယ် စသဖြင့် တိကျတဲ့အချိန်သတ် မှတ်ချက်ထားရှိဖို့ လိုအပ်ပါတယ်။"

တဆက်တည်းမှာပဲ မြန်မာအစိုးရဘက်က ရခိုင်ပြည်နယ်အတွင်း လူ့အသိုင်းအဝိုင်း ၂ ခုကြား ပြသနာတွေ ပိုပြီး မရှုပ်ထွေးလာအောင် “ရခိုင်ပြည်နယ်က မူဆလင် အသိုင်းအဝိုင်း”လို့ ပြောင်းလဲ ခေါ်ဝေါ်ဖို့ ကုလသမဂကို တိုက်တွန်းထားပေမယ့် Ms Yanghee Lee ကတော့ နိုင်ငံတကာ လူ့အခွင့်အရေးကာကွယ်သူတစ်ယောက်အနေနရဲ့ သူ့ရဲ့သဘောထားနဲ့ အခေါ်အဝေါ်ကို ပြောင်းလဲမှာမဟုတ်ဘူးလို့လည်း ပြောပါတယ်။

ဒါ့အပြင် အစိုးရ တာဝန်ရှိသူတွေအနေနဲ့ အမုန်းစကားပြန့်ပွားရေးနဲ့ ဘာသာရေးအသွင်ဆောင်တဲ့ ပဋိပကတွေကို ထိထိရောက်ရောက် အရေးယူဖို့ လိုအပ်နေတယ်လို့လည်း Ms Yanghee Lee က ပြောပါတယ်။ လတ်တလောဖြစ်ပွားခဲ့တဲ့ သူရဲသမိန်ကျေးရွာက ပဋိပက္ခနဲ့ပတ်သက်လို့ အစိုးရရဲ့ လုပ်ဆောင်ချက်ဟာ မှားယွင်းတယ်လို့ အခုလို ပြောပါတယ်။

"အစိုးရအနေနဲ့ ဖြစ်ရပ်ကို သေချာစုံစမ်းစစ်ဆေးပြီး ပြစ်မှုကျူးလွန်သူကို အမြန်အရေးယူဖို့ အရေးကြီးပါတယ်။ အစိုးရအနေနဲ့ ဗုဒဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေကြား အခြေအနေပိုဆိုးလာမှာ စိုးရိမ်လို့ အရေးမယူတာဟာ မှားယွင်းတဲ့လုပ်ဆောင်ချက်ပဲ ဖြစ်ပါတယ်။ အစိုးရအနေနဲ့ အပြစ်ကျူးလွန်တဲ့ မည်သူကိုမဆို တရားဥပဒေနဲ့ အညီအရေးယခြင်းအားဖြင့် လူနည်းစု လူမျိုးနဲ့ဘာသာဝင်တွေအပေါ် အကြမ်းဖက်မှုတွေ မရှိအောင် ဆောင်ရွက်ရပါမယ်။"

တချိန်တည်းမှာပဲ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက စစ်ဘေးရှောင်ဒုက္ခသည်တွေရဲ့ အခြေအနေဟာ တိုးတက်မှုမရှိလာသလို၊ တပ်မတော်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာလည်း ရှိမြဲပဲဖြစ်တယ်လို့ Ms Yanghee Lee က ပြောပါတယ်။ စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု အပါအဝင် လိုအပ်ချက်တွေ အများကြီးရှိနေသေး တာကြောင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ အားလုံးပါဝင်တဲ့ ၂၁ ရာစုပင်လုံညီလာခံ ကျင်းပတဲ့အခါ နိုင်ငံရေးအရတင်မကဘဲ လူ့အခွင့်အရေးဆိုင်ရာ အကျိုးသက်ရောက်မှုတွေလည်း ရှိဖို့လိုအပ်တယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် စီမံကိန်းကြီးတွေဆောင်ရွက်ရာ မှာလည်း ဒေသခံပြည်သူတွေရဲ့ အသံကို နားထောင်ဖို့လည်း Ms Yanghee Lee က အကြံပြုပါတယ်။

Ms Yanghee Lee ရဲ့ခရီးစဉ်ဟာ လေးကြိမ်မြောက် မြန်မာနိုင်ငံခရီးဖြစ်ပြီး NLD အစိုးရသစ်လက်ထက်မှာ ပထမဦးဆုံးအကြိမ်ရောက်လာတာလည်းဖြစ်ပါတယ်။ ဒီခရီးစဉ်မှာ တွေ့ရှိခဲ့တဲ့ မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးအခြေအနေတွေကို စက်တင်ဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ အစီရင်ခံစာတင်သွင်းသွားမှာဖြစ်ပါတယ်။



1.7.2016

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းရွာရှိ မွတ်စလင် ဝတ်ပြုဆောင် တခုကို အမည်မသိ လူအုပ်စု တခုက ယနေ့ နေ့လည် ၃ နာရီခွဲခန့်က ဖျက်ဆီး မီးရှို့သွားကြောင်း မိုးညှင်း ခရိုင် ရဲတပ်ဖွဲ့ထံက သိရသည်။
လတ်တလောတွင် ဝတ်ပြုဆောင်ကို မီးရှို့သူများ မည်သူမည်ဝါဖြစ်သည်ကို စုံစမ်းနေဆဲ ဖြစ်ကြောင်း၊ အခြေအနေကို ထိန်းသိမ်းနေကြောင်း သိရသည်။

“ဖြစ်စဉ် အတိအကျကိုတော့ ကျနော်တို့ မသိရသေးဘူး။ အခုတော့ ပြည်နယ်ရော ခရိုင်ကရဲတပ်ဖွဲ့တွေပါ လုံးခင်းအထိ ဆင်းသွားပြီ။ ရွာမှာလည်း လုံခြုံရေးအပြည့်အဝ ယူထားတယ်။ အင်အားတွေလည်း ထပ်တိုးပြီး ချထားမယ်။ ဖြစ်စဉ် အသေးစိတ်ကြေးနန်းကတော့ တက်မလာသေးလို့ မသိရသေးဘူး”ဟု မိုးညှင်းခရိုင်ရဲတပ်ဖွဲ့မှ တာဝန်ကျ ရဲအရာရှိက ဧရာဝတီသို့ အတည်ပြုပြောကြားသည်။

အဆိုပါ ဝတ်ပြုဆောင်ကို ဇွန် ၃၀ ရက်နေ့တွင် ဒေသခံများအပါအဝင် လူအချို့က အပြီးသတ်ဖျက်သိမ်းရန် ပြောဆိုထားသော်လည်း မဖျက်သည့်အတွက် အမည်မသိ လူအုပ်စု တစုက လာရောက် မီးရှို့သွားကြောင်း၊ ဖြစ်စဉ်တွင် လူထိခိုက်မှု မရှိကြောင်း သိရသည်။

“ဖြစ်တာက အဲဒီဗလီနားမှာ တံတားတစင်းဆောက်ခဲ့တယ်။ ဆောက်တော့ ဂိုဒေါင်တလုံးကို ဆောက်တဲ့သူတွေက ဒီအတိုင်းထားသွားတယ်။ အဲဒါကို လူတချို့က ဗလီဆရာကို ဖျက်ခိုင်းတော့ ဂိုဒေါင်ကို ဖျက်ပေးတယ်။ ဒါပေမယ့် ဗလီကိုပါ ထပ်ဖျက်ခိုင်းတော့ ဗလီဆရာက လက်မခံဘူး။ အစိုးရလာဖျက်ရင် လက်ခံတယ်။ တခြားသူဖျက်တာ လက်မခံဘူးလို့ ပြောတာ” ဟုလုံးခင်းဒေသခံ တဦးက ပြောသည်။

အဆိုပါ ဝတ်ပြုဆောင်ကို ဇွန် ၃၀ ရက်တွင် အပြီးသတ် ဖျက်သိမ်းပေးရန် ဒေသခံ မဘသ အဖွဲ့ဝင်များက ဇွန် ၂၀ ရက်ကတည်းက စာဖြင့် ထုတ်ပြန်သတိပေးခဲ့ကြောင်း တူရကီအစိုးရ Anadolu Agency သတင်းမှ ဖော်ပြချက်အရ သိရသည်။

(ဧရာဝတီသတင်းထောက် မေစစ်ပိုင်နှင့် ဇာနည်မာန် ပူးပေါင်းရေးသားသည်)

ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် မြန်မာနိုင်ငံ တွေ့ရှိချက် ရှင်းလင်း။ (ဇူလိုင် ၁-၂၀၁၆)

1.7.2016

မြန်မာနိုင်ငံမှာ အရပ်သား အစိုးရသစ် နဲ့ အရင် အစိုးရ အဆက်ဆက်ဆီကနေ အမွေ ခံယူခဲ့ရတဲ့ ဗျူရိုကရေစီယန္တယားကြားမှာ တကယ့်ကို တင်းမာမှု ရှိနေပြီးတော့ အဲ့ဒီ့ အခြေအနေကြောင့် မူဝါဒပိုင်းနဲ့ ချဉ်းကပ်မှုပိုင်းမှာ မကြာခဏဆိုသလို နှစ်မျိုး ကွဲပြားနေတာ လေ့လာ တွေ့ရှိခဲ့ရတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ ဆိုင်ရာ ကုလ အထူး စုံစမ်း စစ်ဆေးရေးမှူး Ms Yanghee Lee ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒီမိုကရေစီနည်းကျ လုပ်နည်းလုပ်ဟန်တွေ၊ လူ့အခွင့်အရေး လေးစား လိုက်နာမှုကို ဟန့်တား ဖြစ်စေတဲ့ အဖွဲ့အစည်း ဘောင်ထဲကနေ ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေး ကောင်းမွန်စေဖို့ ကြိုးစားတာမှာ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေကိုလည်း သူလေ့လာတွေ့ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

သက်တမ်းနုလှသေးတဲ့ အစိုးရသစ်လက်ထက် တိုင်းပြည်မှာ အလားအလာ ကောင်းတွေ အများကြီးရှိနေပြီး လူတွေရဲ့ အကောင်းမြင်မျှော်လင့်ချက်တွေ ဘယ်တုန်းကနဲ့မှ မတူအောင် မြင့်မားနေတာကို အသိအမှတ်ပြုတဲ့ တချိန်တည်းမှာပဲ လူ့အခွင့်အရေး အခြေအနေ ပိုပြီးတော့ တိုးတက်ကောင်းမွန်လာဖို့ လုပ်စရာတွေ အများကြီး ရှိနေသေးတာကိုလည်း Ms Yanghee Lee က ထောက်ပြထားပါတယ်။

Ms Yanghee Lee ဟာ ၁၂ရက်ကြာ မြန်မာနိုင်ငံခရီးစဉ် အဆုံးသတ် ဒီကနေ့မှာပဲ သူရဲ့ ကနဦး လေ့လာတွေ့ရှိချက်ကို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။



MYARF
RB News
30.6.2016

မောင်တော ။ ။ ရခိုင်​ပြည်​နယ်​၊ ​မောင်​​တောမြို့နယ်​၊ မြောက်ပိုင်း လောင်းဒုံ ကျေးရွာအုပ်စုတွင် WFP (ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်) ၏ Field Data Collector (နယ်ဆင်း အချက်အလက် စုဆောင်းမှုဆိုင်ရာ တာဝန်ခံ) သစ်၏ ဘက်လိုက်မှု၊ ခြစားမှုကြောင့် ခိုကိုးရာမဲ့ ရိုဟင်ဂျာ မုဆိုးမ (၃၀) ဦးသည် WFP ၏ စားနပ်ရိက္ခာ အစီအစဉ် အကျိုးခံစားခွင့် ရရှိသူများ စာရင်းမှ ပယ်ဖျက်ခံခဲ့ရကြောင်း သတင်း ရရှိပါသည်။

WFP မောင်တော ရုံးခွဲမှ Field Data Collector တစ်ဦး ဖြစ်သူ မောင်တော မြို့နယ် ငန့်ချောင်း ကျေးရွာမှ အေဆာန် (ခ) ဆူဖိုဒ် (ဘ) ဦးမာမတ်ရှော်ဖီ ဆိုသူသည် ဇွန်လ (၂၄) ရက်နေ့တွင် လောင်းဒုံ ကျေးရွာအုပ်စု စေတီပြင် တောင်ရွာသို့ သွားရောက်၍ ယင်းရွာမှ မုဆိုးမ (၂၆) ဦးကို လည်းကောင်း၊ ဇွန်လ (၂၈) ရက်နေ့တွင် ယင်းကျေးရွာအုပ်စု ဆင်သေပြင်ရွာ သို့သွားရောက်၍ မုဆိုးမ (၄) ဦးကိုလည်းကောင်း beneficiary စာရင်းမှ ပယ်ဖျက်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

စာရင်းမှ ပယ်ဖျက်ခံရသူ မုဆိုးမ (၃၀) ဦးသည် ယခင်က WFP ၏ လစဉ် ဆန်ဖြန့်ဝေမှု အစီအစဉ်များမှ စဉ်ဆက် မပြတ် အကျိုးခံစားခွင့် ရရှိသူများ ဖြစ်ကြပြီး ထိုသို့ အကျိုးခံစားခွင့် ရရှိရန် လိုအပ်သည့် အရည်အချင်း များနှင့်လည်း ပြည့်စုံသူများ ဖြစ်ကြသည်။ ထိုသို့ စာရင်းမှ ပယ်ဖျက်ရခြင်းမှ စာရင်းကောက်သည့် တာဝန်ခံက စာရင်းကောက်နေစဉ် တစ်ဦးလျှင် ငွေကျပ် နှစ်သောင်းစီ လာဘ်ငွေ တောင်းခံခဲ့ပြီး ကာယကံရှင်များက မပေးသောကြောင့် စကားများခဲ့ရသည်ဟု ဒေသခံလူကြီး တစ်ဦးက ပြောပါသည်။

ထို့ကြောင့် သက်ဆိုင်ရာ WFP မောင်တော ရုံးခွဲမှ တာဝန်ရှိသူများ အနေဖြင့် အမှန်တကယ် အကျိုးခံစားခွင့် ရသင့်သည့် လောင်းဒုံမှ ခိုကိုးရာမဲ့ ရိုဟင်ဂျာ မုဆိုးမများ မတရားသဖြင့် အပယ်ခံနေရသည်ကို ပြန်လည် သုံးသပ်ပြီး တာဝန်ကျ ၀န်ထမ်း၏ ခြစားမှုနှင့် မတရား အနိုင်ကျင့်မှုကြောင့် ရာချီသော ဆင်းရဲသားများ ဒုက္ခရောက်နေခြင်းမှ ကာကွယ်ပေးရန် ပန်ကြားလိုကြောင်း အဆိုပါ ဒေသခံ လူကြီးက ဆက်လက် ပြောပါသည်။

ဆင်သေပြင်မှ ပယ်ခံရသူများ

(၁) ဦးနူရ်အစ္စလာမ် (ဘ) ဦးဇော်ကိရ်အာမတ် ၏ မိသားစု (၈) ဦး
(၂) ဒေါ်မောန်တာစ်ဘေဂမ် (ဘ) ဦးဇော်ကိရ်အာမတ် မိသားစုဝင် (၄) ဦး
(၃) ဦးမာမတ်ဆော်လိမ် (ဘ) ဦးအဒူရှကူရ်၏ မိသားစုဝင် (၆) ဦး
(၄) ဒေါ်အာရော်ဖာဘီဘီ (ဘ) ဦးဟာဘီအူလ္လာ မိသားစုဝင် (၅) ဦး
(၅) ဒေါ်မိုဆေနာ (ဘ) ဦးဟာဘီအူလ္လာ မိသားစုဝင် (၅) ဦး
(၆) ဦးဖော်ရီဇူလ္လာ (ဘ) ဦးလာလူး၏ မိသားစုဝင် (၆) ဦး
(၇) ဦးမာမတ်အလီ (ဘ) ဦးအဒူအလီ၏ မိသားစုဝင် (၁၀) ဦး
(၈) ဒေါ်ရူကီယာ (ဘ) ဦးအာဘူအာမတ် မိသားစုဝင် (၉) ဦး
(၉) ဒေါ်ဟာမီဒါဘီဘီ (ဘ) ဦးမာမတ်ဟူဆောင်း မိသားစုဝင် (၇) ဦး
(၁၀) ဦးဘော်ရှိတ်အာမတ် (ဘ) ဦးနူရ်လာမီးန်၏ မိသားစုဝင် (၄) ဦး
(၁၁) ဒေါ်မုစ်တာဖာခါတူ (ဘ) ဦးဆုလ်တာန်အာမတ် မိသားစုဝင် (၅) ဦး
(၁၂) ဦးနော်ဇိရ်အာမတ် (ဘ) ဦးအီမာန်ရှော်ရီဖ်၏ မိသားစုဝင် (၈) ဦး
(၁၃) ဒေါ်နူရ်ဘော်ရ် (ဘ) ဦးဆုလ်တာန်အာမတ် မိသားစုဝင် (၉) ဦး
(၁၄) ဒေါ်ဟာမီဒါဘီဘီ (ဘ) ဦးဆော်ဒီရာမန် မိသားစုဝင် (၆) ဦး -- တို့ဖြစ်ကြပြီး

စေတီပြင်ရွာမှ အပယ်ခံရသူ များမှာ --

(၁) ဦးရှုနာမိရ် (ဘ) ဦးဟာဘီရာမန်၏ မိသားစုဝင် (၃) ဦး
(၂) ဦးအဒူဇော်ဘော်ရ် (ဘ) ဦးအဒူမာဘုတ်၏ မိသားစုဝင် (၁၀) ဦး
(၃) ဒေါ်နူရ်ဇာန် (ဘ) ဦးအဒူရှကူရ် မိသားစုဝင် (၄) ဦး
(၄) ဒေါ်မီနာဘေဂမ် (ဘ) ဦးဂူရာမျာ -- တို့ဖြစ်ကြသည်။



MYARF
RB News
30.6.2016

မောင်တော ။ ။ ရခိုင်​ပြည်​နယ်​၊ ​မောင်​​တောမြို့နယ်​၊​ ကျောက်​ပြင်​ဆိပ်​ ​ကျေးရွာအုပ်​စုရှိ အ​ခြေခံပညာ မူလတန်း​ကျောင်းတွင်​ ​ကျောင်းအုပ်​ ဆရာမကြီးဖြစ်​သူ ဒေါ်ချစ်​ငြိမ်းစိုးသည်​ ​ကျောင်းသားများ အတွက်​ နိုင်​ငံ​တော်​မှ အခမဲ့ဖြန့်​​ဝေရန် ​ထုတ်​​ပေးထား​သော ​ပုံနှိပ်​စာအုပ်​၊ ဗလာစာအုပ်​၊​ စာ​ရေးကိရိယာ၊​ ကျောင်းဝတ်​စုံ၊ လွယ်​အိတ်​များနှင့်​ ကျောင်း​အသုံး​အဆောင်​ပစ္စည်းများကို ​ကျောင်းသားများကို မ​ပေးဘဲ အပြင်​တွင်​ ​​ရောင်းစား​နေ​ကြောင်း သတင်း ရရှိပါသည်။

“သူငယ်တန်း၊ ပထမတန်းနဲ့ ဒုတိယတန်း ကျောင်းသား တွေအတွက် ပုံနှိပ်စာအုပ် တစ်အုပ်နှစ်အုပ်လောက်သာ ပေးပြီး ကျန်တာတွေကို အကုန်ရောင်းလိုက်တာ၊ တတိယတန်းနဲ့ စတုတ္တတန်းကို ကျတော့ ပုံနှိပ်စာအုပ် တစ်အုပ်တောင်မှ မပေးဘူး။ အခြားပစ္စည်းတွေလည်း မပေးဘူး” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

နိုင်ငံသူနိုင်ငံသားတိုင်း မူလတန်း ပညာမသင်မနေရ စီမံကိန်းသစ်နှင့် အညီ ကလေးတိုင်း ကျောင်းနေပျော်ရေးနှင့် ကျောင်းတက်ရေး လွယ်ကူချောမွေ့စေရေး အတွက် ယခု ၂၀၁၆ - ၂၀၁၇ ပညာသင်နှစ်မှ စ၍ မူလတန်း အလယ်တန်း အဆင့် ကျောင်းသား ကျောင်းသူတိုင်း အတွက် တနိုင်ငံလုံး အတိုင်းအတာဖြင့် အခမဲ့ ဖြန့်ဝေလျက် ရှိသော ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ကျောင်းဝတ်စုံ စသည့် ကျောင်းအသုံးအဆောင် ပစ္စည်းများကို နိုင်ငံတော် အစိုးရမှ ထောက်ပံ့နေသော်လည်း ကျောင်းအုပ်ဆရာမကြီးက အပြင်သို့ ရောင်းချလျက် ရှိသောကြောင့် ကျောင်းသား/သူများ နစ်နာလျက် ရှိသည်။

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ သူရဲသူမိန် ကျေးရွာ ရဲစခန်းအတွင်းသို့ တိမ်းရှောင် လာသော မွတ်စလင် ဒေသခံ တချို့ကို ဇွန်လ ၂၄ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ- သော်ဟိန်းထက် / ဧရာဝတီ)

လ၀ီဝမ်
ဧရာဝတီ
30.6.2016

ကျနော်တို့ နိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမူတွေ ရှိနေပါပြီ။ ဒါပေမယ့် တရားဥပဒေ စိုးမိုးမှု ကတော့ ယနေ့အထိ ထိထိရောက်ရောက် အရေးယူ ပေးနိုင်တာ မတွေ့ရသေးပါဘူး။ ဘယ်သူမှ ဥပဒေ အထက်မှာ မရှိစေရဆိုတဲ့ မူဝါဒကို ကျနော်တို့ ကျင့်သုံးနိုင်အောင် ကြိုးစားရပါဦးမယ်။

ဒီမိုကရေစီစနစ်လို့ ပြောရင် မည်သူမဆို ပြစ်မှုတစုံတရာ ကျူးလွန်ရင်၊ လူ့အခွင့်အရေးချိုးဖောက်ရင် အပြစ်ပေး အရေးယူရမယ်။ မည်သူမဆို တန်းတူညီမှု အခွင့်အရေး ရဖို့လည်း လိုပါတယ်။ ဒါမှဟုတ်ရင်တော့ ဥပဒေက စာရွက်ပေါ်မှာပဲ ရှိနေပါ လိမ့်မယ်။ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ သူရဲသမိန်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကိုပဲကြည့်ပါ။

မြန်မာ့လူ့အခွင့်အရေး ကော်မရှင်ကတော့ အခင်းဖြစ်ပွားရာ သူရဲသမိန်ရွာကို ဇွန်လ ၂၈ ရက်က သွားရောက်လေ့လာတာ တွေတော့ တွေ့ရပါတယ်။ အခင်းဖြစ်ပွားပြီး ၆ ရက်မြောက်နေ့မှ သွားရောက် လေ့လာခြင်း ဖြစ်ပါတယ်။ ဒီမတိုင်ခင်ကတော့ မွတ်ဆလင်ရွာသား တွေဘက်က ရွာသား ၂၀၀ လောက် လုံခြုံမူမရှိလို့ ဆိုပြီး ရွာကနေ ထွက်သွားပါတယ်။

လုံခြုံမူမရှိတဲ့ အကြောင်းရင်းကတော့ ရှင်းပါတယ်။ ရဲက မွတ်ဆလင်တွေရဲ့ ပိုင်ဆိုင်မှုနဲ့ အသက်အိုးအိမ်တွေကို အကာအကွယ် မပေးနိုင်ခဲ့လို့ပါ။ အမူထဲမှာ ပါဝင်နေတဲ့သူတွေ ယနေ့အထိ ဘာမှ အရေးယူ ပေးတာမရှိဘူး။ ကျနော်တို့ ဧရာဝတီသတင်းအဖွဲ့က အခင်းဖြစ်ပွားပြီး တနေ့မှာပဲ အဲဒီရွာကို ရောက်သွားတယ်။

အဲဒီလူတွေ မနက်ကပဲ နေအိမ်ကို ပြန်သွားတယ်။ အခြေအနေက တည်ငြိမ်နေပြီလို့ ရဲက ပြောတဲ့ အတွက်ကြောင့်လို့ သိရပါတယ်။

ကျနော်တို့ ရောက်နေတုန်းမှာ အခြေအနေက အထိတ်တလန့်နဲ့ ရှိနေတုန်းပါ။ လူအုပ်စုတစုက ရဲစခန်းရဲ့မျက်နာချင်းဆိုင် စစ်တောင်းမြစ်ရဲ့အခြားတဖက်ကမ်းမှာ တုတ်ချောင်းတွေနဲ့ ကျနော်တို့ရှိရာဘက်လာပြီး အကြမ်းဖက်ဖို့ ခြိမ်ခြောက်နေသေးတယ်။ စက်လှေ ၂ စီးနဲ့ မောင်းလာပါတယ်။ ဒါပေမယ့် မြစ်ရဲ့အလယ်တဝက်ရောက်တော့ ရဲစခန်းဘက်ကို မလာဘဲနဲ့ အခြားအရပ်မျက်နာ တဖက်ကမ်းကို မောင်းထွက်သွားတယ်။

အဲဒီလူအုပ်စု အော်ဟစ်မှုကြောင့် ကျနော်တို့ရှေ့မှာ မွတ်ဆလင်မိသားစု အယောက် ၂၀ ကျော် သူတို့အိမ်ကနေ အဝတ်ထုတ်တွေနဲ့ ရဲစခန်းထဲ ပြေးဝင်သွားတယ်။ ပြေးလာတဲ့သူတွေအထဲမှာ ကလေးငယ်တွေလည်းပါတယ်။ ပြီးတော့ အမျိုးသမီးလူကြီးပိုင်းတွေလည်း ပါတယ်။ တချို့က ကြောက်လန့်လို့ ငိုနေတာလည်း ရှိပါတယ်။

ဒါကို ကျနော်တို့နဲ့အတူ ထိုင်နေတဲ့ ရဲတွေအားလုံးလည်း မြင်နေကြပါတယ်။ ပြီးတော့ အဲဒီ အော်ဟစ်သွားတဲ့လူတွေ ဘယ်သူ ဘယ်ကလဲ ဆိုတာ ရဲက သိပါတယ်။ ဒါပေမယ့် ဖမ်းဆီး အရေးယူခြင်း မရှိပါဘူး။ အဲဒီလို ခဏခဏ ခြိမ်း ခြောက်ခံနေရတော့ ထွက်ပြေးကြတော့တာပါပဲ။

ဘာကြောင့် ဘယ်သူတဦးတယောက်ကို အရေးမယူရတာလဲလို့ တာဝန်ခံတယောက်ဖြစ်တဲ့ ရဲမှူးအုန်းလွင်ကို ဧရာဝတီက မေးခဲ့ပါတယ်။

သူပြောပြတာက နှစ်ဦးနှစ်ဖက်ကို ကျေအေးလိုက်တာပဲ ကောင်းတယ်။ အဲဒီအတွက် ဖမ်းဆီးအရေးယူတာတော့ ရဲက မလုပ်ဘူး။ ကျေအေးတဲ့ကိစ္စပဲ ရဲက လုပ်ပေးလိုက်ကြောင်း ပြောပြတယ်။ သူထပ်ပြီး ပြောသွားတာက အမူခင်းထဲမှာ ပါဝင်တဲ့ရွာသားတွေကို ဖမ်းဆီးအရေးယူရင် ပြဿနာ ဒီထက်ပိုကြီးသွားနိုင်တယ်လို့ သူက ဆက်ပြီး ပြောပြပါတယ်။ ဘာ ဖြစ်လို့လည်းဆိုတော့ မွတ်ဆလင်တွေက လူနည်းစုဖြစ်တော့ အခြေအနေတည်ငြိမ်မှုကို ဦးစားပေးကြောင်း ရဲမှူးက ပြောပြ တယ်။

ကျနော်တို့သတင်းအဖွဲ့က ဖျက်ဆီးထားခံရတဲ့ ဗလီဘုရားကျောင်းဆီကို သွားတယ်။ ပြီးတော့ ဖျက်ဆီးခံထားရတဲ့ အိမ်နဲ့ ပစ္စည်းစုဆောင်းဖို့ ဆောက်လက်စရှိတဲ့ ဂိုထောင် အဆောက်အအုံတခုဆီကို သွားကြည့်ပါတယ်။

ကျနော်တို့လျှောက်လာတဲ့လမ်းမှာ ဆိုင်ကယ်မောင်းနေတဲ့ ပုဂ္ဂိုလ်တချို့ကိုတွေ့ရပါတယ်။ ၎င်းတို့ဟာ အကြမ်းဖက်မှုထဲမှာ ပါဝင်နေသူတွေ ဖြစ်ကြောင်း ဗလီဆရာဟာဂျီ ဦးဝင်းရွှေက ကျနော့်ကို လက်ညှိုးနဲ့ ထိုးပြပါတယ်။ အခုဖျက်သွားသူတွေက အဲဒီက ရွာသားတွေဖြစ်ပြီး သူသိတဲ့လူတွေပဲ ဖြစ်တယ်။ တိုင်းဒေသကြီးအစိုးရကလူတွေ လာတုန်းကလည်း အဲဒီလူရဲ့ နာ မည်တွေ ပေးထားတယ်။ ဒါပေမယ့် အရေးယူဆောင်ရွက်ပေးတာ မရှိပါဘူးတဲ့။ လမ်းပေါ်မှာပဲ အခုထိ အဲဒီလူတွေ ဆိုင်ကယ်မောင်းနေသေးကြောင်း ဦးဝင်းရွှေက ဆက်ပြောပါတယ်။

သူရဲသမိန်ရွာမှာ မွတ်ဆလင် အိမ်ခြေ ၃၇ အိမ်ပဲ ရှိတယ်။ ဗုဒ္ဓဘာသာအိမ်ခြေကျတော့ ၁၅၀၀ လောက်ရှိတယ်။

မြန်မာနိုင်ငံရဲ့ တရားဥပဒေဟာ လူများစုဖြစ်လို့ လူနည်းစုကို အနိုင်ကျင့်ခွင့် ပေးထားပါသလား။ ရပ်ရွာတည်ငြိမ် အေးချမ်းရေးနဲ့ ဘာသာရေး လူမှုရေး သဟဇာတဖြစ်မှုကို ပျက်ပြားအောင် ပြုလုပ်သူ အပြစ်ကျူးလွန်သူတွေဟာ ကိုယ့်ဆွေမျိုး ကိုယ့်ဘာသာဝင် ဖြစ်တာကြောင့် ရပ်ကြည့်နေရုံပဲဆိုရင် ဒါကို တရားဥပဒေလို့ခေါ်နိုင်မလားဆိုတာ မေးခွန်ထုတ်စရာ ဖြစ်လာနေပါတယ်။

(လဝီဝမ်သည် ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ အကြီးတန်းသတင်းထောက်ဖြစ်ပြီး မွန်တိုင်းရင်းသားတဦးလည်း ဖြစ်သည်)



ဗွီအိုအေမြန်မာပိုင်း
30.6.2016

မြန်မာနိုင်ငံ အတွင်းက လူနည်းစုတွေရဲ့ အခြေခံ အခွင့်အရေးကို ငြင်းပယ်တဲ့ ဥပဒေ ဖွဲ့စည်းပုံတွေနဲ့ ပေါ်လစီတွေကို ပြင်ဆင်ရေး ဆွဲတာ အပါအ၀င် ရိုဟင်ဂျာ မူဆလင်တွေနဲ့ တိုင်းရင်းသား လူနည်းစုတွေ အပေါ် ကာလ ရှည်ကြာစွာ ဖိနှိပ် ချုပ်ခြယ်မှုတွေ ဖြစ်ပေါ်စေတဲ့ ဥပဒေတွေကို ပြင်ဆင်ရေးဆွဲပြီး လူနည်းစုတွေအပေါ် စိုးရိမ်ဖွယ် အခွင့်အရေး ချိုးဖောက်သူတွေကို ဆယ်စုနှစ်ပေါင်းများစွာ အပြစ်ပေး အရေးယူခဲ့ခြင်း မရှိတဲ့ကိစ္စကိုပါ ကိုင်တွယ်ဖြေရှင်းဖို့ အရေးကြီးကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီး Zeid Ra’ad Al Hussein က ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ ၃၂ ကြိမ်မြောက် လူ့အခွင့်အရေး ညီလာခံမှာ ဇွန်လ ၂၉ ရက်နေ့က အလေးအနက် ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူနည်းစုတွေနဲ့ ရိုဟင်ဂျာမူဆလင်တွေရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအနေနဲ့ နှစ်ပေါင်းများစွာပဲ စိုးရိမ်မကင်း ဖြစ်မှုကို ထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်တယ်လို့ မဟာမင်းကြီးက ထောက်ပြပြီး၊ ဇွန်လ ၂၈ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာအရလည်း ရိုဟင်ဂျာတွေနဲ့ တခြားလူနည်းစုတွေအပေါ် စိုးရိမ်မကင်း ဖြစ်စရာကောင်းလောက်တဲ့ လူ့အခွင့်အရေး ကျူးလွန်ချိုးဖောက်မှုတွေကို အမြန်ကိုင်တွယ် ဖြေရှင်းဖို့ လိုအပ်တဲ့အကြောင်း အတည်ပြုရာ ရောက်တယ်လို့လည်း မဟာမင်းကြီးက ပြောပါတယ်။

မြန်မာအစိုးရသစ်အနေနဲ့လည်း တိုင်းရင်းသားလူမျိုးစုတွေ အရေးကိစ္စနဲ့ပတ်သက်လို့ ၀န်ကြီး ဌာနအသစ်ဖွဲ့စည်းခြင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဖွဲ့စည်းခြင်း အစရှိတဲ့ ခြေလှမ်းတွေကို မဟာမင်းကြီးက ကြိုဆိုလိုက်ပါတယ်။

ဒါပေမဲ့လည်း ရိုဟင်ဂျာတွေအပေါ် ကျယ်ပြန့်ပြီး စနစ်တကျ ချိုးဖောက်မှုတွေ ရှိခဲ့တဲ့အတွက် အဲဒီလို ချိုးဖောက်မှု ပုံစံတွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု ဖြစ်နိုင်ခြေ အလားအလာ ရှိတဲ့အကြောင်း မဟာမင်းကြီးက ပြောပါတယ်။

ညီလာခံကို တက်ရောက်ခဲ့တဲ့ မြန်မာကိုယ်စားလှယ်ကတော့ - မြန်မာနိုင်ငံဟာ လူနည်းစုတွေအပေါ် စနစ်တကျ အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတယ်၊ လူနည်းစုတွေကို ဘေးဖယ်ထားဖို့အတွက် ပေါ်လစီတွေ စနစ်တကျ ချမှတ်ကျင့်သုံးနေတယ်ဆိုတာနဲ့ လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု သက်ရောက်စေတယ်၊ စစ်ရာဇ၀တ်မှု စတဲ့ စကားလုံး အသုံးနှုန်းတွေ သုံးစွဲခြင်းဟာ တိုင်းပြည်အတွင်း တကယ်ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ကိုက်ညီခြင်း မရှိဘူးဆိုပြီး မြန်မာကိုယ်စားလှယ်ဘက်က ပြန်လည် ချေပခဲ့ပါတယ်။ ဒါ့အပြင် မြန်မာအစိုးရအနေနဲ့ အဲဒီလို ပေါ်လစီတွေ ချမှတ် ကျင့်သုံးနေခြင်း မရှိကြောင်းလည်း ပြောကြားခဲ့ပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေနဲ့ပတ်သက်လို့ မြန်မာအစိုးရက ကုလသမဂ္ဂနဲ့ အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေတဲ့အပေါ် လူ့အခွင့်အရေး ညီလာခံကို တက်ရောက်လာတဲ့ နိုင်ငံတကာက ကိုယ်စားလှယ်တွေက ကြိုဆိုလိုက်ကြပေမယ့်လည်း ရခိုင်ပြည်နယ် အရေးကိစ္စနဲ့ပတ်သက်လို့ စိုးရိမ်မကင်းဖြစ်မိကြောင်း ပြောကြားလိုက်ကြပါတယ်။

ဗြိတိန်နိုင်ငံကကိုယ်စားလှယ်ကတော့ - မြန်မာနိုင်ငံအတွင်းက ရိုဟင်ဂျာ မူဆလင်တွေနဲ့ တခြားတိုင်းရင်းသားလူမျိုးစုတွေ အရေးကိစ္စတွေနဲ့ ပတ်သက်လို့ အစိုးရအနေနဲ့ လူ့အခွင့်အရေး မဟာမင်းကြီးရုံးနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ တိုက်တွန်းကြောင်း ပြောကြားလိုက်ပါတယ်။

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံက ကိုယ်စားလှယ်ကတော့ - မြန်မာအစိုးရအနေနဲ့ ရွေ့ပြောင်းအလုပ်သမားတွေအရေး ကိုင်တွယ် ဖြေရှင်းလာမှုအပေါ် ထိုင်းအစိုးရအနေနဲ့ ကြိုဆိုကြောင်းနဲ့ ဒီကိစ္စမှာ လိုတဲ့အကူအညီတွေကို ပေးသွားမှာဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ဖွံ့ဖြိုးရေးအစီအစဉ်တွေအတွက် မြန်မာအစိုးရနဲ့ ပူးပေါင်းပြီး နိုင်ငံတကာက ဆက်လက် ကူညီဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလည်း ပြောကြားခဲ့ပါတယ်။



Burmese Rohingya Organisation UK (BROUK) မှ သတင်း ထုတ်ပြန်ချက်။

၂၈.၆.၂၀၁၆
မဆိုင်းမတွ ထုတ်ပြန်ရန်။

ရိုဟင်ဂျာများ အပေါ်ကျူးလွန် ခဲ့သည့် လူသားချင်း စာနာမှုနှင့် ဆန့်ကျင်သည့် ပြစ်မှုများနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရန် ကမ္ဘာ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီအား BROUK မှ တိုက်တွန်း။

ကမ္ဘာ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးမှ ၂၀.၆.၂၀၁၆ နေ့တွင် ထုတ်ပြန်ခဲ့သည့် "မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်စ်လင်မ်များနှင့် အခြားလူနည်းစုများ" အစီရင်ခံစာတွင် ပါရှိ သော တွေ့ရှိချက် များနှင့် ပတ်သက်၍ စည်းဝေး ဆွေးနွေးရန် ကမ္ဘာ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှ ပြင်ဆင်လျှက် ရှိရာ၊ Burmese Rohingya Organisation UK (BROUK) ၏ ဥက္ကဋ္ဌဖြစ်သူ ဦးထွန်းခင်သည် The International Peace Bureau (အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးဗျူရို) နှင့် The Asian Forum for Human Rights and Development (FORUM-ASIA) (အာရှ လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်) တို့မှ ပူးတွဲ စီစဉ်သည့် အခမ်းအနား၌ မိန့်ခွန်း ပြောကြားခဲ့သည်။

NLD ဦးဆောင်သော အစိုးရသက်တမ်း ပထမသုံးလပတ်၏ လူ့အခွင့်အရေးဆိုင်ရာနှင့် ရိုဟင်ဂျာများ ဆိုင်ရာ မြန်မာ့နိုင်ငံေ နောက်ဆုံးအခြေအနေ များကို ဦးထွန်းခင်မှ ရှင်းလင်း တင်ပြခဲ့သည်။ ရခိုင် စီမံကိန်း ၏ ညွှန်ကြားရေးမှူး ဖြစ်သည့် Chris Lewa မှလည်း လွန်ခဲ့သည့် လေးနှစ်မှ စတင်ကာ ဒုက္ခသည် စခန်းများ၌ ပိတ်လှောင် ခွဲခြားခြင်း ခံရလျှက် ရှိသည့် ရိုဟင်ဂျာများ၏ လူသားချင်း စာနာမှု ဆိုင်ရာ အခြေအနေ များကို ရှင်းလင်း တင်ပြခဲ့သည်။ ကျန်းမာရေး စောင့်ရှောက်မှုသည် (ရိုဟင်ဂျာများအတွက်) အလွန် ကြီးလေးသော အခက်အခဲဖြစ်ကြောင်း သူမက ပြောကြားခဲ့သည်။

ပြည်နယ်တွင်း တစ်နေရာမှ တစ်နေရာ သွားလာမှုအပေါ် ကန့်သတ်ချက် များကြောင့် အရေးပေါ် လူနာများ အနေဖြင့် ဆေးဝါးကုသ စောင့်ရှောက်မှု အလွန် အားနည်းသည့် စစ်တွေဆေးရုံရှိ အထူးကြပ်မတ် ကုသ ဆောင်သို့ ရဲအစောင့်ရှောက်ဖြင့် ပို့ပေးရလေ့ရှိကြောင်း၊ လူဦးရေ အဆမတန် ပြည့်နှက်လျှက် ရှိသော ဒုက္ခသည်စခန်းများသည် ပြိုကျ ပျက်စီး လုနီးပါးရှိနေပြီး၊ အရေအတွက် ၁၂၀,၀၀၀ (တစ်သိန်းနှစ်သောင်း) ရှိ အခြေမဲ့ ရိုဟင်ဂျာများသည် လူသားချင်း စာနာသည့် အကူအညီ အထောက်အပံ့များ အပေါ်တွင် သာမှီခို နေရပြီး၊ လူသားတစ်ဦး အနေဖြင့် ရှင်သန်နေထိုင်ရန် အခွင့်အလမ်း များအား ပိတ်ပင်ငြင်းပယ်ခြင်း ခံနေ ရကြောင်းလည်း သူမကပြောကြားခဲ့သည်။ ၎င်းအခမ်းအနားသို့ အမေရိကန်၊ အီးယူ နှင့် အိုအိုင်စီ အပါ အဝင် ဒါဇင်ပေါင်း များစွာသော ကမ္ဘာ့ကုလသမဂ္ဂဝင် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ရိုဟင်ဂျာများ အပေါ် လူ့အခွင့်အရေး ဖောက်ဖျက် ကျူးလွန်မှုများသည် လူသားထု အပေါ်ကျူးလွန်သော ပြစ်မှုသဖွယ်ဖြစ်ပြီး၊ ထိုပြစ်မှုများအား စုံစမ်းစစ်ဆေးမှု ပြုလုပ်ရမည်ဖြစ်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂက ကောက်ချက်ချခဲ့ကြောင်း BROUK ဥက္ကဋ္ဌဦးထွန်းခင်က ပြောကြားခဲ့သည်။ အကယ်၍ ကမ္ဘာ့ကုလ သမဂ္ဂ အနေဖြင့် ရိုဟင်ဂျာများအပေါ် ဖောက်ဖျက်ကျူးလွန်မှုများအား စုံစမ်းစစ်ဆေးရန် ပျက်ကွက်ခဲ့ ပါက၊လူသတ်မှုဖြစ်ပွါးခဲ့သည်ဟုဝန်ခံပြောကြားသော်လည်း၎င်းလူသတ်မှုနှင့်ပတ်သက်၍စုံစမ်းစစ်ဆေးမှုပြုမည်မဟုတ်ဟု ပြောကြားသော ရဲတပ်ဖွဲ့ပမာဖြစ်မည်ဟုလည်း ဦးထွန်းခင်က ဥပမာပေး ပြောကြား ခဲ့သည်။

ကြိုတင်တိုင်ပင်ညှိနှိုင်းသဘောတူညီချက်ရယူခဲ့ခြင်းမရှိဘဲ၊ New National Verification Card (နိုင်ငံသားစီစစ်ရေးကဒ်ပြားသစ် (NVC) များကို ရိုဟင်ဂျာများအားထုတ်ပေးရန် NLD ဦးဆောင် သောအစိုးရမှကြိုးပမ်းခဲ့ခြင်းအားလက်ခံမည် မဟုတ်ဟု ဦးထွန်းခင်မှပြောကြားခဲ့သည်။ ၎င်းကဒ်များအား ရိုဟင်ဂျာများတင်မကမြန်မာနိုင်ငံ၏ အခြားမည်သည့်လူမျိုးစုမှ လက်ခံမည် မဟုတ်ကြောင်း နှင့် ၎င်းကဒ် များသည်မှန်ကန်သော ဦးတည်ချက်အတွက်ခြေလှမ်းတစ်ရပ်မဟုတ်ကြောင်း၊ ၎င်းကဒ်ပြားများ ထုတ် ပေးခြင်းသည် ခက်ခဲသည့်ကိစ္စရပ်များအားကိုင်တွယ်ဖြေရှင်းခြင်းမပြုဘဲရှောင်ရှားလျှက်ရှိသည့် အစိုးရ အားတစ်စုံတစ်ရာ ဆောင်ရွက်နေသည်ဟု မြင်လာစေရန် ပြုမူသည့်ကြိုးစားမှုတစ်ရပ်သာဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

နိုင်ငံတကာလူ့အဖွဲ့အစည်းအနေဖြင့် ရိုဟင်ဂျာ ဟူသော ဝေါဟာရအားအသုံးပြုခြင်းမပြုတော့ပါက၊ ထိုသို့သောအပြုအမှူသည်ပိုမိုငြိမ်းချမ်းသည့်အခြေအနေဖြစ်ပေါ်လာစေရန်ခြေလှမ်းမဟုတ်ရုံမကလူမျိုး ရေး အစွန်းရောက်များအား အားပေးအားမြှောက်ပြုရာရောက်ပြီး အခြေအနေကို ပိုမိုဆိုးရွားစေခြင်း သာဖြစ်မည်ဟုလည်း BROUK မှ ပြောကြားခဲ့သည်။ “ကျွန်ုပ်တို့သည် ရိုဟင်ဂျာများ ဖြစ်ကြပြီး၊ နိုင်ငံ တကာလူ့အဖွဲ့အစည်းအနေဖြင့်ကျွန်ုပ်တို့အားရိုဟင်ဂျာဟူ၍သာခေါ်ဆိုရန်ကျွန်ုပ်တို့လိုလားကြောင်းနှင့်NLD ဦးဆောင်သောအစိုးရမှကျွန်ုပ်တို့အားခေါ်တွင်ရန်လိုလားသည့်အမည်ဖြစ်သော ရခိုင်ပြည်နယ် မှမွတ်စ်လင်မ်များဟူသောအမည်သစ်သည် ကျွန်ုပ်တို့၏ကိုယ်ပိုင်ဖြစ်တည်မှု (Identity) နှင့် ကျွန်ုပ်တို့ ၏ အခွင့်အရေးအားငြင်းပယ်သည့်အဓိကအချက်ဖြစ်သည့်အတွက် ၎င်းအမည်သစ်အား ကျွန်ုပ်တို့ ပြင်းထန်စွာကန့်ကွက် သည်" ဟုလည်း ပြောကြားခဲ့သည်။

ခက်ခဲ၍ အငြင်းပွါးဖွယ်ရာဖြစ်သောဆုံးဖြတ်ချက်များကို နှောင့်နှေးကြန့်ကြာစေခြင်းသည် ပြဿနာများ နှင့် အတိဒုက္ခများကို ရှည်ကြာစေရုံသာဖြစ်စေပြီး၊ NLD ဦးဆောင်သောအစိုးရအနေဖြင့် အရေးယူ ကိုင်တွယ်မှုများကို ပြုလုပ်ရန် အချိန်နှင့်နေရာမကျန်ရှိတော့ကြောင်းစဉ်ဆက်မပြတ်ဖြစ်ပွါးလျှက်ရှိသော ရိုဟင်ဂျာ ဆန့်ကျင်ရေးနှင့် မွတ်စ်လင်မ်ဆန့်ကျင်ရေးအကြမ်းဖက်မှုများက ဖော်ပြလျှက်ရှိသည်။ တိုးတက် ဖြစ်ပေါ်လျှက်ရှိသည့် အမုန်းတရားများ၊ အကြမ်းဖက်မှုများနှင့် ခွဲခြားဆက်ဆံမှုများကို ရပ်တန့်စေရန် ထိရောက်သောဆောင်ရွက်မှုနှင့် ခိုင်မာသောဦးဆောင်မှုတို့ယခုပင်လိုအပ်နေပြီဖြစ် ကြောင်း ဦးထွန်းခင်က တင်ပြခဲ့သည်။

ရိုဟင်ဂျာများ ခံစားနေရသည့် လူ့အခွင့်အရေးဖောက်ဖျက်ကျူးလွန်မှုများကြောင့် လူသားထုအပေါ် ကျူးလွန်သည့် ပြစ်မှုများတိုးပွါးလာနိုင်သည်ဟု ကမ္ဘာ့ကုလသမဂ္ဂမှ ထုတ်ပြန်သည့်အစီရင်ခံစာ တွင် ဖော်ပြထားသော်လည်း ၎င်းပြစ်မှုများအား အဆုံးသတ်စေရန်မည်သည့်နိုင်ငံကမှ ဆော်ဩခြင်းမရှိသေး သည့်အတွက်စိတ်ပျက်အားငယ်မိကြောင်းကိုလည်း ဦးထွန်းခင်မှဖော်ပြခဲ့သည်။

ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအနေဖြင့်ကမ္ဘာ့ကုလသမဂ္ဂမဟာမင်းကြီး အစီရင်ခံစာတွင် ပါရှိသည့် အကြံပေးတိုက်တွန်းချက်များကို ဂရုတစိုက်ပြုကာ NLD ဦးဆောင်သောအစိုးရအနေဖြင့် အောက်ပါ အဓိကအဆင့်များကို ချက်ခြင်းအကောင်အထည်ဖော်စေရန်အလို့ငှါ NLD ဦးဆောင် သောအစိုးရအား ဆော်ဩရန် ကျွန်ုပ်တို့ တိုက်တွန်းလိုက်ပါသည်။

ပထမအဆင့်။ NLD ဦးဆောင်သောအစိုးရလက်ထက်တွင်လည်းရိုဟင်ဂျာများ၊ မွတ်စ်လင်မ်များနှင့် အခြားတိုင်းရင်းသားဘာသာခြားလူနည်းစုများအပေါ်အပူအပင်အကြောင့်အကြကင်းစွာအမုန်းဝါဒဖြန့်မှုနှင့်အကြမ်းဖက်မှုများတို့ဆက်လက်ရှိနေသည်ဖြစ်သည့်အတွက်အမုန်းဝါဒဖြန့်မှုများအားအရေးယူရန်။

ဒုတိယအဆင့်။ရခိုင်ပြည်နယ်တွင်းရှိရိုဟင်ဂျာများ၊ရခိုင်များနှင့်အခြားလူ့အဖွဲ့အစည်းများသို့လွတ်လပ်စွာ သွားလာခွင့်နှင့် လူသားချင်းစာနာသောအကူအညီများပေးအပ်ခွင့်ကို ကန့်သတ်ထားချက်များအား ချက်ခြင်းရုပ်သိမ်းရန်။ NLD ဦးဆောင်သောအစိုးရလက်ထက်၌ဆက်လက်တည်ရှိနေသည့် ၎င်းကန့် သတ်ချက်များကြောင့် အသက်ပေါင်းများစွာပေးဆပ်နေရသည်။ ဒုက္ခသည်များအနေဖြင့် ၎င်းတို့နှင့် သက်ဆိုင်ရာနေရာဌာနများသို့ပြန်လည်နေထိုင်ခြင်းအားတားဆီးရန် မည်သည့်အကြောင်းပြချက်မှ မရှိ သင့်ပေ။

တတိယအဆင့်။ ၁၉၈၂ နိုင်ငံသားဥပဒေအား အပြည်ပြည်ဆိုင်ရာဥပဒေ၊ မြန်မာနိုင်ငံနှင့် ကမ္ဘာ့ကုလ သမဂ္ဂတို့ချုပ်ဆိုထားသော စာချုပ်ပါ ပြဋ္ဌာန်းချက်များနှင့်အညီဖြစ်စေရန်။ ၎င်း ၁၉၈၂ နိုင်ငံသား ဥပဒေ တွင်တရားမျှတမှုကင်းမဲ့မှုနှင့်ခွဲခြားဆက်ဆံမှုတို့ပါဝင်နေသောကြောင့် ရိုဟင်ဂျာများခံစားလျှက် ရှိသည့် များစွာသောလူ့အခွင့်အရေး ကျူးလွန်ဖောက်ဖျက်မှုများ နှင့် ခွဲခြားမှုများ၏ အရင်းအမြစ် ဖြစ်နေသည်။

ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအနေဖြင့် ကမ္ဘာ့ကုလသမဂ္ဂမဟာမင်းကြီးအစီရင်ခံစာတွင် ပါဝင်သည့် အကြံပြုတိုက်တွန်းချက်များကို လိုက်နာကာ၊ ၎င်းအကြံပြုတိုက်တွန်းချက်များအား ၂၀၁၇ ခုနှစ် မတ်လတွင် ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီထုတ်ပြန်မည့် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်များတွင် ထည့်သွင်းရန် ရခိုင်စီမံကိန်း ၏ ညွှန်ကြားရေးမှုဖြစ်သည့် Chris Lewa မှလည်း တိုက်တွန်းခဲ့သည်။

For more information please contact Tun Khin +44 7888714866.

သတင်းအချက်အလက်များထပ်မံသိရှိလိုပါက ဦးထွန်းခင် ဖုန်း-+44 7888714866 သို့ဆက်သွယ် နိုင်ပါသည်။

ကမ္ဘာ့ကုလသမဂ္ဂအစီရင်ခံစာကို ဤနေရာတွင် ရရှိနိုင်ပါသည်။

The UN report is available here http://www.ohchr.org/EN/NewsEvents/Pages/DisplayNews.aspx?NewsID=20137&LangID=E



Rohingya Eye
RB News
29.6.2016

မောင်တော
။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ ကျောင်းတောင် (ဂေါ်ရာခါလီ) ကျေးရွာအုပ်စု၊ တောင်ရွာရှိ ဗလီသည် သစ်သားနံရံကာ၊ သွပ်မိုးထားသည့် အဆောက်အဦ ဖြစ်သည်။ သစ်သားနံရံများ ဟောင်းနွမ်း သွားသဖြင့် ဂေါပက များက အစားထိုး လဲလှယ်ခဲ့ကြသည်။

ထိုကဲ့သို့ အစားထိုး လဲလှယ်မှုနှင့် ပတ်သက်၍ ဇွန်လ (၂၆) ရက်နေ့တွင် မြို့နယ် သာသနာရေး ဦးစီးဌာနမှ လာရောက် ကြည့်ရှုပြီး သစ်သားနံရံ အသစ်များကို ဖျက်ပစ်ရန် အမိန့်ပေးခဲ့သည်။ သို့သော်လည်း ဂေါပက များက မဖျက်ဘဲ ထားခဲ့ရာ မြို့နယ် သာသနာရေး ဦးစီးဌာနမှ ငွေကျပ် (၅) သိန်း တောင်းခံသောကြောင့် နောက်ဆုံးတွင် ဂေါပက များက ငွေကျပ် နှစ်သိန်းငါးသောင်း ပေးခဲ့ရကြောင်း ဒေသခံများက RB News သို့ပြောသည်။

မောင်တောမြို့နယ်တွင် ဗလီများ၊ အစ္စလာမ် ဘာသာရေး ဆိုင်ရာ သာသနိက အဆောက်အဦများ ပြင်ဆင်မွမ်းမံခြင်း၊ ဆေးသုတ်ခြင်း၊ အသစ်ဆောက်လုပ်ခြင်း မရှိသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့် နေပြီဖြစ်သည်။

ယခုအစိုးရသစ် လက်ထက်တွင် ဘာသာရေး လွတ်လပ်ခွင့် ရှိမည်ဟု ယူဆကာ သစ်သားနံရံများ လဲလှယ် အစားထိုးခဲ့သော်လည်း ငွေညှစ်ခံရခြင်းနှင့် ကြုံရသည်ဟု ဒေသခံများက ဝေဖန် ပြောဆိုနေကြသည်။



RB News
29.6.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ဖောင်တော်ပြင် ကျေးရွာရှိ အထက်တန်းကျောင်း (ခွဲ) တွင် ယခင် ကျောင်းအုပ်ဆရာကြီး ဦးဇော်ထွန်းအောင် ရှိစဉ်က ပညာသင်ကြားမှု အလွန် ကောင်းမွန်ခဲ့သော်လည်း ၎င်းကို ရခိုင် အစွန်းရောက် ဆရာ/မ များက အသက် အန္တရာယ် ပေးရန်အထိ ခြိမ်းခြောက်သဖြင့် ပြောင်းရွှေ့ သွားခဲ့ရာ ထိုစဉ်မှ စ၍ ကျောင်းသား/သူ များ၏ ပညာရေး အတွက် မျှော်လင့်ချက် ဆုံးရှုံး သွားခဲ့ရကြောင်း ဒေသခံများက ဆိုသည်။

ယခုလက်ရှိ ကျောင်းအုပ် ဆရာမကြီး ဒေါ်မနီသည် ဘူးသီးတောင် ဇာတိသူ တစ်ဦးဖြစ်ပြီး၊ အစွန်းရောက် ဆရာ/မ များ၏ ရန်ကြောင့် ၎င်းတို့၏ အလိုကျ လိုက်လျော ညီထွေနေနေရသည်ဟု ဒေသခံများက ပြောပါသည်။ အမှန်တကယ်မှာ ကျောင်းအုပ်ကြီးတွင် လက်အောက်ငယ်သား ဆရာ/မ များကို စီမံခန့်ခွဲနိုင်သည့် အရည်အချင်း မပြည့်မှီရန် ယခုကဲ့သို့ လက်အောက်ငယ်သား များကို ကြောက်ရွံရသည့် အဖြစ်သို့ ရောက်ရှိနေခြင်း ဖြစ်သည်ဟု ဒေသခံများက သုံးသပ်ကြသည်။

ကျောင်းစည်းကမ်း လုံးဝ မရှိသဖြင့် ကျောင်းသည် နွားတင်းကုပ်ကဲ့သို့ ဖြစ်နေသည်ဟု ဝေဖန် ပြောဆိုနေကြသည်။ ကျောင်းသား/သူ များမှာလည်း စည်းကမ်းဖြင့် ထိန်းသိမ်းမည့်သူ မရှိသဖြင့် နွားကျောင်သားများ ကဲ့သို့ ဖြစ်နေသည်ဟု ဆိုသည်။ အောင်ချက် ရာခိုင်နှုန်းလည်း ယခင်နှစ်များကထက် အလွန်ကျဆင်း လာသည်ဟု ဒေသခံများက RB News သို့ပြောသည်။

ယခု စာသင်နှစ် ၂၀၁၆ - ၂၀၁၇ တွင် ကျောင်းဆရာ/မ များသည် တပတ်လျှင် သုံးရက် ကျောင်းသို့ လာရောက်ပြီး၊ ကြာသပတေး၊ သောကြာနေ့များတွင် မိမိတို့၏ နေအိမ်တွင် အနားယူကာ နိုင်ငံတော်၏ ဘဏ္ဍာမှ ပေးသည့် လစာနှင့် တန်အောင် အလုပ်မလုပ်ဘဲ အချောင်ခိုလျက် ရှိပြီး၊ ကျောင်းသို့ လာသည့် ရက်များတွင်လည်း နေ့လည် ၁၂ နာရီ လာရောက်ပြီး နေ့လည် ၃ နာရီ အချိန်တွင် ပြန်သွားသည်ဟု ဒေသခံများက ဆိုသည်။ လာသည့် ၃ နာရီ အချိန်တွင်လည်း စာသင်ပေးသည့် အချိန်မှာ ရှားရှားပါးပါး ဖြစ်ပြီး၊ ရုံးခန်းထဲတွင် စားသောက် ရယ်မော၍ အချိန်ဖြုန်းကြပြီး၊ ၎င်းတို့ လုပ်ဆောင်နေမှုများ အားလုံးကို သိချင်ပါက ကျောင်းသားများ၏ သင်ခန်းစာ စာအုပ်ကို စစ်ဆေးလျှင် သိရှိနိုင်မည်ဟု ဒေသခံများက ပြောပါသည်။

ကျောင်းနှင့် ကပ်လျက်တွင် ရဲကင်း စခန်းရှိပြီး၊ ၎င်းတို့၏ လုံခြုံမှုအတွက်လည်း မည်သည့် အကြောင်းနှင့်မျှ စိတ်ပူပင် စရာ မရှိသော်လည်း လူမျိုးရေး ခွဲခြားကာ ရိုဟင်ဂျာ ကျောင်းသားများ၏ ပညာရေးနိမ့်ပါးသွားရန် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ လုပ်ဆောင် နေခြင်း ဖြစ်သည်ဟု ဒေသခံများက RB News သို့ပြောသည်။



RB News
29.6.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် မြို့ပေါ်မှ ရဲတပ်ဖွဲ့ဝင် များသည် နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ လက်အောက်ခံ ကျေးလက် ဒေသများရှိ ငွေကြေး ချမ်းသာသူများကို ပစ်မှတ်ထား၍ မြို့ပေါ်လာသည့် အခါ ဖမ်းဆီးပြီး ငွေညှစ်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဇွန်လ (၂၇) ရက်နေ့တွင် ဘူးသီးတောင် မြို့နယ် တောင်ပိုင်း စိမ်းညှင်းပြား ကျေးရွာမှ နွားအရောင်းအ၀ယ် လိုင်စင်စီ ရထားသူ ဦးမာမတ်နူရ်ကို မြို့ပေါ်လာစဉ် ရဲတပ်ဖွဲ့ဝင် များက ဖမ်းဆီး၍ လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်ကာ ပြန်လွှတ်ပေးရန် အတွက် ငွေကျပ် သိန်း (၅၀) တောင်းခံလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ ၎င်းအား ဖမ်းဆီးခြင်းမှာ မည်သည့် အကြောင်းပြချက်မှ မပါဘဲ ငွေကြေး တတ်နိုင်သူ ဖြစ်သောကြောင့် ပစ်မှတ်ထား၍ ဖမ်းဆီးပြီး ငွေညှစ်နေခြင်း ဖြစ်သည်။ ဦးမာမတ်နူရ် ပြန်လည် လွတ်မြောက်ရေး အတွက် ရခိုင်လုပ်ငန်းရှင် ပွဲစားကြီး တစ်ဦးကလည်း လှုပ်ရှားနေသည်ဟု အမည်မဖော်လိုသူ ရဲအရာရှိ တစ်ဦးက ပြောသော်လည်း မည်သည့် အကြောင်းကိစ္စကြောင့် ပြန်လည် လွတ်မြောက်ရေး အတွက် ကြိုးစားနေသည်ကို မသိရဟု ဒေသခံများက ဆိုသည်။

ဘူးသီးတောင် မြို့ပေါ်ရှိ ရဲတပ်ဖွဲ့ဝင်များသည် လူမျိုးရေး ခွဲခြား၍ ဒေသခံ ရိုဟင်ဂျာများကို အကြောင်းမဲ့ ဖမ်းဆီးပြီး ငွေညှစ်နေသည်မှာ စစ်အစိုးရ လက်ထက်ကပင် ဖြစ်သော်လည်း ယခုအချိန်ထိ နိုင်ငံတော် အစိုးရမှ အရေးယူ ဆောင်ရွက် ပေးခြင်း မရှိဟု ဒေသခံများက ပြောပါသည်။



RB News
28.6.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ဒါးပိုင်ဆရာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆော်လာမတ်အုလ္လာ သည် ဖောင်တော်ပြင် အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ရွာသားများ ထံမှ မတရားသဖြင့် ငွေညှစ်သည့် သတင်းကို ဇွန်လ (၂၁) ရက်နေ့က RB News တွင် ဖော်ပြခဲ့သည်။

အဆိုပါ သတင်းနှင့် ပတ်သက်၍ ဒါးပိုင်ဆရာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆော်လာမတ်အုလ္လာက ငွေညှစ်ခံရသူ များကို ရုံးသို့ ဆင့်ခေါ်၍ ငွေညှစ်ခံရသည်မှာ မမှန်ကန်ကြောင်း အတင်းအဓမ္မ လက်မှတ်ရေးထိုးခိုင်းကြောင်း သိရှိရသည်။ လက်မှတ်မထိုးသူ များကို တောင်ဘဇာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ပို့ဆောင်၍ ညှဉ်းပန်းနှိပ်စက်မည်ဟု ခြိမ်းခြောက်ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ထို့အပြင် ၎င်းက “RB News ကိုကြောက်နေတဲ့ လူမဟုတ်ဘူး၊ ငါလုပ်စရာရှိတာ လုပ်သွားမှာဘဲ” ဟု ပြောဆိုကြောင်း ဒေသခံများက ဆိုသည်။ တာဝန်ဖြင့် ပြောင်းရွှေ့ သွားသော ယခင် မြို့နယ် အုပ်ချုပ်ရေးမှူးကို ငွေကျပ် သိန်း (၆၀) ပေးရမည်ဟု ဆိုကာ ဇွန်လ (၂၁) ရက်နေ့မှ စ၍ အောက်ဖော်ပြပါ ပုဂ္ဂိုလ်များထံမှ ငွေညှစ်ခဲ့ကြောင်း သိရှိရသည်။

ငွေညှစ်ခံရသူ များမှာ --

(၁) ဒေါ်မာဘီယာခါတူ (ဘ) ဦးအာမိရ်ဟမ်ဇား (သမီး၏ လက်ထပ်ခွင့် ကိစ္စနှင့် ပတ်သက်၍ ငွေကျပ် နှစ်သိန်း ညှစ်ခံရ) -- ဒါးပိုင်ဆရာရွာမှ

(၂) ဦးအာဘူဆွေယာဒ် (ဘ) ဦးဟာဒိရ်ဘောက်ရှုး (လက်ထပ်ခွင့် ကိစ္စနှင့် ပတ်သက်၍ ငွေကျပ် ၅ သောင်း ညှစ်ခံရ) -- ဒါးပိုင်ဆရာရွာမှ

(၃) ဦးအဒူမာဘုတ် (ငွေကျပ် ၅ သောင်း ညှစ်ခံရ) -- ဂေါ်နီရွာမှ

(၄) ဦးမာမတ်ဟာရွန် (ဘ) ဦးအာမိရ်ဟမ်ဇား (အိမ်တွင်းပြဿနာကို အကြောင်းပြု၍ ငွေကျပ် ၅ သိန်း ညှစ်ခံရ) -- ဒါးပိုင်ဆရာရွာမှ

(၅) ဦးမိုဟာမတ်ရီယာစ် (ဘ) ဦးဘော်ရှီရာမတ် (အိမ်တွင်းပြဿနာကို အကြောင်းပြု၍ ငွေကျပ် ၂ သိန်း ညှစ်ခံရ) -- စေတီပြင်ရွာမှ -- တို့ဖြစ်သည်။

အုပ်ချုပ်ရေးမှူး ဦးဆော်လာမတ်အုလ္လာသည် ငွေညှစ်ရာတွင် ၎င်း၏ သားဖြစ်သူကိုလည်း အသုံးချပြီး၊ အုပ်ချုပ်ရေးမှူး၏ အခွင့်အာဏာကို အလွဲသုံးစား ပြုလုပ်ကာ နေ့စဉ်နှင့် အမျှ မိမိ၏ ကျေးရွာသားများကို ဒုက္ခပေးလျက် ရှိသဖြင့် အထက်အာဏာပိုင် များက အမြန်ဆုံး စီစစ်၍ အရေးယူပေးပါရန် ဒေသခံများက RB News မှတဆင့် တောင်းဆိုသည်ဟု ပြောပါသည်။

MYARF
RB News
27.6.2016

ရသေ့တောင်
။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ် အနောက်ပြင် ကျေးရွာအုပ်စု၊ ကုလုဝါပြာရွာ အနီးအနားရှိ ဒေသခံ ရိုဟင်ဂျာ လူမျိုးများ ပိုင်ဆိုင်သည့် လယ်ယာမြေ၊ ဂွမြေ၊ ကျွဲလမ်း၊ ကန်ကြီး တစ်ကန် စသည်တို့ကို ကူတောင် အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူး အပါအ၀င် ရခိုင်အစွန်းရောက်များ လာရောက်၍ ဗုဒ္ဓသာသနာ အလံ စိုက်ထူ၍ သိမ်းပိုက်လိုက်ကြောင်း သတင်း ရရှိပါသည်။

ဇွန်လ (၂၄) ရက်နေ့တွင် အနောက်ပြင် ကျေးရွာအုပ်စု၊ ကုလုဝါပြာရွာ အနီးအနားရှိ အောက်ဖော်ပြပါ ရိုဟင်ဂျာ လူမျိုးများ ပိုင်ဆိုင်သည့် လယ်ယာမြေ ဧကပေါင်း (၂၀) နှင့် ဂွမြေ (၁၀) ဧက၊ ကျွဲနွား သွားလမ်း တစ်လမ်း၊ ကျွဲနွား သောက်ရေကန် တစ်ကန်တို့ကို အနောက်ပြင် ကျေးရွာမှ ရခိုင်အစွန်းရောက် များနှင့်အတူ ကူတောင် အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ဒု-ရဲမှူး ကိုယ်တိုင်လာရောက်ပြီး “ဒီမြေက ရခိုင်ပြည်၊ ရခိုင်မြေ၊ ရခိုင်တွေကပဲ အကျိုးခံစားခွင့် ရှိတယ်။ ရခိုင်မှအပ အခြားဘယ်သူပဲ ဖြစ်ဖြစ် လုံးဝ ပိုင်ဆိုင်ခွင့် မရှိဘူး၊ မင်းတို့က မြန်မာနိုင်ငံသားလည်း မဟုတ်ဘူး၊ ဘင်္ဂါလီကုလားတွေ၊ ရခိုင်မြေ၊ ငါတို့မြေကို မင်းတို့ ပိုင်ဆိုင်ခွင့် မရှိဘူး၊ ခွေးနွား တိရိစ္ဆာန်လို နေချင်နေ မနေချင် ထွက်သွားကြ” ဟု ကြွေးကြော် ခြိမ်းခြောက် ပြောဆိုပြီး ဗုဒ္ဓသာသနာ့ အလံများ စိုက်ထူခဲ့သည်ဟု ဒေသခံများက RB News သို့ပြောသည်။

“သူတို့ သာသနာ့ အလံ စိုက်ထူပြီး သိမ်းလိုက်တဲ့ မြေတွေက ကျွန်တော်တို့ ဘိုးဘေးဘီဘင် လက်ထက်ကတည်းက ပိုင်ဆိုင်လာတဲ့ မြေတွေပါ။ ကျွန်တော်တို့မှာ ခိုင်မာ ပြတ်သားတဲ့ အထောက်အထားတွေ ရှိတယ်” ဟု လုံခြုံရေး အရ အမည်မဖော်လိုသည့် မြေပိုင်ရှင် တစ်ဦးက ပြောပါသည်။

သိမ်းပိုက်ခံရသည့် မြေပိုင်ရှင်များမှာ --

(၁) ဦးရှောရိဖ်ဟူစိန်း (ဘ) ဦးကုရ်ဘာန်အလီ
(၂) ဦးအဒူဂေါ်နီ (ဘ) ဦးကာဒိရ်
(၃) ဦးအာဘူတာလဲခ် (ဘ) ဦးအစ္စလာမ်
(၄) ဦးမာမတ်ဟာရှိမ် (အနောက်ပြင် အစိုးရ မူလတန်းကျောင်း ကျောင်းအုပ် ဆရာကြီး)
(၅) ဦးဘေနော်ဇိရ် (ဘ) ဦးဇော်ကော်ရီယာ
(၆) ဦးဂုလ်ဘာရ် (ဘ) ဦးကုရ်ဘာန်အလီ
(၇) ဦးနာဇိရ်ဟူစိန်း (ဘ) ဦးကုရ်ဘာန်အလီ -- တို့ဖြစ်သည်။

ဗုဒ္ဓသာသနာ့အလံ စိုက်ထူရန် လာခဲ့သည့် ရခိုင်အစွန်းရောက် ၀ါဒီများမှာ --

(၁) ဦးစံလုံး (ဘ) ဦးလှဖော်ဇံ
(၂) မောင်ကျော်ဝင်း (ဘ) ဦးခင်မောင်
(၃) မောင်စိန်ထွန်း (ဘ) ဦးဒွါစိန် -- တို့ဖြစ်သည်။

“သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်မှာ လက်မှတ်ထိုးထားတဲ့ တပ်ပိုင်မြေတွေ၊ ကျူးကျော်မြေတွေကို မူလပိုင်ရှင် တွေကို ပြန်ပေးဖို့ လုပ်ခဲ့တယ်။ အခုအစိုးရသစ် လက်ထက်မှာ မွတ်စလင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို အတင်းအဓမ္မ သိမ်းဆည်းဖို့ ရခိုင်အစွန်းရောက်တွေကို တရားဝင် လိုင်စင် ထုတ်ပေးလိုက်တာလား ဆိုပြီး ဒေသခံတွေ ကြားမှာ ဝေဖန် ပြောဆိုနေကြတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။






MYARF
RB News
27.6.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း ဥဒေါင်း ကျေးရွာအုပ်စု ဖာစ်ကိုရီရွာမှ အုပ်ချုပ်ရေးမှူး  ဦးတင်မောင်နှင့် ရင်းနှီးသူများ ဖြစ်သူ ဦးရော်ရှိဒူလ္လာ (ဘ) ဦးကာလူ (အသက် ၃၂ နှစ်) နှင့် ယင်းကျေးရွာအုပ်စု မြောက်ရွာမှ ဦးဟာရှိမူလ္လာ (ဘ) ဦးဖွေယာဇူလ္လာ (အသက် ၃၀ နှစ်) တို့သည် ကျေးရွာ အုပ်ချုပ်ရေးမှူး၏ တပည့် မောင်ညင်းစိန်နှင့် ပူးပေါင်း၍ ဒေသခံ ရိုဟင်ဂျာ နှစ်ဦးကို မဟုတ်မမှန် လုပ်ကြံ စွပ်စွဲပြီး ငွေကျပ် ၁၂ သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

ဥဒေါင်း ကျေးရွာအုပ်စု၊ မြောက်ရွာမှ အုပ်ချုပ်ရေးမှူး၏ တပည့် ဖြစ်သူ ဦးရော်ရှိဒူလ္လာသည် ဇွန်လ (၁၇) ရက်နေ့တွင် ၎င်း၏ရွာမှ ရွာသား တစ်ဦးဖြစ်သူ ​ဦးအေဘာဒူလာ (ဘ) ​ဦးဒေလာ ထံမှ ငွေကျပ် (၇) သိန်း ညှစ်ယူခဲ့သည်။ ငွေညှစ်ရခြင်းမှာ ဦးအေဘာဒူလာသည် ယင်းရွာမှ ဦးဆွေယာဒူလာ၏ သမီးတစ်ဦးနှင့် ဖုန်းစကားပြောသည်ကို အကြောင်းမဲ့ စွပ်စွဲချက် မျိုးစုံ ပြုလုပ်၍ ငွေညှစ်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

အလားတူ ဇွန်လ (၁၉) ရက်နေ့တွင် ဦးဟာရှိမူလ္လာက ဥဒေါင်းကျေးရွာအုပ်စု၊ ဖာစ်ကိုရီရွာမှ ဦးကေဖာယာဒ်အုလ္လာ (ဘ) ဦးအီဆုပ်အလီကို ယင်းကျေးရွာမှ ဦးအီမာန်ဟူစိန်း၏ သမီးတစ်ဦးနှင့် ဖုန်းဖြင့် ဆက်သွယ်နေသည်၊ တရားမ၀င် ပေါင်းသင်း နေသည်ဟု အခြေအမြစ် မရှိ မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် (၅) သိန်း ညှစ်ယူခဲ့သည်။

ငွေညှစ်သူ နှစ်ဦးလုံးသည် အုပ်ချုပ်ရေးမှူး ဦးတင်မောင်နှင့် ရင်းနှီးသည်ကို အကြောင်းပြု၍ အပြစ်မဲ့ ရွာသူရွာသား များကို မတရား အနိုင်ကျင့်ခြင်း၊ အမျိုးမျိုး လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်ခြင်းများ ယခင်က အကြိမ်ကြိမ် ပြုလုပ်ခဲ့သည်။ ယခုအခါ အုပ်ချုပ်ရေးမှူး၏ တပည့်နှင့် ရင်းနှီးလာပြီး ထပ်မံ၍ ယခင်ကဲ့သို့ ပြုလုပ်နေခြင်း ဖြစ်ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။



Rohingya Eye
RB News
27.6.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ ဇော်မတက် ကျေးရွာမှ မော်လ၀ီ မာမတ်ဟာရှိမ်း (ဘ) ဦးအာဘူလ်ကာလာမ် (အသက် ၃၅ နှစ်) သည် ဇွန်လ (၁၅) ရက်နေ့ နံနက် ၉း၃၀ နာရီအချိန်တွင် ပ-ညောင်ပင်ကြီး ကျေးရွာမှ ပြန်လာနေစဉ် သရေကုန်ဘောင် (န.တ.လ) ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များက ၎င်းကို ရပ်တန့်ခိုင်းပြီးနောက် တပ်ဖွဲ့ဝင် တစ်ဦးက အကြောင်းမဲ့ ပါးရိုက်ခဲ့သည်။ ထို့နောက် နယ်ခြားစောင့်ရဲ များက ငွေကျပ် ငါးထောင် တောင်းခံရာ၊ ၎င်းက မိမိတွင် မည်သည့် အပြစ်မှ မရှိသည့် အတွက် ငွေပေးရန် မလိုအပ်ကြောင်း ပြန်လည် တုန့်ပြန် ပြောဆိုသဖြင့် ၎င်းကို စခန်းတွင် ထိန်းသိမ်း ထားခဲ့သည်။

ထိုသို့ ပါးရိုက်၍ ထိန်းသိမ်းထားခြင်းနှင့် ပတ်သက်၍ ၎င်း၏ မိသားစုဝင် တစ်ဦးက နယ်မြေ (၇) နယ်မြေမှူးထံ တိုင်ကြားခဲ့သဖြင့် နယ်မြေမှူးသည် ချက်ချင်း ကားဖြင့် ရောက်ရှိလာပြီး ၎င်းကို ပြန်လည် လွှတ်ပေးခဲ့သည်။ ထို့နောက် အဆိုပါ ကင်းစခန်းမှ တာဝန်ကျ ဒု-ရဲအုပ်ကို ကားပေါ်တင်၍ နယ်မြေရုံးသို့ ခေါ်ဆောင်သွားခဲ့သည်။

အဆိုပါ နယ်မြေမှူးသည် အလယ်သံကျော်မှ သရေကုန်ဘောင်သို့ ကားဖြင့် လာရောက်ရာတွင် ကားဓါတ်ဆီခ ငွေလေးသောင်းကျပ် ပေးခဲ့ရကြောင်း နယ်မြေမှူးနှင့် နီးစပ်သူ တစ်ဦးထံမှ သိရှိခဲ့ရကြောင်း ဇွန်လ (၁၉) ရက်နေ့၌ RB News တွင် ဖော်ပြခဲ့သည်။

အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူးက စုံစမ်းရေး အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်း ပေးခဲ့ပြီး ဇွန်လ (၂၁) ရက်နေ့တွင် ပါးရိုက်ခံရသည့် မော်လ၀ီ မာမတ်ဟာရှိမ်းကို စစ်ဆေးရန် ဆင့်ခေါ်ခဲ့သည်။ သို့သော်လည်း မော်လ၀ီ မာမတ်ဟာရှိမ်းက မသွားသဖြင့် ယင်းနေ့ နေ့လည် (၂) နာရီ အချိန်တွင် နယ်မြေမှူး ကိုယ်တိုင် မော်လ၀ီ၏ နေအိမ်သို့ သွားရောက်၍ ငွေကြေး တစ်စုံတစ်ရာ ပေးခဲ့ရခြင်း မရှိဟု အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းပြီး ကွပ်ကဲရေးမှူး ထံသို့ တင်ပြခဲ့ကြောင်း သိရှိရသည်။



RB News
27.6.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ငါးရန့်ချောင်း ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူး ဦးကောင်းစိန်လှသည် ဌာနဆိုင်ရာများ၏ အမည်များကို အလွဲသုံးစား ပြုလုပ်၍ ဒေသခံ ရိုဟင်ဂျာများထံမှ နည်းမျိုးစုံဖြင့် ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

၂၀၁၅ ခုနှစ်တွင် မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသည့် ဗလီဝတ်ကျောင်းတော် များနှင့် ဘာသာရေး စာသင်ကျောင်း များကို ယင်းအချိန်က သမ္မတ ဦးသိန်းစိန်က နှုတ်မိန့်ဖြင့် ပြင်ဆင်ခွင့် ပေးခဲ့သော်လည်း ငါးရန့်ချောင်း ကျေးရွာအုပ်စု အတွင်း၍ ဗလီ ၄၉ လုံးမှ တစ်လုံးလျှင် အနည်းဆုံး ငွေကျပ် ၁၃ သိန်းမှ အများဆုံး ၃၁ သိန်းထိ ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ ဗလီဂေါပက များထံမှ ငွေညှစ်ချိန်တွင် ဦးကောင်းစိန်လှက မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ နယ်မြေမှူး တို့က တောင်းခိုင်းသည်ဟု ပြောဆိုခဲ့သည်။

ဒေသခံ ရိုဟင်ဂျာ ရွာသားများက မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသည့် ၎င်းတို့၏ နေအိမ်များကို ပြုပြင်ခဲ့ရာ အိမ်ရှင်များထံမှ အနည်းဆုံး ၆ သောင်းမှ အများဆုံး ၉ သိန်းထိ ညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ ထိုသို့ ငွေညှစ်ရာတွင်လည်း မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ နယ်မြေမှူးက တောင်းခိုင်းသည်ဟု ဦးကောင်းစိန်လှက ပြောဆိုခဲ့သည်။ ပထမ အကြိမ် ငွေညှစ်ပီးနောက် နောက်ထပ် ၄ ကြိမ်မှ ၅ ကြိမ်ထိ ထပ်မံ၍ ငွေညှစ်ခဲ့သည်။ နေအိမ်ပေါင်း ၄၂၉ လုံးမှ ငွေညှစ်ခံခဲ့ရကြောင်း သိရှိရသည်။

ထို့အပြင် ဦးကောင်းစိန်လှသည် ကျေးရွာအုပ်စု အတွင်းရှိ ရပ်ကွက် (၁၇) ခုမှ ရာအိမ်မှူး ၁၇ ဦးထံမှ ငွေကျပ် ၅ သိန်းစီ ကောက်ခံခဲ့ပြီး၊ ငွေကျပ် ၅ သိန်း မပေးနိုင်ခဲ့သည့် ရာအိမ်မှူး ဦးနူရ်အာလောမ်ကို ရာထူးမှ ဖြုတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

၎င်းသည် ဘူးသီးတောင် မြို့နယ် အထက်ပိုင်းတွင် AA ရခိုင်တပ်မတော်၏ တာဝန်ခံ တစ်ဦး ဖြစ်ပြီး၊ သားမက် ဖြစ်သူ ဦးမောင်စံလုံးကို ကချင်ပြည်နယ်သို့ စေလွှတ်၍ စစ်သင်တန်း ပို့ချခဲ့သည်။ ဦးမောင်စံလုံးသည် ယခုအခါ ဆက်ဆံရေး တာဝန်ခံ အဖြစ် တာဝန်ထမ်းဆောင်လျက် ရှိပြီး၊ ဦးကောင်းစိန်လှက ကျေးရွာအုပ်စု အတွင်းမှ ရခိုင်လူငယ်များကို ရခိုင်တပ်မတော်တွင် တာဝန်ထမ်းဆောင်ရန် ဆန် (၂) အိတ်၊ ငွေကျပ် (၅) သိန်းစီ ပေး၍ စည်းရုံးလျက် ရှိသည်ဟု ဒေသခံများက ဆိုသည်။

၎င်းသည် ကျေးရွာအုပ်စု အတွင်းရှိ အမျိုးသမီးများကို ငွေကြေး၊ အခြား အခွင့်အရေးများ ပေး၍ သိမ်းသွင်းခြင်း၊ မရပါက သြဇာအာဏာသုံး ခြိမ်းခြောက်၍ သိမ်းသွင်းပြီး ဖျက်ဆီးလျက် ရှိသောကြောင့် ဒေသခံ ရွာသားများ ဒေါသ ပေါက်ကွဲပါက မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပေါ်လာနိုင်သောကြောင့် အထက် အာဏာပိုင်များ အနေဖြင့် အမြန်ဆုံး အရေးယူ ဆောင်ရွက် ပေးပါရန် ဒေသခံများက တောင်းဆိုကြောင်း RB News သို့ပြောပါသည်။



Rohingya Eye
RB News
27.6.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ကင်းတောင် (ဟာန်းဒေါမ်း) ရွာမှ မော်လ၀ီ ဦးအဒူမူနာဖ် (ဘ) ဦးအဒူလ်ဘာဆဲရ် (အသက် ၃၅ နှစ်) သည် ဇွန်လ (၁၈) ရက်နေ့တွင် မောင်တော မြို့တွင် အလှူငွေကောက်ခံ သွားရောက်စဉ်၊ မောင်တော ခရိုင် ပြည်သူ့ဆေးရုံ၏ အနောက်ဘက်လမ်း ဒေါက်တာခင်မောင်လှ၏ အိမ်ရှေ့ရှိ ရဲကင်းစခန်းအား ဖြတ်ကျော် နေစဉ် ရဲများက ၎င်းကို ဟန့်တား၍ စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးရာတွင် ၎င်းထံမှ မည်သည့် တရားမ၀င် ပစ္စည်းတစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ လာရောက်သည်ဟု လုပ်ကြံ စွပ်စွဲ၍ ၎င်း၏ အိတ်ထဲတွင် ပါရှိသည့် ငွေကျပ် တစ်သောင်းကို ရဲများက လုယက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

အဆိုပါ မော်လ၀ီသည် အလွန်ဆင်းရဲ ချို့တဲ့သူ ဖြစ်ပြီး ဥပုသ်လတွင် အလှူငွေ ကောက်ခံရန် အတွက် သွားရောက်စဉ် လုယက်ခံရခြင်း ဖြစ်သည်။

အဆိုပါ ကင်းစခန်းမှ ရဲများသည် စခန်းရှေ့မှ ဖြတ်ကျော်သွားသည့် ဒေသခံ ရိုဟင်ဂျာများကို မကြာခဏ အနှောက်အယှက် ပေးကာ ငွေညှစ်လေ့ရှိသည့် ကင်းစခန်း ဖြစ်သည်။ ဒေသခံများကို မကြာခဏ နှောက်ယှက် ငွေညှစ်လေ့ ရှိသောကြောင့် အထက် အာဏာပိုင်များက အရေးယူပေးပါရန် ဒေသခံများက တောင်းဆိုလျက် ရှိသည်။



Rohingya Eye
RB News
27.6.2016

မောင်တော
။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း အလယ်သံကျော် အခြေစိုက် အထူးသတင်းတပ်ဖွဲ့ (SB) တာဝန်ခံ ရဲအုပ် အောင်ကျော်သိန်း၊ စ.ရ.ဖ တာဝန်ခံ တပ်ကြပ်ကြီး သက်ဝင်း တို့ဦးဆောင်၍ ဇွန်လ (၂၁) ရက်နေ့တွင် ဇော်မတက် ကျေးရွာသို့ သွားရောက်၍ မေယုတောင်တန်းကို ဖြတ်ကျော်ပြီး သယ်ယူလာသော ကျွဲနွား (၆၅) နှင့်အတူ သယ်ယူလာသူ (၃) ဦးတို့ကို ဇော်မတက် ကျေးရွာတွင် ဖမ်းဆီး၍ စ.ရ.ဖ ရုံးတွင် ထိန်းသိမ်း ထားခဲ့သည်။

အဆိုပါ ကျွဲနွားများကို သယ်ယူရန် မောရ၀တီ အခြေစိုက် တပ်မတော် စစ်စခန်းမှ ခွင့်ပြုချက်ဖြင့် ယူဆောင် လာခြင်း ဖြစ်သည်ဟု ကျွဲနွားပိုင်ရှင်များ၏ ပြောကြားချက် အရ သိရှိရသည်။

ကျွဲနွား ပိုင်ရှင်များမှာ --

(၁) မိုဟာမတ်ယူနုစ် (ဘ) ဦးအာဘူကာလာမ် (အသက် ၂၅ နှစ်) - ဇော်မတက် ကျေးရွာမှ
(၂) ဆရာရော်ဖိခ် (ဘ) ဦးမိုဟာမတ်ယာစီးန် (အသက် ၃၈ နှစ်) - သရေကုန်တန်း ကျေးရွာမှ -- တို့ဖြစ်သည်။

အဆိုပါ ကျွဲနွားများကို စ.ရ.ဖ စခန်းမှ တဆင့် ကျီးကန်းပြင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်သို့ ဇွန်လ (၂၂) ရက်နေ့က ပို့ဆောင်ပြီး ဆက်လက် ထိန်းသိမ်း ထားကြောင်း ဒေသခံများက RB News သို့ပြောသည်။



Rohingya Eye
RB News
27.6.2016

မောင်တော
။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်တွင် နေထိုင်သော ဒေသခံ အများစုသည် ၎င်းတို့၏ နေအိမ် ခြံစည်းရိုးများအား ၀ါးထရံများဖြင့် ကာရံခြင်း မရှိဘဲ၊ သွပ်ပြားများဖြင့် ကာရံကြသည်။ ၀ါးထရံများဖြင့် ကာရံပါက တာရှည်မခံခြင်း၊ စရိတ်များခြင်း တို့ကြောင့် သွပ်ပြားများဖြင့် ကာရံကြခြင်း ဖြစ်သည်။

ဇွန်လ (၉) ရက်နေ့တွင် မောင်တော မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမြင့်က “လုံခြုံရေးအရ စိုးရိမ်ရသော အခြေအနေတွင် ရှိနေသဖြင့် ဘင်္ဂလီ နေအိမ်များ၏ ခြံစည်းရိုးအား သွပ်ပြားဖြင့် ကာရံထားခြင်းကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများ အနေဖြင့် တားမြစ်ပေးရန်” အမိန့်စာ တစ်စောင် ထုတ်ပြန်ခဲ့သည်။

၂၀၁၂ ခုနှစ် ဇွန်လတွင် ပဋိပက္ခ ဖြစ်ပွားခဲ့သည့် အချိန်မှစ၍ ယခုအချိန်ထိ မည်သည့် အကြမ်းဖက်မှုမှ ဖြစ်ပွားခဲ့ခြင်း မရှိခဲ့ပေ။ ရခိုင်တပ်မတော် (AA) နှင့် အစိုးရ စစ်တပ်တို့ကြား တင်းမာမှုများ ဖြစ်ပွားနေသည့် အချိန်တွင် ရိုဟင်ဂျာများ၏ ခြံစည်းရိုးများ ကိစ္စကို အရေးကြီး ကိစ္စတစ်ခု သဖွယ် ပြုလုပ်၍ အမှန်တကယ် ဖြစ်ပွားနေသည့် တင်းမာမှုကို အာရုံလွှဲရန် ပြုလုပ်နေခြင်း ဖြစ်သည်။

မြို့နယ် အုပ်ချုပ်ရေးမှူး၏ အမိန့်အရ ကွန်ကရစ်တိုင်၊ သံဆူးကြိုးများဖြင့် ခြံစည်းရိုး ကာရံရမည်ဆိုလျှင် စရိတ်ကြီးမားသောကြောင့် ကာရံရန် အခက်အခဲ ရှိမည်ဟု ဒေသခံများက RB News သို့ပြောသည်။ ထို့အပြင် ခွင့်ပြုချက် အမိန့်ယူရန်ပင် ငွေကြေးကုန်ကျမှုများ ရှိလိမ့်မည်ဟု ၎င်းတို့က ဆိုသည်။ ယခုကဲ့သို့ ပြုလုပ်နေခြင်းမှာ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုပေးထားသည့် ကတိတစ်ခု ဖြစ်သည့် ရခိုင်ပြည်သူ ပြည်သားတို့၏ ဘ၀များ လုံခြုံအေးချမ်းစွာ နေထိုင်နိုင်အောင် အစွမ်းကုန် ကြိုးပမ်းမည် ဟူသည့် ကတိနှင့်လည်း ကိုက်ညီမှု မရှိဟု ဒေသခံများ ဝေဖန် ပြောဆိုနေကြသည်။

ထို့အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်ရှိ လူမျိုးစု နှစ်စုအကြား အငြင်းပွား စေသည့် အသုံးအနှုန်းများကို ဆင်ခြင်ရန် တိုက်တွန်းထားခြင်း၊ နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ဘင်္ဂလီ မသုံးကြရန် မွတ်စလင်အဖြစ် သုံးနှုန်းကြရန် ၀န်ထမ်းများအား မှာကြားခဲ့သည်ဟု ဇွန်လ (၂၀) ရက်နေ့က ပြည်နယ် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးထိန်လင်းက မောင်တောမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတွင် ကျင်းပသည့် အစည်းအဝေး တို့တွင် ပြောကြားခဲ့ခြင်း တို့ကို မြို့နယ် အုပ်ချုပ်ရေးမှူး ထုတ်ပြန်သော အမိန့်စာအရ လိုက်နာခြင်း မရှိသည်ကို တွေ့ရှိရသည်။ သမ္မတဟောင်း ဦးသိန်းစိန်၏ မူဝါဒ အတိုင်း ဘင်္ဂလီဟု ဆက်လက်၍ သုံးနှုန်းလျက် ရှိသည်ကို တွေ့ရှိရသည်။

မြို့မိမြို့ဖ တစ်ဦးက “မြို့နယ် အုပ်ချုပ်ရေးမှူးရဲ့ သုံးနှုန်းပုံတွေက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ချမှတ်လိုက်တဲ့ မူဝါဒနဲ့ ဆန့်ကျင်နေတယ်။ ယခင် အာဏာရှင် အစိုးရ လက်ထက်က အတိုင်း ဆက်လက် ကျင့်သုံးနေတယ်။ မြို့နယ် အုပ်ချုပ်ရေးမှူး အနေနဲ့ လက်ရှိအစိုးရရဲ့ မူဝါဒ အတိုင်း အုပ်ချုပ်ဖို့ လိုသလို၊ လူမျိုးစုနှစ်စုကြား ရင်ကြားစေ့ရေး၊ နဂိုမူလအတိုင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး တို့ကို အလေးထား ဆောင်ရွက်ဖို့ လိုတယ်” ဟု မှတ်ချက်ပေး ပြောကြားသည်။

P.O.E မှ နယ်ခြားစောင့်ရဲ များ၏ ရိုက်နှက်မှုကြောင့် သေဆုံး သွားသူ ဦးမာမူရော်ရှိတ်

သို့/-

ဦးညီပု
ပြည်နယ်ဝန်ကြီးချုပ်
စစ်တွေမြို့၊ ရခိုင်ပြည်နယ်

နေ့စွဲ။ ။ ၂၀၁၆ ခုနှစ်၊ ဇွန်လ (၂၇)ရက်

အကြောင်းအရာ။ ။ ငါးဖမ်း၍ အသက်မွေးဝမ်းကျောင်း ပြုနေသည့် ရိုဟင်ဂျာ တံငါးသည် တစ်ဦးကို P.O.E စခန်းမှ နယ်ခြားစောင့် ရဲများက ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် ကိစ္စ။

လေးစားစွာဖြင့်

၁။ အထက်ပါ အကြောင်းအရာနှင့် ပတ်သက်၍ ၂၀၁၆ ခုနှစ်၊ ဇွန်လ (၂၁)ရက်နေ့၊ ညနေ(၄) နာခန့်အချိန်၌ မောင်တောမြို့နယ် တောင်ပိုင်း ပဒင်းကျေးရွာမှ တံငါးသည် သုံးဦးတို့သည် သက်ဆိုင်ရာ မန်ကျည်းချောင်းအဝ နယ်ခြားစောင့်ရဲ ကင်းစခန်းသို့ သတင်းပို့ပြီး လှေတစ်စီးဖြင့် နတ်မြစ်ကမ်းခြေ တစ်လျှောက် ငါးဖမ်းရန် သွားခဲ့ပါသည်။ အဆိုပါ တံငါးသည်များသည် ထိုသို့ ငါးဖမ်းနိုင်ရန်အတွက် မောင်တောခရိုင် ငါးမွေးမြူးရေး ဦးစီးဌာနမှ ခွင့်ပြုချက် ရယူထားသူများလည်း ဖြစ်ကြပါသည်။ ည (၁၀)နာရီခန့် အချိန်၌ အမြန်ရေယာဉ်ဖြင့် ကင်းလှည့်နေသော မောင်တော P.O.E စခန်းမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ပိုက်ချ၍ ငါးဖမ်းနေသော ထိုတံငါးသည်များကို တွေ့ရှိခဲ့ပြီး စစ်ဆေးခဲ့ရာ မြန်မာ့ ဆက်သွယ်ရေး MPT GSM ဖုန်းသုံးလုံးနှင့် ငါးရောင်းရငွေ နှစ်သိန်းခုနှစ်သောင်းကျပ် တို့ကို ရှာဖွေတွေ့ရှိခဲ့ကာ အဆိုပါ ဖုန်းများနှင့် ငွေများကို လုယူ သိမ်းဆည်းခဲ့သည်။ ထို့နောက် နယ်ခြားစောင့်ရဲများက အဆိုပါ တံငါးသည်များနှင့် ၎င်းတို့၏ လှေတစ်စီးလုံး တို့ကို ပိုက်စပ်တိုက်ရှာဖွေ စစ်ဆေးခဲ့ပြီး ဥပဒေနှင့်ဆန့်ကျင်သော မည်သည့်အရာမျှ မတွေ့ရှိခဲ့သော်လည်း တံငါးသည်သုံးဦးကို မဟုတ်မတရား စွပ်စွဲ၍ မညှာမတာ ထိုးကြိတ် ရိုက်နှက်ခဲ့ပြီး သေလုမျှောပါး ဖြစ်နေသည့် တံငါးသည်များကို မြစ်ထဲသို့ ပစ်ချလိုက်၍ နယ်ခြားစောင့်ရဲများ ပြန်သွားခဲ့ပါသည်။

ထိုးကြိတ်ရိုက်နှက်ခံရပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့သည့် တံငါးသည်များမှာ -

(၁) ဦးအဒူလ်ဟာမိတ် (ဘ) ဦးရှုကူရ်
(၂) ဦးအီလီယာစ် (ဘ) ဦးအဒူလ်ဟာလိမ်
(၃) ဦးမာမူရော်ရှိတ် (ဘ) ဦးအဒူလ်ဟာလိမ် - တို့ဖြစ်သည်။

ထိုးကြိတ်ရိုက်နှက်ခံရပြီး သေလုမျှောပါး ဖြစ်နေသည့် တံငါးသည်များ၏ သတင်းကို ၎င်းတို့၏ ဆွေမျိုးသားချင်းများက အခြားသော တံငါးသည်များထံမှ ရရှိခဲ့ပြီးနောက် ဇွန်လ (၂၂) ရက်နေ့ နံနက်ပိုင်းတွင် လိုက်လံ ရှာဖွေခဲ့ရာ နံနက် (၉) နာရီ အချိန်တွင် ကမ်းစပ်နား၌ ရှာဖွေ တွေ့ရှိခဲ့ကာ မောင်တောဆေးရုံသို့ ဆေးကုသရန် ခေါ်ဆောင် သွားစဉ် ဒဏ်ရာပြင်းထန်ခဲ့သည့် ဦးမာမူရော်ရှိတ် (ဘ) ဦးအဒူလ်ဟာလိမ်မှာ လမ်းတစ်ပိုင်းတွင် သေဆုံးသွားခဲ့သည်။

ဤသတင်းနှင့် ပတ်သက်၌ အသေးစိတ်ကို RB News ၌ ဇွန်လ(၂၂) ရက်နေ့တွင် ရေးသား တင်ပြခဲ့သော်လည်း [သတင်းဖတ်ရှုရန်- http://burmese.rohingyablogger.com/2016/06/poe.html ] အပြစ်မဲ့ တံငါးသည်များကို လူမဆန်စွာ ရိုက်နှက်ပြီး တံငါးသည်တစ်ဦး အသက်ဆုံးပါးသွားခဲ့သည့်အထိ ကျူးလွန်ခဲ့သော P.O.E စခန်းမှ နယ်ခြားစောင့်ရဲများကို မည်သည့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းကမျှ အရေးမယူခဲ့သလို မတရား သတ်ဖြတ်ခံခဲ့ရသည့် တံငါးသည်၏ မိသားစုဝင်များကိုလည်း မည်သို့မျှ ကျေနပ်မှု မပေးခဲ့ပေ။ ထို့အပြင် ဤကိစ္စနှင့် ပတ်သက်၍ မောင်တောခရိုင်မှ အဖွဲ့အစည်း အားလုံး၏ အကြီးအကဲများက အထက် အာဏာပိုင် အဖွဲ့အစည်းများ ထံသို့ ဖန်တီး၍ တူညီသော အစီရင်ခံစာ တင်ပြရန် ဇွန်လ(၂၂) ရက်နေ့တွင် တွေ့ဆုံ ညှိနှိုင်းခဲ့ကြောင်းလည်း သိရှိရပါသည်။

၂။ မောင်တောမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ အစည်းအဝေးခန်းမ၌် NVC ကဒ်နှင့် ပတ်သက်ပြီး ဇွန်လ(၂၀) ရက်နေ့၌ ကျင်းပခဲ့သည့် အစည်းအဝေးတွင် အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ ကွပ်ကဲရေးမှူးက ၎င်း၏ လက်အောက်ခံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ဒေသခံပြည်သူများထံက ငွေညှစ်ခြင်း၊ အနှောက်အယှက် ပေးခြင်း များရှိခဲ့လျှင် ၎င်းထံ တိုက်ရိုက်တင်ပြရန်နှင့် ထိုသို့ တင်ပြခဲ့လျှင် အမြန်ဆုံး အရေးယူပေးမည် ဖြစ်ကြောင်း စသည် တို့ကို ပြည်နယ် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးထိန်လင်း၊ ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းလွင်တို့ အဖွဲ့နှင့် မောင်တောမြို့နယ်မှ ဒေသခံ ရိုဟင်ဂျာ မြို့မိမြို့ဖ (၁၀၀) ဦးခန့်တို့၏ ရှေ့မှောက်တွင် အတိအလင်း ပြောကြားခဲ့သော်လည်း ယခုလို ဟိုလေးတကျော်ဖြစ်နေသည့် မတရား အသတ်ခံခဲ့ရသော တံငါးသည် ကိစ္စကိုမူ ယခုထိ မည်သို့မျှ တရားမျှတစွာ ကိုင်တွယ် ဖြေရှင်းပေးခဲ့ခြင်း မရှိသည်ကို တွေ့ရှိရပါသည်။ ထို့အပြင် ကွပ်ကဲရေးမှူးတစ်ဦးထံသို့ ကိုယ်တိုင်သွားရောက်ပြီး မိမိတို့ ခံခဲ့ရမှုကို အသိပေး တိုင်ကြားရေးသည် ဒေသခံ ပြည်သူများအတွက် လုပ်ဆောက်ရန် ခက်ခဲလှသော အလုပ်တစ်ခု ဖြစ်၍ ပြည်သူများအနေဖြင့် နယ်ခြားစောင့်ရဲများအပါအဝင် ဒေသခံအာဏာပိုင်များ၏ တရားလွန် ကျူးလွန်နေသည့် ဖြစ်ရပ်များကို RB News ကဲ့သို့ မီဒီယာမှတဆင့်သာ သက်ဆိုင်ရာ တာဝန်ရှိ အာဏာပိုင်များထံသို့ အချိန်နှင့်တစ်ပြေးညီ မှန်ကန်စွာ တင်ပြသိစေခြင်း ဖြစ်ပါသည်။

၃။ သို့ဖြစ်ပါ၍ ပြည်နယ်ဝန်ကြီးချုပ် အနေဖြင့် တရားဝင် ခွင့်ပြုချက်ရယူ၍ ငါးဖမ်းပြီး အသက်မွေးဝမ်းကျောင်းနေသည့် ဆင်ရဲသား တံငါးသည်များကို မညှာမတာ ရိုက်နှက်၍ သေလုမျှောပါး ဖြစ်နေသည့် အခြေအနေတွင် မြစ်ထဲသို့ ပစ်ချလိုက်ခဲ့သည့်အပြင် တံငါးသည် တစ်ဦး အသက်ဆုံးပါးသွားသည့်အထိ ကျူးလွန်ခဲ့သော မောင်တောမြို့နယ် P.O.E စခန်းမှ နယ်ခြားစောင့်နယ်များကို လိုအပ်သလို စီစစ် အရေးယူပေးပါရန်နှင့် အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ လက်အောက်ခံ ကင်းစခန်းများ၏ ပြည်သူများအပေါ် နေ့စဉ်ရက်ဆက် ညှဉ်းပန်း နှိပ်စက် ရက်စက်နေမှု၊ ကင်းစခန်းဖြတ်ကျော်ခများ ကောက်ခံနေမှုများအပြင် အောက်ခြေအာဏာပိုင်များ၏ ပြည်သူများအပေါ် ဥပဒေမဲ့ ပေါ်ပေါ်တင်တင် ညှဉ်းပန်းနှိပ်စက်နေသည်ကို အရေးမယူဘဲရှိနေသည့် အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူးကိုလည်း လိုအပ်သလို ညွှန်ကြားချက်ပေးပါရန် အသတ်ခံခဲ့ရသည့် ဦးမာမူရော်ရှိတ် (ဘ) ဦးအဒူလ်ဟာလိမ်နှင့် အခြားသော မညှာမတာ ညှဉ်းပန်းရက်စက်ခံခဲ့ရသည့် တံငါးသည်များကိုယ်စား ကျွန်ုပ်တို့ မောင်တော ဒေသခံပြည်သူများက လေးစားစွာ တိုင်ကြားအပ်ပါသည်။

မောင်တောဒေသခံပြည်သူများ




နေ့စွဲ၊ ၂၀၁၆ ခု ဂျွန်လ ၂၆ ရက်

သရဲသမိန် အကြမ်းဖက်ရှောင် ဒုက္ခသည်များ ကိစ္စ

ပဲခူးတိုင်း ဝေါမြို့နယ် သရဲသမိန်ရွာရှိ ဗလီဝတ်ကျောင်းအား အကြမ်းဖက် ဖျက်ဆီးခံရယုံမျှမက ဒေသခံ မွတ်ဆလင် မိသားစုတို့၏ အသက် အိုးအိမ်များ (လုံးဝ) လုံခြုံမှု မရှိသည့် အတွက် ထွက်ပြေး တိမ်ရှောင်နေရသော အဖြစ်သို့ ရောက်ရှိနေသည်။

“တရား ဥပဒေ စိုးမိုးရေး” ကြွေးကြော်သံဖြင့် လူထုမဲကို ရယူကာ ဖွဲ့စည်းထားသော အစိုးရတစ်ရပ် အနေဖြင့် အကြမ်းဖက်သူတို့အား အရေးယူခြင်း မရှိသေးသည့် အပြင်၊ အကြမ်းဖက်ရှောင် ဒုက္ခသည်များ၏ ဘ၀တို့အား မည်သို့မည်ပုံ ကာကွယ်စောင့်ရှောက်ပေးမည် ဟုလည်း တစုံတရာ တာဝန်ယူမှု အလျှဉ်း မရှိသေးကြောင်း တွေ့နေရသည်။

နိုင်ငံတော် တစ်ရပ်အား တာဝန်ယူထားသည့် အစိုးရအနေဖြင့် (ရှေ့တန်း စစ်မျက်နှာ အမဲရောင် မဟုတ်သော နယ်မြေမှ) ဒေသခံ ပြည်သူတို့၏ အသက်အိုးအိမ်တို့အား တာဝန်ယူမှု စောင့်ရှောက်မှု လစ်ဟင်းနေခြင်းများမှာ အကြမ်းဖက်သူတို့၏ ဘက်မှ ကူညီပံ့ပိုးပေးနေခြင်း ဖြစ်သည်ဟု ကျွန်ုပ်တို့ Civil Rights Movement မှာ သတ်မှတ်ပါသည်။

သို့ဖြစ်၍ အဆိုပါ အကြမ်းဖက်ရှောင် ဒုက္ခသည်များ၏ အရေးကိစ္စ အ၀၀ အား အလျှင်အမြန် ဆောင် ရွက်ပေးရန် နိုင်ငံတော် အစိုးရနှင့် အာဏာပိုင်အဆင့်ဆင့်အား ကျွန်ုပ်တို့ Civil Rights Movement မှ တောင်းဆိုပါသည်။

အစိုးရ၏ တာဝန်ယူမှ တာဝန်ခံမှု ပျက်ကွက်နေခြင်းနှင့် ဆက်လက်၍ ပျက်ကွက်မှုများ ရှိလာပါက- ကျွန်ုပ်တို့ Civil Rights Movement အနေဖြင့် နိုင်ငံတကာ သံရုံးများ၊ နိုင်ငံတကာ အဖွဲ့အစည်းများဖြင့် ကမ္ဘာ့ဥပဒေဘောင်တွင်းမှ အလျှင်အမြန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးလိုပါသည်။


ရဲဇော် (ရှိုက်ခ်မိုဟာမ္မဒ်)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ (မြန်မာပြည်)
Civil Rights Movement


Rohingya Exodus