နောက်ဆုံးသတင်း/ဆောင်းပါးများ

ကုလညီလာခံမှရိုဟင်ဂျာအရေးဆုံးဖြတ်ချက်ချ


ကျော်စွာဝင်း
RB News
25.12.2012
ကုလသမဂ္ဂ အထွေထွေ ညီလာခံမှ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်စလင်များနှင့် ဗုဒ္ဓဘာသာဝင်များ အကြား ဖြစ် ပွား သည့် အကြမ်း ဖက်မှုများနှင့် ပတ်သက်၍ လွန်စွာ စိုးရိမ်ကြောင်း တနင်္လာနေ့က သတင်း ထုတ် ပြန်လိုက်ပြီး၊ အစိုးရမှ လူ့အခွင့်အရေးချိုးဖောက်မှု အစီရင်ခံစာများကို ကိုင်တွယ်ဖြေရှင်းရန်လိုကြောင်းပြော ကြားလိုက် သည်။

လွန်ခဲ့သည့်လ ကမြန်မာနိုင်ငံမှချဲ့ကား၍ပြောဆိုနေသည့်သတင်းများသာဖြစ်ပြီး၊တိကျမှန်ကန်သောသတင်း များအဖြစ် အတည်ပြုရန်လိုသည်ဟု ငြင်းဆိုခဲ့သော်လည်း၊ ယခုဆုံးဖြတ်ချက်ကို ၁၉၃ နိုင်ငံမှတညီတညွတ် တည်းဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ဇွန်လမှစတင် ၍ဖြစ်ပွားခဲ့သော ရိုဟင်ဂျာ မွတ်စလင်များနှင့် ဗုဒ္ဓဘာသာများ အကြားအကြမ်းဖက် မှုကြီး တွင် ဒါဇင်ပေါင်း များစွာ အသက်ဆုံးရှူံးခဲ့ရပြီး ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ် ခဲ့ရသည်။ လူ့အခွင့် အရေး လှုပ်ရှားသည့် အဖွဲ့များမှ အကြမ်းဖက်မှုကြီးတွင် အစိုးရတပ်ဖွဲ့ဝင်များမှ သတ်ဖြတ်ခြင်း၊ မုဒိန်း ကျင့် ခြင်းနှင့် ရိုဟင်ဂျာ အများအပြား ဖမ်းဆီးခြင်းပြုလုပ်ခဲ့ သည်ဟုရေး သားခဲ့ပြီး၊ မြန်မာအစိုးရမှ အတတ်နိုင် ဆုံးထိန်းချုပ်ခဲ့ သည် ဟုတုန့်ပြန်ခဲ့သည်။

ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်တွင် ရိုဟင်ဂျာမွတ်စလင်များ၏ အခြေအနေအတွက် အထူး စိုးရိမ်လျက် ရှိ ကြောင်းနှင့် ၎င်းတို့၏ အခြေအနေများ တိုးတက်အောင်ပြု လုပ်ပေးရေး၊ လူ့အခွင့် အရေးကို ကာ ကွယ်စောင့် ရှောက်ပေးရေး   နှင့်နိုင်ငံသားဖြစ်ခွင့် တို့ကို အစိုးရမှ ကိုင်တွယ်ဖြေရှင်းပေးရန် တို့ပါရှိသည်။

တနင်္လာနေ့တွင် ချမှတ်လိုက်သော ဆုံးဖြတ်ချက်သည် လွန်ခဲ့သည့် လတွင်ကျင်းပသော ကုလသမဂ္ဂ အထွေ ထွေညီလာခံ၊ လူ့အခွင့်အရေးကို အလေးထား၍ဆွေးနွေးသော တတိယကော်မီတီ၏ ဆုံးဖြတ် ချက်ဖြစ်သည်။ ဆုံးဖြတ်ချက်တွင်ပါရှိသည်များကို မြန်မာကိုယ်စားလှယ်အဖွဲ့မှလက်ခံသော်လည်း ရိုဟင်ဂျာ ဟူသည့် အသုံး အနှုန်းကို လက်မခံနိုင်ကြောင်းငြင်းဆိုခဲ့သည်ဟုသိရသည်။

မြန်မာကိုယ်စား လှယ်အဖွဲ့မြှ မန်မာနိုင်ငံတွင်းရှိ လူ့အဖွဲ့အစည်းမှ မည်သူမဆို ၏နိုင်ငံသား ရပိုင် ခွင့်ကိုငြင်း ပယ်မည် မဟုတ် ကြောင်းနှင့် ဥပဒေနှင့်ကိုက်ညီပါကပေး အပ်သွား မည်ဖြစ်ကြောင်း ဟုပြောကြား ခဲ့ကြောင်းသိရ သည်။

မြန်မာအစိုးရ မှမြန်မာနိုင်ငံ၏ သမိုင်းတွင် ရိုဟင်ဂျာ လူမျိုးမရှိ ဟုပြည်တွင်း သတင်းစာရှင်းလင်းပွဲများနှ င့်နိုင်ငံ တကာအဖွဲ့အစည်းများ၏ အစည်းအဝေးများတွင် အကြိမ်ကြိမ်ငြင်းဆိုလျက် ရှိသော် လည်း ၊ မြန်မာနိုင် ငံလွတ် လပ်ရေးပြီးနောက် ပါလီမန်ဒီမိုကရေစီ အစိုးရလက်ထက်တွင် တိုင်းရင်းသားဟု အသိအမှတ်ပြုရုံမက၊ အခြား သောတိုင်းရင်းသားများနှင့် တန်းတူအသံလွှင့် အစီအစဉ်များနှင့် အခြားသော အခွင့် အရေး မျိုးစုံပေးအပ် ခဲ့သည်။ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ အစိုးရတက် လာပြီးနောက် ပိုင်းမှသာ ရိုဟင်ဂျာ ကိုမြန်မာတိုင်း ရင်းသားစာရင်းမှ အစိုးရ၏ ထုတ်ပယ် လိုက်ပြီး၊ ယခုကဲ့သို့ ရိုဟင်ဂျာ လူမျိုးမရှိဟု မျက်နှာ ပြောင်တိုက်ငြင်းနေခြင်းသာဖြစ်သည်။

Comment ရေးရန်

Rohingya Exodus