နောက်ဆုံးသတင်း/ဆောင်းပါးများ

မလေးရှားနယ်စပ်၌ရိုဟင်ဂျာဒုက္ခသည် ၃၆၆ ဦးဖမ်းဆီးရမိ

ဒုက္ခသည်များကိုကျန်းမာရေးစစ်ဆေးပေးနေစဉ် (ဓါတ်ပုံ - Metee Mooktaree)

ကျော်စွာဝင်း 
RB News 
 10.1.2013 

ထိုင်း-မလေးရှားနယ်စပ်ရှိ လူကုန်ကူးမှုဂိုဏ်း၏ လျှို့ဝှက်စခန်းတစ်ခုကို ထိုင်းစစ်တပ်မှ ၀င်ရောက်စီးနင်းရာ တွင် ရိုဟင်ဂျာဒုက္ခသည် ၃၆၆ ဦးဖမ်းဆီးရမိကြောင်း ထိုင်းနိုင်ငံ၊ ဖူးကတ်မြို့အခြေစိုက် Phuket Wan Tourism News မှ ယနေ့ရေးသားဖော်ပြထားသည်။

ဒုက္ခသည် ၃၆၆ ဦးနှင့်အတူ လူကုန်ကူးသူတရားခံ (၇) ဦးကိုလည်း ဖမ်းဆီးရမိသည် ဟုရေး သားဖော်ပြ ထား သည်။ ဒုက္ခသည်များတွင် အသက် ၁၅ နှစ်အောက်ကလေး ၆၂ ဦးနှင့်အတူ တစ်နှစ်အောက် အရွယ် ကလေး ၃ ဦးပါဝင်ပြီး၊ အမျိုးသမီး ၁၁ ဦးပါဝင်သည်။

ထိုလူကုန်ကူးမှုဂိုဏ်းမှ ဒုက္ခသည်နှစ်ဦးကို ထိုင်းဘတ်ငွေ ၉၅၀၀၀ ဖြင့်ရောင်း ချနေသည့်အချိန် ထိုင်းစစ် တပ် မှဝင်ရောက် စီးနင်းခြင်းဖြစ်သည်။ ထိုင်းနယ်စပ်သို့ရောက်ရှိ သူအများအပြားကို လူကုန် ကူးမှုဂိုဏ်း များမှဖမ်းဆီး၍ ယခုကဲ့သို့ ရောင်းချခြင်းများ မကြာခဏဖြစ်ပေါ်လေ့ ရှိသည်။ မလေးရှား နယ်စပ် ရှိတောင်ပေါ် စခန်းကို ယမန်နေ့ညက ထိုင်းစစ်တပ်မှ ၀င်ရောက်စီးနင်းပြီး ယခုအခါ ထိုဒုက္ခသည်များ၏ အမည်စာ ရင်းများကို မှတ်တမ်းတင်လျက် ရှိကြောင်းသိရသည်။

ဖမ်းဆီးရမိသော ဒုက္ခသည်များ၏ ကျန်းမာရေး အခြေအနေများကိုလည်း ကျန်းမာရေး စစ်ဆေးရေး အဖွဲ့များ ခေါ်ယူပြီး စစ်ဆေးလျက်ရှိကြောင်း ထိုစခန်းတည်ရှိရာ ပဒန်နေဇာခရိုင်ရဲတပ်ဖွဲ့မှာ ဒုတိယ ဗိုလ် မှူး ကြီး က သီကာဂျီဒ်ဘန်ဂျောင် မှပြော ကြားကြောင်း အဆိုပါသတင်း တွင်ရေး သားဖော်ပြ ထား သည်။

ထိုသို့ ထိုင်းစစ်တပ်မှ ၀င်ရောက်စီးနင်းနိုင်အောင် ထိုင်းနိုင်ငံရှိ ရိုဟင်ဂျာအမျိုးသားအဖွဲ့မှ ကိုကလမ်မှ ကူညီပေး ခဲ့သည်။

“ကျွန်တော်တို့ ဒုက္ခသည်တွေထဲ ကနှစ်ယောက်ကို ၉၅၀၀၀ နဲ့ဝင်မယ်ဆိုပြီး သဘောတူကြတယ်။ အဲဒီ နှစ်ယောက်ကို ပိုက်ဆံ ပေးပြီးခေါ်ဖို့ဆိုပြီး နေ့လည် ၂ နာရီကတည်းရောက်သွားတာ ပွဲစားတွေက ည ၈ နာရီမှရောက် လာတယ်။ ရောက်လာတာနဲ့ တပြိုင်နက် ထိုင်းစစ်တပ်က၀င်စီးတာ” ဟုကိုကလမ်မှပြော သည်။

ထိုစခန်းသို့ သွားရောက်ရာတွင် လုံခြုံရေးဂိတ်များစွာကိုဖြတ်သန်းရပြီး လူကုန်ကူးသူ (၃) ဦးနှင့် စခန်းလေး ခု မှလုံခြုံရေး (၄) ဦးကိုလည်းဖမ်းဆီးရမိကြောင်း ကိုကလမ်မှပြောကြောင်း အဆိုပါ သတင်း တွင်ရေး သားထား သည်။

လွန်ခဲ့သည့်သုံးလ အတွင်းမြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှ ရိုဟင်ဂျာဒုက္ခသည် တစ်သောင်းခန့် ထိုင်းနိုင်ငံသို့ ဆိုက်ရောက် ခဲ့ကြောင်းသိရသည်။ ဇန်န၀ါရီလ (၁) ရက်နေ့တွင် ဖူးကတ်တွင် ဖမ်းဆီး၍ ရနောင်းမြို့သို့ ပို့လိုက်သော ဒုက္ခသည်များကို ထိုမှတဆင့် ထိုင်းနိုင်ငံတောင်ပိုင်းဘက်သို့ ရေကြောင်းဖြင့် လွှတ်ပေး လိုက်ကြောင်းသိရသည်။ ထိုင်းနိုင်ငံသို့ ဆိုက်ကပ် လာသောဒုက္ခသည်များကို အစာရေစာများဝေ ငှ၍ စက်လှေကို ဆီဖြည့်ပေး၍ မလေးရှားနိုင်ငံဘက်သို့သာ တွန်းပို့ လျက်ရှိ  ကြောင်းရေး သားဖော်ပြ ထားသည်။

Comment ရေးရန်

Rohingya Exodus