နောက်ဆုံးသတင်း/ဆောင်းပါးများ

နစကမှခြိမ်းခြောက်မှုကြောင့် ရသေ့တောင်မှဘာသာရေးဆရာများထွက်ပြေးတိမ်းရှောင်နေ


Qutub Shah
RB News
9.1.2013

ရသေ့တောင် ။ ။
ဇန်န၀ါရီလ (၈) ရက်၊ ယမန်နေ့က ရသေ့တောင်မြို့နယ်၊ ရာဇာဘီလ်ကျေးရွာမှ ဦးအလီ အဟမတ် (ဘ) ဦးကာလူကို တပ်ရင်း (၅၃၈) မှမည်သည့်အကြောင်းပြချက် တစုံတရာ မပေးဘဲ ဖမ်းဆီး သွားခဲ့သည်။ ဦးအလီအဟမတ်အား ပြန်လည် လွှတ်ပေးလိုက်သော်လည်း ရိုက်နှက်မှု ဒဏ်ကြောင့် သေ လုမျောပါးဖြစ်၍လာသည်ဟုသိရသည်။

ဇန်န၀ါရီလ (၆) ရက်နေ့တွင်ရသေ့တောင်မြို့နယ်၊ ဒုန်းစိရွာသို့ နှစ်စဉ်လူဦးရေ စစ်ရန်နှင့် ဘင်္ဂလီဟု အတင်း အဓမ္မလက်မှတ် ထိုးခိုင်းသည့်အဖွဲ့ရောက်ရှိလာခဲ့ရာ လက်မှတ်ထိုးရန်ငြင်းဆန်ခဲ့သူများထဲမှ အစ္စလာမ် ဘာသာရေးဆရာ (၃) ဦးကို ရောက်ရှိလာသည့် နစကနယ်မြေ (၉) စခန်းအမှတ် (၁၉) မှ ရိုက်နှက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ထိုသို့ဖမ်းဆီးခဲ့ ရသူ (၃) ဦးမှာ -
 
(၁) မော်လ၀ီဦးစလင်းအုလ္လာ (ဘ) ဦးအလီအဟမတ် (အသက် ၅၀ နှစ်)
(၂) မော်လ၀ီဦးဆလာမတ်အုလ္လာ (ဘ) ဦးရှော်ဘီရမ် (အသက် ၄၀ နှစ်)
(၃) မော်လ၀ီဦးရာမတ်အုလ္လာ (အသက် ၄၅ နှစ်)

အထက်ပါဘာသာရေးဆရာ (၃) ဦးအားလူမဆန်စွာရိုက်နှက်ဖမ်းဆီးသွားပြီးနောက်၊ နစကများမှရွာအတွင်း ရှိဘာသာရေး ပညာဆည်းပူး ထားသူများအားလုံးကို ဖမ်းဆီး၍ ညှင်းပန်းနှိပ်စက်မည်ဟု သတင်းလွှင့်ရာ ရွာအတွင်း ရှိဘာသာရေး ပညာဆည်းပူးထားသူများ အားလုံးအခြားရွာများသို့ တိမ်းရှောင်နေကြပြီး၊ အချို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်နေကြကြောင်း ရသေ့တောင်ဒေသခံ တစ်ဦးမှ RB News သို့ ပြောပါသည်။

ဘူးသီးတောင် ။ ။ ဇန်န၀ါရီလ (၅) ရက်နေ့တွင်ဘူးသီးတောင်မြို့နယ်၊ ဦးလှဖေရွာမှ ဦးအလီဂျိုဟာ (ဘ) ဦးအူလာမျာအား ငွေကြေးလဲလှယ်နေသည်ဟု မဟုတ်မမှန်စွပ်စွဲ၍ နစကစခန်းအမှတ် (၂၁) မှဖမ်းဆီး သွားပြီး၊ ငွေကျပ်တစ်သိန်း ယူ၍ပြန်လည် လွှတ်ပေးခဲ့သည်ဟုသိရသည်။

Comment ရေးရန်

Rohingya Exodus