နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘင်္ဂလီဟုအတင်းအဓမ္မဇတ်သွင်းနေသည့်အပြင် ငွေကြေးတောင်းခံမှုများပါရှိနေ


Qutub Shah
RB News
9.1.2013

မောင်တော ။ ။ ရခိုင်ပြည်နယ်တွင် နယ်စပ်ဒေသ ကွပ်ကဲရေးအဖွဲ့မှ နှစ်စဉ် ခြောက်လတစ်ကြိမ်လူဦးရေ စစ်ဆေးခဲ့ရာ၊ ယခုတစ်ကြိမ်တွင် ပုံစံ၌ လူမျိုးနေရာတွင် ဘင်္ဂလီဟုရေးသား၍ အတင်းအဓမ္မ လက်မှတ်ထိုး ခိုင်းနေခြင်းများကို မြို့နယ်အားလုံးတွင်ပြုလုပ်လျက်ရှိသည်။

ထိုသို့ စစ်ဆေးရာတွင် မိသားစု တစ်စုလျှင် ငွေကျပ် တစ်ထောင် မှနှစ်ထောင် အထိပေးရပြီး၊ မွေးထားသည့် ကလေးအား မှတ်ပုံတင်ရန် ငွေကျပ်တစ်သောင်း မှနှစ်သောင်း၊ လက်ထပ်ထိမ်းမြား ထားသည့်အမျိုးသမီးမှ အမျိုးသား၏ အိမ်ထောင် စုစာရင်းသို့ ပြောင်းလျှင်ငွေ ကျပ်တစ်သိန်းခွဲမှ သိန်းနှစ်ဆယ် ထိတောင်း ခံလျက် ရှိ ကြောင်း မောင်တောမြို့ဒေသခံ တစ်ဦးမှ RB News သို့ပြောပါသည်။

ယခု ကဲ့သို့ ရိုဟင်ဂျာ လူမျိုးများကို အတင်းအဓမ္မ ဘင်္ဂလီ ဇတ်သွင်းနေသည့် ကိစ္စကို ရိုဟင်ဂျာများ အားလုံး မှ လက်မှတ်ထိုးပေး ရန်ငြင်းဆန်လျက် ရှိသော်လည်း နစက နယ်မြေမှူးမှ လက်မှတ် မထိုး သူများ ၏ ပိုင်ဆိုင် သည့် စီးပွားရေး လုပ်ငန်းများ၊ အိမ်ခြံမြေ များကို သိမ်းပိုက် မည်ဖြစ်ကြောင်း၊ အားလုံးအား ဖမ်းဆီး ၍ထောင်ချ မည်ဖြစ်ကြောင်း၊ တတိယနိုင်ငံသို့ ပို့ပစ်မည်ဖြစ်ကြောင်း အမျိုးမျိုးပြော ဆို၍ ခြိမ်းခြောက်လျက် ရှိကြောင်း သိရသည်။ ထိုသို့ခြိမ်းခြောက်သော်လည်း ရိုဟင်ဂျာအများစု မှာဖြစ် လာသမျှကို ရဲရဲဝံ့ဝံ့ရင် ဆိုင်ရန် အသင့် ရှိနေသည့် အနေ အထားရှိနေ သည်ကိုတွေ့ရသောကြောင့် အချို့ အားဖမ်း ဆီးခြင်း၊ ရိုက်နှက် ညှင်းပန်းနှိပ် စက်ခြင်းနှင့် အိမ်ထောင် စုစာရင်းများကို ဖျက်သိမ်းခြင်း များပြု လုပ် လျက် ရှိသည်။ ထိုသို့ပြု လုပ်၍ပင် ရိုဟင်ဂျာ များမှာ ဘင်္ဂလီဟု လက်မှတ်ထိုး ရန်ငြင်းဆန်လျက်ရှိရာ၊ ယခု အခါနှစ် စဉ်နှစ်ကြိမ် စစ်ဆေး သည့်အတိုင်းသာ ဆက်လက်စစ်ဆေးသွား မည်ဟု နစကများ မှပြော ကြား ခဲ့ကြောင်းသိရသည်။

သို့သော်လည်းတောင်ပြို တိုက်နယ်တွင်မူ ဇန်န၀ါရီလ (၆) ရက်နေ့က ကျီးကန်းပြင်ကျေးရွာ အခြေစိုက် နစက ဌာနချုပ်မှူးမှ ယခုကဲ့သို့ နှစ်စဉ်နှစ် ကြိမ်စစ်ဆေးနေခြင်းမှာ လုံလောက်မှုမရှိသောကြောင့် ကွန်ပျူ တာဖြင့် လက်ဗွေယူ၍ စစ်ဆေးသည့် စီမံကိန်းကို တောင်ပြို တိုက်နယ်တွင်ပြန်လည် စတင်မည်ဖြစ် သည်ဟုပြောကြား ခဲ့ကြောင်း သတင်းရရှိပါသည်။

Comment ရေးရန်

Rohingya Exodus