နောက်ဆုံးသတင်း/ဆောင်းပါးများ
ရခိုင်အစွန်းရောက်များမှ ရိုဟင်ဂျာနှင့် ကမန်များအား မတ်လနှင့် ဧပြီလတွင် ထပ်မံသတ်ဖြတ်ရန် စီစဉ်နေ
၂၀၁၂ ခုနှစ် ဇွန်လဆန်းပိုင်းတွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ရသေ့တောင်မြို့နယ်နှင့်စစ်တွေ မြို့ နယ် များတွင် ဖြစ်ပွား ခဲ့သော အကြမ်းဖက် မှုများကြောင့် ရိုဟင်ဂျာ မွတ်စလင်များနှင့် ကမန်မွတ်စလင် အများ အပြား အသက် ဆုံးရှူံးခဲ့ရသည်။ 
ရိုဟင်ဂျာ လူမျိုးများတွင် လက်နက်ကိုင် အဖွဲ့အစည်းများ မရှိသော်ငြား လည်း၊ ပြည်တွင်း သတင်း ဌာန များ နှင့်နိုင်ငံတော် သမ္မတရုံး ညွန်ကြားရေးမှူး မှူးဇော် (ခ) ဗိုလ်မှူးဟောင်း ဇော်ဌေး၏ Facebook စာ မျက် နှာ တို့မှ ရခိုင်ပြည်နယ်ကို ရိုဟင်ဂျာများ သိမ်းပိုက်နေသယောင်နှင့် ရိုဟင်ဂျာများမှ ရခိုင် လူမျိုးများကို လူမျိုးတုန်း သတ်ဖြတ်နေ သယောင် ၀ါဒဖြန့်ချီ၍ အခြေအနေများကို ပိုမိုတင်း မာအောင်ပြု လုပ်ခဲ့ပြီး ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် ဒုတိယ အကြိမ် အကြမ်းဖက်မှုများ ရခိုင်ပြည် နယ် အ၀န်းတွင်ဖြစ်ပေါ်ခဲ့ သည်။ 
နိုင်ငံတော် အစိုးရ မှ ၁၈၀ ခန့်သေ ဆုံးသည်ဟု ထုတ်ပြန် ခဲ့သော်လည်း အမှန် တကယ် အသက်ဆုံးရှူံးခဲ့ ရသူ ပမာဏမှာ လွန်စွာ များပြားခဲ့သည်။ ထို့အပြင် အကြမ်းဖက်မှု များကို တိမ်းရှောင်ခဲ့သူ အများအပြားပင် လယ်ပြင်တွင် အသက်ဆုံးရှူံး ခဲ့ရသည်။ အကြမ်းဖက် မှုများကြောင့် အပြစ်မဲ့ ၁၂၀၀၀၀ ခန့်အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရပြီး၊ ယခု အခါ ဘက်ပေါင်းစုံမှ အခြေအနေဆိုးရွားသော ဒုက္ခသည် စခန်းများ၌နေ ထိုင်နေကြ ရ သည်။ 
လွန်ခဲ့ သည့်ဖေဖော် ၀ါရီလမှစ၍ မတ်လနှင့်ဧပြီလ မြန်မာ့ရိုးရာ သင်္ကြန်ပွဲမတိုင်မှီတတိယအကြိမ်အကြမ်း ဖက်မှု များဖြစ်ပွားမည်ဟု သတင်းများ ပျံ့နှံ့လျက် ရှိခဲ့သည်။ ထိုသို့ သတင်းပျံ့နှံ့မှု များမှန်ကန်မှုရှိ/မရှိ ကို လေ့လာ စုံစမ်းခဲ့ရာ မတ်လ နောက်ဆုံး ပတ်တွင်တစ်ကြိမ်နှင့် ဧပြီလ ဒုတိယပတ်တွင်တစ်ကြိမ် ရခိုင် ပြည်နယ် အတွင်းရှိ မွတ်စလင်များအား သတ်ဖြတ်ရန် အစွန်းရောက် အဖွဲ့အစည်းများမှ အစီ အစဉ်ရေး ဆွဲထားပြီးဖြစ်ကြောင်း RB News မှခိုင်လုံသည့် သတင်း ရပ်ကွက်များမှ တိကျ မှန် ကန်သောသတင်းများ ရရှိထားပြီးဖြစ်သည်။ 
ရခိုင်ပြည် နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ် အနှံ့အပြားရှိ နတလကျေးရွာများတွင် သေနတ်ပစ်နည်း၊ ဓါးရှည် ခုတ်နည်းများ ကိုလည်း လွန်ခဲ့သည့်ဖေဖော်ဝါရီလမှ စတင်၍ သင်တန်း များပေးနေ သည်ကို မျက် မြင်သက်သေ များမှ RB News သို့ပြောကြား ခဲ့သည်။ ထို့အပြင် စစ်တွေမြို့ရှိ လုံထိန်းတပ်ဖွဲ့ဝင် ၃၀၀ ခန့်မှာ ဗမာ လူမျိုးများဖြစ်ခဲ့ပြီး၊ ၎င်းလုံ ထိန်းတပ်ဖွဲ့ဝင်များကို ရခိုင် လူမျိုးလုံထိန်း တပ်ဖွဲ့ဝင်များဖြင့်လဲ လှယ် လိုက်ပြီး၊ မွမ်းမံ သင်တန်းများပေး လျက်ရှိကြောင်း ကိုလည်း ခိုင်မာသည့် သတင်း ရပ်ကွက်များမှ ရရှိ ထား ပြီးဖြစ် သည်။ 
မတ်လ နောက်ဆုံး ပတ်တွင် စတင်မည့် အကြမ်းဖက်မှုကို ရခိုင်လူမျိုးများ အကြားသိ ရှိနေပြီဖြစ်သော် လည်း ရိုဟင်ဂျာနှင့် ကမန် မွတ်စလင်များမှာ သတင်း အစအနပင် မရရှိသေးဘဲ၊ ရှောင်တခင်သတ်ဖြတ်ခံ ရမည့် အခြေအနေတွင်ရှိနေပါသည်။ ယခင်ကဲ့သို့ပင် ပြည်တွင်းသတင်းဌာနများနှင့် နိုင်ငံတော် သမ္မတ ရုံး ညွန် ကြားရေးမှူး - မှူးဇော် (ခ) ဗိုလ်မှူးဟောင်းဇော်ဌေးတို့မှ မဟုတ်မမှန်လုပ်ကြံ၍၀ါဒဖြန့်ချီ မှုများ ထပ် မံပြု လုပ်ရန်စီစဉ် ထားသည်ကိုလည်း သိရှိထားပါသည်။ 
သို့ဖြစ်ပါ၍ နိုင်ငံရေး အမြတ်ထုတ် ချင်သူလူတစ်စုကြောင့် အပြစ်မဲ့ပြည်သူများ အသက်ဆုံးရှူံးမှုနှင့် အိုး မဲ့အိမ် မဲ့ဖြစ် ပွားမှုအားလုံး ကိုကြိုတင်ကာ ကွယ်ရန်မျှော်ကိုးလျက် ဤနှိုးဆော်စာအား ပြည်ထောင်စု သမ္မ တမြန် မာနိုင် ငံတော် အစိုးရနှင့် နိုင်ငံတကာ အစိုးရများ မှလေးနက်စွာစဉ်းစား၍၊ အခြေအနေများကို အချိန်မှီ ထိန်း သိမ်းပေးပါရန်၊ လေးစား စွာတိုက်တွန်းနှိုးဆော် အပ်ပါသည်။ 
RB News Team
၂၀၁၃ မတ်လ (၈)
Comment ရေးရန်
Rohingya Exodus