နောက်ဆုံးသတင်း/ဆောင်းပါးများ

ရခိုင်သမိုင်းဆိုင်ရာ ဆွေးနွေးပွဲ ဗီဒီယိုမှတ်တမ်း


RB News
12.3.2013

ရခိုင်သမိုင်းဆိုင်ရာ ဆွေးနွေးပွဲ တစ်ရပ်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မတ်လ (၉) ရက်နေ့က ကျင်းပခဲ့ ပါသည်။ အဆိုပါ အခမ်းအနားကို ရိုဟင်ဂျာများကို ဖိတ်ကြားမပြုလုပ်ဘဲ တစ်ဖက် သတ်ပြု လုပ် ခဲ့ခြင်း ဖြစ် သည်။ သို့သော်လည်း ရန်ကုန်မြို့ရှိ ရိုဟင်ဂျာနိုင်ငံရေး ခေါင်းဆောင်များနှင့်အတူ သမိုင်း သုတေ သီတစ် ဦးဖြစ်သည့် ဦးဌေးလွင်ဦးလည်း မိမိတို့၏အစီအစဉ်ဖြင့် တက်ရောက်ခဲ့သည်။ 

ဦးဌေးလွင်ဦးမှ ရိုဟင်ဂျာဟူသည့် လူမျိုးအမည်သည် ၁၈ ရာစုမတိုင်မှီကတည်းက တည်ရှိခဲ့သည်ကို သက်သေပြနိုင် ခဲ့သော်လည်း ရခိုင်သမိုင်းပညာရှင် ဒေါက်တာအေးချမ်း အဆိုပါရိုဟင်ဂျာဆိုသည့် လူမျိုးအ မည်သည် ရခိုင်ဗုဒ္ဓဘာသာဝင်များကို ရည်ညွန်းသည်ဟု ရယ်မောဖွယ်ရာ ဟာသကြီးသဖွယ် ပြန်လည်ဖြေ ကြားခဲ့သည်။ 

Francis Buchanan-Hamilton ရေးသားခဲ့ရာတွင် မဟာမေဒင် (Mohammedans) များကို ရိုအင်ဂါဟုခေါ် သည်ဟု ယနေ့ရိုဟင်ဂျာလူမျိုးများ ပြောဆိုနေသည့် ဘာသာစကားကိုပင် ရေးသား၍ ဖော်ညွန်းထားပေ သည်။ 

ဦးဌေးလွင်ဦး၏ မေးမြန်းချက်များနှင့် ဒေါက်တာအေးချမ်း ဟာသသဖွယ် ဖြေကြားချက်များကို အောက်ပါ ဗီဒီယိုမှတ်တမ်းများတွင် ကြည့်ရှူနိုင်ပါသည်။ 

အပိုင်း (၁)


အပိုင်း (၂) 

Comment ရေးရန်

Rohingya Exodus