နောက်ဆုံးသတင်း/ဆောင်းပါးများ

စစ်အစိုးရ ရာဇဝတ်မှုများနှင့် ပက်သတ်၍ လက်ရှိအစိုးရနှင့် NLD အပေါ် ကုလ ဝေဖန်


မဇ္ဈိမ
11.3.2013

(မဇ္ဈိမ) ။ ။ ယခင် စစ်အစိုးရ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများကို သက်ဆိုင်သူများက တာဝန်ယူမှု ရှိလာစေရေး အတွက် မြန်မာနိုင်ငံ အနေဖြင့် ဆက်လက်ဆောင် ရွက်သင့်သော်လည်း၊ အရပ်သားအသွင် ကူးပြောင်း ထားသည့် လက်ရှိမြန်မာ အစိုးရက သာမက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အတိုက် အခံများကပါ ထိုကဲ့သို့ ဆောင်ရွက်ကြရန် ဆန္ဒမရှိဘဲ ဖြစ်နေကြ သည်ဟု မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့ အခွင့်အရေး အထူးကိုယ်စားလှယ် က သောကြာနေ့က ပြောကြား ခဲ့ကြောင်း ရိုက်တာ သတင်းဌာ န တွင် ဖော်ပြထားသည်။

ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလ သမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် တောမတ်စ် အိုဟေးကင် တားနားက ပြောကြား ခဲ့ခြင်းဖြစ်ပြီး သူက ဆယ်နှစ်ပေါင်းများစွာ လူ့အခွင့်အရေး ချိုးဖောက်ခြင်းခံ ခဲ့ရသည့်ဒဏ်များကို ကုစားရန် နှင့်  ပြုပြင်ပြောင်း လဲရေး လုပ်ငန်းစဉ် များ ခိုင်မာရေးအတွက် တာဝန် ခံဖြေရှင်းမှု ရှိရေးမှာ အလွန် အရေးကြီး လှသည်ဟု ဆိုသည်။

ယခင် စစ်အစိုးရသည် ၄င်းတို့ မတရားအုပ်ချုပ်ခဲ့သည့် ဆယ်စုနှစ်များ အတွင်း ညှဉ်းပန်းနှိပ်စက်မှု၊ သတ်ဖြတ် မှု၊ မုဒိမ်းမှု၊ အဓမ္မ ခိုင်းစေမှုစသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို အလွန်ဆိုးရွားစွာ ကျူး လွန်ခဲ့ကြသည်ဟု စွပ်စွဲခြင်းခံခဲ့ရကာ၊ အထူးသဖြင့် တိုင်းရင်းသား ဒေသများတွင် လူ့အခွင့်အရေးချိုးဖောက် မှုများ ပိုမိုပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။

နောက်တပတ်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသို့ အစီရင်ခံစာ တစောင် တင်သွင်းမည်ဖြစ်သည့် ကင်တားနားက “လက်တွေ့ အခြေအနေကို ပြောရမယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာ ဒီကိစ္စဟာ ဘယ်အုပ် စု ရဲ့ လုပ်ငန်းစဉ်ထဲမှာမှ မပါဘဲ ဖြစ်နေတယ်။ လက်ရှိ အစိုးရရဲ့ လုပ်ငန်းစဉ်ထဲမှာလည်း မပါသလို တခြား အတိုက်အခံ ပါတီတွေရဲ့ လုပ်ငန်းစဉ်ထဲမှာလည်း မပါပါဘူး။ တိုင်းရင်းသား လူနည်းစု အဖွဲ့တွေရဲ့ လုပ် ငန်းစဉ်တွေ ထဲမှာလည်း မပါပါဘူး” ဟု ဆိုခဲ့သည်။

Comment ရေးရန်

Rohingya Exodus