April 11, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ကြားဖြတ်သတင်း - ရိုဟင်ဂျာ တက္ကသိုလ် ကျောင်းသား တစ်ဦး အသတ်ခံရ


မာတလိ 
RB News 
12.3.2013 

ဘူးသီးတောင် ။ ။ ယနေ့ (မတ်လ ၁၂ ရက်) နံနက် ၁၂း၃၀ (သန်းခေါင်ယံ) နာရီတွင် ဘူးသီးတောင် မြို့နယ်၊ သရက်ပြင် ကျေးရွာတွင် ရခိုင်အကြမ်းဖက် အဖွဲ့တစ်ဖွဲ့မှ ဒုတိယနှစ် တက္ကသိုလ် ကျောင်းသား ရိုဟင်ဂျာ လူငယ်တစ်ဦးကို လူမဆန်စွာ သတ်ဖြတ်ပြီး စိုင်းတင်ချောင်းထဲသို့ ပစ်ချလိုက်ကြောင်း သတင်း ရရှိပါသည်။ 

“သစ်တောဌာန ၀န်ထမ်းတစ်ဦး ဖြစ်တဲ့ ဦးအလီက သူရဲ့သားဖြစ်တဲ့ ဒုတိယနှစ် တက္ကသိုလ် ကျောင်း သား အီလီယာစ် (ခ) မောင်သန်းလှိုင်ကိုပါ ခေါ်ပြီး သရက်ပြင် ကျေးရွာမှာ ရှိတဲ့ သစ်တောကင်း စခန်း မှာ တာ ၀န်အရ ကင်းစောင့်နေတဲ့ အချိန်မှာ စိုင်းတင်ရေတံခွန် ဘက်ကနေ ရခိုင် အကြမ်းဖက် သမား (၁၂) ယောက်ဆင်းလာပြီး ၀င်ပြီးတိုက်ခိုက်တယ်။ အဲဒီမှာ ဦးအလီကတော့ ထွက်ပြေးလို့ လွတ် သွား ပေ မယ့် သားဖြစ်သူ အီလီယာစ်ကတော့ ရက်ရက်စက်စက် ဓါးနဲ့ ထိုးသတ်ခံရပြီး မသေမရှင်ဖြစ်နေတဲ့ အ ချိန်မှာ ခြေလက်တွေကို ကြိုးနဲ့တုပ်ပြီး စိုင်းတင် ချောင်းထဲကို ပစ်ချလိုက်တယ်” ဟု ဘူးသီးတောင် မြို့ နယ် ဒေသခံတစ်ဦးမှ RB News သို့ပြောပါသည်။ 

လူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်ခံ လိုက်ရသည့် အီလီယာစ်၏ အလောင်းကို ယခုအချိန်ထိ ရှာဖွေ မတွေ့ရှိ သေးကြောင်း သိရပါသည်။ 

“ရခိုင် အကြမ်းဖက် သမား (၁၂) ယောက်ထဲမှာ မြို့နယ် လ၀ကဌာနက အောင်စံသိန်း၊ မြို့နယ် မြေ စာရင်း ဌာနက သန်းတင်၊ မြို့နယ် သစ်တောဌာနက လှထွန်း၊ တင်စိုး (ခ) သိန်းစိုးနဲ့ အောင်မြင့်၊ မြို့နယ် စိုက် ပျိုးရေး ဌာနက ဇာနည်အောင်နဲ့ နေလင်း၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဌာနက စံသိန်း နဲ့ အခြား အမည်မသိ လေးဦး တို့ပါဝင်ပါတယ်။ သူတို့ရဲ့ ခေါင်းဆောင်ကတော့ လ၀ကဌာနက အောင်စံသိန်းပါ။” ဟုအဆိုပါ ဒေသခံမှ ဆက်လက်ပြောပါသည်။ 

ဘူးသီးတောင်မြို့နယ်တွင် ရိုဟင်ဂျာများအား တိုက်ခိုက်၍ လူမျိုးရေး ပြဿနာ ဖန်တီးနေသူများမှာ အဓိက အားဖြင့် ရခိုင်လူမျိုး အစိုးရ၀န်ထမ်းများဖြစ်သည်။ အဆိုပါ ၀န်ထမ်းများထဲတွင် လ၀ကဌာနမှ ၀န်ထမ်း များသည် အဆိုးရွားဆုံးဖြစ်ကြောင်း သိရပါသည်။ 

၂၀၁၂ ခုနှစ် ဇူလိုင်လ (၇) ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်က ရိုဟင်ဂျာလူမျိုးများကို သန့်စင်ပစ်ရန် အ ချက်ပြပြီးနောက် ရခိုင်ပြည်နယ် အနှံ့တွင် ရခိုင်အကြမ်းဖက်များက မွတ်စလင်များကို တကွဲ တပြား တွေ့ ရှိလျှင် သတ်ဖြတ်၍ အလောင်း ဖျောက်ပစ်ခြင်းများ မကြာခဏ ပြုလုပ်လျက် ရှိသည်။ 

နိုင်ငံတော် အစိုးရမှ အဆိုပါ အကြမ်းဖက်သမားများကို အရေးမယူဘဲ လွတ်ပေးထားသဖြင့် ရိုဟင်ဂျာ မွတ်စလင်များ၏ အသက်အိုးအိမ် စည်းစိမ်တို့မှာ လုံခြုံမှုကင်းမဲ့လျက် ရှိသည်။ ထိုကဲ့သို့ မင်းမဲ့စရိုက် ဆန် ဆန် သတ်ဖြတ်လျက်ရှိသဖြင့် ဘူးသီးတောင်မြို့နယ်မှ မွတ်စလင်များ အထူးစိုးရိမ် ထိပ်လန့်လျက် ရှိကြောင်း သိရပါသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus