နောက်ဆုံးသတင်း/ဆောင်းပါးများ

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ မှတ်ပုံတင်ခွင့်ရ


RB News 
12.3.2013 

ရန်ကုန် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ်မှ ၁၉၉၀ ခုနှစ် ပါတီစုံ ဒီမို ကရေ စီ ရွေးကောက် ပွဲတွင် အမတ်ရွေးချယ် တင်မြှောက်ခံခဲ့ ရသည့် ဦးကျော်မင်း ခေါင်းဆောင်သော ဒီမို ကရေ စီ နှင့်လူ့ အခွင့် အရေးပါတီ (Democracy and Human Rights Party, DHRP) ကို နိုင်ငံရေး ပါတီ အဖြစ် ပြည် ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ မှတ်ပုံ တင်ခွင့်ပြု လိုက်ကြောင်း သတင်းရရှိပါသည်။ 

အဆိုပါ ဒီမိုကရေစီနှင့် လူ့အခွင့် အရေးပါတီကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့တွင် မှတ်ပုံ တင် ခွင့် လျှောက် ထားခဲ့ခြင်း ဖြစ်ပါသည်။ ဒီမိုကရေစီနှင့် လူ့အခွင့် အရေး ပါတီ၏ မှတ်ပုံတင်အမှတ်မှာ (၆၃) ဖြစ် ပါသည်။ 

ဒီမိုကရေစီနှင့် လူ့အခွင့် အရေးပါတီကို ဦးဆောင်သည့် ဦးကျော်မင်းသည် အငြိမ်းစား လက်ထောက် ပညာရေးမှူး တစ်ဦးဖြစ်ပြီး ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသား လူ့အခွင့် အရေး ဒီမိုကရက်တစ် ပါတီ (National Democratic Party for Human Rights, NDPH) ကို ကိုယ်စား  ပြုပြီး ၀င်ရောက် ယှဉ် ပြိုင်ခဲ့ပြီး ရွေးကောက်ပွဲတွင် ရွေးချယ် တင်မြှောက်ခံ ခဲ့ရသူ ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည် ပါဝင် ဦးစီးသည့် ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မီတီ (CRPP) တွင် အဖွဲ့ဝင် တစ်ဦး ဖြစ်ခဲ့ပြီး နိုင်ငံတ ကာ အလုပ်သမား အဖွဲ့နှင့် ပြောဆိုမှုများ၊ ပြည်ထောင်စုနေ့ ကြေညာချက် ထုတ်ပြန်မှု များကြောင့် ၂၀၀၅ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် ဖမ်းဆီးခံ ရပြီး ထောင်ဒဏ် (၄၇) နှစ်ချမှတ် ခံခဲ့ရသည်။ ၎င်းအပြင် မိသားစု ၀င်များ ကိုလည်း ဖမ်းဆီး၍ ထောင်ဒဏ် (၁၇) နှစ်စီ ချမှတ်ခဲ့သည်။ ထို့နောက် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ တွင် နိုင် ငံတော် သမ္မတ၏ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက် လာပြီးနောက် ဒီမိုကရေစီ နှင့် လူ့အခွင့် အရေး ပါတီကို တည်ထောင်၍ မှတ်ပုံတင် ခွင့် လျှောက်ထား ခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီနှင့် အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ဒီမိုကရက်တစ် ပါတီ (NDPD) တို့ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင် ခဲ့သည်။

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် မြောက်ပိုင်းမှ လက်ရှိအာဏာရပါတီ ပြည်ခိုင်ဖြိုးပါတီမှ ရိုဟင်ဂျာ အမျိုးသားများ ဖြစ်ကြသည့် ဦးရွှေမောင်၊ ဦးအောင်ဇော်ဝင်းနှင့် ဦးဌေးဝင်းတို့ ပြည် ထောင်စု လွှတ်တော် အမတ်များ အဖြစ် ရွေးချယ်တင် မြှောက်ခံရပြီး၊ ဦးအောင်မျိုးမင်းနှင့် ဒေါက်တာ ဘရှီရ်အာဟမတ်တို့ နှစ်ဦးမှာ ပြည်နယ် လွှတ်တော် ကိုယ် စားလှယ်များ အဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံရသည်။ 

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ ရုံးချုပ်ကို ရန်ကုန်တိုင်း ဒေသကြီး၊ တာမွေမြို့နယ်တွင် ဖွင့်လှစ်ထား ကြောင်း သိရှိရပါသည်။ 

Comment ရေးရန်

Rohingya Exodus