နောက်ဆုံးသတင်း/ဆောင်းပါးများ

ရဲနှင့် နစကများမှ မတရား ဖမ်းဆီး၍ ပမာဏ ကြီးမားသည့် ငွေကြေး တောင်းခံနေ


ဌေးဇော် 
RB News 
12.3.2013 

ဘူးသီးတောင်။။ဘူးသီးတောင်မြို့နယ် အခြေစိုက် နစကစခန်း များနှင့်မြို့နယ် ရဲတပ်ဖွဲ့မှ ဒုရဲ အုပ်မြတ် ထွေးတို့ သည် ဒေသခံ ရိုဟင်ဂျာများကို အကြောင်းမဲ့ ဖမ်းဆီး၍ ငွေညှစ် လျက်ရှိပြီး ၎င်း တို့ တောင်း ခံ သည့် ငွေကြေး ပမာဏကို မပေး မချင်း ဖမ်းဆီးထား နေကြောင်း သတင်းရရှိပါသည်။ 

မတ်လ (၁၀) ရက်နေ့၊ တနင်္ဂနွေနေ့ တွင်မြို့မဈေးတွင်း ဆေးဆိုင်ရောင်း၍ အသက်မွေး ၀မ်းကျောင်း ပြု လျက် ရှိသော ဦးရှောမ်ရှူအား နေ့လည် ၂ နာရီခန့်တွင် မူးယစ်ဆေး ၀ါးရှိသည်ဟု မဟုတ်မမှန်စွပ်စွဲ၍ ဘူး သီးတောင်မြို့နယ် ရဲစခန်းမှ ဒုရဲအုပ် မြတ်ထွေးမှ ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သိရှိရပါ သည်။ ထို့ နောက် ဘူးသီးတောင်မြို့နယ် ရဲစခန်းတွင် ချုပ်နှောင်ထားပြီး မိသားစု များအား ငွေကျပ် ၅ သိန်းပေး လျှင် ပြန် လည်လွှတ် ပေးမည်ဟု ပြောဆိုနေကြောင်း သိရပါသည်။ 

မတ်လ (၈) ရက်နေ့တွင် နစက စခန်းအမှတ် (၂၁) မှ ဗိုလ်ကြီး ဇင်မောင်မောင်မြင့် သည် ဘူးသီးတောင် မြို့ နယ် ဖုံညိုလိပ်ကျေးရွာမှ ဦးအလီအမတ်၊ ဦးအယေရှာ၊ ဦးဇမာလ်ဟူစိန်းနှင့် ဦးဆီရာဇ် တို့ကိုဖမ်း ဆီး ခေါ်ဆောင် သွားခဲ့သည်။ အဆိုပါ ဖမ်းဆီးသွားသူ လေးဦးထံမှ ငွေကျပ် ၁၀ သိန်းယူ၍ ပြန် လည် လွှတ် ပေး ခဲ့သည်။ 

ထို့အပြင် ဘူးသီးတောင်မြို့နယ် ဦးလှဖေရွာ အခြေစိုက် နစကကင်းစခန်းမှ နစကတပ်ဖွဲ့ဝင်များသည် ဦးအဗ်ဒုလ္လာ (ဘ) ဦးမိုဟာမတ်ရှော်ဖီနှင့် ဦးနူရ်အစ္စလာမ် (ဘ) ဦးကာဒိရ်တို့ကို ဖမ်းဆီးခေါ်ဆောင် သွားပြီး၊ ၎င်းတို့နှစ်ဦးကို ငွေကျပ် ၅ သိန်းရမှသာ ပြန်လည်လွှတ်ပေးမည်ဟု မိသားစုဝင်များကို အကြောင်းကြား ထားကြောင်းသိရှိရပါသည်။ 

ဘူးသီးတောင်မြို့နယ်တွင် ဒုရဲအုပ်မြတ်ထွေးနှင့် ဗိုလ်ကြီးဇင်မောင်မောင်မြင့် တို့သည် ဒေသခံရိုဟင်ဂျာ များအား ယခုကဲ့သို့ အကြောင်းမဲ့ ဖမ်းဆီး၍ ငွေညှစ်နေ သည်မှာ နေ့စဉ်နှင့် အမျှ ဖြစ်နေသော် လည်း နိုင် ငံတော်မှ ပြဌာန်းထားသော ဥပဒေများသည် ရိုဟင်ဂျာ လူမျိုးများအတွက် အသက်မ၀င် သကဲ့ သို့ ဖြစ် နေသောကြောင့် အာဏာပိုင် အဖွဲ့အစည်းများကို တိုင်ကြားလျှင်လည်း အရေးယူမှုမရှိသည့် အပြင် တိုင်ကြားသူအတွက် ကြီးမားသည့် အန္တရာယ် ရှိလာနိုင်သောကြောင့် ရဲနှင့်နစကတို့၏ မတရားသဖြင့် ညှင်းပန်းနှိပ်စက် ငွေညှစ်နေမှုများကို ခါးသီးစွာ ခံစားနေ ရကြောင်း ဒေသခံ များမှ ပြော ပါသည်။

Comment ရေးရန်

Rohingya Exodus