April 01, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ဗုဒ္ဓဘာသာ၏ ငြိမ်းချမ်းမှု တရားမှ စစ်သွေးကြွ အသွင်သို့


O'Laie Manzu 
11.3.2013

ဗုဒ္ဓဘာသာ၏ ငြိမ်းချမ်းမှုတရားမှ စစ်သွေးကြွအသွင်သို့ 

ဘာသာတိုင်းတွင် ဂိုဏ်းကွဲ လှိုင်းခွဲ များစွာရှိသည်။ ခရစ်ယာန်တွင် ကက်သလစ်နှင့် ပရိုတက်စတန့်၊ အစ္စလာမ်တွင် ဆွန်နီနှင့် ရှိအာ၊ ဗုဒ္ဓဘာသာတွင် မဟာယာန၊ ဟီနယာန အစရှိသဖြင့် ကွဲပြားကြသည်။ ထိုမှတဆင့် ခေတ်ကာလ အလိုက်၊ နေရာဒေသ အလိုက် အယူဝါဒများ၊ ဂိုဏ်းကွဲများထပ်မံကွဲပြား ကြသည်။ ဂိုဏ်းဂဏတစ်ခု၏ လုပ်ဆောင်ချက်များသည် ဘာသာတစ်ခုလုံးနှင့် သက်ဆိုင်မှု မရှိသော် လည်း အနည်းနှင့် အများဆိုသလိုပင် ဘာသာတစ်ခု လုံးအပေါ်တွင် ထင်ဟပ်လေ့ရှိသည်။ အရှေ့ အလယ်ပိုင်းမှ အစ္စလာမ် ဘာသာရေး အစွန်းရောက်များနှင့် စစ်သွေးကြွများကြောင့် ငြိမ်းချမ်းရေးအား ဦးထိပ် ထားသည့် အစ္စလာမ် သာသနာအပေါ်တွင် အမည်းစက်များ စွန်းထင်ရသည်။ ထိုနည်းတူစွာပင် လက်ရှိ မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာ စစ်သွေးကြွအသွင် ကူးပြောင်းလာနေသော အစ္စလာမ်ဆန့်ကျင်ရေး ဗုဒ္ဓဘာသာ အစွန်းရောက် များ၏ လုပ်ရပ်များသည်လည်း ဗုဒ္ဓဘာသာပုံရိပ်အား ထိပါးလာမည်ဖြစ်သည်။ အစွန်းအထင်းများ အဖြစ်သာ ကျန်ရစ်ခဲ့မည်ဖြစ်သည်။ 

မုန်းသန္ဓေပျိုးရေလောင်း 

မြန်မာနိုင်ငံသည် ဒီမိုကရေစီ အသွင်ကူးပြောင်း လာသည်နှင့်အတူ လူ့အခွင့်အရေးနှင့် တန်းတူညီမျှမှု ဆိုသည့် အယူဝါဒ သည်လည်း ဒွန်တွဲပါလာသည်။ သို့သော် အချို့သော လူမျိုးရေး၊ ဘာသာရေး အ စွန်းရောက် များသည် မြန်မာပြည် အတွင်း ရာစုနှစ်ပေါင်း များစွာ နေထိုင်ကြသောမြန်မာမွတ်စလင် များ အား လူ့ အခွင့်အရေးနှင့် တန်းတူညီမျှရေး အသိအမှတ် မပြုလိုကြပေ။ အရှေ့အလယ်ပိုင်းမှ အစ္စလာမ် ဘာ သာရေး အစွန်းရောက်များ၏ လုပ်ရပ်များအား လက်ညိုးထိုးကာ ငြိမ်း ချမ်းစွာ နေထိုင်ကြ သည့် မြန် မာ မွတ်စလင်များအား ရာသက်ပန် ခွဲခြားဆက်ဆံရန်၊ ဖိနှိပ်ချုပ်ချယ်ရန်နှင့် အခွင့်အရေးများ ပိတ် ပင်တား ဆီးရန် လုပ်ဆောင်နေကြသည်။ မြန်မာမွတ်စလင် များအား နိုင်ငံခြားသား များ၊ကျူးကျော် ဝင်ရောက် လာ သူများ၊ ကုလားများ ဟု တံဆိပ်အမျိုးမျိုး ကပ်ကြ သည်။ နိုင်ငံတော် အတွက် ကောင်း ကျိုး ပြု ခဲ့သည့် သမိုင်း အစဉ်အလာအား ဖုံးကွယ်ကြ သည်။ ခေတ်အဆက်ဆက်တွင် သန္ဓေချထားခဲ့သည့် အစ္စလာမ် မုန်း တီးရေး စိတ်ဓါတ်အား နှိုးကြွလာရန် လှုပ်ဆော်ကြသည်။ 

အစ္စလာမ် ဆန့်ကျင်ရေးသည် ရိုဟင်ဂျာလူမျိုးတို့အား နှိပ်ကွပ်ရာမှ အရှိုန်မြင့်လာစေခဲ့သည်။ ရခိုင်အမျိုး သားရေး အစွန်းရောက်များမှ မေယုဒေသတွင် မျိုးရိုးစဉ် ဆက်အလိုက် နေထိုင်ကြသည့် အစ္စလာမ် ဘာ သာဝင် ရိုဟင်ဂျာလူမျိုးများအား သုပ်သင်ရှင်းလင်းရန် အဓိကရုဏ်းများ ဖန်တီးခဲ့သည်။ ညှင်းပန်း သတ်ဖြတ် ကြသည်။ နေအိမ်များအား မီးရှို့ဖြတ်ဆီးကြသည်။ သို့သော် ဗုဒ္ဓဘာသာဝင်များ အကြားတွင် အစ္စလာမ် ဘာသာဝင်များ ကျူးကျော်စော်ကားနေသည့် သဖွယ်သတင်း မှားဖြင့်ဝါဒဖြန့်ကြ သည်။ မြန် မာနိုင်ငံအနှံ့သို့ ကူးဆက် လာစေခဲ့သည်။ 

ကာကွယ်ခြင်းအမည်ခံ ဘာသာရေးစော်ကားမှု 

မြန်မာနိုင်ငံရှိ အစ္စလာမ် ဘာသာဝင်များ သည် စော်ကားမှုလည်း မပြု။ကျူးကျော်မှုလည်းမရှိ။ မိမိ တို့၏ မွေးရပ် ဇာတိမြေ တွင် ငြိမ်းချမ်းစွာနေ ထိုင်ကြသူ များဖြစ်သည်။ အင်္ဂလိပ်ခေတ် အ တွင်း ပြောင်းရွေ့ ရောက် ရှိ လာကြသော အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ် မှ မျိုးနွယ်ဝင်များရှိ သကဲ့  သို့ ပရူး၊ ပသီ၊ ပန်းသေး၊ ကမန်းနှင့် ရိုဟင်ဂျာကဲ့သို့ ရာစုနှစ်ပေါင်းများစွာ မျိုးရိုးစဉ်ဆက် အလိုက် နေထိုင် လာကြ သည့် မြန်မာ လူမျိုးစုများ လည်းရှိသည်။ နိုင်ငံတော်အား သစ္စာရှိကြ သည်။ ကောင်း ကျိုးပြုကြ သည်။ သို့သော် ကျူးကျော်ဝင်ရောက် လာသူအစ္စလာမ် သာဘာဝင်များ ၏ ရန်မှကာကွယ်ရန် လိုအပ်သည် ဟု ကြွေး ကြော်နှိုးဆော်ကြ သည်။ အမျိုးဘာသာ သာသာသနာ ကာကွယ်ကြရန် တိုက်တွန်းကြ သည်။ ကာ ကွယ်ဖို့ရာ ရန် မရှိ ရန်ရှာကြသည်။ သွေးဆူမီး တိုက်ကြသည်။ လက်တွေ့တွင် ကာကွယ်ခြင်း မဟုတ်။ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်အား အလွဲသုံး စားပြုကာ ဘာသာရေး စော်ကားမှုကိုသာ ဦး တည်နေ သည်။ သီးခံနိုင် မှု၏ အတိုင်းအတာလွန်အောင် တစ်ဆင့်ထက်တစ်ဆင့်တိုးမြှင့် စော်ကား လာကြသည်။ 

အစ္စလာမ်သာသနာဝင်များ သက်ဝင်ယုံကြည်သည့် ဖန်ဆင်းရှင် အလ္လာဟ်အရှင်မြတ်အား လူသိ ရှင်ကြား ပေါ်ပေါ်ထင်ထင် ညစ်ညမ်းစွာ ဆဲရေးတိုင်းထွာကြသည်။ အစ္စလာမ်သာသနာအား သယ်ဆောင် လာပေးသည့် တမန်တော်မြတ် မိုဟမ္မဒ် (ဆွလ္လာဟို အလိုင်းဟေဝဆလာမ်) သခင်အား ရုပ်ပြောင် ကာတွန်း များ ရေးဆွဲကြသည်။ မြိုင်ရည်ရှိုက်ရည် ဟားတိုက်ရယ်မောကြသည်။ ကိုရ်အာန်ကျမ်းစာ၏ သွန်သင် မှုများအား လိုရာဆွဲကာ အမှားမှား အယွင်းယွင်းဖော်ပြ ရှုံ့ချကြသည်။ ဤကဲ့သို့ ဘာ သာရေးစော်ကား မှုများပြုလုပ်နေခြင်းသည် မြန်မာမွတ်စလင်တို့၏ တုန့်ပြန်မှုကို လှုပ်ဆော်နေကြခြင်း သာဖြစ် သည်။ ပြဿနာအား ဖန်တီးနေကြသည်။ ကမ္ဘာအရပ်ရပ်တွင် တမန်တော်မြတ်၏ ရုပ်ပြောင် ပုံစံ များကြောင့် ကမ္ဘာအနှံရှိ အစ္စလာမ်သာသနာဝင်များ တုန့်ပြန်ကြ သကဲ့သို့ မြန်မာ မွတ်စလင်များ အား လည်း ထိုနည်းတူစွာ ပြန်လည် တုန့်ပြန်ကြရန် မြူဆွယ်နေကြသည်။ သို့သော် မြန်မာနိုင်ငံတွင် ဗလီ ဝတ်ကျောင်းတော်ပေါင်းများစွာ ဖျတ်ဆီးခြင်းခံရသော်လည်း မြန်မာမွတ်စလင်တို့အဖို့ ကျူးကျော်စော်ကား မှုမပြု။ ယနေ့ ထက်ထိတိုင် ငြိမ်ချမ်းစွာနေထိုင်ကြသည်။ ငြိမ်းချမ်းစွာဖြေရှင်းကြသည်။ 

စည်းရုံးရေးဗျူဟာ 

မြန်မာမွတ်စလင်များမှ အန္တရာယ်ပြု ကျူးကျော်စော်ကားခြင်းမရှိသောကြောင့် အရှေ့အလယ်ပိုင်းရှိ ဘာသာရေး အစွန်းရောက် အကြမ်းဖက်သမားများ၏ သွေးသံတရဲရဲဖြင့် သတ်ဖြတ်နေပုံများအား အစား ထိုးဖော်ပြကြသည်။ ခေါင်းမှီးခြုံ အစ္စလာမ် အယောင်ဆောင်အမျိုးသမီးများ၏ ရုပ်သံဖိုင်တွဲများ လွင့်တင်ကာ အလ္လာဟ်အရှင်အမြတ်အား ဖင်လှန်ရှင့်ခိုး ဖင်ပူဇော်သည်ဟု ရိုင်းစိုင်းစွာ မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်ကြ သည်။ ဗမာ အမျိုး သမီးများနှင့် အိမ်ထောင်ပြုကာ ကျွန်ပြုနေ ကြကြောင်း၊ အကြမ်းဖက် မှုအတွက် လူအင်အား စုနေကြကြောင်း၊ ဘာသာရေး ခေါင်းဆောင်များ ရှယ်ရီအသ် ဥပဒေသုံး ၍ သေ ဒဏ်ပေးနေကြကြောင်း၊ ဗလီကျောင်း များတွင် မြေအောက် လှိုင်ဂူများ တည်ဆောက် နေကြကြောင်း အ စ္စလာမ် ဘာသာအား ရွံ့ ရှာမုန်း တီးစေရန် လုပ်ကြံဝါဒဖြန့်ကြသည်။ 

အချို့သော အင်တာနက် စာမျက်နှာများ၊ သတင်းမီဒီယာများ၊ ဖေ့စ်ဘွုခ်အသုံးပြုသူများ၊ သတင်းဖြန့် ဝေ သူများမှ ဘာသာရေး အမုန်းပွားစေရန် အတွက် နေ့စဉ်နှင့်အမျှ အစဉ်တစိုက် လှုံ့ဆော် လျှက်ရှိသည်။ ဘုန်း ကြီးကျောင်းများတွင် အစည်းအဝေး များပြုလုပ်ကာ အစ္စလာမ် ဆန့်ကျင်ရေး စိတ်ဓါတ်မြှင့်မားစေသည့် လုပ်ဆောင်ချက် ရုပ်သံဖိုင်တွဲများ အားလည်း မျှဝေကြသည်။ အစ္စလာမ် ဆန့်ကျင်ရေး စာအုပ်များ၊ လက် ကမ်းစာစောင်များ၊ ကြေညာချက်များအား လူအများ လက်ထဲရောက်ရှိ စေရန်အတွက် လူအသွား အလာ များသည့်နေရာ များတွင် လိုက်လှံဝေငှာနေ သည်များအားလည်း ထင်ထင်ပေါ်ပေါ် ဝေငှစည်းရုံးနေကြ သည်။ တားဆီး မည့်သူမရှိ၊ ပိတ်ပင်မည့် သူမရှိ၊ ပြင်ဆင် ဖြေရှင်းပေး မည်သူမ ရှိ။ နိုင်ငံရေး သမား၊ တော် လှန်ရေးသမား များမှလည်း သတိပြုမိ ဟန်မတူ။ သို့မဟုတ် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး မှာ မြန်မာ မွတ်စလင်များ အတွက် မပါဟု မှတ်ယူထား လေသလားမသိ။ 

အစွန်းရောက်မှတဆင့် စစ်သွေးကြွဆီသို့ 

အစ္စလာမ်ဆန့်ကျင်ရေး အရှိုင်အဝါကြီးထွားလာပြီး ၇၈၆ အားတိုက်ဖြတ်ရန် ဟုဆိုကာ ၉၆၉ ပေါ်ထွက် လာသည်။ ၇၈၆ ဆိုသည်မှာ “အနန္တ ကရုဏာတော်ရှင်ဖြစ်တော်မူထသော အလ္လာဟ်အရှင်မြတ်၏ နာ မတော်ဖြင့် အစပြုပါ၏” ဟူသော အဖွင့်နိဒါန်း အား အာရဗီဘာသာစကား အက္ခရာတစ်ခု ချင်းစီနှင့် သက် ဆိုင်သည့် ကိန်းကဏ္ဍန်းများပေါင်းစပ်ထားသော နံပါတ်တစ်ခုဖြစ်သည်။ အတိုကောက်ရေး သည့် သဘောဖြင့်ပြီး အမြတ်တနိုးထားကြသည်။ ရန်လိုသောအသွင်မပါ။ သို့သော် အချို့သော ဗုဒ္ဓဘာသာ အစွန်းရောက် များမှ မည်သို့အဓိပ္ပါယ်ကောက်ယူသည်မသိ။ နိုင်နှင်းချေမှုန်း လိုသည်။ ထို့ကြောင့် ဘုရား ဂုဏ်တော်ကိုးပါ၊ တရားဂုဏ်တော် ခြောက်ပါး၊ သံဃာဂုဏ်တော် ကိုးပါးအား အစွဲပြု၍ ၉၆၉ ဟု တီထွင်ကာ အစ္စလာမ် ဆန့်ကျင်ရေး အမှတ်တံဆိပ်အဖြစ်သုံးဆွဲလာသည်။ သဘောတရား ချင်းလည်းမတူ။ အနှစ် သာရ ချင်းလည်းမတူ။ ၉၆၉ အား အသုံးပြု၍ လူပေါင်းများ စွာသေကြေပျက်စီးမည့် ဘာသာရေး အဓိကရုဏ်းအား ဖန်တီးရန် ကြံရွယ်လှုံ့ဆော်နေခြင်းသည် ဘုရားတရားသံဃာ အမည်ခံ၍ အကု သိုလ် ပြုနေကြခြင်း ထက် မပိုပေ။ 

ဤသည်ကို အမြော်အမြင် ကျဉ်းမြောင်းလှသည့် အချို့သော ဗုဒ္ဓဘာသာ အစွန်းရောက် သမားများသည် ဗုဒ္ဓဘာသာ၏ သွန်သင်ဆုံးမမှုများမှ သွေဖီခွဲထွက် လာသော ယင်းဘာသာရေး အစွန်းရောက် ဂိုဏ်းခွဲအား လက်ခံ အားပေးကြသည်။ သံဃာတော်များ ကိုယ်နှိုက်ပင်လျင် ဦးဆောင်နေ သည်ကိုလည်း အံ့သြ စွာတွေမြင့် ရသည်။ အမျိုးဘာသာ သာသနာအား ကာကွယ်ရန်အမည်ခံကာ အစ္စလာမ် ဘာ သာ အား စော်ကားလာရာမှ အစွန်းရောက်များ၏ အမုန်းမှိုင်းနှင့်အတူ ကိုယ်ထိ လက်ရောက် စော် ကားမှုများ၊ အကြမ်း ဖက်မှု များဖြစ်ပေါ်စေ ရန် ဖန် တီးနေ သည့် အသွင်သို့ ကူးပြောင်းလာမည်။ ၎င်းတို့ ၏ လှုပ်ရှား မှုမှာ လည်း ဆက် လက်ကြီး ထွားလာနေမည်ဖြစ်သည်။ငြိမ်းချမ်းမှုအား ပြိုပျက်စေမည့်လမ်းကြောင်းပေါ်သို့ ဗုဒ္ဓ ဘာ သာ အမည်ခံသည့် စစ်သွေးကြွ များပေါ်ထွက်လာနေကြောင်းနှင့် ဗုဒ္ဓမြတ်စွာ ဘု ရား ၏ အမည် နာ မ အား အာ ဂုဏ်ဆောင်ကာ မြန်မာ မွတ်စလင်တို့၏ အသက်အိုးအိမ်စည်းစိမ်အား ဖျက် ဆီးကြမည့် အခြေ အနေ သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း မျှော်မှန်း သုံးသပ်မိပါသည်။ ထို့ကြောင့် အချိန် မနှောင်းမီ သက်ဆိုင် ရာအာဏာပိုင်များ၊ ဘာသာရေး အဖွဲ့အစည်းများနှင့် အမြော်အမြင်ရှိ သည့် နိုင်ငံရေး အဖွဲ့အ စည်းခေါင်းဆောင်များဦးဆောင်ကာ ဘာသာရေး စော်ကားမှုများ၊ လူမျိုးရေး ခွဲခြား မှု များအား ပဒေဘောင် အတွင်းမှ တားမြစ်သင့် ပြီဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ပါသည်။ 

(ဆောင်းပါးရှင်၏အာဘော်သာဖြစ်ပါသည်) 

Comment ရေးရန်

Pages 22123456 »
Rohingya Exodus