နောက်ဆုံးသတင်း/ဆောင်းပါးများ

အကြမ်းဖက်ခံရမည့် အရေးကို တိုင်ကြားသူများ ဖမ်းဆီး ငွေညှစ်ခံရ


RB News 
24.4.2013 

မောင်တော ။ ။ ဧပြီလ (၂၁) ရက်နေ့ ညသန်းခေါင်ယံ အချိန်တွင် မောင်တော မြို့နယ် တောင်ပိုင်း အလယ် သံကျော် တိုက်နယ်၊ အလယ် သံကျော် အ၀င်လမ်းတွင် ကင်းစောင့် နေသော ကင်းသမား (၁၀) ဦးမှ တုတ်၊ ဓါးရှည်၊ လှံ၊ ဓါတ်ဆီဗုံး၊ တို့ အသင့်ကိုင်ဆောင် လာသော ရခိုင် အကြမ်းဖက် သမားများကို တွေ့ရှိ၍ တိုင်ကြားခဲ့ရာ တိုင်ကြားသည့် ကင်းသမားများ အားလုံးကို ဖမ်းဆီး၍ ငွေညှစ် ခဲ့ကြောင်း သိရသည်။ 

ဖြစ်ပွားပုံမှာ အလယ်သံကျော် အ၀င်လမ်းတွင် ကင်းစောင့် နေသော ကင်းသမားများမှ ရခိုင် အကြမ်းဖက် သမားများ အုပ်စုကို ဦးမာမတ် ရှဖီ (ဘ) ဦးအမိရ် ဂျလာလ်၏ ခြံရှေ့တွင် တွေ့ရှိ၍ ရွာသားများကို အော်ဟစ် အကူအညီ တောင်းခဲ့သည်။ ရွာသားများ နေအိမ် အသီးသီးမှ ထွက်လာ သောအခါ အကြမ်းဖက် သမားများ ထွက်ပြေး သွားခဲ့ကြသည်။ ထို့နောက် ကင်းသမား များမှ ဖြစ်စဉ်ကို နစက နယ်မြေ (၇) သို့ အကြောင်းကြား ခဲ့သည်။ 

ဧပြီလ (၂၂) ရက်နေ့ နံနက် အချိန်တွင် ကင်းစောင့် ခဲ့သော ကင်းသမား (၁၀) ဦးကို နစကများ လာရောက်၍ ဖမ်းဆီး ခေါ် ဆောင် သွားခဲ့သည်။ 

“မနက် မိုးလင်းတော့ ကင်းသမား ၁၀ ယောက်လုံးကို နစက ကဖမ်းသွားတယ်။ ဖမ်းသွားပြီး အခုလို တိုင်တာက မော်လ၀ီ တွေနဲ့ ပညာတတ်တဲ့ သူတွေက ခိုင်းလို့ တိုင်ရတာ ပါဆိုပြီး ရိုက်နှက်ပြီး ၀န်ခံ ခိုင်းတယ်။ ကင်းသမား တွေအားလုံးက အရိုက်ခံမယ်။ မဟုတ် တာတော့ ၀န်မခံ နိုင်ဘူး လို့ပြောပြီး အရိုက်ခံ ခဲ့တယ်။ ရိုက်နှက် ချုပ်နှောင် ထားပြီးတော့ မနေ့က ညနေ ပြန်လွှတ် လိုက်တယ်။ ကင်းသမား တစ်ယောက် ဆီက ငွေ ၅ သောင်း ဆီယူတယ်။ ၁၀ ယောက်ကို ၅ သိန်း ပေးခဲ့ ရတယ်” ဟု ဒေသခံ တစ်ဦးမှ RB News သို့ပြော ပါသည်။ 

ဖမ်းဆီး ရိုက်နှက် နှိပ်စက် ခံရသော ကင်းသမား (၁၀) ဦးမှာ --- 

(၁) ဦးဆယာဒ် (ဘ) ဦးကာလူ (အသက် ၃၆ နှစ်) 
(၂) ဟာရွန် (ဘ) ဦးအာန်တာစ် (အသက် ၂၁ နှစ်) 
(၃) ရဟမသုလ္လာ (ဘ) ဦးအာမာန်း (အသက် ၂၅ နှစ်) 
(၄) ဂျပန်နာ (ဘ) ဦးဆာလဲ (အသက် ၁၆ နှစ်) 
(၅) ဟာဘီဇုလ္လာ (ဘ) ဦးအဒူမော်ဇိတ် (အသက် ၁၆ နှစ်) 
(၆) အာယာတုလ္လာ (ဘ) ဦးရဟီမုလ္လာ (အသက် ၁၇ နှစ်) 
(၇) အီနုစ် (ဘ) ဦးနူရ်စလာမ် (အသက် ၂၅ နှစ်) 
(၈) မော်ဇူ (ဘ) ??? (အသက် ၂၀ နှစ်) 
(၉) ဟဖ်ဇူရာမန် (ဘ) ဦးကေဖာတုလ္လာ (အသက် ၁၈ နှစ်) 
(၁၀) အီမာန်ဟူစိန်း (ဘ) ဦးဒီလူ (အသက် ၁၇ နှစ်) --- တို့ဖြစ် ပါသည်။ 

“နယ်မြေ (၇) မှာ နယ်မြေမှူး အသစ် ဦးအောင်လွင်ဦး ရောက်ရောက်ချင်း ဖြစ်တာ။ အခုလို အကြမ်းဖက် မှုတွေ ဖြစ်အောင် လူကုန် ကူးမှု လုပ်နေတဲ့ အလယ်သံကျော် ရွာသား ဇော်ထူးနဲ့ မောင်စောနှင်း တို့နောက်ကွယ် ကနေ ကြိုးကိုင် နေတယ်လို့ သတင်းတွေ ထွက်နေတယ်” ဟု အဆိုပါ ဒေသခံမှ ဆက်လက် ပြောသည်။

Comment ရေးရန်

Rohingya Exodus