နောက်ဆုံးသတင်း/ဆောင်းပါးများ

ကနေဒါမှာ ရိုဟင်ဂျာ ဘာသာကို စတင်သင်ကြား

(ဓါတ်ပုံ - Christa Van Daele)
13.5.2013

ကနေဒါ နိုင်ငံက ကျောင်းတစ် ကျောင်းမှာ ပထမဆုံး အကြိမ် အဖြစ် ရိုဟင်ဂျာ ဘာသာကို စတင် သင်ကြားခဲ့ တယ်လို့ သိရ ပါတယ်။ ဒီသင်တန်း ဖွင့်လှစ်တဲ့ အခမ်း အနားကို ကနေဒါနိုင်ငံ Ontario ပြည်နယ် Kitchener မြို့ St. David Catholic ကျောင်းမှာ မေလ ၁၁ ရက်နေ့က ပြုလုပ် ခဲ့ပါတယ်။

အဲဒီကျောင်းမှာ မူလက ရုရှား၊ ဂျပန်၊ ပြင်သစ် စတဲ့ နိုင်ငံခြား ဘာသာ စကား ၁၆ မျိုး သင်ကြား ပေးလျက် ရှိရာက အခု ရိုဟင်ဂျာ ဘာသာ စကား တစ်မျိုး ထပ်တိုး လာတာကြောင့် ဘာသာ ၁၇ မျိုးရှိ သွားပြီ ဖြစ်တယ်လို့ အဲ့ဒီမြို့မှာ နေထိုင်တဲ့ ကိုအာဏ္ဏဝါက RFA ကို အခုလို ပြောပါတယ်။

"အဲဒါက နိုင်ငံ တကာ ဘာသာ စကားရဲ့ ကဏ္ဍအောက်မှာ သင်ပေးတဲ့ နေရာ ကျတော့ အဲဒီ ကျောင်းမှာပဲ နေရာချ ပေးတာ၊ အရင်တုန်း ကဆိုလို့ ရှိရင် ဒီမှာက ဘာသာ စကား ၁၆ မျိုး သင်ကြတယ်၊ ကျနော် တို့ဟာ ပေါင်းလိုက် တော့ ၁၇ မျိုးပေါ့"

ဒီကျောင်းဟာ ကနေဒါ အစိုးရ ကျောင်းတွေ ထဲမှာ ရိုဟင်ဂျာ ဘာသာ စကားကို ပထမဆုံး သင်ကြားတဲ့ ကျောင်း ဖြစ်ပါတယ် လို့လည်း ကိုအာဏ္ဏ၀ါက RFA ကို အခုလို ပြောပါတယ်။

"ကျနော် နေတဲ့မြို့မှာ အဲဒီ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းတွေက နေလာတဲ့ မိသားစု တွေရှိတယ် ဆိုတော့ အဲဒီ ကလေး တွေကို စပြီးတော့ သင်ပေး တာဖြစ် ပါတယ်၊ ကျနော် သိသလောက် ဆိုတော့ ဒါက ရိုဟင်ဂျာ ဘာသာ စကားကို တရားဝင် သင်ပေးတဲ့ ပထမဦးဆုံး ကျောင်းပေါ့၊ ဒါပေမယ့် ဆော်ဒီ အာရေဗျတို့ ဘာတို့မှာလည်း အဲဒီ ရိုဟင်ဂျာတွေ အဲလိုနေ နေတဲ့ နေရာတွေ မှာတော့ သင်ပေးတာ တွေရှိတယ်၊ ဒါပေမယ့် အစိုးရ ကနေ ဒီလို တရားဝင် လုပ်ထားတာ တော့မရှိဘူး"

ဒီကျောင်းမှာ အခု ရိုဟင်ဂျာ ဘာသာကို တက်ရောက် သင်ကြား နေတဲ့ ကျောင်းသား ၂၂ ဦး ရှိတယ်လို့ သိရပါတယ်။ ရန်ကုန် စက်မှု တက္ကသိုလ်မှာ ပညာ သင်ကြား သွားတဲ့ ကျောင်းသား တစ်ဦးက ရိုဟင်ဂျာ ဘာသာ စကားကို ၁၉၉၉ ခုနှစ်က လန်ဒါန်မြို့မှာ အင်္ဂလိပ်ဗျည်း အက္ခရာ တွေကနေ အသံထွက် ယူတဲ့ နည်းနဲ့ တီထွင် လိုက်တာ ဖြစ်တယ် လို့လည်း သူက ပြောပါတယ်။

Comment ရေးရန်

Rohingya Exodus