နောက်ဆုံးသတင်း/ဆောင်းပါးများ

စက်လှေ နစ်မြှပ်ရာတွင် ရိုဟင်ဂျာ ဒုက္ခသည် ၈၀ ကျော် သေဆုံး

ပေါက်တော မြို့ရှိ ဒုက္ခသည် စခန်း (ဓါတ်ပုံ - အမေရိကန် သံရုံး - ရန်ကုန်)
မောင်မောင် 
RB News 
15.5.2013 

ပေါက်တော ။ ။ ရခိုင် ပြည်နယ်၊ ပေါက်တော မြို့နယ် ငှက်ချောင်း ဒုက္ခသည် စခန်းတွင် ရိုဟင်ဂျာ လူမျိုး ၇၀၂၃ ဦး နေထိုင်လျက် ရှိပြီး၊ ဟံတာ ပင်လယ် အနီးတွင် တည်ရှိသည်။ အဆိုပါ ဒုက္ခသည် စခန်းသည် ပင်လယ်နှင့် နီး၍ မုန်တိုင်း အန္တရာယ် အလွန်များသော နေရာ ဖြစ်သည်။ မေလ (၁၂) ရက်နေ့တွင် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် စက်ဘက်အရာရှိများ လာရောက်ပြီး မုန်တိုင်း အန္တရာယ် စိုးရိမ် ရကြောင်းအ သိပေး နှိုးဆော် ခဲ့သည်။

“အဲဒီလို နှိုးဆော် အသိပေးခဲ့ ပေမယ့်လည်း ဘေးလွှတ်ရာကို သွားဖို့ အာဏာပိုင် တွေစီစဉ် မပေးခဲ့ဘူး။ ကိုယ့် အစီအစဉ်နဲ့ ကိုယ် ဘေးလွှတ်ရာ ကိုပြေးတော့ လို့ တာဝန်မဲ့စွာ ပြောသွားတယ်” ဟု ပေါက်တောမှ ဒုက္ခသည် တစ်ဦးက RB News သို့ပြောသည်။ 

ထို့နောက် မေလ (၁၃) ရက်နေ့ ညပိုင်းတွင် စက်လှေ ၆ စီးဖြင့် လူပေါင်း ၁၂၀၀ ကျော် စတင် ထွက်ခွာ ခဲ့ကြောင်း သိရသည်။ 

“ညပိုင်းထွက် ရတာက နေ့ပိုင်းဆို ရခိုင် အစွန်းရောက်တွေ အန္တရာယ် ပေးမှာမို့ပါ။ စက်လှေ တစ်စီးက ပွဲကြည့်တောင် ရခိုင်ရွာ နားမှာ မြှပ်သွားတယ်” ဟု အဆိုပါ ဒုက္ခသည်မှ ဆက်လက် ပြောသည်။ 

ပေါက်တောမြို့မှ ဒုက္ခသည်များ၏ ပြောကြား ချက်အရ သေဆုံးသူ ၂ ဦး၏ အလောင်းကို ရရှိခဲ့ပြီး၊ ၄၃ ဦး အသက်ရှင်နိုင်ခဲ့ ကြောင်းနှင့် ၇၉ ဦး၏ အလောင်းကို ယခု အချိန်ထိ မရရှိသေး ကြောင်း သိရသည်။ သို့ သော်လည်း ယမန် နေ့က ကုလ သမဂ္ဂ လူသားချင်း စာနာ ထောက်ပံ့ရေး ဌာနမှ အေပီ သတင်း သို့ ပြော ကြား ရာတွင် သေဆုံးသူ ၈ ဦး၏ အလောင်း ရှာဖွေ တွေ့ရှိ ခဲ့ပြီး၊ ၄၂ ဦး အသက်ရှင် နိုင် ခဲ့ပြီး ၊ ၅၀ ကျော် ရှာမတွေ့ သေးကြောင်း ပြောကြား ခဲ့သည်။ 

ထိုကဲ့သို့ ကွာခြားမှု နှင့်ပတ်သက်၍ “အသေအပျောက်စာရင်း ကတော့ ကျွန်တော်တို့ တတ်နိုင် သလောက် အ တိ အကျ လုပ်ထားတယ်” ဟု ပေါက်တော ဒေသခံ ဒုက္ခသည်မှ ပြောသည်။ 

မေလ (၁၃) ရက်နေ့နှင့် (၁၄) ရက်နေ့ များတွင် ဒုက္ခသည် ၄၀၀၀ ကျော် ဆင်တက်မော် ကျေးရွာ သို့ ရောက် ရှိ ခဲ့ပြီး၊ ယနေ့ (မေလ ၁၅ ရက်) တွင် မြို့နယ် အုပ်ချုပ် ရေးမှူးနှင့် စစ်ဘက် အရာရှိများသည် ကျန်ရှိ နေသည့် ဒုက္ခသည် များထံသို့ သွားရောက်၍ “ခင်ဗျား တို့ကို မနက် ဒီမှာ လုံးဝ မမြင် ချင်ဘူး။ သွားချင်ရာ ကိုသွားတော့ ဆိုပြီး ကျိန်းမောင်း ပြောဆို သွားတယ်။ မုန်တိုင်းဒဏ် ကိုကြောက် နေရတာ တ မျိုး၊ ရခိုင်အစွန်းရောက် ဒဏ်ကိုကြောက်နေရတာတစ်မျိုး၊ အာဏာပိုင်တွေ ခြိမ်းခြောက် တာနဲ့ ကျွန်တော်တို့ လည်း တော်တော် လေးကြောက် နေရတယ်” ဟု ပေါက်တော မြို့ ဒုက္ခသည် စခန်းတွင် ကျန်ရှိ နေသည့် ဒုက္ခသည် တစ်ဦးမှ RB News သို့ ပြောသည်။

ဆင်တက်မော် သို့ရောက် ရှိနေသော ဒုက္ခသည် များမှာ စားရေ သောက်ရေး လွန်စွာ ခက်ခဲ နေပြီး၊ အ စာရေ စာ ပြတ်လပ် လျက်ရှိကြောင်း သိရသည်။ နိုင်ငံတော် အစိုးရမှ မုန်တိုင်း အန္တရာယ် ကိုရှောင်ရှားရန် စီစဉ်ပေး နေသည်ဟု ပြောဆိုလျက် ရှိနေသော်လည်း၊ ၎င်းတို့ စီစဉ်ပေးနေသည့် နေရာများ သို့ပြောင်း ရွှေ့ ပါ က မုန်တိုင်း အန္တရာယ်မှ ရှောင်ရှား နိုင်မည် မဟုတ်ဘဲ မုန်တိုင်းနှင့် ပို၍ နီးကပ် သည့် နေ ရာ ကို သာ ပြောင်းရွှေ့ ပေးနေသော ကြောင့် စစ်တွေ မြို့ရှိ ဒုက္ခသည် စခန်း များမှ ဒုက္ခသည် များ မှ ပြောင်းရွှေ့ ရန် ငြင်းဆန် လျက်ရှိသည်။

Comment ရေးရန်

Rohingya Exodus