နောက်ဆုံးသတင်း/ဆောင်းပါးများ

အမေ့ခံ မုန်တိုင်း (သို့) ရိုဟင်ဂျာ များကို အတင်း အဓမ္မ ဘင်္ဂလီ ပြောင်းခိုင်းနေသော စစ်ဆင်ရေး


MYARF
RB News
15.5.2013

“မဟာဆင် မုန်တိုင်း” …. ယ္ခု တလော ရေဒီယိုဖွင့် နားထောင် လိုက်သည်နှင့် အင်တာနက် ဖွင့်ကြည့် လိုက်သည် နှင့် မဟာဆင် မုန်တိုင်း အကြောင်း သာကြားနေ၊ မြင်နေ ရသည်။ ရခိုင် ပြည်နယ်ကို ဗဟို ပြု၍ တိုက်ခိုက် လာမည်ဟု ခန့်မှန်း ရသော ဤမဟာဆင် မုန်တိုင်း အကြောင်းသည် မြန်မာ ပြည်သူ⁄သား များအပြင် ကမ္ဘာသူ⁄သား များ၏ ပါးစပ်ပေါ်၊ နှလုံးသားနှင့် အတွေးထဲ၌ နေရာ ယူထား၏။ လူတိုင်းသည် ဤမဟာဆန် မုန်တိုင်းကို စိုးရိမ်မှု ပေါင်းများ စွာနှင့် စောင့်ကြည့် နေ၏။ 

သို့သော် … ရခိုင် ပြည်နယ်ကို ဗဟိုပြု၍ တိုက်ခိုက် မည်ဟု ခန့်မှန်း ရသော ဤမဟာဆင် မုန်တိုင်း အကြောင်း၊ မုန်တိုင်း အန္တရယ် တွေကို အရေး တယူ မမူနိုင် သူက ရခိုင် ပြည်နယ်ရှိ ရိုဟင်ဂျာ လူမျိုး သာဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် တိုက်ခိုက် မည်ဟု ခန့်မှန်း နေသော မုန်တိုင်း ထက် အဆမ တန် ပေါက်ကွဲအား ပြင်းထန် သော မုန်တိုင်း တစ်ခု လက်ရှိ အချိန်၌ ရိုဟင်ဂျာ လူမျိုး အပေါ် တိုက် ခိုက် နေသော ကြောင့်ဖြစ်၏။ ထိုမုန်တိုင်းက လူမျိုးတုံး သုတ်သင်ရေး မုန်တိုင်း၏ အစိတ် အပိုင်း တစ် ခု ဖြစ်သော ရိုဟင်ဂျာမှ ဘင်္ဂလီသို့ အတင်း အဓမ္မပြောင်း ခိုင်းနေသော မြန်မာ အစိုးရ၏ စစ်ဆင်ရေး မုန် တိုင်း ဖြစ်သည်။ ၎င်း စစ်ဆင်ရေး မုန်တိုင်းကို နာမည် ပေးရသော် “ရိုဟင်ဂျာ သုတ်သင်ရေး” ဟုပေး ရ မည်သာ။ လူမျိုးတုံး သုတ်သင်ရေး မုန်တိုင်းသည် လွန်ခဲ့သော နှစ်ပေါင်း များစွာ ကပင် ရိုဟင်ဂျာ လူမျိုး တို့ အပေါ်၌ အရောင်ကွဲ၊ အနံ့ကွဲ၊ ပုံစံကွဲနှင့် တိုက်ခိုက် နေ၏။ မုန်တိုင်း မျိုးစုံ တိုက်ခိုက်ခြင်း ခံခဲ့ ရသော ရိုဟင်ဂျာ လူမျိုး များသည် မုန်တိုင်း ဒဏ်ကြောင့် သေဆုံး ရသူသေ၊ အိမ်မဲ့ ဖြစ်သူဖြစ်၊ အဝေး ကို ပြေး ရသူ ပြေးနှင့်ပေါ့။ 

ရိုဟင်ဂျာ လူမျိုး များ၏ “ရိုဟင်ဂျာ” ဟူသော အမည်သည် နှစ်ထောင် ပေါင်းများစွာ ကပင် တိကျ ခိုင် မာ သော မြန်မာ့ သမိုင်း၊ ကမ္ဘာ့ သမိုင်း များ၏ စာမျက်နှာပေါ် ကမ္ပည်း၊ မော်ကွန်း တင်ခံ ခဲ့၏။ ဤကဲ့သို့ သမိုင်းရှင် နာမည်ကို ပယ်ပျက်ပြီး ၎င်းအမည် အစား ဘင်္ဂလီ ဟူသော အမည်ဖြင့် တစ်ဖက် နိုင်ငံမှ ခိုးဝင် လာသည်ဟု မိမိ ကို မိမိ ၀န်ခံ စေလျှက် သမိုင်းမဲ့ ဖြစ်ရန် ဒီမိုကရေစီ အရေခြုံ မြန်မာ အစိုးရက စစ်မြေပြင် ရှိ ရန်သူကို တိုက်ခိုက် မည့်နှယ် လက်နက် ကြီးငယ်စုံ၊ နည်းလမ်း အမျိုးမျိုး သုံးလျှက် ဖိအားပေး စစ်ဆေး ခံခိုင်း နေသည်။ မိမိ၏ အိမ်များ၊ အလုပ် အကိုင်များ၊ ဥစ္စာ ဓနများ ဆုံးရှုံး ရပြီးသည့် နောက် မျှော်လင့်ချက် ကင်းမဲ့ နေသော စစ်တွေ၊ ပေါက်တော ဒုက္ခသည် စခန်း များမှ ဒုက္ခသည် များပင်လည်း ဤစစ်ဆေး မှုကို မခံ ယူခဲ့ပါ။ မိမိ၏ မူရင်း နာမည်ကို ပယ်ပျက် နေခြင်းအား ကန့်ကွက် ခဲ့၏။ အမှန် တရားပေါ် ရပ်တည် သူ များကို မြန်မာ အစိုးရက ပညာ ပြသည့် အနေဖြင့် စစ်တွေ ဒုက္ခသည် စခန်းမှ မျက်နှာဖုံး များဖြစ်သည့် ဦးကျော်မြင့် နှင့် သားအပါ အ၀င် ဒုက္ခသည် ၇ - ယောက်ကို ဖမ်းဆီး ချုပ်နှောင် ခြင်းအားဖြင့် အမှန် တ ရားပေါ် ရပ်တည် နိုင်စွမ်းကို လျော့ကျ စေသည်။ ၂၁-ရာစုကို မမီနိုင် အောင် ဖိနှိပ် ထားခြင်း ခံရသော ရိုဟင်ဂျာ များသည် ရှိသမျှ ဥာဏ်ကိုသုံး၊ ဆင်ခြင် စဉ်းစား၍ မိမိ တို့၏ မူရင်း နာမည်ကို ပယ် ပျက် နေ သည်မှ ကာကွယ် ထိန်းသိမ်း ချင်နေ ကြသည်။ “ရိုဟင်ဂျာ သုတ်သင်ရေး” မုန်တိုင်းသည် လည်း တစ်ရွာပြီး တစ်ရွာ တိုက်ခိုက် လာနေရာမှ နစက ဌာနချုပ်ပိုင် ကျီးကန်းပြင်ရွာ ထဲဝင်ရောက် မွှေနှောက် နေ ၏။ ကျီးကန်းပြင် ရွာသား များသည် သူတို့ ရွာ၌ တည်ရှိသော နစက ဌာနချုပ်ကို အားကိုး၍ မိမိတို့၏ ဘိုးဘွား ဘီဘင် များသည် ဤရခိုင်မြေ ပွားများ ဖြစ်ကြောင်း၊ သူတို့၏ သား⁄မီး၊ မြေး⁄မြစ်များ ဖြစ်ကြသော မိမိတို့ကို ယ္ခုအခါ တစ်ဖက် နိုင်ငံမှ ခိုးဝင် ရောက်လာသော ဘင်္ဂလီ ဟုဆိုပြီး စစ်ဆေး နေခြင်းကို အကျိုး အကြောင်း ပြကာ စစ်ဆေး မခံယူရန် ရည်ရွယ် ခဲ့သည်။ ရွာသား တစ်ဦးက “နယ်မြေ ဖက်မှာ တစ်ချို့ ရွာသားတွေ ဖိနှိပ် ရက်စက်မှု အမျိုးမျိုး ကြောင့် စစ်ဆေးခံ ခဲ့တယ်ဗျာ …. အောင်ခြေ ပိုင်းမှာ ဆိုတော့ တရား ဥပဒေ စိုးမိုးရေးက မရှိဘူးလေ …. ကျနော် တို့က ဌာနချုပ် ပိုင်ဆိုတော့ တရား ဥပဒေ စိုးမိုးရေးကို မျှော်လင့် ခဲ့တယ် …. လူတိုင်းမှာ အမှန် တရားပေါ် ရပ်တည် နိုင်စွမ်း ရှိတယ် …. ဒါပေမယ့် မှန်းချက်နှင့် နှမ်းထွက် မကိုက် ခဲ့ဘူး၊ အောက်ခြေ ပိုင်းထက် ဆိုးဆိုး ရွားရွား ဆက်ဆံ ခံနေရ တာဗျာ ….” တဲ့။ 

လွန်ခဲ့သော ၅-၅-၂၀၁၃ ရက်နေ့ မှစ၍ တိုက်ခိုက် နေသော ရိုဟင်ဂျာ သုတ်သင်ရေး မုန်တိုင်းသည် ၈-၅-၂၀၁၃ ရက်နေ့တွင် တိုက်ခိုက်နှုန်း အရှိန် ပြင်းထန် လာ၏။ ထိုနေ့တွင် မလ၀ီ-မူဟာမတ် ဂျူဟာရ် (ဘ) မလ၀ီ-ဆွယိဒ် အာဇိမ် (၂၈-နှစ်) ၏ အိမ်ကို ရိုဟင်ဂျာ သုတ်သင်ရေး စစ်ဆေးရေး အဖွဲ့ဝင် ၁၀၀ -ယောက်ခန့်က ၀င်ရောက် စီးနင်း ခဲ့သည်။ အကြောင်းမှာ မလ၀ီ-မူဟာမတ် ဂျူဟာရ် သည် ကျီး ကန်းပြင် ရွာသား များကို စစ်ဆေး မခံ ယူရန် စည်းရုံး ခဲ့သည်ဟု စွပ်စွဲ ခြင်းခံ ရ၏။ ကံကောင်း ထောက် မ စွာဖြင့် မလ၀ီ-မူဟာမတ် ဂျူဟာရ်သည် ထိုအချိန်၌ အိမ်ထဲမှာ မရှိခဲ့ပါ။ တရားခံကို မတွေ့ ရ ကောင်းလား ဟုဆို လျှက် အာဏာပိုင် တပ်ဖွဲ့ များသည် မလ၀ီ-မူဟာမတ် ဂျူဟာရ်၏ အမေနှင့် ညီမ များကို မဖွယ် မရာ များ ပြောဆို ခဲ့၍ ကိုယ်ထိ လက်ရောက် စော်ကားခဲ့ သည့်ပြင် အိမ်ထဲရှိ အိမ်သုံး ပစ္စည်း ဟူသမျှကို ရစရာ မရှိအောင် ဖျက်စီး ပစ်လိုက်သည် (ချက်ပြုတ် ရေးသုံး ထမင်းအိုး အပါ အ၀င်)။ ယ္ခုအခါ မလ၀ီသည် အာဏာ ပိုင်၏ ပစ်မိန့် ကြော်ငြာ ခြင်းခံ ရသည်ဟု ကြား၍ တိမ်း ရှောင် နေရ၏။ ကမ္ဘာကြီး ငြိမ်နေဆဲ၊ တိတ်နေ ဆဲ။ 

မလ၀ီကို စံပြ အဖြစ် ပစ်မိန့် ထုတ်ခဲ့ သော်လည်း ကျီးကန်းပြင် ရွာသား များသည် အမှန် တရားပေါ် ကြံ့ကြံ့ ခံရပ်တည် နေဆဲပါ။ စစ်ဆေး ခံယူရန် မည်သူမျှ ရောက်ရှိ မလာသော် အာဏာပိုင် များသည် အိမ်တွေကို ၀င်ရောက် စီးနင်းမှု များပြုလုပ် နေ၏။ ယောကျာ်း သားများကို မတွေ့ ရလျှင် မိန်းမသား များကို မဖွယ် မရာများ ပြောဆိုပြီး ကိုယ်ထိ လက်ရောက် စော်ကား နေသည်။ ဒါ့အပြင် အိမ်သုံး ပစ္စည်း များကို သိမ်းယူ သွားသည်။ 

ရိုဟင်ဂျာ သုတ်သင်ရေး စစ်ဆေးရေး အဖွဲ့ဝင် များမှ ၀င်ရောက် စီးနင်းခဲ့ ပြီးသော အိမ်များမှာ- 

၉-၅-၂၀၁၃ ရက်နေ့ 

၁။ ရှောမ်းရှူ အာလောမ် (ဘ) ဆွယိဒ်အူလာ- ၃၃နှစ်- WAT ကျောင်းဆရာ 

အိမ်သုံး ပစ္စည်း များကို ဖျက်ဆီး ပစ်လိုက်သည်။ AMBO မော်တော် ဆိုင်ကယ် တစ်စီးအား သိမ်းယူ သွားသည်။ 

၂။ ဟာဘီဇု ရားမန်း (??) ၃၄နှစ်။ လ္ဘက်ရည် ဆိုင်ရောင်း အသက် မွေးဝမ်း ကျောင်းနေသူ 

အိမ်သုံး ပစ္စည်း များကို ဖျက်ဆီး ပစ်လိုက်သည်။ ဆိုင်သုံး TV ကိုလည်း သိမ်းယူ သွားသည်။ 

၃။ အာက်တာရ် အူလာ (??) ၃၇နှစ်။ သုံးဘီး ဆိုင်ကယ် တက္ကစီ ပိုင်ရှင်။ 

အိမ်သုံး ပစ္စည်း များကို ဖျက်ဆီး ပစ်လိုက်သည်။ တက္ကစီကို သိမ်းယူ သွားပြီး စစ်ဆေး ပြီးနောက် ပြန်ပေး လိုက်သည်။ 

၁၀-၅-၂၀၁၃ ရက်နေ့ 

၁။ မူဟာမတ် ဆောလာမ်း (ဘ) ဆွယိဒ်- ၄၀နှစ် 

ဌာနချုပ် IO ဗိုလ်ကြီးမှ ခေါ်ယူပြီး ရွာသားများ စစ်ဆေး မခံရန် စည်းရုံး သည်ဟုဆိုကာ ဖမ်းဆီး ချုပ်နှောင် ထား၏။ ယ္ခုထိ လွတ်မပေး သေးပါ။ 

၁၁-၅-၂၀၁၃ ရက်နေ့ 

၁။ မော်ဂျီ အူလာ (ဘ) ဇော်ဟိရ် အာမတ်- ၃၂နှစ်- သုံးဘီး ဆိုင်ကယ် တက္ကစီ စပီယာ 

အိမ်သုံး ပစ္စည်းများ အားလုံး ဖျက်ဆီး ပစ်လိုက်သည်။ 

၂။ မော်နိရ် အာမတ် (??) ၆၀နှစ် 

အိမ်သုံး ပစ္စည်း များအားလုံး ဖျက်ဆီး ပစ်လိုက်သည်။ 

၃။ ဆောလား မောတ်အူလာ(??) ၆၂နှစ် 

အိမ်သုံး ပစ္စည်းများ အားလုံး ဖျက်ဆီး ပစ်လိုက်သည်။ 

၎။ ကျော်မြင့် (??) ၄၂နှစ် 

အိမ်သုံး ပစ္စည်းများ အားလုံး ဖျက်ဆီး ပစ်လိုက်သည်။ 

၁၂-၅-၂၀၁၃ ရက်နေ့ 

၁။ နုရ် အူဒိန် (ခ) ရူဟုလ် အာမိန် (ဘ) ဂေါ်နူမျာ-၂၉နှစ် 

ဆိုင်ကယ် တစ်စီး သိမ်းယူ သွားသည်။ 

၂။ ဆရာ-ဦးဖွေ့ယာစ် အာမတ် (??) ကျောင်းအုပ် ငြိမ်း (အ.မ.က) 

အိမ်သုံး ပစ္စည်း များကို ဖျက်ဆီး ပစ်လိုက်သည်။ ဆရာ၏ အမျိုးသား မှတ်ပုံတင်ကဒ် (AK) နှင့် အတူ ငွေနှစ်သောင်း သိမ်းယူ သွားသည်။ 

၃။ အိစ်မိုက်လ် (ဘ) ရှောဘ် ဘိရ် အာမတ်- ၄၅နှစ် 

အိမ်သုံး ပစ္စည်း များကို ရစရာ မရှိအောင်ထိ ဖျက်ဆီး ပစ်လိုက်သည်။ 

၎။ မူဟာမတ် ရော်ဖိက် (ဘ) အီမာန် ရှောရိဖ်- ၃၀နှစ် 

ငွေနှစ်သောင်း သိမ်းယူ သွား၏။ 

၅။ ဖေါဇီး အာလောမ် (ဘ) ဟာလာယာ- ၃၁နှစ် 

အဖိုးတန် နာရီ တစ်လုံး သိမ်းယူ သွားသည်။ 

အထက်ပါ ဖြစ်ရပ် ဆိုးများ ခံနေ ရသော ကျီးကန်း ပြင်ရွာသား များသည် ကမ်းမဲ့ ပင်လယ်ထဲ ရောက် ရှိနေ သကဲ့သို့ မျှော်လင့် ချက်မဲ့ နေရှာ၏။ တွေ့သမျှ ယောကျာ်းသား များကို ဖမ်းဆီး ခေါ်ဆောင် သွားသောကြောင့် ယ္ခု အခါ ကျီးကန်းပြင် ရွာထဲ၌ ယောကျာ်းသား ဟူ၍ တစ်ယောက် တလေမှ မနေ၀ံ့ ပါ။ ယောကျာ်းမဲ့ အိမ်များကို နစက များ ၀င်ရောက် စီးနင်း ခဲ့သော အခါ မိန်းမသား ပေါ် မုဒိမ်း ကျင့်မှု များဖြစ်ပေါ် လာမည်ကို ရွာသားများ အလွန်ကို စိုးရိမ် နေ၏။ အိပ်မော့ နေသော စိတ် ကို နိုး ဆွ ပေးခြင်း ဖြင့် ပြဿနာ ပေါ်ပေါက် စေရန် ဖန်တီး ပြုလုပ် နေသော ဒီမိုကရေစီ အရေခြုံ အစိုးရကို ကမ္ဘာ ကြီးက လက် ခုပ်တီး အားပေးနေမလား ။ကန့်ကွက်ရှုတ်ချနေ မလားဆိုတာ ရင် တမော မော နှင့်  စောင့် ကြည့် နေခြင်းပါ။

Comment ရေးရန်

Rohingya Exodus