နောက်ဆုံးသတင်း/ဆောင်းပါးများ

နစကမှ ညှင်းပန်း နှိပ်စက် ငွေညှစ်သည့် အပြင် အိုးခွက် ပန်းကန်မကျန် ဖျက်ဆီးနေ


RB News 
12.5.2013 

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တောမြို့ တောင်ပိုင်း သန္တာကျေးရွာ အုပ်စု၊ ပ/အုပ်စု ရွာသို့ ယ မန်နေ့ ညက နစက၊ စစ်တပ်နှင့် ရဲများ ၀င်ရောက် စီးနင်း ခဲ့ကြောင်း သတင်း ရရှိ ပါသည်။ 

“မနေ့ကည (မေလ ၁၁ ရက်) ၉ နာရီလောက် ရွာထဲကို နစက၊ စစ်တပ်နဲ့ ရဲ အယောက် ၄၀ လောက် ၀င်လာတယ်။ သူတို့ ၀င်လာတာနဲ့ ရွာထဲက အမျိုးသား တော်တော် များများ ရှောင်ကြတယ်။ ရှောင်ကြ တာက လည်း နစက တွေလာပြီး အကြောင်းမဲ့ ဖမ်းဆီး လို့ပါ။ နစက တွေရဲ့ အလုပ်က ဖမ်း မယ်၊ ငွေ ညှစ် မယ် ဆိုတော့ အားလုံးက ကြောက်ကြတယ်။” ဟု ဒေသခံ ရွာသား တစ်ဦးမှ RB News သို့ပြော ပါသည်။ 

ထိုသို့ အမျိုးသား အများစု တိမ်းရှောင် သွားသော်လည်း မတိမ်းရှောင်ဘဲ နေအိမ် များတွင် ကျန်ရစ် ခဲ့သော အမျိုးသား (၃) ဦးကို ဖမ်းဆီး ရိုက်နှက်၍ ငွေညှစ် ခဲ့ကြောင်း သိရသည်။ 

“(၃) ယောက်ကတော့ မရှောင်ဘဲ သူတို့ အိမ်တွေမှာ ကျန်ခဲ့တယ်။ အဲဒီ (၃) ယောက်လုံးကို လာတဲ့ နစက၊ စစ်တပ်နဲ့ ရဲတွေ အားလုံးက အတွင်းကြေ ဒဏ်ရာ ရအောင် ရိုက်တယ်။ စိတ်ကြိုက် ရိုက်ပြီးမှ တစ်ယောက် ဆီက ငွေ ၅ သောင်းစီနဲ့ ကြက်ဖ တစ်ကောင်စီ ယူပြီး လွှတ်ပေး လိုက်တယ်” ဟု ၎င်းရွာသား မှ ပြော သည်။ 

“အမျိုးသား တွေရှောင် နေတဲ့ အိမ်တွေက အိုးခွက် ပန်းကန်တွေ ဖျက်ဆီး ပစ်တယ်။ မျက်စိရှေ့ မြင်သမျှ စစ်ဖိနပ်နဲ့ ကန်ပြီး ဖျက်ဆီး ပစ်တယ်။ ကျွန်တော်တို့ကိုလက်နက် အားကိုးနဲ့ အနိုင်ကျင့် နေတာ။ ကျွန်တော် တို့သည်းမခံ နိုင်ရင် ဒီနိုင်ငံ ထဲက ထွက်သွားမယ် ဆိုတဲ့ ပုံစံမျိုးနဲ့ နေ့စဉ် ရက်ဆက် အနိုင်ကျင့် ညှင်း ပန်း နှိပ်စက် နေတာ။” ဟု အဆိုပါ ရွာသားမှ ၀မ်းနည်းစွာဖြင့် ပြောပါသည်။ 

ရိုက်နှက် ခံရပြီး ငွေ ၅ သောင်းနှင့် ကြက်ဖ တစ်ကောင်စီ ပေးခဲ့ရသူ (၃) ဦးမှာ --- 

(၁) ဦးနူရ် အာမီးန် (ဘ) ဦးဖော်ဇောလ် အဟမတ် (အသက် ၄၇ နှစ်) 
(၂) ဦးအဒူရရှီဒ် (ဘ) ဦးအီမာန်ဟူစိန်း (အသက် ၅၀ နှစ်) 
(၃) ဟာဖီဇ် ဟာရှင်မုလ္လာ (အသက် ၂၅ နှစ်) -- တို့ဖြစ်သည်။

Comment ရေးရန်

Rohingya Exodus