ကျောက်နီမော်၌ ကမန်လူမျိုး အိမ်နှစ်လုံးကို ရခိုင်အကြမ်းဖက် များမှ မီးရှို့
RB News
10.6.2013
ကျောက်နီမော် ။ ။ ရခိုင်ပြည်နယ်၊ ရမ်းဗြဲ မြို့နယ်၊ ကျောက်နီမော် ကျေးရွာ အုပ်စု၊ ကျောက်ထရံရွာရှိ ကမန် လူမျိုး နှစ်ဦး အိမ် (၂) လုံးကို ယမန်နေ့ (ဇွန်လ ၉ ရက်) နံနက် ၃ နာရီတွင် ရခိုင် အကြမ်းဖက် များ မှ ရှောင်တခင် ၀င်ရောက်၍ မီးရှို့ခဲ့ ကြောင်း သတင်း ရရှိပါသည်။
မီးရှို့သည့် အချိန်တွင် မိုးများ ရွာသွန်း နေသော်လည်း၊ နေအိမ် နှစ်လုံးမှာ လုံးဝ ပြာကျ သွားကြောင်း သိရ သည်။ ဒေသခံများ၏ပြောပြချက်အရ အဆိုပါ နေအိမ် နှစ်လုံးကိုဓါတ်ဆီပက်ဖြန်း၍မီးရှို့ခဲ့ခြင်း ဖြစ် ကြောင်း သိရှိ ရပါသည်။
နေအိမ် နှစ်လုံး မီးစတင် မလောင်ကျွမ်းမှီက ရွာထဲသို့ ကဆူးကိုင်း ရခိုင်ရွာမှ ရခိုင်လူမျိုး သုံးဦး ၀င်ရောက် ခဲ့သည်ကို မြင်ခဲ့ သည်ဟု မျက်မြင် သက်သေ တစ်ဦးမှ ပြောကြားပြီး၊ ထို့အပြင် သေနတ်သံ ကဲ့သို့ အ သံ နှစ်ကြိမ် ကြားရပြီး နောက် မီးစတင် လောင်ကျွမ်း ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဒေသခံ များက နေအိမ်များကို ဓါတ်ဆီ ပက်ဖြန်း၍ အဝေးမှ သေနတ် ကဲ့သို့ လက်နက် တစ်မျိုးမျိုး ဖြင့်ပစ်၍ မီးရှို့ ခဲ့ခြင်း ဖြစ်ကြောင်း သုံးသပ် နေကြသည်။
ရွာအတွင်းသို့ ရခိုင်အကြမ်းဖက် များဝင်ရောက် ခဲ့သည်ကို တွေ့မြင် ခဲ့သည့် မျက်မြင် သက်သေ ရှိသော် လည်း အာ ဏာပိုင် များကမူ အကြမ်းဖက် မီးရှို့မှုကို ပေါ့ဆမီးဟု ခေါင်းစဉ် တပ်၍ ရာဇ၀တ်မှု ကို ဖျောက် ပစ်ရန် ကြိုးစား လျက်ရှိကြောင်း သိရသည်။
မီးရှို့ခံရသည့် နေအိမ် နှစ်လုံးမှာ ဦးချစ်သိန်းနှင့် ဦးကာသိန်း တို့၏ နေအိမ်များ ဖြစ်သည်။ ၎င်းတို့ နှစ်ဦးကို ယမန်နေ့က ရဲတပ်ဖွဲ့ဝင် များမှ ခေါ်ဆောင် သွားပြီး ပေါ့ဆမီး ကြောင့်မီးလောင် ကျွမ်းခဲ့သည်ဟု ထွက်ဆိုရန် ညနေ ၅ နာရီ အထိ ရဲစခန်း တွင်ဖိအားပေး၊ ခြိမ်းခြောက်မှု များပြုလုပ် ခဲ့ကြောင်း သိရသည်။
ကျောက်နီမော် ကျေးရွာ အုပ်စု၊ ကျောက်ထရံ ရွာကို လွန်ခဲ့သည့် လမှ စ၍ ရခိုင် အစွန်းရောက် များမှ အကြမ်းဖက် တိုက်ခိုက်ရန် ကြိုးစား ခဲ့သော်လည်း မအောင်မြင် ခဲ့ပေ။ ထိုသို့ အကြိမ်ကြိမ် ကြိုး စား ပြီးနောက် ယမန်နေ့က နေအိမ် နှစ်လုံးကို မီးရှို့ခဲ့ ခြင်းဖြစ်သည်။