နောက်ဆုံးသတင်း/ဆောင်းပါးများ

ရခိုင် အကြမ်းဖက် များမှ မောင်တောမှ ရိုဟင်ဂျာ အိမ်တစ်လုံးကို မီးရှို့ရန် ကြိုးစားခဲ့

M.S. Anwar
RB News
10.6.2013

မောင်တော ။ ။ ဇွန်လ (၈) ရက်နေ့ ည ၈ နာရီ ခန့်တွင် ရခိုင် အကြမ်းဖက် သမား ၁၂ ဦးမှ ရခိုင်ပြည် နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ ကီလာဒေါင် (ဒူချီရာတန်း) ရွာရှိ ရိုဟင်ဂျာ လူမျိုး တစ်ဦး၏ အိမ်ကို မီးရှို့ရန် ကြိုးစား ခဲ့ကြောင်း သတင်း ရရှိပါသည်။ အဆိုပါ ရခိုင် အကြမ်းဖက် သမားများမှာ ကိုင်းကျွန်းရွာမှ လာခြင်း ဖြစ်ကြောင်း သိရသည်။

“စနေနေ့ ည ၈ နာရီလောက်မှာ ကိုင်းကျွန်း ရွာက ရခိုင် အကြမ်းဖက် သမား ၁၂ ယောက်က ကီလာဒေါင် ရွာရဲ့ အလယ်ပိုင်း ကနေ လျှို့ဝှက်စွာ ၀င်ရောက် လာတယ်။ ပြီးတော့ ဦးအဒူဆလာမ် (ဘ) ဦးအဒူအဇီဇ် ရဲ့အိမ်ကို မီးရှို့ ဖို့ကြိုးစားတယ်။ ညပိုင်းမှာ ရွာသားတွေ ကင်းစောင့် နေတော့ တွေ့တာနဲ့ အော်ဟစ်ပြီး လိုက်ကြတယ်။ ၁၁ ယောက် လွတ်သွား ပေမယ့်လည်း တစ်ယောက် တော့ဖမ်းမိတယ်။ 

ရွာသား တွေက ဖမ်းမိတဲ့ တစ်ယောက်ကို နစက နယ်မြေ (၇) လက်အောက်ခံ ဗိုလ်ကြီး ဟိန်းဌေး ကြီးကြပ် တဲ့ စခန်း အမှတ် (၁၅) ကို လွှဲပြောင်း ပေးခဲ့တယ်။ နစက ကတော့ စစ်ဆေး နေတယ် လို့ ပြောတာဘဲ” ဟု ဒေသခံ တစ်ဦးမှ RB News သို့ပြောပါသည်။ 

ဒေသခံ ရွာသား များမှ ဖမ်းဆီး ရမိသူမှာ ကိုင်းကျွန်းရွာမှ လာသူ ဖြစ်သော်လည်း ၎င်းမှာ ကိုင်းကျွန်း ရွာတွင် နေထိုင်သူ တစ်ဦး မဟုတ်ဘဲ၊ ရိုဟင်ဂျာ များအား အကြမ်းဖက် တိုက်ခိုက်ရန် စေလွှတ် ထားသူများ ထဲမှ တစ်ဦး ဖြစ်ကြောင်း အတည်ပြု ပြောကြားသည်။ 

“ဖမ်းမိတဲ့ သူကို မေးတာနဲ့ သူက မောင်တောမြို့ခံ မဟုတ်ဘူး။ သူ့ကို ရခိုင် အကြမ်းဖက် အုပ်စု က စေခိုင်း ထားတဲ့ သူတစ်ယောက်လို့ ၀န်ခံတယ်” ဟု ဒေသခံ ရိုဟင်ဂျာမှ ဆက်လက် ပြောသည်။ 

ယခုကဲ့သို့ မီးရှို့ရန် ကြိုးစားမှု တစ်ခု လွန်ခဲ့သည့် မတ်လ (၃) ရက်နေ့က ရှီဒါဖာရာ (မြို့မ ကညင်တန်း) တွင် ဖြစ်ပွား ခဲ့သည်။ ရခိုင် အကြမ်းဖက် အချို့မှ နေအိမ် တစ်အိမ်ကို မီးရှို့ရန် ကြိုးစား ခဲ့ပြီး၊ အကြမ်းဖက် သမား တစ်ဦးကို ဒေသခံ ရွာသားများမှ အမိဖမ်း၍ ရဲတပ်ဖွဲ့သို့ လွှဲပြောင်း ပေးနိုင်ခဲ့သည်။ သို့သော်လည်း ရဲများမှ ဖမ်းဆီးရ မိသူမှာ အရူး တစ်ယောက်ဟု ပြောဆို၍ ပြန်လည် လွှတ်ပေး ခဲ့သည်။ 

“နစက ကမှန်ကန်တဲ့ စုံစမ်း စစ်ဆေးမှု တွေပြုလုပ်ပြီး ကျွန်တော်တို့ရဲ့ ရွာသားတွေကို ရခိုင် အကြမ်းဖက် သမားတွေရဲ့ အန္တရာယ်က ကာကွယ် ပေးပါစေလို့ ကျွန်တော်တို့ တကယ် ဆန္ဒပြု ပါတယ်။ ကျွန်တော်တို့ အနေနဲ့ နစက ကရဲတွေလို လုပ်မှာ မဟုတ်ဘူးလို့ မျှော်လင့် နေတယ်” ဟု ဒေသခံ ရိုဟင်ဂျာ လူကြီး တစ် ဦးမှ ပြောသည်။ 

ဇွန်လ (၈) ရက်နေ့ ညပိုင်း အခင်း ဖြစ်ပွား ပြီးနောက်၊ ဇွန်လ (၉) ရက်နေ့ နံနက်ပိုင်းတွင် ကန်သာယာ ရွာ တွင် အခြေစိုက် သောစစ်တပ်မှ ဗိုလ်ကြီး ထိုက်စိုးက ဘဂုံးနားရွာမှ ဒေသခံ ရိုဟင်ဂျာ များကို အကယ်၍ တစ်စုံ တစ်ယောက်မှ ကီလာဒေါင် ရွာတွင် အော်ဟစ်၍ အကူအညီ တောင်းသကဲ့သို့ အော်ဟစ်ပါက ၎င်း အနေဖြင့် အော်ဟစ်သူ မည်သူ မဆိုကို ပစ်ခတ် ရလိမ့်မည် ဟုပြောဆို ခဲ့ကြောင်း သိရသည်။ 

“ကီလာဒေါင် ရွာမှာ ရခိုင် အကြမ်းဖက် သမားတွေ မီးရှို့ဖို့ လာတော့ ကင်းသမား တွေအော်ဟစ်ပြီး ရွာ သား တွေကို အကူအညီ တောင်းသလို အော်ဟစ်ရင် အော်ဟစ်တဲ့ သူတွေကို ပစ်မယ်လို့ ပြောတယ်။ ရခိုင် အကြမ်းဖက် တွေမီးရှို့ဖို့ လာရင်လည်း နားမလည်ဘူးတဲ့။ အဲဒါကြောင့် ရွာသားတွေက ရိုဟင်ဂျာ တွေရဲ့ အိမ်တွေကို မီးရှို့ဖို့ ကြံစည်မှုမှာ သူလည်း ပူးပေါင်း ပါဝင်နေ တယ်လို့ သံသယ ဖြစ်နေ ကြတယ်” ဟု ၎င်းမှ ဆက်လက် ပြောကြားသည်။

Comment ရေးရန်

Rohingya Exodus