နောက်ဆုံးသတင်း/ဆောင်းပါးများ

မြောက်ဦးမြို့မှ ရဲတပ်ဖွဲ့ဝင်များ ကျူးလွန်သော အမှုကို ပြောင်းပြန် လုပ်၍ ရွာသားများကို ဖမ်းရန် ကြိုးစားနေ

မဟာမင်းခန့်
RB News
9.6.2013

မြောက်ဦး ။ ။ ရခိုင် ပြည်နယ်၊ မြောက်ဦး မြို့နယ်၊ ပရိန် ကျေးရွာ အုပ်စုတွင် ဇွန်လ (၄) ရက်နေ့က ရဲတပ် ဖွဲ့ဝင် များ၏ ပစ်ခတ် မှုကြောင့် ရိုဟင်ဂျာ အမျိုးသမီး ၄ ဦး သေဆုံး ခဲ့ရပြီး၊ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိ ခဲ့ပါသည်။ 

ထိုသို့ အာဏာပိုင် များဖြစ်သော ရဲတပ်ဖွဲ့ ၀င်များမှ သေနတ် ပစ်ခတ်၍ လူသေဆုံး သွားသည် အထိ ကျူး လွန် ခဲ့သည်ကို အမှု ပြောင်းပြန် တည်ဆောက် လို၍ ၎င်းပစ်ခတ် မှုကို ဒေသခံ အချင်းချင်း အပြန် အလှန် သတ်ဖြတ် လေဟန် အသွင်ပြောင်း အမှု ဖွင့်နိုင်ရန် မြောက်ဦး ခရိုင်နှင့် မြို့နယ် အာဏာပိုင် များမှ ကြိုး စား နေကြောင်း သိရှိ ရသည်။ 

ယနေ့ (ဇွန်လ ၉ ရက်) တွင် မြို့နယ် အုပ်ချုပ် ရေးမှူးမှ အဆိုပါ ကျေးရွာသို့ အကြောင်း ကြားစာ ပို့ရာတွင် “မနက်ဖြန် ကျရင် တရားခံ (၁၅) ဦး နာမည် ပေးရန်၊ အကယ်၍ တရားခံဟု စာရင်း မပေးပဲ အမျိုးသားများ ရွာမှ ထွက်ပြေး တိမ်းရှောင် သွားပါက ၎င်းတို့၏ ဇနီး သားမယားများ၊ အိမ်ရှိ အမျိုးသမီး များအား သား မယား အဖြစ် အဓမ္မပြု ကျင့်မည်” စသည်ဖြင့် ရာဇသံ ပေးပြောကြား သွားကြောင်း အမည် မဖော် လို သူ ပရိန် ရွာသား တစ်ယောက်မှ သိရ ပါသည်။ 

ပရိန် ဒေသခံ ရိုဟင်ဂျာ များသည် မိမိတို့ မကျူးလွန် ခဲ့သော အမှုကို ကျူးလွန် သည်ဟု အဓမ္မ တရားခံ အဖြစ် သဘောတူ အဖမ်းခံရန် မည်သို့မျှ မလိုလားချေ။ ထို့အပြင် ရွာသားများ စိုးရိမ် နေသည်မှာ မြို့နယ် အုပ်ချုပ်ရေးမှူး၏ အမိန့် အရ အပြစ် မရှိပဲ လူ (၁၅) ဦး အဖမ်းခံ ခဲ့လျှင် ၎င်း (၁၅) ဦးမှ နောက်ထပ် အယောက် (၃၀) ကို တရားခံ အဖြစ် အတင်း အဓမ္မ ထွက်ဆို ခိုင်းသည့် နည်းဖြင့် တစ်ရွာလုံး ရွာသူ ရွာ သား များကို တရားခံ အဖြစ် ဖန်တီးကာ ထောင်ချောက်ဆင် အမှုဖွင့် ထောင်ချ မည်ကို စိုးရိမ်၍ မည်သို့ လုပ်ရမည် မသိ ဖြစ်နေ ကြောင်းလည်း သတင်း ရရှိ ပါသည်။ 

အာဏာပိုင် များပြော သကဲ့သို့ မဆောင်ရွက် ပါက ၎င်းတို့၏ လယ်မြေများ ထွန်ယက်ခြင်းကို တားမြစ် ခြင်း၊ တောင်သူ၊ သူရင်းငှား အဖြစ် လုပ်ကိုင်ခြင်းကို တားမြစ်မည့် အပြင် ပြင်းထန်စွာ အရေးယူ မည် ဖြစ် ကြောင်း မြောက်ဦး မြို့နယ် အုပ်ချုပ် ရေးမှူးနှင့် ခရိုင်မှူး များမှ ခြိမ်းခြောက် ထားကြောင်း သိရ ပါ သည်။


Comment ရေးရန်

Rohingya Exodus