April 17, 2025
 R

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

မောင်တောမြို့ စစစ ထောက်လှမ်းရေးမှ ဓါးပြ သဖွယ် ပြုလုပ်နေ

RB News
10.6. 2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်းရှိ ကျေးရွာ များတွင် အထူးစုံစမ်းရေး ဦးစီးဌာန (စစစ) မှ ဦးအောင်ကျော်ဇင် သည်အပြစ်မဲ့ ဒေသခံ များကို ဖမ်းဆီး ညှင်းပန်း၍ ဓါးပြများထက် ဆိုးရွားစွာ ပြုလုပ် လျက်ရှိကြောင်း သတင်း ရရှိပါသည်။

ဇွန်လ (၄) ရက်နေ့ နံနက်ပိုင်းတွင် အလယ်သံကျော် ဈေးမှ ပြန်လာသော မော်လ၀ီ ရုလ်အာမီးန် (ဘ) ဦးဖယာစ် အဟမတ် (အသက် ၂၁ နှစ်) ကို ထောက်လှမ်းရေး ဦးအောင်ကျော်ဇင်မှ ဖမ်းဆီး၍ တစ်ည ချုပ်နှောင် ထားခဲ့သည်။ 

“ဒီမော်လ၀ီက ဘာမှ အပြစ်ရှိတဲ့ သူလည်း မဟုတ်ဘူး။ သူ့ဟာသူ ဈေးက ပြန်လာတဲ့ အချိန် အကြောင်းမဲ့ ဖမ်းသွားတာ။ မိဘတွေမှာ ငွေကြေး အသင့်အတင့် ရှိတယ် ဆိုတာ သိနေလို့ပါ။ တစ်ည ချုပ်ထား ပြီးတော့ တော်တော်လေး ညှင်းပန်း နှိပ်စက် ခဲ့တယ်လို့ သိရတယ်။ နောက်နေ့ ဇွန်လ ၅ ရက်နေ့ မနက် ပိုင်းမှာ မိဘတွေက ငွေကျပ် ၆ သိန်း ပေးပြီး ပြန်ခေါ် လာခဲ့ ရတယ်” ဟု ဒေသခံ ရွာသား တစ်ဦးမှ RB News သို့ပြောပါသည်။

ဦးအောင်ကျော်ဇင်သည် မောင်တောမြို့ တောင်ပိုင်းရှိ ရွာများတွင် ဈေးသွား၊ ဈေးလာ များကို ယခုကဲ့သို့ ဖမ်းဆီး၍ ညှင်းပန်း နှိပ်စက်ပြီး ငွေညှစ် နေသည်မှာ ယခင်ကတည်းက ဖြစ်သည်။ အလယ်သံကျော် ရှိ ဈေး ဆိုင် များအားလုံးမှ ၎င်းအား တစ်ပတ်လျှင် ငွေကျပ် တစ်ထောင်စီ ဆက်ကြေး သဖွယ် ပေးနေ ရသည် ။ ငွေကြေး တတ်နိုင်သူ များကို အဓိက ပစ်မှတ် ထား၍ ဖမ်းဆီးကြောင်း ဒေသခံ များမှ ပြောသည်။ 

ထို့အပြင် လွန်ခဲ့သည့် ဇွန်လ (၂) ရက်နေ့က သဒါကျေးရွာသို့ နစက နယ်မြေ (၇) မှ နစက တပ်ဖွဲ့ဝင် ၂၀ ကျော် ၀င်ရောက် စီးနင်း ခဲ့ရာ၊ အမျိုးသား အများစုမှာ ဖမ်းဆီး ညှင်းပန်း နှိပ်စက် ခံရမည်ကို စိုးရိမ်၍ ရွာမှ ရှောင်တိမ်း ခဲ့သည်။ သို့သော်လည်း မကျန်း မမာ ဖြစ်နေသော အဘူကာစင် (ဘ) ဦးကာလူ (အသက် ၂၅ နှစ်) မှာ ရှောင်တိမ်း၍ မရခဲ့ပေ။ နစက များမှ အဘူကာစင်အား လက်ထိပ်ခတ်၍ မိခင်ရှေ့တွင် လူမ ဆန်စွာ ရိုက်နှက် ခဲ့ကြောင်း သိရသည်။

“အဘူကာစင်က နေမကောင်းတော့ အပြင် မထွက်နိုင်ဘူး။ နစကတွေ လာရင် ရိုက်နှက် နှိပ်စက် ခံရတယ်။ ပြီးတော့ ငွေညှစ်တယ်။ အဲဒါကြောင့် ရွာက အမျိုးသား တွေက နစက လာပြီးဆိုရင် ရှောင်ကြတယ်။ အဘူ ကာစင်က မရှောင် နိုင်တော့ သူ့အမေ ရှေ့တင်မှာ နစက တွေက လက်ထိပ်ခတ်ပြီး ရိုက်တယ်။ မိခင် ဖြစ် တဲ့သူက မနေနိုင်တော့ ငွေ ၂ သိန်း ထုတ်ပေးပြီး အဲဒီလို နှိပ်စက်တာကို ရပ်ခိုင်း ရတယ်” ဟု ဒေ သ ခံ တစ်ဦးမှ ပြောသည်။ 

“မေယု ခရိုင်ကတော့ ကျွန်တော်တို့ အတွက် ငရဲဘုံ ဖြစ်နေတယ်”


Comment ရေးရန်

Pages 22123456 »
Rohingya Exodus