၁၁ နှစ်အရွယ် ကလေးငယ် တစ်ဦး ချောင်းထဲသို့ ချော်ကျ၍ သေဆုံး
ချောင်းထဲသို့ ချော်ကျ၍ သေဆုံးသွားသော အသက် ၁၁ နှစ် အရွယ် မဟမီဒါ |
RB News
5.6.2013
စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ၂၀၁၂ ဇွန်လက ဖြစ်ပွား ခဲ့သော အကြမ်းဖက် မှုများ ပြီးနောက်တွင် အစ္စလာမ် ဘာသာဝင် အများစုမှာ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရပြီး၊ အများစုမှာ တရားဝင် ဒုက္ခသည် စခန်းများ တွင် နေထိုင် နေရသော်လည်း အချို့မှာ မိမိတို့ အစီအစဉ် ဖြင့်ဆောက်လုပ် ထားသော တဲများဖြင့် စာရင်း မ၀င်သော ဒုက္ခသည် စခန်း များတွင် နေထိုင် နေရသည်။ တရားမ၀င် စခန်းများတွင် နေထိုင် သူများမှာ စားသောက်ရန် ရိက္ခာလည်း မရကြောင်း သိရသည်။
မဟမီဒါနှင့် မိသားစု နေထိုင်သော ရာဘာခြံမှ တဲ |
ရာဘာခြံ ဒုက္ခသည် စခန်းသည်လည်း စာရင်း မ၀င်သော ဒုက္ခသည် စခန်း တစ်ခု ဖြစ်၍ စားနပ် ရိက္ခာ မရရှိ သောကြောင့် ဒုက္ခသည် များမှာ စားရေး သောက်ရေး လွန်စွာ ခက်ခဲ လျက်ရှိကြောင်း သိရသည်။ စားရေး သောက်ရေး ပြေလည်ရန် အတွက် ရရာ အလုပ်ကို လုပ်လျက်ရှိရာ ကလေးငယ် များပင် ရရာ အလုပ်လုပ် နေကြောင်း သိရသည်။ ထိုအထဲတွင် မဟမီဒါ (ဘ) ဦးမာမတ် (အသက် ၁၁ နှစ်) သည်လည်း တစ်ဦး အပါ အ၀င် ဖြစ်ပါသည်။
မဟမီဒါသည် ဘောဒူဖ ရွာရှိ အိမ်တစ်အိမ်၌ အိမ်အကူ အလုပ်လုပ် ကိုင်နေသူ ဖြစ်သည်။ ယမန်နေ့ (ဇွန်လ ၄ ရက်) နေ့လည် ၃ နာရီ ခန့်အချိန်တွင် ဘောဒူဖတွင် အလုပ်လုပ်ကိုင်၍ အပြန်လမ်းတွင် မန်ဇီရဲကင်း အနီးရှိ ချောင်းထဲသို့ ချော်ကျ၍ ရေနစ် သေဆုံး သွားကြောင်း သိရသည်။
“ချောင်းထဲကို ချော်ကျ သွားတာ။ အဲဒီနားမှာ ရဲကင်း ရှိတယ်။ ရဲကင်းက မြင်ရက်သားနဲ့ မကယ်တာ ဖြစ်မယ်လို့ အနီး အနားမှာ ရှိတဲ့သူတွေ အားလုံးက ဝေဖန် နေကြတယ်” ဟု ဒေသခံ တစ်ဦးမှ RB News သို့ ပြောပါသည်။