ဗလီအတွင်းသို့ ဗုဒ္ဓဘာသာ ရဟန်းတော်များ ပထမဆုံး ဝင်ရောက်လေ့လာ
အစ္စလာမ် ဘာသာရေး အဆောက် အအုံ အတွင်းသို့ ဗုဒ္ဓ ဘာသာ ဘုန်းတော် ကြီးများ ဝင်ရောက် လေ့လာ ခြင်းဖြင့် ဘာသာချင်း ချစ်ကြည် ရင်းနှီးမှုကို ရရှိ စေနိုင်မည်ဟု ဆိုသည် (ဓာတ်ပုံ - ဝလုံး) |
17.6.2013
ရန်ကုန်မြို့ ကျောက်တံတား မြို့နယ် ဗိုလ်အောင်ကျော် လမ်းရှိ C.S အာရ်ကာတီ ဂျာမေ ဗလီကြီး အတွင်း သို့ ဇွန် ၁၆ ရက် နံနက်က ဘုန်းတော်ကြီး အချို့ ဝင်ရောက် လေ့လာ ခဲ့သည်။
ဝင်ရောက် လေ့လာသည့် ဆရာတော် များမှာ ရွှေဝါရောင် သံဃာ့ ကွန်ရက်မှ အရှင် ပဏ္ဏ ဝံသနှင့် အင်းစိန် မိုဘိုင်း ဆွမ်းလောင်း အသင်းမှ အရှင် စန္ဒသီရိ (သစ္စာရှင်) တို့ ဖြစ် ကြသည်။
ဗလီသို့ ဆရာတော်နှစ်ပါး ရောက်ရှိချိန်တွင် ဗလီအကြီး အမှူး များနှင့် အစ္စလာမ် ဘာသာရေး ခေါင်းဆောင် အချို့က ကြိုဆို ခဲ့ကြသည် ကိုလည်း တွေ့ရသည်။
ယခုကဲ့သို့ ဗုဒ္ဓ ဘာသာ ရဟန်းတော် နှစ်ပါး အစ္စလာမ် ဘာသာဝင်များ ဝတ်ပြုရာ ဗလီ အတွင်းသို့ ဝင်ရောက် လေ့ လာမှုသည် ပထမဆုံး ဖြစ်ပြီး ယင်းကိစ္စကို ဘာသာပေါင်းစုံမှ လူငယ် များဖြင့် ဖွဲ့စည်း ထား သည့် Pray for Myanmar အဖွဲ့က ကမ ကထ ပြုခြင်း ဖြစ်သည်။
Pray for Myanmar အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးကအခြား ဘာသာဝင်များအနေဖြင့် ဗလီများကို ဝင်ရောက် လေ့ လာ သင့်ကြောင်း၊ သို့မှသာကောလာ ဟလများ နည်းပါး သွားပြီး ပဋိပက္ခများ နည်းပါး သွားစေ နိုင်ကြောင်း ဆ ရာတော် နှစ်ပါး ဗလီသို့ လာရောက် လေ့လာသည့် အခမ်း အနား တွင် ပြော ခဲ့သည်။
ဗလီ အတွင်းသို့ ဝင်ရောက် လေ့လာသည့် ဆရာတော် အရှင် ပဏ္ဏဝံသက ''မြန်မာ လူမျိုးတွေက စပ်စု ချင်တဲ့ နေရာ မှာတော့ စပ်စုတယ်။ ဘာသာရေးနဲ့ ပတ်သက်ပြီး ဘယ်တော့မှ မစပ်စုဘူး။ ဘာသာရေး အဆောက် အအုံ တွေမှာ ရှိတဲ့ စည်းကမ်းတောင် မသိကြဘူး'' ဟု မိန့်သည်။
C.S အာရ်ကာတီ ဂျာမေ ဗလီမှ ရှေ့ဆောင် ဗလီ ဆရာ ဦလှမြင့် ကလည်း ''ကျွန်တော်တို့ ဗလီ တွေက ဖွင့်ချိန် ပိတ်ချိန် ရှိတော့ တံခါး ပိတ်ထားတဲ့ အတွက် ဘယ်သူမှ မဝင်ရဲ ကြဘူး။ မဝင်ရဲ ကြတဲ့ အတွက် တစ်ယောက်နဲ့ တစ်ယောက် စိမ်းနေပြီး မဝင်ဖြစ် ကြတာပါ'' ဟု မှတ်ချက် ပြုသည်။
ရန်ကုန် မြို့တွင်းရှိ အစ္စလာမ် ဗလီများ အတွင်းသို့ မည်သည့် ဘာသာဝင် မဆို လာရောက် လေ့လာ ကြည့် ရှု နိုင်ကြောင်း မြန်မာ မူဆလင် အဖွဲ့ချုပ် ဓမ္မသတ်မှူးက ဖိတ်ခေါ် လိုက်ပြီး လေးရက် အကြာတွင် ဗု ဒ္ဓ ဘာသာဝင် သံဃာတော်များ ဗလီ အတွင်းသို့ ယခုလို ဝင်ရောက် လေ့လာ ကြခြင်း ဖြစ်သည်။
ထိုသို့ ဖိတ်ခေါ်ကြောင်းကို မူဆလင် များအပေါ် အထင် အမြင် လွဲမှားမှု များကို ရှင်းလင်းသည့် အခမ်း အနားတွင် ပြောကြား ခဲ့ခြင်း ဖြစ်ပြီး ထိုစဉ်က ''ဗလီတွေမှာ ဘာစစ်သင်တန်း၊ လက်နက်မှ သိုလှောင် ထားတာ မရှိပါဘူး၊ နောင်လည်း ရှိလာမှာ မဟုတ် ပါဘူး။ လက်နက် တွေ သိုလှောင် ပါတယ်လို့ သံသယ ရှိခဲ့ရင် မည်သည့် ဘာသာဝင် မဆို သတ်မှတ် ထားတဲ့ ဘာသာရေး ဝတ်ပြုချိန် တွေမှာ ဗလီ အတွင်းကို ဝင်ရောက် လေ့လာ ကြည့်ရှု နိုင်ပါတယ်'' ဟု သူက ပြောကြား ခဲ့သည်။
အစ္စလာမ် ဘာသာဝင် တို့၏ ဓလေ့ ထုံးစံ အရ ဗလီများ အတွင်းသို့ အမျိုးသမီး များကိုတော့ ဝင်ခွင့် မပေးကြောင်းကို ဘာသာ ပေါင်းစုံ ငြိမ်းချမ်းရေး အဖွဲ့မှ အစ္စလာမ် ဘာသာဝင် ကိုရှိုင်းက ပြောသည်။ ရန်ကုန်တွင် အမျိုးသမီးများ ဝတ်ပြုသည့် ဗလီ ခြောက်ခု ရှိသဖြင့် ထိုဗလီ များကိုမူ အမျိုးသမီး များ လေ့ လာ နိုင်သည်ဟု သူကဆိုသည်။
အခြား ဘာသာဝင် များအနေဖြင့် ဗလီများ အတွင်းသို့ ဝင်မည် ဆိုပါက ကိုယ်လက် မျက်နှာ များကို သန့် စင် ရန်တော့ လိုအပ်သည် ဟုလည်း ကိုရှိုင်းက ရှင်းပြသည်။
ရန်ကုန် တွင်သာမက အခြား ပြည်နယ်နှင့် တိုင်းများတွင် ရှိသည့် ဗလီ များကိုလည်း ဝင်ရောက် လေ့ လာ ခွင့် ရှိကြောင်း ကိုရှိုင်းက ဆက်လက် ပြောကြားသည်။