ထိုင်းနိုင်ငံရှိ ရိုဟင်ဂျာ ဒုက္ခသည် များကို ခြောက်လ သက်တမ်းတိုး၍ ထိန်းသိမ်းထား
(ဓါတ်ပုံ - EPA) |
RB News
30.8.2013
ထိုင်းနိုင်ငံ၏ လူဝင်မှု ကြီးကြပ်ရေး ထိန်းသိမ်းရေး စခန်းများတွင် ထိန်းသိမ်း ထားသော ရိုဟင်ဂျာ ဒုက္ခ သည် များကို ယခုနှစ် ဇန်န၀ါရီလ မှစ၍ ခြောက်လကြာ ထိန်းသိမ်း ထားပြီး တတိယ နိုင်ငံ သို့မဟုတ် မြန် မာ နိုင်ငံသို့ လွှဲပြောင်း ပေးမည်ဟု ထိုင်းနိုင်ငံ အစိုးရ ကပြောကြား ခဲ့သော်လည်း ကြာသပတေးနေ့က ထိုင်းနိုင်ငံ ဒုတိယ ၀န်ကြီးချုပ် ပရာချာ ပရိုမ်နော့ခ် ကနောက်ထပ်ခြောက် လသက် တမ်းတိုးမြှင့် လိုက်ကြောင်း ကြေ ညာ ခဲ့သည် ဟု ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာ တွင်ရေးသား ဖော်ပြ ထား သည်။
အဆိုပါ ဒုက္ခသည် များကို ထိန်းသိမ်းရေး စခန်း များတွင် ထိန်းသိမ်း ထားပြီး ထိုင်းနိုင်ငံ အစိုးရ မှ နေ ရာ ပြောင်းရွှေ့ပေးရန် ကြိုးစား ခဲ့သော်လည်း ပထမ ခြောက်လတွင် အကောင် အထည် ဖော်နိုင်ခြင်း မရှိခဲ့ဘဲ ယခု တိုးမြှင့် လိုက်သည့် ခြောက်လ သက်တမ်းမှာ လာမည့်နှစ် ဇန်န၀ါရီလ တွင်ကု န်ဆုံး မည် ဖြစ် သည်။
ထိုင်းနိုင်ငံ ဒုတိယ ၀န်ကြီးချုပ်မှ ဒီမိုကရက် ပါတီ ဘန်ကောက်မှ ပါလီမန် အမတ် ဆမ်အာသ် မာလူလင်မ် ၏ တောင်းဆိုမှုကို လိုက်လျော ပေးခြင်း ဖြစ်သည်ဟု ဘန်ကောက်ပို့စ် သတင်းတွင် ရေးသား ထားပါ သည်။
ပါလီမန် အမတ် မစ္စတာ ဆမ်အာသ်မှ ၎င်းအနေဖြင့် ရိုဟင်ဂျာ ၂၀၀၀ ကျော်ကို ထိန်းသိမ်းရေး စခန်းများ တွင် စုပြုံပြီး ထိန်းသိမ်း ထားခြင်း အတွက် စိုးရိမ် ပူပန်ကြောင်း ပြောကြားသည်။
ရဲဗိုလ်ချုပ်ကြီး ပရာချာက ရိုဟင်ဂျာ အများစုသည် မြန်မာ နိုင်ငံ၊ ရခိုင် ပြည်နယ်တွင်ဖြစ်ပွားသော ဘာ သာရေး အကြမ်းဖက် မှုများကို ရှောင်ရှား နိုင်ရန် အတွက် ထိုင်းနိုင်ငံသို့ လှေများဖြင့် ရောက်ရှိ လာသဖြင့် ၁၉၇၉ ခုနှစ် လူဝင်မှု ကြီးကြပ်ရေး ဥပဒေကို ချိုးဖောက်သူ များဖြစ်ကြောင်း ပြောပါသည်။
အဆိုပါ ဥပဒေ အရ လူဝင်မှု ကြီးကြပ်ရေး အရာရှိ များမှ ထိုသို့ ၀င်ရောက် လာသူ များကို လူဝင်မှု ကြီးကြပ်ရေး စခန်းများ တွင်သာ ထိန်းသိမ်း ထားခွင့် ရှိသည်ဟု ဆိုသည်။ သို့သော်လည်း ကျန်းမာရေး မကောင်းသော ရိုဟင်ဂျာ အမျိုးသမီး များနှင့် ကလေး များကို လှုမှုဖွံ့ဖြိုး တိုးတက်ရေး ၀န်ကြီး ဌာန လက်အောက်ရှိ အဆောက် အဦ များတွင် ခိုလှုံခွင့် ပေးထားကြောင်းနှင့် ထိုင်းအစိုးရ အနေဖြင့် ရိုဟင်ဂျာ များ၏ နေထိုင်ရေး အတွက် စိုးရိမ် ပူပန်ကြောင်း ရဲဗိုလ်ချုပ်ကြီး ပရာချာမှ ဆက်လက် ပြောကြား ပါသည်။
၎င်းမှ ဆက်လက်၍ နိုင်ငံခြားရေး ၀န်ကြီးဌာန အနေဖြင့် ယခု သက်တမ်း တိုးမြှင့် လိုက်သည် အချိန်ကို အသုံးပြု၍ နိုင်ငံတကာ အဖွဲ့အစည်း များကို ထိုင်းအစိုးရ မူဝါဒ အရ ဒုက္ခသည် များကို ဂရုစိုက် နေကြောင်း ရှင်းပြ နိုင်သည်ဟု ဆိုသည်။
နိုင်ငံခြားရေး ၀န်ကြီး ဌာနမှ မြန်မာ အစိုးရနှင့် ဆွေးနွေး ခဲ့သော်လည်း မြန်မာ အစိုးရမှ အဆိုပါ ဒုက္ခသည် များ၏ မူရင်း နေရာကို စုံစမ်းရန် လိုအပ်ကြောင်းသာ အကြောင်း ပြန်ကြား ခဲ့သည်။
ရိုဟင်ဂျာ ပြဿနာ များကို သေချာ နားလည်သည့် အမျိုးသား လူ့အခွင့် အရေး ကော်မရှင် အကြီး အ ကဲ ဒေါက်တာ နီရန် ပီသာခ်ဝတ်ချရာက လာမည့် အပတ်တွင် အစိုးရအား ရိုဟင်ဂျာ ဒုက္ခသည် များ နေ ထိုင် ရန် ကောင်းမွန်သည့် အဆောက်အဦများ ကူညီပေးရန်နှင့် အာဆီယံ ဆွေးနွေးပွဲတွင် ဤ ပြဿ နာကို ဆွေးနွေးရန် ပန်ကြား သွားမည်ဟု ဆိုသည်။
ဒေါက်တာနီရန်က “ဒီပြဿနာက ထိုင်းနိုင်ငံ တစ်နိုင်ငံတည်းရဲ့ ပြဿနာ မဟုတ်ဘူး။ ဒီပြဿနာ တစ်ခုက အာဆီယံ နိုင်ငံ အားလုံး အတွက် ဖြစ်တယ်” ဟုဆိုသည်။