နောက်ဆုံးသတင်း/ဆောင်းပါးများ

လွှတ်တော် အမတ်ဟောင်း ဦးတင်မောင် ကွယ်လွန်ခြင်း အတွက် ၀မ်းနည်းကြောင်း သ၀ဏ်လွှာ ပေးပို့


ဝမ်းနည်းကြောင်း သ၀ဏ်လွှာ

နေ့စွဲ ၂၀၁၃ ခုနှစ် သြဂုတ်လ ၂၈ ရက်

စာအမှတ် NDPHR (IE) ၀၀၅/၂၀၁၃

ရခိုင် ပြည်နယ် ဘူးသီးတောင် မြို့နယ်၊ အမှတ် (၄) ရပ်ကွက် နေ အမျိုးသား လူ့အခွင့် အရေး ဒီမိုကရက် တစ်ပါတီမှ ၁၉၉၀ ခုနှစ် ရွေးကောက်ခံ ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ်နှင့် ပြည်သူ့ ကျန်းမာရေး ဌာန မှူး (အငြိမ်းစား) ဦးတင်မောင် (ခေါ်) ဦးနူရ် အာမက် (၈၇ နှစ်) သည် ၂၆ ရက်၊ ၈ လ၊ ၂၀၁၃ ခုနှစ် ည ၁၀ နာရီခွဲ အချိန်တွင် အလ္လာဟ် အရှင်မြတ် အမိန့်ခံ ယူသွားပါ သဖြင့် ကျန်ရစ် ခဲ့သော မိသားစုနှင့် အတူ ထပ် တူ ထပ်မျှ ၀မ်းနည်း ကြေကွဲ မိပါကြောင်း မှတ်တမ်းတင် အပ်ပါသည်။ 

ဦးတင်မောင်သည် ၁၉၈၈ ခုနှစ် ၈၈၈၈ (ရှစ် ၄ လုံး) ဒီမိုကရေစီ အရေးတော် ပုံမှစ၍ ဘူးသီးတောင် မြို့နယ် တွင် ရိုဟင်ဂျာ လူမျိုး များအား နိုင်ငံရေး အသိ တရားများ နိုးကြွ လာအောင် ရှေ့ဆုံးမှ ဦးဆောင် မှု ပြုခဲ့သူ တစ်ဦး ဖြစ်သည်။ ၁၉၈၈ ခုနှစ်တွင် ဖွဲ့စည်း ခဲ့သော အမျိုးသား လူ့အခွင့် အရေး ဒီမိုကရက်တစ် ပါတီ (NDPH) ၏ ဘူးသီးတောင် မြို့နယ် ပါတီ ကော်မီတီ ဥက္ကဌ အဖြစ် နှစ်ပေါင်း များစွာ ပါတီအား ဦးဆောင် မှု ပေးခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ ၁၉၉၀ ခုနှစ်တွင် အမျိုးသား လူ့အခွင့် အရေး ဒီမိုကရက်တစ် ပါတီ၏ ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင် အဖြစ် ရွေးချယ် ခံရပြီး ထိုနှစ် တွင်ပင် ဘူးသီးတောင် မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက် တင်မြောက် ခြင်း ခံခဲ့ရသည်။ 

ဦးတင်မောင်၏ ပြတ်သားသော ဆုံးဖြတ်ချက်၊ မှန်ကန်သော ဦးဆောင်မှု၊ ဇွဲရှိမှု၊ စည်းကမ်း ရှိမှု၊ အလုပ် ကြိုးစားမှု၊ အပင်ပန်း အနစ်နာ ခံမှု စသည့် အရည် အချင်း များဖြင့် အမျိုးသား လူ့အခွင့် အရေး ဒီမိုကရက် တစ် ပါတီ အတွက်အံ့မခန်း နိုင်သော အောင်မြင်မှု များကိုဆွတ်ခူး ပေးနိုင် ခဲ့သည်။ ဦးတင်မောင် ၏ ကွယ် လွန်အနိစ္စရောက်မှုသည် ပါတီအတွက် သာမက ရိုဟင်ဂျာ တစ်မျိုးသားလုံး အတွက် အစားမ ထိုး နိုင်သော ဆုံးရှုံးမှု တစ်ခု ဖြစ်သည်။ 

ယခု အခါ တွင် ဦးတင်မောင် မရှိသော် လည်း ဦးတင်မောင်၏ သွန်သင် ဆုံးမမှု၊ လမ်းညွှန် ဦးဆောင် ပေးခဲ့ မှု များ အတိုင်း နိုင်ငံရေး နိုးကြား တက်ကြွမှု အသိ စိတ် ဓါတ်ဖြင့် ကျနော် တို့ ရိုဟင်ဂျာ တစ် မျိုးသားလုံး ၏ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆက်လက် အားထုတ် ဆောင်ရွက် ကြရမည် ဖြစ်သည်။ 

ပြည်ပရောက် အမျိုးသား လူ့အခွင့်အရေးနှင့် ဒီမိုကရက်တစ်ပါတီ
ပါရီမြို့၊ ပြင်သစ်နိုင်ငံ

Comment ရေးရန်

Rohingya Exodus