နောက်ဆုံးသတင်း/ဆောင်းပါးများ

Civil Rights

ဌေးလွင်ဦး
RB News
29.8.2013

Civil Rights ဆိုတာ နိုင်ငံ တစ်နိုင်ငံ ထဲမှာ လူသား ချင်းကြား တန်းတူ ညီမျှ အခွင့် အရေး၊ အကျိုးတူ အေးတူ ပူမျှ ခံစားရရေး ဖြစ်ပါတယ်။ တန်းတူ ညီမျှ အခွင့် အရေး ရရှိအောင် လှုပ်ရှားမှု ဆိုတာ တန်းတူ ညီမျှ အခွင့် အရေး မရှိတဲ့ အရပ် ဒေသ၊ တိုင်း၊ နိုင်ငံတွေ မှာသာ ဖြစ်ပေါ် လာတာ ဖြစ်ပါတယ်။ 

ဒီမှာလည်း တန်းတူ ညီမျှ အခွင့် အရေး တစ်ကယ် ဆုံးရှုံး နေရတဲ့ လူထု တစ်ရပ်က မိမိတို့မှာ အမှန် တစ်ကယ် အခွင့် အရေးတွေ ဆုံးရှုံး နေပါလား-၊ ဒီအခွင့် အရေးကို ရအောင် ဘယ်လို ရယူမလဲ ဆိုတဲ့ အသိတရား လည်း ရှိလာဘို့ လိုအပ် ပါတယ်။ တန်းတူ ညီမျှ အခွင့် အရေး ဆုံးရှုံး နေတာကို ဆုံးရှုံး နေမှန်း မသိဘဲ အဆင် ပြေသလို နေတတ်တဲ့ အလိုက်သင့် ကျေးကျွန် စိတ်ပေါက် နေတဲ့ လူထု ဆိုရင် အဲ့လို လူထုမျိုး အတွက် တန်းတူ ညီမျှ အခွင့် အရေး ရလာဘို့ အကြောင်း မရှိပါ။ အကြောင်း ကတော့ တန်းတူ ညီမျှ အခွင့် အရေး ဆိုတာလည်း လူမှု တော်လှန်ရေး တစ်ခု ဖြစ်နေလို့ ပါပဲ။

တန်းတူ ညီမျှ အခွင့် အရေး ရရှိဘို့ လှုပ်ရှား ကြိုးစား ခဲ့တဲ့ သမိုင်းမှာ အမေရိ ကန် ပြည်ထောင် စု က ဒေါက်တာ မာတင် လူသာကင်း (ဂျူနီယာ) ဦးဆောင်တဲ့ လှုပ်ရှားမှုက ကမ္ဘာမှာ သမိုင်းဝင် ဖြစ်ခဲ့ ပါ တယ်။ သူ မတိုင်မှီ လူမဲ တွေရဲ့ အခွင့် အရေးကို စတင် တောင်းဆို ခဲ့သူ ခေါင်းဆောင်က မဲလ်ကွန် အိက်စ် ဖြစ်ပြီး မဲလ်ကွန် အိက်စ်က လုပ်ကြံ ခံလိုက် ရပါတယ်။ မဲလ်ကွန် အိက်စ်ရဲ့ ငါတို့ဟာ ခြံထဲက ကြက်တွေ မဟုတ်ဘူး ဆိုတဲ့ သမိုင်းဝင် စကား က တန်းတူ ညီမျှ အခွင့် အရေး ဆိုတာကို မေ့လျှော့ နေတဲ့ လူထုကြီးကို စတင် လှုပ်နှိုး နိုင်ခဲ့တာပါ။ ၀မ်းနည်း စရာ ကောင်းတာက လူမဲတွေ အတွက် တန်းတူ ညီမျှ အခွင့် အရေးကို ဦးဆောင် တောင်းဆိုတဲ့ မဲလ်ကွန် အိက်စ် ကို လုပ်ကြံတဲ့ သူဟာ ဆန့်ကျင်ဘက် အင်အား စုရဲ့ လက်ပါးစေ လူမဲတွေပဲ ဖြစ်ခဲ့ပါတယ်။ မဲလ်ကွန် အိက်စ်ရော ဒေါက်တာ လူသာကင်းပါ လုပ်ကြံ ခံရသူ များ ဖြစ်ခဲ့ ပေမယ့်-၊ သူတို့ ဦးဆောင် ခဲ့တဲ့ တန်းတူ ညီမျှ အခွင့်အရေး လှုပ်ရှား မှုကြောင့် လူမဲ တွေရဲ့ ဘ၀ ဟာ အမေရိကန် ပြည်ထောင်စု ထဲမှာ တန်းတူ ညီမျှ အခွင့် အရေးရဲ့ အကျိုး တွေကို ခံစား ခဲ့ရ ပါတော့ တယ်။ လူသားချင်း တန်းတူ ညီမျှ အခွင့် အရေးကို ဥပဒေပြု ပေးလိုက်တဲ့ အမေရိကန် ပြည်ထောင် စု ဟာ လည်း လူ့အရင်း အမြစ် အရည် အသွေး များရဲ့ အကျိုး တရားတွေ ဖြစ်ထွန်းပြီး ဆထက်တံပိုး တိုး တက် ခွင့်ရ သွားပါ တော့တယ်။

အလားတူ အာဖရိက တိုက်ထဲက တောင်အာဖရိက နိုင်ငံ ဟာလည်း တန်းတူ ညီမျှ အခွင့် အရေးကို ဥပဒေ ပြုပေး လိုက်ပြီး နောက်ပိုင်းမှာ လူတစ်ဦး ချင်းရဲ့ လုပ်အား လူ့အရင်း အမြစ်နဲ့ အရည် အသွေး တွေ ကို အသုံး ချခွင့် ရသွား ပြီး ဒေသ တွင်းမှာ အတိုး တက်ဆုံး နိုင်ငံ တစ်ခု ဖြစ်လာ ခဲ့ပါတယ်။ ဒါတွေကို ကျွန်တော်တို့ မြန်မာ နိုင်ငံက အတု ယူဘို့ လိုအပ်လှ ပါတယ်။

တန်းတူ ညီမျှ အခွင့် အရေး ဆိုတဲ့ စကားလုံးနဲ့ ဥပဒေ ပြုမှုက စကား ဝေါဟာရ အဖြစ် လွယ်ကူ ပေမယ့် လက် တွေ့ အကောင် အထည် ဖေါ်တဲ့ နေရာမှာ အလွန် တရာ ခက်ခဲ လှပါတယ်။ တန်းတူ ညီမျှ အခွင့် အရေး အတွက် လူမှု တော်လှန်ရေး ဖြစ်ပေါ် ခဲ့တဲ့ နိုင်ငံ တွေကို ပြန်ကြည့်ရင် နောက်ခံ လူ့အသိုင်း အ၀ိုင်း နဲ့ ဖြစ်တည်ပုံ လူ့သမိုင်း မတူ ညီမှုအပေါ် တော်လှန်ရေး ရဲ့ အသွင် သဏ္ဍာန် ဟာလည်း မတူ ကွဲပြား တာ ကို တွေ့မြင် ရပါတယ်။ 

အင်္ဂလန် နိုင်ငံမှာ ပရိုတက်စ် တင့်ဂိုဏ်း တွေကို ဖိနှိပ် ခဲ့စဉ်က- ဘာသာရေး အကြောင်း ပြချက်နဲ့ ဖိနှိပ် ခွဲခြားခြင်း ဖြစ်ခဲ့တယ်။ အမေရိကန် ပြည်ထောင်စုမှာ လူမဲတွေကို ကျေးကျွန် အဖြစ် အစဉ် အလာ အမြင် ရှိမှုတွေကြောင့် ခွဲခြား ဆက်ဆံ ခံခဲ့ရတယ်။ တောင်အာဖရိကမှာ အသားရောင်နဲ့ လူဖြူ ကြီးစိုးရေး ၀ါဒ တွေကြောင့် ဖြစ်ခဲ့ ရတယ်။ ဒါတွေ အားလုံးကို အဆိုပါ နိုင်ငံတွေမှာ ကျော်ဖြတ် နိုင်ခဲ့ပါပြီ။ ဘယ်ဘာ သာ ဖြစ်ဖြစ်-၊ ဘာအရောင် ဖြစ်ဖြစ် လူကို လူလို့ မြင်နိုင်တဲ့ အသိစိတ်တွေ လူလူချင်း လူလို ဆက်ဆံ ရ မယ် ဆိုတဲ့ ခံစားမှုတွေ သူတို့ ရင်ထဲမှာ အမြစ်တွယ် ခဲ့ကြပါပြီ။

တန်းတူညီမျှ အခွင့် အရေးကို မပေးချင် သူတွေဟာ တစ်ကယ်တော့ စိတ်ရောဂါ တစ်ခုခု စွဲကပ် နေ သူတွေ ဖြစ်တယ် လို့ ကျွန်တော့ အနေနဲ့ ဆိုချင်ပါတယ်။ သူတို့ ကိုယ်သူတို့ ယုံကြည်မှု အားနည်းခြင်း၊ မသိစိတ် တွင်းက သိမ်ငယ် စိတ်နိုးကြွမှု လွန်ကဲခြင်း၊ သတ္တိရှင် တို့ရဲ့ နှလုံးကို မမူတဲ့ မနာလိုမှု ယိုဖိတ်ခြင်း စိတ်ဝေဒနာ ရှင်တွေဟာ လူ- လူချင်း တန်းတူ ညီမျှ အခွင့် အရေးနဲ့ ဆက်ဆံ ရမှာကို ကြောက်ရွံ့ သူ များ ဖြစ် တယ် လို့ ဒေါက်တာမာတင် လူသာကင်းကို ထောက်ခံ ခဲ့တဲ့ လူဖြူအုပ်စု ခေါင်းဆောင် တွေက- အတိုက် အခံ များကို ထောက်ပြ ခဲ့ပါတယ်။

သူတို့ ကိုယ်သူတို့ ယုတ္တိရှိ လှပါတယ်လို့ ထင်မှတ် အကြောင်း ပြနေတဲ့ ဆင်ခြင် တွေဟာ တစ်ကယ်တော့ ကလေး ဆန်လှတဲ့ ယုတ္တိမဲ့ ခေတ်နောက်ကျ နေမှု များသာ ဖြစ်ပါတယ်။ ဒီလို အယူသည်း ရပ်တည်မှု များဟာ သမိုင်းမှာ လူကြမ်း မင်းသား များသာ ဖြစ်သွား ရပါတယ်။

Civil Rights လှုပ်ရှားမှု အတွက် တိုင်းပြည် တွင်းမှာ ရှိတဲ့ လူအများစု ကြီးကို Civil Rights ရဲ့ ကောင်း ကျိုး တွေကို ဆွေးနွေး ဖလှယ်ဘို့နဲ့ Civil Rights မရှိတဲ့ နိုင်ငံများရဲ့ လူရာ မ၀င်ဖြစ်ရမှု များကိုလည်း နားပေါက်အောင် ပြောဆို နိုင်ဘို့ လိုပါတယ်။ နိုင်ငံ တစ်ကာ အတွေ့ အကြုံ များအရ Civil Rights ကို မကြိုက်သူ များထဲမှာ မျက်ကန်း ဘာသာရေး အယူသည်းတွေ၊ အများ ကြိုက်လိုက်လျှော ဆင်ခြေမှားကို ကျင့်သုံးတဲ့ အာဏာမက်တွေ၊ ယုတ်မာ ကောက်ကျစ်တဲ့ စီးပွားရေး သမား တွေက များတတ် ပါတယ်။ အဲ့ဒီ အုပ်စု သုံးစုဟာ အကျိုးတူ ပူးပေါင်းပြီး သာမန် လူထုကြီးကို ဘာသာအား အာဏာအား ဓနအားတွေနဲ့ ပြု စား ဖျားယောင်း လေ့ရှိ ပါတယ်။ အဲ့ဒီ အုပ်စု သုံးစုဟာ ဘယ်သူသေသေ ငတေမာ ပြီးရော ဆိုတဲ့ စိတ်မျိုး ထားသူတွေ ဖြစ်ပြီး- တိုင်းပြည် အကျိုး၊ လူထု အကျိုး ကို ထည့်မစဉ်းစား ပေးသူ များသာ ဖြစ်ပါတယ်။ ဒါ ကို လူထုကို မြင်အောင် ပြဘို့ လိုအပ် ပါတယ်။

လက်ရှိ မြန်မာနိုင်ငံ အခြေအနေကို တည့်တည့် သုံးသပ်ရင် Civil Rights ကို ဖျက်ဆီး နေသူ တွေဟာ ဘာသာ ရေး အယူသည်းတွေ၊ အာဏာမက် တွေနဲ့ လောဘ တက်နေတဲ့ လူတစ်စု စီးပွားရေး သမားတွေ ဖြစ်ကြောင်း သိသာ မြင်သာ တွေ့နေ ရပါတယ်။ ဒီသုံးစုက သူတို့ရဲ့ ပုဂ္ဂလိက အောင်မြင်မှု အ တွက် လူထုနဲ့ တိုင်းပြည်ကို အရင်းတည်- ချကျွေး နေခြင်းသာ ဖြစ်ကြောင်း လူထု သိဘို့ လိုပါမယ်။ ဥပမာ အားဖြင့် ဘာသာရေး အမည်ခံ သင်္ကန်းဝတ် တစ်စုကြောင့် ဗုဒ္ဓဘာသာ နာမည်ပျက် ရတယ်-၊ ဒီမှာ ဗုဒ္ဓဘာသာကို အစဉ်အလာ ရိုးရိုး သားသား ကိုးကွယ် ယုံကြည် ခဲ့တဲ့ လူထုကြီးက မျက်နှာ ပျက်ရ၊ ရဟန်း သံဃာ အစစ်တွေက ဂုဏ်သိက္ခာ ပျက်ရ- ခြင်း ဆိုတဲ့ အကျိုး ဆက်ကို ခံစားရပြီး-၊ အမည်ခံ သင်္ကန်းဝတ် အုပ်စု ကတော့ ဆွမ်းတဖတ် လျှော့သွားခြင်း မရှိခဲ့ဘူး။ အာဏာ မက်တဲ့ လူတွေ ကလည်း သူတို့ကြောင့် တိုင်းပြည်ကို စီးပွားရေး ပိတ်ပင် တာတို့၊ လမ်းကြောင်း ဖွင့် ပေးလို သလောက် မဖွင့် ပေးတာတို့ ဖြစ်လာ ခဲ့ရင်လည်း လူထုကသာ ဆင်းရဲတွင်း နက်ပြီးရင်း နက်ရင်း ခံစား ရမှာ ဖြစ်ပြီး သူတို့ အတွက်တော့ မျိုးစဉ် မျိုးဆက် ကောင်းစား နေဦး မှာပါ။ ကမ္ဘာ တည်သ၍ အာဏာ တည်နေ ဦးမှာပါ။ လောလောဆယ် အကျိုး ဆက်မှာ လူထု ကသာ ဆင်းရဲတွင်း နစ်ခြင်းကို ခံစားရပြီး မျိုးစဉ် မျိုးဆက် လည်း နလံ ထူနိုင်ဘို့ မမျှော် လင့်ရဲတဲ့ အခြေ အနေကို ရောက်သွား ရပါတယ်။

ခွဲခြား ဆက်ဆံ ခံရတဲ့ လူသား တွေဟာလည်း မိမိတို့ တိုင်းပြည် ထဲက လူသားတွေ ဖြစ်ပြီး သူတို့ရဲ့ အကြံအား ဉာဏ်အား ဓနအား လုပ်အားတွေနဲ့ တိုင်းပြည် အပေါ် အကျိုးပြုခွင့် မရတဲ့ အတွက် တစ် တိုင်းပြည်လုံး ကိုပဲ ထပ်ဆင့် ထိခိုက် နိုင်ပါတယ်။

တစ်ကယ်လို့ Civil Rights ဆိုတာ ရှိလာရင် အခြေခံ လူထုရဲ့ ဘ၀ဟာ အခု လက်ရှိ အခြေ အနေ က နေ့ ချင်း ညချင်း တိုးတက် ပြောင်းလဲ လာမှာ ဖြစ်ပြီး ဘ၀ အေးချမ်းမှု၊ သက်သာ ချောင်ချိ မှုများ ရက် တို နှစ် တို အတွင်းမှာ သိသာ ထင်ရှားစွာ တိုးတက် လာမှာ ဖြစ်ပါတယ်။- ဒါတွေကို လူထုကြီး တစ်ရပ်လုံး အသိဝင် စေဘို့ အရေးကြီး လှပါတယ်။ သတိဖေါ် ပေးသူ များလည်း လိုအပ် ပါတယ်။

Civil Rights ဟာ လူတိုင်း အတွက် ဖြစ်လို့ လူတိုင်းက Civil Rights လှုပ်ရှားမှု ထဲမှာ ပါဝင် လာဘို့ လိုပါ တယ်။ ထောက်ခံ အားပေး လာဘို့ လိုပါတယ်။ မာတင် လူသာကင်းဟာ လူမဲတွေ အတွက် Civil Rights ကို ဦးဆောင် ပေးခဲ့ ပေမယ့်-၊ အဲ့ဒီ လှုပ်ရှားမှုမှာ လူဖြူတွေ လည်း အများကြီး ပါဝင် ခဲ့ပါတယ်။ ထောက်ခံ အားပေး ခဲ့ပါတယ်။ လူဖြူချင်း အမုန်း ခံပြီး Civil Rights ဘက်က ရပ်တည် ပေးခဲ့ ပါတယ်။ အဲ့ဒီ အကျိုး ဆက်ကို ဒီနေ့ အမေရိကန် ပြည်ထောင်စုကြီး ခံစားနေ ရပါပြီ။ ဒါတွေကို ကျွန်တော်တို့ မြန်မာနိုင်ငံ သားတွေ အတုယူ သင့်လှ ပါတယ်လို့ ပြောလို ပါတယ်။

ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement

Comment ရေးရန်

Rohingya Exodus