နောက်ဆုံးသတင်း/ဆောင်းပါးများ

ဆရာ/ဆရာမ များ ကျောင်းတွင် စာသင်ရန် ကျောင်းသားများထံမှ လမ်းစရိတ်နှင့် လစာ တောင်းနေ

RB News
29.8.2013

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ ဇင်ပိုင်ညာ ကျေးရွာရှိ အစိုးရ မူလတန်း ကျောင်း တွင် ဆရာ/ဆရာမ များ စာသင်ရန် အတွက် အစိုးရမှ ခန့်အပ် ထားသော်လည်း ကျောင်းသား များမှ လမ်း စ ရိတ်နှင့် လစာပေး မှသာ စာသင် နိုင်မည်ဟု ပြောကြား လျက်ရှိကြောင်း သတင်း ရရှိပါသည်။ 

ဇင်ပိုင်ညာ ကျေးရွာ အစိုးရ မူလတန်း ကျောင်းတွင် နိုင်ငံတော် အစိုးရ၊ အခြေခံ ပညာ ဦးစီး ဌာနမှ တိုက်ရိုက် ခန့်အပ် ထားသော ဆရာ/ဆရာမ (၃) ဦး ရှိပြီး၊ မြို့နယ် ပညာရေးမှူး ရုံးမှ ခန့်အပ် ထားသော ဆရာ/ဆရာမ (၂) ဦး ရှိသည်။ အဆိုပါ ကျောင်းတွင် ပညာ သင်ကြား နေသော ကျောင်းသား/သူ ၆၀၀ ဦးခန့် ရှိသော်လည်း ဆရာ/ဆရာမ များအချိန်မှန် လာရောက်၍ သင်ကြားခြင်း မရှိသောကြောင့် ကျောင်း သား/သူ များပညာရေး နစ်နာလျက် ရှိကြောင်း ဒေသခံ များမှ RB News သို့ပြောသည်။ 

ဆရာ/ဆရာမ အများစုမှာ ယခင် နစက နယ်မြေ (၆) တွင် နေထိုင် ကြပြီး ကျောင်းနှင့် (၁) မိုင်ခန့်သာ ကွာဝေး သည်။ လွန်ခဲ့သည့် သြဂုတ်လ (၂၄) ရက်နေ့တွင် ကျောင်းအုပ်ကြီးမှ ကျောင်းသား/သူ များ၏ မိ ဘ များကို အစည်း အဝေး ခေါ်ယူ၍ ဆရာ/ဆရာမ များ လမ်းစရိတ် တစ်လ ၆၀၀၀၀ (ခြောက်သောင်း) ကျပ်ကို ကျောင်းသား/သူ များ၏ မိဘ များက ကျခံရန်နှင့် မြို့နယ် ပညာရေးမှူး ရုံးမှ ခန့်အပ် ထားသော ဆရာ/ဆရာမ နှစ်ဦး အတွက် တစ်ဦးလျှင် ၃၀၀၀၀ ကျပ်နှုန်းဖြင့် တစ်လ ၆၀၀၀၀ ကျပ်ပေးရန် ပြောဆို ခဲ့ကြောင်း သိရှိ ရပါသည်။ 

ကျောင်းသား/သူများ၏ မိဘများမှ တစ်လတစ်သိန်း နှစ်သောင်း ကျပ် (၁၂၀၀၀၀) မပေး နိုင် လျှင် ကျောင်း တွင် ပညာ သင်ကြား နေသော ကျောင်းသား/သူ များ၏ ပညာရေးမှာ အလွန် ရင်လေး ဖွယ် ရာ ဖြစ်နေ ကြောင်းနှင့် မူလတန်းပညာရေးစနစ်သည် အခမဲ့သင်ကြား နိုင်သည့် ပညာရေး စ နစ် ဖြစ်သော် လည်း ယခု ကဲ့သို့ အတင်း အဓမ္မ ငွေကောက်ခံ နေခြင်းကြောင့် ဒေသခံ အများစုက စိတ် ပျက် လျက်ရှိ သည်။ 

ယမန်နှစ်က အကြမ်းဖက်မှု များဖြစ်ပွား ပြီးနောက် တက္ကသိုလ် ပညာ သင်ကြား နေသော ကျောင်းသား/သူ များ ပညာ ဆက်လက် သင်ကြားခွင့် မရတော့ဘဲ၊ အခြေခံ ပညာသင်ကြား နေသော ကျောင်းသား/သူ ငယ် များကို လည်း ပညာ ဆက်လက် မသင်ကြား နိုင်ရန် နည်းလမ်း မျိုးစုံဖြင့် ပြုလုပ်လျက် ရှိနေသည် ကို တွေ့ရှိ ရပါသည်။ ရိုဟင်ဂျာ လူမျိုး ဘွဲ့ရ ပညာတတ် လူငယ် များရှိသော်လည်း ၎င်းတို့ကို အလုပ် မခန့် ဘဲ၊ ရခိုင် လူမျိုး များကိုသာ အလုပ် ခန့်ထား သောကြောင့် ပညာ သင်ကြား ရေးတွင် ပိုမို ခက်ခဲ လာ သည်ဟု ဒေသခံ အများစုက ဆိုသည်။ 


Comment ရေးရန်

Rohingya Exodus