ခြေလျင်တပ်ရင်း ၅၅၂ မှ ဘူးသီးတောင်မြို့တွင် အဓမ္မစေခိုင်းမှု များပြုလုပ်လျက်ရှိ
ဘူးသီးတောင် မြို့နယ် အခြေစိုက် ခြေလျင် တပ်ရင်း အမှတ် ၅၅၂ မှ အတင်း အဓမ္မ ခိုင်းစေခြင်း၊ ညှဉ်း ပန်း နှိပ်စက်ခြင်း၊ မတရား စီးပွားရှာ လျက်ရှိခြင်း
ကြယ်ပွင့်
RB News
12.9.2013
ဘူးသီးတောင်မြို့ အခြေစိုက် ခြေလျင် တပ်ရင်း အမှတ် ၅၅၂ မှ တပ်ထောက် အရာရှိ ဗိုလ်ကြီး ဇော်မိုးဟိန်း ဆိုသူသည် ၎င်းတပ်ရင်း၏ စည်းရုံးရေး နယ်မြေ ဖြစ်သည် ဆိုသော ယင်းမ ကျောင်းတောင် (ရာမ်များ ဖာရာ)၊ သင်္ဂနက် (ဖီရ်ခါးလီ) နှင့် မီးကျောင်းဈေး (မီင်းဂီဆီ) ကျေးရွာ အုပ်စု များသို့ နေ့စဉ် တပ်သား (၄) ဦးစေလွှတ်ပြီး ရွာတစ်ရွာ စီမှ လူ (၅၀) ဦးစီကို တပ်ရင်းသိှု့ အတင်းအဓမ္မ ဆင့်ခေါ် စေသည်။ ထိုသို့ ခေါ်ဆောင် လာပြီး တပ်တွင်း စိုက်ပျိုးရေးး၊ ကြက်/ ဘဲ / ၀က် / ငါးမွေးမြူရေး၊ တပ်တွင်းရှိ အဆောင် များ ၏ တွင်း / ပြင် သန့်ရှင်းရေး၊ ဆောက်လုပ်ရေး၊ အထွေထွေ ပြုပြင်ရေး၊တပ်ဖွဲ့ဝင် များ၏ အိမ် မှု ကိစ္စ (ဆန်ပွတ်၊ အ၀တ်လျှော်၊ ထင်းခွေ၊ ရေခပ်၊ ကလေးထိန်း၊ နှပ်နယ် ပေးခြင်း) များ၊တပ်ဖွဲ့ဝင် များ၏ ကလေး များ ကျောင်းကြိုပို့ရေး စသော လုပ်ငန်း များတွင် အခကြေးငွေ တစ်စုံ တရာ ပေးဆောင်ခြင်း မရှိဘဲ ကျေး ကျွန် ကဲ့သို့ အတင်း အဓမ္မ ခိုင်းစေ လျက်ရှိသည်။
အထက်ပါ အတင်း အဓမ္မ ခိုင်းစေခံ ရသူများသည် တပ်ရင်းသို့ နံနက် (၇) နာရီတွင် အရောက်လာရ ပြီး နောက်ကျလျှင်(သို့မဟုတ်)ပျက်ကွက်လျှင်ကန်ကျောက်ထိုးကြိတ်ခံရခြင်း၊ကြက် (၅) ကောင်ပေး လျော် ရခြင်း၊ ချုပ်နှောင် ညှင်းဆဲ ခံရခြင်း စသည် တို့ကို ခံရလျက် ရှိသည်။
ထို့အပြင် ထိုတပ်ထောက် ဗိုလ်ကြီး ဇော်မိုးဟိန်းသည် ၎င်းတပ် အနီးရှိ အုတ်တောင် - သရဂူ တောင်ကြား လမ်းကိုဖြတ်သန်း သွားလာလုပ်ကိုင် စားသောက်သူများထံမှ အခွန်အခ ကောက်ခံ ရယူရန် မီးကျောင်းဈေး အုပ်စု၊ဆင်သေရွာနေ ၎င်း၏ လက်ပါးစေ ဖြစ်သူ ဟာမိတ်ဟူဆိန် အား ၂၀၁၃ / ၁၄ ဘဏ္ဍာရေးနှစ် တပ်ရန် ပုံငွေ အတွက် ဆိုပြီး ကျပ်ငွေ (၁၅) သိန်းယူ၍ တစ်ဦးတည်း ကိုယ်စားလှယ် ပေးထား သည်။ ၎င်းသူသည် အဆိုပါ တောင်ကြားလမ်း အတိုင်း ဖြတ်သန်း သွားလာ ကြသော လယ်သမား၊အလုပ်သမား၊ ဟင်းသီး ဟင်းရွက် ရောင်းဝယ်သူ များထံမှ အဆမတန် ငွေကြေးများ ကောက်ခံ နေသဖြင့် ဒေသခံ များမှာ အလွန် တရာ ဒုက္ခ ရောက်လျက် ရှိသည်။
အဆိုပါ ဗိုလ်ကြီး ဇော်မိုးဟိန်းသည် နှစ်စဉ် အထက် ဖော်ပြပါ ကျေးရွာ တစ်ရွာစီမှ တစ်လုံးလျှင် ကျပ် (၁၅၀၀) တန် (၂'x၁၂') ပတ်လည်ရှိ သစ်လုံး (၃၀၀၀) စီကိုလည်း မပေး မနေရ ပေး သွင်း စေ သည်။ ထို သို့ ပေးသွင်း စေပြီး ၎င်းသစ်လုံး များအတွက် ရွာသား များအား ငွေတစ်ပြား တစ်ချပ် မျှ ပေးချေခြင်း မရှိ ခဲ့ပေ။ထို့အပြင် လွန်ခဲ့သည့် သြဂုတ်လ ဒုတိယ အပတ်တွင် တပ်မမှူး တပ်ရင်း ၅၅၂ သို့ လာရောက် လည် ပတ်ရန် ရှိသည်ဟု ဆိုပြီး အဆိုပါ ကျေးရွာ များမှ အုပ်ချုပ် ရေးမှူးများ၊ ရာအိမ်မှူး များအား တစ်ရွာလျှင် ပ လတ်စတစ် ထိုင်ခုံ ၁၀ခုံ၊ အုန်းသီး အစိမ်း အလုံး ၂၀၀၊ကြက်ဥ အလုံး ၂၀၀ စီချက်ချင်း ယူ လာ ပေးကြရမည်ဟု အမိန့် ပေးသဖြင့် ယူလာ ပေးခဲ့ ကြရသည်။တောင်းဆို သည်များကို ချက် ချင်း ဖြည့် ဆည်း မပေးနိုင်ခဲ့ သဖြင့် ရာအိမ်မှူး အချို့မှာ လူမဆန်စွာ ရိုက်နှက်ခံ ခဲ့ရသည်။ထို့အပြင် ၎င်း ဗိုလ်ကြီးနှင့် တပ်ဖွဲ့ဝင် အချို့သည် ညဥ့်အချိန် မတော် ရွာတွင်းသို့ ၀င်ပြီး “ဧည့်စာရင်း တိုင်ကြားခြင်း မရှိ၊ တရားမ၀င် ဘင်္ဂလား mobile ဖုန်းကိုင်သည်၊ လူကုန် ကူးသည်၊တရားမ၀င် ပေါင်းသင်းသည်” စသည်ဖြင့် မဟုတ် မမှန် စွပ်စွဲပြီး မသိ နားမလည်သော ရွာသားများ ထံမှ ငွေညှစ်လျက် ရှိသည်။
“ဒီဗိုလ်ကြီး ဇော်မိုးဟိန်းဟာ ဒီလို အတင်း အဓမ္မ ခိုင်းစေခြင်း ၊ ညှဉ်းပန်း နှိပ်စက်ခြင်း၊ မတရား စီးပွား ရှာခြင်း တွေကို လုပ်ဆောင် နေတာ လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ် ကတည်းက ဖြစ်ပါတယ်။သူ့ကို ဘယ်သူမှ အရေးယူခြင်း မရှိပါဘူး၊ မြန်မာ ပြည်မှာ အတင်း အဓမ္မ ခိုင်းစေတာတွေ မရှိဘူး ဆိုတာ အခြား အပိုင်းတွေ မှာ ဖြစ်ချင် ဖြစ်မှာပါ။ ဒါပေမဲ့ ရိုဟင်ဂျာတွေ နေတဲ့ ရခိုင် ပြည်နယ် မြောက်ပိုင်းမှာ ဒါတွေ ရှိနေတုန်း ပါဘဲ၊ ILO သို့ ဖုံးဖြင့် တိုင်ကြား ခဲ့သော်လည်းဘဲ ယခုတိုင် အရေး ယူခြင်း မရှိသေး ပါဘူး။ပြီးတော့ မြန်မာ့ တပ် မတော်ကို အမည်းရောင် ဆိုးနေတဲ့ ဒီလို အကျင့်ပျက် အရာရှိ တွေကို ဘာ့ကြောင့် ယနေ့တိုင် တပ် မတော် ထဲမှာ တွေ့နေရ သေးသလဲ မသိ ပါဘူး။” ဟု ဒေသခံ တစ်ဦးက RB News သို့ပြော ပါသည်။