နောက်ဆုံးသတင်း/ဆောင်းပါးများ

ရသေ့တောင်မှ ဖမ်းဆီးခံရသူ ၁၀၈ ဦးလွတ်၊ ၅၈ ဦးကို နှစ်ရှည် ထောင်ဒဏ် ချမှတ်

RB News
11.9.2013

စစ်တွေ ။ ။ ၂၀၁၂ ခုနှစ် ဇွန်လတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုတွင် ပါဝင်သူများဟူ၍ စွပ်စွဲပြီး ရသေ့တောင် မြို့နယ်၊ အနောက်ပြင် ရွာမှ ရိုဟင်ဂျာ လူမျိုး ၁၈၉ ဦးကို ဖမ်းဆီး၍ စစ်တွေ အကျဉ်းထောင်  တွင် ဖမ်းဆီး ချုပ်နှောင် ထားခဲ့သည်။ 

၂၀၁၂ ခုနှစ် ဇွန်လတွင် ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ်၊ အနောက်ပြင် ရွာရှိ ရိုဟင်ဂျာ မွတ်စလင် များ ၏ နေအိမ် များကို ရခိုင် အကြမ်းဖက် သမားများ လာရောက်၍ မီးရှို့ ခဲ့ရာတွင် မိမိတို့ကို မိမိတို့ ခုခံ ကာ ကွယ်ပိုင် ခွင့်အရ ရိုဟင်ဂျာ လူမျိုး များမှ ခုခံရာတွင် ရခိုင် လူမျိုး ၁၀ ဦး သေဆုံး ခဲ့ပြီး၊ ရိုဟင်ဂျာ လူမျိုး ၉ ဦး သေ ဆုံး ခဲ့ရသည်။ အဆိုပါ ဖြစ်စဉ် အတွက် ရခိုင် ပြည်နယ် အစိုးရမှ ရခိုင် လူမျိုး တစ်ဦးကိုမှ အရေးယူ ဖမ်းဆီးခြင်း မရှိ ခဲ့သော်လည်း၊ ရိုဟင်ဂျာလူမျိုး ၁၈၉ ဦးကိုဖမ်းဆီး၍ စစ်တွေအကျဉ်းထောင် သို့  ခေါ်ဆောင် လာ ခဲ့သည်။ 

၎င်းတို့ကို စစ်တွေ အကျဉ်းထောင်တွင် ချုပ်နှောင် ထားစဉ် အတွင်း ၆ ဦး သေဆုံး ခဲ့ရပြီး၊ ၁၇ ဦးကို နှစ် သုတ်ခွဲ ၍ လွှတ်ခဲ့သည်။ တတိယ အသုတ် အဖြစ် စက်တင်ဘာလ ၁၁ ရက်နေ့ ယနေ့တွင် ဖမ်းဆီး ထား သူများ ထဲမှ ၁၀၈ ဦးကို ပြန်လည် လွှတ်ပေး လိုက်ပြီး ကျန်သည့် ၅၈ ဦး အနက် ၅၆ ဦးကို ထောင်ဒဏ် ၁၀ နှစ် စီနှင့် ၂ ဦးကို ထောင်ဒဏ် ၅ နှစ်စီ စစ်တွေ တရားရုံးမှ စက်တင်ဘာလ ၁၁ ရက်နေ့ ချမှတ် လိုက်ကြောင်း သိရှိ ရပါသည်။ တရားခံဟု စွပ်စွဲ ခံရသူ များအား ရှေ့နေ ငှားရမ်း၍ ခုခံခွင့် မပေးခဲ့ဘဲ တရား ရုံးမှ တစ်ဖက်သတ် တရားစီရင် ခဲ့ခြင်း ဖြစ်သည်။ ပြန်လည် လွတ်မြောက် လာသူများတွင် အသက်ကြီး၍ မကျန်းမာ သူများ ပါရှိပြီး၊ သက်ကြီး အမျိုးသမီး တစ်ဦးလည်း ပါရှိသည်။ 

“ပြန်လည် လွတ်မြောက် လာတဲ့ သူတွေ အတွက် ၀မ်းသာ ပါတယ်။ ဒါပေမယ့် ကျန်တဲ့ ၅၈ ယောက် ကို နှစ် ရှည် ထောင်ဒဏ် ချတာ ကတော့ မတရားဘူး။ ဒီလူတွေက တဖက်သတ် လာတိုက်ခိုက်မှုကို ခုခံ ကာကွယ် ခဲ့တာ။ အခု နှစ်ရှည် ထောင်ဒဏ် ချခံရတဲ့ သူတွေထဲမှာ တကယ် ပါဝင်တဲ့ သူတွေ ရှိသလို မပါဝင်တဲ့ သူ လည်း ရှိတယ်။ တဖက်သတ် လာပြီး အိမ်မီးရှို့၊ လူတွေ လာသတ်တာကို ခုခံတာ ခုခံတဲ့ သူတွေချည်း အ ဖမ်းခံ ရတယ်။ လူသတ်၊ မီးရှို့တဲ့ အကြမ်းဖက်တဲ့ ရခိုင်တွေ ကျတော့ တစ်ယောက်မှ မဖမ်းဘူး။ ဒါကိုက လုံးဝ မတရားတာဘဲ” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ထို့အပြင် ကုလ သမဂ္ဂ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကင်တားနား မလာမှီ ဘူးသီးတောင် မြို့နယ် အကျဉ်းထောင်မှ မောင်တော ရဲစခန်းရှိ အချုပ်ခန်းသို့ ပြောင်းရွှေ့ ထားသူ များထဲမှ ရိုဟင်ဂျာ လူမျိုး ၃၂ ဦးကို မောင်တော မြို့နယ် တရားရုံးတွင် စက်တင်ဘာလ ၁၀ ရက်နေ့က ရုံးထုတ်၍ တဖက်သတ် စီရင်ချက် ချမှတ်ခဲ့သည်။ ၃၂ ဦးမှ ၃ ဦးကို လွှတ်ပေး လိုက်ပြီး ကျန်သည့် ၂၉ ဦးကို ထောင်ဒဏ် ၇ နှစ်စီ ချမှတ် ခဲ့သည်။

(ဓါတ်ပုံ - စစ်တွေ IDP)









Comment ရေးရန်

Rohingya Exodus