နောက်ဆုံးသတင်း/ဆောင်းပါးများ

ဧည့်စာရင်းစစ် ခေါင်းစဉ်တပ်၍ ၀င်ရောက် စီးနင်း ဖမ်းဆီး ငွေညှစ်

RB News
12.9.2013

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ ညောင်ချောင်း ကျေးရွာ အုပ်စု၊ ဘုရား အောင် ပြင် ပရွာ သို့ စက်တင်ဘာလ ၇ ရက်နေ့ ညပိုင်းတွင် ရဲ၊ လုံထိန်း၊ စစ်သား များနှင့် ကျေးရွာ အုပ်ချုပ်ရေး တာဝန်ခံ များ ၀င်ရောက် စီးနင်းပြီး၊ ရိုဟင်ဂျာ (၁၀) ဦးကို ဖမ်းဆီး၍ ငွေညှစ် ခဲ့ကြောင်း သတင်း ရရှိ ပါ သည်။ 

စက်တင်ဘာလ ၇ ရက်နေ့ ည ၁၀ နာရီ ကျော်တွင် ရဲ၊ လုံထိန်း၊ စစ်သား များနှင့် ကျေးရွာ အုပ်ချုပ်ရေး မှူး နှင့် အဖွဲ့ဝင် များပါဝင်သည့် အဖွဲ့ တစ်ဖွဲ့သည် ဘူးသီးတောင် မြို့နယ်၊ ညောင်ချောင်း ကျေးရွာ အုပ်စု၊ ဘုရား အောင်ပြင် ပရွာသို့ ၀င်ရောက် စီးနင်းပြီး၊ အပြစ်မဲ့ ရိုဟင်ဂျာ (၁၀) ဦးကို မဟုတ် မမှန် စွပ်စွဲမှု များ ဖြင့် ဖမ်း ဆီးပြီး၊ ငွေညှစ် ခဲ့သည်။ 

“စွပ်စွဲ တာတွေ ကတော့ -- သန်းခေါင် စာရင်းမှာ ရှိတဲ့ သူထက် ပိုနေတယ်၊ လျော့နေတယ်။ သူတို့ ပါးစပ်ထဲ ရှိတဲ့ စကားတွေ ပြောပြီး ဖမ်းတယ်။ ပြီးတော့ ဘင်္ဂလား ဖုန်းကိုင် တယ်ဆိုပြီး စွပ်စွဲတယ်။ အဲဒီလို စွပ်စွဲပြီး မိသားစု ၁၀ စုက အိမ်ထောင် ဦးစီး ၁၀ ယောက်ကို ဖမ်းသွားတယ်။ အမျိုးသမီး တွေလည်း ပါ တယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

ဖမ်းဆီးသွားသူ များကို ဘူးသီးတောင်ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ပြီး၊ ရဲများမှ ငွေကျပ် တစ် သိန်း ပေး လျှင် ပြန်လည် လွှတ်ပေးမည်ဟု ပြောဆို ခဲ့သည်။ ထို့အပြင် အကယ်၍ ငွေတစ် သိန်း ပေး ရ သည် ကို မီဒီယာ (သို့မဟုတ်) တစ်ဦးဦးကို ပြောလျှင် ပြန်လည် ဖမ်းဆီးပြီး ထောင်ချမည်ဟု ခြိမ်းခြောက်၍ ဆဲဆို ရိုက်နှက် ခဲ့ကြောင်း သိရှိ ရပါသည်။ ဖမ်းဆီး ခံရသူ အများစုမှာ ငွေကြေး မတတ် နိုင်သူ များ ဖြစ်သော် လည်း ရဲများက တောင်းခံသည့် ငွေကြေး မပေး နိုင်ပါက မဟုတ် မမှန်သည့် ပုဒ်မများ တပ်ခံ ရပြီး ထောင် ဒဏ် ချခံရမည်ကို စိုးရိမ်ပြီး ငွေကြေး တတ်နိုင်သူ များထံမှ ချေးငှားပြီး ဓါးပြ ကဲ့သို့ တောင်း ခံသည့် ရဲများကို ပေးခဲ့သည်ဟု အဆိုပါ ဒေသခံမှ ပြောပါသည်။ 

ဘုရား အောင်ပြင် ပရွာ အုပ်ချုပ်ရေးမှူး သည် ရခိုင် လူမျိုး တစ်ဦး ဖြစ်ပြီး၊ အမြဲတစေ ရဲများ၊ လုံထိန်း များနှင့် ပူးပေါင်း၍ ငွေညှစ်ရန် နည်းလမ်းများ ရှာဖွေ လျက်ရှိ သူတစ်ဦး ဖြစ်သည်။ 

ဖမ်းဆီး ခံရပြီး၊ ငွေကျပ် တစ်သိန်းစီ ပေး၍လွတ်မြောက် လာသူ များမှာ -- 

(၁) ဦးအီနုစ် (ဘ) ဦးကာလာမျာ (အသက် ၄၅ နှစ်)
(၂) ဦးဇဟီရ်အူဒင် (ဘ) ဦးအဒူဆလာမ် (အသက် ၄၉ နှစ်)
(၃) ဦးအမီးရ်ဟူစိန်း (ဘ) ဦးမော်တော်လာဗ် (အသက် ၃၉ နှစ်)
(၄) ဒေါ်ဟာလီမာ (ဘ) ဦးရှိမ်း (အသက် ၃၅ နှစ်)
(၅) ဒေါ်အယေရှား (ဘ) ဦးနဇီရ်အဟမတ် (အသက် ၃၇ နှစ်)
(၆) ဒေါ်ဟာဆီနာ (ဘ) ဦးမူဆာမျာ (အသက် ၄၀ နှစ်)
(၇) ဦးအဘူဘကာရ် (ဘ) ဦးအဒူဂနီ (အသက် ၅၃ နှစ်)
(၈) ဦးအဒူရာမန် (ဘ) ဦးကာလာမျာ (အသက် ၅၄ နှစ်)
(၉) ဦးအဒူကာဒဲရ် (ဘ) ဦးမူတဲရ် (အသက် ၄၃ နှစ်) 
(၁၀) ဦးကာဒဲရ်ဟူစိန်း (ဘ) ဦးအဒူရာမန် (အသက် ၃၇ နှစ်) -- တို့ဖြစ်သည်။


Comment ရေးရန်

Rohingya Exodus