နောက်ဆုံးသတင်း/ဆောင်းပါးများ

ထောက်ခံစာနှင့် ဧည့်စာရင်း အတွက် ရွာအုပ်ချုပ် ရေးမှူးများ ငွေတောင်း လျက်ရှိ

RB News
12.9.2013

မောင်တော ။ ။ ရခိုင်ပြည်နယ် ၊မောင်တောမြို့နယ်၊တောင်ပိုင်း၊ အလယ်သံကျော်ကျေးရွာနှင့် ဥဒေါင်း ကျေး ရွာများတွင် ခရီးသွားလာခွင့် လက်မှတ် အတွက် ထောက်ခံစာနှင့် ဧည့်စာရင်း တိုင်သူများ ထံ မှ ငွေတောင်း ခံ လျက်ရှိကြောင်း သတင်း ရရှိ ပါသည်။

မောင်တောမြို့နယ်၊တောင်ပိုင်း အလယ်သံကျော်ကျေးရွာအုပ်ချုပ်ရေးမှူးဦးမောင်သက်နိုင်နှင့် ဥဒေါင်းကျေး ရွာ အုပ်ချုပ် ရေးမှူး ဦးတင်မောင် တို့က စက်တင်ဘာလ ၁ ရက်နေ့ မှစ၍ ကျေးရွာ တစ်ရွာမှ တစ်ရွာသို့ သွားလာခွင့် ထောက်ခံစာ အတွက် ငွေကျပ် တစ်ထောင်၊ ဧည့်စာရင်း တိုင်လျှင် လူတစ်ဦးလျှင် ကျပ် တစ်ထောင် နှုန်းထားဖြင့် ကောက်ခံ လျက်ရှိသည်။ နိုင်ငံတော် အစိုးရမှ ကျေးရွာ တစ်ရွာမှ တစ်ရွာသို့ သွား လာခွင့် ထောက်ခံစာနှင့် ဧည့်စာရင်း အတွက် တရားဝင် ပေးသွင်း ရမည့် ငွေကြေး ပမာဏ သတ်မှတ် ထားခြင်း မရှိဘဲ၊ မည်သူ မဆိုကို ဥပဒေ နှင့်အညီ ထုတ်ပေး ရမည်မှာ ကျေးရွာ အုပ်ချုပ်ရေးမှူး များ၏ တာ ၀န် ဖြစ်သည်။ သို့သော်လည်း ယခု အခါ ဥပဒေမဲ့ ငွေကြေး တောင်းခံ လျက်ရှိသောကြောင့် ဒေသခံ ရိုဟင် ဂျာ များမှာ အခက် အခဲ များဖြင့် ကြုံတွေ့ လျက်ရှိသည်။ 

“ကျွန်တော်တို့ အလယ် သံကျော်မှာ အလုပ် အကိုင် နည်းနည်း ပါးပါး ရှိတယ်။ ဆင်းရဲတဲ့ သူတွေက ဒီမှာ လာပြီး အလုပ် လုပ်ကြတယ်။ ခရီးသွားလာခွင့် ၇ ရက် အတွက် တစ်ထောင်၊ ဧည့်စာရင်း အတွက် တစ်ထောင်၊ တစ်ပတ်ကို နှစ်ထောင် ပေးနေ ရတယ်။ အဲဒီလို ပေးနေ ရရင် ဘယ်လိုလုပ် စားသောက် ဖို့ ပြေလည်မလဲ? အလယ် သံကျော် ဥက္ကဌ မောင်သက်နိုင်နဲ့ ဥဒေါင်း ဥက္ကဌ တင်မောင် တို့ကို SB ရဲ အောင်ကျော် ဇင်က အကာ အကွယ် ပေးထားတယ်။ သူတို့ ၃ ယောက်လုံးက မတရား သဖြင့် လူတွေ ဆီကငွေညှစ် နေတဲ့သူ တွေပါ။ ပြည်နယ် အစိုးရနဲ့ ဗဟိုအစိုးရ ကတော့ ဒီလူ ၃ ယောက် ဒီလောက် ဒုက္ခ ပေး တာကို မမြင် သလိုဘဲ နေနေတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

အလယ်သံကျော် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်၏ တပည့် တစ်ဦး ဖြစ်သူက ဒေသခံ ရိုဟင်ဂျာ များကို “မင်းတို့ရဲ့ ၀င်ငွေတစ်ဝက်ကအုပ်ချုပ်ရေးမှူး အတွက်ဘဲဖြစ်ရမယ်”ဟုပြောဆိုမှု များပြု လုပ်ကြောင်း ၎င်း က ဆက်လက်၍ ပြောပါသည်။


Comment ရေးရန်

Rohingya Exodus