နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘန်ကီမွန်း သမ္မတ ဦးသိန်းစိန်နှင့် တွေ့မည်

ကုလ အတွင်းရေး မှူးချုပ်နဲ့ မြန်မာ သမ္မတ ၂၀၁၂၊ ဧပြီလက တွေ့ဆုံခဲ့ကြစဉ်။
10.10.2013

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ အောက်တိုဘာလ ၁၁ ရက် သောကြာနေ့ မနက် ပိုင်း မှာ မြန်မာသမ္မတ ဦးသိန်းစိန် နဲ့တွေ့ဆုံပြီး လူအုပ်စုချင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် မှုတွေပြေ လည်ရေးအ တွက်ဆွေးနွေး ဖို့ ရှိတယ်လို့ ပြောလိုက် ပါတယ်။

ဘရူနိုင်း နိုင်ငံမှာ ကျင်းပတဲ့ အရှေ့တောင် အာရှ နိုင်ငံများ အဖွဲ့ ASEAN ထိပ်သီး အစည်း အဝေးနဲ့ ဆက် စပ် အစည်း အဝေးတွေ အတွက် အတွင်းရေး မှူးချုပ် ဘန်ကီမွန်းနဲ့ သမ္မတ ဦးသိန်းစိန်တို့ ဘရူနိုင်း နိုင်ငံ မှာ ရောက်နေ ကြတာပါ။

မြန်မာနိုင်ငံဒီမိုကရေစီ ဖော်ဆောင်ရေးမှာသိသိသာသာအောင်မြင် တိုးတက် မှုတွေ ရှိနေ ပေမဲ့ ရ ခိုင် ပြည် နယ် ဘက်မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက် မှုတွေ အပါ အ၀င် စိန်ခေါ် မှုတွေ အများကြီး ရှိနေ သေး တယ် လို့ လည်း ဘန်ကီမွန်းက ဆိုပါတယ်။

ဒီပြဿနာ တွေအတွက် နှစ်ဘက် တွေ့ဆုံ ဆွေးနွေး မှုဖြစ်နိုင် ရေးနဲ့ ငြိမ်းချမ်းရေး ဆိုင်ရာ မူဝါဒတွေ ချ မှတ် ဆောင်ရွက် နိုင်ဖို့လည်း သူနဲ့ တကွ သူ့ရဲ့အထူး အကြံပေး ပုဂ္ဂိုလ် ဖြစ်သူ မစ္စတာ ဗီဂျေး နမ်ဘီးယား (Vijay Nambia) တို့က တိုက်တွန်း နေကြ ပါတယ်လို့ အတွင်း ရေးမှူးချုပ်က ပြောပါတယ်။ 

Comment ရေးရန်

Rohingya Exodus