April 22, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

မောင်တောမြို့ပေါ်တွင် ဆူပူအုံကြွမှု ဖြစ်လာအောင် အစိုးရနှင့် ရခိုင်များ ပူးပေါင်းကြံစည်နေ

MYARF

RB News
14.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့ပေါ်တွင် ဆူပူအုံကြွမှု ဖြစ်ပေါ်လာအောင် အစိုးရနှင့် ရခိုင်များက ပူးပေါင်းကြံစည်နေကြောင်း သတင်းရရှိပါသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ရသေ့တောင်မြို့၌ ရခိုင်လူမျိုး အချို့က အစည်းအဝေးပြုလုပ်ခဲ့ပြီး ဒေသခံအစိုးရနှင့် ပူးပေါင်းကာ တည်ငြိမ်လျက်ရှိနေသော မောင်တောမြို့ပေါ်နှင့် အနီးအနား ရပ်ကွက်ကျေးရွာ အချို့တွင် ဆူပူအုံကြွမှု ဖြစ်ပေါ်လာအောင် ပြုလုပ်ပြီး မြို့ပေါ်မှ ရိုဟင်ဂျာများကို စစ်တပ်မှ အကြမ်းဖက်နိုင်အောင် လုပ်ကြံနေကြသည်။ 

မောင်တောမြို့ခံတစ်ဦးက “ကျနော်တို့ မြို့ပေါ်နဲ့ အနီးတဝိုက် ရပ်ကွက်ကျေးရွာ တွေမှာ တည်ငြိမ်နေတာကို ပျက်ပြားအောင် လုပ်မယ်လို့ သတင်းရခဲ့တယ်။ ရခိုင်တွေရဲ့ အိမ်တိုင်းမှာ လက်နက်တွေရှိတယ်။ အဲဒီထဲက တစ်ခုခု ဖောက်ပြီးတော့ ကျနော်တို့ ရိုဟင်ဂျာတွေ လုပ်တယ်ဆိုပြီး အပြစ်ထိုးချဖို့လေ။ ပြီးတော့ အပြစ်မဲ့လူတွေကို ဆူပူအောင်လုပ်တယ်ဆိုပြီး သတ်မယ် ဖမ်းမယ်ပေါ့။ တော်တော်လေး ကြောက်နေရတယ်” ဟု RB News သို့ပြောသည်။ 

မနက်ဖြန် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ကိုဖီအာနန် ဦးဆောင်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် မောင်တောခရိုင်ကို ကွင်းဆင်းမည့်ဟု RFA သတင်းဌာနက ကြေညာထားသောကြောင့် ထိုကဲ့သို့ ဆူပူအုံကြွမှု ဖြစ်အောင် လုပ်ကြံနေခြင်းလည်း ဖြစ်နိုင်သည်ဟု အဆိုပါ ဒေသခံက သုံးသပ်သည်။ 

ထို့အပြင် ကိုဖီအာနန် ကော်မရှင် ကွင်းဆင်းသည့်အခါ အစိုးရက ဖြစ်စေ၊ ရခိုင် သို့မဟုတ် ဟိန္ဒူများကို အသုံးချ၍ ဖြစ်စေ ထိုကော်မရှင်ကို တိုက်ခိုက်ပြီး ရိုဟင်ဂျာများအပေါ် အပြစ်ပုံချလာမည်ကိုလည်း ဒေသခံများက အလွန်တရာ စိုးရိမ်လျက် ရှိနေကြသည်။

ယနေ့ညတွင် မောင်တောမြို့နယ်၌ ဟိန္ဒူများကို အသုံးချပြီး ရခိုင်များနှင့် ပဋိပက္ခ ဖြစ်နေသည့်ပုံစံ လုပ်ဆောင်ရန်လည်း စီစဉ်နေသည်ဟု မောင်တောမြို့ပေါ် အနီးတဝိုက်တွင် ကောလာဟလ သတင်းတစ်ခုလည်း လူထုကြားတွင် ပြန့်နှံ့လျက်ရှိသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့မှ စ၍ မောင်တောမြို့နယ် မြောက်ပိုင်း ဒါးကြီးဇား၊ ရေခဲချောင်းခွဆုံ၊ ပွင့်ဖြူချောင်း၊ လောင်းဒုံ စသောကျေးရွာများထဲသို့ စစ်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများအပါအဝင် အပြစ်မဲ့ ရိုဟင်ဂျာ ပြည်သူ မြောက်များစွာ သေခဲ့ကြရသည်။ ရိုဟင်ဂျာများ၏ နေအိမ်မြောက်များစွာ ကိုလည်း စစ်တပ်က လောင်ချာများဖြင့် ပစ်ခတ်၍ ဖျက်ဆီးခဲ့သည့်အပြင် လောင်ချာဖြင့် ပစ်ခတ်မှုကြောင့် ရွာလုံးကျွတ် စွန့်ခွာခဲ့သူများ၏ နေအိမ်များကို စစ်သားများကိုယ်တိုင် မီးရှို့ ခဲ့သည်။ စစ်တပ်၏ ထိုကဲ့သို့ ဥပဒေမဲ့ ရာဇာဝတ်မှု ကျူးလွန်ခဲ့မှုများကို အာရုံလွှဲရန် အစိုးရမှ အမျိုးမျိုးသော လုပ်ကြံမှုများ လုပ်ကြံနိုင်သည်ဟု မောင်တောအခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာနေသူများက သုံးသပ် ပြောဆိုနေကြသည်။


Comment ရေးရန်

Pages 22123456 »
Rohingya Exodus