March 16, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ဆရာတော်များ အမှန်တရားနှင့် အတူ ရပ်တည် နိုင်ပါစေ



မင်းအောင်
RB News
13.10.2013

မိုးမခ မီဒီယာတွင် (ပဋိပက္ခ တွေရဲ့ နောက်ကွယ်မှာ ကမ္ဘာ့ လူသားများ မသိသေးတဲ့ အမှန်တရား တစ်ခု) ခေါင်းစဉ်ဖြင့် ဆရာတော် တစ်ပါး၏ ဆောင်းပါး တစ်ပုဒ်အား ဖတ်လိုက် ရပါသည်။ အိန္ဒိယ နိုင် ငံ တွင် ကျင်းပခဲ့သော ငြိမ်းချမ်းရေး ပွဲတစ်ခုတွင် မြန်မာ နိုင်ငံမှ ဗုဒ္ဓဘာသာ ၀င်များ ဂုဏ်သိက္ခာ ကျစရာ အ ချက် အလက်မှားတစ်ခုအပေါ် ဆရာတော်မှတုန့်ပြန်ရေးသား ထားသောဆောင်း ပါး ဖြစ်ပါ သည်။ နိုင်ငံခြား တွင် မြန်မာ နိုင်ငံမှ ဗုဒ္ဓဘာသာ ၀င်များ၏ ဂုဏ်သိက္ခာ ကျဆင်း စေသော သတင်းမှား အား တုန့်ပြန် ရေး သား နေသော ဆရာတော်မှ မြန်မာ နိုင်ငံ၏ တကယ့် အဖြစ် အပျက် အမှန် များအား မျက်ကွယ်ပြုကာ အချက် အလက် အမှားများ အပေါ် အခြေခံပြီး ကောက်ချက် ဆွဲရေး ပြထားသည်မှာ အံ့ သြ စရာ ဖြစ်နေ ပါသည်။ ဆရာတော်၏ ဆောင်းပါးအား အသေးစိတ် ဖတ်ကြည့်မည် ဆိုပါက ဆ ရာတော် ရည် ညွန်း နေသော (နောက်ကွယ်မှ အမှန် တရား တစ်ခု ဆိုသည်မှာ) အထောက် အထားမဲ့ ဗုဒ္ဓ ဘာသာ ၀င် အများစုမှ မွတ်စလင်များ အပေါ် စွပ်စွဲ နေကျ မွတ်စလင် တွေရဲ့ အကွက်ချ စီစဉ် ဖန်တီးမှု ဟူသော စကား လုံး ပင်ဖြစ် ပေသည်။ 

ရခိုင် ပြည်နယ် အကြမ်းဖက်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆရာတော် သိထားသော အချက် အလက် များမှာ အတော်လေး အားနည်း နေပါသည်။ ဆရာတော် ပြောသည့် လူ ၂၀၀ ကျော် သေဆုံး ခဲ့ခြင်းသည် (သေ ဆုံး ခဲ့သော အရေ အတွက်သည် ၂၀၀ ထက် အများကြီး ပိုပါသည်) မွတ်စလင် အများစု နေ ထိုင်သော ဘူးသီးတောင်၊ မောင်တော မြို့နယ် နှစ်ခု အတွင်းသာ သေဆုံး ခဲ့ခြင်း မဟုတ်ဘဲ၊ ရခိုင် ပြည် နယ် တစ်ခု လုံး၏ သေဆုံး စာရင်း ဆိုတာ လောက်တော့ သိထား သင့်ပေသည်။ ရခိုင်ပြည်နယ် တစ်ခုလုံးအ တွင်း ဖြစ် ပွား ခဲ့သော အကြမ်း ဖက်မှုအား မွတ်စလင် အများစု နေထိုင်ရာ မြို့နယ် နှစ်ခု အတွင်းသာ ကွက် ပြီးဖြစ်ခဲ့ သယောင် ရေးသား ထားသည်မှာ အလွန် တရာ အရုပ်ဆိုး အကျည်းတန် လွန်းပါသည်။ ရ ခိုင် ပြည်နယ် အတွင်း အကြမ်း ဖက်ခံရပြီး ဒုက္ခသည် စခန်းထဲ ရောက်နေသော လူဦးရေ တစ်သိန်း ခွဲ ကျော် ရှိသည့် အနက် ၉၅% ကျော်သော လူဦးရေမှာ မွတ်စလင်များ ဖြစ်သည်ကို ဆရာတော် မျက် ကွယ် ပြုခဲ့ ပါသည်။ 

မွတ်စလင် များမှ ရခိုင် ပြည်နယ် အတွင်း ပြဿနာ ဖန်တီး အပြီး အချိန် တိုတိုအတွင်း ပြည်မ ထဲ သို့ ရောက် သွားအောင် ကြံရွယ်ပြီး မိတ္တီလာ အရေး အခင်းအား ဖန်တီး လိုက်သည် ဟူသော ဆရာတော် ၏ စွပ်စွဲ ချက် သည် ယုတ္တိ ကင်းမဲ့ လှပေသည်။ ဤကဲ့သို့ မွတ်စလင် များအပေါ် မတရား စွပ်စွဲချက် မျိုးအား အကြမ်း ဖက် ခေါင်းဆောင်များ ထံမှ မကြာခဏ ကြားခဲ့ရ ပါသည်။ ဒေါက်တာ ဘွဲ့ရငြိမ်း ချမ်းရေး ဖော်ဆောင် နေသော ဆရာတော် တစ်ပါးထံမှ ဤစွပ်စွဲချက် မျိုး ထပ်မံ ကြားလာ ရသော မြန်မာ မွတ်စလင် များအနေဖြင့် အံ့သြ မဆုံး ဖြစ်ရ ပါသည်။

ဆရာတော် ရေးသား ထားသော အချက် အလက် များအား ချေပ ရေးသားရန် မရည်ရွယ်ပါ။ မြန်မာ နိုင်ငံ အတွင်း မွတ်စလင်များ တဖက်သတ် အကြမ်းဖက် ခံနေရမှု များနှင့် ပတ်သက်ပြီး ဆရာတော် သိထားသော သတင်း အချက် အလက်များ မှားယွင်း နေသည် ကိုသာ သိစေလို ပါသည်။ ၂၀၁၃ မတ်လ (၂၀) ရက်နေ့ ဖြစ်ပွား ခဲ့သော မိတ္တီလာ အကြမ်းဖက် မှုတွင် ရွှေဆိုင် အတွင်း ရောင်းသူ၊ ၀ယ်သူ၊ ပြဿနာ တက်ပြီးနောက် ခဏ အကြာတွင် တုတ်၊ ဓါး အပြည့် အစုံနှင့် လူအုပ်ကြီး ရောက်လာပြီး ရွှေဆိုင်အား လုယက် ဖျက်ဆီး ခဲ့သည့် အပြင် အခြား မွတ်စလင် အိမ်များလည်း ဖျက်ဆီး ခဲ့ကြသည်။ မွတ်စလင် အချို့လည်း အသတ်ခံ ခဲ့ရပါသည်။ ထိုကဲ့သို့ မွတ်စလင်ပိုင် အိမ်များ၊ ဥစ္စာ ပစ္စည်းများ လုယက် ပျက်စီး မီးရှို့ ခံရရုံမက လူအချို့ အသတ်ခံ ခဲ့ရသည့် နောက်ပိုင်း ညနေစောင်း အချိန်တွင် ဘုန်းကြီး တစ်ပါး မီးရှို့ ခံခဲ့ ရခြင်း ဖြစ်ပါသည်။ ဆရာတော် ယူဆ သကဲ့သို့ ဘုန်းကြီး တစ်ပါး မီးရှို့ ခံခဲ့ရသည့် နောက်ပိုင်းမှ မွတ်စလင်များ အကြမ်းဖက် ခံရခြင်း လုံးဝ မဟုတ်ပါ။ သို့သော် မွတ်စလင်ပိုင် ရွှေဆိုင်တွင် ဗုဒ္ဓဘာသာဝင် လင်မယား နှစ်ဦး စော်ကားခံ ရသည့် အတွက် ၎င်းရွှေဆိုင် အပြင် အခြား မွတ်စလင်ပိုင် အိုးအိမ် တိုက်တာများ လုယက် ဖျက်ဆီး ခံရပြီး၊ မွတ်စလင်များ သတ်ဖြတ် ခံရခြင်း ဖြစ်သည် - ဘုန်းကြီး တစ်ပါး အား မီးရှို့ခဲ့ခြင်း ကြောင့် မွတ်စလင် လူငယ်၊ လူကြီး၊ အမျိုးသမီး ပါမကျန် ရက်ရက် စက်စက် မီးရှို့ သတ်ဖြတ်ခံရသည့် အပြင်အိမ်များစွာ လည်းမီးရှို့ခံရခြင်း ဖြစ်သည်ဟု ဆရာတော့် အနေဖြင့် လူ ထု ရှေ့မှောက်တွင် ပွင့်ပွင့် လင်းလင်း ညီမျှခြင်း ဆွဲပြမည် ဆိုပါကလည်း ရနိုင် ပါသည်။ ဖြစ်စဉ် အမှန် အား ဖုံးကွယ် ထားပြီး မိမိလိုရာ ကောက်ချက် ဆွဲကာ မွတ်စလင် များအပေါ် မတရား အပြစ် တင် ပြော ဆို နေခြင်းသည် အကြမ်းဖက် အုပ်စုအား အားပေး ထောက်ခံရာ ရောက်နေ ပါသည်။ 

၂၈.၉.၂၀၁၃ နေ့တွင် စတင် ဖြစ်ပွား ခဲ့သော သံတွဲမြို့ အကြမ်းဖက် မှုနှင့် ပတ်သက်၍ သံတွဲမြို့မှ ဆရာတော် တစ်ပါး၏ သတင်း ထုတ်ပြန် ချက်တွင်လည်း အလားတူ အချက် အလက် အမှန်များအား ဖုံး ကွယ် ကာ မွတ်စလင် များအပေါ် လုပ်ကြံ ဖန်တီး ပြောဆို ထားသည် ကိုလည်း တွေ့ရ ပါသည်။ အဆို ပါ ကြေငြာချက် တွင် ခရီးသည် ၆ ဦးအား မွတ်စလင် များစတင် အကြမ်း ဖက်ရာမှ သံတွဲ မြို့နယ် အတွင်း မီးရှို့ ဖျက်ဆီး လူသတ်မှု များဖြစ်ခဲ့ ရသည်ဟု အရှက်မဲ့စွာ ဖော်ပြ ထားသည်။ အမှန်မှာ အဆိုပါ အဖြစ် အပျက်သည် ၁.၁၀.၂၀၁၃ ညနေ ၃ နာရီ ကျော်တွင် ရွှေလှေ တံတား အနီး ဖြစ်ပွား ခဲ့ခြင်း ဖြစ် ပါသည်။ အဆိုပါ အဖြစ်အပျက် မတိုင်မှီ ရခိုင် ဗုဒ္ဓဘာသာ ၀င်အကြမ်းဖက် အုပ်စုမှ ၂၉.၉.၂၀၁၃ နေ့ ညတွင် သံတွဲ မြို့အတွင်း ဆရာ ဦးခင်မောင်၏ နှစ်ထပ် ပျဉ်ထောင် အိမ်ကြီး တစ်လုံးနှင့် ဦးသာဒိုး အိမ်တို့အား လည်းကောင်း၊ ၃၀.၉.၂၀၁၃ နေ့တွင် ဦးကိုကြီးမောင် ဆီဆိုင်နှင့် ဦးမောင်ကျော် အိမ်တို့ အား လည်းကောင်း မီးရှို့ ဖျက်ဆီး ခဲ့သည်။ ၎င်းအပြင် ကျောက်ကြီး ကျေးရွာမှ ဗလီအား ဖျက်ဆီး ခဲ့ကြ ပြီး ရွှေလှေ ပေါက်တော ရွာမှ ဦးစိုးရန်နိုင် အိမ်အား မီးရှို့ ခဲ့ကြသည်။ 

ဤအချက် အလက် များအားလေ့လာကြည့်မည် ဆိုပါကမြန်မာနိုင်ငံ အတွင်း အချိန် ကြာ ဖြစ်ပွား နေသော ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်မှုဖြစ်စဉ်ကြီး အတွင်း ဗုဒ္ဓဘာ သာ ခေါင်းဆောင် ကြီးများ ဖြစ် ကြသော ဆရာတော် ကြီးများ၏ အခန်း ကဏ္ဍအား မေးခွန်း ထုတ်စရာ ဖြစ်နေ ပါသည်။ သို့သော် လည်း မြန်မာ မွတ်စလင်ထု အနေဖြင့် ဆရာတော်ကြီးများ၏ သတင်း အချက် အလက် မစုံလင်မှု အပေါ် ကောက် ချက်ဆွဲ လွှဲမှား နေခြင်းသာ ဖြစ်ပါစေဟု ဆုတောင်း နေရပါသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus