March 17, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

တတိယတန်း ကျောင်းသူ တစ်ဦးကို ဆရာမမှ ဦးခေါင်းကွဲသည့် အထိ လူမဆန်စွာ ရိုက်နှက်

MYARF
RB News
11.10.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ အမှတ် (၁) အခြေခံ ပညာ အလယ် တန်း ကျောင်း တွင် ပညာသင်ကြား နေသော တတိယတန်း ကျောင်းသူ တစ်ဦးကို ဆရာမ တစ်ဦးက လူမဆန်စွာ ရိုက်နှက် ဆုံးမမှုကြောင့် ဦးခေါင်းကွဲ သည်အထိ ဒဏ်ရာ ရရှိ ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

အောက်တို ဘာလ (၄) ရက်နေ့ နံနက် ၁၀ နာရီ ခန့်တွင် မောင်တော မြို့နယ်၊ အမှတ် (၁) အခြေခံ ပညာ အလယ်တန်း ကျောင်းတွင် တတိယတန်း တွင်ပညာ သင်ကြား နေသော အမှတ် (၄) ရပ်ကွက် မှ ကျောင်း သူ မအေးမြသီတာ (ခ) မအာသီကာကို သိပ္ပံ ဘာသာရပ် သင်ကြားသည့် ဆရာမမှ စာသင်ခန်း အပြင် ရှိ ရေအိုးစင်မှ ရေသွား သောက်သည်ကို အကြောင်းပြု၍ လူမဆန်စွာ ရိုက်နှက် ဆုံးမရာ ကျောင်းသူ ငယ်လေး၏ ဦးခေါင်း ကွဲသွားသည့် အထိ ဒဏ်ရာ ပြင်းထန်စွာ ရရှိ ခဲ့သည်။ 

ထိုကဲ့သို့ လူမဆန်စွာ ရိုက်နှက် ဆုံးမမှုနှင့် ပတ်သက်၍ ကျောင်းသူလေး၏ မိဘမှ အောက်တို ဘာလ (၆) ရက်နေ့တွင်ကျောင်းသို့သွား၍ဆရာမထံမေးမြန်းရာဆရာမမှ၎င်းတွင် ရိုက်ပိုင်ခွင့် ရှိ၍ ရိုက်ခြင်း ဖြစ်ကြောင်း၊ မကျေနပ်လျှင် ကြိုက်သည့် နေရာသို့ သွားရောက်၍ တိုင်ကြား နိုင်ကြောင်း၊ ၎င်းအနေဖြင့် မည်သူကိုမှ ဂရုမစိုက်ကြောင်း ရင့်သီး၊ ရိုင်းစိုင်းစွာ ပြန်လည် ဖြေကြား ခဲ့သည်။ 

ရခိုင်ပြည်နယ် ၊မြောက် ပိုင်း တွင် နိုင်ငံတော် အစိုးရမှ ဆရာ၊ ဆရာမခန့် ထားသော်လည်း အများစု မှာ ကျောင်း သို့ မလာခြင်း၊ လာလျှင် လည်း ကျောင်းသား ကျောင်းသူ များကို စာသင်ကြား ပေးခြင်း မ ရှိ ခြင်း၊ စာ သင်ကြား သည့် အ ချို့မှာလည်း လူ မျိုးရေး ခွဲခြား ဆက်ဆံ၍ အမြဲတစေ ဆဲဆိုခြင်း၊ ကျောင်း သား ကျောင်း သူ များကို အကြောင်းမဲ့ ရိုက်နှက်ခြင်း များ အမြဲ ပြုလုပ် လျက်ရှိသည်။ 

ရခိုင် လူမျိုး ဆရာ၊ ဆရာမ များ၏ ယခုကဲ့သို့ လူမျိုးရေး အစွဲဖြင့် အပြစ်မဲ့ ကျောင်းသား/သူ များကို ခွဲခြား ဆက်ဆံ၊ ရိုက်နှက်မှု၊ စာသင်ကြား မပေးမှု တို့ကြောင့် ရိုဟင်ဂျာ လူမျိုး များ၏ ပညာရေးမှာ ပို၍ နိမ့်ကျ လာမည်ဟု ဒေသခံ များက သုံးသပ် နေကြသည်။ 


Comment ရေးရန်

Pages 22123456 »
Rohingya Exodus