နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘာသာရေး ဆရာတစ်ဦးကို ရဲတပ်ဖွဲ့ဝင် များက လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်

RB News
18.11.2013

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ မြောက်ပိုင်း အောက်ပြူးမ ရွာမှ ဘာသာရေး ဆရာ တစ်ဦးကို ရဲတပ်ဖွဲ့ဝင် များက တရားမ၀င် ဖုန်းကိုင်ဆောင် သုံးစွဲနေ သည်ဟု မဟုတ်မမှန် စွပ်စွဲ၍ လူမဆန် စွာ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ပြီး ငွေညှစ် ခဲ့ကြောင်း သတင်း ရရှိ ပါသည်။ 

မောင်တော မြို့နယ် မြောက်ပိုင်း အောက်ပြူးမ ရွာမှ ဘာသာရေး ဆရာ တစ်ဦး ဖြစ်သူ မော်လ၀ီ မိုဟာမတ် အာမီးန် (ဘ) ဦးအာဇီအုလ္လာ (အသက် ၃၅ နှစ်) ကို နိုဝင်ဘာလ (၁၃) ရက်နေ့ ည ၁၁ နာရီ တွင် အောက် ပြူးမ ရွာရှိ လုံထိန်း ရဲစခန်းမှ ဒုတပ်ကြပ် တစ်ဦး၊ တပ်သား နှစ်ဦး တို့က ရာအိမ်မှူး ဦးအဒူကရီးမ်၊ ဆယ် အိမ်မှူး ဦးဇော်ကရီနှင့် အခြား ဆယ်အိမ်မှူး တစ်ဦး တို့နှင့် အတူ နေအိမ်မှ ဖမ်းဆီး၍ အောက်ပြူးမ ရွာရှိ ရခိုင် ဘုန်းကြီးကျောင်းသို့ ခေါ်ဆောင် သွားခဲ့သည်။ 

ဘုန်းကြီး ကျောင်း သို့ ရောက်ရှိသည့် အခါ ရဲတပ်ဖွဲ့ဝင် များက မော်လ၀ီ မိုဟာမတ် အာမီးန်အား တရားမ ၀င် ဘင်္ဂလား ဒေ့ရှ် လက်ကိုင်ဖုန်း သုံးစွဲ နေသည်ဟု စွပ်စွဲရာ မော်လ၀ီမှ ၎င်းတွင် မည်သည့် လက်ကိုင် ဖုန်းမှ မ ရှိကြောင်းပြန်လည်ဖြေကြားခဲ့သည်။ သို့သော် လည်း ရဲတပ်ဖွဲ့ဝင်များက မော်လ၀ီအား လူမ ဆန်စွာ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခဲ့ ရာဦးခေါင်း၊ နားရွက်နှင့် ခြေထောက်များ တွင် လက်သီးနှင့် တုတ်ဖြင့် ရိုက်နှက် သည် များကြောင့် ပြင်းထန်စွာ ဒဏ်ရာ ရရှိ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါ သည်။ 

ထိုသို့ လူမဆန်စွာ ရိုက်နှက် ညှဉ်းပန်း နှိပ်စက် ပြီးနောက် မော်လ၀ီ ထံမှ ငွေကျပ် တစ်သိန်း တောင်းခံ ခဲ့ ရာ မော်လ၀ီမှ ၎င်းအား ညှဉ်းပန်း နှိပ်စက် နေသည့် ဒဏ်ကို သည်းမခံ နိုင်တော့၍ ငွေကျပ် တစ် သိန်း ပေးပြီး ပြန်လည် လွတ်မြောက် လာခဲ့ကြောင်း သိရှိ ရပါသည်။ မော်လ၀ီအား မိသားစု ၀င်များက ငါးခူ ရ ကျေးရွာရှိ ကျေးလက် ကျန်းမာရေး ဌာနခွဲသို့ ပို့ဆောင်၍ ဆေးကုသ ခဲ့ကြောင်း သတင်း ရရှိ ပါသည်။


Comment ရေးရန်

Rohingya Exodus