နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျောက်ဖြူမြို့ရှိ ဗလီကို ရခိုင်များ အကြမ်းဖက် ဖျက်ဆီးလျက်ရှိ

ကျောက်ဖြူမြို့တွင် ဖျက်ဆီး ခံနေရသော ဂျာမေဗလီ

RB News
18.11.2013

ကျောက်ဖြူ ။ ။ ရခိုင် ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ဂျာမေဗလီကို ရခိုင် ဗုဒ္ဓဘာသာ ၀င်များက အကြမ်းဖက် ဖျက်ဆီးလျက် ရှိပြီး၊ ဗလီ အတွင်းရှိ ဘာသာရေး ကျောင်းကို ဖျက်ဆီး လိုက်ကြောင်း သတင်း ရရှိ ပါ သည်။ 

ယနေ့ ည ၈ နာရီ ၀န်းကျင်မှ စ၍ လူပေါင်း ၆၀၀ ကျော်ခန့်ရှိ ရခိုင် ဗုဒ္ဓဘာသာဝင် များက ကျောက်ဖြူ မြို့၊ သန် ပန်ချောင်း ရပ်ကွက်၊ ကမ်း နားလမ်းရှိ ဂျာမေဗလီကို စတင် အကြမ်းဖက် ဖျက်ဆီး ခဲ့ကြောင်း သိရှိ ရပါ သည်။ ထိုကဲ့သို့ အကြမ်းဖက် ဖျက်ဆီး ရခြင်းမှာ ယမန်နေ့က ပြီးဆုံး သွားသည့် OIC ခရီးစဉ်ကို မကျေ နပ်၍ ဖြစ်သည်ဟု အကြမ်းဖက် သမားများက အော်ဟစ်လျက် ရှိကြောင်း သိရှိ ရပါသည်။ အကြမ်း ဖက် သမား များမှာ လွန် ခဲ့သော ရက် ပိုင်းက နယ် ဖက်မှ မော်တော် ဘုတ် များဖြင့် ရောက်ရှိ လာသူ များဖြစ်ပြီး၊ OIC ၏ ခရီး စဉ်ကို ဆန္ဒပြ ရန်လာရောက် ခဲ့သူ များဖြစ်ကြောင်း စုံစမ်း သိရှိ ရသည်။ 

ကျောက်ဖြူမြို့တွင် နေထိုင် ခဲ့သော မွတ်စလင် များမှာ လွန်ခဲ့သည့်နှစ် အောက်တိုဘာလ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့ အတွင်းက အကြမ်းဖက် သမားများ တိုက်ခိုက်ရန် လာသောကြောင့် အာဏာပိုင် များက မကြာခင် ရက်ပိုင်း အတွင်း ပြန်လည် ခေါ်ဆောင် လာမည်ဟု ဆိုကာ ဒုက္ခသည် စခန်း များသို့ အတင်း အဓမ္မပို့ဆောင်ခြင်းခံ ခဲ့ရသည်။ ကျောက်ဖြူမြို့တွင် ဗလီ (၇) လုံး ရှိသည့် အနက် အကောင်း ပတိအ တိုင်း ကျန်သည့် ဂျာမေ ဗလီကို ယနေ့ ညပိုင်းတွင် ရခိုင် အကြမ်းဖက် သမား များက အကြမ်းဖက် နေခြင်း ဖြစ် သည်။ 

ကျောက်ဖြူမြို့ရှိ ဗုဒ္ဓဘာသာဝင် များ၏ ပြောကြားချက် အရ ဗလီ၏ အာဇာန် ပေးသည့် မျှော်စင် (မီနာရသ်) ကို လုံးဝ ဖျက်ဆီး လိုက်ပြီး၊ ည ၁၀ နာရီ ၄၅ မိနစ် အချိန်တွင် ဗလီ ၇၅% ကို ဖျက်ဆီး လိုက်ကြောင်း သိရှိ ရပါသည်။ 

ထို့အပြင် ဗလီဝင်း အတွင်း နှစ်ထပ် ပျဉ်ထောင် ဘာသာရေး ကျောင်းဆောင် (မဒရာဆာ) ကိုလည်း ဖျက်ဆီး လိုက်ပြီး၊ ယခု အခါ ဗလီ၏ နံရံ များကို ဖျက်ဆီး လျက်ရှိကြောင်း သတင်း ရရှိ ပါသည်။ 

လုံခြုံရေး တပ်ဖွဲ့ဝင်များ ဗလီဝန်း အပြင်တွင် ရှိသော်လည်း အရေးယူ ဟန့်တားခြင်း လုံးဝ မရှိကြောင်း ဒေသခံ ဗုဒ္ဓဘာသာဝင် များမှ ပြောပါသည်။

Comment ရေးရန်

Rohingya Exodus