ပညာတတ်တွေ ထွက်ဘို့ လိုပြီ-
ဌေးလွင်ဦး
RB News
14.12.2013
ပညာတတ် ဆိုတာ ရိုးသားပြီး အမျှော် အမြင် ရှိတဲ့ လူသားကိုမှ ပညာ တတ် လို့ ခေါ်ပါတယ်။ ဘွဲ့တွေ တစ်သီ တစ်တန်းကြီး ချိတ်ထားပြီး ဗဟုသုတ မဲ့နေ သူများ ရိုးသားမှု ကင်းမဲ့သူ များကို ပညာတတ် စာရင်းမှာ ထည့်သွင်း ပြော ဆို ဘို့ မဖြစ်နိုင်ပါ။ ရိုးဂုဏ်ရှိတဲ့ ပညာတတ် တစ်ယောက်လို့ သတ်မှတ်ခံ ရဘို့ အ တွက် အရေး အကြီးဆုံး အချက်က အမှန်တရား အတွက် အကြောက် တရားကို ကျော်ဖြတ် ရဲတဲ့ သတ္တိ နဲ့ နှလုံးသား ဓါတ်ခံ ရှိဘို့ပါပဲ။
လူတွေဟာ မွေးရာပါ ဗီဇအရ အနည်းနဲ့ အများ ကြောက်ရွံစိတ် ကပ်ပါ လာစမြဲပါ။ အကြောက် တရားကို ဆင်ခြင် ဉာဏ်နဲ့ ပါယ်သတ် ရပါတယ်။ ဆင်ခြင်ဉာဏ် ဆိုတာ ဗီဇဓါတ်ခံ ပညာ ရှိသူနဲ့ လေ့ကျင့်ပြီး ပညာ ရလာ သူတို့သာ ပိုင်ဆိုင် နိုင်တဲ့ အရာ တစ်ခု ဖြစ်ပါတယ်။ တရားသည် ဖြစ်စေ၊ မတရားသည် ဖြစ်စေ ဘယ်အရာ ကိုမျှ ခုခံမပြော ရဲဘဲ အကြောက် တရား ကိုသာ အကြောင်းပြ နေရင် - ဒီလို အကြောင်းပြ နေ သူ တိုင်းဟာ ဆင်ခြင် ဉာဏ်ပါတယ် လို့ မိမိကိုယ် မိမိ ၀န်ခံ နေသူ များသာ ဖြစ်ပါတယ်။ သူရဲဘောကြောင် သူများသာ ဖြစ်ပါတယ်။
မြန်မာ နိုင်ငံဟာ ဘာသာ တစ်ခုတည်း သီးသန့် နိုင်ငံ ထူထောင်ဘို့ လုံးဝ မဖြစ်နိုင်ပါ။ အစ္စလာမ်တွေ ကြီးစိုး လာပြီး ဗုဒ္ဓဘာသာ ပျောက်သွားမယ် ဆိုတဲ့ ၀ါဒမှိုင်းမှာ ကျီးလန့် စာစား ဖြစ်နေသူ အားလုံး အနေနဲ့ မိမိရဲ့ ဆင်ခြင်ဉာဏ် ကို မိမိ အားနာဘို့ ကောင်းလှ ပါတယ်။ အလားတူပဲ ဗုဒ္ဓဘာသာမှ အပ အခြား ဘာသာတရား အားလုံးကို ဖျက် သိမ်းပစ်မယ် ဆိုတာလည်း မဖြစ်နိုင်ပါ။ မြန်မာ နိုင်ငံဟာ ဆော်ဒီ နိုင်ငံလို၊ ဘာတီကန်လို၊ ဗုဒ္ဓဂါယာ လို သာသနိ က နယ်မြေ မဟုတ်ပါ။ အာရဗ် ကမ္ဘာ- အာရဗ် ဒေသကြီး တစ်ခု လုံး မှာ အစ္စလာမ်တွေ ရာနှုန်း များတယ်- ဆိုပေ မယ့် မက္ကာဟ် ကျောင်းတော်ရဲ့ ပရ၀ုဏ် ဆော်ဒီ နိုင်ငံလို့ သတ်မှတ် ထားတဲ့ ဧရိယာ ကလွဲ ကျန်ဧရိယာ တိုင်းမှာ အခြားသော ဘာသာ ၀င်တွေ တည်ရှိ နေပါတယ်။ အလားတူ ခရစ်ယာန်များ ကြီးစိုးရာ ဥရောနဲ့ အနောက် ကမ္ဘာ ကြီးမှာ ခရစ်ယာန် ဂေါပက နယ်မြေ ဘာ တီကန် က လွဲ ကျန်ဧရိယာ တိုင်းမှာ အခြား ဘာသာ ၀င်တွေ တည်ရှိနေ ပါတယ်။ ကမ္ဘာ့ ဗုဒ္ဓဘာသာ များ အတွက်လည်း သာသနိက နယ်မြေ အဖြစ် ဗုဒ္ဓဂါယာ ဧရိယာကို သာသနိက နယ် အဖြစ် သတ်မှတ်နိုင် ပါ တယ်။ သမိုင်း စဉ်ဆက် လူမျိုးစုံ ဘာသာစုံ ရှိပြီး ဖြစ်တဲ့ မြန်မာ နိုင်ငံကို ဘာသာ တရား တစ်ခုတည်း ရဲ့ အောက် အတင်း သွပ်သွင်း ဘို့ရာ ဖြစ်နိုင်ခြေ ရှိတဲ့ ကိစ္စ မဟုတ်ပါ။
အစ္စလာမ် သာသနာကို မြန်မာ့ မြေပေါ်က ဖျောက်ပစ် ဘို့ရာ တက်လာ သမျှ အစိုးရ အဆက် ဆက် ငွေ အား၊ လူအား၊ အာဏာအား၊ လက်နက်အား၊ ရှိသမျှအင်အား အားလုံးနဲ့ လုံးပန်းခဲ့ရင်း ဒီမိုကရေစီ လည်း ပျောက်ခဲ့ တယ်။ တိုင်းပြည်လည်း မွဲခဲ့တယ်။ တိုင်းသူ ပြည်သား တွေလည်း ကမ္ဘာ့ အရိုင်းဆုံး နာ မည်ပျက် စာရင်းထဲ ၀င်သွား ခဲ့ရတယ်။ ဒီအချိန်ထိ ပညာတတ် တွေက ယုတ္တိ ရှိတဲ့ အမှန် တရား တစ်ခုမှာ မရပ်တည် ရဲဘူး၊ ရပ်တည်ဘို့ ထွက် မလာရဲဘူး ဆိုရင်-၊ တိုင်းပြည်ကို တစ်ကယ်- ကယ်တင် မယ့်လူ ဆိုတာ ပျောက်ဆုံး သွားတော့ မှာပါ။
ရှေးပဝေဏသီက အဖြစ် တွေကို ခဏထားပြီး ၂၀၁၂ ကမှ စတင်တဲ့ ပူပူနွေးနွေး အစ္စလာမ် ဘာသာပြုတ် လူမျိုးတုံး သတ်ပွဲ ကျူးလွန် မှုကြီး ကိစ္စကို ဆင်ခြင်ဘို့ သင့်ပါပြီ။ တစ်ကယ်တော့ မြန်မာနိုင်ငံ ထဲက အစ္စလာမ် သာသနာဝင် တွေဟာ အနည်းဆုံး ဗုဒ္ဓဘာသာ တစ်ဦး မဟုတ် တစ်ဦးနဲ့ အမျိုးတော် နေသူ ချည်းပါပဲ။ လူနဲ့သူနဲ့ ဆက်ဆံရေး ကင်းမဲ့ ပါတယ် ဆိုတဲ့ အစ္စလာမ် ဘာသာဝင် တစ်ယောက်မှာ ပြောမနာ ဆိုမနာ ဗုဒ္ဓ ဘာသာ သူငယ်ချင်း မိတ်ဆွေ အနည်းဆုံး ဆယ်ယောက်တော့ ရှိတယ်။ အလားတူပဲ ဗုဒ္ဓဘာသာ ၀င်တိုင်းမှာ အနည်းဆုံး အစ္စလာမ် ဘာသာဝင် မိတ်ဆွေ ဆယ်ယောက်တော့ ရှိတယ်။ ငတ်ဖေါ် ငတ်ဖက်၊ ချေးစားဖေါ် ချေးစားဘက်၊ တစ်ယောက် ငတ်နေရင် တစ်ယောက် ပစ်ထားတာ မရှိတဲ့ ထုံးစံနဲ့ ကြီးပြင်း လာခဲ့ သူတွေ ချည်းပါပဲ။
ပညာတတ်တွေ၊ ပညာတတ်လို့ ခံယူသူတွေ အနေနဲ့- ရာဇ၀တ်ကောင် တွေကို ပူးပေါင်း မနေသင့် တော့တဲ့ အချိန် တစ်ခုကို ရောက်လာ ပါပြီ။ ၂၀၁၂ ပြသနာများ စတင် ကတည်းက ကျွန်တော် တစ်စိုက် မတ် မတ် ပြောခဲ့ ပါတယ်။ ရာဇ၀တ် ကောင်တွေ ကမ္ဘာ့ ခုံရုံးပေါ်ကို ရောက်သွား စေရမယ်လို့-၊ ဒီစကားကို စိတ်ဓါတ် စစ်ဆင်ရေး တစ်ခု အဖြစ်သာ အမြင် ရှိနေသူ တွေက များနေ ပါတယ်။ ဖေါ်မပြော သင့်လို့ မပြော ဖြစ်ပေမယ့် ဖေါ်ပြော သင့်တဲ့ အချိန် တစ်ခုကို ရောက်လာ ခဲ့ပါပြီ။ တစ်ကယ်တော့ ကျွန်တော် တို့ နိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေး ခရီးမှာ တိုင်းပြည်ကို ကြိုတင် သိမ်းပိုက် မိပြီး ဖြစ်တဲ့ တရုတ်နဲ့ ဒီမိုကရေစီ အင်အားကြီး အုပ်စု ထိပ်တိုက် တိုးတဲ့ ပွဲဖြစ် ပါတယ်။ ဒီပွဲစဉ် ကြီးမှာ မျက်ကန်း အမျိုးသားရေး ၀ါဒီ များကို တရုတ်က လက်သပ် မွေးထား ခဲ့ပြီး- အနောက် အုပ်စု ၀င်လာရင် ဖယို ဖရဲ ဖြစ်အောင် သို့မဟုတ် လိုအပ် သလို အာဏာကို ပြန်သိမ်းလို့ ရအောင် စနစ်တကျ အကွက်ချ မိုင်းများ မြှုပ်ထား ခဲ့ခြင်း ဖြစ်ပါတယ်။ တရုတ်နဲ့ မြန်မာ ဂစ် ပိုက်လိုင်း စာချုပ် ထဲမှာ လိုအပ် ပါက ဂစ်ပိုက်လိုင်း လုံခြုံရေး အတွက် တရုတ် စစ် တပ်က ၀င်ရောက် ကာကွယ် နိုင်သည် ဆိုတဲ့ အချက်က- တရုတ် စစ်တပ် မြန်မာ ပြည်ထဲကို အချိန် မရွေး ၀င်ရောက် နိုင်မယ့် အခွင့် အလမ်းကို တရားဝင် ပေးပြီး ဖြစ်နေ ခဲ့ပါတယ်။ ဒါကို စစ်အစိုးရက လူထုကို ချမပြခဲ့ဘူး။ တိုင်းပြည် တစ်ခုလုံး အဖတ်ဆယ် မရအောင် စုတ်ပြတ် သွားပြီး ထွက်ပေါက်တွေ မဲ့သွား ချိန်မှာမှ အနောက်ကို ပြေး အားကိုး ရတဲ့ ဘ၀နဲ့ အတင်းဆွဲ ခေါ်ရတဲ့ အဖြစ်ပါ။
ဘယ်သူ သေသေ င တေမာ ပြီးရော ဆိုတဲ့ တရုတ် အစိုးရက မြန်မာ ပြည်ထဲက ဘယ်သူ သေသေ သူ့စီ မံ ချက် တွေကို အကောင် အထည် ဖေါ်စေဘို့ သူ့ရဲ့ လက်ပါးစေ ကြေးစား- မူးယဇ်ဆေး ဂိုဏ်းသား များကို အသုံးချခဲ့ပါ တယ်။ မူးယဇ်ဆေး ဂိုဏ်းကြီးက စစ်အစိုးရ ကာလ တစ်လျှောက်လုံး သူတို့ရဲ့ လမ်းကြောင်း အတွက် စစ်ဗိုလ်ချုပ် ကြီးပေါင်း များစွာကို လမ်းကြေး (လိုင်းကြေး) ပေး ဆက်သ ခဲ့မှုနဲ့ ပူးပေါင်း ထားမှုများ ရှိတော့ သြဇာ ရှိပြီး သလို ဖြစ်နေ ပါတယ်။ သူတို့ ဘာပဲ လုပ်လုပ် မျက်နှာ နာနေရတဲ့ စစ်ဗိုလ်ချုပ်ကြီး များ က သူတို့ဘက်က ဘက်လိုက် ပေးနေ ခဲ့ရ ပြန်တယ်။ ဒါတွေကို အနောက် ကမ္ဘာက ခရေစေ့ တွင်းကျ သိ ထားခဲ့ ပါတယ်။ လက်ထဲကို အသေချာ မရောက် သေးလို့ (ကိုင်လို့ မမိသေးလို့) အချိန် တစ်ခု ရင်းပြီး စောင့်နေ ရခြင်းသာ ဖြစ်ခဲ့တယ်။
တရုတ်က အင်အား ကြီးထွား လာတာ မှန်ပေမယ့်- ဒီပွဲမှာ တရုတ် အတွက် ကံဆိုးမှု တစ်ခု ထပ်ကြုံ ရပြန် ပါတယ်။ အဲ့ဒါက တရုတ်ရဲ့ လက်ပါးစေ များက အစ္စလာမ် ဘာသာဝင် တွေကို လူမျိုးတုံး သတ်မှုထိ ကျူးလွန် လိုက်ခြင်းပါ။ ဒီအချက်က မြန်မာ နိုင်ငံ အတွက် အစ္စလာမ် ကမ္ဘာကို အနောက် နိုင်ငံ များနဲ့ အတူ ပူးပေါင်း ပေးလိုက် သလို ဖြစ်သွားခဲ့ ပါတယ်။ အစ္စလာမ် ကမ္ဘာက အနောက် အုပ်စု အပေါ် မည်သို့ပင် သဘော ထားသည် ဖြစ်စေ- မြန်မာ နိုင်ငံ အတွင်း အစ္စလာမ် မျိုးပြုတ် သုတ်သင် ခံရမှု အပေါ် အနောက် အုပ်စုနဲ့ အလုပ် တူသွား ပါတယ်။ ဒီအချက်က တရုတ်ကို အညွန့် ချိုးချင် နေတဲ့ အနောက် အုပ်စု အတွက်လည်း ထီပေါက် သွားခြင်းပါ။
တရုတ်ရဲ့ ထောင်တက် လာတဲ့ အညွန့်ကို ချိုးဘို့- တရုတ်က အဓိက လိုအပ်တဲ့ ဓါတ်ဆီ၊ ရေနံ၊ ဂစ် တွေကို အညှာ ကိုင်နိုင်ဘို့၊ တရုတ် ထုတ်ကုန် ပစ္စည်း များကို ၀ယ်ယူ အားပေးခြင်း မပြုဘို့- စတဲ့ မဟာ စီမံ ကိန်းများ အတွက် အနောက် နိုင်ငံ တွေဟာ အစ္စလာမ် ကမ္ဘာကို မျက်နှာပြ အနေနဲ့ မြန်မာ ပြည်က မွတ် ဆလင် တွေကို မဖြစ် မနေ ကယ်တင်ဘို့ ဖြစ်သွား ပါတယ်။
အတိုချုပ် ပြောရရင် တရုတ်ရဲ့ ကြေးစား လက်ပါးစေများ ကမ္ဘာ့ခုံရုံး ပေါ်ကို ရောက်ကို ရောက်သွားမယ့် ခရီးက စတင် ပါပြီ။ အရှိန် အဟုန်နဲ့ ဖြစ်လာ ပါပြီ။ တရားဝင် မထုတ်ပြန် သေးဘဲ ထိရောက်တဲ့ အရေးယူ မှု များ ကိုလည်း အရှိန် အဟုန်နဲ့ စတင်နေ ပါပြီ။ သိပ်မကြာ တော့တဲ့ ကာလ တစ်ခုမှာ ကျွန်တော် ပြောခဲ့ သမျှ တွေဟာ တရားဝင် ထုတ်ပြန်တဲ့ အဆင့်ကို ရောက်လာ ပါတော့မယ်။
အခု အချိန်မှာ တိုင်းပြည် တွင်းက ပညာတတ် များက တိုင်းသူ ပြည်သား များကို စိတ်စေတနာ အမှန်နဲ့ ကယ်တင် ဘို့ရာ ထွက်လာဘို့ အချိန်ကို ရောက်လာ ပါပြီ။ ဘာသာ မတူလို့၊ လူမျိုး မတူလို့ ရန်ဖြစ် နေမယ် ဆိုရင် မြန်မာပြည် လို လူမျိုးစုံတဲ့ နိုင်ငံ တစ်ခုဟာ ပွဲပြီး နိုင်စရာ မရှိတော့ပါ။ တိုင်းပြည် တစ်ခု မှာ နိုင် ငံသားတိုင်း ညီညွတ်မှ သင့်မြတ် မှ ညီရင်း အစ်ကိုလို ချစ်ခင် ယုံကြည်မှု ရှိမှ ပြည်လည် ထူထောင် မှုကို ဦးတည် နိုင်မှာပါ။ ရာဇ၀တ်ကောင် ကြေး စား လက်ပါးစေ များကို ကြောက်ရွံ့ နေဘို့လည်း မလိုတော့ပါ။ သူတို့ အတွက် အချိန် ကာလက ကုန်ဆုံးခန်းကို ရောက်ပါပြီ။ ဖရောင်းတိုင် မီးလို ထ တောက်နိုင် ရင်လည်း တစ်ချက်မျှ ရှိပါ တော့တယ်။
မုဟမ္မဒ် တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင် လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement