နောက်ဆုံးသတင်း/ဆောင်းပါးများ

အာဏာပိုင် များက မုဆိုးမ တစ်ဦးကို ရိုက်နှက်၍ လုယက်

RB News
13.12.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ အလယ်သံကျော် ကျေးရွာ အုပ်စု၊ မောင်တိုလာ ရွာမှ အသက် ၆၅ နှစ် အရွယ် မုဆိုးမ တစ်ဦးကို အာဏာပိုင် များက ရိုက်နှက်၍ လုယက် ခဲ့ကြောင်း သတင်း ရရှိ ပါသည်။ 

ဒီဇင်ဘာလ (၁၁) ရက်နေ့ ည ၈း၃၀ နာရီ အချိန်တွင် မောရ၀တီ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၄ ဦး တို့သည် အလယ်သံကျော် ကျေးရွာ အုပ်ချုပ်ရေးမှူး၏ တပည့်များ ဖြစ်သောကျော်ဇေယျာဦး၊ ဆူရ်အလီ၊ ရဲများ၏ တပည့်ဖြစ်သူ ဂန္ဒီတို့နှင့် အတူ အလယ်သံကျော် ကျေးရွာ အုပ်စု၊ မောင်တိုလာ ရွာရှိ မုဆိုးမ တစ်ဦး ဖြစ် သူ ဒေါ်နူရ်ဟာဘာ (ဘ) ဟာဂျီဦးဇဖာရ် (အသက် ၆၅ နှစ်) ၏အိမ်သို့ ၀င်ရောက်၍ သားဖြစ်သူ ဦးရှာအ လမ် (ဘ) ဦးအာရပ်ဖ်ကို ဖမ်းဆီးရန် လာကြောင်း ပြောကြား ခဲ့သည်။ ရဲများက ဦးရှာအလမ်သည် ရဲများနှင့် ပတ်သက်၍ အာဏာပိုင် များကို တိုင်ကြား ထားသည့် အတွက် ဖမ်းဆီးရန် လာခြင်း ဖြစ်ကြောင်း ပြောပြီး၊ ဦးရှာအလမ်ကို ရှာမတွေ့သည့် အခါ ကျော်ဇေယျာဦးက ဒေါ်နူရ် ဟာဘာ အား ပါးရိုက် ခဲ့ကြောင်း သိရှိ ရပါ သည်။ 

ထို့နောက် ရဲများနှင့် ၎င်းတို့၏ တပည့်များက နေအိမ်ရှိ ငွေကျပ် ၃ သိန်းကို လုယက်ပြီး ငွေကျပ် ၃ သိန်းခွဲ တန်ဖိုးရှိ ရွှေနားကပ် ၄ ရံကိုလည်း လုယက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါ သည်။ ဒေါ်နူရ် ဟာဘာက ပတ်ဝန်း ကျင်ကို အော်ဟစ်၍ အကူအညီ တောင်းရန် ကြိုးစား သည့်အခါ ရဲများ က သေနတ်ဖြင့် ထောက်၍ ပစ်မည်ဟု ခြိမ်းခြောက် ခဲ့သည်။ 

ဒေါ်နူရ်ဟာဘာသည် အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဒီဇင်ဘာလ (၁၂) ရက်နေ့က စစ်ဘက်ရေးရာ လုံ ခြုံရေး အဖွဲ့ (စရဖ) သို့သွားရောက်၍ တိုင်ကြား ခဲ့ကြောင်း သိရှိ ရပါသည်။


Comment ရေးရန်

Rohingya Exodus