နောက်ဆုံးသတင်း/ဆောင်းပါးများ

တံတားဆောက်ရန် ဆိုကာ၊ သစ်ပင်များ ခုတ်လှဲခိုင်း၊ ငွေကောက်၍ အလွဲသုံးစား ပြုလုပ်

RB News
13.12.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ရေတွင်းပြင် (ကွရ်ဘီလ်) ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးက တံတားဆောက်ရန် ဟုဆိုကာဒေသခံ ရွာသားများကိုသစ်ပင်များခုတ်လှဲခိုင်း၊ငွေကောက် ခံ ၍ အလွဲသုံးစား ပြုလုပ် ခဲ့ကြောင်း သတင်း ရရှိ ပါသည်။

မောင်တော မြို့နယ် မြောက်ပိုင်း၊ ရေတွင်းပြင် (ကွရ်ဘီလ်) ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ သည် ဒေသခံ ရွာသား များကို တံတားဆောက် လုပ်ရန်ဟု ဆိုကာ နေအိမ် ခြံဝင်း များထဲမှ အပင်များကို အတင်း အဓမ္မ ခုတ်လှဲ ခိုင်းစေ ခဲ့သည်။ ထို့နောက် တံတား အတွက်ဟု ဆိုကာ ငွေကျပ် ၂ သိန်း ကောက်ခံ ခဲ့သည်။

ခုတ်လှဲခိုင်း သည့် သစ်ပင်များမှ ရရှိလာသော သစ်အချို့ကို တံတားအတွက် အသုံးပြုကာ အများစု ကို အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေက ၎င်း၏ အိမ်အတွက် အသုံးပြုခဲ့ပြီး ၊ကောက်ခံ ခဲ့သည့် ငွေကျပ် ၂ သိန်းကို လည်း အလွဲသုံးစား ပြုလုပ်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ ပြောပါသည်။

ဦးကျော်ဆွေသည် ရွာသားများကို အတင်းအဓမ္မ ခိုင်းစေမှုများ ပြုလုပ်သည့် အာဏာရှင် ဆန်ဆန်အ မိန့်ပေး ခြင်းများ အမြဲလိုလို ပြုလုပ်နေကြောင်း ဒေသခံ များမှ ပြောပါသည်။

အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ၏ အတင်းအဓမ္မတောင်းခံမှု ကြောင့် သစ်ပင်ခုတ်လှဲ ပေးခဲ့ ရသူများမှာ -
(၁) ဦးရှရစ်ဟူစိန် (ဘ) ဦးရှုနာအလီ
(၂) ဦးအီဒီရစ် (ဘ) ဦးဇီယာဘုလ်ဟောက်
(၃) ဦးရှမ်ရှုလ်ဟောက် (ဘ) ဦးဆူလေမန်
(၄) ဦးဟူစိန်အဟမတ် (ဘ) ဦးဇော်ဘော်ရ်အလီ
(၅) ဦးအယုတ်အလီ (ဘ) ဦးဂူရာမီယာ
(၆) ဦးအဒူဆလာမ် (ဘ) ဦးအမီးရ်အလီ
(၇) ဦးနူရ်မိုဟာမတ် (ဘ) ဦးလာလ်မီယာ
(၈) ဦးလာလူး
(၉) ဦးအဒူဇော်ဘော်ရ် (ဘ) ဦးကဘီရ်အဟမတ် - တို့အပါ အ၀င် ၁၇ ဦးတို့ကို ၎င်းတို့၏ ခြံဝင်း အတွင်းရှိ အပင်ကြီး များကို ခုတ်လှဲ ခိုင်းစေခဲ့ကြောင်း သိရှိ ရပါသည်။


Comment ရေးရန်

Rohingya Exodus