စရဖ တပ်ဆွယ်မှူးမှ အမှုဆင် ဖမ်းမည်ဟု တရားဝင် ကြေညာ၍ ငွေညှစ်နေ
RB News
6.12.2013
မောင်တော ။ ။ ရခိုင်Nပည်နယ်၊ မောင်တော မြို့နယ်၊ တောင်ပြို လက်ဝဲ မြို့နယ်ခွဲ အခြေစိုက်၊ စစ် ဘက် ရေးရာ လုံခြုံရေး တပ်ဖွဲ့ (စရဖ) မှတပ်ဆွယ်မှူး ဒုတပ်ကြပ် အောင်ခိုင်ဖြိုး သည် တောင်းခံ သည့် ငွေ ကို မပေးပါက အမှုဆင်၍ ဖမ်းဆီးမည်ဟု တရားဝင် ကြေညာပြီး ဒေသခံ များထံမှ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိ ပါသည်။
တောင်ပြို လက်ဝဲ မြို့နယ်ခွဲ တွင် ရပ်ကွက် (၅) ခု၊ ကျေးရွာ အုပ်စု (၁၀) စု ရှိပြီး၊ စည်ပင်သာယာ မြို့မဈေး အပါအ၀င် လိုင်စင်ရ ဈေး (၇) ခု ရှိသည်။ ဈေးများမှာ (၁) တောင်ပြို လက်ဝဲ မြို့မဈေး (၂) တောင်ပြို လ က်ျာဈေး (၃) နံ့သာတောင်ဈေး (၄)သဲချောင်း (ဂေါ်ဒူရာ) ဈေး (၅) လိပ်ရဈေး (၆)ကျောက်ချောင်းဈေး နှင့် (၇) ကျွန်းပေါက် ပြုစု ဈေး တို့ဖြစ်သည်။ စရဖ တပ်ဆွယ်မှူး ဒုတပ်ကြပ် အောင်ခိုင်ဖြိုးသည် ၎င်း၏ တပည့် များ ဖြစ်သူ အမှတ် (၁) ရပ်ကွက်မှ ဇိုတ္တာနှင့် ရွှေနိုင်မြ တို့ကို အတူခေါ်၍ အထက်ပါ ဈေးများသို့ သွား ပြီး၊ ဈေး ဆိုင် ပိုင်ရှင် များကို ၎င်းအနေဖြင့် အထက် အရာရှိ G1 ကို လစဉ် သိန်း ၂၀ ပေးရမည် ဖြစ်ပြီး၊ လ စဉ် လိုအပ်သည့် သိန်း ၂၀ အတွက် ဆိုင်ရှင် များမှ တစ်ဆိုင်လျှင် ငွေကျပ် ၅ ထောင်မှ တစ်သောင်း ထိ ပေးရမည်ဟု ဆက်ကြေး သဖွယ် တောင်းခံသည်ဟု သိရှိ ရသည်။ အကယ်၍ လစဉ် ပေးရန် ပျက်ကွက် ပါက မှောင်ခို ပစ္စည်း ရောင်းဝယ်မှု၊ တရား မ၀င် ငွေကြေး လဲလှယ်မှု၊ လူကုန်ကူးမှုနှင့် အခြား အမှုများ ဆင်၍ ဖမ်းဆီး ထောင်ချမည်ဟု ခြိမ်းခြောက် ကြောင်း ဒေသခံ များမှ RB News သို့ ပြောပါသည်။
ဒုတပ်ကြပ် အောင်ခိုင်ဖြိုးနှင့် တပည့် များသည် ဒီဇင်ဘာလ (၁) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် ကျွန်းပေါက် ပြုစုဈေးမှ ဈေးဆိုင် ပိုင်ရှင် များဖြစ်သည့် (၁) ဦးဂျမာလ် (ဘ) ဦးမာမွတ် ဟူဆောင် (၂) ဦးအာ မာန် အုလ္လာ (ဘ) ဦးအဒူ ဟာကီးမ် (၃) မော်လ၀ီ အဘူဘကဲရ် နှင့် အခြား ဆိုင်ခန်း ပိုင်ရှင် များ ကို ခေါ်၍ အထက်ပါ အတိုင်း ပြောကြား ခြိမ်းခြောက်ပြီး တစ်ဆိုင်လျှင် ငွေကျပ် ၅ ထောင်မှ တစ်သောင်း အထိ ညှစ် ယူ ခဲ့ကြောင်း သိရှိ ရပါသည်။
ဒီဇင်ဘာလ (၂) ရက်နေ့တွင် ဒုတပ်ကြပ် အောင်ခိုင်ဖြိုးသည် ကျောက်ချောင်း ကျေးရွာမှ ယခင် အုပ် ချုပ်ရေးမှူး ဟောင်း ဦးနူရ် အစ္စလာမ်ကို ယခု လက်ရှိ အုပ်ချုပ်ရေးမှူး ဦးနူရ် မာမတ်မှ တဆင့် စာဖြင့် ဆင့်ခေါ် ခဲ့သည်။ ဦးနူရ် အစ္စလာမ်မှ ၎င်းသည် ယခင် အုပ်ချုပ်ရေးမှူး ဖြစ်ခဲ့၍ တစုံတရာ ဆွေးနွေးရန် ရှိသည်ဟု ယူဆပြီး စရဖရုံးသို့ ချက်ချင်းလိုက်သွားခဲ့သည်။ စရဖရုံးသို့ရောက်သည်နှင့် ဒုတပ် ကြပ် အောင်ခိုင်ဖြိုးနှင့် တပည့် များသည် ဦးနူရ် အစ္စလာမ် အား ယခင် နစက လက်ထက်တွင် ဦးနူရ် အစ္စ လာမ် ၏ သားဖြစ်သူသည် တရားမ၀င် လက်ထပ် ပေါင်းသင်း ခဲ့သည်ဟု စွပ်စွဲ၍ လူမဆန်စွာ ရိုက်နှက် သည့်အပြင် မော်တော် ဆိုင်ကယ် စီးသည့် ပုံစံ ပြုလုပ် ခိုင်းခြင်း၊ ခြောက်ပေါက် ထိပ်တုံး ထဲသို့ ထည့်၍ တိရိစ္ဆာန် ကဲ့သို့ ညှဉ်းပန်း နှိပ်စက် ခြင်းများ ပြုလုပ် ခဲ့ကြောင်း သိရှိ ရသည်။ ဒီဇင်ဘာလ (၃) ရက်နေ့တွင် ဦးနူရ် အစ္စလာမ်၏ မိသားစု ၀င်များ သွားရောက်၍ ဒုတပ်ကြပ် အောင်ခိုင်ဖြိုးအား ငွေကျပ် ၂ သိန်း ပေးမှသာ ပြန်လည် လွှတ်ပေး ခဲ့သည်။
ဒီဇင်ဘာလ (၃) ရက်နေ့တွင် အမှတ် (၁) ရပ်ကွက်နေ မော်လ၀ီ ခိုက်ရူလ် အာမီးန် (ဘ) ဦးဒီးလူ၊ အမှတ် (၃) ရပ်ကွက်နေ ဦးဆယာဒ် ကာဆီးမ်၊ အမှတ် (၅) ရပ်ကွက်နေ ဦးကမာလ် အဟမတ် (ဘ) ဦးအဒူရာဇတ် တို့ကိုလည်း ဒုတပ်ကြပ် အောင်ခိုင်ဖြိုးက အုပ်ချုပ်ရေးမှူး များမှ တဆင့် ဆင့်ခေါ်စာ ပို့ခဲ့သည်။ အလား တူ နိုဝင်ဘာလ (၂၉) ရက်နေ့ တွင်လည်း အမှတ် (၁) ရပ်ကွက်မှ မော်လ၀ီ ဂျမာလ်ကို ဆင့်ခေါ် စာ ဖြင့် ခေါ်၍ ရုံးသို့ လာသည့် အခါ လူမဆန်စွာ ရိုက်နှက်၍ ငွေကျပ် ၅ သောင်း ညှစ်ယူ၍ ပြန်လွှတ် ခဲ့ သည်။ အုပ်ချုပ်ရေးမှူး များကို ဆင့်ခေါ်စာ ပို့ပေးသည့် အတွက် လူတစ်ဦး ထံမှ ငွေညှစ်၍ ရလျှင် ငွေကျပ် ၂ သောင်းစီ ပေးသည်ဟု ဒေသခံ များက ပြောပါသည်။
ဒေသခံ များက ယခုကဲ့သို့ ဥပဒေမဲ့ ဖမ်းဆီး၍ ရိုက်နှက် နှိပ်စက်ပြီး ငွေညှစ် နေသည့် ဒုတပ် ကြပ် အောင် ခိုင်ဖြိုး၊ ဇိုတ္တာနှင့် ရွှေနိုင်မြ တို့ကို နိုင်ငံတော် အစိုးရမှ အမြန်ဆုံး အရေးယူ ပေးပါ ရန် တောင်း ဆိုကြောင်း RB News သို့ ပြောပါသည်။