UNICEF ၏ အထောက် အပံ့ များကို ကျောင်းအုပ်ကြီးမှ အလွှဲသုံးစား ပြုလုပ် လျက်ရှိ
RB News
4.12.2013
မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ မြောက်ပိုင်း အမှတ် (၅) နယ်မြေ၊ စခန်း အမှတ် (၁၂) အပိုင်ရှိ သူဦးလာ ကျေးရွာ အုပ်စုတွင် တည်ရှိသော မူလတန်း လွန်ကျောင်း မှ ကျောင်းအုပ် ကြီး ဒေါ် အိမ်စံဖြူနှင့် ကျောင်းဆရာ/မ များသည် ကျောင်းသို့ လာရောက်၍ စာသင်ကြား ပေးခြင်း မရှိ ဘဲ၊ ကျောင်း သို့ လာရောက်သည့် နေ့များတွင် လည်း ကျောင်းသား/သူ များထံမှ ခေါင်းစဉ် အမျိုးမျိုး တပ်၍ ငွေညှစ် လျက် ရှိကြောင်း သတင်း ရရှိ ပါသည်။
ကျောင်းအုပ် ဆရာမကြီး ဒေါ်အိမ်စံဖြူသည် သရက်အုပ် အုပ်ချုပ်ရေးမှူး ရုံးမှ စာရေး အဆင့် (၁) ဦးထွန်း ယဉ်နှင့် အိမ်ထောင်ပြု၍ သရက်အုပ်ကျေးရွာ အုပ်စုတွင်နေထိုင်သည်။ ဒေါ်အိမ်စံဖြူသည် မြို့နယ်ပ ညာရေးမှူး ရုံးသို့ တစ်လလျှင် တစ်ကြိမ် အစီရင်ခံစာ တင်သွင်း ရသောကြောင့် ကျောင်းသို့ တစ်လလျှင် တစ်ကြိမ်သာ လာရောက်ပြီး၊ ကျန်သည့် ရက်များတွင် သရက်အုပ် ကျေးရွာ တွင်သာ နေထိုင် ၍ နိုင် ငံတော်မှ ပေးထားသည့် လစာငွေကို ယူလျှက် မိမိ၏ ကိုယ်ကျိုး စီးပွား အတွက်သာ အခြား အလုပ်များကို လုပ်ကိုင် လျက်ရှိသည်ဟု ဒေသခံ များက RB News သို့ ပြောပါသည်။
ကျောင်းအုပ်ကြီး ဒေါ်အိမ်စံဖြူနှင့် အတူ အစိုးရမှ ခန့်အပ် ထားသော ဦးညီလှတင် အပါအ၀င် ဆရာ/မ (၄) ဦး ရှိပြီး၊ ဒေါ်အိမ်စံဖြူသည် ကျောင်းသို့ တစ်လ တစ်ကြိမ် လာရောက်လေ့ ရှိသော်လည်း၊ ကျန်သည့် ဦးညီ လှတင်နှင့် (၃) ဦးမှာ ကျောင်းဖွင့်သည့် အချိန်မှ စ၍ ကျောင်းသို့ လာရောက်ခြင်း လုံးဝ မရှိကြောင်း သိရှိ ရပါသည်။
သူဦးလာ ကျေးရွာရှိ မူလတန်း လွန်ကျောင်းတွင် မူလတန်း ပညာ သင်ကြားသော ကျောင်းသား/သူ ၇၄၂ ဦး ရှိပြီး၊ ၎င်းတို့ အတွက် UNICEF မှ ပေးအပ်သော စာရေး ကိရိယာ၊ ဗလာ စာအုပ် များနှင့် ထောက် ပံ့ကြေး ငွေကျပ် ၁၀၀၀ စီကို ကျောင်းသား ၂၄၂ ဦးကိုသာ ပေးအပ် ခဲ့ပြီး၊ ကျန်သည့် ကျောင်းသား/သူ ၅၀၀ ဦးကို မပေးအပ်ဘဲ ကျောင်းအုပ်ကြီး ဒေါ်အိမ်စံဖြူက မိမိ၏ ကိုယ်ကျိုး အတွက် အလွှဲသုံးစား ပြုလုပ် ခဲ့သည့် အပြင် တစ်လ တစ်ကြိမ် ကျောင်းသို့ လာသည့် အချိန်တွင်လည်း CPR, MRC, အားကစား ကြေး ဟု ခေါင်းစဉ် တပ်ကာ ကျောင်းသား တစ်ဦးထံမှ ငွေကျပ် ၁၀၀၀ စီကောက် ခံခဲ့သည်။
နိုင်ငံတော် အစိုးရမှ ခန့်အပ် ထားသည့် ကျောင်းအုပ်ကြီး၊ ဆရာ/မ များမှာ ကျောင်းသား/သူ များ၏ ရပိုင် ခွင့်များကို ဖြတ်စားခြင်း၊ စာသင်ကြားမပေးခြင်း၊ အကြောင်း အမျိုးမျိုးပြ၍ ငွေညှစ်ခြင်း တို့ကြောင့် ကျောင်း သား/သူ များ၏ ပညာရေး နစ်နာရုံမက ငွေကြေး အရလည်း ဆုံးရှုံး လျက်ရှိသည်။
မြို့နယ် ပညာရေးမှူး ရုံး၏ အစီအစဉ် အရ ခန့်အပ် ထားသော ဒေသခံ ရိုဟင်ဂျာ ဆရာ/မ (၁၂) ဦးကို လ စာနှင့် ခံစားခွင့် မပေးသော်လည်း၊ ရခိုင် လူမျိုး ဆရာ/မ များကို အစိုးရ လစာနှင့် နေ့စား ခံစားခွင့် မျိုး စုံ ပေးလျက် ရှိသည်။
ဒေသခံ တစ်ဦးက “ကျွန်တော် တို့ကို နိုင်ငံတော် အစိုးရက အစ္စလာမ် ဘာသာဝင် တွေဖြစ်နေလို့ ကျန်း မာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ဘာသာရေး တွေကို အဖက်ဖက် ကနေ အကွက် ချပြီး နှိမ် နင်း နေပါတယ်။ အဲဒါကြောင့် ကျွန်တော် တို့ရဲ့ လူနေမှု အဆင့် အတန်းက တစ်နေ့ တစ်ခြား နိမ့်ကျ လာ တယ်” ဟု ပြောပါသည်။