နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျောင်းသား ၆၄၅ ဦး၏ UNICEF ထောက်ပံ့ကြေးကို ကျောင်းအုပ်ကြီး အလွှဲသုံးစားလုပ်

RB News
4.12.2013

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျီးကန်းပြင်aကျးရွာ အုပ်စုရှိ အစိုးရ ပညာ သင် ကျောင်းရှိ မူလတန်း ကျောင်းသား/သူ များကို UNICEF မှ ပေးအပ်သည့် ထောက်ပံ့ကြေး များ ကို ကျောင်းအုပ်ကြီးမှ အလွှဲ သုံးစား ပြုလုပ် ခဲ့ကြောင်း သတင်း ရရှိ ပါသည်။ 

ကျောင်းအုပ်ကြီး ဦးခင်မောင်ဦး သည် ကျောင်းတွင် ဆရာ/မ ၃၂ ဦး ရှိသော်လည်း ရိုဟင်၈ျာ ကျောင်း သား/သူ ၈၆၈ ဦး အတွက် ဆရာ/မ ၇ ဦးကိုသာ စာသင်ကြားရန် တာဝန် ပေးအပ် ထားပြီး၊ ကျန်သည့် ဆရာ/မ ၂၅ ဦးကို ရခိုင် လူမျိုး ကျောင်းသား/သူ ၂၀၀ ဦး အတွက် တာဝန်ပေး ထားကြောင်း ဒေသခံ များမှ RB News သို့ ပြောပါသည်။ 

မူလတန်း ကျောင်းသား/သူ ၆၄၅ ဦး အတွက် UNICEF မှ ထောက်ပံ့သော ထောက်ပံ့ကြေး ငွေကျပ် ၁၀၀၀ စီကို ကျောင်းသား/သူ များထံသို့ မပေးဘဲ၊ ကျောင်းအုပ်ကြီးမှ ၎င်း၏ ကိုယ်ကျိုး အတွက် အသုံးပြု ခဲ့ကြောင်း သိရှိ ရပါသည်။ 

မြို့နယ် ပညာရေးမှူး ရုံးမှ ဒေသခံ ရိုဟင်ဂျာ ဆရာ/မ ၁၂ ဦး ခန့်အပ် ထားသော်လည်း ကျောင်းဖွင့်သည့် အချိန်မှ စ၍ ယခု အချိန်ထိ လစာငွေနှင့် အခြား ခံစားခွင့် တစ်စုံ တစ်ရာ ပေးအပ်ခြင်း မရှိကြောင်း ဒေသခံ များက ဆိုသည်။ 

အဆိုပါ ကျောင်းတွင် သူငယ်တန်းမှ န၀မတန်းထိ ပညာသင်ကြား နေသော ရိုဟင်ဂျာ ကျောင်းသား/သူ ၈၆၈ ဦး ရှိပြီး၊ ရခိုင် လူမျိုး ကျောင်းသား/သူ မှာ သူငယ်တန်းမှ န၀မတန်းထိ ၂၀၀ ဦး ရှိကြောင်း သိရှိ ရ ပါသည်။ 


Comment ရေးရန်

Rohingya Exodus